Benn

Benn Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Benn, Digital creator, Mandalay, .

The Flash (2023) HDဒီရုပ်ရှင်ဟာ Flash ရဲ့ ပထမဆုံး Live Action ရုပ်ရှင်ပဲဖြစ်ပါတယ်။ အရင်က Flash ဟာ အခြားရုပ်ရှင်တွေ၊ ကာတွ...
04/11/2023

The Flash (2023) HD

ဒီရုပ်ရှင်ဟာ Flash ရဲ့ ပထမဆုံး Live Action ရုပ်ရှင်ပဲဖြစ်ပါတယ်။ အရင်က Flash ဟာ အခြားရုပ်ရှင်တွေ၊ ကာတွန်းတွေနဲ့ စီးရီးတွေမှာပဲ ပါဖူးပါတယ်။ Flash ဟာ စီးရီးမှာရော ရုပ်ရှင်မှာရော အစွမ်းအကုန်မပြသေးတာဖြစ်ပေမဲ့ ဒီစီရဲ့ စွမ်းအားအကြီးဆုံး ဟီးရီုးတွေထဲက တစ်ယောက်ပါပဲ။ အပြေးမြန်ရုံတင်မက၊ အချိန်-အာကာသကို ပြင်နိုင်စွမ်းတွေ၊ စကြာဝဠာကူးနိုင်စွမ်းတွေ၊ အနန္တလက်သီး၊ လျှပ်စီးလှိုင်း၊ လေမုန်တိုင်း၊ မော်လီကျူးထိန်းချုပ်နိုင်စွမ်း၊ ဒဏ်ရာအမြန်ပြန်ကောင်းနိုင်စွမ်း၊ စူပါဉာဏ်ရည်၊ အမြန်နှုန်းနဲ့ တွေးတောနိုင်စွမ်း စသဖြင့် ပြောမကုန်အောင်ပါပဲ။

ဒီရုပ်ရှင်ဟာတော့ ဖလက်ရှ်ပွိုင့် ဝိရောဓိ ကာတွန်းဇာတ်ကြောင်းကိုပဲ အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်မတိုင်ခင် ရှေ့မှာ ကာတွန်းတစ်ကားနဲ့ ဖလက်ရှ်စီးရီး စီစန် ၃ တို့မှာ Paradox story ကို အခြေခံပြီး ရိုက်ကူးထားတာ ရှိပါသေးတယ်။ ဒီရုပ်ရှင်ဟာ ဝမ်းဒါးဝူးမန်းနဲ့ အက်ကွာမန်းတို့တုန်းကလို အော်ရဂျင်စတိုရီမဟုတ်ဘဲ၊ ဖလက်ရှ်တစ်ယောက် အတိတ်ကို ပြန်သွားပြီး သူ့အမေကို ကယ်ဖို့ ကြိုးစားရင်း စကြဝဠာကြီးကမောက်ကမဖြစ်ပုံကို တွေ့ရမှာပဲဖြစ်ပါတယ်။

