Aungzaw win

Aungzaw win Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aungzaw win, TV/Movie Award, .

28/09/2024
10/07/2024

ကာလဝမ်းရောဂါ (Cholera)

ကာလဝမ်းရောဂါ (Cholera) ဆိုတာဘယ်လိုရောဂါလည်း?
ကာလဝမ်းရောဂါဆိုတာ Vibrio cholerae လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်ရတဲ့ ဝမ်းလျှောဝမ်းပျက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရှေးယခင်ကထဲက ကပ်ရောဂါအသွင်နဲ့ဖြစ်ပွားတတ်ပြီး လူအသေအပျောက်များခဲ့ဖူးလို့ လူတွေက ကာလဝမ်းရောဂါကို ကြောက်စရာရောဂါအဖြစ် သိထားကြတာဖြစ်ပါတယ်။ စောစောသိလို့ ကုသမှု သေသေချာချာခံယူမယ်ဆို အရမ်းအခြေအနေဆိုးတဲ့ လူနာတွေတောင် အသက်ရှင်နိုင်လို့ အများကြီး ထိတ်လန့်ကြောက်ရွံ့ဖို့မလိုပါဘူး။

ကာလဝမ်းရောဂါဟုတ်/မဟုတ် ဘယ်လိုသိနိုင်မလဲ?
ဆန်ဆေးရည်ကဲ့သို့ ဝမ်းတွေသွားတတ်ပါတယ်။ ညှီစို့စို့အနံ့လည်း ရှိပါတယ်။ အန်မယ်။ ဝမ်းသွားတာများရင် ခန္ဓာကိုယ်မှာ ဆားဓာတ်တွေ လျော့နည်းသွားပြီး ခြေထောက်မှာ ကြွက်သားပျော့ပြီး အားမရှိတာ၊ ကြွက်တက်တာတွေဖြစ်နိုင်ပါတယ်။ ဂဏာမငြိမ်ဖြစ်တာ၊ ကလေးတွေမှာဆို ဂျီကျတာတွေလည်း ဖြစ်တတ်ပါတယ်။
ရေဓာတ်ကို လုံလုံလောက်လောက်ပြန်ပြီး မဖြည့်တင်းဘူးဆိုရင် ရေဓာတ်ဆုံးရှုံးပြီး သွေးပေါင်ကျတာ၊ ကျောက်ကပ်ထိခိုက်တာ၊ ရှော့ခ်ရတာတွေဖြစ်လာနိုင်တဲ့အပြင် သတိလစ်တာ၊ အသက်သေဆုံးတာတွေအထိ ဖြစ်လာနိုင်ပါတယ်။ ရောဂါဖြစ်သူ ၁၀ ယောက်မှာ တစ်ယောက်နှုန်းသာ အသက်အန္တရာယ်ရှိသည်အထိ ပြင်းထန်လေ့ရှိတာကို တွေ့ရပါတယ်။
သက်ဆိုင်ရာကျန်းမာရေးဌာနတွေမှာတော့ ဝမ်းကိုစစ်ဆေးတာ၊ စအိုတို့ဖတ်ယူပြီး စစ်ဆေးတာတွေနဲ့ ရောဂါပိုးကို အတည်ပြုနိုင်ပါတယ်။

ဘယ်လိုကူးစက်တတ်သလဲ?
ဝမ်းရောဂါတွေရဲ့ ထုံးစံအတိုင်း မစင်ကတစ်ဆင့် ကူးစက်ခြင်းနဲ့ပဲ ကူးစက်တတ်ပါတယ်။ မသန့်ရှင်းတဲ့ ရေနဲ့ အစားအစာတွေကတစ်ဆင့် ကူးစက်လာနိုင်ပါတယ်။ ကာလဝမ်းရောဂါဖြစ်နေသူရဲ့ မစင်ကတစ်ဆင့် သောက်ရေနဲ့ အစားအစာတွေကို ရောက်ရှိလာပြီး စားသောက်သူကို ကူးစက်တာပါ။ သယ်ပေးတဲ့သူကတော့ ယင်ကောင်ဖြစ်ပါတယ်။ ဒါကြောင့် ယင်နားစာကို လုံးဝရှောင်ဖို့လိုပါတယ်။
ပင်လယ်ကမ်းစပ်အနီးအနားက ရေထဲမှာလည်း ကာလဝမ်းရောဂါပိုးက အသက်ရှင်နိုင်လို့ ပင်လယ်စာအစိမ်းစားတာကနေလည်း ရောဂါရနိုင်ပါတယ်။
လူအချင်းချင်း ထိမိ၊ ကိုင်မိရာကနေ ကူးစက်လေ့ မရှိပါဘူး။

