Jave

Jave Hi Guys�

ရက္ခိုင်ပြည်၏ စစ်ရီးအခြေအနေလိုအပ်ချက်အရ ယာဉ်ပိုင်သျှင်များ နန့် ခရီးလားပြည်သူများ လိုက် နာရန် ULA/AA  အရေးပေါ် ကြေညာချက်...
14/09/2022

ရက္ခိုင်ပြည်၏ စစ်ရီးအခြေအနေလိုအပ်ချက်အရ ယာဉ်ပိုင်သျှင်များ နန့် ခရီးလားပြည်သူများ လိုက် နာရန် ULA/AA အရေးပေါ် ကြေညာချက် ထုတ်ပြန်

မောင်တောမြိုနယ်တွင် ခမရ (၃၅၂) တပ်ရင်းစခန်းကုန်းကို AA ကသိမ်းပိုက်လိုက်ပါပြီ။တိုက်ပွဲသတင်းထုတ်ပြန်ချက်  ၂၀၂၂ ခုနှစ်၊ စက်တ...
10/09/2022

မောင်တောမြိုနယ်တွင် ခမရ (၃၅၂) တပ်ရင်းစခန်းကုန်းကို AA ကသိမ်းပိုက်လိုက်ပါပြီ။

တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့တွင် ရက္ခိုင်-ဘင်္ဂလားနယ်စပ်၊ မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီတပ်၏ တပ်စခန်းတစ်ခု ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် ၎င်းစခန်းအားပြန်လည်ရယူရန်ကြိုးစားလျက် ရှိကြောင်းထုတ်ပြန်ခဲ့ပြီး စစ်အင်အားများတိုးချဲ့ကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများဖြင့် ၎င်းစခန်းအနီးတဝိုက် အပြင် တခြားရက္ခိုင်နှင့်ပလက်ဝရှိ နေရာများကိုပါ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေခဲ့သည်မှာ တစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ထိုသို့ စစ်ကောင်စီတပ်မှ လူအင်အားတိုးချဲ့ကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေချိန် ယနေ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်၊ နံနက် (၆)နာရီ (၁၇) မိနစ်ခန့်တွင် မိုင်တိုင်အမှတ် (၄၀) မှ ဝေးကွာသောနေရာဖြစ်သည့် မောင်တောမြို့နယ်၊ လောင်းဒုံ(မြို)ရွာ (ခ) ဂြိတ်ချောင်းကျေးရွာ၏ အရှေ့တောင်ဘက် (၃) ကီလိုမီတာခန့်အကွာ ဂုတ်ပီကျော်လမ်း(ပဲရွမ်းတောင်)ရှိ စစ်ကောင်စီတပ်၏ ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းတစ်ခုကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက် (၇) နာရီ (၂၂) မိနစ်အချိန်၌ အဆိုပါ စခန်းကုန်းအား အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကာ စစ်ကောင်စီတပ်သားအချို့ကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်။ စစ်ကောင်စီတပ်မှ ၎င်းစခန်းကုန်းနေရာအနီးတဝိုက်သို့ ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် တစ်နေကုန်လာရောက်တိုက်ခိုက်နေခဲ့သည်။

တိုက်ပွဲနောက်ဆက်တွဲ သတင်းများကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

06/09/2022

မြောက်ဦးဈီးကို မီးတိုက်ဖို့ စစ်ကောင်စီ ကြိုးစား

APM၊ စပ်တမ်ဘာ ၅/၂၀၂၂

ဒေနိ(စပ်တမ်ဘာ ၅ ရက်နိ)တွင် မြောက်ဦးမြို့မဈီးကြီးမှာ မိုင်းယှင်းမည်ဟုဆိုကာ စစ်ကောင်စီတပ် သားများက ဈီးအတွင်း ရောင်းချနီသည့် ဆိုင်ခန်းများအားလုံးကို ပိတ်သိမ်းခိုင်းပြီး မြောက်ဦးဈီးကို မီးတိုက်ရန်ကြိုးစားနီကြောင်း သတင်းရဟိသည်။

