MUFC Red Devils News

  • Home
  • MUFC Red Devils News

MUFC Red Devils News MUFC Reds Devils page ကို Like လုပ်ထားပြီး နောက်ဆုံးရအားကစားသတင်းတွေ ကို အခမဲ့ဖတ်နိုင်ပါပြီ။

24/11/2023

ဘစ်ဆာကာ ကို အချိန်အတိုင်းတာတခုထိ လက်လွှတ်သွားရနိုင်တဲ့ united

23/11/2023

ယူနိုက်တက် အသင်းအတွက် ရှော ပြန်လာပြီ

22/11/2023

ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ varane ရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာမလဲ

Griezmann ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ UnitedAntonio Griezmann ဆိုတာဟာ နာမည်ကြားလိုက်တာနဲ့ ဘောလုံးလောကရဲ့ ပရိတ်သတ်တွေအ...
20/11/2023

Griezmann ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ United

Antonio Griezmann ဆိုတာဟာ နာမည်ကြားလိုက်တာနဲ့ ဘောလုံးလောကရဲ့ ပရိတ်သတ်တွေအတွက် ဘယ်သူလဲဆိုတာ ထူးပြီး မိတ်ဆက်နေစရာမလိုတဲ့ ကစားသမားပါ။ စပိန်လာလီဂါရဲ့ ထိပ်သီးကလပ်တစ်ခုဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ အတူ ဘောလုံးစင်မြင့်မှာ သူရဲ့ တိုက်စစ်နေရာစုံကစားနိုင်တဲ့ ဟန်ပန်တွေ၊ ပြင်သစ် အသင်းကမ္ဘာ့ဖလားရခဲ့တဲ့ နှစ်မှာ သွင်းဂိုးတွေနဲ့ကူညီရင်း သူ့ရဲ့ အကတွေနဲ့ အောင်ပွဲခံပုံတွေကြောင့် ဒီကစားသမားကို စိမ်းတဲ့သူဆိုတာ ဘောလုံးရပ်ဝန်းမှာ မရှိလှပါဘူး။ တကယ်တော့ Griezmann ဆိုတာ ထိုက်သင့်သလောက် အသိအမှတ်ပြုမခံရတဲ့ Underrated Player တစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်။

လက်ရှိအချိန်မှာလဲ သူခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရတဲ့ ဘာစီလိုနာ ကနေပြီးတော့ သူ့ရဲ့ အောင်မြေဖြစ်ခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်မှာ ပြန်ကစားနေပါပြီ၊ ဒီလို နေရာစုံကစားနိုင်တဲ့ အသင် ၃၂ နှစ်အရွယ်ပြင်သစ်သားရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေါင် ၂၂ သန်းသာပေးချေရမယ်လို့ အေတီကို ဘက်က ဆိုလာချိန်မှာတော့ အဆိုပါ ပြင်သစ်သားကြီးကို ခေါ်ယူဖို့ ဥရောပ အသင်းကြီးတွေရဲ့ဘက်က စိတ်ဝင်စားမှုပြလာပါတော့တယ်။

ဒီထဲမှာ တိုက်စစ်ကစားသမားတွေရဲ့ ခြေစွမ်းကျဆင်းနေမှုအပြင် ဒဏ်ရာရကစားသမားတွေများနေပြီး ဂိုးမိုးခေါင်နေတဲ့ United အသင်းက အဆိုပါ အသက် ၃၂ နှစ်အရွယ်ပြင်သစ်သားကြီးကို စာချုပ်ဖျက်သိမ်းကြေး ပေါင်း ၂၂ သန်း အပြင် လစား ၃ ဆအထိပေးပြီး လာမယ့် ဇန်နဝါရီဈေးကွက်ကျရင် Old Trafford ကို ခေါ်ယူမယ်လို့ ကောလဟာလ တစ်ချို့ထွက်လာပါတော့တယ်?

ဒီကောလဟာလနဲ့ ပတ်သတ်လို့လည်း United ပရိတ်သတ်တွေရဲ့ကြားမှာ အငြင်းပွားမှုတွေရှိလာနေပါတယ်။ ဒါကြောင့် United အနေနဲ့ Griezmann ကို ခေါ်ယူတာ မှန်ကန်ပါ့မလား။

ပထမဆုံးအနေနဲ့နဲ့ ပြောရရင် ဒီသတင်းဟာ အသင်းမှာ Rashford Antony တို့လို First Line up player တွေဟာ ခြေစွမ်းကျဆင်းနေပြီး Hojlund ဟာလည်း လောလောလတ်လတ် ဒဏ်ရာရသွားတာကြောင့် ဒီကောလာဟာလ စတင်ပေါက်ဖွားလာတယ်လို့ ဆိုနိုင်ပါတယ်။ Ten Hag ဟာလည်း Hojlund ကို ဝါရင့်တိုက်စစ်မှူးတစ်ယောက်နဲ့ တွဲဖက်သင်ယူစေချင်ခဲ့တာဖြစ်လို့ Harry Kane ကို ခေါ်ယူချင်ခဲ့တာဆိုတဲ့ သတင်းတွေကြောင့်လဲ ဒီကောလဟာလ စတင်လာတာ ဖြစ်နိုင်ပါတယ်။