ဘယ်လိုကာကွယ်ရမလဲ?
• စနစ်တကျ သန့်စင်ထားတဲ့ ရေသန့်၊ ပွက်ပွက်ဆူအောင် တစ်မိနစ်ခန့် ကြိုချက်ထားတဲ့ရေ (သို့) ပိုးသတ်ထားတဲ့ရေ (ဥပမာ- ကလိုရင်းစနစ်တကျခပ်ထားတဲ့ရေ) တို့ကိုသာ သောက်ပါ။ ဟင်းချက်ခြင်း၊ သွားတိုက်ခြင်း၊ အာလုပ်ကျင်းခြင်းတို့တွင်လည်း ရေသန့်ကိုသာသုံးပါ။
• လက်ကို ဆပ်ပြာနဲ့ သန့်ရှင်းတဲ့ရေကို သုံးပြီး မကြာခဏဆေးကြောပါ။ အစားအသောက် စားခါနီးတိုင်း၊ အစားအသောက် ပြင်ဆင်ချက်ပြုတ်တိုင်း၊ အိမ်သာအသုံးပြုပြီးတိုင်း၊ ဝမ်းရောဂါရှိသူကို ပြုစုပေးပြီးတိုင်း လက်ဆေးပါ။ ဆပ်ပြာနဲ့ရေကို မသုံးနိုင်တဲ့အချိန်မှာ အနည်းဆုံး Alcohol 60% ပါတဲ့ လက်သန့်စင်ဆေးရည်ကိုလည်း အသုံးပြုနိုင်ပါတယ်။
• လမ်းဘေးစာ၊ ယင်နားစာတွေ မစားသင့်ပါ။ အိမ်မှာ စနစ်တကျ ကျက်အောင်ချက်ထားတဲ့ အစားအစာများကို ပူပူနွေးနွေး စားပါ။ အစားအစာများကို ယင်မနားပါစေနှင့်။
• ယင်လုံအိမ်သာအသုံးပြုပါ။ ရောဂါရှိသူမှထွက်လာသော အညစ်အကြေးများကို လုံခြုံစွာထုပ်ပိုးပြီး စနစ်တကျစွန့်ပစ်ပါ။

ဘယ်လိုကုသရမလဲ?
ကာလဝမ်းရောဂါဖြစ်ပြီဆိုတာနဲ့ ရေဓာတ်ဆိုးဆိုးဝါးဝါး ဆုံးရှုံးခြင်းဟာ နာရီပိုင်းအတွင်း ဖြစ်လာတတ်တာကြောင့် နီးစပ်ရာ ဆေးရုံ/ဆေးခန်းကို လျင်လျင်မြန်မြန် သွားရောက်ပြသပါ။ အခုလိုအချိန်မှာ ရေကဲ့သို ဝမ်းလျှောခြင်းဟာ တစ်နေ့ကို သုံးကြိမ်နှင့်အထက် ဖြစ်လာပြီဆိုရင် ပြသဖို့လိုပါတယ်။

ရေဓာတ်ဆုံးရှုံးတဲ့လက္ခဏာတွေရှိ/မရှိ သိဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီလက္ခဏာတွေကို သတိထားစောင့်ကြည့်ပါ။
• နှလုံးခုန်မြန်ခြင်း
• အရေပြားလျော့တွဲခြင်း၊ အရေပြားကို လက်နဲ့ဆိတ်ဆွဲကြည့်ရင် ပြန်မရုန်းပဲ လျော့တွဲနေခြင်း
• လျှာ၊ အာခေါင်နှင့် ခံတွင်း ခြောက်သွေ့နေခြင်း
• သွေးပေါင်ကျခြင်း
• ကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်း လျော့ကျသွားခြင်းတို့ဖြစ်ပါတယ်။