ဖလက်ရှ်ရဲ့ အချိန် ခရီးသွားပုံဟာ အမြန်နှုန်းနဲ့ ဆက်စပ်နေတဲ့အတွက် အိုင်းစတိုင်းရဲ့ နှိုင်းရသီဝရီ၊ Time dilation နဲ့ အထူးနှိုင်းရသီဝရီကို အခြေခံထားတာဖြစ်ပါတယ်။ အကြမ်းဖျဉ်းပြောရရင် အမြန်နှုန်းဟာ ကိန်းသေမဟုတ်ဘဲ၊ တိုင်းတာသူရဲ့ နေရာ အမြန်နှုန်းအပေါ် မူတည်ပြီး ပြောင်းလဲသလို အရာဝတ္ထုတစ်ခုရွေ့လျားရာမှာ အချိန်ဟာလည်းလိုက်ရွေ့လျားတာမို့ အချိန်နဲ့အမြန်နှုန်းဟာလည်း ဆက်စပ်နေပါတယ်။ ဒါပေမဲ့ အလင်းတစ်ခု ခရီးသွားရာမှာတော့ အမြန်နှုန်းဟာ ကိန်းသေ 299 792 458 m/s ဆိုပြီး မှတ်သားထားကြပါတယ်။ အလင်းရဲ့ အမြန်နှုန်းဟာ အမြန်ဆုံးအဖြစ် သတ်မှတ်ထားကြသလို ဘယ်အရာဝတ္ထုမှ လက်တွေ့မှာ အလင်းထက်မြန်အောင် မသွားနိုင်ပါဘူး။ ဒီလိုသွားဖို့အတွက် စွမ်းအင် အဆုံးအစမရှိလိုအပ်ပြီး၊ ဒြပ်ထုတွေအနေနဲ့လည်း မပြိုကွဲဘဲ မနေနိုင်ပါဘူး။ အလင်းဟာ တစ်နေရာနဲ့တစ်နေရာသွားဖို့ အချိန်ဆိုတာမလိုအပ်သလောက်ဖြစ်နေပြီး အလင်းရဲ့ခရီးသွားနှုန်းဟာ အချိန်ကို သုညဖြစ်သွားစေသလို ဖြစ်နေပါတယ်။ အလင်းနဲ့ အမြန်နှုန်းနဲ့သွားနေရင် အချိန်ဟာ ရပ်သွားသလို ဖြစ်သွားပါပြီ။ ဒီတော့ သီဝရီအားဖြင့်တော့ အရာဝတ္ထုတစ်ခုဟာ အလင်းထက်မြန်အောင် သွားနိုင်ရင် အချိန်ဟာ သုညကနေ ဆက်လျော့ဖို့ မရှိတာကြောင့် အနုတ်ဖြစ်လာပါတယ်။ ဒီတော့ အတိတ်ကို ပြန်ပြန်ရောက်သွားပါတယ်။ ဖလက်ရှ်ဟာ အလင်းထက်မြန်အောင်ပြေးနိုင်ပြီး ပြေးဖို့အတွက် စွမ်းအင်နဲ့ သူ ပျက်စီးမသွားဖို့အတွက်ကာကွယ်ပေးတဲ့ Speed Force ရှိနေတာကြောင့် အချိန်ခရီးသွားခြင်းဟာ သူ့အတွက်ဖြစ်နိုင်သွားပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ ဖလက်ရှ်ရဲ့ အမေဟာ ဘယ်သူသတ်သွားမှန်းမသိ အသတ်ခံထားရပြီး၊ ဖလက်ရှ်ရဲ့ အဖေကလည်း အဲဒီလူသတ်မှုနဲ့ ထောင်ထဲကိုရောက်နေတာဖြစ်ပါတယ်။ မိဘမဲ့အဖြစ် ကြီးပြင်းလာတဲ့ ဘယ်ရီအယ်လန်ဟာ သူ အချိန်ကိုနောက်ဆုတ်ပြီးသွားနိုင်ကြောင်းသိလာတဲ့အခါ အချိန်ခရီးသွားပြီး သူ့မိဘတွေကို ကယ်ဖို့ကြိုးစားပါတော့တယ်။ အဲဒီလို ကြိုးစားရင်းကနေ စကြဝဠာတစ်ခုလုံး အချိန်စီးကြောင်း ပြောင်းလဲပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီပြောင်းလဲမှုတွေကြောင့် DC Universe ဟာ သရုပ်ဆောင်ပြဿနာတွေ ဇာတ်လမ်းအချိတ်အဆက်မညီတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး၊ အပြိုင်စကြဝဠာ ပွင့်သွားပြီဖြစ်တာကြောင့် ကြိုက်တဲ့သရုပ်ဆောင်နဲ့ ဇာတ်လမ်းအသစ်တွေကို ဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။ ဖလက်ရှ်ဟာ စကြဝဠာကြီးကိုရုပ်ရှင်ထဲမှာရော အပြင်မှာပါ ကယ်တင်လိုက်တဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို အစက သတ်မှတ်ထားတဲ့ရက်ဟာ မသေချာသေးပေမဲ့ အစမ်းပြသတဲ့ပွဲမှာ The Dark Knight နောက်ပိုင်း ဒီစီရုပ်ရှင်တွေထဲမှာ လူကြိုက်အများဆုံးနဲ့ အမှတ်အများဆုံးရလာတာကြောင့် အမြန်ဆုံး ရုံတင်ဖို့ စီစဉ်ခဲ့တာပဲဖြစ်ပါတယ်။ ဘာလို့ အစမ်းပြပွဲမှာ ဒုတိယအကောင်းဆုံး ဒီစီရုပ်ရှင်အဖြစ် ပြောကြတာလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုပြီးပဲ ဆုံးဖြတ်လိုက်ပါတော့။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)

