28/01/2024
Samsung Galaxy S24 Ultra ( Honest Review )
တနေ့ကပဲ Samsung ရဲ S24 series launch ပွဲအပီးကျွန်တော့ရဲ့ S24 Ultra Preorder လေးရလို့ သွားယူဖြစ်ခဲ့တယ်။
ကျတော်လဲအနည်းငယ်စမ်းသုံးကြည့်ပီးပီဆိုတော့ ဒီ Review လေးရေးပီး Share လိုက်ပါတယ်။
First Impressions
ပထမဆုံးအနေနဲ့ ကျတော် Samsung ကိုချီးကျူးချင်တယ် ဘာလို့ဆို မနှစ်ကသူတို့ဝေဖန်ခံခဲရတဲ့ Moon shots are fake (or) Generated with AI ဆိုတဲ့ အချက်ကို သူတို့ကဒီနှစ်မှာ AI features အသစ်တွေထပ်ပေါင်းထည့်ပီး Galaxy AI အနေနဲ့ပွဲလှလှပပ ထွက်လာတယ် ဆို့တော့ကာ Well played Samsung လို့ပဲပြောလိုက်ပါရစေ
Build Quality
ကိုင်ရတာ solid ဖြစ်တယ် ပေါ့တယ် but မနှစ်က S23 ultra လောက်က weight ပါပဲ အပြောင်းအလဲသိပ်မရှိဘူး
Titanium body နဲ့ ကိုင်ရတာ premium quality ရတယ်
Design and Screen
Design ကမနှစ်ကအတိုင်းပါပဲဆိုတော့ကာ ကျတော်Screen ဘက်ကိုပဲဆက်ပြောပါ့မယ် ဒီနှစ်မှာ screen က curved မဟုတ်တော့ဘူး လုံးဝ flat display ဖြစ်သွားပီ ဆိုတော့ကာ screen protector တပ်ရတာ spen သုံးရတာပိုအဆင်ပြေတယ် ကြိုက်မကြိုက်ကတော့ ကိုယ့် personal အမြင်ပေါ်မှာပဲမူတည်ပါတယ်
Display Resolution
Samsung is Samsung ပဲပေါ့နော် display ကပြောစရာကိုမလိုပါဘူး လုံးဝ Epic ပဲ QHD+ သုံးပီး YouTube က high resolution videos တွေကြည့်မယ်ဆိုလုံးဝ
ကြည် / တောက် / ရှင်း
AI Features
1.Magic Editor
မဆိုးပါဘူးအလုပ်ဖြစ်ပါတယ် User နားလည်လွယ်ပီး အသုံးဝင်မယ့် Ai feature တစ်ခုပါ
2.Live Translate
ဒါလဲအသုံးတော်တော်ဝင်တဲ့ Feature တစ်ခုပါ ဘာသာစကား တော်တော်များများ ထိတွေ့နေရတဲ့ လူတွေ blogger traveler etc တွေအတွက်
3. Auto summarize
မဆိုးပေမယ့်သိပ်အသုံးမပြုဖြစ်လောက်မယ့် feature တစ်ခုလို့မြင်မိပါတယ်
4.Circle to search
ဒါကတော့လုံးဝကျတော်ကြိုက်တဲ့ Ai feature တစ်ခုပါ မျက်စိတမိတ်အတင်းကိုယ်ရှာချင်ကို circle လုပ်ပီးထရှာခို့ရပါတယ် မြန်ဆန်ပီး တော်တော်အသုံးဝင်ပါတယ် အးင်ကလို google lens ဆီသွားစရာမလိုတော့ဘူးပေါ့
Spen
သုံးလို့အဆက်ပြေတယ် response မြန်တယ် ရေးရတဲ့ feeling လေးမဆိုးဘူး but pen နဲ့ sketch တဲ့ကထွက်တဲ့အသံကို မကြိုက်ဘူး ( ဒါကျတော့ personal အမြင်ပါ )
ကြိုက်တဲ့အချက်လေးတွေပြောပီးပီဆိုတော့မကြိုက်တဲ့ အချက်လေးတွေပြောပါမယ် ဗျ
Camera
Camera တော်တော်လေးအဆင်မပြေပါဘူး 200MP , 50MP ,12MP ဘာနဲ့ပဲရိုက်ရိုက် ကျေနပ်ရလာက်တဲ့ photo quality တစ်ခုရမလာဘူး ပိုဆိုးတာတစ်ချက်က ပုံတစ်ပုံရိုက်ပီးရင် Ai auto generate လုပ်လိုက်တဲ့ဟာက အရမ်းကြီးအဆင်ပြေမနေပါဘူး ကိုယ်က auto mode နဲ့ ရိုက်ရတာကြိုက်ပီး photo quality ကိုအလေးထားရင် တော့ဒီအချက်ကိုစဉ်းစားသင့်ပါတယ်
100x digital zoom
ကျတော်အကြိမ်ကြိမ် zoom ဆွဲတယ် photos တွေရိုက်ကြည့်တယ် အဲ့တာကအလုပ်ဖြစ်တယ်ဆိုရုံပါပဲ အရမ်း impressed ဖြစ်စရာမရှိပါဘူး honestly S23 ultra တုန်းက zoom ကိုပိုကြိုက်မိပါသေးတယ်
Sound and speaker quality
ဒါလဲကျတော်မကြိုက်တဲ့ surrounding ကောင်းကောင်းမဖြစ်တာ အသံ details ကောင်းကောင်းအပြည့်အဝမခံစားရတာဒုတိယ တစ်ချက်ပါပဲ မကောင်းဘူးလို့ ပြောချင်တာမဟုတ်ပါ ဒီစျေး ဒီ range flapship phone တစ်လုံးမှာ ဒီထက်ကောင်းတဲ့ quality ရသင့်တယ်လို့မြင်မိပါတယ်
Battery Life
5000mah မနှစ်က battery size အတိုင်းပဲ ပြောင်းလဲမှုမရှိဘူး but Snapdragon Gen 3 ကြောင့်ပဲ ပြောရမလား မနှစ်က S23 ultra ထက်တော့ power efficiency ပိုဖြစ်လာပါတယ်
ကျန်တာတွေတော့ကျတော်လဲသေချာကောင်းကောင်းစမ်းရသေးတော့ ဒီ review လေးကိုဒီမှာပဲအဆုံးသတ်ပါရစေဗျာ
Conclusion အနေနဲ့တော့ ဒီဖုန်းဟာ Hype ဖြစ်ခဲ့သလောက် အဲ့သလောက်လဲ မဟုတ်ပါဘူး လို့ပြန်တွေးရမလိုပါပဲ 7/10 ပါ ကိုယ့်အကြိုက်နဲ့ကိုယ် လွပ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်ခင်ဗျ။
Let's do it !