အပျင်းပြေ

  • Home
  • အပျင်းပြေ

အပျင်းပြေ Myanmar poems

28/03/2024

Singapore မှာ Poly တက်ရင် ဘယ်လောက်ကုန်ကျမလဲ?

ဒီမေးခွန်းကတော့ ဒီမှာကျောင်း လာတက်ချင်ပြီး ငွေရေးကြေးရေးအရလည်း ချိန်ကိုက်ချင်တဲ့ ကျောင်းသားနှင့်မိဘများ အမေးများတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ Singaporeမှာ Poly တက်တာဟာ ငွေကုန်ကြေးကျ အနည်းငယ်များပါတယ်။ ဒါပေမဲ့ သက်သာအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါသေးတယ်။

Singapore က Poly ကျောင်းတွေရဲ့ တစ်နှစ် ကျောင်းလခက ဘယ်လောက်ရှိလဲ? 💰

ကိုယ်က Singapore နိုင်ငံသားလည်း မဟုတ်ဘူး၊ Permanent Residence (PR) လည်း မဟုတ်ဘူး၊ International Student တစ်ယောက် ဖြစ်တယ်ဆိုရင်တော့ ကျောင်းလခက တစ်နှစ်ကို Singapore Dollar 24000 ခန့် ရှိပါတယ်။ 1sgd ကို 2700စျေးနဲ့ တွက်မယ်ဆိုရင် တစ်နှစ်စာကို မြန်မာငွေ ကျပ် ၆၄၈ သိန်းဝန်းကျင်ခန့် ရှိပါတယ် ဒါပေမယ့် များလိုက်တာဆိုပြီး လန့်မသွားပါနဲ့ဦး။ သက်သာမယ့် နည်းလမ်းတွေကို ကျွန်တော် ပြောပြပေးသွားမှာဖြစ်လို့ ဆက်ဖတ်ရှုပေးပါအုန်း။

(1) Tuition Grant Scheme (TG)

Tuition Grant (TG) ဆိုတာ ဘာလဲဆိုရင်တော့ Singapore အစိုးရက သူ့နိုင်ငံထဲကို နိုင်ငံခြားသား ကျောင်းသားတွေ ပညာတွေသင်ပြီး အလကား ထွက်သွားမှာ စိုးရိမ်တဲ့အတွက် နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိမဲ့ win-win situation ကို ဖန်တီးပေးထားခြင်းပဲ ဖြစ်ပါတယ်။

အကျယ်တဝံ့ ရှင်းပြရရင်တော့ Singapore အစိုးရက နိုင်ငံခြားသား ကျောင်းသားတွေအတွက် ကျောင်းလခ (SGD 24000) ရဲ့ တစ်ဝက်စာကို လျှော့ပေးမှာဖြစ်ပြီး ကျောင်းသားတွေ ဘက်ကတော့ Singaporeနိုင်ငံမှာ 3 နှစ်အလုပ် ပြန်လုပ်ပေးရမှာ ဖြစ်ပါတယ်။ သုံးနှစ်လုပ်ပေးရမယ်ဆိုလို့ အလကားလုပ်ပေးရမှာ မဟုတ်ပါဘူး။ ပုံမှန်လစာနဲ့ပဲ လုပ်ပေးရမှာပါ။

ဒါကြောင့် ကိုယ့်ဘက်က နစ်နာစရာတော့ မရှိပါဘူး။ အကယ်၍ ကိုယ်က ကျောင်းပြီးလို့ Singapore နိုင်ငံမှာ မနေဖြစ်ဘဲ တခြားနိုင်ငံ တစ်နိုင်ငံကို ရောက်သွားတယ်ဆိုရင်တောင်မှ အဲ့နိုင်ငံမှာရှိတဲ့ Singapore အစိုးရပိုင် Company တစ်ခုမှာ အလုပ်လုပ်ပေးမယ် ဆိုရင်လည်း သူတို့ဘက်က လက်ခံပါတယ်။

ဒီလိုမျိုး နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ Tuition Grant Scheme ကို လျှောက်ချင်တယ်ဆိုရင်တော့ ကိုယ့်ကို လက်မှတ်ထိုးပေးမယ့် လူနှစ်ယောက် (2 Sureties) ရှိဖို့ လိုပါတယ်။ အဲ့လူနှစ်ယောက်က မိသားစုဝင် (မိဘ) ဖြစ်လို့လည်း ရပါတယ်။

📌သူတို့ရဲ့ သတ်မှတ်ချက်တွေကတော့

1. ဖြစ်နိုင်ရင် ထိုလူနှစ်ယောက်ဟာ မိသားစုဝင်ထဲကဆို ပိုကောင်းပါတယ်။

2. မည့်သည့်နိုင်ငံသားမဆို လက်မှတ်ထိုးပေးနိုင်ပြီး အသက်ကန့်သတ်ချက်အနေနဲ့ 21 ကနေ 65 ကြား (above 21 and below 65) ရှိရပါမယ်။

3. လက်မှတ်ထိုးပေးမယ့် လူနှစ်ယောက်ဟာ Tuition Grant (or) Scholarships ရထားတဲ့သူ မဖြစ်ရပါဘူး။

✔️ ဒီအချက်သုံးချက်နဲ့ ပြည့်စုံတယ်ဆိုရင်တော့ Tuition Grant Agreement ကို လက်မှတ်ထိုးပေးနိုင်ပါပြီ✔️။

သတိထားရမယ့် အချက်ကတော့ Poly ကျောင်းမပြီးခင် ကျောင်းထွက်သွားတာပဲ ဖြစ်ဖြစ် 3-year bond ကို ဖျက်လိုက်တာပဲဖြစ်ဖြစ် လုပ်မယ်ဆိုရင် သူတို့စိုက်ပေးထားတဲ့ ငွေ amount အတိုင်း ပြန်ပေးရမှာ ဖြစ်တဲ့အပြင် 10 % compound interest ကိုပါ ထပ်တိုးပေးရမှာ ဖြစ်ပါတယ်‼️။ ကောင်းကျိုး အနေနဲ့တော့ ကျောင်းလခ တစ်ဝက်စာ သက်သာပြီး တစ်နှစ်စာ ကျောင်းလခ SGD 12000 ခန့်၊ မြန်မာငွေကျပ် 324 သိန်းခန့်ပဲ ပေးရတော့မှာ ဖြစ်ပါတယ်✔️။

(2) DBS Tuition Fee Loan (TFL)

တစ်နှစ် SGD 12000 နဲ့ကျောင်းပြီးတဲ့အထိ 3နှစ်ဆိုလျှင် မြန်မာငွေကျပ် သိန်း ၁၀၀၀ နီးပါး ရှိတဲ့အတွက် များနေသေးတယ်ဆိုရင် နောက်ထပ် သက်သာမယ့် နည်းလမ်းတစ်ခုလည်း ရှိပါသေးတယ်။ အဲ့တာကတော့ DBS Tuition Fee Loan ပဲ ဖြစ်ပါတယ်။

TFL ဟာဆိုရင် Singapore နိုင်ငံရဲ့ DBS bank နဲ့ Polytechnic တွေ ချိတ်ဆက်ပြီးတော့ ကျောင်းလခအတွက် ချေးငွေထုတ်ပေးတာ ဖြစ်ပါတယ်။ ချေးငွေဆိုတဲ့ အတိုင်းပဲ ကျောင်းတက်နေစဉ် အတွင်း ထုတ်ချေးပေးတာဖြစ်ပြီး ကျောင်းပြီးသွားပါက ပြန်ဆပ်ပေးရမှာ ဖြစ်ပါတယ်။ သူတို့ပြောထားချက်အရ maximum amount အနေဖြင့် ကျောင်းလခ၏ 75% ကို ထုတ်ချေးပေးတယ် ဆိုပေမဲ့ ကျွန်တော်တို့ကိုတော့ 66.67% ပဲ ထုတ်ချေးပေးပါတယ်။

TG ယူပြီး ကျန်တဲ့ ကျောင်းလခ (SGD12000) ရဲ့ 66.67% ဖြစ်တဲ့ SGD 8000 ခန့်ကို ထုတ်ချေးပေးတဲ့အတွက် ကျွန်တော်တို့က တစ်နှစ်ကိုမှ SGD 4000 ခန့်သာ ပေးရတော့မှာ ဖြစ်ပါတယ်။ ထို SGD 4000 ကိုလည်း တစ်ခါတည်း ပေးစရာမလိုဘဲ Semester တစ်ဖြတ်ကို SGD 2000 နဲ့ တစ်နှစ်ကို နှစ်ကြိမ်ခွဲပေးရမှာ ဖြစ်ပါတယ်။

Tuition Fee loan လျှောက်ဖို့အတွက် ဘာတွေလိုအပ်လဲဆိုရင် ငွေချေးတာဖြစ်တဲ့အတွက် ကိုယ့်ကို ထောက်ခံပေးမယ့် Guarantor တစ်ယောက်လိုပါတယ်။ Sg ကို ကျောင်းလာတက်တဲ့ ကျောင်းသား အများစု ကြုံတွေ့ရတဲ့ ပြဿနာကတော့ ထို Guarantor ရှာရတဲ့ ပြဿနာပါပဲ။

📌ဘာဖြစ်လို့လဲ ဆိုရင် guarantor လုပ်မယ့်သူဟာ

1. Singapore Citizen or PR ပဲဖြစ်ရပါမယ်။
ကျန်တဲ့သူက guarantor လုပ်ပေးလို့မရပါဘူး‼️။

2. အသက် 21 ကနေ 60 အတွင်းဖြစ်ရပါမယ်။

အကယ်၍ ကိုယ့်ကို ထောက်ခံပေးမယ့် Singapore Citizen or PR ကို ရှာလို့ မရဘူးဆိုရင်တော့ Tuition Fee loan ကို ရနိုင်မှာ မဟုတ်ပါဘူး✖️။

(3) Loanကို ဘယ်လိုတွက်ချက်ပြီး ဘယ်နှစ်နှစ်ကြာအောင် ပြန်ဆပ်ရမလဲ?