👸
com မှာ link👇👇

တောင်တန်းတွေရဲ့အလွန် - ပုညခင်❤" တောင်ပေါ် ခေါင်ရည်ချိုမြမြ   တစ်ကျိုက်လောက်သောက်ရင် အမောပြေ  ဒါဟာလည်း ချင်းပြည်ရဲ့ ဓလေ့တ...
03/11/2023

တောင်တန်းတွေရဲ့အလွန် - ပုညခင်❤

" တောင်ပေါ် ခေါင်ရည်ချိုမြမြ
တစ်ကျိုက်လောက်သောက်ရင် အမောပြေ
ဒါဟာလည်း ချင်းပြည်ရဲ့ ဓလေ့တစ်ခုပါ "

မြန်မာပြည်ရဲ့ အနောက်မြောက်ဘက်ပိုင်းမှာရှိတဲ့
အောက်ချင်းငှက်တို့ စံပျော်ရာ ၊ ရဲရဲနီတဲ့ တောင်ဇလပ်တို့ ရှင်သန်ရာ ၊ လှပဆန်းကြယ်တဲ့ အသည်းပုံရေအိုင် ရှိပြီး အရောင်အသွေးစုံလှတဲ့
ဝတ်စုံကို ဝတ်တဲ့ ချင်းတို့ဌာနီ ချင်းပြည်နယ် ဟာ
အသွားချင်ဆုံး နေရာတစ်ခုထဲက တစ်ခုဖြစ်ပါတယ်။

တစ်ညတော့ ခပ်မှိန်မှိန် လင်းနေတဲ့ မီးအိမ်
အောက်က ၊ ကျောင်းစာအုပ်တွေကြားကနေ ချင်းပြည်နယ် ကို ရောက်သွားခဲ့ရတယ် ။

လွင့်မျောနေတဲ့ တိမ်တိုက်ကြားမှာ ရပ်ရတဲ့ အရသာက ဘယ်လိုပါလိမ့် ။ အေးစက်နေမလားပျော်ရွှင်
နေရမလား ။ စာအုပ်ထဲက ဇာတ်ဆောင်အမျိုးသမီးရဲ့ ခြောက်အိပ်မက်ကနေ စပြီး မျောပါသွားခဲ့ရတာ။

ချင်းပြည်နယ် မြောက်ပိုင်း မှာ သဘာဝခရီးသွားလုပ်ငန်းထူထောင်ဖို့ သူမ မွေးရပ် ချင်းပြည်နယ်ကို ပြန်လာခဲ့တဲ့ မိုင်ဇလပ်နီ ခေါ် ပုမ်ခန့်နွမ် ဆိုတဲ့
ရဲရင့်သန်မာတဲ့ ချင်းမိန်းကလေးတစ်ယောက်။

သဘာဝခရီးသွားလုပ်ငန်းအပြင် သူမရဲ့
အချစ်ဦး မာန်ဆိုတဲ့ ချင်းကောင်လေးကို
ပြန်တွေ့လိုတဲ့ စိတ်ကူးအမျှင်လေးတွေကလည်း ကပ်တွယ်ရစ်နေခဲ့တာ။ သူမဘဝရဲ့ အမှတ်တရတွေကို ပန်ဒိုရာလက်ပတ်လေးလုပ်ပြီး ပတ်ထားခဲ့တဲ့
နွမ် ။ ပန်ဒိုရာကီးချိန်းလေးတွေက Family , Tree , Book , Friend , I Love to travell , Love , Hope တဲ့။

