AUNG Brothers

  • Home
  • AUNG Brothers

AUNG Brothers အနုပညာ၊ဗဟုသုတ၊အားကစားနွင့္အေတြးအေ?

 #ကားမောင်းတဲ့လူတိုင်း အဆင့်နှစ်ဆင့်ကို ဖြတ်သန်းရပါတယ်...ပထမတစ်ဆင့်ကတော့ ကားမောင်းသင်ရမယ်၊ ဒုတိယကေတာ့ ကားမောင်းလိုင်စင် ...
22/05/2024

#ကားမောင်းတဲ့လူတိုင်း အဆင့်နှစ်ဆင့်ကို
ဖြတ်သန်းရပါတယ်...

ပထမတစ်ဆင့်ကတော့ ကားမောင်းသင်ရမယ်၊
ဒုတိယကေတာ့ ကားမောင်းလိုင်စင် ဖြေရပါမယ်။

အောင်ရင် လိုင်စင်ရပြီး ကားမောင်းတတ်ပြီလို့
မထင်လိုက်ပါနဲ့ဦး၊ ကားမောင်းလိုင်စင်ရတိုင်း
ကားမောင်းတတ်တယ်လို့ထင်ရင်
အမှားကြီးမှားသွားနိုင်ပါတယ်။
လိုင်စင်ကိုင်ထားပြီး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း
မသိသူတွေ ဒုနဲ့ဒေး ပါ။

ဒါကြောင့် ကားတစီးကို ကျွမ်းကျင်စွာ
မောင်းနှင်တတ်ဖို့အတွက်
မသိမဖြစ်သိထားရမယ့်
အခြေခံအကြောင်းအရာလေးတွေကို
ဖော်ပြပေးလိုက်ပါတယ်။

🔺လက်ကိုင်ဂွေကို မှားယွင်းစွာ ကိုင်ဆောင်ခြင်း

မြို့တွင်းမှာမောင်းမယ်ဆိုရင်တော့ ၃ နာရီနဲ့ ၉ နာရီ အနေအထားတွေကို ကိုင်ရမှာဖြစ်ပြီး၊
အမြန်လမ်းမှာဆိုရင်တော့ ၄ နာရီနဲ့ ၈ နာရီ
အနေအထားတွေကိုင်ပြီး မောင်းနှင်ရင်
လူသက်သာပါတယ်။
(၂ နာရီနဲ့ ၁၀ နာရီ အနေအထားတွေကတော့
လေအိတ်မပါတဲ့ကားဟောင်းတွေ၊
လက်ကိုင်ဂွေကြီးမားတဲ့ကားတွေနဲ့
ပါဝါစတီယာရင်စနစ်မပါဝင်တဲ့ ကားတွေအတွက်ပါ) လက်ကိုင်ဂွေကို လက်ဖဝါးနဲ့တွန်းထားတာမျိုးတွေဟာ လက်ချော်တတ်တာကြောင့် လက်နှစ်ဖက်နဲ့ခိုင်မြဲစွာဆုပ်ကိုင်ပြီး မောင်းပါ။

🔺လက်ကိုင်ဂွေ နှင့် နီးကပ်စွာထိုင်ခြင်း

လူအမ်ားစု အမွုမဲ့ အမှတ်မဲ့ ဖြစ်တတ်ကြတဲ့ အကြောင်းအရာလေးတစ်ခုကတော့ လေအိတ်ပါပဲ။ ယာဉ်မတော်တဆမှုဖြစ်လို့ လေအိတ်ပွင့်လာခဲ့ရင်
လက်ကိုင်ဂွေနဲ့နီးကပ်စွာ ရှိနေခဲ့ပါက
နံရိုးကျိုးတာတွေ၊ မီးလောင်သလို
အပူလောင်တာတွေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကားတစ်စီးကိုမောင်းနှင်တော့မယ်ဆိုရင် လက်ကိုင်ဂွေနဲ့ အနည်းဆုံး တစ်ပေခွဲလောက်
အကွာအဝေးရှိနေရပါမယ်။

