Win Win Entertainment

  • Home
  • Win Win Entertainment

Win Win Entertainment Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Win Win Entertainment, Media/News Company, .

တော်လှန်အနုပညာသတင်းများ (16.6.2024)(၁) ပန်းချီဆရာမနုယဉ်ရဲ့ "အမေ့အပြုံး" ပန်းချီကား  လေလံတင်ရောင်းချ။(၂) CDM ကျောင်းဆရာလေ...
16/06/2024

တော်လှန်အနုပညာသတင်းများ (16.6.2024)

(၁) ပန်းချီဆရာမနုယဉ်ရဲ့ "အမေ့အပြုံး" ပန်းချီကား လေလံတင်ရောင်းချ။
(၂) CDM ကျောင်းဆရာလေးရဲ့ “အမေစုပုံ ကြိုးပန်းချီ”...။
(၃) “Sydney” မှာပြုလုပ်ခဲ့တဲ့ မင်မော်ကွန်းဂီတဖျော်ဖြေပွဲ တော်လှန်ရန်ပုံငွေများစွာရရှိ။
စတဲ့တော်လှန်အနုပညာသတင်းများကို WIN WIN ENTERTAINMENT ရဲ့ YouTube Channel တွင်ဝင်ရောက်နားဆင်နိုင်ပါပြီ....။

https://youtu.be/2scoDXg_GVs


#အနုပညာကိုအကျဉ်းချမရ

“Sydney” မှာပြုလုပ်ခဲ့တဲ့ မင်မော်ကွန်းဂီတဖျော်ဖြေပွဲ တော်လှန်ရန်ပုံငွေများစွာရရှိ။ဇွန်၁၆၊၂၀၂၄။သရုပ်ဆောင်မင်းမော်ကွန်းရဲ့...
16/06/2024

“Sydney” မှာပြုလုပ်ခဲ့တဲ့ မင်မော်ကွန်းဂီတဖျော်ဖြေပွဲ တော်လှန်ရန်ပုံငွေများစွာရရှိ။

ဇွန်၁၆၊၂၀၂၄။

သရုပ်ဆောင်မင်းမော်ကွန်းရဲ့ “တော်လှန်ရေးအတွက် အနုပညာလက်နက်”လို့အမည်ပေးထားတဲ့ ဂီတဖျော်ဖြေပွဲ Live Show ကို မနေ့က ဇွန် ၁၅ရက်နေ့မှာသြစတြေးလျနိုင်ငံ Sydney မြို့မှာပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါဂီတဖျော်ဖြေပွဲမှ တော်လှန်ရန်ပုံငွေအဖြစ် 56000AUDရရှိခဲ့ကြောင်း၊ ရရှိတဲ့ငွေအားလုံးကို တော်လှန်ရေးအတွက် တပြားမကျန်လှူဒါန်းသွားမှာဖြစ်ကြောင်း၊ ကူညီအားပေးခဲ့ကြသူများအား လုံးကိုလည်းကျေးဇူးတင်ရှိကြောင်း သရုပ်ဆောင်မင်းမော်ကွန်းက သူ့ရဲ့ Facebookစာမျက်နှာကနေ ပရိသတ်ကိုကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါဂီတဖျော်ဖြေပွဲမှာ သရုပ်ဆောင်မင်းမော်ကွန်း တော်လှန်ရေးကာလအတွင်း ပထမဆုံးရေးဆွဲထားတဲ့ ပန်းချီကားကို လေလံတင်ရောင်းချခဲ့ပြီး AUD$ 1,0000 (မြန် မာ ငွေ သိန်း ၂၆၀ ကျော်)ရရှိခဲ့ပါတယ်။

လာမည့်ဇွန်လ၂၂ရက်နေ့တွင်လည်း သရုပ်ဆောင်မင်းမော်ကွန်းရဲ့ “တော်လှန်ရေးအတွက်အနုပညာလက် နက်” ဂီတဖျော်ဖြေပွဲကို Melbourne မြို့မှာ ဆက်လက်ဖျော်ဖြေတင်ဆက်သွားမှာဖြစ်တဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်။


#အနုပညာကိုအကျဉ်းချမရ

CDM ကျောင်းဆရာလေးရဲ့ “အမေစုပုံ ကြိုးပန်းချီ”...။ဇွန်၁၆၊၂၀၂၄။အကြမ်းဖက်စစ်ကောင်စီမှ တိုင်းပြည်အာဏာမတရားသိမ်းယူပြီးချိန်မှစ...
16/06/2024

CDM ကျောင်းဆရာလေးရဲ့ “အမေစုပုံ ကြိုးပန်းချီ”...။

ဇွန်၁၆၊၂၀၂၄။

အကြမ်းဖက်စစ်ကောင်စီမှ တိုင်းပြည်အာဏာမတရားသိမ်းယူပြီးချိန်မှစတင်ပြီး အကြမ်းမဖက်အာဏာ ဖီဆန်ရေးလှုပ်ရှားမှုတွေကတဆင့် ယနေ့အချိန်အထိစစ်ကောင်စီကိုပြတ်ပြတ်သားသားတွန်းလှန်နေတဲ့ မူလတန်းပြCDM ကျောင်းဆရာလေးက သူတက်မြောက်ထားတဲ့ ပန်းချီပညာဖြင့် အမေစုပုံတူ ကြိုးပန်းချီကို ဖန်တီးရေးဆွဲခဲ့ပါတယ်။

ဒါပေမယ့် CDM ကျောင်းဆရာလေးအတွက် ထပ်မံဖန်တီးထုဆစ်ဖို့ အခက်အခဲရှိနေတာကြောင့် “ကြိုး”လှုပ်ရှားမှုမှတဆင့် ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနမှ ဦးစီးအရာရှိတာဝန်နဲ့ CDM ပြုလုပ်ခဲ့တဲ့ ဦးကျော်သက်လင်းက နိုင်တဲ့အားနဲ့ပါဝင်ကူညီပေးခဲ့ပါတယ်။

ဒီကူညီမှုအပေါ် ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ CDM ကျောင်းဆရာလေးက ဂုဏ်ပြုလက်ဆောင် အဖြစ်ပြန်လည်ပေးအပ်ခဲ့တဲ့ အမေစုပုံတူကြိုးပန်းချီကားလေးကို ဦးကျော်သက်လင်းက ထိုက်သင့် တဲ့ငွေကြေးနဲ့ ပြန်လည်ရောင်းချပေးခဲ့ပါတယ်။

အခုလိုရောင်းချဖို့ ပိုစ်တင်ပြီးနာရီပိုင်းအတွင်းမှာပဲ စင်္ကာပူနိုင်ငံမှမတင်မိုးခိုင်က အမေစုရဲ့(၇၉) နှစ်မြောက် အမှတ်တရကြိုးပန်းချီကားလေးကို ထိုင်းဘက်ငွေတစ်‌သောင်းနဲ့ ဝယ်ခဲ့ပါတယ်။

အခုလိုကြိုးပန်းချီရောင်းချမှုမှရရှိလာတဲ့ ထဲက ကြိုးပန်းချီကိုဖန်တီးထုဆစ်ခဲ့တဲ့ CDM ကျောင်းဆရာ လေးကို ဘက်၈၀၀၀ပေးအပ်ခဲ့ပြီး၊ ကျန်၂၀၀၀ကိုတော့ တော်လှန်ရေးရဲဘော်တွေဆီကို ပို့ဆောင်သွားမှာ ဖြစ်တဲ့အကြောင်းဦးကျော်သက်လင်းက သူ့ရဲ့ Facebookလူမှုကွန်ရက်စာမျက်နှာ ကနေအသိပေးဖော်ပြ ထားပါတယ်။