ရောဂါကသာ ကြောက်စရာကောင်းတာ၊ ကုသမှုက ရိုးရှင်းပါတယ်။ ၂ ချက်ပဲရှိပါတယ်။

၁။ ရေဓာတ်ပြန်လည် ဖြည့်တင်းပါ။
ဓာတ်ဆားရည်နဲ့ ရေဓာတ်ဖြည့်တင်းခြင်းက အရေးအကြီးဆုံးကုသမှုပဲဖြစ်ပါတယ်။
လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး များသောအားဖြင့် Drip ပုလင်းချိတ်ပြီး ကုသရလေ့ရှိပါတယ်။ သက်သာရင်တော့ ပါးစပ်ကနေ ဓာတ်ဆားရေဖျော်ပြီး သောက်နိုင်ပါတယ်။
သကြားဓာတ်ပါတဲ့ အချိုရည်၊ ဖျော်ရည်နဲ့ အင်အားဖြည့်အချိုရည်တွေ လုံးဝမသောက်သင့်ပါ။
ကလေးများတွင် ဖြစ်ပွားပါက မိခင်နို့နှင့် နို့ဘူးများတိုက်ကျွေးခြင်းဖြင့်လည်း ရေဓာတ်ပြန်လည် ဖြည့်တင်းနိုင်ပါတယ်။

၂။ ပဋိဇီဝဆေးများနှင့်ကုသပါ။
ကာလဝမ်းရောဂါဖြစ်ရင် ပဋိဇီဝဆေးတွေ အသုံးပြုဖို့လိုအပ်တဲ့အတွက် နားလည်တတ်ကြွမ်းတဲ့ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သုံးရမှာဖြစ်ပါတယ်။ မိမိသဘောနဲ့ မိမိ ပဋိဇီဝဆေးတွေကို ဝယ်ယူသောက်သုံးတာတွေ မလုပ်သင့်ပါ။ အထူးသဖြင့် အသက်၅နှစ်အောက်ကလေးတွေဖြစ်ရင် သေဆုံးမှုများနိုင်တာကြောင့် ဆရာဝန်ထံ အမြန်ဆုံးပြသပါလို့ တိုက်တွန်းလိုပါတယ်။