ဒီပြင်သစ်သားရဲ့ အသက်အရွယ်ကကြီးနေပြီဖြစ်ပေမယ့် သူ့ရဲ့ခြေစွမ်းနဲ့ ပြောင်းရွှ့ကြေးကတော့ ထိုက်တန်ပြီး ရေတိုအစားထိုးခေါ်ယူမှုအတွက်တော့ ပြီးပြည့်စုံနိုင်ပါတယ်။ ဒါပေမယ့် လစာ ၃ ဆ လောက်ထိပေးမယ်ဆိုတာနဲ့ ပတ်သတ်လို့ကတော့ တကယ်သာ ဒီအပြောင်းအရွှေ့ကို အသင်းက ဖော်ဆောင်လာမယ်ဆိုရင် ယူနိုက်တက်ကို မေးခွန်းထုတ်စရာဖြစ်လာမှာပါ။ လက်ရှိအသင်းမှာ လစားအများကြီးပေးထားတဲ့ ကစားသမားတွေကိုကြည့်ရင် ရေသာခိုခြင်းတွေသာ မြင်တွေ့နေရသလို ဒီလိုကစားသမားတွေကို ရောင်းချရာမှာလည်း မြင့်မားတဲ့ လုပ်ခလစာကြောင့် အသင်းအနေနဲ့ ရောင်းချဖို့ အခက်တွေ့နေတာဟာ အချိန်ကြာမြင့်နေပါပြီ။

ကျွန်တော်တို့ရဲ့ အသင်းဟာ လက်ရှိမှာ ပြန်လည်တည်ဆောက်စဲအသင်းဖြစ်ပေမယ့် ရန်းညက် ပြောခဲ့သလို အစအဆုံးဖြိုချပြီး အရည်အချင်းရှိတဲ့ လူငယ်တွေနဲ့ ပြန်လည်တည်ဆောက်ရမယ့် အသင်းတစ်သင်းဖြစ်နေစဲပါ။ ရေတိုအစားထိုးမှုက ဘယ်လောက်ထိ ဆိုးကျိုးဖြစ်စေလဲဆိုတာကိုလည်း Casemiro ကို ကြည့်ရင် သိနိုင်ပါတယ်။ ကျွန်တော်တို့ အသင်းမှာ ခြေစွမ်းကျနေတဲ့ ကစားသမားတွေရဲ့နေရာမှာ ပွဲထွက်ခွင့်ပေးရမယ့် အသင်းရဲ့ ရတနာ လေးတွေဖြစ်တဲ့ Garnacho နဲ့ Pellistri တို့ ရှိနေပါသေးတယ်။

အကယ်၍များသာ ဒီပြင်သစ်သားကြီးကို လုပ်ခလစာနည်းနည်းနဲ့ ခေါ်ယူနိုင်ခဲ့ရင် အကြပ်အတည်းထဲက ယူနိုက်တက်အတွက် ကောင်းမွန်တဲ့ရေတိုအစားထိုးခေါ်ယူမှု ဖြစ်ပါလိမ့်မယ်။ အကယ်၍များသာ ဒီလို လုပ်ခလစာနည်းနည်းနဲ့ မရခဲ့ရင်တော့ လစာအများကြီးပေးပြီး ရှေ့ကဖြစ်ရပ်တွေကို တိုင်ပတ်နေမယ့်အစား လာမယ့်ဈေးကွက်မှာ ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှု နောက်တစ်မျိုးကိုသာ စဉ်စားထားသင့်ပါတယ်။

Scotland မှာဆို ဒိုကြီး United မှာဆိုရင်တော့ တုတ်ကြီးInternational break ကာလ ရောက်တိုင်းမှာ ကျွန်တော်တို့ရဲ့ United မှာဆ...
18/11/2023

Scotland မှာဆို ဒိုကြီး United မှာဆိုရင်တော့ တုတ်ကြီး

International break ကာလ ရောက်တိုင်းမှာ ကျွန်တော်တို့ရဲ့ United မှာဆိုရင် လှောင်ရယ်စရာ ပြယုဒ်တွေထဲကတစ်ခုဖြစ်နေလေ့ရှိပေမယ့် နိုင်ငံအသင်းကိုရောက်သွားတဲ့ အချိန်တိုင်းမှာတော့ ‘အရှေ့ရပ်ကနေထွက်တယ် အဆိုပါကစားသမား ခြေစွမ်းပြတယ် ဂိုးသွင်းတယ်’ ဆိုပြီး တသသချီးကျူးနေရလောက်အောင် စွမ်းဆောင်ပြတတ်တဲ့ ကစားသမားတစ်ယောက်ရှိပါတယ်။

အဲ့ဒီကစားသမားကတော့ ပုစွန်ခေါင်း တုတ်ကြီး Scotland ဒိုကြီး စသဖြင့် အမျိုးမျိုးခေါ်ဆိုလေ့ရှိကြတဲ့ ယူနိုက်တက် ကွင်းလယ်လူ Scott McTominay ပဲ ဖြစ်ပါတယ်။ Tominay ရဲ့ နိုင်ငံအသင်းနဲ့ ကလပ်အသင်းက ခြေစွမ်းနှစ်ခုကို ယှဉ်ထိုးပြီးပြောရမယ် ဆိုရင် ထူးခြားဆန်းပြားဖြစ်စဉ်တွေကို ပြောနေရသလားထင်မှတ်ရလောက်အောင်ကို တမူထူးခြားနေပါလိမ့်မယ်။

သို့ပေမယ့်လည်း ဒီတစ်ခါ International Break မတိုင်ခင်နဲ့ International Break အတွင်း Tominay ရဲ့ ခြေစွမ်းကတော့ အရမ်းကြီး ကွာခြားလှတယ်လို့တော့ မဆိုနိုင်ပါဘူး။ သို့ပေမယ့်လည်း Tominay ဟာ နိုင်ငံအသင်းမှာတော့ ထုံးစမ်းတိုင်းဂိုးသွင်းခြေစွမ်းပြ စမြဲဖြစ်သလို့ ကြသပတေးနေ့ ညကကစားခဲ့တဲ့ Georigia အသင်းနဲ့ပွဲစဉ်မှာ Scotland အသင်းအတွက် သွင်းဂိုးတစ်ဂိုးရယူပေးနိုင်ခဲ့ ပြန်ပါတယ်။