ချေးငွေဖြစ်တဲ့ အတွက် ကျောင်းပြီးသွားလို့ Graduated ဖြစ်သွားတဲ့ အချိန်ကစပြီးတော့ သူ့ဘဏ်ရဲ့ သတ်မှတ်ထားတဲ့ interest rate နဲ့ interest စယူပါတယ်။ ကျောင်းတက်နေတဲ့ ၃ နှစ်စာကိုတော့ interest free နဲ့ ချေးပေးပါတယ်။ ကိုယ်က ပြန်ဆပ်ချင်တယ်ဆိုရင်တော့ တစ်ခါတည်း ငွေအကုန် ပြန်ဆပ်လို့ရသလို installment နဲ့ လည်း ပြန်ဆပ်လို့ရပါတယ်။

Installment နဲ့ ပြန်ဆပ်မယ်ဆိုရင်တော့ အနည်းဆုံးအနေနဲ့ တစ်လကို $100 နှုန်းနဲ့ repayment period maximum 10 နှစ် ကြာအထိ အချိန်ယူပြီး ပြန်ဆပ်နိုင်ပါတယ်။ TG ရော TFL ပါ ယူပြီးပြီဆိုရင်တော့ တစ်နှစ်ကို ကျောင်းလခ SGD 4000 ခန့်သာ ပေးသွင်းရမှာဖြစ်ပြီး Semester တစ်ဖြတ်ကို SGD 2000 ခန့်၊ မြန်မာငွေကျပ် 54 သိန်းခန့်ပဲ ပေးရတော့မှာ ဖြစ်ပါတယ်။

✔️ဒါ့ကြောင့် ဖြစ်နိုင်မယ် ဆိုရင်တော့ TG ရော TFL ကိုပါ ယူဖို့ အကြံပေးချင်ပါတယ်✔️။

အခုလောက်ဆိုရင်တော့ Singapore က Poly တွေမှာ ကျောင်းတက်ရင် ဘယ်လောက်ကုန်ကျမလဲဆိုတာကို အကြမ်းဖျင်း သိလောက်ပြီလို့ ထင်ပါတယ်။

နောက် post တွေမှာလည်း ဗဟုသုတ ရစရာတွေကို sharing လုပ်ပေးသွားမှာ ဖြစ်လို့ page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ 🔔

27/03/2024
23/03/2024
08/09/2023

ကိုင်းလာပြီဗျာ အကြိုက်ဆွဲတော့။

ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍
ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။
စာအုပ်များပေါ်ထွက်လာလိမ့်မယ်
နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်

ကဗျာစာအုပ်များ
https://yadi.sk/d/BQyHLzoufQXPX

ခင်ခင်ထူး
https://yadi.sk/d/KtKuAcbXgVNmj

ချစ်စံဝင်း
https://yadi.sk/d/BU2XKZbugx9Ex

ချစ်ဦးညို
https://yadi.sk/d/rU4MkOd1gApsz

ဂမ္ဘီရစာအုပ်များ
https://yadi.sk/d/dJEyZO6CfQXPZ

စပ်စု
https://yadi.sk/d/i4yJ56s8eut8i

စွယ်စုံကျမ်း
https://yadi.sk/d/FoE5markfQXPj

စာအုပ်ပေါင်းစုံ
https://yadi.sk/d/70hWsKVTfQXPf

ဇာဂနာ
https://yadi.sk/d/mZnPo9MafQXPm

တက္ကသိုလ်ဘုန်းနိုင်
https://yadi.sk/d/8f3aw1u3fQXap

တာရာမင်းဝေ
https://yadi.sk/d/HnHuiehUfQXar

ဒဂုန်ရွှေမျှား
https://yadi.sk/d/zsjJwRs7fhdsq

နတ်နွယ်
https://yadi.sk/d/arnJ0mCBfQXPq

ပါရဂူ
https://yadi.sk/d/KP57Yo1FfQXPu

ပီမိုးနင်း
https://yadi.sk/d/0vl8nWw9fQXav

ပုံပြင် စာအုပ်များ
https://yadi.sk/d/fOBZgOdGfQXax

ဖားအောက်တောရဆရာတော်တရားစာအုပ်များ
https://yadi.sk/d/8K3-VrINiEvoW

ဖိုးကျော့
https://yadi.sk/d/J9bA2LG9fQXb3

ကြူမွှေး
https://yadi.sk/d/GqUc6v3Xk78eX

မင်းသိင်္ခ
https://yadi.sk/d/zseaLkxtfQXb7

မဟာစည်ဆရာတော်အရှင် သောဘန
https://yadi.sk/d/Pr261wIbk78ek

မဟာဗုဒ္ဓဝင် ၆တွဲ ၈အုပ်
https://yadi.sk/d/vnbbTnNCfQXbB

မဟာဆွေ
https://yadi.sk/d/nPcEu--ifQXbM

ငြိမ်းကျော်
https://yadi.sk/d/xTIeW5iek78f5

မြန်မာစာပေဆိုင်ရာ စာအုပ်များ
https://yadi.sk/d/T0EULiToeqNQE

မြန်မာနိင်ငံ ရဟန္တာနှင့်ရဟန်းထူးများ ၂တွဲ
https://yadi.sk/d/_f-KTy9VetZFZ

မြသန်းတင့်
https://yadi.sk/d/Fk5bKmJ_fQXbj

ရဟန်းတော်များထေရုပ္ပတ္တိဆိုင်ရာစာအုပ်များ
https://yadi.sk/d/i8T46pQpgApts

လယ်တွင်းသားစောချစ်
https://yadi.sk/d/ddpA-OC8gx9Fs

သိန်းဖေမြင့်
https://yadi.sk/d/r1Mv3rrUfQXQ2

သုမောင်
https://yadi.sk/d/Dl79Kcb0gx9Fu

အဏ္ဏဝါ စိုးမိုး
https://yadi.sk/d/j4jds1jbfQXbR

အထုပ္ပတ္တိဆိုင်ရာစာအုပ်များ ၁
https://yadi.sk/d/-3k8njRHfVbrk

အထုပ္ပတ္တိဆိုင်ရာစာအုပ်များ ၂
https://yadi.sk/d/-lbs87odfYWoR

အထုပ္ပတ္တိဆိုင်ရာစာအုပ်များ ၃
https://yadi.sk/d/WZz9csP3fauQf

အရှင်ဆန္ဒာဓိက
https://yadi.sk/d/3esbITH6fQXQ4

အရှင်နန္ဒမာလာ
https://yadi.sk/d/OKVjg8nOgApuA

အရိုး
https://yadi.sk/d/OlTVATGtfQXbV

အီကြာကွေး
https://yadi.sk/d/IEZQ_Z_5fQXQ6

အထွေထွေ
https://yadi.sk/d/CM4lUbCCfSfLf

အထွေထွေဗဟုသုတ ဆိုင်ရာဆောင်းပါးများ ၄
https://yadi.sk/d/tVkDeU32gVNnc

အထွေထွေဗဟုသုတ ဆိုင်ရာဆောင်းပါးများ ၅
https://yadi.sk/d/wN7vqdWhgVNne

အထွေထွေဗဟုသုတဆိုင်ရာဆောင်းပါးများ ၁
https://yadi.sk/d/WV943ctXgVNnk

အထွေထွေဗဟုသုတဆိုင်ရာဆောင်းပါးများ ၂
https://yadi.sk/d/QBv7Ue-cgVNnp

အထွေထွေဗဟုသုတဆိုင်ရာဆောင်းပါးများ ၃
https://yadi.sk/d/t3sEgYd-gVNnv

ဦးတင်ဦး
https://yadi.sk/d/sViM3qzkk78gN

ဦးလှဝင်း
https://yadi.sk/d/GEm3ZRVffQXQ8

ဦးဝင်းတင်
https://yadi.sk/d/7pP21N2Lk78gV

ဦးသုခ
https://yadi.sk/d/itUXggIPgApuJ

ဦးနု
https://yadi.sk/d/daHkAKfhgApuL

ငွေဥဒေါင်း...ဗုဒ္ဓစာပန်းချီ
https://yadi.sk/d/vIlpyYVyfQXbZ

ဖေမြင့်
https://yadi.sk/d/60GpdLLDew5hd

ကြေးမုံဦးသောင်း
https://yadi.sk/d/Jqb9CXN7fQXQW

မေတ္တာရှင်(ရွှေပြည်သာ)
https://yadi.sk/d/pz7gs_XWfQXbb

မောင်ထင်
https://yadi.sk/d/o8g9p3JUfQXQG

မောင်ထွန်းသူ
https://yadi.sk/d/X5zKnscefQXbd

ရွှေဥဒေါင်း
https://yadi.sk/d/2vtz2qn2fQXQJ

သော်တာဆွေ
https://yadi.sk/d/Lun8JdxSepWS5

အောင်သင်း
https://yadi.sk/d/eXUbxPeffQXQQ

၅၅၀ ဇာတ်ဝတ္ထုများ
https://yadi.sk/d/cs9p1Q5piEwCe
MCM books
https://yadi.sk/d/mfleWBuWiEwCk
Mmteashop
https://yadi.sk/d/hg7i4zTtiEwCp

