Sports Topic

Sports Topic ဘောလုံးအားကစားသတင်းများအား တင်ဆက်ပေးမည့် page ဖြစ်ပါသည်။

မန်ယူဆိုတာ မလင်းတော့တဲ့မီးလုံးအိုးထရက်ဖို့ဒ်ဟာ အမှောင်ခန်းထဲမှာ ကိုယ့်အသံနဲ့ကိုယ်သွေးလန့်နေခဲ့ရတဲ့အခိုက်အတန့်တွေရှိခဲ့တာ...
31/10/2024

မန်ယူဆိုတာ မလင်းတော့တဲ့မီးလုံးအိုးထရက်ဖို့ဒ်ဟာ အမှောင်ခန်းထဲမှာ ကိုယ့်အသံနဲ့ကိုယ်သွေးလန့်နေခဲ့ရတဲ့အခိုက်အတန့်တွေရှိခဲ့တာပေါ့..။မန်ယူလား တော်ပါပြီကွာ ကျောခိုင်းသွားတဲ့မိတ်ဆွေတွေရဲ့ရင်ဘတ်မှာ ဒဏ်ရာတွေနဲ့.တစ်ခါနီဖူးရင် တစ်သက်လုံးနီတယ်ဆိုတဲ့သူငယ်ချင်းတွေနဲ့လည်း အဆက်သွယ်ပြတ်နေတာကြာလှပေါ့..။

အသုံးမကျတဲ့ခေါင်းဆောင်မူတွေအောက်မှာ ရေတွေလည်းကြီးခဲ့ဖူးတယ်.လိူင်းလေတွေလည်းထန်ခဲ့ဖူးတယ်..လှည့်မကြည့်ချင်လောက်အောင် နာကျင်ရတယ်ဆိုတာ ချစ်လွန်းလို့ပါ...တန်ဟက်အလွန်မန်ယူဟာ မိုးသားကင်းစင်သွားတဲ့ကောင်းကင်ကြီးဟာ လှပလွန်းခဲ့တယ်..မန်ယူ5-2လက်စတာ။ကြယ်တွေစုံတဲ့ညမှာ ငါတို့တွေဝိုင်းဖွဲ့လို့ ကခုန်ခဲ့ကြတယ်။အမှောင်ကျနေတဲ့အိုးထရက်ဖို့ဒ် ဂိုးဆိုတဲ့အသံတွေနဲ့ လင်းကျင်းခဲ့တယ်..။

လက်စတာကိုနိုင်တာပဲ ပျော်စရာလားတဲ့။ဟုတ်ပါတယ်..ငါတို့ပျော်ခဲ့ကြတယ်..နောက်ဆုံး8ပွဲမှာတစ်ပွဲနိုင်ထားတဲ့ငါတို့အတွက်တော့ 5-2ဆိုတဲ့ရလဒ်က မိုးတစ်ပြိုက်ပဲဆိုရင်တော့ ခဏတော့ ရင်အေးခဲ့ရပါတယ်...နစ္စတယ်ရွိုင်းနဲ့ပွဲထွက်လာတဲ့မန်ယူကိုကြည့်လိုက်တော့လူစာရင်းက အပြောင်းအလဲသိပ်မရှိခဲ့ပါဘူး။ဒါပေမဲ့ ကစားသမားတွေရဲ့စိတ်ဓာတ်တွေက ပြောင်းလဲသွားတယ်..ပြိုလဲနေတဲ့အသင်းတစ်သင်းရဲ့ပြန်လည်ရုန်းထနိုင်မူက ရေကြည်လေးတစ်ပေါက်ဆိုပေမဲ့ ရေငတ်နေသူတွေအတွက် လုံလောက်တဲ့ကြည်နူးမူပါပဲ..။

beginner luck..တဲ့။ ဒါဟာတာထွက်ကံကောင်းမူ။အသင်းတစ်သင်းဟာနည်းပြအပြောင်းအလဲဖြစ်ခဲ့ရင် ရလဒ်ကောင်းတတ်တယ်။ဂစ် ဆိုးရှား ကာရစ်တို့တုန်းကလည်း ဒီလိုပါပဲ..။ယာယီနည်းပြဆိုတဲ့ခေါင်းစဥ်အောက်မှာ ရလဒ်တွေကောင်းခဲ့ကြတယ်..လက်စတာနဲ့ပွဲမှာ အသင်းလိုက်ကစားပုံကအားရစရာကောင်းခဲ့တယ်။တိုက်စစ်ကလည်း အခွင့်အရေးတွေဖန်တီးနိုင်ခဲ့တယ်..ပြီးတော့အသုံးချနိုင်ခဲ့တယ်..မန်ယူဟာ barnsleyကို7-0ပြတ်နိုင်ပြီးတဲ့နောက်ပထမဆုံး 5ဂိုးပြန်သွင်းနိုင်တဲ့ပွဲ...။

ဘယ်လိုပဲဖြစ်ဖြစ်။ဒီရလဒ်က ဒဏ်ရာတွေနဲ့လဲပြိုနေသူတွေကို ပြန်လည်ကုသပေးတယ်ဆိုရင်လည်းမမှားဘူး...တန်ဟက်အလွန်မန်ယူဟာ မိုးသားကင်းစင်နေတဲ့ကောင်းကင်ကြီးလို လှပခဲ့တယ်။ဒါကြောင့်လက်စတာနဲ့ပွဲကစလို့ လာမယ့်ပွဲတွေမှာလည်း မန်ယူဟာမန်ယူအဖြစ်နဲ့ပြန်လာဖို့ နောက်တစ်ကြိမ်ပြန်လည်မွေးဖွားလာခဲ့ပါပြီ....။

တချို့သောလမ်းခွဲခြင်းတွေက လွမ်းလောက်စရာမရှိပါဘူး..ပတ္တားပြုတ်နေတဲ့တံခါးတွေဆိုတာ ဒီအတိုင်းထားလို့မှမရတာ ပြုတ်လဲရမှာပဲလေ.....
29/10/2024

တချို့သောလမ်းခွဲခြင်းတွေက လွမ်းလောက်စရာမရှိပါဘူး..

ပတ္တားပြုတ်နေတဲ့တံခါးတွေဆိုတာ ဒီအတိုင်းထားလို့မှမရတာ ပြုတ်လဲရမှာပဲလေ..။ပတ်ဝန်းကျင်နဲ့သယဇာတမဖြစ်တဲ့လူတစ်ယောက်ဟာ ကျောခိုင်းထွက်သွားတာဟာ အကောင်းဆုံးပဲ။ဒါကြောင့်တချို့သောလမ်းခွဲခြင်းတွေဟာ လွမ်းလောက်စရာမရှိဘူး..။ကိုယ်မလုပ်ပြနိုင်တော့ဘူးလို့သေချာသွားရင် ကျောခိုင်းလိုက်ခြင်းဟာ ဂုဏ်သိက္ခာရှိတဲ့လုပ်ရပ်ပါပဲ..ဒါပေမဲ့တချို့က ကိုယ်မှာလည်းအရည်အချင်းမရှိဘူး..လုပ်လည်းလုပ်မပြနိုင်ဘူး။ရလဒ်ကြည့်ရင်လည်းစုတ်ပြတ်သတ်နေတာပဲ..ဒါလည်းဆက်လုပ်နေဦးမယ်ဆိုရင် ဖြုတ်ချလိုက်တာအကောင်းဆုံးပဲ.

