Asho National Media

  • Home
  • Asho National Media

Asho National Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Asho National Media, Media, .

 #အမ်းမြို့နယ်မှချင်းတိုင်းရင်းသားများ #သို့မဟုတ် #အမ်းမြို့နယ်မှအရှိုတိုင်းရင်းသားများ #အမ်းမြို့နယ်သမိုင်းအကျဉ်းအမ်းမြ...
13/06/2024

#အမ်းမြို့နယ်မှချင်းတိုင်းရင်းသားများ
#သို့မဟုတ်
#အမ်းမြို့နယ်မှအရှိုတိုင်းရင်းသားများ

#အမ်းမြို့နယ်သမိုင်းအကျဉ်း

အမ်းမြို့အားစတင်တည်ထောင်သောခုနှစ်အတိအကျ မသိရသော်လည်း အလွန်ရှေးကျသော မြို့တစ်မြို့ဖြစ်သည်ဆိုလေသည်။ လူတို့သက်တမ်း(၂၀၀၀) ခန့်က လုဠုဒေဝမင်းကြီး၏အမဖြစ်သူ ကဥ္စနဒေဝီနှင့် ပရောဟိတ်ပုဏ္ဍားတို့သည် သံတွဲမြို့မှ ပြန်လာခဲ့ရာ အမ်းချောင်းသို့အရောက်တွင် ကဥ္စနဒေဝီကဤမြစ်သည် အံ့ဖွယ်ရှိကားဟုဆိုခဲ့သည်ကိုအစွဲပြုကာ အံ့ချောင်းမှ သည် အမ်းချောင်း ခေါ်တွင်ခဲ့ကြောင်းအဆိုရှိလေသည်။

မည်သို့ပင်ဆိုစေကာမူ အမ်းမြို့သည် ကောဇာသက္ကရာဇ်(၆၄၁)မှ (၇၅၁)အတွင်းနန်းတက်သည့် ရခိုင်ဘုရင်မင်းထီးသည် အမ်းနယ်စားအောင်သူ၊ ဒါးလက်နယ်စားကျော်ပုံ၊ ရူးနယ်စားညိုရောင်တို့ကို ကောဇာသက္ကရာဇ်(၆၉၄) ခုနှစ်တွင် အုပ်ချုပ်စေကြောင်းမြို့နယ်ဖြစ်စဉ်များအရာသိရပါသည်။ ထို့အပြင် ပဲခူးမြို့မင်းကျောင်းဆရာတော် ရေးသားသည့် ဓညဝတီရာဇဝင်သစ်တွင် မင်းဖလောင်းလက်ထက်( ၉၁၅) ခုနှစ်တွင် ဟံသာမြို့စားသမီး မြသမွန်အား အမ်းစားတော်မူသည်ဟု အမ်းနှင့်ပတ်သက်သည့် မှတ်တမ်းအထောက်အထားများအရသိရပါသည်။ ထို့အပြင် (၁၁၄၃) ခုနှစ် ဓမ္မရာဇာမင်း လက် ထက်တွင် အမ်းစားက စဉ့်ကူမင်းထံစစ်ကူတောင်းခဲ့ကြောင်းကိုလည်း သမိုင်းအရတွေ့ရပါသည်။

အမ်းမြို့သည် ရှေးနှစ်ပေါင်းမျာစွာကတည်းကတည်ရှိခဲ့သော မြို့တစ်မြို့ဖြစ်ခဲ့ပြီး၊ အသစ်သစ်သော ပြုပြင်တည်ဆောက်မှုများရှိခဲ့ရာ အမ်းမြို့ကို အမ်းချောင်း၏မြောက်ဘက်ရှိ မြောက်ဘက်ရပ်ကွက်တွင် ဥဩတွန်လပ်အမ်းသက္ကရာဇ် ဟု ဆိုသော ဆိုရုးစကားအရ ကော်ဖာသက္ကရာဇ်(၁၁၇၄) ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း အဆင့်ဆင့်ပြောဆိုမှု ပါးစပါရာဇဝင်များအရ ဆိုသော်လည်း အတိတကျအထောက်အထားမတွေ့ပါ။

အမ်းမြို့အထောက်အထားများအရာ (၁၈၂၆) ခုနှစ် ဗြိတိသျှမအုပ်ချုပ်မီ မြန်မာမင်းများလက်ထက်က ပြည်နယ် ၃ ခုခွဲရာ အမ်းမြို့ကို အမ်းမြို့ဝန်အုပ်ချုပ်ခဲ့ကြောင်းတွေ့ရပါသည် ၁၈၂၆ ခုနှစ်တွင် အင်္ဂလိပ်အုပ်ချုပ်မှုအောက်ရောက်ခဲ့စဉ်က ဒီစတြိတ်(၂)ခုခွဲကာအုပ်ချုပ်ခဲ့ရာ အမ်းမှာ ရမ်းဗြဲဒီစတြိတ် နယ်တွင် ပါဝင်ခဲ့လေသည်။ ၁၈၂၇ ခုနှစ်တွင် သံတွဲနှင့် အမ်းကို ပေါင်းကာ သံတွဲဒီစတြိတ် ဟုဖွဲ့စည်းပြန်သည်။ ၁၈၃၃ ခုနှစ်တွင် စစ်တွေ၊ သံတွဲ၊ ရမ်းဗြဲတို့မှ တိုက်နယ်(၁၇) ခွဲကကာ အမ်းဒီစတြိတ်ကိုဖွဲ့စည်းပြီး အရာရှိရုံးအား အမ်းမြို့တွင်ရုံးစိုက်လေသည်။ ၁၈၃၃ မှ ၁၈၃၇ အကြား အရာရှိ(၃)ဦးအုပ်ချုပ်ခဲ့ရာ ငှက်ဖျားကြောင့် သေလွန်ကြသဖြင့် ၁၈၃၇ ခုနှစ်တွင် ကျောက်ဖြူသို့ ပြောင်းရွှေ့ရုံးစိုက်လေသည်။ အမ်းမြို့နယ်သည် ၁၉၈၀ ခုနှစ်ရောက်မှသာ အဖြူရောင်နယ် မြေသို့ ရောက်ရှိလာလေသည်။အမ်းမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း (၂၉)အုပ်စုနှင့် ကျေးရွာ၊ ရပ်ကွက်ပေါင်း ၂၄၀ ရှိလေသည်။ ရခိုင်လူမျိုး ၇၈၆၉၇ ဦး( ၆၇.၇၇ %)၊ ချင်း ၃၄၀၇၄ ဦး(၂၉.၃၄ %)၊ ဗမာ ၃၁၄၅ ဦး(၂.၇၁%) ခမီးချင်း ၁၀၁ ဦး (၀.၀၈%) နေထိုင်သည်။ စုစုပေါင်းလူဦးရေ ၁၁၆၁၂၄ ဦးဖြစ်လေသည်။ ခရစ်ယာန်ဘာသာ ကိုးကွယ်သူ ၁၆၉၂ ဦးရှိသည်။ (အမ်းမြို့နယ်မှတ်တမ်း၊ ၂၀၁၉)ခန်မှန်းခြေ ချင်းကျေးရွာ ၁၁၄ ရွာခန့်နှင့် ကျေးရွာနယ်နိမိတ်အကျယ်အဝန်း မြို့နယ်၏ ၅ ပုံ ၃ ပုံကျော်ရှိသည်ဟုခန့်မှန်းရသည်။

