Hyper Eric

Hyper Eric Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hyper Eric, Digital creator, .

အရမ်းကြီး မထူးခြားတဲ့ ရေမွှေးCK ရဲ့ AQUA ရေမွှေး လေးဟာဆိုရင် aquatic စံစံ fresh ဖြစ်ဖြစ်လေး သွားတဲ့ ရေမွှေး လေးပဲ ဖြစ်ပါ...
23/02/2024

အရမ်းကြီး မထူးခြားတဲ့ ရေမွှေး

CK ရဲ့ AQUA ရေမွှေး လေးဟာဆိုရင် aquatic စံစံ fresh ဖြစ်ဖြစ်လေး သွားတဲ့ ရေမွှေး လေးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ opening ကဆိုရင် ခပ်အေးအေး သခွား အနံ့ နဲ့ စဖွင့်တယ်။ ပြီးရင် အနောက်ကနေ ကြာဖူး အနံ့ နဲ့ သစ်ရွက်စိမ်း အနံ့ တွေ လိုက်လာတယ်။ သူ့ရဲ့ dry down ကဆိုရင် sandel wood တွေ patchouli တွေနဲ့ သိမ်းတာဖြစ်တဲ့အတွက် woody ဖြစ်ဖြစ် နဲ့ ယောက်ျားလေး ပိုစံတယ်။ သို့ပေမယ့်လည်း ဒီရေမွှေး လေးဟာဆိုရင် unisex သုံးလို့ရပါတယ်။
Projection က အရမ်းကြီး strong မဖြစ်ပေမယ့် logevity ကတော့ skin type ပေါ် မူတည်ပြီး 5 နာရီကနေ 8 နာရီ ဝန်းကျင်ခံပါတယ်။
Anyway Admin အနေနဲ့ ဒီရေမွှေးလေးကို ဘယ်လိုမြင်လည်း ဆိုရင် fresh ဖြစ်တယ် clean ဖြစ်တယ်။ နွေရာသီမှာ ယောက်ျား မိန်းမ မရွေး သုံးလို့ရပါတယ်။ သူ့အနံ့လေးဟာဆိုရင် unique တော့မဖြစ်ပေမယ့် လူတိုင်းအတွက်အဆင်ပြေ လက်ခံ နိုင်တဲ့ အနံ့လေး ဖြစ်တဲ့ အတွက် လက်ဆောင် ပေးရလည်း အဆင်ပြေတယ်။ သူ့ရဲ့ price အရဆိုရင်လည်း အရင်ကတော့ သုံးပျော်ပေမယ့် အခုတော့ dollar စျေးတွေ တက်သွားတဲ့ အတွက် 1 သိန်း အောက်ကနေ 1 သိန်းခွဲ ဝန်းကျင်လောက်ထိ တက်သွားတာမို့လို့ သူ့ကိုပေးရတဲ့ စျေးနဲ့ အရမ်းကြီး တန်တယ်လို့တော့ မခံစားရတော့ပါဘူး။
အခုလို ရေမွှေး review လေးတွေ ဖတ်ရှူ့အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ page လေးကိုလည်း like and follow လေးတွေ လုပ်ပေးရင်းနဲ့ support လုပ်ပေးလို့ရပါတယ်။

Peace Par🩶

19/02/2024

ဂျိုင်းချွေးနံ့ မနံ့အောင်လုပ်နည်း___......

Aircon အောက်မှာ တစ်နေ့လုံးထိုင်ပါ။ မီးပျက်ရင်မီးစက်နိုးပြီးထပ်ထိုင်ပါ။ချွေးမထွက်တော့ ဂျိုင်းချွေးလည်း မနံတော့ပါဘူး။😁

ဘယ်ဟာပိုကောင်းလဲ?Jean Paul gatier ရဲ့le male le perfume နဲ့ le male Elixir ဒီရေမွှေး နှစ်ခုကဆိုရင် ခနခန နှိုင်းယှဥ် ခံရပ...
18/01/2024

ဘယ်ဟာပိုကောင်းလဲ?