Scotland အတွက် Tominay သွင်းဂိုးတွေရယူပေးနေနိုင်တာကို ထူးဆန်းလှတဲ့ အရာမဟုတ်ပေမယ့် ပြီးခဲ့တဲ့ ယူနိုက်တက်ပွဲစဉ်တွေကို ကြည့်လိုက်ရင် Tominay ရဲ့ခြေစွမ်းဟာ နိုင်ငံအသင်းက Tominay အလား ကောင်းမွန်တဲ့ပုံစံကောင်းတွေ ပြသထားနိုင်တာကို ပြန်ကြည့်ရင် နိုင်ငံအသင်းက Tominay ရဲ့ ခြေစွမ်းမျိုးစွမ်းဆောင်ပြနိုင်လာနိုင်နေတဲ့ အကြောင်းအရာနဲ့ ပတ်သတ်လို့ တစ်ချက်ပြောပြဖို့ လိုအပ်လာနေပါတယ်။

United ပရိတ်သတ်တွေ အများစုကတော့ Tominay ကို Defensive Midfielder လို့ သိထားကြတာပါ။ တကယ်တော့ Tominay ဟာ Defensive Midfield player လုံးဝမဟုတ်ပါဘူး။ သူဟာ United အကယ်ဒမီကနေပြီးတော့ အသင်းကြီးဆီရောက်လာတာဟာ No.9 role လို့ခေါ်တဲ့ အထောင်တိုက်စစ်မှူးစစ်စစ် position အနေအထားနဲ့ပါ။ ဒါပေမယ့်လည်း United မှာ နောက်ပိုင်း ဖြစ်လာနေကျပုံစံအတိုင်းဘဲ နည်းပြ မော်ရင်ညို လက်ထက် အသင်းမှာ ဒဏ်ရာပြဿနာတွေ များပြား လာချိန် ကစားသမားဖြစ်သူရဲ့ အရပ်အမောင်း Defensive mindset ကြောင့် သူ့ရဲ့ natural position မဟုတ်ဘဲ Defensive midfield အဖြစ် ဆင်းဆော့ပေးခဲ့ရတာ ဖြစ်ပါတယ်။

ပြောရရင် Tominay ရဲ့ လှောင်ပြောင်ခံအခြေအနေအရပ်ရပ်ဟာ ဒီကနေဘဲစပါတယ်။ နောက်ပြီး Tominay ဟာ Scotland မှာ ကစားရတဲ့နေရာဟာ Defensive Midfield မဟုတ်ဘဲ Center Midfield ဘဲ ကစားရတာပါ။ နောက်ပြီး Scotland မှာကစားရတဲ့ ဖိအားနဲ့ ယူနိုက်တက်မှာ ကစားရတဲ့ဖိအားဟာ ဘယ်လိုဘဲ နိုင်ငံနဲ့ ကလပ်ပါပြောပြော ဆီနဲ့ရေလို့ ကွာခြားလွန်းပါတယ်။

အစကတည်းက တိုက်စစ်မှူးနေရာနဲ့ professional career ကို တက်လှမ်းလာတဲ့ Tominay တစ်ယောက် Scotland မှာ တိုက်စစ်ကို ပိုမိုလိုက်ပါရတဲ့ နေရာမှာ ဖိအားကင်းကင်းကစားရပြီး ဂိုးတွေသွင်းနေနိုင်တာဟာ စဉ်းစားကြည့်ရင် မထူးဆန်းလွန်းလှပါဘူး။ နောက်ပြီး Scotland မှာ သူ့လောက် Image ကြီးတဲ့ player မရှိသလို သူသာလျှင် ဒိုကြီး၊ သူသာလျှင် မင်းသားတစ်ပါးပါဘဲ။

United မှာတော့ အရာရာကွာခြားလှပါတယ်။ သူနဲ့အတူ တွဲဆော့ရတဲ့ Bruno ဆိုတာ ကြီးကျယ်ခမ်းနားလွန်းလှတဲ့ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ဆွဲကိုင်ရင်း တိုက်ပွဲဝင်နေသူပါ။ ဒီလို ခမ်းနားမှုအပေါင်း သရဖူဆောင်းထားတဲ့ ကစားသမားရဲ့ဘေးမှာ ကစားရတဲ့ သူရဲ့ ဖိအားက ကြီးမားလွန်းသလို နေရာမှားယွင်းစွာကစားနေရတာဟာလည်း အတော်လေး ခက်ခဲစေမှာပါ။

Erik Ten Hag က ဒါကိုသိပါတယ်။ ယူနိုက်တက်ရဲ့နောက်ပိုင်းပွဲစဉ်တွေကို ကြည့်လိုက်ရင် Tominay ကို Bruno ရဲ့ဘေးမှာ Advance No.8 role နှစ်ယောက်ပုံစံနဲ့ ကစားနေစေခဲ့တာ ပွဲစဉ်များလာသလို Tominay တစ်ယောက်လည်း အတော်လေး အဆင်ပြေစပြုလာနေပါပြီ။ ဒါပေမယ့်လည်း သူ့ရဲ့ Positioning အမှားတွေကတော့ ပြင်ဆင်ရအုံးမှာပါ။

Tomiany ကို နေရာမှားယွင်းစွာအသုံမပြုခဲ့ဘူးဆိုရင် ဆိုတဲ့ မေးခွန်းတွေရှိနေပေမယ့်လည်း အရာရာဟာ အချိန်လွန်သွားခဲ့ပါပြီ။ ဘယ်လိုပဲဆိုနေပါစေ United ပရိတ်သတ်တွေအနေနဲ့လည်း Soctland မှာ ဒိုကြီး ဖြစ်နေတဲ့ Tominay ရဲ့ စွမ်းဆောင်ရည်တွေကို အသင်းမှာ မြင်တွေ့ချင်တယ်ဆိုရင် အဆိုပါကစားသမား ကို လူစားဝင်ကစားစေတာက အကောင်းဆုံဖြစ်ပါလိမ့်မယ်....