မန်ယူကတော့ တန်ဟက်ကိုဖြုတ်လိုက်ပြီ။လူတစ်ယောက်ရာထူးကပြုတ်သွားတာဟာ မဂ်လာတရားမဟုတ်ဘူးဆိုပေမဲ့ ကျတော်တို့ပျော်နေကြတယ်..ဒါဟာမကောင်းတဲ့စိတ်နဲ့ဝမ်းသာနေကြတာမဟုတ်ပါဘူး..သူမရှိမှဖြစ်မှာမို့ ပျော်နေကြတာပါ..ပတ္တားပြုတ်နေတဲ့တံခါးကိုမဖြုတ်ဘဲထားရင် နောက်ကျောလုံလုံနဲ့ဘယ်လိုလုပ်အိပ်စက်လို့ရမှာလဲ..

တန်ဟက်ဆက်ရှိနေရင် နောက်ကျောမလုံဘူး.စိတ်ချလို့မရဘူး။သူ့ကိုဖြုတ်တာအဖြေမဟုတ်ဘူးဆိုရင်တောင် အပြောင်းအလဲကိုကျတော်တို့မျော်လင့်တယ်။နောက်လူက သူ့အိုင်ဒီယာနဲ့သူတည်ဆောက်မှာပဲလေ ဟုတ်တယ်မလား..ဒီလမ်းခွဲခြင်းက လွမ်းလောက်စရာမရှိဘူး။

အခုသတင်းတွေတက်လာတယ်။နစ္စတယ်ရွိုင်းက ယာယီနည်းပြလုပ်မယ်..အမြဲတမ်းအတွက်နည်းပြရှာနေတယ်...ရှာနေတဲ့နည်းပြတွေကတော့ သူ့နည်းသူဟန်နဲ့အရည်အချင်းရှိကြတာချည်းပါပဲ။အမြဲတမ်းနည်းပြမခန့်အပ်ခင် နစ္စတယ်ရွိုင်းက ခဏတာတာဝန်မယ်။ဒါဟာ ဆိုရှားလိုပဲမျိုးပဲ။မန်ယူမှာ ဂစ်ရောကာရစ်ပါ ယာယီလုပ်ဖူးတာတွေရှိတယ်။ဆိုရှားကတော့ယာယီနည်းပြဘဝမှာရလဒ်ကောင်းခဲ့လို့ အမြဲတမ်းနည်းပြဖြစ်ခဲ့ဖူးတယ်..

နစ္စတယ်ရွိုင်းက သူကဒီရာသီမှမန်ယူနည်းပြအဖွဲ့ဝင်ဖြစ်လာတဲ့သူ။တန်ဟက်ကိုဖြုတ်ရင် ယာယီအစားထိုးဖို့ရည်ရွယ်ချက်နဲ့သူ့ကိုခေါ်ခဲ့ပုံရတယ်..သူကပြောရရင် မန်ယူမှာအစဥ်လာကြီးခဲ့တဲ့တိုက်စစ်မူးတစ်ယောက်။မန်ယူအကြောင်းကိုကောင်းကောင်းသိတယ်..ကစားသမားတွေနဲ့သူ့ကြားမှာရင်းနှီးတဲ့ဆက်ဆံရေးတွေရှိတယ်..ဒါကြောင့်သူထိန်းနိုင်မယ့်အခြေအနေမှာရှိတယ်..

ဘာလို့ဆို။လက်ရှိလူစာရင်းက အကောင်းကြီးမဟုတ်ရင်တောင်မညံ့တဲ့အထဲမှာပါတယ်။တန်ဟက်ကဘာဖြစ်ချင်နေတာလဲ သူလုပ်နေချင်နေတာလဲ..သူပဲသိလိမ့်မယ်ထင်တယ်..နောက်ဆုံးကစားတဲ့ပွဲတွေမှာလူထုတ်ပုံတွေစဥ်းစားစရာတွေဖြစ်လာတယ်..အခုနစ္စတယ်ရွိုင်းလက်ထက်မှာအသင်းကပုံစံကောင်းပြန်ရလာနိုင်တယ်။ပြီးတော့နည်းပြအပြောင်းအလဲဖြစ်သွားရင်ရလဒ်ကောင်းတတ်တဲ့အစဥ်အလာလည်းရှိတယ်ဆိုတော့ ဘာတွေဘယ်လိုဖြစ်လာမလဲစောင့်ကြည့်ရမယ်..။

လိဂ်ပြီးတော့နိုင်ငံပွဲ..ဝတ်စုံပြောင်းသွားပေမဲ့ ငါတို့ရဲ့ရင်ခုန်သံကမပြောင်း...စွဲလမ်းစိတ်က ဝတ်စုံမှာမဟုတ်ဘူး.နှလုံးသားမှာ...
08/09/2024

လိဂ်ပြီးတော့နိုင်ငံပွဲ..ဝတ်စုံပြောင်းသွားပေမဲ့ ငါတို့ရဲ့ရင်ခုန်သံကမပြောင်း...စွဲလမ်းစိတ်က ဝတ်စုံမှာမဟုတ်ဘူး.နှလုံးသားမှာမဟုတ်လား..ကော်ဖီကိုဘယ်ခွက်နဲ့ထည့်သောက်ထည့်သောက် အရသာကပြောင်းမသွားဘူးလေ..နိုင်ငံပွဲကနိုင်ငံပွဲအလျောက် အရသာရှိခဲ့တယ်...

အဂ်လန်..ဆောက်ဂိတ်အလွန်အဂ်လန်ကိုကြည့်ရတာ တကယ်မိုက်တယ်..ဂလီးရှစ်ကို10roleနေရာမှာထားတဲ့နည်းပြရဲ့စိတ်ကူးက အမှတ်ပြည့်ပေးချင်စရာ..သူကဆောက်ဂိတ်လက်ထက်မှာ ပုံမှန်နေရာမရတဲ့သူ..ပြီးခဲ့တဲ့ယူရိုမှာသူသာပါခဲ့ရင်ဆိုတဲ့မအတွေးက ခေါင်းထဲပြုတ်ကျလာခဲ့တယ်..ဘယ်တောင်ပံကစားတဲ့ဂေါ်ဒွန်ကစားတာမဆိုးဘူး..တိုက်စစ်လမ်းကြောင်းတွေက အရင်ထက်ပိုသပ်ရပ်လာတယ်..ရိုက်စ် မိန်နူးတို့ကွင်းလယ်အတွဲက တည်ငြိမ်လွန်းအားကြီးတယ်...ကိုးလ်ကိုဘယ်တောင်ပံနေရာမှာထားကစားတာသဘောကျတယ်

အဂ်လန်ရဲ့ခြေစွမ်းကိုခြုံကြည့်ရရင် ဆောက်ဂိတ်လက်ထက်ကထက် သက်တောင့်သက်သာရှိခဲ့တယ်..လီးကာစလေ..ဆိုတဲ့ယာယီနည်းပြရဲ့အိုင်ဒီယာကမဆိုးဘူး။သူကအဂ်လန်ကစားသမားတွေအ​ကြောင်းကောင်းကောင်းသိတဲ့သူဖြစ်တယ်..ဒါကြောင့်လည်းသူရဲ့ပထမဆုံးပွဲက ဟန်ကျပန်ကျပါပဲ။တကယ်တော့အဂ်လန်အသင်းဟာ နည်းပြကောင်းတွေနဲ့သာလက်တွဲလိုက်ရင် အများကြီးပိုကောင်းလာမယ့်သဘောမှာရှိတယ်..

ကစားသမားအစုအဖွဲ့ကလည်းတောင့်တယ်..တစ်ဦးချင်းထူးချွန်တဲ့သူတွေများတယ်..ဒါကြောင့်FAအနေနဲ့ နည်းပြကောင်းတစ်ယောက်ကိုရှာဖွေနိုင်ဖို့ပဲလိုတယ်ဆိုတာ လီကာစလေကသက်သေပြလိုက်တာပါပဲ..အဂ်လန်ဘောလုံးအဖွဲ့ချုပ်ဘာလုပ်မလဲစောင့်ကြည့်ရမယ်...