#အနုပညာကိုအကျဉ်းချမရ

ပန်းချီဆရာမနုယဉ်ရဲ့ "အမေ့အပြုံး" ပန်းချီကား  လေလံတင်ရောင်းချ။ဇွန်၁၆၊၂၀၂၄။ပန်းချီဆရာမနုယဉ်ရဲ့  ဖေဖော်ဝါရီ၁ရကနေ့ တိတ်ဆိတ်ခ...
16/06/2024

ပန်းချီဆရာမနုယဉ်ရဲ့ "အမေ့အပြုံး" ပန်းချီကား လေလံတင်ရောင်းချ။

ဇွန်၁၆၊၂၀၂၄။

ပန်းချီဆရာမနုယဉ်ရဲ့ ဖေဖော်ဝါရီ၁ရကနေ့ တိတ်ဆိတ်ခြင်းတိုက်ပွဲနေ့မှာရေးဆွဲခဲ့တဲ့ “အမေ့အပြုံး” ပန်းချီကား လေလံတင်ရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။
စတင်ရေးဆွဲချိန်က နေ့ထူးနေ့မြတ်ကို ဂုဏ်ပြုရေးဆွဲတာဖြစ်လို့ ကိုယ်ပိုင်သိမ်းဆည်းဖို့သာရည်ရွယ်ထား ပေမယ့် တောင်းဆိုထားကြတဲ့ မိတ်ဆွေတွေလည်းရှိနေတာကြောင့် အခုရေးဆွဲထားတဲ့ “အမေ့အပြုံး” ပန်းချီကားကို ယခုလိုလေလံပွဲပြုလုပ်ပြီး ထိုက်တန်သူထဲက တစ်ဦးဆီလွှဲပြောင်းပေးသွားမှာဖြစ်တယ် လို့ဆိုပါတယ်။

ဒီ "အမေ့အပြုံး" ပန်းချီကားကို ယခင်ကလို တော်လှန်ရန်ပုံငွေရှာဖွေရေးအဖွဲ့အစည်းတွေထံက တစ်ဆင့် ရောင်းချသွားမှာ မဟုတ်ဘဲ ဆရာမနုယဉ်ရဲ့ CB ကနေ ဆရာမကိုယ်တိုင် လေလံတင် ရောင်းချသွားမှာပဲ ဖြစ်ပါတယ်။

(30×40)cm အရွယ်အစားရှိတဲ့ ဒီပန်းချီကားလေးကို ကြမ်းခင်းဈေး USD 1500 စတင် သတ်မှတ်ထားပြီး ဇွန်လ ၁၆ ရက်နေ့ ထိုင်းစံတော်ချိန် မနက် ၁ နာရီကနေ (၃၆) နာရီအတွင်း တန်ဖိုးအများဆုံးပေးနိုင်တဲ့သူကိုပဲ ပိုင်ဆိုင်ခွင့် လွှဲအပ်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆရာမက ဒီပန်းချီကားရောင်းချမှုအတွက် မည်သူ့ကိုမှ ကိုယ်စားလှယ်မလွှဲထားကြောင်းနဲ့သီးခြားအလှူငွေ လက်မခံကြောင်း၊ သတ်မှတ်အချိန်ပြည့်၍ ပန်းချီကား နောက်ဆုံးပိုင်ဆိုင်သူကို သူမအသံမက်ဆေ့ဖြင့် တိုက်ရိုက် ဆက်သွယ် သွားမှာ ဖြစ်တယ်လို့ သူမရဲ့Facebook လူမှုကွန်ယက်စာမျက်နှာကနေ အသိပေး ပြောကြားထားပါတယ်။

ဆရာမရဲ့ Post တင်ပြီး ၁၅ မိနစ်အတွင်းမှာပဲ ဘတ်(၃) သိန်း စတင်ပေးနေပြီဖြစ်လို့ တော်လှန်ပြည်သူများအ‌နေနဲ့ ပန်းချီအနုပညာနဲ့ တော်လှန်တိုက်ပွဲဝင်နေသူ ဆရာမနုယဉ်ရဲ့ ရင်ထဲက အကောင်အထည်ဖော်ချင်တဲ့ဆန္ဒ‌လေး ပြည့်မြောက်အောင် ဝယ်ယူအားပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။


#အနုပညာကိုအကျဉ်းချမရ

တော်လှန်အနုပညာသတင်းများ (15.6.2024)(၁) သရုပ်ဆောင်မင်းမော်ကွန်းဂီတဖျော်ဖြေပွဲခရီးစဉ် ဇွန်လကုန်တွင်စတင်မည်။ (၂) ပရိသတ်တောင...
15/06/2024

တော်လှန်အနုပညာသတင်းများ (15.6.2024)

(၁) သရုပ်ဆောင်မင်းမော်ကွန်းဂီတဖျော်ဖြေပွဲခရီးစဉ် ဇွန်လကုန်တွင်စတင်မည်။
(၂) ပရိသတ်တောင်းဆိုမှုကြောင့် “ရောင်နီလာရာလမ်း”ရုပ်ရှင်ကို ဒုတိယအကြိမ်ထပ်မံပြသမည်။
(၃) တော်လှန်ရုပ်ရှင်ပြသခြင်းနှင့်အတူ အမေစုမွေးနေ့ကိုပါပြုလုပ်သွားမည်။
(၄) ပရိသတ်တွေစောင့်မျှော်နေကြတဲ့ “သူမ”။
စတဲ့တော်လှန်အနုပညာသတင်းများကို WIN WIN ENTERTAINMENT ရဲ့ YouTube Channel တွင်ဝင်ရောက်နားဆင်နိုင်ပါပြီ....။

https://youtu.be/36B6AKJoKjk


#အနုပညာကိုအကျဉ်းချမရ

ပရိသတ်တွေစောင့်မျှော်နေကြတဲ့ “သူမ”ဇွန်၁၅၊၂၀၂၄။အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ “သူမ” လို့အမည်ပေးထားတဲ့ အမေစုအကြောင်းရေးစပ်သီဆ...
15/06/2024

ပရိသတ်တွေစောင့်မျှော်နေကြတဲ့ “သူမ”

ဇွန်၁၅၊၂၀၂၄။

အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ “သူမ” လို့အမည်ပေးထားတဲ့ အမေစုအကြောင်းရေးစပ်သီဆိုထား တဲ့သီချင်းရဲ့ Official Trailer ထွက်ရှိလာပြီဖြစ်ပါတယ်။

စက္ကန့် ၃၀စာ အဆိုပါ Official Trailer ကို အဆိုတော်ဖြူဖြူကျော်သိန်းက သူမရဲ့ Facebook စာမျက် နှာမှာဖော်ပြပြီးချိန်မှာတော့ ပရိသတ်တွေက MV အပြည့်အစုံကို အမြန်ဆုံးတင်ပေးနိုင်ဖို့ တောင်းဆို နေကြပါတယ်။

လွန်ခဲ့တဲ့ ၂နှစ်ကတည်းက ရေးစပ်ထားတဲ့ အဆိုပါ”သူမ”ဆိုတဲ့ အမေစုအကြောင်းရေးစပ်ထားတဲ့သီချင်း လေးဟာ ယခုအချိန်မှာတော့ ပရိသတ်တွေခံစားနားဆင်နိုင်ဖို့ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။