17/11/2023

united ဘက်က ကင်းထောက်နေတဲ့ joao neves ဆိုတာ ဘယ်သူလဲ

16/11/2023

ရစ်ချက်အာနိုး ကိုထုတ်ပယ်လိုက်ခြင်းအပြီး sir jim ratcliffe ရဲ့ operation စတင်နေပြီလား

15/11/2023

ကာတာတို့ ယူနိုက်တက်ကို ကယ်တင်နိုင်ဖို့ တကယ်ဘဲ အခွင့်အရေးရှိနေသေးလို့လား

15/11/2023

အကျဘက်ရောက်လာတဲ့ သရဲနီစစ်သည်တော်ကြီး Casemiro ရဲ့နေရာမှာ ဘယ်သူအသုံးတော်ခံမလဲ

13/11/2023

လင်ဒီလော့ရဲ့ သွင်းဂိုးနဲ့ အသက်ဆက်နိုင်ခဲ့တဲ့ ယူနိုက်တက်

ယူနိုက်တက် ၁ : ၀ လူတန်တောင်း ( ပွဲပြီးသုံးသပ်ချက် )

11/11/2023

ယူနိုက်တက်ရဲ့ မပြီးပြတ်နိုင်သေးတဲ့ ခြွင်းချက်မရှိနိုင်ပွဲဖော်ဆောင်ရမယ့် ပွဲစဉ်

လက်ရှိမှာတော့ ယူနိုက်တက်အသင်းသည် Jean-Claude Blanc ကိုအသင်း ၏ CEO အဖြစ် ခန့်အပ်တော့မည်ဟု အသင်းတွေ အရသိရသည်။
10/11/2023

လက်ရှိမှာတော့ ယူနိုက်တက်အသင်းသည် Jean-Claude Blanc ကိုအသင်း ၏ CEO အဖြစ် ခန့်အပ်တော့မည်ဟု အသင်းတွေ အရသိရသည်။

ယူနိုက်တက်တိုက်စစ်မှူး ဟွိုင်လန်းသည် သွင်းဂိုး(5)ဂိုးဖြင့် UEFA champion league မှာ  ဂိုးအများဆုံးသွင်းယူထားသည့်စာရင်းတွ...
10/11/2023

ယူနိုက်တက်တိုက်စစ်မှူး ဟွိုင်လန်းသည် သွင်းဂိုး(5)ဂိုးဖြင့် UEFA champion league မှာ ဂိုးအများဆုံးသွင်းယူထားသည့်စာရင်းတွင် အက်သလက်တီကိုတိုက်စစ်မှူး မိုရာတာနှင့်အတူ ထိပ်ဆုံး၌ပူးတွဲရပ်တည် နေကြောင်းသိရသည်။

10/11/2023

ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ဆုံးရှုံးလိုက်ရပြီဖြစ်တဲ့ ယူနိုက်တက်

08/11/2023

ကျည်းထဲကျပ်ထဲ ရောက်ချိန်မှာ မဖြစ်မနေ နိုင်ပွဲဖော်ဆောင် နိုင်မှ ရတော့မယ့် တန်ဟတ်ရဲ့ သရဲနီ တပ်သားများ ( ပွဲကြို သုံးသပ်ချက် )

08/11/2023

fabrizio romano ပြောတဲ့ ယူနိုက်တက်အတွင်းပိုင်းသတင်းတွေ နဲ့ antony sancho တို့ရဲ့ အပြောင်းအရွှေ့အကြောင်း

Carrington လေ့ကျင့်ရေးကွင်းမှာ လာမယ့် copenhagen နှင့် ပွဲအတွက် မရပ်မနားလေ့ကျင့်နေတဲ့ သရဲနီ တပ်သားများအိုနာနာ၊ ဘာရင်ဒါ၊ ...
07/11/2023

Carrington လေ့ကျင့်ရေးကွင်းမှာ လာမယ့် copenhagen နှင့် ပွဲအတွက် မရပ်မနားလေ့ကျင့်နေတဲ့ သရဲနီ တပ်သားများ

အိုနာနာ၊ ဘာရင်ဒါ၊ ဟီလ်တန်

မက်ဂွါးယား၊ အီဗန်စ်၊ ဝမ်ဘစ်စကာ၊ ဒါလော့၊ လင်ဒီလော့၊
ဗရာနီ၊ ရက်ဂီလွန်

Mcတော်မီနေး၊ ဗန်ဒီဘိဒ်၊ အယ်မရာဘတ်၊ မောင့်တ်၊ ဟန်နီဗလ်၊ ဖာနန်ဒက်စ်၊ အဲရစ်ဆန်

ရက်ရှ်ဖို့တ်၊ အန်တိုနီ၊ ဟော့လန်၊ မာရှယ်၊ ဖော့ဆင်၊ ဂါနာချို၊ ပယ်လက်စထရီ



06/11/2023

အရှေ့အရပ်ကနေထွက်တယ် ယူနိုက်တက်ကတော့ ကွင်းလယ်နဲ့ နောက်တန်းက ဂိုးတက်သွင်းမှ နိုင်ပွဲရတော့တယ်

05/11/2023

ဗီအေအာ ရဲ့ တစ်ကွက်ပြခြင်းခံခဲ့ရပေမယ့် ဘရူနို ရဲ့ နောက်ကျဂိုးနဲ့ အသက်ဆက်နိုင်ခဲ့တဲ့ ယူနိုက်တက် နဲ့ အဲရစ်တန်ဟတ်

FT: Fulham 0 - 1 Man UtdBruno ရဲ့ သွင်းဂိုးနဲ့ လိုအပ်နေတဲ့ နိုင်ပွဲတော့ ဖော်ဆောင်နိုင်ခဲ့ပါပြီ။ ဒီပွဲနဲ့ပတ်သတ်ပြီး ပြောစ...
04/11/2023

FT: Fulham 0 - 1 Man Utd

Bruno ရဲ့ သွင်းဂိုးနဲ့ လိုအပ်နေတဲ့ နိုင်ပွဲတော့ ဖော်ဆောင်နိုင်ခဲ့ပါပြီ။ ဒီပွဲနဲ့ပတ်သတ်ပြီး ပြောစရာ ဆွေးနွေးစရာတွေရှိသေးတာမို့ ပွဲပြီးသုံးသပ်ချက် Vd နဲ့အတူပြန်လာခဲ့ပါမယ်...