🔺တာယာလေပေါင် ပုံမှန်မစစ်ဆေးခြင်း

ယာဉ်မောင်းသမား အများစုဟာ
လေချိန်ဖို့ အနည်းငယ်ပျင်းတတ်ကြလေ့ရှိပါတယ်။ အခြားနိုင်ငံတွေမှာလည်း ဆီဆိုင်တွေမှာ
လေချိန်လို့ရတာတောင် ချိန်ဖို့ပျင်းနေတတ်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာကတော့ လမ်းမကြုံရင် (သို့)
ကားမောင်းနေရင်း ဆိုင်တွေ့မှ ဝင်ချိန်တတ်ကြပါတယ်။ တာယာဟာ သင့်ကားရဲ့အရေးအကြီးဆုံး
အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက်
ပုံမှန်လေချိန်တာမျိုးတွေပြုလုပ်ပေးသင့်ပြီး
ခရီးဝေးသွားမယ့်အခါမျိုးတွေမှာ
နိုက်ထရိုဂျင်လေထိုးသွားကြဖို့ အကြံပေးလိုက်ပါရစေ

🔺ဘေးမှန်များ အချိန်အဆလွဲနေခြင်း

လမ်းပြောင်းခါနီးနဲ့ ဘက်ဆုတ်တဲ့ အချိန်တွေမှာ
ဘေးမှန်က အချိန်အဆလွဲနေရင်
မျက်လုံးကန်းနေတဲ့လူ ကားမောင်းနေသလိုပါပဲ။ အခန့်မသင့်ရင် နောက်ဆုတ်တုန်း လူတိုက်မိတာတို့
လမ်းပြောင်းတုန်း သူမ်ားကား သွားပွတ်မိတာတို့ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဘေးမှန်နှစ်ဖက်လုံးကို
နောက်ကော ဘေးကော
နှစ်ဘက်လုံး ထင်မြင်အောင် သေချာချိန်ထားပါ။

◾မူရင်းရေးသားသူအားလေးစားစွာဖြင့် credit ပေးပါသည်

22/05/2023
>``````````````````````````` #ကန်စွန်းရွက် စိမ်းစိမ်းစိုစိုကို ဘာနဲ့မှ မရောဘဲ သူ့ချည်း ဒီအတိုင်းကြော်ပစ်တာကို ကန်စွန်းပလ...
28/10/2022