Jean Paul gatier ရဲ့le male le perfume နဲ့ le male Elixir ဒီရေမွှေး နှစ်ခုကဆိုရင် ခနခန နှိုင်းယှဥ် ခံရပြီး Le male ကို ပိုကြိုက်တဲ့သူက Le male သာလျှင်အကောင်းဆုံး Le male is the king ဆိုပြီး ပြောသလို Elixir fan တွေကလည်း Elixir is the king ဆိုပြီး နှစ်ခုသားပထမနေရာလုနေကြတဲ့ ရေမွှေးလေးပဲ ဖြစ်ပါတယ်။

Admin မနေ့ညက le male elixir ကို first impression try ကြည့်တော့ hype သလောက်လဲ မမိုက်ဘူး လို့ မြင်တယ်။ Still Le male Le perfume ကိုပိုကြိုက်နေတုန်းပဲ။ Le male Le perfum ကပိုပီး smooth ဖြစ်တယ်လို့ပြောခြင်တယ်။ Elixir ကိုနည်းနည်း ကြာကြာ စမ်းသုံးကြည့်ရင် တစ်မျိုးပြောင်းကောင်းပြောင်းနိုင်မယ်လို့ ထင်တယ်။

Anyway မိတိဆွေတို့အနေနဲ့လည်း le male le perfume or le male elixir ဘယ်ဟာကိုပိုကြိုက်လဲ ဘယ်ဟာကိုအကောင်းဆုံးထင်လည်း ဆိုတာကို comment မှာ ဝင်ရောက်ငြင်းခုန်သွားလို့ရပါတယ်။

35 နှစ်နေမှ ပြန်တွေ့ကြတာပေါ့။

💪တစ်ချက်ဖြန်းတစ်မြို့လုံးပျံ့💪🏻ဒီနေ့ review လုပ်ပေးမယ့် ရေမွှေးလေးကတော့ Moncera ရဲ့ Red To***co ပဲဖြစ်ပါတယ်။ ဒီရေမွှေးရဲ...
27/12/2023

💪တစ်ချက်ဖြန်းတစ်မြို့လုံးပျံ့💪🏻

ဒီနေ့ review လုပ်ပေးမယ့် ရေမွှေးလေးကတော့ Moncera ရဲ့ Red To***co ပဲဖြစ်ပါတယ်။
ဒီရေမွှေးရဲ့ projectionနဲ့. logevity ကဆိုရင် 10/10 ပေးရလောက်အောင်ရှယ်ကြမ်းတယ်။ scent profile အကျဥ်းချုပ်ရှင်းပြရမယ်ဆိုရင် cinnamon, saffron တို့ကိုခပ်ကြမ်းကြမ်း to***co အနံကြီးနဲ့ဖွင့်ထားပြီးအနံ့ရလိုက်တာနဲ့ ကြက် သီးတွေထနှာခေါင်းတွေဆုတ်ပျက်သက်အောင်ရှယ် strongတယ်။သူရဲ့dry downကဆိုရင်ခပ်အီအီ spicyပါးပါးpoowdery ပါးပါးဖြစ်တယ်လို့မြင်တယ်။ရာသီဥတုအရဆိုရင်အရမ်းအေးတဲ့ရက်တွေမှာစွပ်သင့်ပြီးမိတ်ဆွေအနေနဲ့ပူတဲ့ရက်တွေမှာစွပ်ရင်ခင်ဗျာတင်မကခင်ဗျား ဘေးကလူပါဘဝပျက်မှာအမှန်ပါပဲ။
ဒီရေမွှေးလေးကိုစွပ်ရင်တစ်ချက်နှစ်ချက်ဆိုရင်တောင် more than enoughဖြစ်ပြီးခင်ဗျားတစ်နေရာကိုမရောက်ခင််ခင်ဗျားအနံ့ကကြိုရောက်မှာဖြစ်ပြီးခင်ဗျားရှိတဲ့နေရာမှာလည်းအနံ့ကတစ်နေရာလုံးလွှမ်းမိုးထားမှာအမှန်ပါပဲ။

