12/06/2024
သတင်းထုတ်ပြန်ချက်
ယမန်နေ့ ၁၁.၆.၂၀၂၄ တွင် ကျွန်တော်တို့ Dark Shadow အဖွဲ့၏ “Urban Freedom” စစ်ဆင်ရေး အဖြစ် ရွှေပြည်သာမြို့နယ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးအား ည ၇ နာရီ ၃၆ မီနစ်တွင် ပြင်းအားမြင့်မိုင်းဖြစ်ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။ တိုက်ခိုက်မှု အောင်မြင်ပြီး မြေပြင်ထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။။ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့သော ရဲဘော်များလည်း နေရပ်သို့ ဘေးကင်းစွာဖြင့် ပြန်လည်ရောက်ရှိပြီဖြစ်သည်။
ကျွန်ုပ်တို့ Dark Shadow အဖွဲ့ အရိပ်တပ်သားများသည် မည်သည့် အဖွဲ့အစည်း များနှင့်မှ မဟာမိတ်ပြုလုပ်ထားခြင်း၊ ဖွဲ့စည်းမှုအောက်တွင် ပါဝင်ခြင်းမရှိဘဲ တရားမျှတမှုနှင့် လွတ်လပ်မှုကို လိုလားသော တော်လှန်ရေးတပ်သားများ စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သည်။ အရိပ်တပ်သားများ အားလုံးသည် ပြည်သူတိုင်း လုံခြုံရေး၊ လွတ်လပ်စွာ နေထိုင်နိုင်ရေးနှင့် မတရားဖိနှိပ်ချုပ်ချယ်မှုများ မှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးအောင်မြင်သည်အထိ စစ်ကောင်စီကို ဆက်လက် ချေမှုန်းတိုက်ပွဲဝင်သွားမည်။