ဣဒ္ဓိပါလ No.1
https://yadi.sk/d/ukUvzAmjk5xFR

ကံချွန်
https://yadi.sk/d/BdJcgi0Egx97j

ခင်မျိုးချစ်
https://yadi.sk/d/6WPrkHFPiEwCx

ခင်ဆွေဦး
https://yadi.sk/d/SAXauAPSiEwD3

ခင်မောင်ဇော်
https://yadi.sk/d/Yjo7Jmjbk5xFo

ခင်နှင်းယု
https://yadi.sk/d/vuJGlEqngVPFW

ဂျာနယ်ကျော် မမလေး
https://yadi.sk/d/HtaT5oeSiEwDB

စစ်ကိုင်း ဦးဘိုးသင်း
https://yadi.sk/d/iz4KU2oIgUUpd

စာစီစာရိုက်လေ့ကျင့်နည်းစာအုပ်
https://yadi.sk/d/SKJQmdG9hEoc7

ဆင်ဖြူကျွန်း အောင်သိန်း
https://yadi.sk/d/Pe0KNZ9Wgx97m

ဇဝန
https://yadi.sk/d/ufcTZjzagVPFa

ညီပုလေး
https://yadi.sk/d/Ef2a3HtKk5xGC

တက္ကသိုလ် နန္ဒမိတ်
https://yadi.sk/d/n4SqkaAsiEwDV

တက္ကသိုလ်နေဝင်း
https://yadi.sk/d/54VMVw9diEwDZ

တက္တိုး
https://yadi.sk/d/FGc2vh4OiEwDb

တင့်တယ်
https://yadi.sk/d/KzaBuMeCk5xGa

တင်မောင်မြင့်
https://yadi.sk/d/DZEpFPSihEoc9

ထင်လင်း
https://yadi.sk/d/gzS403k4k5xGp

ဒဂုန်ဥိးစန်းငွေ
https://yadi.sk/d/Xoq47Ewdk5xGv

ဓမ္မပဒဝတ္ထု ၅ တွဲ
https://yadi.sk/d/Wk8SSDY6iEwDm

ဓမ္မာစရိယဦးဌေးလှိုင်
https://yadi.sk/d/pWMQM8YviEwDq

နီကိုရဲ
https://yadi.sk/d/Lf9SowV0gVPFc

နန္ဒ
https://yadi.sk/d/tRPQGbP6k5xHB

နန္ဒာသိန်းဇံ
https://yadi.sk/d/jzb0LgIbgVPFk

ပျို့လင်္ကာစာအုပ်များ
https://yadi.sk/d/GQsACSFVgVPFn

ဗန်းမော်တင်အောင်
https://yadi.sk/d/TXUwMqsogVPFr

ဗိုလ်တာရာ
https://yadi.sk/d/qcdQupnek5xHM

မင်းယုဝေ
https://yadi.sk/d/zHd3t8jpiEwE6

မင်းမြတ်သူရ
https://yadi.sk/d/S8IPSpz1iEwEC

မင်းလူ
https://yadi.sk/d/iFT7pZGlgVPFv

မင်းသုဝဏ်
https://yadi.sk/d/GX-P-Kp_iEwEG

မစန္ဒာ
https://yadi.sk/d/5LO18pr2gx97s

မန်းတင်
https://yadi.sk/d/aq8MM_kciEwEN

မိချမ်းဝေ
https://yadi.sk/d/w0SPF8SAhEocD

မိုးမိုး(အင်းလျား)
https://yadi.sk/d/qpB7jN8zgx97y

မိုးဝေ
https://yadi.sk/d/XV4E1HINiEwEY

မြန်မာ့မဟာဂီတစာအုပ်များ
https://yadi.sk/d/8hB1Vo8_hEocF

မြန်မာ့နိုင်ငံရေးဆိုင်ရာစာအုပ်များ
https://yadi.sk/d/fXhlcBBeiEwDH

မြသန်းစံ
https://yadi.sk/d/ySRhOsqwhEocH

ရန်ကုန်ဘဆွေ
https://yadi.sk/d/IdlKkeuFiEwEn

လင်္ကာရည်ကျော်
https://yadi.sk/d/osXlEv37iEwEr

လင်းယုန်သစ်လွင်
https://yadi.sk/d/fyTrQtUHk5xJ4

လင်းဝေမြိုင်
https://yadi.sk/d/rZ5Q3uSCiEwEx

လယ်တီဒီပနီစာအုပ်များ
https://yadi.sk/d/pFi-lsi-hEocK

လူထု စိန်ဝင်း
https://yadi.sk/d/OCKvLtHqhEocM

လူထု ဦးလှ အမှတ်တရ
https://yadi.sk/d/9iokaOwOhEocP

လူထု ဒေါ်အမာ
https://yadi.sk/d/oZVpKi55hEocR

ဝတ္ထုတိုပေါင်းချုပ်များ
https://yadi.sk/d/NA1V879igx982

သခင် ဘသောင်း
https://yadi.sk/d/2cyqitajiEwFF

သစ္စာနီ
https://yadi.sk/d/0B1XIP5DiEwFM

သိပ္ပံမောင်ဝ
https://yadi.sk/d/ZLu84u2oiEwFX

ဟာသ
https://yadi.sk/d/D2eMrbcOk5xJJ

အထုပ္ပတ္တိဆိုင်ရာစာအုပ်များ ၄
https://yadi.sk/d/piXLKvJUgx984

အကြည်တော်
https://yadi.sk/d/j-RpWwyvgVPFz

အရှင်သံဝရာဘိဝံသ
https://yadi.sk/d/mzFqdiHKk5xJY

အထွေထွေစာအုပ်များ
https://yadi.sk/d/vzRSNbb0iEwFd

အထောက်တော်လှအောင်
https://yadi.sk/d/-ai_45iMiEwFh

ဥေပဒ
https://yadi.sk/d/vmxy-ipYgVPG3

ဦးဆန်းလွင်
https://yadi.sk/d/-cfxbwx_hEocT

ဦးဖိုးကျား
https://yadi.sk/d/hYujuIiViEwFw

ဦးဘုန်း
https://yadi.sk/d/jYt-14BEgx98A

ကျော်ထူး
https://yadi.sk/d/ZnGqoYAOk5xKD

ကျော်မြသန်း
https://yadi.sk/d/VrqOPQ_jiEwGC

ကျော်အောင်
https://yadi.sk/d/YqxzCEYSiEwGG

ဆောင်းလုလင်
https://yadi.sk/d/q7sRcRs8hEocV

ဒေါက်တာ မတင်ဝင်း
https://yadi.sk/d/FXwll4h8hEocX

နေဝင်းမြင့်
https://yadi.sk/d/kMATHCuRgVPGF

နေနော်
https://yadi.sk/d/gXzVbfXCiEwGN

မောင်စိန်ဝင်း(ပုတီးကုန်း)
https://yadi.sk/d/4QkKbIDviEwGU

မောင်မိုးသူ
https://yadi.sk/d/CsENcsaDiEwGc

မောင်လှမျိုး(ချင်းချောင်းခြံ)
https://yadi.sk/d/3q-8NE1piEwGi

မောင်သာချို
https://yadi.sk/d/x6B5X9BriEwGn

မောင်သိန်းဆိုင်
https://yadi.sk/d/vo2hRFxBiEwGt

မောင်ပေါ်ထွန်း
https://yadi.sk/d/eXcXKE3WgU9Ay

ရွှေကူမေနှင်း
https://yadi.sk/d/RnJOUew-k5xKd

အောင်ခန့်
https://yadi.sk/d/3cioTuBbiEwGv

နုနုရည် (အင်းဝ)
https://yadi.sk/d/BgcSYkkwiEwH3

စွယ်စုံကျမ်း နှစ်ချုပ်များ
https://yadi.sk/d/axWglZXZk8Xmz

စိုက်ပျိုးရေး စာအုပ်များ
https://yadi.sk/d/J9NKBW4ok8Xn5

ဆန်းထွန်း
https://yadi.sk/d/gz2ajtJak8XnB

ဆယ်စောင်တွဲကျမ်းများ
https://yadi.sk/d/OzzNK39dk8XnD

ဇင်သန့်
https://yadi.sk/d/qCRT4n71k8XnH

တည်တောဆရာတော်
https://yadi.sk/d/aI2X_w6Dk8XnJ

ဒဂုန္တာရာ
https://yadi.sk/d/eH68CxHWk8XnK

မင်းကွန်းဆရာတော်ကြီး
https://yadi.sk/d/4wW2LqvDk8XnM

ယုဝတီဂျင်းဖောမယ်
https://yadi.sk/d/4zxy8yTxk8XnP

မြင့်ဆွေ
https://yadi.sk/d/yp4fl4LZk8XnR

မြန်မာ့စွယ်စုံကျမ်းများ အတွဲ ၁၀-၁၅
https://yadi.sk/d/4X-XIGWdk8XnS

ရန်အောင်
https://yadi.sk/d/jvakPK76k8XnW

သာဓု
https://yadi.sk/d/Ru_zDFD0k8XnZ

သာသနာဝင်စာအုပ်များ
https://yadi.sk/d/qTPfjxMLk8Xni

သပြေကန်ဆရာတော်
https://yadi.sk/d/JVMiVsFrk8Xnp

ဟိန်းလတ်
https://yadi.sk/d/5s9PqcPGk8Xnt

အထွေထွေကျမ်းစာများ
https://yadi.sk/d/rJY2dHISk8Xnw

အထွေထွေဝတ္ထု နှင့် ဆောင်းပါးများးး
https://yadi.sk/d/wRjIPbKMk8Xny

အဖျောက်ဆရာတော်
https://yadi.sk/d/3wL3Pz-6k8Xnz

ဦးအေးမောင်
https://yadi.sk/d/q6atP84Ak8Xo3

ကျောက်မျက်ဆိုင်ရာ
https://yadi.sk/d/I8j0mPX2k8Xo8

စောမုံညင်း
https://yadi.sk/d/iG3WpwdWk8Xo9

ဇော်ဂျီ
https://yadi.sk/d/MUg6o6E3k8XoA

ဒေါက်တာမင်းတင်မွန်
https://yadi.sk/d/UK2zIqLnk8XoC

မောင်ခင်မင်(ဓနုဖြူ)
https://yadi.sk/d/nzRMdTtEk8XoG

မောင်မြင့်ကြွယ်
https://yadi.sk/d/9omL9nCvk8XoJ

မောင်နေဝင်း
https://yadi.sk/d/6Xy0h9EFk8XoM

မော်စီတုန်း
https://yadi.sk/d/qBZmljWik8XoR

ရွှေဝယ်ဧ
https://yadi.sk/d/O4sfYHsNk8XoT

၂၀ရာစုစာရေးဆရာများနှင့်စာစုများ
https://yadi.sk/d/mTiyrTOemcgyW
E pub စာအုပ်များ
https://yadi.sk/d/76tVdC3CmcgyX