ရေးသားသူ - အလင်းဖြူ

One Championship ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မြန်မာနိုင်ငံက အောင်လအန်ဆိုင်းနဲ့ တူရကီနိုင်ငံက အာဒိုဂန်တို့ရဲ့ပွဲစဉ်ကတော့ ဒုတိယ...
07/09/2024

One Championship ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မြန်မာနိုင်ငံက အောင်လအန်ဆိုင်းနဲ့ တူရကီနိုင်ငံက အာဒိုဂန်တို့ရဲ့ပွဲစဉ်ကတော့ ဒုတိယအချီမှာပဲ တူရကီဖိုက်တာ အာဒိုဂန်ရဲ့ ချုပ်ကွက်နဲ့ ထိုးချက်တွေအောက်မှာ အောင်လအန်ဆိုင်းတစ်ယောက် ရှုံးနိမ့်သွားခဲ့ရပါတယ်။

အရိပ်မိုးထားရင် ရုန်းရခက်တယ်တဲ့ လူတစ်ယောက်ဟာနိူင်းယှဥ်ခံရရင် ရှင်သန်ဖို့သိပ်ခက်တယ်..တဲ့။ဘောလုံးလောကမှာ မိုးထားတဲ့အရိပ်တွ...
04/09/2024

အရိပ်မိုးထားရင် ရုန်းရခက်တယ်တဲ့ လူတစ်ယောက်ဟာနိူင်းယှဥ်ခံရရင် ရှင်သန်ဖို့သိပ်ခက်တယ်..တဲ့။ဘောလုံးလောကမှာ မိုးထားတဲ့အရိပ်တွေအများကြီး။ဖာဂူဆန်အရိပ် အာစင်ဝင်းဂါးအရိပ် မော်ရင်ဟိုအရိပ်.စသည်ဖြင့်ပေါ့လေ..မန်ယူဆိုဖာဂူဆန်အရိပ်က မကျွတ်လွတ်သေးဘူး..တစ်ခုခုမှားလိုက်ပြီဆို ဖာဂူဆန်နဲ့နိူင်းယှဥ်ကြတယ်...ရောက်လာတဲ့နည်းပြတိုင်းဒီအရိပ်အောက်မှာပဲ အနာဂတ်တွေပျောက်သွားတယ်။အာတီတာတောင် ဒီအဆင့်ရောက်ဖို့ တော်တော်လေးရုန်းကန်ခဲ့ရတယ်..လူဟာအရိပ်မိုးခံထားရင် ကိုယ်ရှိန်ကိုယ်ဝါတောက်ပဖို့မလွယ်ဘူး...

ဒါပေမဲ့အာနီဆလော့ကတော့ မိုးထားတဲ့အရိပ်တွေကိုခွာချပြီး အရောင်တောက်ပဖို့ ရှေ့ထွက်လာခဲ့တယ်..ပရီးမီးယားလိဂ်အဖွင့်3ပွဲဆက် အနိုင်ရခဲ့တယ်.ပေးဂိုးမရှိခဲ့ဘူး. ဒါဟာအဲရစ်ဆင်နောက်ပိုင်းအကောင်းဆုံးမှတ်တမ်းပဲ။အိုးထရက်ဖို့ဒ်မှာ မန်ယူကိုအနိုင်ရခဲ့တဲ့လီဗာပူးလ်နည်းပြတွေရှိတယ်.ဒါပေမဲ့ပထမဆုံးရာသီမှာ အိုထရက်ဖို့ဒ်မှာအောင်ပွဲခံခဲ့တဲ့နည်းပြဟာ လက်ချိုးရေလို့ရတယ်။

အာနီဆလော့ ဒီလောက်ထိလျင်လျင်မြန်မြန်အထိုင်ကျသွားတာဟာလီဗာပူးလ်အသင်းရဲ့စီမံခန့်ခွဲမူနဲ့လည်းဆိုင်တယ်..ကလော့ထွက်တော့မယ်လို့ တရားဝင်ကြေငြာလိုက်တဲ့အချိန်ကစလို့ နည်းပြရှာပုံတော်ဖွင့်ခဲ့တယ်။ လေဗာကူဆင်နည်းပြအလွန်ဆို စပို့တင်းနည်းပြ အာမိုခရမ် ဖီယင်နုနည်းပြ အာနီဆလော့။ဒီနည်းပြသုံးယောက်ထဲမှာဆလော့က လူသိနည်းတယ်။ဒါပေမဲ့လီဗာပူးလ်DNAနဲ့ကိုက်ညီတဲ့နည်းပြ။ ကလော့နေရာ ဘယ်သူ့အစားထိုးမလဲ..ဆွေးနွေးမူတွေလုပ်ကြတယ်..နောက်ဆုံးဆလော့နဲ့သဘောတူညီမူရခဲ့တယ်..

ဆလော့က ကလော့ကိုယ်တိုင်သဘောကျတဲ့နည်းပြ။ဒါကြောင့်သူ့ရဲ့နောက်ဆုံးပွဲမှာ သူ့ကိုယ်တိုင် ဆလော့..ဆလော့ဆိုပြီး ကြိုဆိုခဲ့တယ်..ထောက်ခံခဲ့တယ်။ဒီလိုနဲ့ဆလော့ လီဗာပူးလ်ကိုရောက်လာခဲ့တယ်..လီဗာပူးလ်က အများကြီးပြင်စရာမလိုတဲ့အသင်း။ဆလော့က သူ့အိုင်ဒီယာတချို့ကိုရောစပ်ပြီး လီဗာပူးလ်ကိုကောင်းကောင်းတည်ဆောက်ပြခဲ့တယ်..

433ကစားဟန်ကို 4231ပုံစံပြောင်းပြီး ကလော့လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်မရတဲ့ ဂရာဗင်ဘာ့ချ်ကို အယ်လစ္စတာနဲ့တွဲပြီး Double pivotအဖြစ်ကစားစေခဲ့တယ်။ဂရာဗင်ဘာ့ချ်ဟာ နောက်ထပ်DMသမားမလိုဘူးဆိုတာကိုသက်သေပြခဲ့တယ်..နောက်ထပ်ချီးကျူးရမယ့်ကစားသမားနှစ်ယောက်က ဆိုဘိုဆလိုင်းနဲ့ဂျိုတာ..။ဆလော့က ဆိုဘိုဆလိုင်းကို 10roleမှာထားပြီးကစားကွက်ကိုတည်ခဲ့တယ်..ဂျိုတာကိုအထောင်နေရာမှာသုံးခဲ့တယ်..ဂျိုတာရဲ့လုပ်အားနူန်း နည်းဗျူဟာကျွမ်းကျင်မူတွေက အများကြီးအထောက်အကူဖြစ်ခဲ့တယ်..ဆာလာနဲ့ဒီယက်ဇ်တို့ရဲ့တောင်ပံနှစ်ဖက်ရဲ့အလုပ်လုပ်ပုံကလည်းတကယ်ကောင်းခဲ့တယ်။

ဆလော့ကနဂိုကတည်းကမှ aggressive high pressကိုသုံးတယ်..မန်ယူနဲ့ပွဲမှာဆို မိန်နူးတို့ကတ်စမဲရိုးတို့အမှားလုပ်ခဲ့တာ လူမှားပေးခဲ့တာတွေက pressingကြောင့်ပဲ..ဆလော့ရဲ့နည်းဗျူဟာကိုလေ့လာကြည့်ရင် အစွန်တွေကိုအားမပြုဘဲ အလယ်ကြောစိုးမိုးမူကိုဦးစားပေးတာတွေ့ရတယ်..ဂျိုတာ ဆိုဘိုဆလိုင်း အယ်လစ္စတာ ဂရာဗင်ဘာ့ချ် ဗန်ဒိုက် ကိုနာတေးတို့က အလယ်ကြောစိုးမိုးကိုအလေးထားကစားစေတယ်..ဒီးယက်ဇ် ဆာလာ အာနိုးလ် ရောဘင်ဆန်တို့လိုအစွန်သမားတွေက အခြေအနေကြည့်ပြီး အလယ်​ကြောကိုဝင်ကူပေးတာတွေ့ရတယ်..