အသံပါဝါကောင်းကောင်းနဲ့သီဆိုတက်တဲ့ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ စိတ်ရောကိုယ်ပါနှစ်ပြီး သီဆိုထားတဲ့သီချင်းဖြစ်တဲ့အပြင် တိုင်းပြည်ခေါင်းဆောင်၊ ပြည်သူခေါင်းဆောင်အကြောင်း ရေးစပ်သီဆိုထားတဲ့သီချင်းတစ်ပုဒ်ဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ အခုလိုစောင့်မျှော်အား ပေးနေကြတာလည်းဖြစ်ပါတယ်။


#အနုပညာကိုအကျဉ်းချမရ

တော်လှန်ရုပ်ရှင်ပြသခြင်းနှင့်အတူ အမေစုမွေးနေ့ကိုပါပြုလုပ်သွားမည်။မည်။ဇွန်၁၅၊၂၀၂၄။ဇွန်လ၁၅ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ N...
15/06/2024

တော်လှန်ရုပ်ရှင်ပြသခြင်းနှင့်အတူ အမေစုမွေးနေ့ကိုပါပြုလုပ်သွားမည်။
မည်။

ဇွန်၁၅၊၂၀၂၄။

ဇွန်လ၁၅ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ North Carolinaနှင့် ဇွန်လ၁၆ရက်နေ့မှာဂျပန်နိုင်ငံ၊ Fukuoka မြို့တို့မှာပြုလုပ်သွားမည့် “သတ္တိနှင့်ပွင့်လန်းချစ်သောပန်းများ”တော်လှန် ရုပ်ရှင်ပြပွဲတွေမှာ တော့ ရုပ်ရှင်ပြသခြင်းနှင့်အတူ အမေစု၇၉ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ပွဲ ကိုပါထည့်သွင်း ကျင်းပ သွားမှာဖြစ်ပါတယ်။

အဆိုပါရုပ်ရှင်ပြပွဲမှာ တော်လှန်ရုပ်ရှင်ပြသခြင်း၊ အမေစုမွေးနေ့အထိမ်းအမှတ်ပွဲအပြင် တော်လှန်အနု ပညာရှင်များရဲ့ဖျော်ဖြေမှုတွေ၊ တိုင်းရင်းသားရိုးရာအကတွေ၊ ရန်ပုံငွေအတွက်ကံစမ်းမဲအစီအစဉ်တွေ၊ မြန်မာအစားအသောက်ဈေးရောင်းပွဲတွေ နှင့် အခြားအစီအစဉ်များလည်းပါဝင်မှာဖြစ်ပါတယ်။

“သတ္တိနှင့်ပွင့်လန်းချစ်သောပန်းများ”ရဲ့ တော်လှန်ရုပ်ရှင်မှာပါဝင်သရုပ်ဆောင်ထားတဲ့ တော်လှန်မင်းသ မီးလေးမြတ်နိုးအေးကတော့ ရုပ်ရှင်ပြပွဲ Tickets များဝယ်ယူအားပေးကြဖို့နဲ့ တော်လှန်ရန်ပုံငွေ ပိုမိုရရှိ ရန်မျှော်လင့်ကြောင်း၊ ရရှိလာတဲ့ရန်ပုံငွေတွေဟာလည်း တော်လှန်ရေးမြေပြင်မှာတကယ်လိုအပ်တဲ့ နေရာတွေကို စီးဆင်းသွားမှာဖြစ်အကြောင်းသူမရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာ ကနေပရိသတ် ကို အသိပေးထားပါတယ်။


#အနုပညာကိုအကျဉ်းချမရ

ပရိသတ်တောင်းဆိုမှုကြောင့် “ရောင်နီလာရာလမ်း”ရုပ်ရှင်ကို ဒုတိယအကြိမ်ထပ်မံပြသမည်။ ဇွန်၁၅၊၂၀၂၄။တော်လှန်အနုပညာရှင် ဒါရိုက်တာက...
15/06/2024

ပရိသတ်တောင်းဆိုမှုကြောင့် “ရောင်နီလာရာလမ်း”ရုပ်ရှင်ကို ဒုတိယအကြိမ်ထပ်မံပြသမည်။

ဇွန်၁၅၊၂၀၂၄။

တော်လှန်အနုပညာရှင် ဒါရိုက်တာကိုပေါက်ရိုက်ကူးဖန်တီးထားတဲ့ “ရောင်နီလာရာလမ်း”မှတ်တမ်းရုပ် ရှင်ကို ဂျပန်နိုင်ငံမှပရိသတ်များရဲတောင်းဆိုမှုကြောင့် ဒုတိယအကြိမ်ထပ်မံပြသသွားမှာဖြစ်ပါတယ်။

အဆိုပါမှတ်တမ်းရုပ်ရှင်ကိုပြီးခဲ့တဲ့ ဧပြီလ၂၇ရက်နေ့က ဂျပန်နိုင်ငံရှိ Shinjuku ရဲ့ K's Cinema မှာစတင် ပြသခဲ့တဲ့ဖြစ်ပြီး ပရိသတ်ရုံပြည့်ရုံလျှံလာရောက်အားပေးကြကာ ဂျပန်နိုင်ငံရဲ့ သက်တမ်းရင့် ရုပ်ရှင်မဂ္ဂ ဇင်းမှာပါဖော်ပြခံခဲ့ရတဲ့အထိအောင်မြင်မှုတွေရရှိခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ပရိသတ်များတောင်းဆိုမှုကြောင့် ဒုတိယအကြိမ်အဖြစ် ဇွန်လ၁၅ရက်နေ့မှစတင်ပြီး
တိုကျိုမြို့ရှိ K's Cinema နဲ့ Osaka ရှိ Theratre Seven တို့မှာ ၂ပတ်ခန့်ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

“ရောင်နီလာရာလမ်း”မှတ်တမ်းရုပ်ရှင်ကိုလက်ရှိမှာ ဂျပန်နိုင်ငံရှိ ရုပ်ရှင်ရုံ ၂၅ရုံမှာ ပြသလျက်ရှိကြောင်း သိရပြီး ဒါရိုက်တာကိုပေါက်ကတော့ “ဂုဏ်ယူစရာတွေထဲကတစ်ခုဖြစ်ကြောင်းနဲ့ ဒီရုပ်ရှင်ကနေ မြန်မာ ပြည်ရဲ့ အဆိုးဆုံးလက်ရှိအခြေအနေတွေကို အခြားနိုင်ငံတွေကပါသိစေချင်ကြောင်း”မှတ်ချက်ပြု ရေးသားဖော်ပြထားပါတယ်။


#အနုပညာကိုအကျဉ်းချမရ

သရုပ်ဆောင်မင်းမော်ကွန်းဂီတဖျော်ဖြေပွဲခရီးစဉ် ဇွန်လကုန်တွင်စတင်မည်။ ဇွန်၁၅၊၂၀၂၄။သရုပ်ဆောင်မင်းမော်ကွန်းရဲ့ဂီတဖျော်ဖြေပွဲခ...
15/06/2024

သရုပ်ဆောင်မင်းမော်ကွန်းဂီတဖျော်ဖြေပွဲခရီးစဉ် ဇွန်လကုန်တွင်စတင်မည်။

ဇွန်၁၅၊၂၀၂၄။

သရုပ်ဆောင်မင်းမော်ကွန်းရဲ့ဂီတဖျော်ဖြေပွဲခရီးစဉ်တွေကို လာမည့်ဇွန်လ၃၀ရက်နေ့မှစတင်ပြီး ဂျပန်နိုင်ငံရှိ မြို့ကြီးတွေမှာ ကျင်းပပြုလုပ် သွားမှာဖြစ်ပါတယ်။