Overall Monceraရဲ့Red To***coကဆိုရင်ယောက်ျားအရမ်းဆန်ပြီး spicy strongဖြစ်တာကြောင့်လူတိုင်းအတွက်တော့မဟုတ်ပါဘူး။Anyway ကျွန်ုပ်အတွက်တော့ 7.5 /10 ပေးလို့ရတဲ့ရေမွှေးလေးပဲဖြစ်ပါတယ်။ full sizeဝယ်တာထက် decant try ကြည့်သင့်တယ်လို့မြင်တယ်။အခုလိုဖက်ရှူ့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ရေမွှေးနဲ့ပက်သက်တဲ့အကြောင်းအရာများကိုစိတ်ဝင်စားပါကကျွန်ပ်ရဲ့pageလေးကို like&follow လုပ်ပေးပြီး support လုပ်ပေးကြပါလို့တောင်းဆိုခြင်ပါတယ်။

Teen girl တွေအတွက် ရေမွှေး။Maison Margiela ရဲ့ Replica on a date ဟာဆိုရင် rose အနံ့လေး ကိုမှ  grape ရဲ့ချိုတဲ့အနံ့လေး က ...
22/12/2023

Teen girl တွေအတွက် ရေမွှေး။

Maison Margiela ရဲ့ Replica on a date ဟာဆိုရင် rose အနံ့လေး ကိုမှ grape ရဲ့ချိုတဲ့အနံ့လေး က အနောက်ကလိုက်နေပြီး ဒီရေမွှေး တစ်ခုလုံးကို fresh ဖြစ်အောင် လုပ်ထားတယ်လို့မြင်တယ်။ 22 နှစ်အောက်မိန်းကလေးတွေ ကျောင်းသူကောင်မလေးတွေနဲ့ ပိုလိုက်ဖက်တယ်လို့ထင်တယ်။

Overall teenage girl တွေအနေနဲ့ summer scent ထားစွတ်လို့ရပြီး full size ဝယ်ဒါထက် decant try ကြည့်သင့်တယ်လို့ ပြောချင်ပါတယ်။
ရေမွှေးအကြောင်းတွေကို စိတ်ဝင်စားရင် ကျွန်တော့်ရဲ့ page ကို like and follow တွေလုပ်ပြီး support လုပ်ခဲ့ပေးကြပါဦးလို့ တောင်းဆိုချင်ပါတယ်။

Worth the hype?Lattafa ရဲ့ oud for glory ကဆိုရင် Initio ရဲ့ oud for greatness ကို clone ထားတဲ့ရေမွှေးလေးဖြစ်ပြီး market ...
16/12/2023

Worth the hype?

Lattafa ရဲ့ oud for glory ကဆိုရင် Initio ရဲ့ oud for greatness ကို clone ထားတဲ့ရေမွှေးလေးဖြစ်ပြီး market ထဲမှာ တော်တော်လေး hype ဖြစ်တဲ့ ရေမွှေးလေးလို့ ပြောရင်မမှားပါဘူး။
Admin အတွက်တော့ oud for greatness လောက် greatness မဖြစ်ပေမယ့် still သုံးရ တန်တဲ့ ထဲမှာပါပြီး oud for greatness ကိုကြိုက်တဲ့ budget သမားတွေ အတွက်အဆင်ပြေမယ်လို့ ပြောချင်ပါတယ်။
Overall အနီးစပ်ဆုံး တူအောင် clone ထားပြီး logevity နဲ့ projection ကဆိုရင်လည်း သူ့စျေးတန်း အရ အပြစ်ပြောစရာမရှိအောင်ကောင်းပါတယ်။
ရေမွှေးနဲ့ ပတ်သက်တဲ့ knowledge sharing post တွေ အများကြီး ဖန်တီးပေးမှာ ဖြစ်တဲ့အတွက် like and follow လုပ်ပေးပြီး support လုပ်ပေးကြပါဦးခင်ဗျာ။

Peace Par!!🩶

Bulgari Aqva Amara💫ဒီနေ့ review လုပ်ပေးမယ့်ရေမွှေး လေးဟာဆိုရင် Bulgaria Aqva Amara for men ပဲဖြစ်ပါတယ်။ ဒီရေမွှေးလေးဟာဆိ...
09/12/2023