ယင်းစစ်ကောင်စီတပ်သားများသည်ဓာတ်ဆီဗူးကြီး များကိုင်ဆောင်ကာ ဒေနိ မိုးထ ၁၁ နာရီခန့်တွင် မြို့ မဈီးကြီးအတွင်းသို့ ဝင်ရောက်လာပြီး ဈီးရောင်းနီသူများအား မိုင်းယှင်းမည်ဖြစ်သဖြင့် ဆိုင်ခန်း အား လုံးသိမ်း၍ အိမ်ပြန်ကတ်ရန်ပြောဆိုနှင်ထုတ်နီသည်ဟု ဒေသခံများကဆိုသည်။

ယင်းစစ်ကောင်စီတပ်သားများမှာ တပ်မ (၅၅) မှ ဖြစ်ပြီး ၎င်းရို့သည် မြို့ထဲမှ ဓာတ်ဆီအများအပြားဝယ်ယူနီကတ်သည်ဟု လေ့ မျက်မြင်ဒေသခံများက ပြောသည်။

ဒေနိ မိုးထစောစောကလေ့ မြောက်ဦးအခြီစိုက် စစ်ကောင်စီတပ် ခမရ(၅၄၀)တပ်ရင်းမှ ဓာတ်ဆီဗူးအပြည့်တင်လာသည့် ကား တစီးသည် မြို့အတွင်းသို့ ဝင်ရောက်လာပြီး၊ ကံလှတန်းထား၊ တောင်ရပ်၊ မြို့ မဈီးရှိနန့် ဗန္ဓုလတန်းထားရို့တွင် နီရာယူထားကတ် ကြောင်း မြို့ခံများက ပြောပါသည်။

Website Link >>
https://arakanprincess.media/?p=3801

(Zawgyi)

မြောက်ဦးဈီးကို မီးတိုက်ဖို့ စစ်ကောင်စီ ကြိုးစား

APM၊ စပ်တမ်ဘာ ၅/၂၀၂၂

ဒေနိ(စပ်တမ်ဘာ ၅ ရက်နိ)တွင် မြောက်ဦးမြို့မဈီးကြီးမှာ မိုင်းယှင်းမည်ဟုဆိုကာ စစ်ကောင်စီတပ် သားများက ဈီးအတွင်း ရောင်းချနီသည့် ဆိုင်ခန်းများအားလုံးကို ပိတ်သိမ်းခိုင်းပြီး မြောက်ဦးဈီးကို မီးတိုက်ရန်ကြိုးစားနီကြောင်း သတင်းရဟိသည်။

ယင်းစစ်ကောင်စီတပ်သားများသည် ဓာတ်ဆီဗူးကြီးများကိုင်ဆောင်ကာ ဒေနိ မိုးထ ၁၁ နာရီခန့်တွင် မြို့မဈီးကြီးအတွင်းသို့ ဝင်ရောက်လာပြီး ဈီးရောင်းနီသူများအားမိုင်းယှင်းမည်ဖြစ်သဖြင့် ဆိုင်ခန်း အား လုံးသိမ်း၍ အိမ်ပြန်ကတ်ရန်ပြောဆိုနှင်ထုတ်နီသည် ဟု ဒေသခံများကဆိုသည်။

ယင်းစစ်ကောင်စီတပ်သားများမှာ တပ်မ (၅၅) မှ ဖြစ်ပြီး ၎င်းရို့သည် မြို့ထဲမှ ဓာတ်ဆီအများအပြားဝယ်ယူနီကတ်သည်ဟု လေ့ မျက်မြင်ဒေသခံများက ပြောသည်။