ဇွန်လ၃၀ရက်နေ့မှာတော့ ဖျော်ဖြေရေးခရီးစဉ်ရဲ့ပထမဆုံးဖျော်ဖြေပွဲအဖြစ် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဆက်လက်ပြီး ဖျော်ဖြေရေးခရီးစဉ်အဖြစ် ဇူလိုင်လ ၇ရက်နေ့မှာ ဂွန်းမ၊ ၁၃ရက်နေ့မှာ ကျူးရှူးနဲ့ ၁၄ရက်နေ့မှာ တိုကျိုမြို့တို့မှာ အသီးသီးလှည့်လည်ဖျော်ဖြေသွားမှာဖြစ်လို့ဆာကူရာတို့ပွင့်လန်းရာ ဂျပန်မြေမှာရောက်ရှိနေကြတဲ့မြန်မာပရိသတ်တွေအနေနဲ့လည်း သွားရောက်အားပေးကြဖို့တိုက် တွန်းလိုက်ရပါတယ်။

ဒါ့အပြင် ယခုဇွန်လ ၂၂ရက်နေ့တွင်လည်း သြစတျေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ “တော်လှန်ရေးအတွက်အနုပညာလက်နက်” ခေါင်းစဉ်ဖြင့် သရုပ်ဆောင်မင်းမော်ကွန်းရဲ့ တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲပြုလုပ်သွားမှာဖြစ်ပါတယ်။


#အနုပညာကိုအကျဉ်းချမရ

14/06/2024

တော်လှန်အနုပညာသတင်းများ(14.6.2024)

https://youtu.be/HYeRclI5hgo


#အနုပညာကိုအကျဉ်းချမရ

တော်လှန်အနုပညာသတင်းများ  (14.6.2024)(၁) လူရွှင်တော်ကိုအောင်သော်ရဲ့ ကိုယ်ပိုင်သီချင်းထွက်ရှိ။(၂) လူရွှင်တော်ကိုစိန်သီးရဲ့...
14/06/2024

တော်လှန်အနုပညာသတင်းများ (14.6.2024)

(၁) လူရွှင်တော်ကိုအောင်သော်ရဲ့ ကိုယ်ပိုင်သီချင်းထွက်ရှိ။
(၂) လူရွှင်တော်ကိုစိန်သီးရဲ့ နိုင်ငံတကာဖျော်ဖြေရေးခရီးစဉ်များမကြာခင်စတင်မည်။
(၃) အမေစု ၇၉နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ရုပ်ရှင်ပြပွဲ အိုင်ဇောလ်မြို့တွင်ပြုလုပ်မည့်။

စတဲ့တော်လှန်အနုပညာသတင်းများကို WIN WIN ENTERTAINMENT ရဲ့ YouTube Channel တွင်ဝင်ရောက်နားဆင်နိုင်ပါပြီ...။

https://youtu.be/HYeRclI5hgo


#အနုပညာကိုအကျဉ်းချမရ

အမေစု ၇၉နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ရုပ်ရှင်ပြပွဲ အိုင်ဇောလ်မြို့တွင်ပြုလုပ်မည့်။ဇွန်၁၄၊၂၀၂၄။စစ်ကောင်စီရဲ့မတရားဖမ်းဆီးမှ...
14/06/2024

အမေစု ၇၉နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ရုပ်ရှင်ပြပွဲ အိုင်ဇောလ်မြို့တွင်ပြုလုပ်မည့်။

ဇွန်၁၄၊၂၀၂၄။

စစ်ကောင်စီရဲ့မတရားဖမ်းဆီးမှုကိုခံထားရတဲ့ ပြည်သူအားလုံးရဲ့မိခင်အမေစုရဲ့ မကြာခင်ကျရောက်မည့် ၇၉ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ရုပ်ရှင်ပြပွဲကို အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ အိုင်ဇောလ်မြို့မှာ ပြသသွားမှာဖြစ်ပါတယ်။

အဆိုပါမွေးနေ့အထိမ်းအမှတ်အဖြစ် ဒါရိုက်တာကိုပေါက်ဖန်တီးရိုက်ကူးထားတဲ့ “နေသာတဲ့နေ့”တော်လှန်ရုပ်ရှင်ကို ပြသသွားမှာဖြစ်ပြီး “နေသာတဲ့နေ့”အဖွဲ့သားတွေကတော့ "မြန်မာပြည်သူပြည်သားများရဲ့ ဆုံးရှုံးရမှုများ ၊ နာကျင်ကြေကွဲရမှု ၊ မျှော်လင့်ချက်များနဲ့ စိတ်အားထက်သန်မှုများကို ထင်ဟပ်ထားတဲ့" တော်လှန်ရုပ်ရှင်ဖြစ်ကြောင်းပရိသတ် ကိုအသိပေးထားပါတယ်။

အဆိုပါ ရုပ်ရှင်ကို ဇွန်လ၁၅ရက်နေ့တွင် အိုင်ဇောလ်မြို့ Chanmari ရပ်ကွက် YMA ခန်းမမှာ ပြသမှာဖြစ်ပြီး မီဇိုရမ်ပြည်နယ်အခြေစိုက် Network for Unity Association Mizoram -NUA အဖွဲ့ရဲ့ ဦးဆောင်မှုဖြင့် ပြုလုပ်တာဖြစ်ကာ ဝင်ကြေးအခမဲ့ဖြင့်လာရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

လာရောက်အားပေးကြတဲ့ပရိသတ်တွေအနေနဲ့ အလှူငွေများထည့်ဝင်နိုင်ဖို့ အလှူခံပုံးတွေ ထားရှိပေးထားမှာဖြစ်ပြီး ကောက်ခံရရှိတဲ့အလှူငွေတွေကိုတော့ Cyclone Remal ဘေးဒဏ်သင့် ကူညီကယ်ဆယ်ရေးအတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့သိရပါတယ်။


#အနုပညာကိုအကျဉ်းချမရ

လူရွှင်တော်ကိုစိန်သီးရဲ့ နိုင်ငံတကာဖျော်ဖြေရေးခရီးစဉ်များမကြာခင်စတင်မည်။ဇွန်၁၄၊၂၀၂၄။နိုင်ငံတကာဖျော်ဖြေရေးခရီစဉ်များ မကြာ...
14/06/2024

လူရွှင်တော်ကိုစိန်သီးရဲ့ နိုင်ငံတကာဖျော်ဖြေရေးခရီးစဉ်များမကြာခင်စတင်မည်။

ဇွန်၁၄၊၂၀၂၄။

နိုင်ငံတကာဖျော်ဖြေရေးခရီစဉ်များ မကြာခင်စတင်တော့မည်ဖြစ်ကြောင်း လူရွှင်တော်ကိုစိန်သီးက သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်ကိုအသိပေးထားပါတယ်။