>
```````````````````````````
#ကန်စွန်းရွက် စိမ်းစိမ်းစိုစိုကို ဘာနဲ့မှ မရောဘဲ သူ့ချည်း
ဒီအတိုင်းကြော်ပစ်တာကို ကန်စွန်းပလိန်းတဲ့...

ဟုတ်ပါတယ် ..ဆင်းရဲသားတို့ရဲ့နတ်သုဓာ၊လူလတ်တန်းစားတို့ရဲ့ နှုတ်မြိန်စာ၊လူကုံထံတို့ အရက်ဝိုင်းမှာ တူနဲ့
အညှပ်ခံရဆုံး အမြည်းဟာ ကန်စွန်းပလိန်းတဲ့...

ဆီလေး ပါလေကာထည့်၊ ပူပြီဆိုရင် ကြက်သွန်ဖြူလေး ဓားပြားရိုက်ထည့် ပြီးရင် ဖြိုးတိုးဖျောက်တောက်
သင်ထားတဲ့ ချစ်လှစွာသော ကန်စွန်းကို ခပ်မြန်မြန်ထည့်
ဆားထည့်၊ အရသာမှုန့်ထည့် ပြီးတာနဲ့ တစ်ကနေ
တစ်ဆယ်အထိ ရေပြီးရင် တန်းချပြီး စားလို့ရတာကို ကန်စွန်းပလိန်းတဲ့...

ကြိုက်တတ်တဲ့သူက ငရုတ်သီးစိမ်းလေး အုပ်ပေါ့
သဘောတွေ့တဲ့သူက သံပရာရည်လေး ညှစ်ပေါ့
အနုစိတ်မယ့်သူက ကော်ရည်လေး ဖျော်ထည့်ပေါ့
တတ်နိုင်တဲ့သူက ခရုဆီလေး ထပ်ဆောင်းပေါ့
ဒါသည်ပင်လျှင် ကန်စွန်းပလိန်းရဲ့ပကာသနများ
ဒါသည်ပင်လျှင် ကန်စွန်းပလိန်းရဲ့အနှစ်သာရများ...

မြေကျယ်ကျယ် ရေစပ်စပ်မှာ အရိုးလေးတွေများ
သွားထိုးထားလိုက်ရင် ဘာပိုးသတ်ဆေး၊ ဘာဓာတ်မြေသြဇာမှ မလိုဘဲ သူ့အားသူကိုးပြီး ရှင်သန်ထမြောက်ရတဲ့
ကန်စွန်းဟာ လောကရဲ့စံပြဆိုလည်း ဟုတ်သလို
သဘာဝရဲ့ နမူနာဆိုလည်း မမှားပြန်...

ပူတာအိုမှသည် ကော့သောင်း၊မောင်တောမှသည် မူဆည်
မြန်မာပြည်ရဲ့အရှေ့ အနောက် တောင် မြောက်ကို
စစ်တမ်းကောက်ကြည့်ရင် ကန်စွန်းကို မချစ်သူ
ကန်စွန်းကို မခင်တွယ်သူဆိုတာက ခပ်ရှားရှား...

ကျူးကျော်ရပ်ကွက်မှာ အဖြီဆွဲပြီး ရောင်းတဲ့
ထမင်းဆိုင်က ငါးဆယ်တန် ကန်စွန်းပလိန်းမှသည်
ဖိုက်စတားဟိုတယ်မှာရောင်းသော သောင်းကျော်တန်
ကန်စွန်းပလိန်းအထိ ကန်စွန်းတို့မာနက လျှော့မသွား
ကန်စွန်းတို့ သိက္ခာက ကျမသွား...

မကျေနပ်လျှင် မန်ကျည်းသီးမှည့်လေးထည့်ပြီး
ချဉ်ရည်ချက်လိုက် ကန်စွန်းတို့က ပန်းပန်လျက်ပဲ
မလုံလောက်ဘူးလား ရေနွေးပဲဖျောဖျော၊ အစိမ်းပဲတို့တို့
ဟောဒီက ကန်စွန်းဟာ ကန်စွန်းပဲ...

သင်္ဘောသီးထောင်းနဲ့ တွဲမလား၊ ကော်ရည်ခေါက်ဆွဲနဲ့
ဆွဲမလား ကန်စွန်းမပါရင် ပွဲမစည်ဘူး ကိုယ့်လူ
ဒါတင်ပဲလား ရေနွေးဖျောပြီး ပါးပါးလှီး အရသာစုံလင်
အဖုံဖုံပင် ချိုချဉ်စပ်ခါး ကြိုက်သလိုစား ဟောဒီက
ကန်စွန်းကို သုပ်ပြီးသား ကိုင်း...

တစ်ခုတော့ မှာထားပါရစေ ဂုဏ်သိက္ခာကြီးမားလွန်းတဲ့
အဲ့ဒီကန်စွန်းကို မှိုနဲ့တော့ သွားမပေါင်းမိစေနဲ့ ဆရာ