ကျီးသဲလေးထပ်ဆရာတော်
https://yadi.sk/d/J1KW1Tgdmcgyb

ခင်စောတင့်
https://yadi.sk/d/y7sRpBpVmcgye

ညီညီနိုင်
https://yadi.sk/d/ZB2ojyXkmcgyg

ညီသစ်
https://yadi.sk/d/0p1Gluoimcgyi

တက္ကသိုလ်စိန်တင်
https://yadi.sk/d/WRxYfpNLmcgyn

တင်နိုင်တိုး
https://yadi.sk/d/j98l1GRYmcgyq

တိုက္စိုး
https://yadi.sk/d/ZO16cL-3mcgyt

မဟာဗုဒ္ဓဝင်စာအုပ်များ
https://yadi.sk/d/8w3fDw5Kmcgyy

မြင့်စိုးလှိုင်
https://yadi.sk/d/NTgHq--imcgz4

မြတ်ငြိမ်း
https://yadi.sk/d/qsuqPv5-mcgz8

လင်းယုန်မောင်မောင်
https://yadi.sk/d/YGUAEVnImcgz9

သဒ္ဓမ္မရံသီ ရိပ်သာဆရာတော်
https://yadi.sk/d/apHDXIVYmcgzD

အရှင်ဓမ္မဿာမီဘိဝံသ
https://yadi.sk/d/TnzHcMeCmcgzG

အထွေထွေဝတ္ထု များ
https://yadi.sk/d/M4kwO2OmmcgzL

ဦးကြင်ရွှေ
https://yadi.sk/d/StG1D-numcgzT

ညောင်ကန်ဆရာတော်ကြီး ၅၅၀ စာအုပ်များ
https://yadi.sk/d/f8T11D3PmcgzW

မောင်ဝံသ
https://yadi.sk/d/xJslVfDTmcgzZ

မောင်သာရ
https://yadi.sk/d/7yjBSnM-mcgza

မောင်ဖေငယ်
https://yadi.sk/d/VGwrfQ3Qmcgze

သောင်းထိုက်
https://yadi.sk/d/Z46ajlqJmcgzh

သောင်းဝေဦး
https://yadi.sk/d/DWuJOf70mcgzn

နိုင်ဝင်းဆွေ
https://yadi.sk/d/xlTXf9gmmcgzs


#ချစ်ခြင်းအားဖြင့်D_Nine
.

08/09/2023

ဂေါတမမြတ်စွာဘုရားဖြေကြားခဲ့တဲ့ အာဠာဝက ဘီလူးမင်းရဲ့ မေးခွန်းများ….🙏‼️

31/08/2023

နည်းပညာကို စိတ်၀င်စားတဲ့ ကျောင်းသားများအတွက် အခမဲ့ တက်နိုင်တဲ့ Computer Science Degree 💯
Open Source Computer Science Degree (OSCSD) ဆိုတာ အွန်လိုင်း ပို့ချချက်များ၊ ဖတ်စာအုပ်များ၊ ကုဒ်ရေးနည်း ပရောဂျက်များနဲ့ အခြားအရာများမှတစ်ဆင့် ကွန်ပျူတာသိပ္ပံတွင် ပညာသင်ကြားနိုင်ရန် ဒီဇိုင်းထုတ်ထားသော အခမဲ့ကောလိပ်အဆင့် သင်ရိုးညွှန်းတမ်းတစ်ခုဖြစ်ပါတယ်။

တတ်ထားချင်တဲ့ သူတွေအတွက် သိထားရမယ့် အဓိကအချက်အချို့ကတော့-

- စျေးကြီးတဲ့ ကောလိပ်ဒီဂရီများအပြငိ အခြားရွေးချယ်စရာတစ်ခုပေးရန် Forrest Knight မှဖန်တီးခဲ့တဲ့ အရာဖြစ်ပါတယ်။

- သင်တန်းအားလုံးအတွက် အရည်အသွေးမြင့် အခမဲ့အွန်လိုင်းအရင်းအမြစ်များကို အသုံးပြုနိုင်ပါတယ်။

- ပရိုဂရမ်းမင်း၊ သင်္ချာ၊ စနစ်များနှင့် သီအိုရီများကဲ့သို့သော အဓိက CS ခေါင်းစဉ်များရှိပါတယ်

- ဗီဒီယိုပို့ချချက်များ၊ ပြဋ္ဌာန်းစာအုပ်များ၊ ကုဒ်ရေးနည်းများနှင့် ဆွေးနွေးမှုများ ပါဝင်ပါတယ်။

- ကိုယ့်အချိန်နဲ့ကိုယ် သတ်မှတ်ပြီး အွန်လိုင်းမှာ အခမဲ့သင်နိုင်ပါတယ်။

-ကိုယ့် အသိပညာကို ပြရန် ပရောဂျက်များ၊ ကျွမ်းကျင်မှုများနှင့် Portfolio တစ်ခုကို တည်ဆောက်ရန် ကူညီပေးပါတယ်။

- အသိအမှတ်ပြုတဲ့ တရားဝင်ဘွဲ့မဟုတ်ပေမယ့် ပညာရေးအတွက် ကောင်းမွန်ပါတယ်။

- သင်ကြားရေးပစ္စည်းများနှင့် အရင်းအမြစ်များအားလုံးကို ပွင့်လင်းမြင်သာစွာ ရရှိနိုင်ပါတယ်။

- အကြံပြုချက်များလည်း ပေးနိုင်ပါတယ်။

- software engineering၊ web dev စသည်တို့ကဲ့သို့ အကျိုးစီးပွားများအတွက် သင်တန်းလမ်းကြောင်းများရှိပါတယ်

- ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းကို စိတ်ကြိုက်ပြင်ဆင်ရန် ဖွဲ့စည်းတည်ဆောက်ထားသော လမ်းညွှန်မှုလည်းရှိပါတယ်။

ယေဘုယျအားဖြင့်၊ OSCSD က လွတ်လပ်စွာရရှိနိုင်သော အွန်လိုင်းအရင်းအမြစ်များကို အသုံးပြုပြီး ာကွန်ပျူတာသိပ္ပံပညာရေးကိုရရှိရန် မူဘောင်တစ်ခုကို ပံ့ပိုးပေးပါပြီး ကုန်ကျစရိတ်မရှိဘဲ အခြေခံ CS အသိပညာနှင့် ကျွမ်းကျင်မှုများကို ဖွံ့ဖြိုးတိုးတက်စေနိုင်ပါတယ်။

MIT၊ Stanford နှင့် Princeton တို့ကဲ့သို့ ကျော်ကြားသော တက္ကသိုလ်များမှ အခမဲ့သင်တန်းများစာရင်းများကို စာရင်းလုပ်ပေးထားပါတယ်

အခြေခံ Computer Science
1. Intro to Computer Science- https://www.edx.org/course/cs50s-introduction-computer-science-harvardx-cs50x

Programming
2. Java Programming: Solving Problems with Software- https://imp.i384100.net/GjkPGV

3. Java Programming: Arrays, Lists, and Structured Data- https://imp.i384100.net/15knRR

4. Object Oriented Programming in Java- https://imp.i384100.net/ZdznBq

5. Data Structures and Performance- https://imp.i384100.net/oevm0b

6. Java Programming: Principles of Software Design- https://imp.i384100.net/zavZrO

7. Java Programming: Build a Recommendation System- https://imp.i384100.net/n1vro6

8. Programming Languages, Part A- https://github.com/ForrestKnight/open-source-cs/blob/master/imp.i384100.net/6b13oK

9. Programming Languages, Part B- https://imp.i384100.net/2rebMz

10. Programming Languages, Part C- https://imp.i384100.net/Ryogm9

သင်္ချာ

11. Calculus 1A: Differentiation- https://www.edx.org/course/calculus-1a-differentiation

12. Calculus 1B: Integration- https://www.edx.org/course/calculus-1b-integration

13. Calculus 1C: Coordinate Systems & Infinite Series- https://www.edx.org/course/calculus-1c-coordinate-systems-infinite-mitx-18-01-3x-0

14. Linear Algebra - Foundations to Frontiers- https://www.edx.org/course/linear-algebra-foundations-to-frontiers

15. Introduction to Probability and Data- https://imp.i384100.net/9WZ4E0

16. Intro to Statistics- https://imp.i115008.net/intro-to-statistics

စနစ်များ

17. Build a Modern Computer from First Principles: From Nand to Tetris -https://imp.i384100.net/6b13dV

18. Build a Modern Computer from First Principles: From Nand to Tetris II- https://imp.i384100.net/dovNVq

19. Introduction to Operating Systems - https://imp.i115008.net/introduction-to-operating-systems

သီအိုရီ

20. Computer Science: Algorithms, Theory, and Machines- https://imp.i384100.net/7mVROr

21. Algorithms, Part I- https://imp.i384100.net/DVm9eo

22. Algorithms, Part II- https://imp.i384100.net/jW4xyv

အသုံးချဘာသာရပ်များ
23. Software Engineering: Introduction- https://www.edx.org/course/software-engineering-introduction-ubcx-softeng1x

24. Machine Learning - https://imp.i384100.net/YgYEBJ

25. Database Management Essentials- https://imp.i384100.net/kjvDMn

26. Cryptography I- https://imp.i384100.net/DVm9ej

Unix

27. Linux Command Line Basics- https://imp.i115008.net/linux-command-line-basics

28. The Unix Workbench- https://imp.i384100.net/QOXZ4P

08/08/2023

ကမ္ဘာတစ်လွှားထင်ရှားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာပညာရှင် (၂၀၀) နီးပါးရဲ့ စာအုပ်ပေါင်းများစွာနှင့် သင်ကြားပို့ချချက်ပေါင်းများစွာကို ဝင်ရောက် Down လို့လည်းရ၊ လေ့လာလို့လည်းရတဲ့ The Open Buddhist University Website