ဒီဖျော်ဖြေရေးခရီးစဉ်မှာတော့ လူရွှင်တော်ကိုစိန်သီးရဲ့ အောင်မြင်နေတဲ့ “အဘ”အစီအစဉ်နှင့်အတူ စိန်သီး၊ ပေါက်စီ၊ စိန်ပန်း၊ အောင်ပန်း တို့ကမည့် စိန်သီးတို့ရဲ့ အငြိမ့်ပွဲများဖြင့်လည်း ဖျော်ဖြေတင်ဆက် သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကလည်း မြေလတ်ဒေသတော်လှန်ရန်ပုံငွေအတွက်ပြုလုပ်တဲ့ “မြေလတ်ဒေါင်းတို့ပွဲကစို့” ကမ်ပိန်းမှာလည်း ဟာသလူရွှင်တော်တွေဖြစ်ကြတဲ့ စိန်သီး၊ ပေါက်စီ၊ စိန်ပန်း၊ အောင်ပန်း တို့နှင့်အတူ မင်းသမီးစန်းနီလာဝင်း၊ ဆိုင်းဆရာဖိုးသင်္ကြန်တို့က ပါဝင်အားဖြည့်တင်ဆက်ခဲ့ပါတယ်။

နိုင်ငံအသီးသီးမှာရောက်ရှိနေကြတဲ့ တော်လှန်ပရိသတ်တွေအနေနဲ့လည်း မကြာခင်မှာ လူရွှင်တော်ကိုစိန်သီးရဲ့ နိုင်ငံတကာဖျော်ဖြေရေးခရီးစဉ်နှင့်အတူ “အဘ”အစီအစဉ်နှင့် “ကိုစိန်သီး”တို့အငြိမ့်အဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုများကို လိုက်ပါခံစားရတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။


#အနုပညာကိုအကျဉ်းချမရ

လူရွှင်တော်ကိုအောင်သော်ရဲ့ ကိုယ်ပိုင်သီချင်းထွက်ရှိ။ဇွန်၁၄၊၂၀၂၄။လူရွှင်တော်ကိုအောင်သော်ရဲ့ ဗိုလ်ချုပ်အောင်ဆန်း(အညာသားပါ)...
14/06/2024

လူရွှင်တော်ကိုအောင်သော်ရဲ့ ကိုယ်ပိုင်သီချင်းထွက်ရှိ။

ဇွန်၁၄၊၂၀၂၄။

လူရွှင်တော်ကိုအောင်သော်ရဲ့ ဗိုလ်ချုပ်အောင်ဆန်း(အညာသားပါ) ဆိုတဲ့ ကိုယ်ပိုင်သီချင်း တစ်ပုဒ်ထွက်ရှိလာပြီဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ ကိုကိုကျော်က ရေးသားထားတာဖြစ်ပြီး 1Starလူရွှင်တော်ကို အောင်သော်က ခံစားသီဆိုထားတာပဲဖြစ်ပါတယ်။

လူရွှင်တော်ကိုအောင်သော်ဟာ ဗိုလ်ချုပ်အောင်ဆန်း(အညာသားပါ) ဆိုတဲ့သူ့ရဲ့ကိုယ်ပိုင် သီချင်းလေးကို သူကိုယ်တိုင်ဦးစီးကျင်းပတဲ့ “နွေဦးကာရံဒေါင်းတို့အားမာန်”အငြိမ့်ဖျော်ဖြေပွဲမှာ ပရိသတ်နဲ့စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာအဆိုပါသီချင်းကို ကိုအောင်သော်ရဲ့ page မှာပြန်လည်ဖော်ပြထားပြီး ပရိသတ်တွေအနေနဲ့ သွားရောက်အားပေးကြဖို့တိုက်တွန်းလိုက်ရပါတယ်။

https://www.facebook.com/5starscomediangroup


#အနုပညာကိုအကျဉ်းချမရ

တော်လှန်အနုပညာသတင်းများ  (13.6.2024)(၁) “SEM”ရဲ့ မြန်မာရုပ်ရှင်များကို Chin Rai တွင်ပြသ။(၂) ကရင်နီ‌ဒေသအတွက်  “ဇီဝက”ပရောဂ...
13/06/2024

တော်လှန်အနုပညာသတင်းများ (13.6.2024)

(၁) “SEM”ရဲ့ မြန်မာရုပ်ရှင်များကို Chin Rai တွင်ပြသ။
(၂) ကရင်နီ‌ဒေသအတွက် “ဇီဝက”ပရောဂျက်။
(၃) ပန်းချီကားလေလံပွဲမှာပါဝင်ဖို့ “Broken Dreams”ကထပ်မံဖိတ်ခေါ်။
စတဲ့တော်လှန်အနုပညာသတင်းများကို WIN WIN ENTERTAINMENT ရဲ့ YouTube Channel တွင်ဝင်ရောက်နားဆင်နိုင်ပါပြီ...။

https://youtu.be/i8xr-P37Hao


#အနုပညာကိုအကျဉ်းချမရ

ပန်းချီကားလေလံပွဲမှာပါဝင်ဖို့ “Broken Dreams”ကထပ်မံဖိတ်ခေါ်။ဇွန်၁၃၊၂၀၂၄။မကြာခင်အချိန်မှာစတင်‌တော့မည့် ဒါရိုက်တာ Nay Ni H...
13/06/2024

ပန်းချီကားလေလံပွဲမှာပါဝင်ဖို့ “Broken Dreams”ကထပ်မံဖိတ်ခေါ်။

ဇွန်၁၃၊၂၀၂၄။

မကြာခင်အချိန်မှာစတင်‌တော့မည့် ဒါရိုက်တာ Nay Ni Hlaing Kha ရဲ့ ပန်းချီကားလေလံပွဲမှာ ပါဝင်ကြဖို့ “Broken Dreams” က ပရိသတ်တွေကိုထပ်မံဖိတ်ခေါ်ထားပါတယ်။

ဒီပန်းချီကားဟာ “Broken Dreams”ရဲ့ တော်လှန်ရုပ်ရှင်(၉)ကားထဲမှ တစ်ပုဒ်ဖြစ်တဲ့ “Samsara”ကိုရိုက်ကူးခဲ့သူ ဒါရိုက်တာ Nay Ni Hlaing Kha ရေးဆွဲထားတဲ့ပန်းချီကားဖြစ်ပြီး အဆိုပါ “Samsara”ရုပ်ရှင်ကားမှာပါဝင်တဲ့ PDF လူငယ်လေး ရဲ့ ပုံရိပ်သဏ္ဌာန်ကို မှီငြမ်းရေးဆွဲထား တာလည်းဖြစ်ပါတယ်။

၁ပေခွဲ x ၂ပေရှိတဲ့ အဆိုပါ ပန်းချီကားကို မျှော်မှန်းကြမ်းခင်းဈေး- USD 500 ခန့်မှန်းထားပြီး လေလံကာလကိုတော့ အချိန်(၁)ပတ်သာသက်မှတ်ထားတာဖြစ်ပါတယ်။

လေလံတင်ရောင်းချခြင်းမှ ရရှိလာတဲ့ အကျိုးအမြတ်ရဲ့ (၈၀)ရာနှုန်းကို မြေပြင်ကိုတိုက်ရိုက် လှူဒါန်းသွားမှာဖြစ်ပြီး (၂၀)ရာနှုန်းကိုတော့ ပန်းချီရေးဆွဲသူကို ပေးသွားမှာဖြစ်ပါတယ်။