နွမ် တို့နဲ့ ကားကြုံလိုက်လာခဲ့တဲ့ ဓာတ်ပုံဆရာ၊
အချစ်ဆိုတာ ချစ်နေတုန်း ဂျပိုးကို လိပ်လို့
ပြောလည်း ယုံတာပဲလို့ ဆိုတဲ့ ကိုခေါင်မင်းကို
နွမ်ဟာ ချမ်းအေးလှတဲ့ ချင်းညခင်းတစ်ခုမှာ
ပန်ဒိုရာလေးတွေရဲ့ အကြောင်းကိုပြောပြခဲ့တယ် ။

စိမ်းညှို့နေတဲ့ ချင်းတောင်တန်းတွေကြားမှာ
မွေးဖွားလာတဲ့ ပုမ်ခန့်နွမ် ဆိုတဲ့
ချင်းကောင်မလေး ။ ရဲရင့်သန်မာတဲ့ မိန်းကလေး ။
သူ့အဘွားပေးဖတ်တဲ့ စာအုပ်တွေကြောင့်
ချင်းတောင်တန်းရဲ့ တစ်ဖက်အထိ ခရီးတွေ
ထွက်ချင်နေတဲ့ အိပ်မက်တွေအပြည့်နဲ့ ချင်းပြည်နယ်ကို ချစ်တဲ့ မိန်းကလေး ။

တောင်ဇလပ်ပန်းလို နီစွေးရဲရင့်တဲ့ နွမ် နဲ့
ဆုံတွေခဲ့ရတဲ့ ချင်းသူငယ်ချင်းကောင်လေးက
မာန် တဲ့ ။ ရဲရင့်တဲ့ အမဲလိုက် မုဆိုးတစ်ယောက် ။
ချင်းတောင်တန်းတွေကို ချစ်ပြီး တောင်တန်းတွေဆီကနေ ပြေးမထွက်သွားချင်တဲ့ ကောင်ကလေး။
"နွားနောက်လိုကြီးမြတ်ချင်တယ်လို့" ဆိုတဲ့
ဒေသကိုချစ်တဲ့ ဒေသကို မြတ်နိုးတဲ့ မာန် ။

နွမ် နဲ့ မာန် တို့အတူ မဏိပူရမြစ်ဆီ ငါးသွားဖမ်းကြတာတွေ ၊ ကျောင်းသွားရင်း သရက်သီး ရောင်းကြတာတွေ ၊ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ နွမ် နဲ့ မာန် ရဲ့ ကြားမှာ အချစ်ဆိုတဲ့ ပန်းကလေးဟာ တောင်ဇလပ်ပန်းလေးလို နီစွေးစွာ ဖူးလာခဲ့တယ် ။

နွမ် တို့ဆီ နောက်ထပ်ရောက်လာခဲ့တဲ့
သူငယ်ချင်းလေးဟာ မေခင်ငြိမ်း ဆိုတဲ့
ဗမာကောင်မလေး ။ အဘွားဖြစ်သူရဲ့ မိရိုးဖလာ
အုပ်ထိန်းမှုကြားမှာ ပိပြားဝပ်နေရတဲ့ သနားစရာ ကောင်မလေး ။ မာန့် ကို ချစ်မိသွားခဲ့တဲ့ ကောင်မလေးပေါ့ ။

နွမ်ပြောပြတဲ့ ပန်ဒိုရာလေးတွေရဲ့ အကြောင်းတွေကတစ်ဆင့် လှပတဲ့ ချင်းပြည်နယ်ကို မြင်တွေ့ခွင့်ရခဲ့တယ် ။ ရဲရဲနီတဲ့ တောင်ဇလပ်ပန်းတွေကိုလည်း
တွေ့ခဲ့ရတယ် ။ လေထန်ကုန်းဆိုတဲ့ နေရာကိုလည်း သွားခွင့်ရခဲ့သလို လှပတဲ့ တိမ်တွေကြားမှာ ရပ်ရတဲ့ ပျော်ရွှင်မှုကိုလည်း ခံစားခွင့်ရခဲ့ပါတယ် ။