အမ်းမြို့နယ်မှချင်းတိုင်းရင်းသားများ။

ရခိုင်ပြည်အတွင်းမှ ဌာနေချင်းတိုင်းရင်းသားများအကြောင်းအရာများအား ရခိုင်မှတ်တမ်းများမှ ပိုမိုမှတ်တမ်တင်ထားပါသည်။ ဧရာဝတီမြစ်ဝှမ်းအနောက်ဖက်တွင် ပုဂံမတိုင်မီရာစုနှစ်များက “တိုက်”ဆိုသည့်နေရာများမှ ရှေးဦးဗမာ လူမျိုးများ၏ သိမ်းယူမှုကြောင့် အနောက်ဖက်တောင် တန်း များ၊ ရခိုင်လေးမြို့မြစ်ဝှမ်းများအထိ ချင်းလူမျိုးနွယ်များ ရောက်ရှိ လာကြပါသည်။ တဖန်လေးမြို့ မြစ်ဝှမ်းတွင်နေထိုင်ရာတွင် တောင်ဖက် အမ်းတောင်ကြားလမ်းများမှ တဆင့် ဝင်ရောက်လာသော ရခိုင်လူမျိုးများနှင့်ပြန်လည် တွေ့ဆုံလာ ရပြန်ပါသည်။ ယနေ့တိုင်ပင် အရှိုချင်းတို့က ဗမာလူမျိုး များအား “ဝေါ်” ဟုခေါ်သကဲ့သို့ ရခိုင်လူမျိုးအားလည်း “ဝေါ်” ဟုပင်ခေါ်ပေသည်။ မြိုတို့က ရခိုင်တို့ အား “မရန့်” ဟုခေါ်သည်။ ထိုအခေါ်မှာ “မြန့်”ဆိုသောအသံ ပင်ဖြစ်သည်။ ဆိုလိုသည်မှ အရှေ့ဖက်မှ ဗမာတို့နှင့် ရခိုင်တို့သည် လူမျိုးတူအနွယ်တူဖြစ်ကြောင်းကို ဆိုလိုခြင်း ဖြစ်ဟန်တူပါသည်။ တောင်ပေါ်ချင်းတို့က ဗိုင်(Vai) ဟုခေါ်သည်။ အနက်မှ လူစိမ်း၊ လူသစ်၊ ဟုသော အနက်ကို ဆောင် သည်။ ရခိုင်တို့က ချင်းလူမျိုးများအကြောင်းအား အသေးစိတ်မသိရှိပေ။ ထို့ကြောင့် ဝတ်စားဆင်ယင်မှု ကိုအခြေခံကာ ကုလားတန်မြစ်ဝှမ်းတွင်တွေ့ရသောသူများကို မြိုခမီများအဖြစ်လည်းကောင်း၊ လေးမြို့ မြစ်ဝှမ်းနှင့် ရခိုင်ရိုးမအပေါ်ရှိသူများအား ချင်းများအဖြစ်ခွဲခြားခေါ်လေသည်။ ဝတ်စားဆင်ယင်မှု အပေါ်တွင် ခွဲခြားခဲ့ဟန်တူသည်။ အမှန်တွင် ထိုသူများ အားလုံးမှာ ရင်းမြစ်တူသော လူမျိုးတူများဖြစ် ပေသည်။ရခိုင်သမိုင်းတွင် ချင်းတို့အကြောင်းအား ပဲဖြူမင်းလက်ထက် ခရစ်သက္ကရာဇ် #အေဒီ ၇၇၅-၇၉၂ (ဝေသာလီခေတ်နှောင်း)တွင်စတင်ဖော်ပြထားပြီးဖြစ်ပါသည်။ ထိုနောက် ရခိုင်ဒေသနှင့်အနီး ဆုံးဖြစ် သော စေတုတ္တရာဒေသတွင် ၁၁ ရာစု စေပုတ္တရာမင်းသား မြို့တည်သောအခါ ချင်းလူမျိုးများ ရှိနှင့်ပြီးဖြစ်ကြောင်းဖော်ပြထားပြီးဖြစ်ပါသည်။ အမ်းဒေသရှိချင်းလူမျိုးများသည် အရှေ့ဖက် ရိုးမတောင်အားဖြတ်ကာ စေတုတ္တရာ၊ ငဖဲနယ်များဆီမှ ရှေးနှစ်ပေါင်းများစွာက ဖြတ်သန်းကာ တောင်တန်းဒေသတလျောက်တွင် နေထိုင်ခဲ့ကြလေသည်။အမ်းမြို့နယ်တဝိုက်မှ ချင်းမျိုးနွယ်တို့အား #အေဒီ ၁၃၃၃ (လောင်းကြက်-လေးမြို့ခေတ်)တွင် ထင်ရှား စွာတွေ့ရလေသည်။ အချို့သော ချင်းလူမျိုးများ၏ ရွှေ့ပြောင်းမှုမှာ အေဒီ ၁၃၃၃ ခုနှစ် ရခိုင် ဘုရင်မင်းထီး အရှေ့သက်တို့၏မြို့တော် မစ္ဆဂီရိမြို့ကိုသိမ်းပိုက်ရာမှ စတင်မည်ဟု ယူဆရပါသည်။ ဘုရင်မင်းထီးက မစ္ဆဂီရိသရက်မြို့ကိုသိမ်းကာ သက်အိမ်ခြေတစ်သောင်းကို ခေါ်ဆောင်ကာ အမ်းချောင်း၊ ရူးချောင်း၊ ဒလက် ချောင်းတဝိုက်တွင် နေရာချကြောင်း တွေ့ရပါသည်။ ထိုအရှေ့ သက်များမှ ယနေ့ ရူးချောင်း၊ ဒလက်ချောင်း၊ အမ်းချောင်းရှိ ချင်းလူမျိုးများဖြစ်လာကြကြောင်း ရခိုင်သမိုင်းပညာရှင် ရှင်ရာဟုလာက ဆိုကြသည်။ သရက်မြို့ကို စိုးစံနေသော မင်းရှင်စောကို သားမယားနှင့်တကွ ရခိုင်သို့ဆောင်ကြောင်း ဆိုပေသည်။ မင်းထီးသည် သက်မင်းယဉ်စောအား ကျောက်မသာ-ကျောက်ဖျာရွာကို ရွာစားပေးလေသည်။ သက်မင်းသမီး စောမေခံအား မင်းချစ်တန်ဆောင်ထားတော်မူသည်။ သက်မင်းသမီးအငယ်ကို အမ်းစားအောင်သူနှင့် ပေးစားတော်မူသည်။ ၄င်းသက်တို့သည် ဒလက်ချောင်း၏ လက်တက် တစ်ခုဖြစ်သော သက်ချောင်းအနီးတွင် သက်မြို့(သရက်)ကို တည်ထောင်ပြန်ကြောင်းဆိုပါသည်။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မြောက်ဘက်တွင် ဒလက်ချောင်း၏ အထက်ပိုင်းတွင် ချောင်း လက်တက် ငယ် တစ်ခုရှိပေရာ သက်ချောင်းဟု အမည်ရှိသည်။ ထိုချောင်း၏ အနောက်ဘက်တွင် တောင်တန်း ငယ်တစ်ခုရှိသည်ဟု ဆိုပေသည်။ ထိုတောင်တန်း အနီးတွင်ပေ ၈၀ ခန့်မြင့်သော ကုန်းမြင့်ငယ် တစ်ခုရှိပေသည်။ ထိုအရပ်သည် သက်မြို့စားနန်းစိုက်ရာ အရပ်ဟုဆိုပေသည်။ ယခင်ကဤ နေရာတွင် ရပ်စု၊ ရွာစုများနှင့် သက်လူမျိုးများနေခဲ့သော သက်မြို့တော်နေရာဟု ဆိုသည်။ ဓညဝတီ ရာဇဝင်တွင် အရှေ့သက်တို့၏မင်း သက်မင်းရှင်စောဟုပါပေသည်။ (ရှင်ရာဟုလာ၊ အမ်းမြို့နယ် ဖြစ်စဉ် ၊ရန်ကုန်၊ နေသူရိန်စာပေ၊ ၁၉၉၈၊ စာ ၇ ၊၂၀-၂၁ )သို့သော် ယနေ့ဒိုင်းနက်လူမျိုးများနှင့်လည်း သမိုင်းဆိုင်ရာ မသဲမကွဲဖြစ်နေသေးသည်။ ဒိုင်းနက်တို့က ထိုအဖြစ်အပျက်သည် ၄င်းတို့၏အဖြစ်အပျက်ဖြစ်သည်ဟုဆိုလေသည်။