“Broken Dreams”ရဲ့ ထပ်မံဖိတ်ခေါ်မှုမှာပါဝင်မည့်ပရိသတ်တွေအနေနဲ့ လေလံပွဲအတွက်တရားဝင် သတ်မှတ်ထားတဲ့ United Bonds France Page ကတဆင့် ပါဝင်နိုင်မှာဖြစ်ပါတယ်။

https://www.facebook.com/UnitedBondsFrance?mibextid=LQQJ4d


#အနုပညာကိုအကျဉ်းချမရ

ကရင်နီ‌ဒေသအတွက်  “ဇီဝက”ပရောဂျက်။ဇွန်၁၃၊၂၀၂၄။ကရင်နီဒေသမှာ “The Way Musical Film”မိသားစုက တည်ဆောက်ပေးခဲ့တဲ့ ဆေးရုံ၂ရုံ ဖြစ...
13/06/2024

ကရင်နီ‌ဒေသအတွက် “ဇီဝက”ပရောဂျက်။

ဇွန်၁၃၊၂၀၂၄။

ကရင်နီဒေသမှာ “The Way Musical Film”မိသားစုက တည်ဆောက်ပေးခဲ့တဲ့ ဆေးရုံ၂ရုံ ဖြစ်တဲ့ O-1ဆေးရုံ နှင့် နွေဦးကျန်းမာဆေးရုံတို့ အတွက်ပြုလုပ်တဲ့ “ဇီဝက”ပရောဂျက်လေးကို ပြီးခဲ့တဲ့ မေလ ၃၁ရက်နေ့က စတင်နေပြီဖြစ်ပါတယ်။

ဒီကမ်ပိန်းဟာ ကရင်နီဒေသရှိစစ်ရှောင်ပြည်သူများနှင့် ပြည်သူ့သူရဲကောင်းများအားဆေးကုသ ပေးနိုင်ရန်အတွက် ဆေးဝါးများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများဖြည့်တင်းရန် ရည်ရွယ်လုပ်ဆောင် နေတာလည်းဖြစ်ပါတယ်။

ကမ်ပိန်းကာလကိုတော့ ၂၀၂၄မေလ၃၁ရက်မှ ဇွန်လ၃၀ရက်နေ့အထိ တစ်လသတ်မှတ်ထားပြီး ကျပ်သိန်း ၃ထောင် ရှာဖွေသွားမည့်ပရောဂျက်လေးဖြစ်ပါတယ်။

လက်ရှိမှာသတ်မှတ်ထားတဲ့ ကျပ်သိန်း၃ထောင်ရဲ့ ၅၀ရာနှုန်းအထိရောက်ရှိနေပြီး ကျန်ရှိနေတဲ့ ကမ်ပိန်းကာလအတွင်း သက်မှတ်ထားတဲ့ပမာဏပြည့်မှီဖို့ မျှော်မှန်းထားကြပါတယ်။

ပြည်သူတွေအနေနဲ့ တော်လှန်ရေးမှာအသက်နှင့်ခန္ဓာရင်းထားရတဲ့ ပြည်သူ့တော်လှန်ရေးတပ်သားတွေ၊ စစ်ရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ကုသမှုတွေကို နယ်မြေခြားပြီးမသွားရတော့ဘဲ အချိန်နှင့်တစ် ပြေးညီ ဆေးဝါးကုသမှုခံယူနိုင်ဖို့ပြုလုပ်နေကြတဲ့ “လွမ်းခြုံကုသဖေးကူကြ” ပရောဂျက် ”ဇီဝက” ကမ်ပိန်းလေးမှာ မိမိတို့တက်နိုင်တဲ့အားနဲ့ ပူးပေါင်းပါဝင်ကြဖို့တိုက်တွန်း လိုက်ရပါတယ်။


#အနုပညာကိုအကျဉ်းချမရ

“SEM”ရဲ့ မြန်မာရုပ်ရှင်များကို Chin Rai တွင်ပြသ။ဇွန်၁၃၊၂၀၂၄။“SEM”ရဲ့ မြန်မာရုပ်ရှင်များပြသခြင်းခရီစဉ်အဖြစ် မနေ့က ဇွန်လ၁၂...
13/06/2024

“SEM”ရဲ့ မြန်မာရုပ်ရှင်များကို Chin Rai တွင်ပြသ။

ဇွန်၁၃၊၂၀၂၄။

“SEM”ရဲ့ မြန်မာရုပ်ရှင်များပြသခြင်းခရီစဉ်အဖြစ် မနေ့က ဇွန်လ၁၂ရက်နေ့မှာ ထိုင်းနိုင်ငံ၊ Chin Rai မြို့တွင်ပြသခဲ့ပြီး ယနေ့ ဇွန်လ၁၃ရက်နေ့တွင်လည်း ထပ်မံပြသသွားမှာဖြစ်ပါတယ်။

အဆိုပါရုပ်ရှင်ခရီးစဉ်မှာတော့ မြန်မာရုပ်ရှင်၁၃ကားပါဝင်ပြသနေတာဖြစ်ပြီး မနေ့က ဇွန်လ၁၂ရက် နေ့မှာတော့ “Broken Dreams””ကျိုးပဲအိပ်မက်များ”နှင့် အခြားရုပ်ရှင်ဇာတ်လမ်းများပြသခဲ့ပြီး ယနေ့ညမှာတော့ ပြသရန်ကျန်ရှိနေသေးတဲ့ မြန်မာရုပ်ရှင်များကို ဆက်လက်ပြသသွား မှာဖြစ်ပါ တယ်။

ဇွန်လရဲ့ကျန်ရှိနေတဲ့ရက်တွေမှာလည်း “SEM”ရဲ့ မြန်မာရုပ်ရှင်ခရီးစဉ်ဟာ ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်နှင့် ရနောင်းမြို့တို့မှာ ဆက်လက်ပြသသွားမှာဖြစ်ပါတယ်။

ရုပ်ရှင်ပြသမည့် သက်ဆိုင်ရာမြို့နယ်နှင့်အနီးတဝိုက်မှာ‌ရှိတဲ့ မြန်မာပရိသတ်တွေအနေနဲ့လည်း လာရောက်အားပေးကြဖို့ ပွဲစီစဉ်သူတွေဖြစ်တဲ့ “SEM” အဖွဲ့သားတွေက ဖိတ်ခေါ်ထားပါတယ်။


#အနုပညာကိုအကျဉ်းချမရ

တော်လှန်အနုပညာသတင်းများ  (12.6.2024)(၁) Artists' Shelter  ရဲ့ အမှတ်တရ T-Shirt လေးတွေရောင်းချ။(၂) သရုပ်ဆောင်ချစ်သုဝေ ပုံတ...
12/06/2024

တော်လှန်အနုပညာသတင်းများ (12.6.2024)

(၁) Artists' Shelter ရဲ့ အမှတ်တရ T-Shirt လေးတွေရောင်းချ။

(၂) သရုပ်ဆောင်ချစ်သုဝေ ပုံတူချည်ထိုးအရုပ်ကမ်စမ်းမဲစတင်ရောင်းချ။
(၃) အနုပညာရှင်များစွာပါဝင်တဲ့ Maryland Music Concert ။

စတဲ့တော်လှန်အနုပညာသတင်းများကို WIN WIN ENTERTAINMENT ရဲ့ YouTube Channel တွင်ဝင်ရောက်နားဆင်နိုင်ပါပြီ...။

https://youtu.be/jmCqvYdJYb8


#အနုပညာကိုအကျဉ်းချမရ

အနုပညာရှင်များစွာပါဝင်တဲ့ Maryland Music Concert ။ဇွန်၁၂၊၂၀၂၄။လာမည့်ဇွန်လ ၂၉ ရက်နေ့မှာပြုလုပ်မည့် Maryland Music Concert...
12/06/2024