ဝက်ဆိုက်လမ်းညွှန် အကျဉ်း
~~~~~~~~~~~~~~~~

The Open Buddhist University ဝက်ဆိုက်ထဲ ဝင်လိုက်တာနဲ့ Course နဲ့ Library ဆိုပြီး ရွေးချယ်စရာ နှစ်မျိုးတွေ့ရပါလိမ့်မယ်။ Course ထဲမှာတော့ ပါဠိဘာသာစကားလေ့လာမှု, Buddhist Philosophy, Ethics အစရှိတဲ့ ခေါင်းစီးနှစ်ဆယ့်တစ်ခုအောက်မှာ ပညာရှင်တွေသင်ကြားပို့ချထားတဲ့ ပို့ချချက်များစွာကို ဖော်ပြပေးထားပါတယ်။

Library ဆိုတဲ့ ဒုတိယအုပ်စုထဲမှာတော့ Topics, Authors, Timeline အစရှိတဲ့ ရွေးချယ်စရာ ခုနှစ်ခု တွေ့ရပါလိမ့်မယ်။ ကိုယ်သိချင်တဲ့အကြောင်းအရာကို ခေါင်းစီးအလိုက်, အကြောင်းအရာလိုက် ရိုက်ရှာချင်ရင်တော့ Topics ကို ရွေးပါ။ စာရေးဆရာအမည်နဲ့ ရှာချင်ရတော့ Authors ကို ရွေးပါ။ Authors ထဲမှာ စာရေးသူတွေရဲ့အမည်တွေကို A -to Z စဉ်ပေးထားပါတယ်။ ဥပမာ သက်နက်ဟန်စာအုပ်တွေကို ရယူချင်ရင် T အုပ်စုထဲ ရွေးလိုက်ရုံပဲ။ အောက်စဖို့ဒ်တက္ကသိုလ် ဗုဒ္ဓဘာသာလေ့လာရေးရဲ့ ပါမောက္ခ Richard Gombrich အမည်နဲ့ရှာချင်ရင် နောက်အမည်ဖြစ်တဲ့ Gombrich, G အုပ်စုမှာ ရှာရုံပါပဲ။ နိုဘယ်ဆုရှင် ဒလိုင်းလားမားဆရာတော်ကြီးဆို D အုပ်စု။ စာရေးသူရဲ့အမည်နောက်မှာ ဆောင်းပါးနှင့် စာအုပ်အရေအတွက်ကိုပါ ဂဏန်းနဲ့ တစ်ပါတည်း ဖော်ပြပေးထားပါတယ်။ မြန်မာပြည်ကဆို ဗုဒ္ဓဘာသာဆိုင်ရာ ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်ရဲ့ အက်ဆေးတစ်ခုကို ဖော်ပြပေးထားတာ တွေ့ရတယ်။

ဝက်ဆိုက် link

https://buddhistuniversity.net

ဦးဝဏ္ဏသိရီ (ပုလော)

26/06/2023

ပိဋကတ်မှ နိဿယသို့
=============
အန်းဒရိုက် ဖုန်း, တက်ဘလက်တွေအတွက် ပါဠိတော်ကနေ နိဿယကို တန်းဖွင့်လို့ရအောင် စီစဉ်ပေးလိုက်ပါပြီ။

အခုနောက်ဆုံး ပေးမယ့် ဆော့ဖ်ဝဲ (၄) မျိုးလုံးကိုတော့ သွင်းထားရမှာ ဖြစ်ပါတယ်။

ပါဠိတော်
ပါဠိတော်နိဿယ
အဋ္ဌကထာနိဿယ
ဋီကာနိဿယ

(အရင်အဟောင်းရှိရင် သေချာအောင် ဖျက်ပစ်ပါ။)

နောက်ဆုံး (၄) မျိုးကို စက်ထဲကို ရယူမောင်းနှင်ပြီးတာနဲ့ အလုပ်လုပ်သလား မလုပ်ဖူးလား တစ်ခုချင်း စစ်ကြည့်ပါဦး။

(၄) မျိုးလုံး အလုပ်လုပ်တာ သေချာပြီဆိုမှ

(က) ပါဠိတော် ဆော့ဖ်ဝဲကို ဖွင့်ပါ။
(ခ) ကျမ်းတစ်ကျမ်းကျမ်းကို ဖွင့်ပါ။
(ဂ) အောက်ဘားတန်းရဲ့ ညာဘက်အစွန်က အစက်ကလေး သုံးစက်ကို နှိပ်ပါ။
(ဃ) ဘားတန်းတစ်ခု ထပ်ပေါ်လိမ့်မယ်။ အဲသည့်အထဲက ညာဘက်အစွန်က ဒုတိယမြောက် စာအုပ်သုံးအုပ် ထောင်လျက်သား သင်္ကေတလေးကို နှိပ်ပါ။

သက်ဆိုင်ရာ နိဿျဆော့ဖ်ဝဲက ပွင့်လာပြီး လက်ရှိပါဠိတော် စာမျက်နှာနဲ့ သက်ဆိုင်တဲ့ နိဿယတွေကို ပြသွားပါလိမ့်မယ်။

ဆော့ဖ်ဝဲရေးသားသူက - ဦးပညာဓဇ (မော်လမြိုင်)ပါ။

ယခင်က Android ဖုန်းများအတွက် ပိဋကတ်ဆိုင်ရာ ApkများShareထားခဲ့ဖူးသောလင့်များမှာ တချို့ပျက်ကုန်ပြီဖြစ်၍ ယခုတစ်ဖန် မိမိကိုယ်တိုင်စမ်းသပ်ထည့်သွင်းပြီး အဆင်ပြေသောလင့်များရွေးချယ်စုစည်းကာ ပြန်လည်တင်ရပါသည်။

(ဆော့ဖ်ဝဲများ ရယူရန်)
နိဿယများမှာ ဖိုင်ဆိုဒ်ကြီးသဖြင့် အကယ်၍wifiမရပါက ဒေတာပက်ကေ့ဖြင့်သာဒေါင်းပါ။ တိပိဋကအဘိဓာန်သည်လည်း 700mbခန့်ရှိပါသည်။ ကျန်appများမှာ သိပ်မကြီးပါ။

https://msy-elibrary.blogspot.com/2020/02/blog-post.html

တိပိဋကအဘိဓာန်
https://mobile.twitter.com/mrpndaza/status/1194660002524356608?s=20

တိပိဋကပါဠိ
https://play.google.com/store/apps/details?id=mm.pndaza.tipitakapali

တိပိဋကမြန်မာပြန်
https://play.google.com/store/apps/details?id=mm.pndaza.tipitakamyanmar

ပိဋကသရူပ ပိဋကသုံးပုံသရုပ်စုံအဘိဓာန်
https://play.google.com/store/apps/details?id=mm.pndaza.pitakasarupa

သုသေသနသရုပ်ပြအဘိဓာန်
https://play.google.com/store/apps/details?id=mm.pndaza.thupyadictionary

မဟာဗုဒ္ဓဝင် (မင်းကွန်းဆရာတော်)
https://play.google.com/store/apps/details?id=mm.pndaza.mahabuddhavan

မဃဒေဝ (မန်လည်ဆရာတော်)
https://play.google.com/store/apps/details?id=mm.pndaza.maghadeva

ဝိဂ္ဂဟနိရုတ္တိ
https://play.google.com/store/apps/details?id=org.buddhism.tayar.monks.teaching.viggaha.nirutti

ပါဠိ - မြန်မာ အဘိဓာန်
http://www.mediafire.com/file/67o7v39js67cdnf/pali_dicionary.apk/file

ပိဋက လမ်းညွှန်
http://www.mediafire.com/file/cmdj5bcf9mrtks9/pitaka_guide.apk/file

ဝထ္ထုလမ်းညွှန်
http://www.mediafire.com/file/8c208u99khlh5bn/vatthu_guide.apk/file

ပါဠိ+မြန်မာအဘိဓာန် (ဦးဟုတ်စိန်)
https://play.google.com/store/apps/details?id=uhs.tayar.myanmar.pali.dictionary.reference

မြန်မာအဘိဓာန်
https://play.google.com/store/apps/details?id=mm.technomation.ka_aha_dictionary

မြန်မာစာသတ်ပုံကျမ်း
https://play.google.com/store/apps/details?id=com.mmdeveloper.khunsma.myanmarspelling

မြန်မာပြက္ခဒိန်
https://play.google.com/store/apps/details?id=com.felixmyanmar.mmyearx

ဓမ္မသစ္စာ (ဆရာတော်များ၏တရားများ)
https://play.google.com/store/apps/details?id=com.servinnotech.thitsarparamisociety

မြန်မာစာအုပ်စဉ် (PDF ebooks)
https://play.google.com/store/apps/details?id=com.naing.screencracker

ပုဂံလမ်းညွန်
https://play.google.com/store/apps/details?id=com.myanmar.bagan

သက်ဆိုင်ရာဆော့ဖ်ဝဲရေးသားသူများကို ခရက်ဒစ်ပေး၍မျှဝေပါသည်။

12/06/2023

ကိုးကွယ်ဆည်းကပ်ခြင်း(သရဏဂုံ)
ဧရာ(မန္တလေး)