Bulgari Aqva Amara💫

ဒီနေ့ review လုပ်ပေးမယ့်ရေမွှေး လေးဟာဆိုရင် Bulgaria Aqva Amara for men ပဲဖြစ်ပါတယ်။ ဒီရေမွှေးလေးဟာဆိုရင် Admin နွေရာသီ မှာweddingတွေသွားပါတီတွေတက်ရင် signature scent ထားစွတ်ဖြစ်တဲ့ ရေမွှေး လေးပဲဖြစ်ပါတယ်။ သူ့ရဲ့ scent profile အကျဥ်းချုပ် ရှင်းပြရမယ်ဆိုရင် Orange အနံ့ကိုမှ လိမ်လိမ်မာမာ နဲ့ metalic ဖြစ်အောင်လုပ်ထားပြီး mint နဲ့ ပင်လယ်ဆန်ဆန်အနံ့လေး တွေ ပေါင်းထားတဲ့အတွက် gentleman ဆန်ဆန် sexy ဖြစ်ဖြစ်နဲ့ အထာကျတဲ့ ရေမွှေးထဲမှာ ပါပါတယ်။ သူ့အနဲ့လေးရလိုက်တာနဲ့ နိုင်ငံခြားသား အနံ့ ဆန်လိုက်တာ richဖြစ်လိုက်တာဘောစိအနံ့ပါလားဆိုပြီးcomplinemetတွေရရှိနိုင်ပါတယ်projectionကလဲမစိုးဘူးထဲမှာပါပြီးlogevityဆိုရင်လည်း8နာရီလောက်ကနေ10နာရီလောက်ထိအေးဆေးခံတယ်

မှတ်ချက်: [ဒီရေမွှေးလေးဟာဆိုရင် love&hate frangrance ထဲမှာပါတဲ့အတွက်ရေမွှေးကြိုက်နှစ်သက်သူတွေအနေနဲ့အရမ်းကြီးကြိုက်ရတဲ့ရေမွှေးဖြစ်ပေမဲ့သာမန်သူတွေအနေနဲ့သိပ်မကြိုက်ကြတဲ့အထဲမှာပါပါတယ်။အဲ့ဒါကြောင့်လည်းsaleတွေသိပ်မကောင်းတဲ့အတွက် discontinue ဖြစ်သွားပါတယ်။]

Anywayတော်တော်လေးနှမျောဖို့ကောင်းတဲ့ရေမွှေးထဲမှာပါပါတယ်။adminမှာတောင်100ml sizeမှာ 25 mlလောက်ပဲကျန်တာမလို့မနည်းခြွေတာစွာသုံးနေရပါတယ် ။
overall solid 8/10 ပေးလို့ရတဲ့ရေမွေးထဲမှာပါပြီးသူုအနံလေးဟာဆိုရင်uniqueအရမ်းဖြစ်တဲ့အတွက်special ocation, meeting party တွေတက်ရင် signature scent ထားစွတ်ပြီး attention တွေရနိုင်တယ်လို့မြင်ပါတယ်။အခုလို review postလေးတွေကိုစိတ်ဝင်စားပါက like&follow လေးတွေလုပ်ပြီးsupportလုပ်ပေးဖို့တောင်းဆိုခြင်ပါတယ်။

Peace Par!!🩶

CK ETERNITY AIR🌊🌬️နာမည်ကတော့ air ( လေ )  အနံ့ကတော့ရေလိုလိုလေလိုလိုနဲ့ review လုပ်ဖို့တောင်ခေါင်းတွေကိုက်လာပါပြီ။😫 ဒီနေ့ ...
04/12/2023

CK ETERNITY AIR🌊🌬️

နာမည်ကတော့ air ( လေ ) အနံ့ကတော့ရေလိုလိုလေလိုလိုနဲ့ review လုပ်ဖို့တောင်ခေါင်းတွေကိုက်လာပါပြီ။😫
ဒီနေ့ review လုပ်ပေးမဲ့ရေမွှေးလေးကဆိုရင် ck ရဲ့ Air ပဲဖြစ်ပါတယ်။ ဒီရေမွှေးလေးရဲ့sent profileအကျဥ်းချုပ်ပြောပြရမယ်ဆိုရင် aquntic အနံ့လေးကိုမှပန်းအနံ့လေးတွေသစ်ရွက်အနံ့လေးတွေနဲ့ပေါင်းစပ်တဲ့အတွက်သူ့ကိုဆွတ်ရတဲ့feelingလေးကဆိုရင်ပင်လယ်ကမ်းဆပ်တစ်ခုနားမှာမိတ်ဆွေကမတ်တပ်ရပ်နေတဲ့အချိန်လေတွေကပင်လယ်ဘက်ကဝူးဝူးတိုက်လာပြီးထိုလေတွေနဲ့အတူပန်းအနံ့တွေရေအနံ့တွေသစ်ရွက်အနံ့တွေပါတစ်ခါထဲလိုက်ပါလာတဲ့လေအနံမျိုးကိုရှူလိုက်ရသလိုမျိုးပဲဖြစ်ပါတယ်
logevityကတော့6နာရီ7နာရီလောက်ခံပြီး projection ကတော့ ပုံမှန်ပါပဲ။ ဒီရေမွှေးလေးကို Gym ဆော့တဲ့ရက်တွေ အရမ်းပူတဲ့ရက်တွေ ဆွတ်ရင် တောတောလေး fresh ဖြစ်ပြီး လန်းဆန်း နေမှာ အမှန်ပါပဲ။

