Inlegyi Familys

  • Home
  • Inlegyi Familys

Inlegyi Familys Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Inlegyi Familys, Magazine, .

😢😢😢😢
04/04/2023

😢😢😢😢

02/04/2023

ကန့်ဘလူ၆၀၀၆မှ ထိုးစစ်ဆင်လာသော ခွေးကြောင်း အင်းလယ်ကြီးရွာအနောက်ဖက်မှာ ရောက်ရှိနေ
ကန့်ဘလူ ၆၀၀၆တပ်ရင်းမှ ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် အင်းလယ်ကြီးရွာသို့ ပစ်နေ
ရွာထဲသို့ လက်နက်ကြီးများကျ

09/03/2023
08/03/2023

ကန့်ဘလူမြို့ အရှေ့တောင်ခြမ်းရှိ အင်းလယ်ကြီး၊ရွာမ၊ရွာသစ်၊သရက်တာ ၊ကျေးပင်အက်၊ထိန်တော၊ကိုင်းရိုး၊ကျွန်းပင်ကုန်း၊မဲဆည်၊သပြေသာ၊ ဘိုကုန်း၊ပေလယ် ရွာများရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

08/03/2023

8.2 23ကန့်ဘလူ ၆၀၀၆စစ်တပ်မှ ဟောင်ဝစ်ဇာလက်နတ်ကြီးဖြင့် ရမ်းစမ်းပစ်နေ
မဲဆည် ရွာထဲသို့ နှစ်လုံးကျ
ကန့်ဘလူမြို့နီးနားဝဲယာ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ😔😔

3.3.2023 ကန့်ဘလူ၆၀၀၆စစ်တပ်မှ အင်းလယ်ကြီးနယ်မြေဒေသတွင်းသို့ ဟောင်ဝစ်ဇာ လက်နတ်ကြီးဖြင့် ရမ်းစမ်းပြစ်နေ အင်းလယ်ကြီး ရွာလယ်ရ...
03/03/2023

3.3.2023 ကန့်ဘလူ၆၀၀၆စစ်တပ်မှ အင်းလယ်ကြီးနယ်မြေဒေသတွင်းသို့ ဟောင်ဝစ်ဇာ လက်နတ်ကြီးဖြင့် ရမ်းစမ်းပြစ်နေ
အင်းလယ်ကြီး ရွာလယ်ရှိ အိမ်ပေါ်သို့ လက်နတ်ကြီးကျ

02/03/2023

ကန်ဘလူမြို့နယ်၊ ချပ်ကြီးရွာ စစ်တပ်စခန်းကို PDF များက ဝင်ရောက်တိုက် ခိုက်သဖြင့် စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် စစ်ကူ ပစ်ခတ်၊ စစ်တပ်နှင့်ပျူစောထီများ အထိနာ

ရန်ကုန်၊ မတ် ၂

စစ်ကိုင်းတိုင်း၊ ကန်ဘလူမြို့နယ်၊ ချပ်ကြီးရွာရှိ ပျူစောထီးနှင့် စစ်တပ်စခန်းကို PDF များက ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်တပ်က တိုက်ခိုက်ရေးရဟတ် ယာဉ်ဖြင့် စစ်ကူ ပစ်ခတ်ခဲ့ပြီး စစ်တပ်နှင့်ပျူစောထီများ အထိနာနေကြောင်း ကန့်ဘလူလင်းယုန်နီအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။

မတ်လ ၂ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာရှိ စစ်တပ်နှင့် ပျူစောထီး စစ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စခန်းသိမ်း ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

"အဲဒီ ချပ်ကြီးရွာက ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမကြီးဘေးမှာရှိတဲ့ရွာ။ အဲဒီရွာမှာ စစ်ကောင်စီက တပ်စွဲထားသလို ရွာကလည်းပျူရွာလို့လည်းပြောလိုရတယ်။ အဲဒီစစ်စခန်းကို ပြည်သူကာကွယ်ရေးတွေက ဝင်သိမ်းပြီး သူတိုဘက်ကအကျဆုံးများလို့ Mi-35 ၂ စီးနဲ့ အခုမနက်ခင်း လာပစ်နေတယ်။ နှစ်ဖက် အကျအဆုံးကတော့ လက်တစ်လောမသိရသေးဘူး" ဟု ကန့်ဘလူလင်းယုန်နီအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ ချပ်ကြီးရွာ စစ်ဆင်ရေးကို မဟာမိတ် တပ်များဖြစ်ကြသည့် KB2ရယ်၊တောညီနောင်အဖွဲ့ အပါအဝင် တပ်ပေါင်းစုက တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

"စစ်ကောင်စီတပ်ကတော့ စစ်ကိုင်းတိုင်းမှာ ပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ မြေပြင်မှာ ယှဉ်တိုက်နိုင်စွမ်းမရှိတော့ဘဲ အခု‌လို လေကြောင်းပစ်ကူ အမြဲသုံးနေရတာ" ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

ကန့်ဘလူတွင် စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးနှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ရန်ကုန်၊ ဖေဖော်ဝါရ...
18/02/2023