မဟုတ်လို့တော့လား မှိုနဲ့ ကန်စွန်း ပေါင်းဖက်ငြိစွန်းပြီး
မှိုကန်စွန်းရယ်လို့များ မွေးဖွားလာလို့ကတော့
တစ်လောကလုံးကို လူမထင်၊ ဘဝင်က နားထင်တက်ပြီး
မိုးထိအောင် ထိုးမယ့် ကန်စွန်းရိုးကွဲ့ဆိုတာမျိုး...

ဪ ဪ...
အဆိပ်အတောက်ကို နိုင်တယ်ဆိုတဲ့ ကန်စွန်း
သွေးတိုးကို ကျတယ်ဆိုတဲ့ ကန်စွန်း
ဗီတာမင်တွေ ကြွယ်တယ်ဆိုတဲ့ ကန်စွန်း
လူတန်းစား မခွဲဘူးဆိုတဲ့ ကန်စွန်း
အရိုးရော အရွက်ပါ ပစ်ရက်စရာ မရှိတဲ့ ကန်စွန်း
Ipomaea aquatica လို့ ခေါ်တဲ့ ကန်စွန်း...

သူ့မှာက နေရာဒေသပေါ်လိုက်ပြီး
water spinach တဲ့
river spinach တဲ့
water morning glory တဲ့
water convolvulus တဲ့
Chinese spinach တဲ့
Chinese Watercress တဲ့
Chinese convolvulus တဲ့
swamp cabbage တဲ့
kangkong တဲ့
Water green တဲ့
Rabbit green တဲ့...

လူထုလူတန်းစား အလွှာ အသီးသီးကို ကိုယ်စားပြုခွင့်ရထားတဲ့ ကန်စွန်းက အခြေခံလူထုရဲ့မျှော်လင့်ချက်ပေါ့
ဆင်းရဲချမ်းသာနိမ့်မြင့်ကြားမှာ ပေါင်းကူးထားတဲ့ တံတားလေးပေါ့...

လမ်းဘေးဝဲယာ ရေစပ်စပ်တွေမှာများ ပြုစုမယ့်သူ ရှိရှိ
မရှိရှိ ဖွေးဖွေးလှုပ်နေတတ်တဲ့ ကန်စွန်းခင်းကြီးတွေခင်ဗျာ တစ်ရက် တစ်ရက် စီမံကိန်းနယ်မြေထဲများ ပါသွားရလေမလား စက်မှုဇုံထဲများ အကွက်ရိုက်ခံရလေမလား မြို့သစ်တည်တဲ့အထဲများ စတေးခံရလေမလားနဲ့
ဪ ရင်တွေမောလိုက်တာ ကန်စွန်းရယ်...

လူတွေက တိုင်းပြည်ရဲ့ကုန်စျေးနှုန်းကို ခန့်မှန်းကြတဲ့အခါကန်စွန်းရွက်တစ်စည်းဘယ်လောက်ဆိုတာနဲ့
စံထားပြီး ပြောဆိုကြလေသတဲ့ ဒါသည်ပင်လျှင်
ကန်စွန်းရဲ့အရေးပါအရာရောက်ပုံ ဒါသည်ပင်လျှင် ကန်စွန်းရဲ့လူထုအပေါ်ကိုယ်စားပြုမှု...

အင်း မြေကျယ်ကျယ်ကိုကြိုက်ပြီး ရေဝဝသောက်တတ်တဲ့ ကန်စွန်း ယုန်ရော လိပ်ပါကြိုက်တဲ့ ကန်စွန်း
အရင်းအနှီးနည်းနည်းနဲ့ အလုပ်အကျွေး ကောင်းကောင်းပြုတဲ့ ကန်စွန်း...

ဖြစ်နိုင်ရင် ငါလေ နင့်ကို အိမ်ရှင်မတွေ စျေးခြင်းထဲက
နပိုလီယံလို မီးဖိုချောင်ရဲ့စားပွဲပေါ်က ဂျူးလိယက်ဆီဇာလို ရေခဲသေတ္တာရဲ့အောက်အံထဲက မဟာဗန္ဓုလလို
ရပ်ကွက်စျေးရဲ့ကုန်စိမ်းတန်းက အလက်ဇန္ဒားလို
ရှောပင်းစင်တာရဲ့အသီးအရွက်တန်းက ဂျူမုံလို
ဟင်းပွဲတွေအလယ် ဗဟိုချက်က ဂျင်ဂျစ်ခန်လို...

ရာဇဝင်မှာ စာတွင်စွာနဲ့ အစဉ်မညှိုးဘဲ
ကျက်သရေတိုးကာ ထောင်ထောင် ထောင်ထောင်
ဖြစ်နေစေချင်တော့တာပါပဲ ပြည်သူ့အချစ်တော်
ကန်စွန်းရယ်...

်စွန်းခင်း