#အေဒီ ၁၄၄၄ (မြန်မာကျောက်စာ) #သက် #မြုန် #ချင်းကို အစိုးရသော ကစ္စပတိ၊ အဿပတိမည်သော ပန်းသေးမင်းတို့၏ အမျိုးအနွယ် ဖြစ်သော ရခိုင်မင်းသည် ဖိုးခေါင်ဆဲတပ်ကိုကျူး၍ အဘိုးအတိုင်းမသိသော မြရှင်လက်ကောက်ကို ဦးထက်တင်၍ဆက်ပြီးသော။ ၈၀၆ ခုစွဲ၊ စစ်ကိုင်းမြို့ထူပါရုံစေတီ ကျောက်စာ ၂၁၊ ၂၂။ထိုသက်မြုန် ချင်းတို့မှာ ရခိုင်မြောက်ပိုင်းကိုဆိုလိုခြင်းဖြစ်သည်။ သက်မှာ ချက္ကမ၊ မြုန်မှာ တြိပူရီ၊ ချင်းမှာ တောင်နေတိုင်းရင်းသားများကိုဆိုလိုဟန်ရှိပေသည်။ ထိုမြောက်ဦးခေတ်တွင် ရခိုင်ဘုရင်များ အင်အား ကြီးထွားလာသောကြောင့် ဌာနေတိုင်းရင်းသားများသည် ထိုရခိုင်ဘုရင်လက် အောက်သို့ကျ ရောက်ခဲ့ရပါသည်။ #အေဒီ ၁၄၄၆/ ၁၄၅၄ (မြန်မာကျောက်စာ) #ချင်းလင်းအပြိုင်၊ ရခိုင်သံတွဲ၊ သက်ခပဲးတို့ဝ်ကိုဝ်တမူလေလေည်း အစိုဝ်းရစင်ပြီးထသော။ ၈၀၈ ခုစွဲ၊ စစ်ကိုင်းမြို့၊ မဟာသီဟသူရကျောင်းကျောက်စာ ၅။ ၈၁၆ ခုစွဲ၊စစ်ကိုင်းမြို့၊ သစ်ဆိမ်ကတော်ကျောင်းကျောက်စာ ၅။ထိုကျောက်စာများတွင်လည်း ရခိုင်သံတွဲနှင့် အနီးတဝိုက်တွင် ချင်းများလင်းများကိုတွေ့ ရကြောင်း ဖော်ပြပါသည်။ #အေဒီ ၁၄၄၆ (မြန်မာကျောက်စာ)ကုန်းဘောင်ခေတ်၊ ဘိုးတော်ဘုရားလက်ထက် ၁၁၄၆၊ ခရစ်နှစ် ၁၇၈၄ ခုနှစ်ထိုး၊ ထိုမဟာမုနိ ကျောက်စာတွင် ပေါ်လာသည်မှာ- ရခိုင်ဟဲးရုမ်၊ သက်မြုမ်ကံးရမ်၊ တောင်ဝှမ်းတလျောက်အနောက် ပဋိက္ကရားစသော သင်းဘောသား ကုလား၊ ကန်တူးငနားကြီး ရေပေါ်မီးက (တောက်၊) အမြီးရောက် တသင်း၊ #ချင်းလင်း၊ သိန်းပေါ၊ ထမုန်ထရူးစသော။ ၁၁၄၆ ခုစွဲ အမရပူရ-မန္တလေး။ မဟာမုနိ မိဖုရားကျောက်စာ၂၈-၂၉။ #အေဒီ ၁၅၇၂ (မြောက်ဦးခေတ်)တခါလည်း မင်းဖလောင်းလက်ထက်(ခရစ်နှစ် ၁၅၇၂)တွင် ဗလရဲကျော်သည် ကင်းခွန်ငွေများကို ခိုးယူပြီး တရွေချောင်းလမ်းက အရှေ့ပြည်သို့ ထွက်ပြေးလေရာ #ချင်းတို့ကဖမ်းမိ ပို့ဆက်လာ ကြောင်းဆိုပါသည်။ (အရှင်စန္ဒာမာလလင်္ကာရ၊ စာ ၃၄၉) ထိုဒေသမှာ အမ်းဒေသမှ အဖြစ် အပျက်ဖြစ်ဟန်တူလေသည်။ ရခိုင်ဘုရင်မင်းဖလောင်းလက်ထက်တွင် အရှေ့ဖက်မှ တောင်ငူမင်းတရား ရွှေထီးစစ်ချီ လာသောအခါ ညီတော်ကုလတန်စား ချစ်နှောင်း ကိုလည်း #မြုံ ၊ #သက် ၊ #လင်းကဲ ၊ #ချင်း၊ #ချော် ၊ #ခွေးမွေး ၊ #လေးတူး ၊ #တဲခွ၊ #ချောင်းသား ၊ #ကတူး၊ #ချုပ်လဟော်လူမျိုးတို့နှင့် ဖိုးခေါင်တောင် အရှေ့ဖက် ကျေးရွာသို့ ချီတက်စေသည်။ ထိုမင်းလက်ထက်တွင် တိုင်ရင်းသားဌာနေလူမျိုးများကို များစွာစုစည်း နိုင်ခဲ့ပါသည်။ မြောက်ဦး၏ ရွှေခေတ်ဟုဆိုနိုင်သော ကာလဖြစ်လေသည်။ အကြောင်းမှာလည်း တိုင်းရင်းသားစည်းလုံး ညီညွတ် ရေးကို မှန်ကန်စွာတည်ဆောက်နိုင်သောကြောင့်ပင်ဖြစ်ပါသည်။ #အေဒီ ၁၆၉၀ (မြောက်ဦးခေတ်)သက္ကရာဇ် (၁၀၆၀)ပြည့် ဝါခေါင်လဆန်းလေးရက် တနင်္လာနေ့တွင် နရဓိ်ပတိမင်းကို နန်းတော် ကချပြီးလျှင် စန္နသုဓမ္မရာဇာဟူသော ဘိုးတော်အမည်ကိုခံ၍ နန်းတက်တော်မူ၏။ နန်းတက်၍ တဆယ့်လေးရက်ရှိလျှင် ပြည်သူတို့သည် မကြိုက်၍ နန်းတော်ကချပြီးလျှင် နရပတိမင်းကို နန်းတင် တော်မူကြပြန်သည်။ ပြည်အလုံးလည်းငတ်မွတ်၍ ချောင်းမြောင်းတောင်ကြား မြေပြင်ကြောင်းလမ်းတို့့ သူခေါင်းထပ်မျှ သေကြေလေကုန်၏ ရေတွင်လည်းကြွမ်းထင်းကဲ့သို့ သူကောင်းတို့သည် မျော လေကုန်၏။ တောင်သူ တောင်သားချင်းလင်းတို့သည် ဖမ်းဆီးယူငင်၍ ရောင်းစားလေသည်လည်း များလှကုန်၏။ (အရှင်စန္ဒာမာလလင်္ကာရ၊ စာ ၄၂၇) တောင်သူ တောင်သားချင်းလင်းတို့ အဖြစ် ဖော်ပြထားပါသည်။ ၎င်းတို့မှာ တောင်တန်းတောနက်နက်တွင်နေထိုင်သော ချင်းများကိုဆိုလိုဟန်ရှိ သည်။