Reference
https://www.cdc.gov/cholera/site.html

ပူလိုက်ထာ
18/05/2024

ပူလိုက်ထာ

18/08/2023

ဥဒယဘဒ္ဒမင်းသမီး

တစ်ခုသော ညတစ်ညမှာ ဥဒယဘဒ္ဒမင်းသမီးဟာ ပြာသာဒ်ထက် တိုက်ခန်းမှာ နေနေပါတယ်။
အဲဒီအချိန်မှာပဲ လုလင်ပျိုတစ်ဦးဟာ ရွှေခွက်နဲ့ ရွှေအပြည့်ထည့်ပြီး ရောက်လာပါတယ်။ နောက်လုလင်က မင်းသမီးကို လူပျိုစကား စပြောပါတယ်။
“မင်းသမီး…တစ်ညလောက် သင့်တိုက်ခန်းမှာ အတူတကွ နေပါရစေ။”
မင်းသမီးလည်း အတော်ထိတ်လန့် သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အောက်မှာ အစောင့်တွေအများကြီး ချထားလို့ပါ။ ဒါကြောင့် မင်းသမီးက “ဘယ်လိုလုပ် တက်လာတာလဲ” လို့ပြန်မေးပါတယ်။
လုလင်ဟာလည်း “ငါဟာနတ်သားတစ်ယောက်ဖြစ်တယ်။ ငါ့အတွက်မခက်ပါဘူး။ သင်ကငါ့ကို ချစ်တယ်ဆိုရင် ပါလာတယ့် ရွှေခွက်နဲ့ ရွှေအပြည့် ပေးပါ့မယ်” လို့ ပြန်ပြောပါတယ်။ ဒီတော့မင်းသမီးက “သင့်ဟာသင် နတ်သားမကလို့ ဘာပဲဖြစ်နေဖြစ်နေ ကွယ်လွန်သွားတယ့် ကျွန်မခင်ပွန်းဟောင်း မင်းသားမှတစ်ပါး ဘယ်သူ့ကိုမှ မမြတ်နိုးဘူး၊ သင်ပြန်ပါတော့” လို့ နှင်လွှတ်လိုက်ပါတယ်။
ဒုတိယညကျတော့ လုလင်ပျိုနတ်သားက ငွေခွက်နဲ့ ရွှေအပြည့်ထည့်ပြီး ရောက်လာပြန်ပါတယ်။ဒါပေမယ့်မင်းသမီးက ချက်ချင်းပဲပြန်လွှတ်ပါတယ်။
တတိယညကျတော့လည်း လုလင်ပျိုနတ်သားက ကြေးခွက်နဲ့ ရွှေအပြည့်ထည့်ပြီး ချစ်ရေးဆိုလာပြန်ပါတယ်။
ဒီမှာတင် မင်းသမီးက စဉ်းစားပါပြီ။ ပထမရက်မှာ ရွှေခွက်နဲ့၊ ဒုတိယရက်မှာ ငွေခွက်နဲ့၊ တတိယရက်မှာ ကြေးခွက်နဲ့ဆိုတော့ သူ့အတွက် အထူးအဆန်း ဖြစ်နေပါတယ်။ ဒါကြောင့် မင်းသမီးက လုလင်ကို မေးကြည့်ပါတယ်။
“အသင်ယောကျာ်း…ယောကျာ်းတွေဟာ မိန်းမကို ချစ်ရေးဆိုရင် ဥစ္စာပစ္စည်းကို တိုးတိုးပဲပေးရတယ်။ သင်ကဘာဖြစ်လို့ တစ်နေ့ထက်တစ်နေ့ လျှော့လျှော့ပေးရတာလဲ” လို့မေးပါတယ်။
ဒီတော့လုလင်ပျို ကလည်းပြန်ဖြေပါတယ်။ “မင်းသမီးရယ် သင့်ရဲ့ အသက်နဲ့ ရုပ်ရည်အဆင်းက တစ်နေ့ထက်တစ်နေ့ တိုးတိုး ပျိုပျိုလာတယ် ဆိုရင်တော့ ဥစ္စာပစ္စည်းကို တိုးတိုးပေးမှာပေါ့။ သင်မင်းသမီးရဲ့ အသက်နဲ့ ရုပ်ရည်အဆင်းက တစ်နေ့ထက်တစ်နေ့ လျော့လျော့ အိုအိုလာတာပဲ။ ဒါကြောင့်ငါက ပစ္စည်းကို လျှော့လျှော့ပေးတာပါ။ မင်းသမီးရယ် တစ်ရက်တစ်ည ကုန်လွန်တာကို ထားလိုက်ပါဦး။ အခုသင့်ကို ငါကြည့်နေစဲမှာပဲ သင့်ရဲ့ရုပ်ရည် အဆင်းတွေက တစ်ဖြုတ်ဖြုတ်နဲ့ အိုအိုလာနေပြီလေ။ တဖြည်းဖြည်း တစ်နေ့ထက်တစ်နေ့ ပျိုပျိုလာတာမှ မဟုတ်တာ” လို့ ရှင်းပြလိုက်ပါတယ်။
နောက်လုလင်နတ်သားက မင်းသမီးကို နတ်ပြည်ရောက်ကြောင်း ကုသိုလ်ကောင်းမှုတွေကို ဆက်ပြီး ဟောပြပေးပါတယ်။
တကယ်တော့လုလင်ပျိုက အတိတ်လူ့ဘဝက မင်းသမီးရဲ့ ခင်ပွန်းဟောင်းပါ။ လူ့ပြည်မှာကျန်ခဲ့တယ့် ဇနီးဟောင်းကိုလာပြီး သတိပေးတရား ဟောတာပါ။
လူတစ်ယောက်ဟာ တစ်ရက်ကုန်သွားတာနဲ့ သေဖို့တစ်ရက် နီးနီးသွားတာပါ။ သေဖို့တစ်ရက် နီးသွားတာနဲ့ ကုသိုလ်ပြုဖို့ အခွင့်အရေးတွေ တစ်ရက်လျော့ သွားတာပါ။ ပြီးတော့တစ်ရက် ကုန်သွားတာနဲ့ အိုအိုသွားတာပါ။ တိုးတိုးပြီး ပျိုပျို မလာပါဘူး။

Ref:ရဝေနွယ်ရဲ့စာအုပ်မှ

#ညမဖတ်ရ

Address


Website

Alerts

Be the first to know and let us send you an email when Aungzaw win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share