ချင်းတောင်ပေါ် မြက်ခင်းတွေကြားမှာ ပေါက်နေတဲ့ ဘိန်းဘီပန်းကလေးတွေ ၊ ဘွာန်နဲတောင်ပေါ်က
လှပစွာစီးဆင်းနေတဲ့ စမ်းချောင်းလေးနှစ်ခု ။
မြင်တွေ့ရသမျှ ခံစားရသမျှ ရှုခင်းတွေဟာ
သိပ်ကို လှပသက်ဝင်နေခဲ့တယ် ။

မဏိပူရမြစ်ရဲ့ ရေစီးသံကိုကြားလာရသလို
ခွာဒိုပွဲတော်ည ရဲ့ ကကွက်နဲ့ ပျော်ရွှင်မှုနှလုံးခုန်သံ
တွေဟာ ထပ်တူ ကူးစက်လာသလို လေထန်ကုန်းပေါ်က တိမ်တွေကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ လေအေးအေးလေတွေဟာ စိတ်အာရုံထဲထိပါ
တိုက်ခတ်အေးစက်လာခဲ့တယ် ။

မာန် နဲ့ နွမ် ကြားက အချစ်တောင်ဇလပ်ပန်းလေးဟာ လှပစွာ ဖူးပွင့်နိုင်မလား ။ နွမ်တို့ရဲ့
သူငယ်ချင်းမလေး မေခင်ငြိမ်း ရဲ့ ဘဝလေးကရော ဘယ်လိုဆက်ဖြစ်သွားမလဲ ။နွမ်ရဲ့ အချစ်ဦး
မာန့် ကိုရော ပြန်ရှာတွေ့နိုင်မလား။

လှပတဲ့ ချင်းပြည်နယ်ရဲ့ အလှအပတွေသာမက
ချင်းတိုင်းရင်းသားတို့ရဲ့ ဝေဒနာ တွေဟာလည်း နှလုံးအိမ်မှာ ကူးစက်ခဲ့ရတဲ့ ခံစားမှုကို အခုထိ မှတ်မိနေတုန်း ။ မာန့် သူငယ်ချင်းတွေ ၊ချင်းပြည်နယ် က လူငယ်တွေအကုန် တောင်တန်းတွေကို စွန့်ခွာပြီး နိုင်ငံရပ်ခြားထွက်ခဲ့ကြရတဲ့
ပုံရိပ်တွေမှာပေါ့ ။

ဒေသကို ချစ်သော်လည်း မခွာရက်နိုင်သော်လည်း ခက်ခဲလှတဲ့ စီးပွားရေးအခြေအနေတွေကြောင့် နိုင်ငံခြားထွက်ကြရတဲ့ဘဝတွေ ။
တချိန်က ချင်းလူငယ်တို့ ခံစားခဲ့ရတဲ့
ဝေဒနာဟာ ခုချိန်မှာ တစ်နိုင်ငံလုံးကူးစက်လို့ ။

တောင်ဇလပ်တွေ နီစွေးနေတဲ့ ချင်းပြည်နယ်ကို
သွားချင်လာတဲ့ အခါတိုင်း ၊ သွားခွင့်မရသေးတဲ့အခါ ထုတ်ထုတ်ဖတ်ဖြစ်တဲ့ စာအုပ်လေး ။
ချင်းပြည်နယ် ရဲ့ အလှအပ ၊ ချင်းတို့ရဲ့ ဓလေ့ နဲ့ ရိုးရာလေးတွေ ကို ခံစားမြင်တွေ့ရမဲ့
လှပတဲ့ စာအုပ်လေး ။ ချင်းပြည်နယ်ကို အခြေခံရေးထားတဲ့ စာအုပ်တွေထဲမှာ သဘောကျနှစ်သက်ရတဲ့ စာအုပ်လေး တစ်အုပ်ပါပဲ ။

" သူငယ်ချင်း လိုက်ခဲ့စမ်းပါ
အလည်တစ်ခေါက် လိုက်ခဲ့စမ်းပါ
တို့များ ချင်းဓလေ့ထုံးစံ မြင်စေချင်စမ်းတယ် "