ဒေနိ မိုးထစောစောကလေ့ မြောက်ဦးအခြီစိုက် စစ်ကောင်စီတပ် ခမရ(၅၄၀)တပ်ရင်းမှ ဓာတ်ဆီဗူးအပြည့်တင်လာသည့် ကား တစီးသည် မြို့အတွင်းသို့ ဝင်ရောက်လာပြီး၊ ကံလှတန်းထား၊ တောင်ရပ်၊ မြို့ မဈီးရှိနန့် ဗန္ဓုလတန်းထားရို့တွင် နီရာယူထားကတ် ကြောင်း မြို့ခံများက ပြောပါသည်။

Website Link >>
https://arakanprincess.media/?p=3801

ကမကလ စစ်ခွေးတွေ
06/09/2022

ကမကလ စစ်ခွေးတွေ

06/09/2022

နိရဥ္စရာ၊ စက်တင်ဘာ ၄ / ၂ဝ၂၂ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင်းကို ယနေ့ နံက် ညဥ့်အချိန်က စစ်ကောင်စီတပ်ကအကြောင်.....

စစ်ကောင်စီသည် ၎င်းတို့အထိနာတိုင်း ပြုလုပ်နေကျအတိုင်း ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေ၊ မြောက်ဦးမြို့မဈေးကို မီးရှို့...
06/09/2022

စစ်ကောင်စီသည် ၎င်းတို့အထိနာတိုင်း ပြုလုပ်နေကျအတိုင်း ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေ၊ မြောက်ဦးမြို့မဈေးကို မီးရှို့ရန် ကြံစည်မှု အထမမြောက်အောင် စောင့်ကြည့်ကြရန် ULAကြေညာချက်ထုတ်ပြန်

နိရဉ္စရာ၊ စက်တင်ဘာ ၅/ ၂၀၂၂

စစ်ကောင်စီသည် ၎င်းတို့အထိနာတိုင်း ပြုလုပ်နေကျအတိုင်း ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို အကြောင်းအမျိုးမျိုးပြ၍ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရပ်ရွာများကိုမီးရှို့ဖျက်ဆီးခြင်း စသည့်လုပ်ရပ်များကို ဆက်တိုက် ကျူးလွန်လျက်ရှိပြီး ဤကဲ့သို့သော စစ်ကောင်စီ၏ လူမဆန်သော လုပ်ရပ်များကို မြန်မာပြည်၏ နေရာအနှံ့၌ အထင်အရှား တွေ့မြင် နေရကြောင်း ယနေ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ( ULA/AA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ ကြံစည်နေသော မြောက်ဦး ဈေးအား မီးရှို့မည့်အကြံအစည်များ အထမမြောက်ရအောင် စောင့်ကြည့် မှတ်တမ်းတင်ထားကြရန်၊ အကယ်၍ စစ်ကောင်စီအနေဖြင့် အထမြောက်ခဲ့ပါက ၎တို့၏ ယခုကဲ့သို့သော စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်ခြင်း၊ ရှေးဟောင်း ယဉ်ကျေးမှုသမိုင်းအမွေအနှစ်များကို ဖျက်ဆီးသည့် ပြစ်မှုကျူးလွန်ခြင်းမျိုးကို တချိန်ချိန်၌ အပြစ်ပေးအရေးယူနိုင်ရန်အတွက် နိုးနိုးကြားကြား သတိဖြင့် နေထိုင်သွားလာကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ နိုင်ငံတကာနှင့် မိဘပြည်သူလူထုများသို့ တိုက်တွန်းအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘယ်နေရာမှာလဲ မသိဘူး ဒီအမျိုးသမီးကတော့ ဗမာလူမျိုးပဲ။အခု လုပ်ရက်တဲ့ အကောင်တွေ စကစလား?  စကစအယောင်ဆောင် PDF လားဒါကို မသိဘူး ...
01/09/2022