HT: Fulham 0 - 0 Man Utdပထမပိူင်းကတော့ ဂိုးမရှိသရေပါဘဲ။ VAR နဲ့ ဒိုင်တွေကတော့ ဂိုးမပေးချင်ရင် မပေးပါဘူး။ သူတို့အလုပ်သူတိ...
04/11/2023

HT: Fulham 0 - 0 Man Utd

ပထမပိူင်းကတော့ ဂိုးမရှိသရေပါဘဲ။ VAR နဲ့ ဒိုင်တွေကတော့ ဂိုးမပေးချင်ရင် မပေးပါဘူး။ သူတို့အလုပ်သူတို့ လုပ်ခဲ့ကြတာပါဘဲ

04/11/2023

ယူနိုက်တက် နည်းပြ တန်ဟတ်ရဲ့ အနာဂတ်ကို အဖြေပေးသွားမယ့် ဖူဟမ် vs ယူနိုက်တက် ( ပွဲကြိုသုံးသပ်ချက် )

Norh London ကို ထွက်ခွာသွားတဲ့ United ရဲ့လူစာရင်းOnana, Bayindir, HeatonWan-Bissaka, Dalot, Maguire, Varane, Evans, Regu...
04/11/2023

Norh London ကို ထွက်ခွာသွားတဲ့ United ရဲ့လူစာရင်း

Onana, Bayindir, Heaton

Wan-Bissaka, Dalot, Maguire, Varane, Evans, Reguilon

Amrabat, Hannibal, Mainoo, McTominay, Eriksen, Mount, Bruno Fernandes

Pellistri, Garnacho, Martial, Hojlund, Rashford, Antony

03/11/2023

ယူနိုက်တက် နည်းပြ ဖြစ်လာဖွယ် ရှိနေတဲ့ #ဇီဒန်း

အသင်းကနေ ထုပ်ပယ်ခံရမယ့် အခြေအနေမရှိသေးတဲ့ Ten HagFabrizio ရဲ့ အစိုးအရ နည်းပြဖြစ်သူ အဲရစ်တန်ဟဂ် ကို ထုတ်ပယ်ဖို့မရှိသေးဘူး...
03/11/2023

အသင်းကနေ ထုပ်ပယ်ခံရမယ့် အခြေအနေမရှိသေးတဲ့ Ten Hag

Fabrizio ရဲ့ အစိုးအရ နည်းပြဖြစ်သူ အဲရစ်တန်ဟဂ် ကို ထုတ်ပယ်ဖို့မရှိသေးဘူးလို့ သိရပါတယ်။ သို့ပေမယ့်လည်း အဲ့ရစ်တန်ဟက်အနေနဲ့ ရလဒ်ကောင်းတွေသယ်ဆောင်လာဖို့ လိုအပ်နေပြီးတော့ ဒီလိုသာ မဟုတ်ရင် နောက်ဆုံး ထုတ်ပယ်ခံရနိုင်တဲ့ အခြေအနေဆီကို ပဲ ဦးတည်သွားတော့မှာဖြစ်ပါတယ်။

ဘယ်လိုပဲ မထုတ်ပယ်သေးဘူးပြောပြောပါ၊ လက်ရှိ ကစားသမားတွေရဲ့ အပြုအမူတွေ ပရိတ်သတ်တွေရဲ့ အမှန်တရားကို မျက်ကွယ်စိတ်မရှည်ခြင်းတွေ ရဲ့ အကျိုးဆက်အနေနဲ့ကတော့ ယူနိုက်တက် နည်းပြအဲရစ်တန်ဟဂ် အနေနဲ့ ဆက်လက် အရှုံးရလဒ်ကိုကြုံနေမယ်ဆိုရင် ထုတ်ပယ်ခံရဖို့ သေချာသလောက် ပဲဖြစ်ပါတယ်။

ကစားသမားတွေမှာ တာဝန်အပြည့်အဝရှိခဲ့တဲ့ Old Trafford က နောက်ထပ်ရှုံးပွဲဒီနေ့ မနက်အစောပိုင်း Old Trafford မှာ ကာရာဘောင်ဖလား...
02/11/2023

ကစားသမားတွေမှာ တာဝန်အပြည့်အဝရှိခဲ့တဲ့ Old Trafford က နောက်ထပ်ရှုံးပွဲ

ဒီနေ့ မနက်အစောပိုင်း Old Trafford မှာ ကာရာဘောင်ဖလား ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ် အဖြစ် နယူကားဆယ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်ကတော့ ၃ ဂိုးပြတ်ရလဒ်နဲ့ ရှုံးနိမ့်ပြီး ယူနိုက်တက်ကတော့ ပြိုင်ပွဲကထွက်ခွာ ခဲ့ရပါပြီ။

ဒီပွဲစဉ်မှာ ပရိတ်သတ်တွေမျှော်လင့်ခဲ့ကြတဲ့အတိုင်း လူစာရင်းအပြောင်းအလဲတစ်ချို့ပြုလုပ်ပြီး ပွဲထွက်လာခဲ့ပေမယ့် ထူးထူးခြားခြားဘာမှ ရှိမနေခဲ့ပါဘူး။ နောက်တန်းမှာ ဂိုးသမား Onana နဲ့အတူ Dalot ၊ Maguire ၊ Lindelot ၊ Reguilon တို့နဲ့ပွဲထွက်လာပြီးတော့ ကွင်းလယ်မှာ Casemiro ၊ Mason Mount နဲ့ Hanibal တိုက်စစ်မှာ Garnacho ၊ Martial ၊ Antony တို့နဲ့ Newcastle ကို ရင်ဆိုင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်၊

