Kaung is Kaung

  • Home
  • Kaung is Kaung

Kaung is Kaung K-K-K, Triple K

23/04/2024

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့၊ ပီလခတ်ကျေးရွာမှာရှိတဲ့ ပီလခတ် ဟိန္ဒူဘုရားကျောင်းကို သွားခဲ့တဲ့ အမှတ်တရ Video လေးပါ။ ဘုရားကျောင်းတည်ရှိရာနဲ့ ဘုရားရှင်တွေရဲ့ အမည်နာမတွေနဲ့ အဓိပ္ပာယ်တွေကို ရှင်းလင်းတင်ပြပေးထားပါတယ်။ 🪷🙏🏻✨

ကျွန်တော် ဘာသာခြားတစ်ယောက်ပေမယ့် ဘာသာတိုင်းကို လက်ခံ လေးစားယုံကြည်ပါတယ်။ 🙏🏻

နှစ်ပေါင်း ၁၆၀ ကျော်ရှိ မြန်မာနိုင်ငံမှာသက်တမ်းအရင့်ဆုံးနှင့် လူမျိူး ဘာသာမရွေး သွားရောက် လည်ပတ်ဆုတောင်းကြတဲ့ တောင်းဆုတွေပြည့်ဝစေတယ်လို့ နာမည်ကြီးတဲ့ ဟိန္ဒူဘုရားကျောင်း ဖြစ်ပါတယ်။
🛕🪷🙏🏻

(၁) စရီ မဟာ မူနီးစ်၀ရန်း ဘုရားကျောင်း၊
(၂) စရီ အန်ဂါလဲအိစ်၀ရီး မယ်တော်ကျောင်း၊
(၃) ပူကျီအာယား ကွင်းပိုင်ကြီးကျောင်း ဆိုပြီး ဘုရားကျောင်း သုံးကျောင်းရှိပါတယ်။ ကျွန်တော်က အပေါ်ဆုံး နှစ်ကျောင်းပဲ ရောက်ရှိခဲ့ပါတယ်။ 🪷🪷🪷

ဟိန္ဒူသာသာမှာ နတ်ဆိုတာမရှိပါဘူး။
ဘုရားရှင်၊ ဒေ၀တာ နဲ့ သက်စောင့် ဘုရားတွေပဲ ရှိလို့ ဘုရားကျောင်းထဲက ဘုရားရှင်၊ မယ်တော်တွေထံမှာ လိုရာဆုကို လေးနက်ယုံကြည်စွာ အဓိဌာန်ပြုဆုတောင်းနိုင်ပါတယ်။ 🪷🙏🏻✨
ဆုတောင်းပြီးတဲ့နေ့မှာလည်း သားသတ်လွတ် စားသောက်ပေးရပါတယ်။ လူတချို့ကလည်း ရာသက်ပန် အသားကြီး စားခြင်းကိုစွန့်လွှတ်ပြီး တိုင်တည်အဓိဌာန်ပြုကြပါတယ်။

ယုံကြည်မှုနဲ့ ဘုရားကျောင်းကို ဖူးမြော်ဆုတောင်းနိုင်သလို လေ့လာလိုစိတ်နဲ့ လာရောက်လည်ပတ်နိုင်ပါတယ်။ 🪷🙏🏻✨

❌ ဘုရားကျောင်းရှေ့ကနွားမင်းဆင်းထုနဲ့ ခြင်္သေ့ဆင်းထုမှာ ငှက်ပျောသီး၊ အုန်းသီးတွေ မကပ်လှူခဲ့ဖို့ မေတ္တာရပ်ခံထားပါတယ်။
❌ ဘုရားကျောင်းဆောင်ထဲ သရုပ်ပျက် Tik Tok Video ကစားခြင်းတားမြစ်ထားပါတယ်။

ဒီVideo လေးအတွက် ကျွန်တော့်ကို ဘုရားအမည် အခေါ်အဝေါ်၊ အဓိပ္ပာယ်တွေကို စိတ်ရှည်ရှည်နဲ့ဝေမျှ ရှင်းလင်း ဖြေကြားပေးတဲ့ India ရောက် ဆရာစိုးပိုင်ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ 🙏🏻🙏🏻🙏🏻