စာညွှန်း - Lwin❤

#ပုညခင်
#တောင်တန်းတွေရဲ့အလွန်
'sParadise

com မှာ pdf file ရှိ

02/11/2023

စာအုပ်review ကောင်းကောင်းဖတ်ချင်ရင် movie ကောင်းကောင်းကြည့်ချင်ရင် follow ထား🤩

ဖတ်ပီးလို့ကချင်ပြည်နယ်သွားချင်ရင်တော့တာ၀န်မယူပါ☺️“ဘိန်းစွဲတယ်ဆိုတာ ဖြတ်ဖို့မလွယ်ဘူးညီမရဲ့ ။ တစ်သက်လံုးမပြတ်ဘူး ။ ပြတ်လည်...
02/11/2023

ဖတ်ပီးလို့ကချင်ပြည်နယ်သွားချင်ရင်တော့တာ၀န်မယူပါ☺️
“ဘိန်းစွဲတယ်ဆိုတာ ဖြတ်ဖို့မလွယ်ဘူးညီမရဲ့ ။ တစ်သက်လံုးမပြတ်ဘူး ။ ပြတ်လည်း ခဏပဲ ၊ ဖြတ်ဖို့ဘယ်လောက်မလွယ်သလဲဆိုရင်လေ အစ်မအရင်ကနေခဲ့တဲ့ ဖားကန့်မှာ ပြောပြောနေကြတာရှိတယ် ။ဖားကန့်နားကရွာလေးတစ်ရွာမှာ ဘိန်းစွဲခဲ့တဲ့လူတစ်ယောက်ဟာ ဘိန်းဖြတ်မယ်ဆိုပြီး ရွာကထွက်သွားတာတဲ့ ၊တစ်ရက်ကျတော့ ဥရုချောင်းဘေးမှာထိုင်ရင်း ဖိနပ်ကလေးတစ်ဖက် မျောလာတာတွေ့လို့ကြည့်ရင်းကြည့်ရင်းနဲ့ ဒီဖိနပ်ကလေးဟာ ဟိုးအရင် ငါငယ်ငယ်က ငါ့ကို ဘိန်းရောင်းပေးခဲ့ဖူးတဲ့အဒေါ်ကြီးစီးတဲ့ ဖိနပ်ကလေးနဲ့ တူလိုက်တာ တူလိုက်တာဆိုပြီး သတိတွေရပြီး ဘိန်းရှူချင်လာတာ စိတ်ထိန်းလို့မရတော့တာနဲ့ ရွာပြန်ပြီး ဘိန်းရှူပါလေရောတဲ့ ။ ဘိန်းဆိုတာ စွဲမိပြီဆိုရင်လေ ..ဘိန်းကိုမြင်တာတော့မပြောနဲ့ ဘိန်းနဲ့ပတ်သက်ဆက်စပ်တာတွေ တွေ့ရင်တောင် ဘိန်းကိုတအားသတိရပြီး မျက်ရည်တွေကျ ၊နှာရည်တွေကျပြီး ခန္ဓာကိုယ်ကိုက်ခဲ ၊သမ်းလည်းသမ်းပြီး..ယင်းထ လာရောတဲ့ ။ တချို့ဆိုမြစ်ကြီးနားမြို့ကကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်ကိုမြင်တာနဲ့တောင် ယင်းထ လာသတဲ့ ။ဘိန်းစွဲသူဆိုတာ သူ ဘိန်းစသုံးခဲ့တဲ့နေရာဒေသကိုပါ စွဲတာမဟုတ်လား ။ “

#ပုညခင်
(၂၀၁၈ခုနှစ် နိုဝင်ဘာတွင် ပထမအကြိမ် စတင်ထုတ်ဝေခဲ့သော #ပန်းတွေပွင့်ဖို့စောင့်ရချိန် ဝတ္ထုမှ ကောက်နှုတ်ပါသည် ။)

#မြစ်ကြီးနား #ကချင်ပြည်နယ်
#ဆိုင်းထွယ်ပန် ( #ရာဇီ ) #ဒေါက်တာသင့်မြတ်ကောင်း #ရိန်လွန်း #ခါကာဘိုရာဇီ

Address

Mandalay

AUNGMAYETHARZAN

Website

Alerts

Be the first to know and let us send you an email when Benn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Benn:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share