Newcastle ကတော့ Joelinton တစ်ယောက်လောက်သာ ပါဝင်ခဲ့ပြီး Newcastle ကစားသမားတစ်ယောက် ဒဏ်ရာစောစောရခဲ့လို့ လူစာဝင်လာတဲ့ Almiron ကလွဲရင် ကျန်တာလူငယ်နဲ့ အရံကစားသမားတွေနဲ့သာ ပွဲထွက်လာခဲ့ပါတယ်။

ဒီပွဲနဲ့ပတ်သတ်ပြီး ပြန်ပြောစရာကတော့ ကစားသမားအားလုံးကိုဘဲ ခြုံငုံဝေဖန်ရမှာပါပဲ။

ဒီနေ့ပွဲစဉ် အရှုံးနဲ့ပတ်သတ်ပြီး ဘယ်သူမှာတာဝန်ရှိလဲလို့မေးရင်တော့ ကစားသမားတွေမှာ တာဝန်အပြည့်အဝရှိပါတယ်။ ယူနိုက်တက်ပရိတ်သတ်တွေအတွက်ကတော့ ပွဲမစခင်တည်းက Newcastle ကို နိုင်ဖို့မဖြစ်နိုင်တာကို လက်ခံနားလည်ထားခဲ့ကြပေမယ့် နှစ်ဖက်အသင်း line up ထွက်လာချိန်မှာတော့ ဒီပွဲဟာ ယူနိုက်တက်တို့အနေနဲ့ နိုင်ကိုနိုင်သင့်တဲ့ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း ဘာဖြစ်ချင်နေမှန်းမသိတဲ့ ကစားသမားတွေနဲ့ စွမ်းဆောင်ရည်တွေကြောင့် အိုးထရပ်ဖို့မှာ နောက်ထပ်အရှုံးရလဒ်ကို သာရခဲ့ပြန်ပါတယ်။

နောက်တန်းကစားသမားတွေ အနေနဲ့ကလည်း ပြီးခဲ့တဲ့ပွဲစဉ်တွေထဲကအတိုင်း Build up ပြုလုပ်တဲ့ state မှာတင် အကြိမ်ကြိမ် fail ခဲ့သလို Marking မကပ်နိုင်တဲ့ ပြဿနာတွေမပြင်နိုင်ခဲ့ဘဲနဲ့ ဒီကနေဂိုးတွေ ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။

အပြောင်းအလဲကြီးကြီးမားမားပြုလုပ်ခဲ့တဲ့ ကွင်းလယ်ကတော့ ပြောစရာစကားကို မရှိလောက်အောင်ပါ ဘဲ။ Casemiro နဲ့ Hanibal တို့နှစ်ယောက်လုံးက စည်းကမ်းမဲ့ Foul ဘောတွေမကြာခန ကျူးလွန်နေခဲ့ ကြပြီး အဝါကဒ်တွေ စောစောစီးစီးပဲ ယူခဲ့ကြပါတယ်။ အရိုးသားဆုံး ဝန်ခံရရင် အသင်းရဲ့ ပရိတ်သတ်တွေကို ချွေးသိပ်ဖို့ဝယ်ပြခဲ့တဲ့ အကျဘက်ရောက်နေပြီဖြစ်တဲ့ Casemiro ဆီကနေ ပြီးခဲ့တဲ့ရာသီကလို စွမ်းဆောင်ရည်တွေကို ပြန်မြင်ရဖို့ မသေချာတော့ပါဘူး။ Hanibal ဘာကြောင့် ပွဲထွက်ခွင့်မရလဲ ဆိုတာ ဒီပွဲက အဖြေထွက်ခဲ့ပါတယ်။ ပွဲချိန်အတွင်းမှာ work rate ကောင်းခဲ့တာက လွဲပြီး အဝါကဒ်ရပြီးချိန်မှာတောင် စည်းကမ်းမဲ့ကစားပုံတွေ တစ်ချိန်လုံးလုပ်နေခဲ့သလို ပရိတ်သတ်တွေ အနေနဲ့ ကလည်း Hanibal ဘောလုံးလိုက်လုနေရင် ဘုရားတရလောက်တဲ့ အထိကို ဆိုးရွားခဲ့တာပါ၊ Mason Mount ကတော့ ဒီပွဲမှာလုံးဝ အဆင်မပြေခဲ့တာ ထူးပြောစရာမလိုတော့မယ်မထင်ပါဘူး၊

တိုက်စစ်ကတော့ Garnacho , Martial , Antony တစ်ယောက်မှ အလုပ်မဖြစ်ခဲ့သလို လူစားဝင်ကစားသမားတွေ အနေနဲ့ကတော့ အတူတူဆိုတဲ့ အနေအထားပါဘဲ၊

အသင်းရဲ့ကစားသမားတွေနဲ့ပတ်သတ်ပြီး ချီကျူးစရာ တစ်ခုမှမရှိနေခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ အာရုံစိုက်ဖို့ Main Line up ကိုဘဲ သုံးနေခဲ့တာကြောင့် အကျိုးဆက်အဖြစ်နဲ့ ဒီရာသီမှာ ဒဏ်ရာပြဿနာ အကြီးအကျယ် ကြုံတွေ့နေရတဲ့ အသင်းအတွက် ယှဉ်ပြိုင်စရာ ပြိုင်ပွဲတစ်ခုလျော့သွားတာ ရင်အေးစရာပါဘဲ။

တန်ဟဂ်အနေနဲ့ကလည်း ဒီပွဲမှာ ပရိတ်သတ်တွေတောင်းဆိုနေတဲ့အတိုင်း risk ယူပြီး အပြောင်းအလဲ များစွာပြုလုပ်လာခဲ့ပေမယ့် Main Line up ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ မခြားနားခဲ့သလို အဲရစ်တန်ဟဂ် လည်း ဒီပွဲကိုနိုင်ခဲ့ချင်ရင် သူကိုယ်တိုင်ဝင်ကန်တာကလွဲပြီး လုပ်စရာထူးမရှိခဲ့ပါဘူး။

ဒီအရှုံးရလဒ်ကြောင့် နည်းပြအပေါ်ဖိအားတွေပိုများလာခဲ့ပြီး အသင်းရဲ့တာဝန်ရှိသူတွေအနေနဲ့ ပရိတ်သတ်တွေတောင်းဆိုတဲ့အတိုင်း တန်ဟဂ် ကိုသာ out ခဲ့မယ်ဆိုရင် ပိုမိုဆိုးရွားတဲ့ အခြေအနေတစ်ရပ်ဆီကို ဦးတည်သွားတော့မှာလည်း ဖြစ်ပါတယ်....