#အေဒီ ၁၇၃၇ (မြောက်ဦးခေတ်) ရခိုင်ဘုရင်စန္ဒဝိဇယရာဇာမင်းသည် မင်းတဆဲ့တဆက် ပျက်ပြားရှိလေရာ ကုလား၊ #မြန်မာ၊ #တလိုင်း၊ #ဟိန္ဒူ၊ #ချင်း၊ #လင်း၊ #သက်၊ #မြုံ၊ #ဘုန်း၊ #ဟရီ၊ #သချင်္ီ၊ #စဏ္ဍာလ၊ #ဟရာ၊ #လမိုင်း စသော လူအပေါင်းတို့သည် ရောနှောရှက်တင် သားမြေးမြင်၍ရှိလေသည်။ ထိုလူမျိုးများကို အသီးအခြားခွဲကာ နေစေကြောင်းဆိုလေသည်။ #အေဒီ ၁၇၆၂ (မြောက်ဦးခေတ်နှောင်းပိုင်း)တဖန်လည်း ရခိုင်မင်းစန္နပရမရာဇာမင်းကြီးလက်ထက်တွင် ရခိုင်ပြည်တွင် အချင်းချင်းနန်း လုတိုက် ခိုက်ကြရာ အချို့ရခိုင်ခေါင်းဆောင်များသည် အရှေ့ဖက် ဗမာပြည်သို့သွားကာ စစ်ပန်လေသည်။ ထိုအခါ ရခိုင်ပြည်နှင့် ဗမာ ပြည်တို့ စစ်ဖြစ်လေရာ ရခိုင်တို့ဖက်မှနေကာ ချင်းတောင် မင်းကြီးတို့က ကူညီကာ တိုက်လေသောကြောင့် ဗမာစစ် သည် တို့ပျက်စီးခဲ့ဖူးလေသည်။ရခိုင်ပြည်လောင်းကြက်ဟောင်းတွင်နေသော မြဝါ။ ရမ်းဗြဲ့ကျွန်းတွင်နေသော အောင်ဇေယျ။ မုရခည်း စား မောင်ဦး။ မာန်အောင်ကျွန်းတွင်နေသော ဗိုလ်မင်းလာဦး။ လူလေးယောက်တို့ ပေါင်း ဖက်၍ အင်းဝမြို့သို့ သွားပြီးသော် နောင်တော်ကြီးမင်းထံ စစ်ပန်လေ၏။ နောင်တော်ကြီး လည်း မဆင်မခြင် မတွေးမဆဘဲ ရွှေပြည်ဝန်ကိုခေါ်တော်မူ လက်နက်ကိုင် လူငါးသောင်းနှင့် ရခိုင်ပြည်ကို တိုက်ဖျက်လေ ဟု စေတော်မူလိုက်၏။ ရေပြည်ဝန်လည်း ချီလာ၍ စေတုတ္တရာမှ လေးမြို့ချောင်းသို့ ချီတက်လာ သည်ကို စန္နပရမရာဇာမင်းကြီးကြားတော်မူလေလျှင် အမတ်တာ်ရမ်းဗြဲ့စားနှင့် ရာဇဂြိုဟ် စားတို့ကို များစွာသောရဲမက်ဗိုလ်ပါတို့နှင့် စေလွှတ်တော်မူလိုက်၏။ ခရစ်နှစ် ၁၇၆၂ ခန့်က ချီသွား၍ ဖိုးခေါင် တောင်ကဆီးလျှက်တိုက်လေသော် လမ်းမသာသောကြောင့် ချင်းတောင်မင်းကြီးတို့ကို ဆုလပ်ပေး၍ ထပ်မံတိုက်ခိုက်လေလျှင် မြန်မာစစ်သည်တို့သည် ပျက်စီး၍ ပြန်လေကုန်၏။ ထိုအချက်မှာ တောင်တန်းဒေသဖြစ်သော ယနေ့ရခိုင်ရိုးမမြောက်ဖျားဒေသ (ဖိုးခေါင်တောင်ရိုး) ကို ချင်းတောင်မင်းကြီးများက အသီးအခြားအုပ်ချုပ် မင်းမူနေကြောင့်တွေ့ရပေသည်။ ၄င်းတို့နယ်ပယ် ဒေသအတွင်း လမ်းပန်းမကျွမ်းကျင်သော နောင်တော်မင်း၏ စစ်တပ်များသည် မရှုမလှပျက်ခဲ့ရ ပေသည်။ (အရှင်စန္ဒာမာလလင်္ကာရ၊ စာ ၄၄၉) ထိုအချက်မှာအထူးအရေးကြီးသည်။ ရခိုင်တွင် နေထိုင်သော ဌာနေတိုင်းရင်းသားချင်းလူမျိုးများသည် ရခိုင်ဘုရင်နှင့် ဆက်ဆံရေးကောင်းစွာ တည် ဆောက်ထားရှိလေသည်။ ရခိုင်ဘုရင်များ၏ လိမ္မာပါးနပ်မှုသည် နိုင်ငံအပြောင်းအလဲတွင် အရေးပါ လှပေသည်။ #အေဒီ ၁၇၈၄ (မြောက်ဦးခေတ်နှောင်းပိုင်း) ရခိုင်ပြည်မင်း မဟာသမတအဂေါပုည စောမင်းတရား(ခရစ် ၁၇၈၄ ခန့်)က တောင်မင်းကျော်ထွေး စစ်ကူတောင်းသည့်အခါ ဖိုးခေါင် တောင်သားများနှင့် တောင်မင်းကျော်ထွေးအခင်းဖြစ်ကြသည်ဟု ထင်လေသည်။ မဖြစ်ခဲ့ပေ။ သံတွဲမြို့ခုနှစ်ခရိုင် တောင်စဉ်အရပ်ကို တောင်မင်းကျော်ထွေး အုပ်ချုပ် လေသည်။ (အရှင်စန္ဒာ မာလလင်္ကာရ စာ ၄၇၄) #အေဒီ ၁၇၈၄ (မြန်မာမင်းလက်ထက်ကျောက်စာ) သျှမ်းပြည်အလုံး၊ သိမ်းကျုံးပတ်ချုပ်၊ တရုပ်ထိပ်နင်း၊ လင်းစင်း မျက်နှာမည်း၊ ကျော်ကသည်း၊ ယိုဝ်းဒယားစသော အရှေ့ပြည်ထောင်တလွှား၊ တလိုင်းတဝယ်၊ ပင်လယ်စပ်ကျူး၊ ပသျှူးအစည် စသည့် ကုန်းဘောင်၊ တောင်ပင်လယ်ရပ်နား၊ ရခိုင်၊ #ဟဲးရုမ်၊ #သက် #မြုမ် #ကံးရမ်၊ တောင် ဝှမ်းတလျှောက်၊ အနောက်ပဋိက္ကရားစသော သင်းဘောသားကုလား။ #ကန်တူးငနားကြီး၊ ရေပေါ်မီး က(တောက်) အမြီးရောက် တသင်း၊ #ချင်းလင်း #သိန်းပေါ၊ #ထမုန်ထရူ စသော အရိုင်းစုနေရာ၊ ဟိမဝန္တာတောဖျား ၁၁၄၆ ခုစွဲ၊ အမရပူရ၊ မန္တလေး၊ မဟာမုနိကျောက်စာ၊၂၈၊၂၉။ ယင်းကျောက်စာ များတွင် ပါဝင်သော ချင်းလင်းဆိုသူများမှာ ရခိုင်ရိုးမတလျောက်တွင် ရှေးကတည်း ကနေထိုင်ရင်း ဖြစ်သော ချင်းတိုင်းရင်းသားများဖြစ်လေသည်။