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
သရဏဂုံသည် သရဏဂမန ဟူသော ပါဠိ ဝေါဟာရအား မြန်မာမှုပြုထားခြင်းဖြစ်၍ ကိုးကွယ်ရာသို့ ဆည်းကပ်ခြင်း(going for rufuge)ဟု တိုက်ရိုက်အနက် ရသည်။ ကိုးကွယ်ခြင်းဟူသော မြန်မာဝေါဟာရအရ ပင် အားကိုးခြင်း၊ အကာအကွယ်ပြုခြင်းဟု နားလည် နိုင်ပါသည်။ ကြောက်ရွံ့ထိတ်လန့်ခြင်း၊ ဆင်းရဲခြင်း၊ ဒုဂ္ဂတိ(မကောင်းသောလားရာ)သို့ကျရောက်ခြင်း၊ စိတ် ညစ်ညူးပူပန်ခြင်းတို့ကို ပယ်ဖျောက်ငြိမ်းအေးစေတတ် သောကြောင့် သရဏ(ကိုးကွယ်ရာ) ဟု ခေါ်ကြောင်း အဋ္ဌကထာတို့က အဓိပ္ပာယ် ဖွင့်ဆိုသည်။ (ဗုဒ္ဓ ဓမ္မ သံဃဟူသော ကိုးကွယ်ရာသုံးပါးတို့သည် လေးစား မြတ်နိုး တန်ဖိုးထားအပ်သောကြောင့် ရတနာသုံးပါးဟုလည်းခေါ်သည်။)
ကိုးကွယ်ခြင်းသည် ကြောက်ရွံ့ခြင်းနှင့် ဆက်စပ် နေသည်။ ကြောက်ရွံ့ခြင်းသည်လည်း ဘေးဒုက္ခများ နှင့်ဆက်စပ်နေသည်။ ကမ္ဘာဦးခေတ်ကစ၍ပင် ဘေး အန္တရာယ်များ၊ ဒုက္ခများကိုရှောင်ရှားရန် သစ်ပင်၊တော တောင် ရေ မြေ လေ မီးတို့ကို ကိုးကွယ်ခဲ့ကြသည်။ ထိုသို့ ကိုးကွယ်ခဲ့ခြင်းဖြင့် ကျရောက်လာမည့် ဘေး အန္တရာယ်တို့မှ အမှန်တကယ် ကာကွယ်ပေးနိုင်ခြင်းရှိ မရှိ မသေချာသော်လည်း ကြောက်ရွံ့စိတ်တို့ကို ဖြေဖျောက်ပေးနိုင်မည့် စိတ်ဓာတ်ခွန်အား၊ စိတ်၏ ဖြေဆည်ရာ သက်သာရာကို အထိုက်အလျောက်ပေးနိုင် သည်ကိုမူ ငြင်းပယ်၍မရ။ သို့သော် မှားယွင်းသော ကိုးကွယ်မှုသည် စိတ်အမောကို ခေတ္တဖြေဆည်နိုင်သော် လည်း ဆင်းရဲဒုက္ခများမှမလွတ်မြောက်နိုင်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် ဗုဒ္ဓဘာသာရှုထောင့်မှ မှန်ကန်သောကိုးကွယ်မှု၏အဓိပ္ပာယ်ကိုသိသင့်သည်။
ရည်ရွယ်ချက်
လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင် မိမိ၏ အသက်သွေးတို့ကို စတေး၍ ပါရမီဖြည့်ကျင့်ကာ ပွင့်ထွန်းလာခြင်းမှာ ဗုဒ္ဓမြတ်စွာသည် လောက၏ အကျိုးစီးပွားကို ဆောင်ကြဉ်းရန်ဖြစ်သည်။ အကျိုးစီးပွား ဟူရာတွင် -
(၁) မျက်မှောက်အကျိုးစီးပွား(ဒိဋ္ဌဓမ္မ ဟိတသုခ)
(၂) တမလွန်အကျိုးစီးပွား(သမ္ပရာယိကဟိတသုခ)
(၃) ဒုက္ခခပ်သိမ်း ကင်းငြိမ်းသော နိဗ္ဗာန်ချမ်းသာ
(ဝိမုတ္တိသုခ)ဟူ၍ အဆင့် သုံးဆင့်ခွဲနိုင်သည်။
အပြန်အလှန်အားဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ခြင်းသည် မျက်မှောက်ဘဝတွင် ကြုံတွေ့ရသော ဆင်းရဲဒုက္ခများ၊ တမလွန်ဘဝတွင် ကျရောက်မည့် အပါယ်ဘေးနှင့် သံသရာဝဋ်ဆင်းရဲဘေးဟူသော ဘေး သုံးမျိုးမှအကာအကွယ်ပြုရန် ဖြစ်သည်။ မျက်မှောက် ဘဝတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အမျိုးမျိုးသော ပြဿနာများ၊ ဘေးအန္တရာယ်များ ကြုံတွေ့ကြရသည်။ ဗုဒ္ဓမြတ်စွာသည် ထိုအရေး များစွာ အတွက်လမ်းညွှန်ပေးသည့် တရားဒေသနာများ ဟောကြားခဲ့သည်။ မင်္ဂလသုတ်၊ သိင်္ဂါလောဝါဒသုတ်၊ ဒီဃဇာဏုသုတ်၊ အပရိဟာနိယဓမ္မ စသည်တို့သည် ထင်ရှားသောဥပမာများဖြစ်သည်။ဗုဒ္ဓ၏အဆုံးအမ များအား လိုက်နာခြင်းဖြင့် မျက်မှောက်ဘဝချမ်းသာကို ရရှိနိုင်သည်။ သို့သော် ဗုဒ္ဓဝါဒအရ ခန္ဓာရှိနေသရွေ့ ကြုံတွေ့ရမည့် ဘေးအန္တရာယ်တို့ကို အြွကင်းမဲ့ ရှောင်ရှား၍မရ။ ဘုရားရဟန္တာများသော်မှ ရောဂါဝေဒနာ ခံစားရသည်။ ရိုက်နှက်နှိပ်စက်ညှဉ်းပန်းမှု ခံကြရသည်။ ကဲ့ရဲ့ရှုတ်ချ ဝေဖန်မှုခံကြရသည်။ သို့သော် ဘုရား ရဟန္တာတို့က ထိုဒုက္ခတို့အား တည်ငြိမ်အေးချမ်းစွာ ရင်ဆိုင်နိုင်ကြသည်။ စိတ်ညစ်ခြင်း၊ စိတ်ပျက်ခြင်း၊ စိတ် ဆင်းရဲခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ တုန်လှုပ်ချောက်ချားခြင်း၊ ပူဆွေး ငိြုွေကးခြင်းစသော ထိခိုက်သောစိတ်တို့ဖြင့် တုံ့ပြန်ခြင်း မရှိကြ။ ကိုယ်နာသော်လည်း စိတ်မနာကြ။ အပြစ်မရှိသော အမှုတို့ကိုဆောင်ရွက်ခြင်း၊ ဒုစရိုက်တို့ကို ရှောင်ရှားခြင်းတို့ဖြင့် မျက်မှောက်ဘဝတွင် ကျရောက် လာမည့် အကျိုးဆက်တို့ကိုကာကွယ်ခြင်း၊ အကယ်၍ မလွဲရှောင်သာ၍ လောကဓံတရားတို့ကို ကြုံတွေ့ပါက လည်း ဘုရားရဟန္တာကြီးများအား အတုယူ၍ တည်ငြိမ် အေးချမ်းစွာရင်ဆိုင်ဖြေရှင်းနိုင်ရန် ကြိုးစားခြင်းတို့သည် ပထမအဆင့် မျက်မှောက်ဘေးရန်မှ အကာအကွယ် ပြုခြင်း ဖြစ်သည်။
မျက်မှောက်ဘဝတွင် ကြုံတွေ့ကြရသော ဘေး ဒုက္ခတို့သည် သေဆုံးခြင်းဖြင့် အပြီးသတ်၍ မသွား။ တမလွန်ဘဝတွင်လည်း ထိုထိုဆင်းရဲဒုက္ခတို့ ထပ်မံ ကြုံတွေ့ကြရမည်ဖြစ်သည်။ သို့သော် အချို့ဘဝတို့တွင် ဆင်းရဲဒုက္ခ နည်းပါး၍ အချို့ဘဝတို့တွင် ဆင်းရဲဒုက္ခ များပြားသည်။ ကောင်းသောကုသိုလ်ကံတို့က လူ နတ် ဗြဟ္မာဟူသော သုဂတိဘဝ၌ဖြစ်စေ၍ မကောင်းသော အကုသိုလ်ကံများသည် ငရဲ၊ တိရစ္ဆာန် စသော ဒုဂ္ဂတိ ဘဝ၌ဖြစ်စေသည်။ ဒုဂ္ဂတိဘဝတွင် ကုသိုလ်ကောင်းမှု ပြုရန် အခွင့်အရေးအလွန်နည်းပါး၍ အပါယ်(အပါယ) ဘုံဟုခေါ်သည်။ ထို့ကြောင့် အပါယ်သားတို့သည် သုဂတိဘဝသို့ပြန်လည်ရရှိရန် အလွန်ခက်ခဲသည်။ ရခဲလှ သောလူ့ဘဝ အခိုက်အတန့်တွင် ဒုဂ္ဂတိ အပါယ်ဘုံသို့ မကျရောက်မိစေရန် ကုသိုလ်ကောင်းမှုတို့ကို ပြုခြင်း၊ ကုသိုလ်စိတ်မွေးမြူခြင်းသည် ဒုတိယအဆင့် တမလွန် ဘေးရန်မှအကာအကွယ်ပြုခြင်းဖြစ်သည်။
ဒုဂ္ဂတိဘဝတွင်ဖြစ်သည်ဖြစ်စေ၊ သုဂတိဘဝတွင် ဖြစ်သည်ဖြစ်စေ၊ ဘဝဟူသမျှသည် မွေးဖွားခြင်း၊ အိုခြင်း၊ သေခြင်းဘေးတို့ကို မလွန်ဆန်နိုင်။ မိမိ ချစ် နှစ်သက်သူတို့နှင့် ကွေကွင်းရခြင်း၊ မိမိမနှစ်သက်သူတို့ နှင့်ဆုံဆည်းရခြင်းတို့ကို မလွန်ဆန်နိုင်။ ကိုယ်ဆင်းရဲ ခြင်း၊ စိတ်ဆင်းရဲခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်ပျက်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ပူဆွေးငိြုွေကးရခြင်းစသော ဘဝဒုက္ခ တို့ကို မလွန်ဆန်နိုင်။ ခန္ဓာရှိသရွေ့ ဆင်းရဲအပေါင်းတို့ ရှိနေပြီး ထပ်ဖန်တလဲလဲ ဖြစ်ပျက်နေရသော သံသရာ ဝဋ်ဆင်းရဲဘေးနှင့်ကြုံတွေ့နေရသည်။ ဗုဒ္ဓမြတ်စွာက ထိုဒုက္ခခပ်သိမ်းအားလည်းကောင်း၊ ဒုက္ခ၏အကြောင်း ဇာစ်မြစ်၊ ဒုက္ခချုပ်ငြိမ်းရာ၊ ဒုက္ခချုပ်ကြောင်း အကျင့် ဟူသော သစ္စာလေးပါးအား ဟောကြားတော်မူခဲ့သည်။ သစ္စာတရားအား သိမြင်ကာ ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ နိဗ္ဗာန်သို့မျက်မှောက်ပြုရန် အားထုတ်ခြင်းသည် တတိယ အဆင့် သံသရာဘေးမှအကာအကွယ်ပြုခြင်း ဖြစ်သည်။