အနုပညာရှင်များစွာပါဝင်တဲ့ Maryland Music Concert ။

ဇွန်၁၂၊၂၀၂၄။

လာမည့်ဇွန်လ ၂၉ ရက်နေ့မှာပြုလုပ်မည့် Maryland Music Concert မှာတော့ တေးသံရှင်စုစုပေါင်း ၁၈ ဦးအထိပါဝင်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

မီမီဝင်းဖေ၊ အေးချမ်းမေ၊ Angel LaMung၊ Cobra၊ DJ Wine၊ထက်အောင်ကျော်၊ ခင်စုစုနိုင်၊ ကျော်သီဟ၊ ခါရာ၊လင်းထက်၊ လင်းနစ်၊ Mark Jason၊ M သီဟ၊ နင်ဇီမေ၊ Solomon King၊ ရန်ရန်ချမ်း စတဲ့တေးသံရှင်တွေပါဝင်မှာြဖစ်ပြီး မြတ်နိုးအေး နှင့်Russell တို့က M.C အဖြစ်ပါဝင်သွား မှာလည်းဖြစ်ပါ တယ်။

Music ပိုင်းအနေနဲ့ U.S ရဲ့ Show ပွဲတွေတော်တော်များများမှာ အကောင်းဆုံးပါဝင်တီးခတ်ဖျော်ဖြေခဲ့ ကြပြီး ပရိတ်သတ်အခိုင်အမာရရှိထားတဲ့ Maryland နယ်ခံလည်းဖြစ်တဲ့ Federal Band ကပါဝင်တီးခက်သွားမှာဖြစ်ပါတယ်။

လက်မှတ်တွေကိုတော့ ဒေါ်လာ၅၀နှင့် ဒေါ်လာ၁၀၀ သက်မှတ်ရောင်းချပေးနေပြီး အသက်၁၀နှစ်အောက်ကလေးတွေအတွက်လက်မှတ်ဝယ်ယူစရာမလိုတဲ့အပြင်မြန်မာအစားအစာတွေကိုလည်းရောင်းချပေးသွားမှာဖြစ်ပါတယ်။

အနုပညာရှင်များစွာပါဝင်တဲ့ Maryland Music Concert ဂီတဖျော်ဖြေပွဲကြီးကို လာမည့် ဇွန်လ ၂၉ရက်နေ့ ညနေ ၅နာရီမှာစတင်မှာဖြစ်ပြီး Wheaton High School Theater /12401 Dalewood Dr/ Silver Spring , MD 20906 မှာပြုလုပ်သွားမှပဲဖြစ်ပါတယ်။


#အနုပညာကိုအကျဉ်းချမရ

သရုပ်ဆောင်ချစ်သုဝေ ပုံတူချည်ထိုးအရုပ်ံကံစမ်းမဲ စတင်ရောင်းချ။ဇွန်၁၂၊၂၀၂၄။တစ်ရုပ်တည်းသာရှိတဲ့ သရုပ်ဆောင်ချစ်သုဝေ ပုံတူချည်...
12/06/2024

သရုပ်ဆောင်ချစ်သုဝေ ပုံတူချည်ထိုးအရုပ်ံကံစမ်းမဲ စတင်ရောင်းချ။

ဇွန်၁၂၊၂၀၂၄။

တစ်ရုပ်တည်းသာရှိတဲ့ သရုပ်ဆောင်ချစ်သုဝေ ပုံတူချည်ထိုးအရုပ်လေးကို မြေပြင်လိုအပ်ချက်ကြောင့် ကံစမ်းမဲအဖြစ်စတင်ရောင်းချနေပြီဖြစ်ပါတယ်။

ခြေစခေါင်းဆုံးကို လက်ဖြင့်အသေးစိတ်ပြုလုပ်ထားတဲ့ အဆိုပါ သရုပ်ဆောင်ချစ်သုဝေပုံ တူချည်ထိုးအရုပ်လေးကိုတော့ ကံစမ်းမဲအစောင်ရေ၂၀၀ပြုလုပ်ပြီး လက်မှတ်တစ်စောင်လျှင် မြန်မာကျပ်ငွေ ၅၀၀၀ ဖြင့်သက်မှတ်ကာရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။

ယခင်က ဒီအရုပ်လေးကိုဝယ်ယူချင်သူတွေရှိပေမယ့် မရောင်းရက်လို့အမြတ်တနိုး သိမ်းထားတဲ့အရုပ်လေးဖြစ်ပေမယ့် လက်ရှိမှာတော့ မြေပြင်လိုအပ်ချက်ကြောင့်အခုလို ကံစမ်းမဲပြုလုပ်ကာရောင်းချရခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။

ပရိသတ်တွေအနေနဲ့ "The Way" မင်းသမီးမချစ်သုဝေနဲ့ အနီးစပ်ဆုံးတူအောင်ကိုယ်ပိုင် စိတ်ကူးနဲ့ ပုံဖော်ထားတဲ့ Limited Edition Crochet Doll ရဲ့ ကံစမ်းမဲအစီ အစဉ်မှာပါဝင်ရင်း မိုးတွင်းကာလ ရိက္ခာလိုအပ်နေတဲ့ မြေပြင်အဖွဲ့တစ်ဖွဲ့အတွက်ပြုလုပ်တဲ့ ဒီကမ်ပိန်းရည်ရွယ်ချက်လေး အောင်မြင်ဖို့ ပါဝင်ကူညီကြဖို့တိုက်တွန်းလိုက်ရပါတယ်။

ပါဝင်မည့်ပရိသတ်တွေအနေနဲ့ Save Burme ရဲ့ Facebook Messenger ကနေအခုပဲသွားရောက်အား ပေးနိုင်ပြီဖြစ်ပါတယ်။

https://www.facebook.com/profile.php?id=100065463551893


#အနုပညာကိုအကျဉ်းချမရ

Artists' Shelter  ရဲ့ အမှတ်တရ T-Shirt လေးတွေရောင်းချ။ဇွန်၁၂၊၂၀၂၄။Artists' Shelter   ကအမှတ်တရထုပ်လုပ်ထားတဲ့ T-Shirt လေးတွ...
12/06/2024

Artists' Shelter ရဲ့ အမှတ်တရ T-Shirt လေးတွေရောင်းချ။

ဇွန်၁၂၊၂၀၂၄။

Artists' Shelter ကအမှတ်တရထုပ်လုပ်ထားတဲ့ T-Shirt လေးတွေကို ပရိသတ်တွေ ဝယ်ယူစု ဆောင်းနိုင်ဖို့အတွက် စတင်ရောင်း ချပေးနေပြီဖြစ်ပါတယ်။

T-Shirt တွေကို ခန္ဒာကိုယ်အချိုး အစားအလိုက် ရွေးချယ်ဝတ်ဆင်နိုင်ဖို့အတွက် Free Size, M, Lနှင့် XLဆိုပြီး ထုပ်လုပ်ထားကာ ပရိသတ်တွေအနေနဲ့ အဝါရောင်နှင့်အမည်းရောင် ၂မျိုးကို မှာယူဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။

Artists' Shelter ရဲ့ အမှတ်တရ T-Shirt လေးတွေ ဝယ်ယူလိုတဲ့ပရိသတ်တွေအနေနဲ့ Artists' Shelter - Merchandise Corner မှာ စတင်ဝယ်ယူစုဆောင်းနိုင်ပါပြီဖြစ်ပါတယ်။