ဘယ်နေရာမှာလဲ မသိဘူး ဒီအမျိုးသမီးကတော့ ဗမာလူမျိုးပဲ။
အခု လုပ်ရက်တဲ့ အကောင်တွေ စကစလား? စကစအယောင်ဆောင် PDF လား
ဒါကို မသိဘူး နင်က ဒလန်လား ဒလန်လား မေးပြီး ရက်ရက်စက် ဖြေးဖြေးချင်းလည်လှီးတာ အရင်တစ်ခါ ခေါင်းဖြတ်တဲ့ Video ထက် ရက်စက်ပါတယ်ဗျာ

မိန်းမတစ်ယောက်ကို နောက်ပြန်ကြိုးတုပ်ပြီး အရှင်လတ်လတ်
ဖြေးဖြေးချင်းလည်လှီး ခေါင်းဖြတ် ဒါနဲ့မပြီးပဲ ဓားနဲ့ အချက်ပေါင်းများစွာထိုးနက်
တော်တော်ရက်စက်ပြီး လူမဆန်တဲ့လုပ်ရပ်ပဲဗျာ။
သူ့ မိဘ သူ့ညီအစ်ကို မောင်နှမတွေ တွေ့ရင် ဘယ်လောက်တောင် ကြွေကွဲလိုက်မလဲ
ကြည့်ရတာ Video ရိုက်ထားတာကလည်း အသစ်စက်စက် မနေ့တစ်နေ့ကပဲနေမှာ။

ကြည့်ချင်ရင် Video Link ကို Comment မှာ ချပေးထားပါတယ်... အထူးသတိပေးချင်တာကတော့ အသည်းငယ်သူတွေ ကလေးသူငယ်တွေ နှလုံးရောဂါအခံရှိသူတွေ လုံးဝမကြည့်သင့်ပါ။

တော်တော်မလိမ္မာတဲ့ ကလေးပဲ :3
05/06/2022

တော်တော်မလိမ္မာတဲ့ ကလေးပဲ :3

ဘာဘာလေ့ AA မေမေလေ့ AA ပုချေရို့လေ့ AA ယာ😍😘
03/06/2022

ဘာဘာလေ့ AA မေမေလေ့ AA ပုချေရို့လေ့ AA ယာ😍😘

:3
02/06/2022

:3

21/05/2022

ပြီးခဲ့သည့် နှစ် ၂၀ အတွင်း UFO များ အတွေ့ရများလာကြောင်း ပင်တဂွန်က အစီရင်ခံ

DMG ၊ မေ ၂၀

အမျိုးအမည် မခွဲခြားနိုင်သည့် ပျံသန်းနေသော အရာဝတ္ထု (UFO) များအား ဝေဟင်၌ မြင်တွေ့ရမှုသည် ပြီးခဲ့သော နှစ် ၂၀ အတွင်း ပိုမိုများပြားလာနေကြောင်း အမေရိကန် ထိပ်တန်း ကာကွယ်ရေးအရာရှိ တစ်ဦးက ပြောကြားလိုက်သည်။ ရာစုနှစ်ထက်ဝက်ခန့် ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂါနေ့တွင်ပြုလုပ်သည့် အရပ်ဘက်ကြားနာပွဲတွင် လွှတ်တော်အမတ်များအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“သက္ကရာဇ် ၂၀၀၀ အလွန် အစောပိုင်းနှစ်တွေတည်းက စစ်တပ်လေ့ကျင့်ရေးနယ်မြေနဲ့ အခြားသော သီးသန့် လေကြောင်းပိုင်နက်တွေထဲမှာ ခွင့်ပြုချက်မရတဲ့၊ အမျိုးအမည်မသိရတဲ့ ယာဉ်တွေကို တွေ့ရှိရမှုဟာ အကြိမ်ရေ ပိုများလာနေပါတယ်” ဟု ရေတပ်ထောက်လှမ်းရေး လက်ထောက်ညွှန်ကြားရေးမှူး စကော့ဘရေးက လွှတ်တော်လုံခြုံရေး အစည်းအဝေးတွင် ပြောကြားသည်။