ဘောလုံးဆုံးရူံးသွားတဲ့အချိန်မှာ ပြိုင်ဘက်အသင်းဘောလုံးပေးလို့မရအောင်ချက်ချင်း pressလုပ်တာအရမ်းသပ်ရပ်တယ်.တိုက်စစ်လမ်းကြောင်းတွေကိုလည်း ပုံစံအမျိုးမျိုးတည်ဆောက်ထားတယ်ဒီယက်ဇ် ဆာလာတို့ရဲ့ ပြေးလမ်းကြောင်းအသုံးချမူတွေကလည်းထိရောက်တယ်..လီဗာပူးလ်ရထားတဲ့7ဂိုးစလုံးကို တိုက်စစ်မူးတွေကပဲသွင်းထားတာတွေ့ရတယ်။ဒါဟာ ဖာမီနို ဆာလာ မာနေးတို့ကိုပြန်အမှတ်ရစေတယ်။ဒါ့အပြင် ဂိုးဖန်တီးတဲ့နေရာမှာလည်း ဆာလာကသုံးကြိမ် ဒီယက်ဇ် ဂျိုတာ ဆိုဘိုဆလိုင်းတို့ကတစ်ကြိမ်စီဖန်တီးမူလုပ်ထားတယ်။ဒါဟာတိုက်စစ်သမားအချင်းချင်းကြားမှာခိုင်မာတဲ့နားလည်မူတွေဖြစ်တယ်...

ဒါကြောင့်..။ဆလော့လက်ထက်လီဗာပူးလ်အသင်းလျင်လျင်မြန်မြန်အထိုင်ကျသွားခြင်းဟာ DNAတူညီနေလို့ပါပဲ..လက်ရှိပုံစံအတိုင်းသာဆက်သွားရင် မန်စီးတီးကိုကောင်းကောင်းယှဥ်ကစားနိုင်စွမ်းရှိတယ်..ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်...

ရေးသားသူ - အလင်းဖြူ

ဟာသတစ်ခုပြောရမလား?စပိန်အသင်းနဲ့အတူအောင်ပွဲခံရာမှာ ကူကူရယ်လာရဲ့ ဟာလန်းနာမည်ပါဝင်တဲ့သီချင်းကို စပ်ဆိုခဲ့တဲ့ ရိုဒရီကို မန်စ...
03/09/2024

ဟာသတစ်ခုပြောရမလား?

စပိန်အသင်းနဲ့အတူအောင်ပွဲခံရာမှာ ကူကူရယ်လာရဲ့ ဟာလန်းနာမည်ပါဝင်တဲ့သီချင်းကို စပ်ဆိုခဲ့တဲ့ ရိုဒရီကို မန်စီးတီးအသင်းနည်းပြဂွာဒီယိုလာက အခုချိန်ထိတိုင်အောင် ပွဲထွက်ခွင့်မပေးသေးပါဘူး။

ဂွာဒီယိုလာတစ်ယောက် ရိုဒရီကို စိတ်များကောက်နေသလား? 🤣

အခက်အခဲတွေကြုံလာတိုင်း..ဒဏ်ရာတွေနဲ့ပိန်လှီးနေတဲ့နေ့ရက်တွေကို ဖြတ်သန်းရတိုင်း ပျော်ရွင်ခြင်းဒေသတွေကို ငါတမ်းတတယ်..ငါရှင်သ...
02/09/2024

အခက်အခဲတွေကြုံလာတိုင်း..ဒဏ်ရာတွေနဲ့ပိန်လှီးနေတဲ့နေ့ရက်တွေကို ဖြတ်သန်းရတိုင်း ပျော်ရွင်ခြင်းဒေသတွေကို ငါတမ်းတတယ်..ငါရှင်သန်ရာဒေသဟာ ဒုက္ခကလွဲလို့ ဘာမှမဖူးပွင့်ခဲ့ဘူးလေ...ဒီလိုနဲ့ငါဟာ ဒုက္ခတရားကိုကော်ဖီတစ်ခွက်မော့သောက်ခဲ့ရတယ်..အဆင်မပြေတဲ့မနက်စာဟာခြောက်ကပ်ကပ်နဲ့.အလင်းရောင်မဲ့နေတဲ့နေ့တွေမှာ ငါ့အရိပ်တောင်ငါ့နားမှာမရှိခဲ့ဘူး.ဘဝဆိုတာ မအေးအေးဝင်းစီစဥ်သလိုတော့ ဘယ်ဟုတ်ပါ့မလဲ။ဒဏ်ရာဒဏ်ချက်တွေနဲ့ သွေးထွက်နေတဲ့အနာဂတ်ဟာ အနာနဲ့ဆေးဝေးနေခဲ့တယ်...

ငါ့ဘဝဆိုးလှပြီးလားမှတ်တယ်။ငါတို့ထက်ဆိုးနေတာက မန်ယူ။အလင်းရောင်မရှိတဲ့မန်ယူကိုကြည့်ရတာ ဘယ်လိုမှအဆင်မပြေခဲ့ဘူး..တစ်နေ့ပြန်ကောင်းလာနိုးနဲ့ငါတို့မျော်ခဲ့ကြတယ်..ဒါပေမဲ့မန်ယူဟာ ပြန်မလာနိုင်ခဲ့ဘူး..သူတို့ကိုကြည့်လိုက်ရင် အမြဲလှောင်နေတယ်..အမြဲမှောင်နေတယ်။အိဖဲ့အိဖဲ့နဲ့ရှေ့ကိုတော်တော်နဲ့ရောက်မလာခဲ့ဘူး...

မန်ယူ0-3လီဗာပူး။ဒီရလဒ်ကပူစပ်ပူလောင်ကြီး။ဒါဟာလီဗာပူး7-0မန်ယူပွဲလိုမျိုးပဲ။ပြန်တွေးတိုင်းနာကျင်ရတယ်..နည်းပြကြောင့်လား ကစားသမားတွေကြောင့်လား..ငါမတွေးတက်တော့ပါဘူး။အိုးထရက်ဖို့ဒ်ဆိုတာ ဘာအရှိန်အဝါမှမရှိတော့ဘူး။အထည်ကြီးပျက်တွေရဲ့တစ်ချိန်ကရွှေထီးဆောင်းခဲ့တဲ့နေ့ရက်တွေကိုငါ..ပြန်မတမ်းတချင်တော့ဘူး။

ဘရိုက်တန်ကိုရူံးတယ်။လီဗာပူးလ်ကိုရူံးတယ်။ကစားကွက်နဲ့စနစ်တကျကစားတတ်တဲ့အသင်းတွေနဲ့မန်ယူဟာရူံးလေ့ရှိတယ်။မနှစ်ကမန်ယူဟာ 14ပွဲတောင်ရူံးခဲ့တယ်..တစ်နှစ်ကျော်က 9ပွဲရူံးတယ်။ဒီနှစ်သုံးပွဲကစားတယ်။နှစ်ပွဲရူံးသွားပြီ။ရူံးတဲ့နှစ်သင်းကလည်းတကယ်ကောင်းတဲ့အသင်းတွေ။မန်ယူဟာအထည်ကြီးပျက်တစ်ယောက်လိုပဲ မခံချင်စိတ်ပဲရှိတယ်..မာန်မရှိတော့ဘူး။လီဗာပူးလ်နဲ့ပွဲမှာသိသာလွန်းအားကြီးတယ်...ကစားပုံစုတ်ပြတ်လွန်းအားကြီးတယ်..နည်းပြရဲ့အိုင်ဒီယာကလည်းအလုပ်မဖြစ်ဘူး။ကစားသမားတွေကလည်း အလုပ်မဖြစ်ဘူး။ဒီပုံစံနဲ့ဆို မိုးရောလင်းပါ့မလား..အလင်းရောင်ကိုမြင်ရပါ့မလား...