"ထမင်းစားလက်မှတ်"------------------------------------“ဆရာ မနက်ဖြန် ကျွန်တော့်ကို ခွင့်တစ်ရက်လောက်ပေးပါ”ကိုမောင်မြင့်က ကျ...
17/09/2022

"ထမင်းစားလက်မှတ်"
------------------------------------
“ဆရာ မနက်ဖြန် ကျွန်တော့်ကို ခွင့်တစ်ရက်လောက်ပေးပါ”

ကိုမောင်မြင့်က ကျွန်တော့်ရှေ့တွင်လာရပ်ပြီး ခွင့်တိုင်နေသည်။

“ဆရာ ... ခွင့်ယူတာတွေ သိပ်များနေပြီ ... ကျွန်တော်ထင်တာကတော့ ဆရာ သတ်မှတ်ခွင့်ရက်ထက်တောင် ကျော်နေပြီထင်တယ်”

“ဆရာ ... ဒီတစ်ရက်တည်းပါ ... ခွင့်ပြုပါ ... ကျွန်တော် နောက်ဆိုရင် ခွင့်မယူတော့ပါဘူး”

“အေးဗျာ ... ထုံးစံအတိုင်းပေါ့ ... ခွင့်ကို ပုံစံဖြည့် ... တင်ခဲ့ဗျာ”

“ဆရာ”

“ဘာလဲကိုမောင်မြင့်”

“၈ တန်းက မောင်စန်းထွေးကိုလည်း ခွင့်တိုင်ပါတယ်"

“ဘာကြောင့်လဲ"

“မောင်စန်းထွေးကို ကျွန်တော်ခေါ်သွားမှ ဖြစ်မှာဆရာ”

“ထိုင်ဦးဗျာ ... မောင်စန်းထွေးကို ခေါ်ရတဲ့အကြောင်းပြောပါဦး"

ဆရာကိုမောင်မြင့်သည် အလယ်တန်းပြဆရာတစ်ယောက်ဖြစ်သည်။ သူက သင်္ချာသင်သည်။ အသင်အပြကောင်း သော်လည်း ကျောင်းမကြာခဏပျက်သဖြင့် ကျွန်တော်နှင့် သိပ်ပြီး အဆင်ပြေလှသည်မဟုတ်။ သို့သော် ဆရာတိုင်းတွင် နောက်ကြောင်းပြဿနာ တစ်ခုခုရှိနိုင်သည်ကို ကျွန်တော်သဘောပေါက်ပြီးဖြစ်သည်။ ထို့ကြောင့် သူ့အကြောင်းကို ကျွန်တော် စူးစမ်းကြည့်ခြင်းဖြစ်သည်။

ကိုမောင်မြင့်က ဂျီတီအိုင်ကျောင်းဆင်းတစ်ယောက်လည်းဖြစ်သည်။ သူ့ထူးခြားချက်မှာ လျှပ်စစ်နှင့် စက်ပစ္စည်း များကို ကျွမ်းကျင်စွာ ပြင်ဆင်တတ်ခြင်းဖြစ်သည်။ သူ့အိမ်ဘေးအဖီတွင် လျှပ်စစ်ပစ္စည်းပြင်သည့် အလုပ်ကို လုပ်သည်။ ရေခဲသေတ္တာ၊ ပန်ကာ၊ ပေါင်းအိုး၊ မော်တာ၊ မီးအားမြှင့်စက်၊ မီးပူအားလုံးပြင်သည်။ အိမ်တွေကို မီးပျက်လျှင်လည်း လိုက်ပြင်ပေးသည်။

ထို့ကြောင့် ကိုမောင်မြင့်သည် ကျောင်းဆရာထဲတွင် ပြောင်ပြောင်ရောင်ရောင်ရှိသည်။ စက်ဘီးအကောင်းစားလေး စီးနိုင်သည်။

“ကျွန်တော်က ကျောင်းက ကလေးတွေကို လျှစ်စစ်ပညာတွေ ခေါ်သင်ပေးတယ်ဆရာ။ ကျောင်းပိတ်တိုင်း ကျွန်တော့်အိမ်မှာ သင်ပေးတာ။ ကလေးတွေထဲမှာ မောင်စန်းထွေးက အားကိုးနေရပြီဆရာ။ တော်လည်း တော်တယ်။ လျှပ်စစ်ကြိုးသွယ်တာ မီးသမားတွေထက်တောင် ကျွမ်းကျင်တယ်။ အဲဒါ မနက်ဖြန် တိုက်တစ် တိုက်မှာ မီးသွားဆင်ဖို့ လက်ခံထားတာကြောင့်ပါ။ ကလေးအတွက်လည်း လုပ်ခလေးရတော့ သူ့အိမ်က အဆင်ပြေတာပေါ့”