Overall ဒီရေမွှေးလေးကို 6/10 ပေးလို့ရပြီး သူ့ရဲ့ price rage တစ်သိန်းခွဲဝန်းကျင် ရေမွှေးအနေနဲ့ good not bad လို့ ခံစားရလောက်ပါတယ်။

Peace Par!!🤍

     😁😁
01/12/2023

😁😁

လူတွေ hype သလောက် ကောင်းရဲ့လား?🤔
25/11/2023

လူတွေ hype သလောက် ကောင်းရဲ့လား?🤔

Cafeရေမွှေးပါ။☕Akro ရဲ့ awake ကဆိုရင် cafe အနံ့ ရေမွှေးထဲမှာ realastic အဆန်စုံး ဖြစ်ပြီး ရလိုက်တာနဲ့ cafe bar တစ်ခုကိုရေ...
20/11/2023

Cafeရေမွှေးပါ။☕

Akro ရဲ့ awake ကဆိုရင် cafe အနံ့ ရေမွှေးထဲမှာ realastic အဆန်စုံး ဖြစ်ပြီး ရလိုက်တာနဲ့ cafe bar တစ်ခုကိုရောက်သွားသလိုမျိုး ခံစားရပါလိမ့်မယ်။ Akro ရဲ့ awake က admin အတွက်ဆိုရင် အနံ့ရလိုက်တာနဲ့ မျက်စိတွေပြူး ကျက်သီးတွေထ ထပ်ခါထပ်ခါ ရှူချင်တဲ့ ရေမွှေးထဲမှာပါပါတယ်။

မှတ်ချက် -

[Admin အနေနဲ့ အဓိက suggest လုပ်ချင်တာကတော့ မိတ်ဆွေအနေနဲ့ အိမ်မှာ သောက်တဲ့ 250,300 တန် ကော်ဖီ အထုတ်တွေကိုကြိုက်ရုံနဲ့ ဒီရေမွှေးလေးကို မ try ကြည့်သင့်ဘူးလို့မြင်ပါတယ်။ Try ရင်လည်း ကြိုက်မယ် မထင်ဘူး။ တကယ်လို့ မိတ်ဆွေက ကော်ဖီဆိုင်တွေ ကော်ဖီဘားတွေက espresso လို Americano cafe မျိုးတွေကိုကြိုက်တဲ့သူမျိုး ကော်ဖီ ကိုချစ်ခင်မြတ်နိုးတဲ့သူမျိုးသာ ဒီရေမွှေးလေးကို ကြိုက်လိမ့်မယ်လို့ ပြောချင်ပါတယ်။ တခြားသူတွေဆိုရင် အနံ့ရလိုက်တာနဲ့ ဟား ကော်ဖီနံ့ကြီးပါလား/ wow cafe ရေမွှေးကြီး မိုက်လိုက်တာဆိုပြီး compliment အများကြီး ရနိုင်ပါတယ်။ နွေရာသီ ထက် မိုးရာသီ ဆောင်းရာသီ အေးတဲ့ရက်တွေနဲ့ပိုလိုက်ဖက်မယ်လို့ ပြောချင်ပါတယ်။]