မန်ယူဟာ ငါ့ဘဝထက်ဆိုးနေတယ်...ငါ့ပဲလမ်းပျောက်နေတာမှတ်တယ်..မန်ယူကငါ့ထက်လမ်းတွေပိုပျောက်နေတယ်..ငါပဲယောင်ချာချာဖြစ်နေတာလားမှတ်တယ်..ငါ့ထက်ပိုယောင်ချာနေတယ်..ငါ့အနာဂတ်ပဲဝေဝါးနေလားမှတ်တယ်..ငါ့ထက်ပိုဝေဝါးနေတယ်..အဆင်မပြေမူတွေနဲ့မနည်းအသက်ရူနေရတဲ့ငါ့ထက် မန်ယူကပိုအသက်ရူကြပ်နေတယ်။တစ်နေ့တစ်နေ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့ငါ့ထက် မန်ယူကပိုဆိုးနေတယ်...

ငါတို့နေ့တွေပြန်ရောက်မှာပေါ့ မျော်လင့်ခြင်းတွေဟာ အားမာန်မပါတာငါသိတာပေါ့..မန်ယူရောဘယ်လိုလဲ..ပြန်လာဦးမှာလား.အရာအားလုံးဟာ မအေးအေးဝင်းစီစဥ်တာမဟုတ်တော့လည်း ဘယ်အဆင်ပြေပါ့မလဲ...

ရေးသားသူ - အလင်းဖြူ

ပြီးခဲ့တဲ့အပတ် ဝုဗ်လ်အသင်းကို ဂိုးဒါဇင်ဝက် သွင်းခဲ့တဲ့တာကြောင့် ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ဖြစ်နေတဲ့ ချယ်လ်ဆီးအသင်းဟာ ဒီနေ့...
01/09/2024

ပြီးခဲ့တဲ့အပတ် ဝုဗ်လ်အသင်းကို ဂိုးဒါဇင်ဝက် သွင်းခဲ့တဲ့တာကြောင့် ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ဖြစ်နေတဲ့ ချယ်လ်ဆီးအသင်းဟာ ဒီနေ့မှာတော့ ပရီးမီးယားလိဂ်မှာ အမှတ်မရသေးတဲ့ လန်ဒန်ညီနောင် ညီငယ်လေး ပဲလေ့်စ်ကို အိမ်ကွင်းမှာတင် အမှတ်အလှုပေးခဲ့ပါတယ်။

ဒီကနေ့ပွဲစဉ်မှာတော့ ဒရော့ဘာလက်သစ် ဂျက်ဆင်က ဂိုးမြူးနေဆဲဖြစ်ပြီး မာဒူကီ ၊ ပါးမား အင်္ဂလန်ညီနောင်နှစ်ပါးက အတွဲညီနေပေမယ့် ဘယ်တောင်ပံက နက်တိုဟာ ကူကူရယ်လာလည်းမကယ်နိုင် အန်ဇိုလည်းမကယ်နိုင်ပဲ တစ်ကိုယ်ထဲ ရုန်းကန်ပြဖို့ ကြိုးစားရှာပေမယ့် အချည်းနှီးပါပဲ...

ဒုတိယပိုင်းပြန်အစမှာတော့ ချယ်လ်ဆီးအသင်းက ဇာတိသွေးလေးအနည်းငယ်ပြကာ အီဇီရဲ့ ဧရိယာထိပ်က ဝေ့ဝှက်ကန်ချက်နဲ့ ချေပဂိုးပြန်သွင်းပေးယူခဲ့ရပါတယ်။

နောက်ပိုင်းမိနစ်တွေမှာ နှစ်သင်းစလုံး ဂိုးသမားလက်ထဲနဲ့ ဂိုးတိုင်ဘေးတွေကိုသာ တဒုန်းဒုန်း တဒိုင်းဒိုင်း အပြိုင်ကန်ခဲ့ကြတာကြောင့် သရေနဲ့သာပွဲပြီးဆုံးခဲ့ရပါတယ်။

ဒီပွဲဟာ သရေကျတဲ့အပြင် ဂိုးလည်းမပေါ်ခဲ့တာကြောင့် အက်ဒမင်လည်း ကြေးရှုံးလို့ ခွက်ဆွဲရတော့မလို ခင်ဗျားတို့လည်း ထိုနည်းလည်းကောင်းပဲဆိုတာ အေမီဈာန်တောင် မေးစရာမလို ကြိုသိနေခဲ့ပါတယ်။

There is one imposter 😭
01/09/2024

There is one imposter 😭

စည်သူလွင်ဘွဲ့ကို နှစ်နှစ်ဆက်ရရှိထားတဲ့ ဆင်ပျံကြီးဟာ ဒီနှစ်မှာတော့ ရာသီအစပွဲစဉ် (၃)မှာတင် ရမှတ်စလျော့နေပြီဖြစ်ပါတယ်။ပထမပိ...
31/08/2024

စည်သူလွင်ဘွဲ့ကို နှစ်နှစ်ဆက်ရရှိထားတဲ့ ဆင်ပျံကြီးဟာ ဒီနှစ်မှာတော့ ရာသီအစပွဲစဉ် (၃)မှာတင် ရမှတ်စလျော့နေပြီဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ ငရုတ်သီးလေးရဲ့ ဖန်တီးပေးမှုကို ကင်းကိုင်က မက်ဆီလိုလို ဗန်ပါစီလိုလို ဘယ်သူဝင်လို့ဝင်စားသွားမှန်းမသိပဲ ဘရိုက်တန်ဂိုးသမားကို ကျော်သွင်းကာ ဦးဆောင်ဂိုးရခဲ့တာကြောင့် စိတ်ထဲမှာ ဆင်ပျံကြီးတို့ ဒီနှစ်ရှယ်ကြမ်းတော့မယ်လို့ ထင်ခဲ့မိပါသေးတယ်။

ဒုတိယပိုင်းပြန်စလို့ လေးမိနစ်အတွင်းမှာပဲ အင်္ဂလန်သား ဒီကလန်ရိုက်စ်ဟာ ရိုးသားဖိုးသခွားလေးဖြစ်တာနဲ့အညီ တွင်းထဲက ဂဏန်းညှပ်လိုက်တာလူမမြင်ပဲ ထအော်မိသလိုအဖြစ်မျိုးနဲ့ကြုံခဲ့ရပြီး ကိုမာန်ဟိန်းပြောနေကြစကားအတိုင်း ကွင်းလယ်ဒိုင်က "ဘွတ်ကီ စိတ်တိုင်းကျ " အနီကဒ်လေးပြေးပြလေရဲ့...