နောက်မှ သိရသည်မှာ ကိုမောင်မြင့်က တပည့်တွေကို အိမ်ခေါ်ပြီး လျှပ်စစ်ပညာ၊ မော်တာပြင်နည်း၊ ရေခဲသေတ္တာပြင်နည်း၊ ကွိုင်ပတ်နည်း၊ မီးပူပြင်နည်းများပါသင်ပြီး လက်ခကို အချိုးကျခံစားခွင့် ပြုထားခြင်း ဖြစ်သည်။

ကျောင်းရှိ အခြားဆရာ၊ ဆရာမတွေက ကျောင်းပိတ်ရက်တွေကို ကလေးတွေအား ကျူရှင်ခေါ်သင်ရန် အားထုတ် နေချိန်တွင် ဆရာကိုမောင်မြင့်၏ လက်တွေ့ကျသော စေတနာကို ကျွန်တော်မလေးစားပဲ မနေနိုင်တော့ပါ။ သို့သော် ကျောင်းချိန်ထဲက ခေါ်ထုတ်ခြင်းကိုတော့ ကျွန်တော်မကြိုက်

“ကိုမောင်မြင့် ကျောင်းချိန်ကနေ ခေါ်ထုတ်တယ်ဆိုတာကတော့ ဆရာ့မှာရော ကျွန်တော့်မှာပါ တာဝန်ရှိသွားပြီ။ တစ်ခုခုဖြစ်ရင်ကွဲပြီ။ ကျွန်တော်ကတော့ အလုပ်လုပ်ဖို့ ကလေးကို ခေါ်ထုတ်တယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး၊ အေး တစ်ခုတော့ရှိတယ် ... သူ့မိဘတွေကိုယ်တိုင် လာပြီးခွင့်တိုင်ရင် ကျွန်တော် ခွင့်ပြုမယ်”

“ကောင်းပါပြီဆရာ”

ညနေကျောင်းဆင်းချိန်းတွင် စစ်ဆွယ်တာကြီးဝတ်ထားသော ဆိုက်ကားသမားတစ်ယောက် ကျောင်းထဲရောက် လာသည်။

“ဆရာကြီးခင်ဗျာ ... ဝင်ခွင့်ပြုပါ”

“လာလေ ... ဘယ်သူလဲ”

ကျောင်းရုံးခန်းအတွင်း စာထိုင်ဖတ်နေသော ကျွန်တော့်ကို ပိန်ပိန်ပါးပါး ဆိုက်ကားနင်းလာသူက ခွင့်တောင်းခြင်း ဖြစ်သည်။

“ထိုင်ဗျာ ... ဘာကိစ္စလဲဆို”

“ကျွန်တော် စန်းထွေးအဖေပါ”

“ဪ ဆရာကိုမောင်မြင့်ပြောတဲ့ ...”

“ဟုတ်ပါတယ်ဆရာ ... အဲဒါ ဆရာက မိဘကိုယ်တိုင် ခွင့်လာတိုင်ရမယ်ဆိုလို့ပါ”

“မောင်စန်းထွေးကို ဆရာနဲ့ထည့်မယ်ပေါ့”

“ဟုတ်ကဲ့ပါဆရာ ... သားလေးက ဆရာ့ဆီက ရတဲ့ဝင်ငွေကို အိမ်ပြန်ထောက်ပံ့နေလို့ အသက်ရှူချောင်နေတာ ဆရာ ... ခုလည်း ဒီတစ်ကြောလိုက်လုပ်ရင် အိမ်မိုးဖို့ရပြီဆရာ ... ဒါကြောင့်ခွင့်ပြုပါ"

“ကျွန်တော်စိုးရိမ်တာက လက်မှတ်ရတစ်ယောက်မဟုတ်သေးတော့ ပြဿနာတစ်ခုခုဖြစ်မှာပဲ ... ဒါပေမဲ့ မိဘ ကိုယ်တိုင်ကခွင့်တိုင်တယ်ဆိုတော့ ကျွန်တော် မငြင်းနိုင်ပါဘူး ... ကဲ ဒီပုံစံဖြည့်ပြီးတော့ လက်မှတ်ထိုးခဲ့ဗျာ”

“ဆရာကြီး ကျွန်တော် စာမတတ်ဘူးခင်ဗျ”

“ဟုတ်လား … ကဲ ဒါဆိုရင် ကျွန်တော်ဖြည့်ပေးမယ် ... လက်မှတ်တော့ ထိုးတတ်မှာပေါ့”

“မထိုးတတ်ဘူး”

“လက်ဗွေနှိပ်ခဲ့ဗျာ”

နောက်တစ်နေ့တွင် ကျွန်တော်လည်း မေ့မေ့ပျောက်ပျောက်။ တစ်နေကုန် မြို့နယ်ပညာရေးမှူးရုံးတွင် အစည်း အဝေးတက်၊ ခဲတံထုတ်၊ ဗလာစာအုပ်ထုတ်နှင့် ညနေ ကျောင်းဆင်းခါနီးမှ ကျောင်းပြန်ရောက်တော့သည်။