ကျောက်ဖြူတောင်တန်းဒေသ(Kyauk Pyu Hill Tracts)

အင်္ဂလိပ်တို့ရခိုင်ပြည်အားအုပ်ချုပ်သောအခါ တောင်တန်းဒေသများအား သီးခြားဥပဒေပြဌာန်းကာ အုပ်ချုပ်ကြောင်းတွေ့ရလေသည်။ ထို့နောက် ၁၈၇၄ ခုနှစ် #ရခိုင်တောင်တန်းတရားမနည်းဥပဒေ ပြဌာန်း လိုက်ပြီး ထိုဒေသများတွင်ကျင့်သုံးလေသည်။ ချင်းအကြီးအကဲများ၊ တောင်ပိုင်များအား မူလ အရိုက်အရာအတိုင်းထားကာ ဆက်လက် အုပ်ချုပ်စေခြင်းဖြစ်လေသည်။ (Hugh,The Arakan Hill, 1960) ထိုရခိုင်တောင်တန်းတရားမနည်းဥပဒေ (၁၈၇၄)တွင် အုပ်ချုပ်သူများအားခန့်ထားခြင်းနှင့် စီရင်ဖြတ်ထုံးများပါဝင်လေသည်။ ချင်းလူမျိုးများအား နှစ်ပိုင်းခွဲထားပြီး (က)ခမီ -Criminal Code & Civil Law (ခ)ချင်း -Chin Criminal Code &Chin Civil Law & Civil Law related to Land အဖြစ် ဓလေ့ထုံးတမ်းများကို ကျင့်သုံးစေသည်။ မြေယာနှင့်သက်ဆိုင်သော ဓလေ့ထုံးတမ်းဥပဒေအားထည့် သွင်းထားခြင်းက ထူးခြားပေသည်။(Hughes,The Hill Tracts of Arakan,1881) ၁၉၁၆ ခုနှစ်အရောက်တွင် #ရခိုင်တောင်တန်းနည်းဥပဒေ(၁၉၁၆) Arakan Hills Regulation(1916) အားပြဌာန်းကာ တောင်တန်းဒေသများကို အုပ်ချုပ်ပြန်လေသည်။(မြင့်သိန်း၊ ပြောင်းလဲလာသောမြန် မာ နိုင်ငံအုပ်ချုပ်ပုံများ၊၂၀၀၆) အုပ်ချုပ်ရာဒေသများအား နှစ်ပိုင်းခွဲလိုက်ပါသည်။ (၁) #ရခိုင်မြောက်ပိုင်းတောင်တန်းဒေသ (Nothern Arakan Hills Tracts)။ ရခိုင်မြောက်ပိုင်း တောင်တန်းဒေသအား ၁၈၇၀/၇၁ တွင် စစ်တွေစီရင်စုမှ ခွဲထုတ်ပြီး၊ ရခိုင်တောင်တန်းဒေသ အဖြစ် ရောက်ရှိလာသည်။ (T &Cary, The Chin Hill Gazateer, 1896) နောက်ပိုင်းတွင် ချင်းတောင်တန်းနှင့်ပူးပေါင်းကာ ပလက်ဝနယ်အဖြစ်ဖြစ်လာသည်။(၂) #စစ်တွေနှင့်ကျောက်ဖြူတောင်တန်းဒေသများ (Akyab and Kyauk Pyu Hill Tracts) ၁၉၁၆ ခုနှစ်တွင် ကျောက်ဖြူတောင်တန်းဒေသ၊ စစ်တွေတောင်တန်းဒေသများအားသီးခြားခွဲထားပြီး စစ်တွေ နှင့် ကျောက်ဖြူဝန်ရှင်တော်မင်းများအောက်တွင် ချန်ထားခဲ့လေသည်။ ထိုနေရာများမှ ၁၈၇၄ ခုနှစ် ရခိုင်တောင်တန်းတရားမနည်းဥပဒေ (၁၈၇၄)အားဖျက်သိမ်းလေသည်။ ၁၉၀၁၊၁၉၁၁၊၁၉၂၁၊၁၉၃၁ သန်းခေါင်စာရင်းများတွင် “ချင်းတောင်များ”အဖြစ် သီးခြားရေတွက်ကာဖော်ပြထားသော ဒေသများ ဖြစ်သည်။ အထူးသဖြင့် Census of India 1931, Volum IX Burma, Appendix D တွင်ထိုဒေသများအကြောင်းကို အထူးဖော်ပြထားပါသည်။ (က) စစ်တွေတောင်တန်းဒေသတွင် ၁။ ဘူးသီးတောင်ချင်းတောင်များ(Buthidaung Chin Hills) ၂။ ပုဏ္ဏားကျွန်းချင်းတောင်များ( Ponnagyun Chin Hills) ၃။ မြို့ဟောင်းချင်းတောင်များ(Myohaung Chin Hills) ၄။ မင်းပြား ချင်းတောင်များ(Minbya Chin Hills) များပါဝင်လေသည်။ (ခ) ကျောက်ဖြူတောင်တန်းဒေသတွင် ၁။ ဖိုးခေါင်ချင်းတောင်များ(Poko Chin Hill) ၂။ အမ်းချင်းရွာ ၂၀ အုပ်စု ၃။ ကိုင်းသာရွာစဉ်အုပ်စု( Kaingtha Village-tracts) များပါဝင်လေသည်။ဝေးလံခေါင်းပါးသော(Remote Area)အရပ်ဖြစ်သကဲ့သို့ အုပ်ချုပ်ရေးကိုလည်း ရာနုန်းပြည့်မထူ ထောင်နိုင်သောဒေသများဖြစ်ပေသည်။ ထိုလူမျိုးနွယ်စုများမှာ မိမိလူမျိုး အကြီးအကဲခေါင်း ဆောင် များအောက်တွင် နေထိုင်ပြီး၊ မိမိထုံးတမ်းဓလေ့များဖြင့် စီမံအုပ်ချုပ်လေသည်။ စာရင်းကောက် ခံသည်ဖြစ်စေ၊ အုပ်ချုပ်သည်ဖြစ်စေ လူမျိုးစုခေါင်းဆောင်များကို လေးစားက ထိုသူများ၏ အကူအညီ ကို ရယူလေ့ရှိပါသည်။၁။ #ဖိုးခေါင်ချင်းတောင်များ Poko Chin Hill ဖိုးခေါင်ချင်းတောင်တန်းသည် ဒလက်ချောင်း၏မြောက်ဖက်တွင်တည်ရှိပြီး၊ စတုရန်းမိုင်ပေါင်း ၁၄၄ မိုင်ကျယ်ဝန်းလေသည်။ ဖိုးခိုမျိုးနွယ်နှင့်မုံရင်းကြီးမုံရင်းလေးမျိုးနွယ်နှစ်စုရှိပြီး “ #တောင်မင်းများ”က အုပ်ချုပ်လေသည်။ ဖိုးခိုတောင်မင်းအမည်မှာ “ #ဖိုးငတင်”ဖြစ်သည်။ ၁၈၉၄ ခုနှစ် ဝမ်းရောဂါဖြစ်ပြီး အနည်းဆုံး လူပေါင်း ၂၀၇၂ ဦးသေဆုံးသည်မှလွဲ၍ အခြားအကြောင်းများသိပ်မသိရပေ။ (Maung Tun Hla Oo, Township Officer, An, 1901)၂။ #အမ်းချင်းရွာ ၂၀ အုပ်စု Twenty Village-tracts in An Township၁၉၃၁ သန်းခေါင်စာရင်းအရ ၄၇၃၉ ဦးရှိပါသည်။၃။ #ကိုင်းသာရွာစဉ်အုပ်စု Kaingtha Village-tracts၁၉၃၁ နောက်ပိုင်းတွင် ကျောက်ဖြူတောင်တန်းဒေသနှင့် စစ်တွေတောင်တန်းဒေသများမှာ မှေးမှိန် ပျောက်ကွယ်ကာ သာမန်ကျေးရွာအုပ်စုများအဖြစ်ရောက်ရှိသွားပါသည်။