ကိုးကွယ်ရာသုံးပါး(သရဏတ္တယ)
သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ၊ သွာက္ခာတော ဘဂဝတာ ဓမ္မော၊ သုပ္ပဋိပန္နော သံဃော (မ-၁-၄၈၉၊ ဝီမံသက သုတ်)
ပထမကိုးကွယ်ရာသည် ရှေးယခင်က မကြားဖူး ခဲ့သော သစ္စာလေးပါးတရားတို့အား မိမိကိုယ်တော်တိုင် Óာဏ်ဖြင့် ထိုးထွင်းသိတော်မူသော ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်သည်။
ဗုဒ္ဓဟောကြားညွှန်ပြခဲ့သော မျက်မှောက်၊ တမလွန်၊ နိဗ္ဗာန်ဟူသော အကျိုးစီးပွားတို့ကိုဆောင်ကျဉ်းနိုင်မည့် တရားဓမ္မတို့သည် ဒုတိယကိုးကွယ်ရာ ဖြစ်သည်။ ဓမ္မသည် မဂ်လေးတန်çဖိုလ်လေးတန်çနိဗ္ဗာန်ç ပရိယတ် ဟုရှိရာ မဂ် (၄)ပါး၊ ဖိုလ် (၄)ပါးနှင့် နိဗ္ဗာန်ဟူသော လောကုတ္တရာတရား (၉)ပါးတို့သည် အားကိုးရာ အစစ်ဖြစ်သည်။
သို့သော်လည်း သင်ယူမှတ်သားရသော ပရိယတ္တိ တရားများ၊ ပွားများအားထုတ်ရသော မဂ္ဂင်(၈)ပါး ပဋိပတ္တိတရားတို့၏ အကူအညီအထောက်အပံ့ဖြင့် ဆိုက်ရောက်ရသည်။ ဗုဒ္ဓဟောကြားညွှန်ပြခဲ့သည့် ဓမ္မ တို့အား ကောင်းစွာသင်ယူမှတ်သား၊ ကောင်းစွာကျင့်ကြံ ပွားများ၍နိဗ္ဗာန်သို့မျက်မှောက်ပြုကြသော တပည့်သား သံဃာတော်တို့သည် တတိယကိုးကွယ်ရာဖြစ်သည်။ သံဃာတော်တို့တွင် ယဒိဒံ စတ္တာရိ ပုရိသ ယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဟု သံဃာ့ဂုဏ်တော်တွင်ပါသည့် မဂ်၌တည်သော ပုဂ္ဂိုလ်လေးပါး၊ ဖိုလ်၌တည်သော ပုဂ္ဂိုလ်လေးပါး(ပေါင်း ၈-ပါးသော ပုဂ္ဂိုလ်)ဟူသည့်အမြင် ချင်းတူ၊ အကျင့်သီလချင်းတူသော အရိယာသံဃာ တော်တို့သည် ကိုးကွယ်ရာအစစ်ဖြစ်သည်။ သို့သော် လည်း သမုတိသံဃာဖြစ်သော ရဟန်းသံဃာတို့သည် လည်း မြတ်စွာဘုရား၏အဆုံးအမအား ကောင်းမွန်စွာ ထိန်းသိမ်းလိုက်နာကျင့်သုံးနေသောအဖွဲ့အစည်းအဖြစ် အားကိုးအားထားပြုရပေသည်။
သံဃာ့ဂုဏ်တော်တွင် အနုတ္တရံ ပုညခေတ္တံဟု ဟောကြားထားသည့်အတိုင်း သံဃာသည် ကုသိုလ် ကောင်းမှုတို့ပြုရန်အတွက် အနှိုင်းမဲ့လယ်ယာမြေကောင်း သဖွယ်ဖြစ်သည်။ တစ်ခါက မိထွေးတော်ဂေါတမီသည် မြတ်စွာဘုရားအား ကိုယ်တိုင် ရက်လုပ်ထားသော သင်္ကန်းအား လှူဒါန်းသောအခါ ဗုဒ္ဓက မိမိအားမလှူဘဲ သံဃာအားလှူရန်တိုက်တွန်းခဲ့သည်။ မြတ်စွာဘုရားရှင် အား လှူဒါန်းခြင်းထက် သံဃာ့အဖွဲ့အစည်းအား လှူဒါန်းခြင်းသည် အကျိုးပို၍များ၏။ ယုတ်စွအဆုံး သင်္ကန်းဝတ်ရုံထားသော်လည်း အကျင့်သီလမရှိသော ရဟန်းယုတ်ကိုပင် သံဃာ့အဖွဲ့အစည်းအား ရည်မှန်း၍ လှူဒါန်းသော သံဃိကဒါနသည် ပုဂ္ဂိုလ်အား လှူဒါန်း သော မည်သည့်ပုဂ္ဂလိကဒါနမျိုးမဆိုထက် ပို၍အကျိုးများ သည်ဟု ဟောကြားခဲ့သည်။ (မ-၃-၃၈၀၊ မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသ၊ဝိဘင်္ဂဝဂ္ဂ၊ ဒက္ခိဏဝိဘင်္ဂသုတ်)

ကိုးကွယ်ဆည်းကပ်ခြင်း(သရဏဂမန)
သရဏဂုံဆောက်တည်ခြင်းသည် မိရိုးဖလာ ထုံးတမ်းစဉ်လာအရ ဗုဒ္ဓံသရဏံ ဂစ္ဆာမိစသည်ဖြင့် ရွတ်ဆိုရခြင်းသက်သက်မဟုတ်။ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ဆိုသောစကားအတိုင်း ဆည်းကပ်ရခြင်းဖြစ်သည်။ အားကိုးခိုလှုံရာရှိသည်။ သို့သော် ထိုခိုလှုံရာသည် သူ့အလိုလို မိမိထံရောက်လာမည်မဟုတ်။ မိမိထံ လာရောက် ကယ်မç မည်မဟုတ်။ ထိုအားကိုးခိုလှုံရာသို့ ဆည်းကပ်ရန် မှန်ကန်စွာအားထုတ်ရသည်။
တပ္ပသာဒတဂ္ဂရုတာဟိ ဝိဟတဝိဒ္ဓံသိတ ကိလေသော တပ္ပရာယဏတာ ကာရပ္ပဝတ္တော အပရပ္ပစ္စယော ဝါ စိတ္တုပ္ပါဒေါ သရဏဂမနံ။
(ခုဒ္ဒကပါဌအဋ္ဌကထာ)
သရဏဂုံဆောက်တည်ခြင်း(သို့မဟုတ် သရဏဂုံ တည်ခြင်း)သည် ရတနာသုံးပါးအား ကြည်ညိုလေးစား ခြင်းဖြင့် စိတ်ညစ်ညူးမှုတို့ကို ပယ်ဖျောက်ထားကာ ရတနာသုံးပါး၌သာ လဲလျောင်းကိုးကွယ်သည့်စိတ်ဖြစ် ခြင်း (သို့မဟုတ်) ရတနာသုံးပါးမှတစ်ပါး ကိုးစားရာမရှိ ဟူသည့်စိတ်ဖြစ်ခြင်းဟု အဋ္ဌကထာတို့က အဓိပ္ပာယ် ဖွင့်ပေးသည်။
သရဏဂုံတည်ခြင်းသည် ကြည်ညိုခြင်း၊ ယုံကြည် ခြင်းဟူသော သဒ္ဓါတရားဖြင့် အစပြုရသည်။ယုံကြည် ခြင်းဟူသော မြန်မာစကားတွင် ယုံခြင်းနှင့်ကြည်လင် ခြင်း အနက်အဓိပ္ပာယ်များ ပါဝင်နေသည်။ ရင်ထဲတွင် လိပ်ခဲတည်းလည်းဖြစ်နေသော အချက်များ ရှင်းလင်း ၍ စိတ်ကြည်လင်သွားကာ ယုံကြည်မှုကိုရရှိသော သဒ္ဓါ တရားမျိုးဖြစ်သည်။
အမိုက်အမှောင်၌ ဆီမီးကိုဆောင်ပြဘိသကဲ့သို့ အရှင်ဂေါတမသည် တရားတော်အား နည်းပရိယာယ် အမျိုးမျိုးဖြင့်ဟောပြတော်မူပါပေ၏။ ကျွန်ုပ်သည် အရှင် ဂေါတမအား ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏။တရား တော်နှင့် ရဟန်းသံဃာတော်တို့အားလည်း ကိုးကွယ် ဆည်းကပ်ပါ၏ ဟု ဗုဒ္ဓခေတ်က သရဏဂုံဆောက်တည်ပုံ ကို နိကာယ်၅-ရပ်မှ သုတ္တန်အများအပြားတွင် တွေ့ရ သည်။
ထို့ကြောင့် ယုံကြည်မှု၊ ကြည်ညိုမှုတို့သည် အခြေ အမြစ်ကင်းမဲ့သောသဒ္ဓါတရားမဟုတ်ဘဲ နားလည်သိ မြင်မှုနှင့်ဆက်စပ်နေသော သဒ္ဓါတရားဖြစ်သည်။ သရဏဂုံဆောက်တည်ခြင်းသည် သဒ္ဓါအရင်းခံသော သမ္မာဒိဋ္ဌိဖြစ်သည်။ ပုညကိရိယာဝတ္ထု(၁၀)ပါးမှ ဒိဋ္ဌိဇုကမ္မအမှု ဖြစ်သည်ဟု အဋ္ဌကထာတို့က ဖွင့်ဆိုကြ သည်။ မှန်ကန်သောအမြင်သည် စိတ်၏အညစ်အကြေး များ ကင်းစင်၍ရသော အမြင်ဖြစ်သည်။ ဆီမီးသည် အမိုက်မှောင် ကိုပယ်သတ်ခြင်း၊ အမှန်ကိုမြင်စေခြင်း ဟူသောကိစ္စတို့ကို ဆောင်ရွက်သကဲ့သို့ သရဏဂုံ တည်ခြင်းသည် သမ္မာဒိဋ္ဌိအမြင်ရခြင်း၊ စိတ် အညစ် အကြေး ကိလေသာတို့အား ပယ်သတ်ခြင်းကိစ္စတို့ကို ဆောင်ရွက်သည်။