ကျွန်တော့် တောင်းဆုတွေပြည့်ဝသွားတဲ့အခါ ဘုရားကျောင်းကို နောက်တစ်ခါသွားရောက်ပါဦးမယ်ဗျ။ 🤩🙏🏻🪷🍀✨

ဘုရားကျောင်း ဖွင့်ပိတ်ချိန် - 6AM to 6 PM

Thanks for watching and your kind support is greatly appreciated! 🥰🫰🏻💛

15/04/2024

နေပူရှောင် ရေမစိုတဲ့ အိမ်တွင်းပုန်း သင်္ကြန် 🤩

မြန်မာနှစ်သစ်လေးမှာ ချစ်ခင်ရတဲ့သူတွေနဲ့ အတူတူ ဖြတ်သန်းကျော်ဖြတ်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။ 🥰🩵🩵🩵
Mr. Kaung ကတော့ သူငယ်ချင်းမိတ်ဆွေ သစ်တွေနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်။
အားလုံးပဲ ပျော်ရွှင်ကျန်းမာလို့ ထပ်ဆုံကြမယ်နော်။ 💪🏻🍀✨
မကြာခင်မှာ လည်း Vlog အသစ်လေးတွေတင်ပေးမှာမို့ စောင့်မျှော် ကြည့်ရှူအားပေးကြပါဦးနော်။

Thanks for watching and your kind support is greatly appreciated! 🤩🫰🏻💖

I made a wish! 🙏🏻✨Happy pill must always be happy & healthy.ပျော်ရွှင် ကျန်းမာဖို့ ဆုတောင်းခဲ့ပါတယ်။ 🍀✨
07/04/2024

I made a wish! 🙏🏻✨
Happy pill must always be happy & healthy.
ပျော်ရွှင် ကျန်းမာဖို့ ဆုတောင်းခဲ့ပါတယ်။ 🍀✨

Rolling rolling rolling. 🤩💫🤘🖤
04/04/2024

Rolling rolling rolling. 🤩💫🤘🖤

I feel like I am on the planet with the plants.   🌱💫
03/04/2024

I feel like I am on the planet with the plants.
🌱💫

Smile & shine like the stars, my dear. 🌟✨
01/04/2024

Smile & shine like the stars, my dear. 🌟✨

One fine sunset, I miss you so much! 🖤✨
26/03/2024

One fine sunset, I miss you so much! 🖤✨

Under the moonlight, it became a colorful night! 🌝🌟💫✨
22/03/2024

Under the moonlight, it became
a colorful night! 🌝🌟💫✨

20/03/2024

Buddha Sermon in the western of Danuphyu.

“အနောက်မှာတရား” လို့တင်စားထားတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့အနောက်ပိုင်းမှာရှိတဲ့ ပြည်လုံးချမ်းသာ စေတီတော်ကြီးနဲ့ သံတန်ဆောင်း ကျောက်စာတိုက်ကို ရိုက်ကူးဖော်ပြထားပါတယ်။ 😇🙏🏻

ဓနုဖြူမြို့ဂုဏ်ဆောင် တန်ဖိုးမဖြတ်နိုင်တဲ့ ထိန်းသိမ်းစရာ သမိုင်းဝင်အမွေအနှစ်တစ်ခုဖြစ်ပြီး ပိဋကတ်ပါဠိတော် ကျောက်စာချပ်ရေ ၃၉၉ ချပ်တည်ရှိတဲ့ ဒုတိယအကြီးဆုံး ပိဋကတ်ပါသုံးပုံကျောက်စာတိုက်တော်ကြီးဖြစ်ပါတယ်။ 🙏🏻✨

ဘုရားစေတီတွေတည်နေချိန် မည်သူမှ မဝင်နိုင်တဲ့နေရာတွေမှာ မည်သူမှမသိစေဘဲ တန်ဖိုးကြီး ရတနာပစ္စည်း ဓာတ်တော်တွေကို လာရောက်ထားသွားတာက အလွန်ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းလှပါတယ်။ ✨

Please choose 720p for clear, HD resolution.
Thanks for watching and your kind support is highly appreciated. 🥰🫰🏻🩵

05/03/2024

Sword in the northern of Danuphyu. 🗡️✨
“မြောက်မှာဓား” လို့တင်စားထားတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့မြောက်ပိုင်းမှာရှိတဲ့ စစ်သူကြီး မဟာဗန္ဓုလပန်းခြံကို ဂုဏ်ယူစွာနဲ့ ဖော်ပြလိုက်ပါတယ်။ 🤩