ဆင်ပျံကြီိးတို့ တစ်ယောက်လျော့သွားချိန်မှာ ဘရိုက်တန်ကစားသမားတွေဟာ ကျားမာန်ဟုန် သောက်လိုက်သလို အားကောင်းမောင်းသန်တွေဖြစ်လာပြီး ရာယာရှိတဲ့ဂိုးပေါက်ထဲကို ရော့ တစ်လုံး ၊ ရော့တစ်လုံးဆိုပြီး ကန်သွင်းခဲ့ကြတာကြောင့် ပြီးခဲ့တဲ့အပတ်က ငါးစီးရှင်ကို အသည်းခွဲဂိုးသွင်းခဲ့တဲ့ ပက်ဒရိုကပဲ အရပ်အခေါ် "ကောက်စား" သွင်းဂိုးနဲ့ အာတီတာ နဲ့ ဆင်ပျံကြီးပရိသတ်တွေကို လက်မှိုင်ချပြီး အသည်းတစ်ဝက်ကွဲအောင်လုပ်ပေးလိုက်ပါတယ်။

နောက်ပိုင်း ပွဲချိန်တွေမှာ ကင်းကိုင် အပိုင်အခွင့်အရေးရခဲ့ပေမယ့်လည်း စတားလင်းမဟုတ်တာကြောင့်ဂိုးမရခဲ့ပဲ နှစ်သင်းစလုံး ချိုမှိုင်မှိုင် ချို့ချို့ လုပ်ရင်းနဲ့ ပွဲပြီးသွားခဲ့ပြီး ဒီနှစ်လည်း ဆင်ပျံကြီးတို့ စည်သူလွင်ဘွဲ့ကို သုံးနှစ်ဆက်ခံဖို့ရာ အစပြုခဲ့လေရဲ့ဗျာ။

ဘရိုက်တန်အသင်းနဲ့ပွဲစဉ်ရဲ့ ပထမပိုင်းမှာဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အာဆင်နယ်တိုက်စစ်မှူးကိုင်းဟာဗက်ဟာ ပရီးမီးယားလ...
31/08/2024

ဘရိုက်တန်အသင်းနဲ့ပွဲစဉ်ရဲ့ ပထမပိုင်းမှာဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အာဆင်နယ်တိုက်စစ်မှူးကိုင်းဟာဗက်ဟာ ပရီးမီးယားလိဂ်နောက်ဆုံး(၁၆)ပွဲကစားခဲ့ရာမှာ (၁၁)ဂိုးသွင်းယူကာ (၆)ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

OFFICIAL: 2024/2025 ဘောလုံးရာသီ ချယ်လ်ဆီးအသင်းရဲ့ UEFA ကွန်းဖရန့်လိဂ်ပွဲစဉ်ဇယားထွက်ပေါ်လာခဲ့ပါပြီ။- Gent (အိမ်ကွင်း)- He...
30/08/2024

OFFICIAL: 2024/2025 ဘောလုံးရာသီ ချယ်လ်ဆီးအသင်းရဲ့ UEFA ကွန်းဖရန့်လိဂ်ပွဲစဉ်ဇယားထွက်ပေါ်လာခဲ့ပါပြီ။

- Gent (အိမ်ကွင်း)

- Heidenheim (အဝေးကွင်း)

- Astana (အဝေးကွင်း)

- Shamrock Rovers (အိမ်ကွင်း)

- Panathinaikos (အဝေးကွင်း)

- Noah (အိမ်ကွင်း)

လီဗာပူးအသင်းဟာ ဂျူဗင်တပ်အသင်းရဲ့ တောင်ပံကစားသမား ချီယေဆာကို ခေါ်ယူနိုင်ခဲ့ပြီလို့ တရားဝင်ကြေညာသွားခဲ့ပြီဖြစ်ပါတယ်။
29/08/2024

လီဗာပူးအသင်းဟာ ဂျူဗင်တပ်အသင်းရဲ့ တောင်ပံကစားသမား ချီယေဆာကို ခေါ်ယူနိုင်ခဲ့ပြီလို့ တရားဝင်ကြေညာသွားခဲ့ပြီဖြစ်ပါတယ်။

မယုံကြည်မူတွေကြားထဲမှာပဲ ချဲလ်ဆီးဟာ မထင်မှတ်တာတွေလုပ်ပြသွားတယ်..ငါမယုံနိုင်သေးဘူး..ဒါဟာချဲလ်ဆီးလား..ဒီလိုဂိုးပြတ်နိုင်ပွ...
26/08/2024

မယုံကြည်မူတွေကြားထဲမှာပဲ ချဲလ်ဆီးဟာ မထင်မှတ်တာတွေလုပ်ပြသွားတယ်..ငါမယုံနိုင်သေးဘူး..ဒါဟာချဲလ်ဆီးလား..ဒီလိုဂိုးပြတ်နိုင်ပွဲမျိုးမမြင်ရတာ ဘယ်လောက်ကြာပြီလဲ..ပြီးခဲ့တဲ့ဧပြီလထဲမှာ အဲဗာတန်ကို6-0နဲ့နိုင်ပြီးနောက်..နောက်တစ်ကြိမ်6ဂိုးထပ်သွင်းတဲ့ပွဲ...ဂိုးတွေငါတို့ကိုပျော်ရွှင်စေတယ်..ဂိုးတွေဟာငါတို့ကို ရွှင်လန်းစေတယ်..ချဲလ်ဆီးပြန်လာပြီလား....တံခါးဖွင့်ကြိုဆိုရတော့မှာလား..

မန်စီးတီးနဲ့ပွဲမှာ အလဲထိုးခံလိုက်ရတဲ့လက်ဝှေ့သမားတစ်ယောက်ရဲ့ဒေါသလက်သီးဟာ ဝုလ်ဗ်တွေအပေါ်ကျရောက်ခဲ့ပုံပဲ..အခွင့်အရေးက အများကြီးရခဲ့တာမဟုတ်ဘူး..ဒါပေမဲ့ ရတဲ့အခွင့်အရေးကိုပဲ အသုံးချသွားတာမဟုတ်လား...ဒီပွဲက နောက်လှမ်းမယ့်ခြေလှမ်းတွေအတွက် လမ်းတွေဖြစ်ခဲ့တယ်..ဒီပွဲက ရှေ့ဆက်ဖို့အတွက် တွန်းအားတစ်ခုပါပဲ..။

ဂိုးတွေခဏဖယ်ထားပြီး ​ခြေစွမ်းကိုပဲကြည့်ရင် လိုအပ်ချက်တွေရှိနေတယ်..အထူးသဖြင့်ခံစစ်ပဲ။တစ်ပွဲကိုနှစ်ဂိုးနူန်းပေးနေရတဲ့ခံစစ်နဲ့ရှေ့ဆက်ဖို့လွယ်ပါ့မလား။ဒီအကြောင်းတွေတွေးရင် အလွန်အကျွံမပျော်ရဲဘူး..ချဲလ်ဆီပြန်လာပြီလို့ တထစ်ချမယုံရဲသေးဘူး...ဒါပေမဲ့ ဂျက်ဆင်ဂိုးရတယ်..မာဒူကီ ဟက်ထရစ်ရတယ်..ပါးလ်မားဂိုးရတယ်..ဖီလစ်ဂိုးရတယ်.နီတိုဂိုးဖန်တီးမူရတယ်.ဒါတွေဟာ ​ချဲလ်ဆီးအတွက်အားတစ်ခုပါပဲ..။

ဒါပေမဲ့.ချဲလ်ဆီးဟာ အသင်းကြီးတွေကိုယှဥ်ဖိုက်ဖို့ ခံစစ်ကဒီ့ထက်ငြိမ်ဖို့လိုတယ်..ဒီ့ထက်မာဖို့လိုတယ်..မန်စီးတီးနဲ့ပွဲမှာရော ဝုလ်ဗ်နဲ့ပွဲမှာပါ ခံစစ်ကစားပုံက မငြိမ်ဘူး..ပေးလိုက်ရတဲ့ဂိုးတွေပြန်ကြည့်ရင် အားနည်းချက်တွေအများကြီးရှိတယ်..ဒီ့အပိုင်းကိုအချိန်ယူပြင်ဆင်ရမယ့်သဘောမှာရှိတယ်။မန်စီးတီးနဲ့ပွဲမှာ တိုက်စစ်ကဂိုးမရလို့ရူံးခဲ့တယ်..ဝုလ်ဗ်နဲ့ပွဲမှာဂိုးရလို့နိုင်သွားတယ်..ဒါဟာအလှည့်အပြောင်းလား..တစ်ပွဲတိုးလားဆိုတော့ဆိုတာ နောက်ပွဲတွေစောင့်ကြည့်ရမယ်...။