တစ်ဖန် ကြည်ညိုခြင်း(ပသာဒ)သည် အရိုအသေ ပြုခြင်း၊ လေးစားခြင်း(ဂရုကာ)၊ မြတ်နိုး တန်ဖိုးထားခြင်း နှင့်ဆက်နွှယ်နေသည်။ ဗြဟ္မာယုပုဏ္ဏားသည် မိမိ၏ လက်ဝဲပုခုံးထက်တွင် ကိုယ်ဝတ်ကိုစမ္ပယ်တင်ပြီး ဘုရား ရှင်၏ခြေတော်အစုံအား ဦးခိုက်ကာ နှုတ်ခမ်းဖြင့် နမ်းရှိုက်၊ လက်ဖြင့်ပွတ်သပ်လျက် ပျပ်ဝပ်အရိုအသေပေး ခဲ့သည်ကို ဗြဟ္မာယုသုတ်တွင် ဖော်ပြထားသည်။ (မဇ္ဈိမပဏ္ဏာသ၊ ဗြဟ္မာဏဝဂ်၊ ဗြဟ္မာယုသုတ်)။ ထို့အတူ ပင် မြတ်စွာဘုရားရှင်ကိုယ်တော်သည်ပင် မိမိအရို အသေပြုစရာ မိမိထက် သီလ၊ သမာဓိ၊ ပညာအရာ သာလွန်သော တစ်စုံတစ်ဦးမျှ မရှိသဖြင့် မိမိထိုးထွင်း၍ သိသောတရားတော်ကိုပင် အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေအံ့ဟု ကြံစည်ခဲ့သည်။ (သံ-၁-၁၇၃၊ သဂါထာဝဂ္ဂသံယုတ် ပါဠိတော်၊ ဗြဟ္မသံယုတ်၊ ဂါရဝ သုတ္တံ)
ပုဂ္ဂိုလ်အားဖြစ်စေ၊ ဓမ္မအားဖြစ်စေ ရိုသေလေးစား ခြင်းသည် ကောင်းမွန်၏။ သို့သော် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ထက် ဓမ္မအပေါ် ကိုးကွယ်မှုသည်သာ ပို၍ အရေးကြီး ၏။ ဝက္ကလိ ဤအပုပ်ကောင်ကို ဖူးမြင်ရခြင်းဖြင့် သင့်တွင် အဘယ်အကျိုးရှိအံ့နည်း။ တရားကိုမြင်သူသည် ငါဘုရားကို မြင်၏။ ငါဘုရားကို မြင်သူသည် တရားကို မြင်၏ဟု ရောဂါအသည်းအသန်ဖြစ်၍ နောက်ဆုံးအချိန် ရောက်ကာ ဘုရားရှင်အား ဖူးမြော်အရိုအသေပေးရန် မစွမ်းနိုင်၍ စိတ်ဆင်းရဲနေသော ဝက္ကလိမထေရ်အား ဟောကြားခဲ့သည်။ (သံ- ၃-၈၇၊ ခန္ဓဝဂ္ဂသံယုတ်၊ ခန္ဓသံယုတ်၊ ထေရဝဂ်၊ ဝက္ကလိသုတ္တံ)
ထို့အပြင် အခြေအမြစ်ကင်းမဲ့သော ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု၊ဝါဒရေးကိုးကွယ်မှုများသည်ကားမသင့်လျော်။ ဗုဒ္ဓသည်ရဟန်းတို့အား သမ္မာသမ္ဗုဒ္ဓအစစ် ဟုတ်çမဟုတ် ကိုပင် စိစစ်စူးစမ်းရန် ဟောကြားခဲ့သည်။ ကိုယ်နှုတ် အကျင့်သီလတို့ အပြစ်ကင်း ဖြူစင်၏လော၊ ထိုသို့ အပြစ်ကင်း ဖြူစင်မှုသည် ခဏတဖြုတ်လော၊ ရည်ရှည် တည်မြဲသလော၊ ထင်ရှားကျော်စောမှုတို့ကြောင့် အပြစ်အနာအဆာတို့ တိမ်မြုပ် မှေးမှိန်နေသလော၊ ကာမဂုဏ်တို့ကို ရှောင်ကြဉ်ခြင်းသည် ကြောက်ရွံ့မှု ကြောင့်လော၊ အမှန်တကယ် တပ်မက်မှု ကင်း၍လော စသည်ဖြင့် စူးစမ်းစစ်ဆေးသင့်သည်။ ထိုသို့ စူးစမ်း စစ်ဆေးပြီးမှ ဘုရားရှင်ထံ ချဉ်းကပ်ကာ တရားနာကြား ရမည်။ ကိုယ်တိုင် ကျင့်ကြံအားထုတ်ရမည်။ အချို့တရား တို့ကို (အထိုက်အလျောက်) ကိုယ်တိုင် ထိုးထွင်းသိသော အခါတွင် မြတ်စွာဘုရားသည် သမ္မာသမ္ဗုဒ္ဓဘုရားရှင် အစစ်ဖြစ်သည်ဟု ကြည်ညိုခြင်း ဖြစ်၏။ ထိုသို့သော ယုံကြည်ခြင်းသည်သာ စူးစမ်းဆင်ခြင်မှုပါသော သဒ္ဓါတရား(အာကာရဝတီ သဒ္ဓါ)၊ ဒဿနအမြင်ကို အခြေခံသော သဒ္ဓါတရား(ဒဿနမူလိကာ သဒ္ဓါ- သောတ္တာပတ္တိမဂ်ကြောင့်ဖြစ်သော သဒ္ဓါတရားကို ဆိုလိုသည်)ဖြစ်၍ ခိုင်မြဲသည်ဟု ဝီမံသကသုတ်တွင် ဟောကြားခဲ့သည်။ (မဇ္ဈိမနိကာယ်၊ မူလပ္ဏဏာသ၊ စူဠ ယမကဝဂ်၊ ဝီမံသကသုတ်)။
ထို့ကြောင့် ဓမ္မအားကိုယ်တိုင် ထိုးထွင်းသိမြင်ရန် အားထုတ်ခြင်းသည် သရဏဂုံတည်ခြင်းတွင် ပဓာနကျ သော အချက်ဖြစ်သည့် ဘုရားçတရားçသံဃာ ဟူသော သရဏဂုံသုံးပါးအား ဆည်းကပ်ခြင်းအား အစထား၍ တရားဓမ္မတို့ကို ကျင့်ကြံပွားများကာ နိဗ္ဗာန်အား မျက်မှောက်ပြုနိုင်မှ ဘေးကင်းရာအစစ်သို့ ရောက်သည်။ ဘုရားရှင်သည် ထိုဘေးကင်းရာသို့ ရောက်စေမည့် လမ်းကို ညွှန်ပြသူသာ ဖြစ်သည်။ အရိယာသံဃာ တို့သည်လည်း မြတ်စွာဘုရားညွှန်ကြားဟောပြတော် မူသော တရားတော်တို့ကို ကောင်းစွာ လိုက်နာကျင့်ကြံ ကြ၍ ဘေးကင်းရာနိဗ္ဗာန်သို့ ဆိုက်ရောက်တော်မူကြ သည့် သာဓက စံပြအဖွဲ့အစည်းဖြစ်သည်။ ဘေးကင်းရာ အစစ်သို့ရောက်ရန်ကား တရားဓမ္မကို ကိုယ်တိုင်လိုက်နာ ကျင့်ကြံရမည် ဖြစ်သည်။ အတ္တဒီပါ ဝိဟရထ အတ္ထ သရဏာ အနညသရဏာ၊ ဓမ္မဒီပါ ဓမ္မသရဏာ အနည သရဏာ (ဒီ-၂-၁၆၅)၊ ဒီဃနိကယ်၊ မဟာဝဂ္ဂ၊ မဟာ ပရိနိဗ္ဗာနသုတ်)
ပရိနိဗ္ဗာန်ပြုခါနီးတွင် မြတ်စွာဘုရားသည် မိမိကိုယ် မိမိ ကျွန်းသဖွယ်ပြုကာ အခြားတစ်ပါးအား ကိုးကွယ်မှု မပြုဘဲ ဓမ္မကို ကိုးကွယ်ရာပြု၍ နေကြကုန်လော့ဟု မှာကြားခဲ့သည်။ ဓမ္မအား ကျွန်းသဖွယ်ပြုကာ အခြား တစ်ပါးအား ကိုးကွယ်မှုမပြုဘဲ ဓမ္မကို ကိုးကွယ်ရာပြု၍ နေကြကုန်လော့ဟု မှာကြားခဲ့သည်။
ထောက်တည်ရာကင်းမဲ့သော သမုဒ္ဒရာအလယ်တွင် ကျွန်းသည် ထောက်တည်ရာ၊ လဲလျောင်းရာ၊ နားခိုရာ၊ (ပရာယဏ)ဖြစ်သကဲ့သို့ ဓမ္မသည် လဲလျောင်းနားခိုရာ ဖြစ်သည်။ သတိပဋ္ဌာန်တရားလေးပါးအား ပွားများ အားထုတ်၍နေခြင်းသည် မိမိကိုယ်မိမိ ကိုးကွယ်ရာ ပြု၍ နေခြင်းဖြစ်သည်။ ဓမ္မကို ကိုးကွယ်ရာပြု၍နေခြင်းဖြစ် သည်ဟု မဟာပရိနိဗ္ဗာနသုတ်တွင် ဆက်လက်ဟောကြား ခဲ့သည်။
ထိုသို့ မိမိကိုယ်မိမိ အားကိုး၍ တရားဓမ္မအား ကျင့်ကြံပွားများကာ ကိုယ်တိုင် ထိုးထွင်း၍ သိပါက ဘုရားçတရားçသံဃာအပေါ်၌ ထားသော သဒ္ဓါတရား သည် ပိုမိုခိုင်မြဲလာသည်။ မိစ္ဆာဒိဋ္ဌိအမြင်တို့ကို အြွကင်းမဲ့ ပယ်သတ်၍ သောတာပန်အရိယာဖြစ်သောအခါတွင် ရတနာသုံးပါးအပေါ်၌ ကြည်ညိုသော သဒ္ဓါတရားသည် မတုန်မလှုပ် ခိုင်မြဲသော ကြည်ညိုမှု(အဝေစ္စပသာဒ) ဖြစ်သွားသည်။ ရတနာသုံးပါးမှအပ အခြားသော ကိုးကွယ်ရာမရှိ(အပရပစ္စယ)ဟူသောစိတ်သည် မပျက်စီး တော့။ အပါယ်ဘုံဒုဂ္ဂတိသို့ ကျရောက်သောဘေးမှ လွတ်မြောက် ၍လဲလျောင်းနားခိုရာ (ပရာယဏ)အစစ်သို့ ရောက်ရှိပြီဖြစ်သည်။
ဧရာ(မန္တလေး)

Address


Website

Alerts

Be the first to know and let us send you an email when အပျင်းပြေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share