Injury News🚨Casemiro ဟာ မနေ့က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲစဥ်မှာ ဒဏ်ရာထပ်မံရရှိခဲ့ပြီးတော့ လာမယ့် Fulham နဲ့ ပွဲစဥ်ကို လွ...
02/11/2023

Injury News🚨

Casemiro ဟာ မနေ့က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲစဥ်မှာ ဒဏ်ရာထပ်မံရရှိခဲ့ပြီးတော့ လာမယ့် Fulham နဲ့ ပွဲစဥ်ကို လွဲချော်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ ပွဲတိုင်းကစားရခြင်းရဲ့ နောက်ဆက်တွဲကို အသင်းအနေနဲ့ ကောင်းကောင်းကြီး ရင်ဆိုင်နေရပါပြီ

ဘာဖြစ်ချင်နေမှန်းမသိတဲ့ ကစားသမားများနှင့် နောက်ထပ် အိုးထရက်ဖို့ က 3-0 ည
01/11/2023

ဘာဖြစ်ချင်နေမှန်းမသိတဲ့ ကစားသမားများနှင့် နောက်ထပ် အိုးထရက်ဖို့ က 3-0 ည

01/11/2023

Goal

Man Utd 0 - 3 Newcastle

⚽ Willock 61'

Man Utd 0-2 Newcastle (HT)ပထမပိုင်းကတော့ စိတ်ပျက်စရာအပြည့်နဲ့ပါဘဲLine up အပြောင်းလဲလုပ်လာပေမယ့်ကွင်းထဲက ကစားသမားတိုင်းက ...
01/11/2023

Man Utd 0-2 Newcastle (HT)

ပထမပိုင်းကတော့ စိတ်ပျက်စရာအပြည့်နဲ့ပါဘဲ
Line up အပြောင်းလဲလုပ်လာပေမယ့်
ကွင်းထဲက ကစားသမားတိုင်းက အမှားကိုယ်စီပြုလုပ်နေကြတာကလွရင် ထူးပြီးပြောစရာမရှိပါဘူး

01/11/2023

Goal

Man Utd 0 - 2 Newcastle

⚽ Hall 36'

01/11/2023

Goalllll

Man Utd 0 - 1 Newcastle
29' Almiron

ယူနိုက်တက် ကတော့ ထုံးစမ်းအတိုင်း marking အားနည်းတဲ့ ပြဿနာကနေ ဂိုးပေးလိုက်ရပါပြီ

နယူးကာဆယ်နဲ့ EFL cup ပွဲအတွက် ယူနိုက်တက်ရဲ့ လူစာရင်းဖြစ်ပါတယ်။
01/11/2023

နယူးကာဆယ်နဲ့ EFL cup ပွဲအတွက် ယူနိုက်တက်ရဲ့ လူစာရင်းဖြစ်ပါတယ်။

01/11/2023

တန်ဟတ် 1 ယောက် စိတ်ကူးယဉ် အိမ်မက်ထဲကနေ နိုးထလာနိုင်မှာလား

Garnacho x Pellistri ⭐
01/11/2023

Garnacho x Pellistri ⭐

31/10/2023

တိုနီခရူး၊ ယူနိုက်တက် နဲ့ ဆောင်းရာသီ စျေးကွက် အလားအလာ

Red Devils News

သန်း ၁၀၀ တန် ဘရာဇီးကြယ်ပွင့် အန်တိုနီရဲ့ဒီနှစ်ရာသီပရီးမီးယားလိဂ်စွမ်းဆောင်ရည်👀ပွဲ - ၇ပွဲသွင်းဂိုး - ၀ဖန်တီးမှု - ၀အဝါကတ်...
30/10/2023

သန်း ၁၀၀ တန် ဘရာဇီးကြယ်ပွင့် အန်တိုနီရဲ့ဒီနှစ်ရာသီပရီးမီးယားလိဂ်စွမ်းဆောင်ရည်👀
ပွဲ - ၇ပွဲ
သွင်းဂိုး - ၀
ဖန်တီးမှု - ၀
အဝါကတ် - ၂ကတ်🙃

Red Devils News

29/10/2023

ဒါဘီပွဲမတိုင်မီ မန်စီးတီးကို ဒဲ့လှောင်လိုက်တဲ့ သရဲနီတပ်သား ပယ်လစ္စထရီ

သက်တော်ရှည် ဂိုးသမား ဒီဂီယာကို ပြန်ခေါ်ဘို့. ယူနိုက်တက်တို့ လုပ်ဆောင်နေပြီယူနိုက်တက် အသင်း သည် ဂိုးသမားဟောင်းဖြစ်တဲ့ ဒီဂ...
27/10/2023

သက်တော်ရှည် ဂိုးသမား ဒီဂီယာကို ပြန်ခေါ်ဘို့. ယူနိုက်တက်တို့ လုပ်ဆောင်နေပြီ

ယူနိုက်တက် အသင်း သည် ဂိုးသမားဟောင်းဖြစ်တဲ့ ဒီဂီယာကို ကာလတို စာချုပ်တစ် ရပ်နဲ့ ပြန်ခေါ်နိုင်ဘို့. အတွက် အံ့အားသင့်စရာကောင်းလောက်အောင် နောက် ကြောင်း ပြန်လှည့်လိုက်ပါတယ်။