ဒါပေမဲ့ချဲလ်ဆီးကံကောင်းခဲ့တာက နောက်ကစားမယ့်ပရီးမီးယားလိဂ်ငါးပွဲက ပဲ့လေ့စ် ဘုန်းမောက် ဝက်စ်ဟမ်း ဘရိုက်တန် ဖောရက်စ်တို့ဖြစ်နေတယ်..ဒီငါးပွဲပြီးရင်ခရီးကြမ်းကိုဖြတ်ရမယ်..လီဗာပူး နယူးကာဆယ် မန်ယူ အာဆင်နယ်တို့နဲ့ဆက်တိုက်ကစားရမယ်။ဒါကြောင့်ပရီးမီးယားလိဂ်ခရီးကြမ်းကိုမဖြတ်သန်းခင် နိမ့်တဲ့အသင်းတွေနဲ့ကစားရမယ်..ဘရိုက်တန်တစ်သင်းပဲ ခက်ခက်ခဲခဲကစားရလိ့မ်မယ်။

မာရက်စ်ကာအနေနဲ့ လျော့ရဲရဲဖြစ်နေတဲ့ခံစစ်ကိုပြင်ဆင်ဖို့အချိန်ရမယ်..တိုက်စစ်နဲ့ကွင်းလယ်ကိုဒီ့ထက်တည်ငြိမ်အောင်လုပ်နိုင်ခဲ့မယ်ဆိုရင် ချဲလ်ဆီးဟာအ​ခြေအနေအများကြီးကောင်းသွားနိုင်တယ်..ဝုလ်ဗ်ကိုနိုင်လိုက်တာဟာဖိအားလျော့သွားတယ်ဆိုပေမဲ့ပြင်စရာတွေအများကြီးရှိပါသေးတယ်..ဒါတွေကိုအချိန်မီပြင်ဆင်နိုင်ခဲ့ရင်တော့ အခြေအနေကောင်းနိုင်ပါလိမ့်မယ်.မဟုတ်ရင်တော့ မာရက်စ်ကာအနေနဲ့လည်းရှေ့နည်းပြလမ်းစဥ်လိုက်ရလိမ့်မယ်..။

ရေးသားသူ - အလင်းဖြူ

ကိုးလ်ပါးမား နဲ့ မာဒူကီ တို့ အင်္ဂလန်သားညီနောင်နှစ်ပါးကြောင့် မိုက်ချင်ရင်ကမ်းကုန်အောင်မိုက်ပြီး ကြမ်းပြ ရမ်းပြခဲ့တဲ့ ချ...
25/08/2024

ကိုးလ်ပါးမား နဲ့ မာဒူကီ တို့ အင်္ဂလန်သားညီနောင်နှစ်ပါးကြောင့် မိုက်ချင်ရင်ကမ်းကုန်အောင်မိုက်ပြီး ကြမ်းပြ ရမ်းပြခဲ့တဲ့ ချယ်ဆီးအသင်း။

ချယ်လ်ဆီးအသင်းဟာ ပွဲစလို့ ဒိုင်လူကြီး ဝီစီမှုတ်ပြီးပြီးခြင်းမှာပဲ ထောင့်ကန်ဘောရခဲ့သလို အဲ့ဒီ ထောင့်ကန်ဘောကနေပဲ ပွဲကစားချိန် (၂) မိနစ်မှာတင် ချယ်လ်ဆီးပရိသတ်တွေရဲ့အချစ်တော် ဒရော့ဘာ လက်သစ် ဂျက်ဆင်က ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဦးဆောင်ဂိုးပေးလိုက်ရပြီးတဲ့နောက်ပိုင်းမှာ ဝုဗ်အသင်းက ပြန်လည်ဖိအားပေးကစားခဲ့ပြီး ပွဲကစားချိန် (၂၇)မိနစ်မှာတော့ ချယ်လ်ဆီးအသင်းရဲ့ ပလိုင်းပေါက်နဲ့ ဖားကောက်နေတဲ့ အနောက်တန်းကစားပုံကြောင့် ကူညာက ဝုဗ်အသင်းအတွက် ချေပဂိုးပြန်သွင်းပေးခဲ့ပြီး ပွဲကစားချိန် (၄၅)မိနစ်မှာတော့ ကိုးလ်ပါးမားက ဝုဗ်အသင်းဂိုးသမားကိုကျော်ပြီးလှလှပပ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ နှစ်ဂိုး တစ်ဂိုးနဲ့ ပွဲပြီးပြီလို့အားလုံးကထင်ခဲ့ကြပါတယ်။

ပထမပိုင်း နာကျင်အချိန်ပိုမှာတော့ ဝုဗ်အသင်းရဲ့ တိုက်စစ်ကစားသမားအသစ် လာဆန် ကချေပဂိုး သွင်းယူပေးခဲ့တာကြောင့် ပထမပိုင်းမှာတင် ဂိုးအောက်ကိုင်ထားကြတဲ့ ညိုကီအပေါင်းတို့ကတော့ ရေစက်ခွက်ကလေးကိုင်ကာ တန်းစီပြီး ထိုင်နေကြလေရဲ့...

ဒုတိယပိုင်းပြန်စချိန်မှာတော့ ချယ်လ်ဆီးအသင်းဟာ နတ်ရေကန်ထဲကို ခုန်ချလိုက်သလို ကစားပုံကောင်းမွန်လာခဲ့ပြီး အသင်းရဲ့ညာတောင်ပံက မာဒူကီဟာ ထူးထူးဆန်းဆန်း ဟက်ထရစ်တွေဘာတွေသွင်းပြီး ပြတ်ပြတ်သားသားဦးဆောင်နိုင်ခဲ့ပါတယ်။မာဒူကီ ရဲ့ သွင်းဂိုးသုံးဂိုးလုံးကိုတော့ ကိုးလ်ပါးမားက ဖန်းတီးပေးခဲ့တာဖြစ်ပြီး ပွဲကစားချိန် မိနစ် (၈၀) အရောက်မှာတော့ မနေ့တစ်နေ့ကမှ အသစ်ရောက်လာတဲ့ ပက်ဒရိုနက်တို ရဲ့ ဖန်တီးပေးမှုကနေ ဂျာအူးဖီးလစ်က အဆုံးသတ်ပြီး ချယ်လ်ဆီးတို့ ပြတ်သားတဲ့နိုင်ပွဲတစ်ပွဲကို ပုံဖော်နိုင်ခဲ့ပါတယ်။

နောက်ပိုင်းမိနစ်တွေမှာ တစ်ချိန်တုန်းက အိပ်ချင်မူးတူး ရလဒ်နဲ့ပွဲပြီးမလား၊ ခြောက်သုံးဆိုတဲ့ ရလဒ်နဲ့ပဲ ပွဲပြီးမလား စောင့်နေပေမယ့်လည်း ချယ်လ်ဆီးအသင်းဟာ ဂိုးဆက်မသွင်းတော့ပဲ ယနေ့ည ဂိုးအောက်ကိုင်ထားတဲ့ ညိုကီတို့ကို မနက်ဖြန်မနက်စားစရာမရှိအောင် တစ်ကွက်ပြသွားခဲ့ပြီး ချယ်လ်ဆီးပြန်လာပြီဆိုတာ တစ်လောကလုံးကိုမောင်းတီးပြီး အသိပေးလိုက်ပါတယ်။

မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် (၂) မှာတော့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းနဲ့ တန်းတက် အစ်ဝှစ်ချ်တောင်...
25/08/2024

မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် (၂) မှာတော့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းနဲ့ တန်းတက် အစ်ဝှစ်ချ်တောင်းအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