နောက်တစ်နေ့ကျောင်းလာတက်ရန် စက်ဘီးလေးနှင့် ရပ်ကွက်ထဲဝင်လာကတည်းက သတင်းဆိုးကြားရတော့ သည်။

“ဆရာကြီး ... စန်းထွေး အိမ်ပေါ်က ပြုတ်ကျလို့တဲ့”

ကျောင်းသားတစ်ယောက်က လာပြောခြင်းဖြစ်သည်။ ကျွန်တော်က စက်ဘီးနှင့် ဆရာကိုမောင်မြင့်အိမ်ကို ထွက်လာသည်။ သူ့ဇနီးက

“ဆရာ ... မောင်စန်းထွေးအိမ်ကိုသွားတယ်”

ကျွန်တော် မောင်စန်းထွေးတို့နေသည့် ရပ်ကွက်ကိုလိုက်ရပြန်သည်။ ဟိုမေး သည်မေးနှင့် စုတ်ပြတ်သော တဲလေးများသာ စုဝေးထားသည့် ရပ်ကွက်တစ်ခုထဲကို ရောက်လာသည်။

ကျွန်တော်တဲထဲကို ဝင်လိုက်သည့်အခါတွင် ဆရာကိုမောင်မြင့်က ထလာပြီ

“လာဆရာ ... ထိုင်ပါ” ဟုပြောသည်

“မောင်စန်းထွေးရော”

“ဆရာ ... စိတ်မကောင်းဘူး ... ခြေထောက်တွေ ကျိုးသွားတယ်။ ကျောက်ပတ်တီးစည်းထားရတယ်ဆရာ ... လက်တွေ ခေါင်းတွေလည်း နည်းနည်းထိတယ်”

“ဘယ်လိုဖြစ်တာလဲဗျာ”

“ခေါင်မိုးပေါ်တက်ပြီး ဓာတ်ကြိုးသွယ်တာဆရာ ... အဲဒါ ခြေချော်ပြီး ပြုတ်ကျတာ”

“ကိုမောင်မြင့် ခင်ဗျားမှာ တာဝန်အများကြီး ရှိသွားပြီ”

“ဟုတ်ပါတယ်ဆရာ ... ဒီကိစ္စကို မြို့နယ်ရုံးက သိလို့မဖြစ်ဘူးဆရာ ... ကျွန်တော်တို့က တရားဝင် လက်မှတ် ရထားတာတွေမဟုတ်တော့ ရှင်းရမယ် ... ကယ်ပါဦးဆရာ”

လူသေသောအမှုဆိုလျှင် ပြဿနာရှင်းရတော့မည်မဟုတ်။ ယခုတော့ ကျောင်းဆရာလည်းဖြစ်ပြန်၊ မိဘတွေက လည်းခွင့်လွှတ်။ ကိုမောင်မြင့်ကလည်း ဆေးကုရန်အပြင် အိမ်မိုးရန်အတွက်ပါ အားလုံးတာဝန်ယူလိုက် သောကြောင့် ပြဿနာက ပြီးသွားသည်ဆိုစေ ကျွန်တော်ကတော့ ခွင့်ပြုလိုက်ရသည်ကိုပင် လိပ်ပြာမလုံနိုင် လောက်အောင်ဖြစ်ခဲ့ရသည်။

ကျွန်တော် ရာထူးတိုးပြီးနယ်ပြောင်းရသည်။ နောက် ပညာရေးဌာနမှ အငြိမ်းစားယူလိုက်ရသည်။ ရန်ကုန်တွင် စာရေးခြင်းအလုပ်ကို ဇောက်ချလုပ်ကာ ကြိုးစားရပ်တည်ရသည်။

တပည့်ဟောင်းတွေက ကျွန်တော့်ကိုရှာပြီး ဆရာကန်တော့ပွဲဖိတ်သည်။ ကျွန်တော်သွားခဲ့ပါသည်။ တပည့် ဟောင်းများလာနှုတ်ဆက်သည့်အထဲတွင် ချိုင်းထောက်နှင့်တစ်ယောက်ပါသည်။

“ဆရာကြီး ကျွန်တော့်ကို မှတ်မိလား”

“ဘယ်သူများလဲကွယ်”

“စန်းထွေးလေဆရာ”

“ဆရာ ဇဝေဇဝါပဲကွယ်”

“ဆရာဦးမောင်မြင့်တပည့် အိမ်ပေါ်ကပြုတ်ကျတဲ့ကောင်လေဆရာကြီးရဲ့”

ဘေးမှတစ်ယောက်ကဝင်ထောက်သည်။

“ဟာ ... မှတ်မိပြီ ... သားခြေထောက်က”

“အရိုးကပုံမှန်မဆက်တော့ ချိုင်းထောက်နဲ့ဖြစ်သွားတယ်ဆရာကြီး”