သိပ်မကြာခင်မှာ ကစားရတော့မယ့် အာဖ ရိက နိုင်ငံများဖလားပြိုင်ပွဲကို ရောက်ရင် အဓိက ဂိုးသမား အိုနာနာ ကို ဆုံးရှုံးရမှာဖြစ်တဲ့အတွက် ယူနိုက်တက် အသင်းသည် အစားထိုးနိုင်ဘို့. ဒီဂီယာကို ပြန်ခေါ် ချင်နေတာပါ။

ဒါကြောင့် လာမယ့် နှစ်ဆန်းပိုင်းမှာ အိုနာနာရဲ့နေရာကို စပိန် ကစားသမား နဲ့. ယာယီ အစားထိုးနိုင်ဘို့. အတွက် ယူနိုက်တက် အသင်းသည် ဒီဂီယာကို အလွတ်ပြောင်း ရွှေ့ကြေးနဲ့ ပြန်ပြီး ခေါ်ဘို့.

အံ့အားသင့်စရာ လုပ်ဆောင်လာတာဖြစ်ပါတယ်။ အာဖရိက နိုင်ငံများဖလားပြိုင်ပွဲဟာ ဇန်နဝါရီ ၁၃ ရက်ကနေ ဖေဖော်ဝါရီ ၁၁ ရက်အထိ ကစားမှာ ဖြစ်နေလို့ ကင်မရွန်းလက်ရွေးစင် အိုနာနာ သည် ယူနိုက်တက် အသင်းး အတွက်

၈ ပွဲလောက် လွဲနိုင်ခြေ ရှိနေပါတယ်။ ဒါကြောင့် ယူနိုက်တက် အသင်းသည် ဒီဂီယာကို ၆ လ အငှားစာချုပ်မျိုးနဲ့ ခေါ်နိုင်ဘို့. အတွက် ပြင်ဆင်လာတာဖြစ်ပါ တယ်။

အသက် ၃၂ နှစ်အရွယ် စပိန် ကစားသမား ဒီဂီယာ သည် ယူနိုက်တက် အသင်း မှာ ၁၂ နှစ် အထိ ကျင်လည်ခဲ့ပြီး စာချုပ်သက်တမ်း ကုန်တဲ့အချိန်မှာတော့ အသင်းနဲ့ အတူ လမ်းခွဲခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီဂီယာဟာ အသင်းလက်မဲ့ ဖြစ်နေပြီး ဘောလုံးလောကထဲကို ပြန်ပြီး ခြေချနိုင်ဘို့. အတွက် ကြိုးစားနေတာ မျိုးရှိပါတယ်။ ယူနိုက်တက်ဟာ ဒီဂီယာကိုသက်တမ်းတိုးဘို့. ကြိုးစား ပေမဲ့လည်း ရှိရင်းစွဲ

တစ်ပတ်လုပ်ခ ၃၇၅၀၀၀ ကနေေ ၂၀၀၀၀၀ အထိ လျှော့ယူပေးဘို့. တောင်းဆိုခဲ့တာဖြစ်တဲ့အတွက် စပိန် ကစားသမား ဘက်က လက်မခံခဲဘဲ စာချုပ်သက်တမ်း မတိုးခဲ့တာဖြစ်ပါတယ်။

တစ်ခုရှိတာက ယူနိုက်တက် အသင်းသည် အိုးလ်ထရက်ဖို့ဒ်ဆီကို အိုနာနာ မရောက်ခင်အထိ ဒီဂီယာကို အသင်းမှာပဲ ဆက်နေခိုင်းထားတာမျိုးလည်း ရှိပါတယ်။ပြီးခဲ့တဲ့ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ရွှေလက်အိတ်ဆုကို ပူပူနွေးနွေး ဆွတ်ခူးထားတဲ့အပြင်

အသင်းအတွက် ကာလရှည် အမှုတော်ထမ်းခဲ့တဲ့ ဒီဂီယာအပေါ် ယူနိုက်တက် အသင်း ရဲ့ ပစ်ပစ်ခါခါ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ အများကြီး ရှိခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိမှာ ယူနိုက်တက် ဂိုးသမား နေရာနဲ့ ပတ်သက်လို့ အိုနာနာ၊ ဘာယင်ဒါနဲ့. hetoneတို့ ရှိနေပေမဲ့ အာဖရိက နိုင်ငံများ ဖလားကစားတဲ့အချိန်ကို ရောက်ပြီဆိုရင် heton တစ်ယောက်ပဲ အသင်းမှာ ကျန်နေခဲ့မှာ ဖြစ်ပါ တယ်။

ယူုနိုက်တက် အသင်း ကပ္ပတိန် လက်ပတ် ပိုင်ရှင် ဖာနန်ဒက် သည် ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ဒီဂီယာနဲ့အတူ ဓာတ်ပုံအတူတွဲရိုက်ခဲ့တာကြောင့် ကစားသမားတွေကြားမှာ ကောင်းမွန်တဲ့

ဆက်ဆံရေးမျိုးတွေ ရှိနေပြီး ဒီဂီယာဘက်က လက်ခံခဲ့မယ် ဆိုရင်တော့ အငှားစာချုပ် အပြောင်းအရွှေ့ကလည်း ဖြစ်လာနိုင်တယ်လို့ ဆက်စပ်သတင်းတွေက ဆိုပါတယ်။

26/10/2023

မင်းရဲ့ ခြေစွမ်းကို ဆက်ထိန်းထားပြီး ငါတို့ယူနိုက်တက် ဖန်တွေရဲ့ အချစ်ရထားကြီး ပေါ်မှာ အိပ်စက်နားခိုရင်း မင်းရဲ့ တမုန်းဆွဲ package နဲ့ ပျက်ရယ်ပြုခံရတဲ့ နေ့ရက်တွေကို ဟားတိုက်ပစ်လိုက်စမ်းပါ. ဟယ်ရီရေ. . . . .

Address


Website

Alerts

Be the first to know and let us send you an email when MUFC Red Devils News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share