အစ်ဝှစ်ချ်တောင်းအသင်းဟာ ကြမ်းတမ်းလှတဲ့ ပရီးယားလိဂ်တောအုပ်ကြီးထဲကို အခုမှစတင်ဝင်ရောက်လာတဲ့အသင်းပီပီ မမေးမြန်းအကဲစမ်းပြီး အီတီဟတ်လို နေရာမျိုးမှာ ပွဲစလို့ (၇) မိနစ်အတွင်းမှာတင် ဂျွန်ဆင်ရဲ့ဖန်တီးပေးမှုကနေ ဆီမိုဒစ်ရှ်က ဦးဆောင်ဂိုးသွင်းခဲ့ပြီး အစ်ဝှစ်ချ်တောင်းအသင်းက စောစောစီးစီး ကျားမြှီးသွားဆွဲခဲ့ပါတယ်။

အစ်ဝှစ်ချ်တောင်း အသင်းက ဦးဆောင်ဂိုးရပြီးနောက်ပိုင်းမှာတော့ မန်စီးတီးအသင်းဟာ တရစပ် တိုက်စစ်ကစားပြီး ပွဲကစားချိန် (၁၂,၁၆) မိနစ်တို့မှာ ဟာလန်းက နှစ်ဂိုး နဲ့ ပွဲကစားချိန် (၁၄) မိနစ်မှာ ဒီဘရိုင်းက တစ်ဂိုးသွင်းပြပြီး " မန်စီးတီးကိုရှောင် " ဆိုတဲ့ အထာမျိုးနဲ့ (၅) မိနစ်အတွင်း သုံးဂိုးသွင်းကာ ပြန်လည်ပေါက်ကွဲပြသွားပါခဲ့တယ်။

ပထမပိုင်းပြီးလို့ ဒုတိယပိုင်းပြန်စတော့လည်း မန်စီးတီးကပဲ ဘောလုံးကိုဖွားဖက်တော်လိုကိုင်ထားပြီး အေးအေးဆေးဆေးနဲ့ပဲ ပွဲကိုထိန်းချုပ်ကစားသွားနိုင်ခဲ့ပါတယ်။ပွဲပြီးခါနီး (၈၈)မိနစ်အရောက်မှာတော့ ဟာလန်းက ဧရိယာထိပ်ကနေ ဘယ်ခြေနဲ့အပြင်းကန်သွင်းပြီး ဟက်ထရစ် သွင်းဂိုးရယူနိုင်ခဲ့သလို ဒီနှစ်ရဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကလည်း သူ့အတွက်ပဲဆိုတာကို မီးမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။

အစ်ဝှစ်ချ်တောင်းအသင်းဟာ တစ်ပွဲလုံးမှာ ဂိုးကန်သွင်းခွင့် တစ်ကြိမ်သာရပြီး အဲ့တစ်ကြိမ်ကို တစ်ဂိုးဖြစ်အောင် ပြောင်းလဲနိုင်ပေမယ့် သူတို့နဲ့တွေ့တဲ့အသင်းဟာ ပရီးမီယားလိဂ်ရဲ့ တောအုပ်ကြီးကို လေးနှစ်ဆက်တိုက်ကြီးစိုးနေတဲ့ ကျားကြီး ဖြစ်နေလို့သာ လက်မြှောက် ဒူးထောက်အရှုံးပေးခဲ့ရတာပါ...

လက်ဖက်ရည်ဆိုင်ကနေ မန်ယူပွဲကြည့်ပြီးပြန်လာတဲ့ လူတစ်ယောက်ကို ရပ်ကွက်ထဲက လူကြီးတစ်ယောက်က "ဟ...ငါ့တူကြီး ငြိမ်လှချည်လား။ဘာလဲ...
24/08/2024

လက်ဖက်ရည်ဆိုင်ကနေ မန်ယူပွဲကြည့်ပြီးပြန်လာတဲ့ လူတစ်ယောက်ကို ရပ်ကွက်ထဲက လူကြီးတစ်ယောက်က "ဟ...ငါ့တူကြီး ငြိမ်လှချည်လား။ဘာလဲ မန်ယူက ပုံမှန်ခြေစွမ်းပဲလား ငါ့တူကြီးရ " လို့လှမ်းမေးသောအခါ " ဟုတ်တယ်ဦးကြီးရေ။ မန်ယူဟာ မန်ယူပါပဲဗျာ" ဆိုပြီး လက်မှိုင်ချလို့ ခေါင်းလေးငိုက်ဆိုက်ချကာ အိမ်သို့ပြန်လာခဲ့လေသည်။

မန်ယူဟာ ဒီနှစ်မှာ ပြင်ဆင်မှုတွေ ကြီးကြီးမားမားလုပ်ထားပြီး မန်ယူပရိတ်သတ်တွေအတော်လေး မျှော်လင့်ချက်ထားခဲ့ကြတဲ့ ရာသီဖြစ်ပါတယ်။အခုမှ ရာသီစလို့ (၂) ပွဲပဲရှိသေးတယ်။မန်ယူဟာ စရှုံးပါပြီ။ရှုံးသွားတဲ့ အသင်းကလည်း ဘရိုက်တန်ပါ။ ဘရိုက်တန်အသင်းဟာ အခုနောက်ပိုင်းနှစ်များမှာ မန်ယူဆိုရင် ငယ်နိုင်လိုကို အမြဲအနိုင်ယူနေတာ မြင်ရတော့ မန်ယူပရိသတ်တစ်ယောက်အဖို့ အတော်ရင်နင့်စရာပါ။

ဟက်ဂတုံးရဲ့ ခေါင်းမာမှုက သူ့ရဲ့အနာဂတ်ရော မန်ယူအတွက်ပါ အတော်လေးအခက်တွေ့နေစေပါတယ်။ဖူဟမ် နဲ့ ပွဲမှာထဲက ခြေစွမ်းမပြနိုင်တဲ့ ရက်ဖို့ဒ်ကို ဒီကနေ့ ပွဲထွက်လူစာရင်းမှာထည့်ကစားလာသလို ဂါနာချို၊ဒီလစ်နဲ့ဇက်ဇီး တို့လိုကစားသမားတွေကို အရန်ခုံပေါ်သို့ ပို့ထားခြင်းဟာ ဟက်ဂတုံးအနေနဲ့ ကိုယ့်လည်ပင်းကို ပြန်စွပ်နေသလိုဖြစ်နေတဲ့ "အတတ်ကြူးအရူးဖြစ်" နေပြီး သူ့ရဲ့ ကိုးအတု တိုက်စစ်ကလည်း ပထမပိူင်းတစ်ပိုင်းလုံးမှာ ဆပ်ပြာသည်လင်ပျောက်သလိုဖြစ်နေသလို ပွဲပြီးခါနီး ပေးလိုက်ရတဲ့ ဂိုးကလည်း ဝင်လာမစဲ တသဲသဲ လူကပ်ကစားပုံက အတော်လေးကြည့်လှခဲ့ရပါရဲ့...

ဘရိုက်တန်ဟာ ဘရိုက်တန်လို ကစားသွားခဲ့ပြီး ပွဲစဉ်တောက်လျှောက် အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်နဲ့ အိမ်ရှင်ပရိသတ်ရှေ့မောက်မှာ မန်ယူကို အနိုင်ယူပြသွားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ဇယားကို ထိပ်ဆုံးမှ ဦးဆောင်ထားပါတယ်။

အရှေ့အရပ်က နေထွက်တယ်။အနောက်အရပ်က နေဝင်တယ်။ဘရိုက်တန်နဲ့ တွေ့ရင် မန်ယူကရှုံးတယ်ဆိုတာ လောကဓမ္မတာ တစ်ခုပါ...

တိတ်ဆိတ်နေသော ညခင်းလေး...
24/08/2024

တိတ်ဆိတ်နေသော ညခင်းလေး...

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Sports Topic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share