Premium Quality ချည်သားကို အသုံးပြုထားတဲ့အတွက်ကြောင့် ဝတ်ဆင်ထားတဲ့အချိန်မှာလည်း သက်တောင့်သက်သာဖြစ်ပြီး ယုံကြည်မှုအပြည့်ခံစားချက်ကိုရရှိစေမှာဖြစ်ကာ T-Shirt တစ်ထည်ကို ထိုင်းဘက်ငွေ ၃၅၀ဘက်သက်မှတ်ကာရောင်းချပေးနေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် Artists' Shelter ရဲ့ Merchandise ပစ္စည်းလေးတွေအားလုံး ကို USA နဲ့ LA တို့မှာ မိမိတို့လိုချင်သလောက် instock ရနေပြီဖြစ်တယ်လို့လည်းသိရပါတယ်။


#အနုပညာကိုအကျဉ်းချမရ

တော်လှန်အနုပညာသတင်းများ  (11.6.2024)(၁) Maryland Music Concert မှာ အနုပညာရှင်နှစ်ဦးထပ်မံပါဝင်အားဖြည့်။(၂) မှတ်တမ်းရုပ်ရှ...
11/06/2024

တော်လှန်အနုပညာသတင်းများ (11.6.2024)

(၁) Maryland Music Concert မှာ အနုပညာရှင်နှစ်ဦးထပ်မံပါဝင်အားဖြည့်။
(၂) မှတ်တမ်းရုပ်ရှင်ဖန်တီးသူ “ရှင်ဒေဝီ” အမျိုးသမီးစွမ်းဆောင်ရည်ဆုချီးမြှင့်ခံရ။
(၃) 5K Views Challenge လုပ်ချင်ကြောင်းပြောလာတဲ့ “မီးခြစ်”။
စတဲ့တော်လှန်အနုပညာသတင်းများကို WIN WIN ENTERTAINMENT ရဲ့ YouTube Channel တွင်ဝင်ရောက်နားဆင်နိုင်ပါပြီ...။
https://youtu.be/kraToe78cTc

#အနုပညာကိုအကျဉ်းချမရ

5K Views Challenge လုပ်ချင်ကြောင်းပြောလာတဲ့ “မီးခြစ်”။ဇွန်၁၁၊၂၀၂၄။မီးခြစ်အဖွဲ့သားတွေဖန်တီးထားတဲ့ “လူထုတေးသံ” (Do you hea...
11/06/2024

5K Views Challenge လုပ်ချင်ကြောင်းပြောလာတဲ့ “မီးခြစ်”။

ဇွန်၁၁၊၂၀၂၄။

မီးခြစ်အဖွဲ့သားတွေဖန်တီးထားတဲ့ “လူထုတေးသံ” (Do you hear the people sing) သီချင်းအသစ်လေးထွက်ရှိလာပြီးချိန်မှာတော့ မီးခြစ်အဖွဲ့သားတွေဟာ အဆိုပါသီချင်းအတွက် 5K Views Streaming Challenge တစ်ခု ပြုလုပ်လိုကြောင်း ပရိသတ်ကို အသိပေးလာပါတယ်။

ရဲဘော်ဇင်လင်းက မြန်မာဘာသာဖြင့် ဘာသာပြန်ဆိုထားတာဖြစ်ပြီး မီးခြစ်အဖွဲ့သားတွေက မြန်မာတော်လှန်ရေးတေးသံအဖြစ် ပြန်လည် သီဆိုထားကြတဲ့ “လူထုတေးသံ”ဟာ လက်ရှိမှာ မီးခြစ်အဖွဲ့ရဲ့ YouTube Channel မှာတင်ထားပြီးဖြစ်ကာ Views 1.5K အထိရောက်ရှိနေပြီပဲဖြစ် ပါတယ်။
ပရိသတ်တွေအနေနဲ့ မီးခြစ်အဖွဲ့ရဲ့ 5K Views Streaming Challenge လေး အမြန်ဆုံးရောက်ရှိဖို့
မီးခြစ်အဖွဲ့ရဲ့ ပြန်လည်ဖန်တီးထားတဲ့ လူထုတေးသံတေးသီချင်း ရုပ်သံ Video ကိုမီးခြစ်ရဲ့ Official YouTube Channel မှာ သွားရောက်အားပေးကြဖို့တိုက်တွန်းလိုက်ရပါတယ်။

https://www.youtube.com/-meechit


#အနုပညာကိုအကျဉ်းချမရ

မှတ်တမ်းရုပ်ရှင်ဖန်တီးသူ “ရှင်ဒေဝီ” အမျိုးသမီးစွမ်းဆောင်ရည်ဆုချီးမြှင့်ခံရ။ဇွန်၁၁၊၂၀၂၄။အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ...
11/06/2024

မှတ်တမ်းရုပ်ရှင်ဖန်တီးသူ “ရှင်ဒေဝီ” အမျိုးသမီးစွမ်းဆောင်ရည်ဆုချီးမြှင့်ခံရ။

ဇွန်၁၁၊၂၀၂၄။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် နိုင်ငံတကာ အမျိုးသမီးသတင်းမီဒီယာ ဖောင်ဒေးရှင်းက ပေးအပ်တဲ့ “Wallis Annenberg” လို့ခေါ်တဲ့ အမျိုးသမီးသတင်းသမားဆုကို “ရှင်ဒေဝီ” ကရရှိသွားပါတယ်။

အဆိုပါ” Wallis Annenberg” ဆုဟာ ထောင်တွင်း မတရားအကျဉ်းချခံနေရတဲ့ အမျိုးသမီးသတင်းသမားတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ဆုလည်းဖြစ်ပါတယ်။

ဒါ့အပြင် ရှင်ဒေဝီဟာ သူမဖမ်းဆီးမခံရခင်အချိန်နောက်ဆုံးရိုက်ကူးခဲ့တဲ့ "ကမ်းပါးပြိုခြင်းနှင့် လူမှုဘဝထိခိုက်မှုများ" ဆိုတဲ့ ဒီဗီဒီယိုဆောင်းပါးဟာလည်း ဒီနှစ်ထဲမှာပဲ ဟောလိဝုကချီးမြှင့်တဲ့ “ဂရေစီ”ဆုကိုရရှိခဲ့ပါတယ်။

ရှင်ဒေဝီဟာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် အောက်တိုဘာလမှာ ရိုက်ကူးရေးအတွက်အွန်လိုင်းမှ မှာယူထားတဲ့ ဒရုန်းသွားရောက်ယူဆောင်စဉ် စစ်တပ်ကဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ၂၀၂၄ ဇန်နဝါရီမှာတော့ ရန်ကုန်မြို့အင်းစိန်ထောင်တွင်းတရားရုံးရဲ့ စစ်ခုံရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ တရားစွဲဆိုခဲ့ပြီး အမြင့်ဆုံးထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခြင်းခံခဲ့ရပါတယ်။

နိုင်ငံတကာ အမျိုးသမီးသတင်းမီဒီယာဖောင်ဒေးရှင်းက ရှင်ဒေဝီနဲ့အတူ အမေရိကန်၊ ပါလက်စတိုင်းနဲ့ အီကွေဒေါနိုင်ငံက အမျိုးသမီးသတင်းသမား သုံးဦးကိုလည်းအမျိုးသမီးသတင်းသမား စွမ်းဆောင်ရည် ဆုတွေ ချီးမြှင့်ခဲ့ပါတယ်။


#အနုပညာကိုအကျဉ်းချမရ

Address


Website

Alerts

Be the first to know and let us send you an email when Win Win Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share