ရခိုင်ပြည်နယ်ချင်းတော်လှန်ရေးသမိုင်းကြောင်း………………………

ဂျပန်တော်လှန်ရေးခေတ်တွင် ထင်ထင်ရှားရှားအမည်ကျန်ရစ်သူမှာ ချင်းအမျိုးသမီး သူနာပြု ဆရာမ #မဇမ်း ခေါ် #မဖြူပင်ဖြစ်ပေသည်။ အမျိုးသမီးတစ်ဦး ပင်ဖြစ်ငြားသော်လည်း ဖက်ဆစ် ဆန့်ကျင်ရေးတိုက်ပွဲတွင် အထူးထင်ရှားခဲ့ပေသည်။ အင်္ဂလိပ်ပြေးသည့်အချိန်မှ ဂျပန်ပြေးသည့် အချိန် အထိ မဲလက်မောင်း သူမ(ကျောက်ဖြူဆေးရုံ-သူနာပြု)မဖြူသည် ရူး၊ ကမ်းထောင့် ကြီး၊ ဒါးလက်ကျေးရွာဒေသများနှင့် ရိုးမတလျောက်သွားလာနေထိုင်ပြီး၊ အိန္ဒိယရှိ အင်္ဂလိပ်အစိုးရနှင့် တော်လှန်ရေးအင်အားစုများအတွက် သတင်းပေးပို့ခဲ့သည်။ စစ်ပြီးခေတ်တွင် သူမသည် နတ်တလင်း ဇီးကုန်းတွင် ကွယ်လွန်သည်။၁၉၄၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ ရခိုင်တော်လှန်ရေး ခေါင်းဆောင်များဖြစ်သော ဦးဘစော (နောင်တွင်ရခိုင်ဝန်ကြီးဖြစ်လာသူ)၊ ဗိုလ်ရဲအောင်(ခ)ဗိုလ်စောဖြူ၊ ဗိုလ်စောအောင်၊ မေဂျာကင်းဘဲလ်၊ နှင့် အခြား အင်္ဂလိပ်ကပ်ပတိန်အားဝါးတို့သည် လေယာဉ်ဖြင့် အမ်းမြို့နှင့် ဒါး လက်ချောင်း အကြား ချောင်းသာချောင်းဖျား #နေကျောရွာအနီးတွင် လေထီးဖြင့် ဆင်းသက် ခဲ့သည်။ ဦးဘစောကို ဝှက်ထားသူမှာ ချင်းအမျိုးသားကြီး #ငရော့ဖြစ်ပါသည်။ အချို့က အမျိုးသမီး တစ်ဦးမှတွေ့ပြီး အမျိုးသားဦးငချွန်းကို ပြောပြကာ၊ သားဖြစ်သူ မောင်ကျော်ခိုင်တို့က ဝှက်ထား သည်ဆို၏။ ဦးဘစောနှင့် အဖွဲ့သည် မဲလက်မောင်းမှ ချင်းအမျိုးသား ငယာ၊ ဗိုလ်ရွှေမင်း၊ ရဲညွှန့် တို့နှင့် ပူးပေါင်းပြီး ချင်းအမျိုးသားများကို စည်းရုံးကာ ဂျပန်များကို တော်လှန်ကြပါသည်။ အလုံ တောင်တွင် လျို့ဝှက်တပ်စုထားပြီး ကိုးလံတောင်တွင် တပ်မဟာထားသည့် ဂျပန်များကို ဝင်တိုက်ကြ ပေသည်။ ၁၉၄၅-၁၉၄၆ ခုနှစ်ပိုင်းလောက်တွင် ရိုးမရှိ ဂုတ်ကြီးကျေးရွာမှ ချင်းအမျိုးသားတောင်မင်းကြီး ဗိုလ်ကြာရုံမှာ နာမည်ကြီးပေသည်။ သူသည် ရိုးတစ်လျှောက် အမ်း၊ ငဖဲ၊ မင်းတုန်းဘက် နှစ်ဘက် လုံးတွင် နေကြသော ချင်း အမျိုးသားများအားလုံး၏ တောင်မင်းပင်ဖြစ်လေသည်။ သူသည် အင်္ဂလိပ် ကို ကူညီကာ ဂျပန်ကိုတော်လှန်ခဲ့သော သူတစ်ဦးအဖြစ်ထင်ရှားလေသည်။ (ရှင်ရာဟုလာ၊ အမ်းမြို့ နယ်ဖြစ်စဉ် (ရန်ကုန်၊တောက်တောက်ဝင်းပုံနှိပ်တိုက်၊၁၉၉၈) ၁၉၅၈ ခုနှစ် လောက်မှစတင်ကာ ဗမာပြည်ကွန်မြူနစ်ပါတီ အလံဖြူမှ #ဗိုလ်သက်ထွန်း သည် အမ်းမြို့နယ် ကျေးရွာထက်ဝက်ခန့်ကို သိမ်းပိုက်ရန် ကြိုးစားလာပါသည်။ ဗိုလ်သက်ထွန်းသည် ရခိုင်ရိုးမပေါ်ရှိ ချင်းအမျိုးသားများကို အခြေပြုကာလှုပ်ရှားခဲ့သောကြောင့် တော်လှန်ရေးအား တပ်မတော်မှ အမြစ်ပြတ်မချေမှုန်းနိုင်ခဲ့ပါ။ ၁၉၇၀ ပြည့်လွန်နှစ်များအထိ ဗိုလ်သက်ထွန်းသည် အမ်း၊ မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝထိတိုင်အောင် ရိုးတစ်လျောက် ချင်းလူမျိုးများ၏ အခြေခံဖြင့် တော်လှန်ရေးကို အားပြုခဲ့ပေသည်။ ၁၆-၇-၁၉၈ဝခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ ဗိုလ်သက် ထွန်းသည် မင်းပြားမြို့နယ် ဖုံသာချောင်းဖျားမှ တဆင့်လက်နက်စွန့်ကာ အလင်းဝင်ခဲ့ပါသည်။