သို့သော်လည်း ဤဖြစ်ရပ်များနောက်ကွယ်တွင် ကမ္ဘာပေါ်မှမဟုတ်ဟု ယူဆနိုင်လောက်သည့် အနေအထားများ တစ်ခုမျှ မတွေ့ရှိရကြောင်းလည်း သူက ပြောသည်။

အခြားတစ်ဘက်တွင်မူ ဖြစ်နိုင်ခြေများကိုလည်း လုံးဝ ပယ်ချထားခြင်းမျိုးတော့ မဟုတ်ပေ။
“ဘယ်ဟာကတော့ ဟုတ်တယ် ဘယ်ဟာကတော့ မဟုတ်ဘူး ဆိုတာမျိုးတော့ ကျွန်တော်တို့ ဘာမှ ဆုံးဖြတ်ထားတာ မရှိပါဘူး” ဟု ဘရေးက ပြောသည်။

အမေရိကန်ထောက်လှမ်းရေးဌာနသည် ၂၀၂၁ ခုနှစ် ဇွန်လက အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်၌ ကောင်းကင်ယံ၌ မြင်တွေ့နေရသည့် အမျိုးအမည်မသိသော ယာဉ်များကို စစ်ဘက်ဆိုင်ရာ လေသူရဲများ မြင်တွေ့ခဲ့ရမှုများကို အတည်ပြုထားသော်လည်း ၎င်းတို့သည် ကမ္ဘာပြင်ပ အခြားတစ်နေရာရာမှ ဖြစ်သည်ဟူသည့် သက်သေ အထောက်အထားများတော့ မတွေ့ရကြောင်း ထည့်သွင်း ဖော်ပြထားသည်။

ဒရုန်းများ၊ ငှက်များကြောင့်လည်း ရေဒါပေါ်၌ မှားယွင်းဖော်ပြမှုများရှိနိုင်သလို တရုတ် သို့မဟုတ် ရုရှားကဲ့သို့သော နိုင်ငံများက စစ်ဘက်ဆိုင်ရာ နည်းပညာစမ်းသပ်မှုများကြောင့် မြင်တွေ့ရခြင်းမျိုးလည်း ရှိနိုင်သည်။

“အမျိုးအမည်မသိ ဖြစ်စဉ်တွေဟာ အမျိုးသားလုံခြံုရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပါတယ်။ သူတို့ကို ဒီပုံစံနဲ့ပဲ ကိုင်တွယ်ဖို့လိုတယ်” ဟု အင်ဒီယားနားပြည်နယ်မှ ဒီမိုကရက်ကိုယ်စားလှယ်ဖြစ်ပြီး အစည်းအဝေးဥက္ကဌလည်းဖြစ်သူ အန်ဒရေကာဆင်က ပြောကြားသည်။

အမေရိကန်စစ်တပ်နှင့် ထောက်လှမ်းရေးအဖွဲ့တို့သည် အဓိကအားဖြင့် အဆိုပါ UFO များအား အမေရိကန်ပြည်ထောင်စုအတွက် အန္တရာယ်ဖြစ်စေနိုင်ခြင်း ရှိ မရှိကို ဦးစားပေး စောင့်ကြည့်နေခြင်း ဖြစ်သည်။

ဓာတ်ပုံ - ၂၀၂၀ ခုနှစ် ဧပြီလက ပင်တဂွန်မှထုတ်ပြန်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ဖိုင်တွင် တွေ့ရသော UFO တစ်ခု။

https://www.dmgburmese.com/%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%90%E1%80%80%E1%80%AC/ufo-oft.html

ဒီအကောင်က ဘာလဲဗျာ့ ရဟန်းမျိုးလား?အဘသားလား? ဘာလား? :3
18/05/2022

ဒီအကောင်က ဘာလဲဗျာ့ ရဟန်းမျိုးလား?
အဘသားလား? ဘာလား? :3

လှချက်။ ရင်ထဲအေးမြနေတာပဲ❤🗻
09/05/2022

လှချက်။ ရင်ထဲအေးမြနေတာပဲ❤🗻

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Jave posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share