ကန့်ဘလူတွင် စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးနှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ပိုင်း၊ သိန်ရင်ဆည်ဒေသတွင် စစ်ကောင်စီတပ်က ၅ရက်ဆက် စစ်ကြောင်းထိုးနေစဉ် ဒေသကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးကိုဖမ်းဆီးနှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ ကန့်ဘလူမြို့နယ်တောင်ပိုင်းတွင် စစ်ကြောင်းထိုးနေသော ခမရ-၃၆၈ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူး‌ပေါင်း စစ်ကြောင်းက ဖေဖော်ဝါရီ၁၇ရက်နေ့ ကိုင်းရိုးရွာအနီးတွင် ဒေသ ကာကွယ် ရေး အဖွဲ့ ဝင်၂ ဦးကို ဖမ်းဆီးနှိပ်စက်၍ မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

"အင်းလယ်ကြီးရွာမှာ ၃ရက်တပ်စွဲပြီးတော့ ကိုင်းရိုးရွာဘက် စစ်ကြောင်းထိုးချိန်မှာ ရဲဘော်၂ ဦးက ကင်းထောက်နေတာကို ဖမ်းမိသွားတယ်။ အဲ့ဒါ နှိပ်စက်မေးမြန်းပြီးတော့ လူတွေရော ဆိုင်ကယ်ရော ထွန်စက်ပေါ်တင်ပြီး မီးရှို့သွားတာ" ဟု ပြောသည်။

အဆိုပါစစ်ကြောင်းအပြင် ခမရ-၃၆၉ စစ်ကောင်စီတပ်က ရွှေဘို-မြစ်ကြီးနား ‌ဗျူဟာလမ်းဘေးရှိ ငှက်ပျောတိုင်းရွာကို တပ်စွဲနေသဖြင့် ကန့်ဘလူမြို့နယ် သိမ်ရင်ဆည်ဒေသနှင့် ဗျူဟာလမ်းအနီးရှိ ပြည်သူ ၂၀၀၀၀ ခန့် စစ်ဘေးရှောင်နေရသည်။

ခမရ-၃၆၈ စစ်ကောင်စီတပ်က သိန်ရင်ဆည်ဒေသသို့ စစ်ကြောင်းမထိုးမီ ဖေဖော်ဝါရီ၁၃ရက်က ကန့်ဘလူအခြေစိုက် ၆၀၀၆ လက်နက်ကြီးတပ်ရင်းမှ ၁၂၀မမ ဟောင်ဝစ်ဇာအမြှောက်ဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့သောကြောင့် သိန်ရင်ဆည်ဒေသ၊ အင်းလယ်ကြီးရွာမှ ဒေသခံပြည်သူတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး နွားတစ်ကောင် သေဆုံးခဲ့သည်။

ဓာတ်ပုံ- ဒေသကာကွယ်‌ရေးအဖွဲ့ဝင်နှစ်ဦးကို အကြမ်းဖက်စစ်တပ်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ထားစဉ်။

17/02/2023

17.2.2023 ကန့်ဘလူ၆၀၀၆မှစစ်ကြောင်းတွင် အင်းလယ်ကြီးမှ ဒေသခံ ရဲဘော်တစ်ဦး မဝင်းမြဆိုသူမိန်းကလေးတစ်ဦး စစ်ကြောရေးတွင် ဖမ်းစီးခေါ်ဆောင်သွား

15.2.2023 ကန့်ဘလူမြို့၆၀၀၆မှစစ်ကြောင်း အင်းလယ်ကြီး၊ သရက်တာ၊ အဂ်ါဒေါင့်၊ ကိုင်းရိုး၊ကျွန်းပင်ကုန်း ကျေးပင်အက် စစ်ကြောင်းထ...
17/02/2023

15.2.2023 ကန့်ဘလူမြို့၆၀၀၆မှစစ်ကြောင်း အင်းလယ်ကြီး၊ သရက်တာ၊ အဂ်ါဒေါင့်၊ ကိုင်းရိုး၊ကျွန်းပင်ကုန်း ကျေးပင်အက် စစ်ကြောင်းထိုးနေ။17.2.2023
အင်းလယ်ကြီးနှင့်သရက်တာကြာတွင် အပြန်လှန်လက်နက်ကြီးများဖြင့် ပစ်ခက်နေ

13.2.2023ရက်နေ့တွင် ကန့်ဘလူ ၆၀၀၆စစ်ခွေးများမှ အင်းလယ်ကြီးရွာ သို့ လက်နက်ကြီးများဖြင့် ပစ်ခက်ရာ ပြည်သူတစ်ဦးထိမှန် အသက်အန...
13/02/2023

13.2.2023ရက်နေ့တွင် ကန့်ဘလူ ၆၀၀၆
စစ်ခွေးများမှ အင်းလယ်ကြီးရွာ သို့ လက်နက်ကြီးများဖြင့် ပစ်ခက်ရာ ပြည်သူတစ်ဦးထိမှန် အသက်အန္တာရယ် စိုးရမ်စရာ မရှိ

Address


Alerts

Be the first to know and let us send you an email when Inlegyi Familys posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share