မြန်မာ့သမိုင်းမှာ ရဲစွမ်းသတ္တိနဲ့တိုက်ရည်
ခိုက်ရည်စွမ်းရည်အပြည့်နဲ့ သူ့ကျွန်မခံလိုစိတ်နှင့် တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ စစ်သူကြီး မဟာဗန္ဓုလရဲ့ ကိုယ်ရေးရာဇဝင် အတ္ထုပ္ပတ္တိအကျဉ်းကို ရှင်းလင်းတင်ပြထားပါတယ်။ 🗡️✨

ဓနုဖြူမြို့ဂုဏ်ဆောင်တဲ့အထင်ကရသမိုင်းဝင်နေရာတစ်ခုကို ကျွန်တော်နဲ့အတူတူ လည်ပတ် လေ့လာကြည့်လိုက်ရအောင်ပါ။
ဓနုဖြူမြို့သူမြို့သားတွေရဲ့ အမှတ်တရပေါင်းများစွား ကျန်ရှိခဲ့တဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။ 🥰

Youtube link - https://youtu.be/QQh7RiCVK5E?si=LJwwjBMjQCy8VWPN

Please choose 720p for clear, HD resolution.
Thanks for watching and your kind support is greatly appreciated. 🥰🫰🏻🩵

Kaung turns 23. 🎂🥳🎉🎊👏🏻✨
22/01/2024

Kaung turns 23. 🎂🥳🎉🎊👏🏻✨

26/11/2023

We must love and take care of our parents when we are alive. 👴👵💝✨
I am so proud to show off my old parents. 😇

ကျွန်တော်တို့တွေဆီမှာ အဖေ အမေခေါ်ခွင့်ရပြီး
မိဘကို လုပ်ကျွေးပြုစုခွင့်ရသေးရင် အဲ့တာ ကံအကောင်းဆုံး လူသားတွေပါ။ ဘယ်သူတွေ ဘယ်လောက် ပြောင်းလဲသွားပါစေ မိဘမေတ္တာက ဘယ်တော့မှ ပြောင်းလဲမသွားပါဘူး။ ကိုယ်တတ်နိုင်သမျှ အသက်ရှိနေဆဲ မိဘတွေကိုပြုစုတန်ဖိုးထားပါ၊ မရှိနိုင်တော့မှ နောင်တရ မျက်ရည်ကျတာက အလကားပါပဲ။ အသက်ရှင်နေသည်ဖြစ်စေ၊ ကိုယ့်နားမရှိတော့သည်ဖြစ်စေ မိဘကိုပြည့်စုံ ချမ်းသာအောင် မထားနိုင်သေးရင်တောင် စိတ်ချမ်းသာအောင်ထားပြီး အမြဲ ဂုဏ်ယူ စိတ်ချရတဲ့ သားသမီးတွေဖြစ်အောင် ကြိုးစားရပ်တည် ရှင်သန်ကြရပါမယ်။ 😇🙏🏻

Please choose 720p for clear, HD resolution.
Thanks for watching and your kind support is truly appreciated. 🥰🫰🏻🩵

08/11/2023

Hello! Welcome from Kaung is Kaung Page.

မိမိနာမည် အရှေ့မှာ ထည့်သုံးရမယ့်
တစ်ဖက်လူကို ခေါ်တဲ့အခေါ် ထည့်သုံးရမယ့်
Mr., Mrs., Miss and Ms.ကို ကွဲပြားအောင် ရှင်းပြပေးထားပါတယ်။ 👦🏻👩🏻‍🦰👨🏻‍🦰👱🏻‍♀️👶🏻✨

ပိုမိုကောင်းမွန်တဲ့ ဆန်းသစ်တဲ့ Englishနဲ့ပတ်သက်တာလေးတွေ တင်ပေးသွားမှာမို့လို့ ကြည့်ရှု အားပေးကြပါဦးနော်။

Please choose 720p for clear HD resolution.
Thanks for watching and your kind support is truly appreciated. 🙏🏼🥰

Address


Website

Alerts

Be the first to know and let us send you an email when Kaung is Kaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share