ရခိုင်ပြည်ချင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့

၁၉၆၂ ခုနှစ် ပေါက်တောမြို့တွင် #ရခိုင်ပြည်ကွန်မြူနစ်ပါတီ(ရကပ) ပေါ်ပေါက်လာခဲ့သည်။ ၁၉၆၈ ခုနှစ်၊ဧပြီလတွင် ရမလဖနှင်ရလတတို့ပူးပေါင်းပြီး #ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦး (ရမညတ) ကို ဖွဲ့စည်း ထူထောင်လေသည်။ ရခိုင်ပြည်ကွန်မြူနစ်ပါတီက ဖက်ဆစ်တိုက် ဖျက်ရေး၊ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု(ရခိုင်ပြည်)ကို ဦးဆောင်ထူထောင်လေသည်။ အထက် ပါ တပ်ပေါင်းစု နှစ်ရပ်နှင့် ရမညဖတို့ပြန်လည်ပူးပေါင်းပြီး ပူးတွဲစည်းရုံးရေး ကော်မတီကိုဖွဲ့စည်း လိုက် လေသည်။ ဖက်ဆစ်တိုက်ဖျက်ရေးတပ်ပေါင်းစုက မင်းပြားမြို့နယ်တွင် ရကပနှင် #ရခိုင်ပြည်ချင်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ ပူးပေါင်းစည်းရုံးရေးကော်မတီ တရပ်ကို ဖွဲ့စည်းလေသည်။ နောက်ပိုင်း တွင် ရဲဘော်နီဘမောင်ခေါင်းဆောင်သော #ရခိုင်ပြည်ချင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၊ ရဲဘော် မောင်စိန်ဖြူ ခေါင်းဆောင်သော လူမျိုးစုအဖွဲ့ များပေါ်ပေါက်လာခဲ့ပေသည်။

နိဂုံး

အမ်းမြို့နယ်အပါအဝင် ရခိုင်မြောက်ပိုင်းမှ ချင်းတိုင်းရင်းသားများဒေသသည် လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းတွင် ရောင်စုံလက်နက်ကိုင်းတော်လှန်ရေးအတွင်းကျရောက်သွားခဲ့ပါသည်။ထို့ကြောင့် ၁၉၈၀ ခုနှစ်အရောက်မှသာ ငြိမ်းချမ်းသောဒေသအဖြစ်သို့ရောက်ရှိခဲ့ရပါသည်။ လက်နက်ကိုင်တော် လှန်ရေး၊ လမ်းပန်းဆက်သွယ်ရေးများကြောင့် ရခိုင်ဒေသမှ ချင်းတိုင်းရင်းသားတို့သည် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အဖက်ဖက်မှ နိမ့်ပါးခဲ့ရလေသည်။ တော်လှန်ရေးတစ်ခုဖြစ်တိုင်း မိမိကျေးရွာ နေရင်းဒေသမှ ထွက်ခွာစစ်ရှောင်ရသည်မှာလည်း မနည်း လှပေ။ အထူးသဖြင့် အမြဲရွှေ့ပြောင်းနေရသောကြောင့် မိမိတို့၏ ဘိုးဘေးပိုင်ရိုးရာမြေ၊ မျိုးနွယ်စု ပိုင်နက်နယ်မြေမှာ လက်လွတ်ဆုံးရှုံးရမြဲဖြစ်လေသည်။ အမ်းတောင်တန်းဒေသများသည် ချင်းတိုင်း ရင်းသားတို့၏ ဓါးမဦးချဒေသပင်ဖြစ်လေသည်။ ရှေးယခင်အဆက်ဆက် နှစ်ပေါင်း တစ်ထောင် အထက်ကပင် နေထိုင်ကျင်လည်ခဲ့သော ဒေသပင်ဖြစ်လေသည်။ ပင်လယ်ကမ်းစပ် ချောင်းဝဖက်ဆီ သို့ရွှေ့ပြောင်းရင်း ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံရောနှောနေထိုင်လာကြသည်မှာ ယနေ့တိုင် အောင်ပင်ဖြစ်လေသည်။မြေရှင်ပဒေသရာဇ်ခေတ်အရောက်တွင် ရခိုင်မင်းများနှင့် ဗမာမင်းများစစ်ဖြစ်ရာတွင် အမြဲကြားဝင်စစ် ဒဏ်ခံရသော မျိုးနွယ်စုများလည်းဖြစ်လေသည်။ ရခိုင်ဘုရင်နှင့် ဗမာဘုရင်တို့ နယ်မြေပိုင်းခြားရာတွင် ဖိုးခေါင်တောင်တန်း(ရခိုင်ရိုးမ) ရေဝေကြောကိုသတ်မှတ်သည်ဟုသမိုင်းကဆိုသော်လည်း ချင်းကျေး ရွာများတွင် အုပ်ချုပ်ရေးစနစ်တိတိကျတည်ထောင်အုပ်ချုပ်သည်ကို မတွေ့ရပေ။ ပင်လယ်ကမ်းစပ် သို့ ရောက်ရှိနေထိုင်သော ချင်းကျေးရွာများကိုမှု အုပ်ချုပ်ရေးတွင် ထည့်သွင်းဟန်ရှိလေသည်။ယနေ့အမ်းဒေသမှ ချင်းတိုင်းရင်းသားများ၏ အရေးကြီးဆုံးလိုအပ်ချက်မှာ #စစ်ဘေးရှောင်အရေး၊ #ပြန် လည်ထူထောင်ရေးနှင့် #ဘိုးဘွားပိုင်မြေ၊ မျိုးနွယ်စုပိုင်နယ်မြေနှင့်ချင်းတိုင်းရင်းသား များအရေး များ ပင်ဖြစ်လေတော့သည်။ ထိုဒေသမှ ချင်းတိုင်းရင်းသားများသည် ပတ်ဝန်းကျင်ရှိ ရခိုင်တိုင်းရင်း သားများနှင့် အေးအတူပူအမျှလက်တွဲကာ နယ်ချဲ့အင်္ဂလိပ်နှင့် ဂျပန်တို့အား ရွပ်ရွပ်ချွံချွံတိုက်ခိုက် ခဲ့သောသူများလည်းဖြစ်လေသည်။ ထိုချင်းတိုင်းရင်းသားများ၏ မူအခွင့်အရေးများရယူနိုင်ရန်မှာ အလွန်အရေးကြီးသော ကဏ္ဍပင်ဖြစ်လေသည်။

ကိုးကားစာအုပ်များ

ရှင်ရာဟုလာ၊ အမ်းမြို့ နယ်ဖြစ်စဉ် ၊ ရန်ကုန်၊တောက်တောက်ဝင်းပုံနှိပ်တိုက်၊၁၉၉၈။

အရှင်စန္ဒာမာလလင်္ကာရ၊ ဓညဝတီရာဇဝင်။

အမ်းမြို့နယ်မှတ်တမ်း၊ ၂၀၁၉ ခုနှစ်။

မြင့်သိန်း၊ ပြောင်းလဲလာသောမြန်မာနိုင်ငံအုပ်ချုပ်ပုံများ၊၂၀၀၆။

Hughes,The Hill Tracts of Arakan,1881.

T &Cary, The Chin Hill Gazetteer, 1896.

Hugh, The Arakan Hill, 1960.

Burma Gazetteer, 1931.