“ဆရာဦးမောင်မြင့်တစ်ယောက် မတွေ့ပါလား”

“ဆုံးသွားတာ ၇ နှစ်လောက်ရှိပြီဆရာကြီး”

“အို ဖြစ်ရလေ”

“သား ... အဆင်ပြေရဲ့လား”

“ဆရာကြီး စန်းထွေးက ကျွန်တော်တို့အထဲမှာ အချမ်းသာဆုံး ... ဒီပွဲကိုလည်း သူပဲ ကမကထလုပ်တာ ... သူက ဆရာဦးမောင်မြင့်ဆီက ပညာအမွေအပြင် ... လုပ်ငန်းအမွေတွေ အားလုံးရလိုက်တာ”

“ဟုတ်တယ် ဆရာကြီး ... ခြေထောက်ကျိုးပြီး ကျောင်းဆက်မတက်နိုင်တော့ဘူး ... ဆရာဦးမောင်မြင့်က သူ့ဆီမှာ ကျွန်တော့်ကိုခေါ်ပြီး အလုပ်ပေးတယ်။ နောက်ပိုင်းမှာ ထိုင်လုပ်ရတဲ့ အလုပ်မှန်သမျှ ကျွန်တော်လုပ်ရတယ် ... ဆရာက ရှေ့ပိုင်းထွက်တယ်။ ခုတော့ လုပ်ငန်းအားလုံးကို ကျွန်တော်ပဲ ဦးစီးနေရတယ်”

“တော်လိုက်တာကွယ် ... ဆရာဦးမောင်မြင့်ကိုလည်း သတိရတယ်”

“ဆရာဦးမောင်မြင့်က သားတို့ ဆင်းရဲတဲ့ရပ်ကွက်က ကျောင်းသားအတော်များများကို လက်တွေ့ထမင်းရှာစားလို့ ရတဲ့ ပညာတွေ သင်ပေးတာ ဆရာကြီး။ ခုဆိုရင် ဆရာ့တပည့်တွေထဲမှာ လျှပ်စစ်ကျွမ်းကျင်၊ မော်တာကျွမ်းကျင်၊ တီဗီပြင်ကျွမ်းကျင်တွေအများကြီးပဲ။ သူတို့လည်းမြို့ပေါ်မှာ ထမင်းမငတ်ဘူး။ အားလုံးကို ဆရာက ထမင်းစား ပညာသင်သွားပေးတာ”

ကျွန်တော်မျက်ရည်ကျလုမတတ် ဝမ်းသာသွားမိသည်။

ကျောင်းသင်ပညာရေးက ဆင်းရဲသားရပ်ကွက်ထဲမှ ကျွန်တော့်တပည့်လေးများ လူတစ်လုံး သူတစ်လုံးဖြစ်အောင် လုပ်ပေးနိုင်ခဲ့ပါသလား။

မည်သို့ဆိုစေ ဆရာဦးမောင်မြင့်၏ ထမင်းစားပညာက ကျောင်းသားပေါင်းများစွာ၏ အနာဂတ်ကို လှပအောင် အထောက်အကူပြုနိုင်ခဲ့သည်။

ကျောင်းတွေအား ထမင်းစားပညာကို သင်မပေးနိုင်ခဲ့ခြင်းအတွက် တွေးလေရှက်လေဖြစ်သည်။

မောင်စန်းထွေးလို မသန်စွမ်းသူတစ်ယောက်ကိုပင် ဘဝလှအောင် ပျိုးထောင်ပေးသွားသော ဆရာဦးမောင်မြင့်ကို လေးစားဂုဏ်ယူနေမိသည်။

“ဆရာကြီး ... အမှာစကားလေးပြောပေးပါဦး”

ကျွန်တော်က ဆရာကန်တော့ပွဲတွင် ဆရာ့ဂုဏ်ကို ထုတ်ဖော်ချီးကျူးကာ ဂုဏ်ပြုခဲ့ပါသည်။

ထိုဆရာမှာ ဆရာဦးမောင်မြင့်ကလွဲပြီး မည်သူဖြစ်နိုင်ပါဦးမည်နည်း။

ရှေ့ဆုံးတန်းက ချိုင်းထောက်လေးဘေးတွင်ချကာ ငေးကြည့်နေသည့် မောင်စန်းထွေးမျက်လုံးများတွင် မျက်ရည်တွေဝေ့နေသည်။

သူလည်း သူ့ဆရာကို သတိရနေပုံပေါ်သည်။

#တင်ညွန့်
၂၂.၁၂.၂၀၁၉

Address


Website

Alerts

Be the first to know and let us send you an email when AUNG Brothers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share