သူ့အနံ့လေးဟာဆိုရင် cafe ကို dark ဖြစ်ဖြစ် အနံ့ကိုမှ နွေးနွေးထွေးထွေး warm ဖြစ်အောင်လုပ်ထားတဲ့အတွက် cafe ပရိတ်သတ် အချင်းချင်း တွေ့လိုက်တာနဲ့ ဖက်ထားချင်စရာကောင်းလောက်အောင် စွဲဆောင်မှု ရှိတဲ့ အထဲမှာ ပါပါတယ်။
Overall cafe အရမ်းကြိုက်တဲ့ သူတွေ အနေနဲ့ မဖြစ်မနေ try ကြည့်သင့်တဲ့အထဲမှာပါပါတယ်။ Full size ဝယ်တာထက် decant အရင် try ကြည့်သင့်တယ်လို့ suggest လုပ်ချင်ပါတယ်။ အားလုံးပဲ အခုလိုဖတ်ရှူ့ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ ဒီ post လေးကိုကြိုက်နှစ်သက်ပါက like and share လေးတွေ လုပ်ပေးပါ ဦး ခင်ဗျာ။

Peace Par!!🩶

အဖေမတူအမေကွဲရေမွှေးလေးပါ။🔥👌Armarf ရဲ့ iconic ဟာဆိုရင် Bleu de chanel ကို cloned ထားတဲ့ ရေမွှေးလေးဖြစ်ပါတယ်။ သူ့အနံ့လေးဟာ...
15/11/2023

အဖေမတူအမေကွဲရေမွှေးလေးပါ။🔥👌

Armarf ရဲ့ iconic ဟာဆိုရင် Bleu de chanel ကို cloned ထားတဲ့ ရေမွှေးလေးဖြစ်ပါတယ်။ သူ့အနံ့လေးဟာဆိုရင် Bleu de chanel edp နဲ့ perfume ကြားက style မျိုးသွားထားတဲ့ ရေမွှေးလေးလို့မြင်တယ်။ Bleu de chanel ဆိုတာနဲ့ အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ ရေမွှေးလေးဖြစ်တဲ့အတွက် အထူးတလည်ရှင်းပြစရာလိုမယ်လို့ မထင်ပါဘူး။ သူ့အနံ့လေးဟာဆိုရင် Bleu de chanel style မျိုးအတိုင်း fresh ဖြစ်တယ်။ clean ဖြစ်တယ်။ ရုံးဝင်ထမ်းတွေနဲ့ လိုက်တယ်။ အားလုံးနဲ့ရင်းနှီးတဲ့အနံ့လေးမှာ ပါပါတယ်။ ပူအိုက်တဲ့ ရာသီတွေမှာ စွတ်ရင်လန်းဆန်း လိုက်တာ၊ စိတ်ချမ်းသာစရာ ကောင်းလိုက်တာဆိုပြီး compliment တွေရနိုင်ပါတယ်။ နောက်ပြီး သူ့အနံ့လေးဟာဆိုရင် dior sauvage ရဲ့ DNA 10% လောက်ပါတယ်လို့မြင်ပါတယ်။
Overall Armarf ရဲ့ iconic ဟာဆိုရင် iconic ဖြစ်တဲ့ ရေမွှေးထဲမှာပါပါတယ်။ သူ့ရဲ့ ဒီစျေးတန်းအရဆိုရင် အပြစ်ပြောစရာ မရှိ လောက်အောင် ကောင်းတဲ့ ရေမွှေး ထဲမှာ ပါပါတယ်။ အခုမှ ရေမွှေး စသုံးမယ့်သူမျိုး၊Bleu de chanel style မျိုးကြိုက်တဲ့ သူတွေအတွက် မဖြစ်မနေ try ကြည့်သင့်တဲ့ အထဲမှာ ပါပါတယ်။ အားလုံးပဲ အခုလို ဖတ်ရှူ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Peace Par♥️

အနာဂတ်က ရေမွှေး👾👽ဒီနေ့ review လုပ်ပေးမယ့်ရေမွှေး လေးဟာဆိုရင် Etat Libre d'orange ရဲ့ Ghost in the shell ဆိုတဲ့ရေမွှေးလေး...
11/11/2023