Ro Sang

30-7-2020

အချက်အလက်များပြင်ဆင်နိုင်ပါသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ချင်းကျေးရွာများ။

ဆရာရိုဆန်း(Ro Sang) သည် လက်ရှိအချိန်တွင် ထိုင်ဝမ်နိုင်ငံ Yushan Theological College and Seminary တွင် MTh(Theology and Culture) ကျာင်းတက်ပညာသင်ယူနေသူဖြစ်ပါသည်။ ထို့အပြင်ဟူသည် ချင်းသမိုင်းပညာရှင်တစ်လည်းလည်းဖြစ်ပါသည်။ ဆရာသည် ရန်ကုန်မြို့ရှိ Chin History and Culture School တွင်လည်းအချိန်ပိုင်း/ပြည့် ဆရာအဖြစ် တာဝန်ထ်ုးဆောင်နေပါသည်။

မှတ်ချက်။ ။ ဤဖေါ်ပြပါဆောင်းပါးအား ဆရာ၏ Facebook စာမျက်နှာ၌ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ရေးသားမှုကို the Journal of Laytu Today ၌ ပြန်လည်ဖေါ်ပြခွင့်ပြုပေးသည့်အတွက် ဆောင်ပါးရှင် ဆရာဦးရိုဆန်းအား ကျွန်တော်တို့ the Journal of Laytu Today မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း နှင့် ဆရာ၏ကြိုးစားအားထုတ်ရေးသားပေးမှု၊ သုတေသနပြုစုခြင်းတို့အတွက် အထူးပင် Credit ပေးလိုက်ရပါသည်။
Credit to The journal of Laytu Today

 #အရှိုဌာနေအရှိုဌာနေ ဆိုသည်မှာ အလှေပူခုန် နဲ့ အနုတ် ပူခုန် (အရှ့ဖိုးခေါင်ရိုးမ နှင့် အနောက် ဖိုးခေါင်ရိုးမ) ဖြစ်သည်အနောက...
28/05/2024

#အရှိုဌာနေ

အရှိုဌာနေ ဆိုသည်မှာ အလှေပူခုန် နဲ့ အနုတ် ပူခုန် (အရှ့ဖိုးခေါင်ရိုးမ နှင့် အနောက် ဖိုးခေါင်ရိုးမ) ဖြစ်သည်
အနောက်ဖိုးခေါင်ရိုးမကို Arakan အာရကန် ရိုးမဟု အင်္ဂလိပ် က (၁၈၂၄ ပထမ မြန်မာ စစ် )
ရခိုင်ဒေသနှင့် တနင်္သါရီဒေသကို သိမ်းပြီးနောက် နာမည် ပေးလိုက်ပါသည်။ လွတ်လပ်ရေးရပြီး ရခိုင်ပြည်နယ် ဖွဲ့စည်းပြီးနောက်တွင် ရခိုင်ရိုးမဟု မြန်မာ အစိုးရက နာမည် အသစ် သတ်မှတ်လိုက်ပြန်သည်။ ယနေ့ချိန်ထိ ရခိုင်ရိုးမတွင် အရှိုရွာ ၈ ရွာ သာရှိပြီး တခြားလူမျိုး ရွာမရှိပါ။
အရှေ့ဖိုးခေါင်ရိုးမှာ မကွေးတိုင်း ဘက်တွင်တည်ရှိပြီး အနောက်ဖိုးခေါင်ရိုးမ ဖြင့် တဆက်တည်း ဖြစ်သည်။ ၄င်းဒေသတွင် ကျေးရွာ အုပ်စု ၁၀ အုပ်စု ထိ ရှိပြီး ကျေးရွာ ပေါင်း ၄၀ ကျော် ရှိကာ ငဖဲ မြို့နယ်တွင် ပါဝင်သည်။
သို့ဖြစ်၍ အရှိုဌာနေတွင် ကျေးရွာပေါင်း ၅၀ ကျော် ရှိပါသည်။
(အလှေပူခုန်နဲ့အနောက်ပူခုန်ကို ပေါင်း၍ ပူခုန်ရိုးဟု အရှိုများက ယနေ့တိုင်ခေါ်ဝေါ်သုံးစွဲသည်။ ဖိုးခေါင်းရိုးမဟုမြန်မာလိုခေါ်ရာမှ တဆင့် ယနေ့ခေတ်တွင် ရခိုင်ရိုးမ နှင့် ငဖဲမြို့နယ် တောင်ပေါ် ၁၀ အုပ်စုဟု ခေါ်ကြသည်။)

အရှိုဌာနေတွင် နေထိုင်သော လူဦးရေ မှာ ၂၀၀၀၀
(နှစ်သောင်း) ခန့် ရှိပြီး မြန်မာ ပြည်၏ ၃၉ မြို့နယ် ၌ ကျေးရွာ အုပ်စု ရပ်ကွက် အဆင့်ဖြင့် ပျံ့နှံ အချေကျနေထိုင်သော အရှိုလူဦးရေ၏ 10% ခန့်ရှိသည်ကိုတွေ့ရသည်။ ဤ အရှိုဌာနေ ဒေသသည် အရှိုများ တစုတဝေးတည်းနေသည့် ဒေသများမှ အကြီးဆုံးဒေသ ဖြစ်ပြီး ရှေးအကျဆုံးဒေသလည်း ဖြစ်သည်။ အရှိုတို့၏ ရိုးရာ ယဥ်ကျေးမှု ဒြပ်ရှိ၊ ဒြပ်မဲ့ ယဥ်ကျေးမှု များစွာကို ဤဒေသ၌သာ စုံလင်စွာ တွေ့ရသည်။

အကျယ်အဝန်းမှာ အရှေ့မှ အနောက် မိုင်ပေါင်း ၇၀ ခန့် တောင်မှ မြောက် မိုင်ပေါင်း ၈၅ ခန့်ရှိပြီး သစ်တော၊ ဝါးတောများဖြင့် စိမ်းလန်းစိုပြေသည့် ဒေသဖြစ်ပါသည်။
ဤဒေသ၌ ရန်ကုန် - စစ်တွေ ပြည် ထောင်စု လမ်းမကြီးက ဖြတ်သန်း၍ တည်ရှိနေပါသည်။
မကွေး-အမ်း ကားလမ်းပိုင်း သို့မဟုတ် နာမည်ကျော် ကျောင်းသုံးစာအုပ်၌ ပါသည့် အမ်းတောင်ကြားလမ်း လမ်းပိုင်း မိုင် ၇၀ ခန့်မှာ အရှိုဌာနေကို ဖြတ် ၍ ဖောက်လုပ်ထားသောကြောင့် အရှိုတို့မှာ ပြည်ထောင်စု လမ်းမနဲ့အတူ ပြည်ထောင်စု စိတ် ဓာတ်ရှိသူများ ဖြစ်ပါသည်။

၁၈ ရာစုနှစ်တုန်းက အင်္ဂလိပ်တွေ မှတ်တမ်းတင်ထားနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်က ရှားပါးတဲ့ “အရှို” ဓာတ်ပုံတချို့ D...
28/05/2024

၁၈ ရာစုနှစ်တုန်းက အင်္ဂလိပ်တွေ မှတ်တမ်းတင်ထားနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်က ရှားပါးတဲ့ “အရှို” ဓာတ်ပုံတချို့
District, Arakan by Fryer(1875)
#ရခိုင်ပြည်နယ်
Credited to Arakan Study or Arakanology

(၉) ကြိမ်မြောက် မရာမာကြီး အမျိုးသားနေ့အား Asho National Media မှ ကြိုဆိုပါတယ်
22/05/2024

(၉) ကြိမ်မြောက် မရာမာကြီး အမျိုးသားနေ့အား Asho National Media မှ ကြိုဆိုပါတယ်

မြေပြန့်ချင်းတောင်ပိုင်းချင်းဆလိုင်းချင်းအရှိုချင်း #အရှိုမိမိလူမျိုးနာမည်ကို  တိကျရှင်းလင်းစွာ သိရှိရန် လိုပါသည်။
21/05/2024

မြေပြန့်ချင်း
တောင်ပိုင်းချင်း
ဆလိုင်းချင်း
အရှိုချင်း
#အရှို
မိမိလူမျိုးနာမည်ကို တိကျရှင်းလင်းစွာ သိရှိရန် လိုပါသည်။

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Asho National Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share