အနာဂတ်က ရေမွှေး👾👽

ဒီနေ့ review လုပ်ပေးမယ့်ရေမွှေး လေးဟာဆိုရင် Etat Libre d'orange ရဲ့ Ghost in the shell ဆိုတဲ့ရေမွှေးလေးပဲ ဖြစ်ပါတယ်။ ဒီရေမွှေးလေးဟာဆိုရင် 1995 ခုနှစ် က ထွက်ခဲ့တဲ့ Ghost in the shell anime ဇတ်ကားလေးကို အတု ယူပြီး ထုတ်ထားတဲ့ ရေမွှေး လေးပဲဖြစ်ပါတယ်။ ဒီ anime ဇတ်ကားလေးကဆိုရင် 2029 ခုနှစ် ကို base ယူထားပြီး အဲ့ဒီခေတ်မှာဆိုရင် လူသားတွေဟာ စက်ရုပ် body တွေနဲ့ အစားထိုးနေထိုင်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အရှင်းဆုံး ရှင်းပြရမယ်ဆိုရင် ဒီဇတ်ကားလေးဟာ အနာဂတ်သိပ္ပံ ခေတ်မှီ ဇတ်ကားလေး ဖြစ်ပါတယ်။ ဆိုတော့ ရေမွှေးအကြောင်းမပြောခင် ဒီဇတ်လမ်းလေးရဲ့အကြောင်း အနည်းအကျဥ်း သိထားသင့်တာကြောင့် ရှင်းပြရခြင်းဖြစ်ပါတယ်။ ဒီရေမွှေးလေးကို စစဦးဆုံး ဖြန်းဖြန်းခြင်း အေးအေးစက်စက် အနံ့လေး ရလိမ့်မယ်။ 5 minutes လောက်နေရင် ဒီအနံ့ လေးရဲ့ အရေးကြီးဆုံး ဖြစ်တဲ့ skin ဆန်ဆန် အနံ့လေး ထွက်လာတယ်။ အေးအေးစက်စက်သတ္တု အပြား‌ပေါ်မှာ လူသား သရေကို တင်ထားတဲ့အနံ့မျိုးလို့မြင်တယ်။5 မိနစ်ကနေ 10 မိနစ် လောက်နေရင် သူ့ရဲ့ middle note ဖြစ်တဲ့ milk နဲ့ jasmine တို့ထွက်လာပြီး ဒီအနံ့ တစ်ခုလုံးကို ပါးပါးလေး creamy ဖြစ်အောင် လုပ်ထားပေးပါတယ်။ သူ့အနံ့လေးကဆိုရင် သိမ်မွေ့တယ် နူးညံ့ တယ်။ သူ့ကိုစွတ်ရတဲ့ feeling လေးကဆိုရင် ငြိမ့်ငြိမ့်လေးနဲ့ အိအိစက်စက် feeling မျိုး ရတယ်။ သူ့မှာသုံးထားတဲ့ jasmine နဲ့ milk အနံ့တို့ဟာဆိုရင် အရမ်းကြီး အီမထွက်ပဲ အရမ်းကြီး ပန်းအနံ့မထွက်တဲ့အတွက် unisex စွတ်ဖို့ အဆင်ပြေတဲ့ အထဲမှာ ပါပါတယ်Over all futurelistic ဖြစ်ပြီး unique ဖြစ်တဲ့အနံ့မျိုးလေး လိုချင်တယ်ဆိုရင် full size ဝယ်တာထက် decent try ကြည့်သင့်တယ် လို့မြင်တယ်။ Initio ရဲ့ musk tharapyတို့ juliet has a gun not a perfume တို့လို ရေမွှေးမျိုးကြိုက်ရင် ဒီကောင်လေးကိုလည်း ကြိုက်ပါလိမ့်မယ်။ အားလုံးကို အခုလိုဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။

"Peace Par"

Tom Ford Noir ExtremeRomantic,sexy,date night လို့ပြောရင် Tomford ရဲ့ noir extreme ကို အရင်ဆုံး ပြေးမြင် ရမှာ အမှန် ပါပဲ...
09/11/2023

Tom Ford Noir Extreme

Romantic,sexy,date night လို့ပြောရင် Tomford ရဲ့ noir extreme ကို အရင်ဆုံး ပြေးမြင် ရမှာ အမှန် ပါပဲ။ သူ့အနံ့ရဲ့ sexy ဖြစ်ပုံအကြောင်း ပြောရမယ်ဆိုရင်အင်္ကျီချွတ် six pack တွေပြ အဲ့လိုမျိုးမဟုတ်ပဲ ရင့်ကျတ်ပြီး suit dress up အပြည့်နဲ့ အထာကျကျ rich ဖြစ်ပြီး ညီမလေးတွေ မျက်စိပြုတ်ကျမယ့် ဘဲကြီး vibe မျိုး ပေးတဲ့ ရေမွှေး လေးဖြစ်ပါတယ်။ ဒီရေမွှေးလေး အကြောင်း ပြောရမယ်ဆိုရင် စွတ်စွတ်ချင်း spice အနံ့တွေ ရလိမ့်မယ်။ ပြီးရင် အနောက်က နေ vanilla နဲ့ kulfi မလိုင်အနံ့ လေး လိုက်လာပြီး creamy ဖြစ်ဖြစ်လေးနဲ့ အရသာ အရမ်း ရှိတယ်။Kulfi မလိုင်အနံ့ ဆိုပြီး cheap ဖြစ်တဲ့ အနံ့မျိုးမဟုတ်ပဲ creamy ဖြစ်ဖြစ်နဲ့ luxury ဆန်ပီး cardamom spices တို့နဲ့ အလှ ဆင်ထားတော့ တောတော လေး အထာကျတဲ့ အထဲမှာ ပါပါတယ်။Overall solid 9/10 ပေးလို့ရတဲ့ရေမွှေးဖြစ်ပါတယ်။ Night out, date, wedding တွေနဲ့ပိုလိုက်ဖက်မယ်လို့ recommend လုပ်ချင်ပါတယ်။ ဒီလို scent profile မျိုးမှာမှ women version ရှိသေးတာမို့လို့ စိတ်ဝင်စားရင် love reaction လေးတွေ ပေးခဲ့ပေးပါ။
Peace Par!!

Xerjoff Italica =အရမ်း အရသာ ရှိတဲ့ ရေမွှေး🤤အရသာ ရှိတဲ့ ရေမွှေး တွေအကြောင်းပြောရင် Xerjoff ရဲ့ Italica က မဖြစ်မနေ mention...
04/11/2023

Xerjoff Italica =အရမ်း အရသာ ရှိတဲ့ ရေမွှေး🤤

အရသာ ရှိတဲ့ ရေမွှေး တွေအကြောင်းပြောရင် Xerjoff ရဲ့ Italica က မဖြစ်မနေ mention လုပ်ပေးရမယ့် ရေမွှေးထဲမှာ ပါပါတယ်။ Italica ရဲ့ opening က Almond, Vanilla, Milk တို့နဲ့ ဖွင့်ထားပါတယ်။ Italica မှာ သုံးထားတဲ့ Almond Strong ဖြစ်တဲ့ထဲမှာ ပါပါတယ်။ တစ်ချို့တစ်လေ အတွက် ခေါင်းပါ ကိုက်စေနိုင်ပါတယ်။ သို့ပေမယ့် သူ့ရဲ့ drydown က အရမ်းလှပပြီး အရသာအရမ်း ရှိလွန်းလို့ compliment တွေ အများကြီး ရနိုင်ပါတယ်။
(noted: Blind buy safe မဖြစ်ပါ)
Admin အနေနဲ့ ဒီရေမွှေး ကိုနွေရာသီထက် ဆောင်းရာသီ night out နဲ့ ပိုလိုက်ဖက်မယ်လို့ suggest လုပ်ချင်ပါတယ်။ Italica ရဲ့ ဒီ့ထက်ပိုပြီး စိတ်ဝင်စား ဖွယ် အချက်က ဒီအတိုင်း ရှူကြည့်ရင် Almond အနံ့ကြီးလို့ ထင်ရပေမယ့် သူ့အနံ့က လေထဲပျံ့သွားရင် cookie မုန့်ကလေး စားလိုက်ရသလိုမျိုး၊ cookie မုန့်တွေရောင်းတဲ့ bakery တစ်ခုထဲ ရောက်သွား သလိုမျိုး ခံစားရပါလိမ့်မယ်။
Overall Admin အတွက်ဆို 9/10 လောက်ပေးလို့ရတဲ့ ရေမွှေးထဲမှာပါပါတယ်။
အားလုံး ကို အခုလိုဖတ်ပေးလို့ ကျေးဇူး အထူးတင်ရှိပါတယ်။ Peace Par!!

Address


Website

Alerts

Be the first to know and let us send you an email when Hyper Eric posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share