ဆရာဦးမျိုးထိုက်တန်သိန်း - Sayar U Myo Htike Tan Thein

  • Home
  • ဆရာဦးမျိုးထိုက်တန်သိန်း - Sayar U Myo Htike Tan Thein

ဆရာဦးမျိုးထိုက်တန်သိန်း - Sayar U Myo Htike Tan Thein Myo Htike Tan Thein has a B.Sc. (IC) from Burma and M.Sc. (Development Studies) of Great Britain.
(1)

Everyone has the right to freedom of opinion and expression in accordance with the rights set forth in the Article (19) of the Universal Declaration of Human Rights. "မျိုးထိုက်တန်သိန်း" ၏ page အသစ်

ကျတော်ရဲ့ အရင် Page ကို စခ/ရခ တွေ Report ဝိုင်းထုလို့ Facebook က ကျတော့အရင် Page ကို Unpublished ပိတ်သိမ်းလိုက်လို့ ကျတော် Live လွှင့်နေကျ အရင် ကျတော်ရဲ့ Page ကိုအနားပေးလိုက်ပါပြီ။

အခု က

ျတော် Page အသစ် https://www.facebook.com/UMyoHtikeTanThein/?ref=page_internal ကိုပြောင်းသုံးမှာမို့ Like, Follow and Share လုပ်ပေးကြပါခင်ဗျာ။

ကျတော်ဒီ page ကနေ နှင့် ကျတော့ Myo Htike Tan Thein Youtube Channel https://www.youtube.com/channel/UCnvdZ9bSIQq81dzfWyWezBg တို့ကနေပုံမှန် Live လွှင့်သွားမှာ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်။

ဒါကြောင့်ဒီ Page အသစ်မှာလည်း Review and Recommendation လေးဝိုင်းလုပ်ပေးကြပါဦးခင်ဗျာ။

ချစ်ခင်လေးစားစွာဖြင့်

#မျိုးထိုက်တန်သိန်း
08.10.2021

https://www.facebook.com/UMyoHtikeTanThein/?ref=page_internal

Myo Htike Tan Thein is an analyst; a campaigner; and an educator in Democracy, Human Rights and Rule of Law who has focused on Burma for over 20 years. Myo Htike Tan Thein is a visionary leader of extremely effective policy, advocacy, research, and training programmes who is always striving for more as well as a dedicated coach who is passionate about aiding people in defining, achieving, and exceeding personal and professional goals. Myo Htike Tan Thein wrote the research paper “Democratization of Burma: From Dictatorship to Democracy and Development” (2014) that focuses on how and why development policies and strategies are very important to enforce democracy, human rights and the rule of law in Burma (Myanmar). He also has a Certificate in Management of International Organizations from the University of Geneva and International Humanitarian Law in Theory and Practice from the University of Leiden. Myo Htike Tan Thein is the roster of UNDP national experts on Burma and other United Nations agencies for peacebuilding and disaster risk reduction (2018-21). The election manifesto of the ruling NLD party attaches great importance to the role of the judiciary, its independence and transparency, including in the establishment of a judicial system that is fair and unbiased and underpinned by rule of law. Myo Htike Tan Thein was also Senior Advisor (2018-19) at the Geneva-based International Commission of Jurists (ICJ) where he led training courses on ICCPR, ICESCR and CEDAW for senior government officers, military officers, police officers, prosecutors, judges and CSOs leaders of Burma under Daw Aung San Suu Kyi led government. Myo Htike Tan Thein had led conducted workshops for selected senior members of the judiciary to give them the opportunity to draw on international experience. Myo Htike Tan Thein had led supported the Union Attorney General`s Office (UAGO) with the overall aim of contributing to the development of a national legal framework in compliance with international human rights standards. Myo Htike Tan Thein was Programme Director (2015) at the Bayda Institute, founded under the leadership of Daw Aung San Suu Kyi, to conduct research and strategic studies on socio-economic issues, policy analysis and advice to aid supporting the pro-democracy movement and to engage in public education. Under the leadership of Daw Aung San Suu Kyi, after the parliamentary winning elections in 2015, training courses were held for the more than 800 newly elected members of the National League for Democracy (NLD) in Naypyitaw, Pyi and Yangon in December 2015 and January 2016, in which Myo Htike Tan Thein as one of the trainers delivered the “Development Strategy for Burma”. Myo Htike Tan Thein was Campaign Director for the London-based Burma Democratic Concern (BDC) (2007-15) embarking on public campaigns and lobbying international governments to bring about democratic change in Burma while working in tandem with people inside Burma opposing the military dictatorship.



ဆရာဦးမျိုးထိုက်တန်သိန်း ဟာ မြန်မာပြည်မှာစစ်မှန်သော "ဖက်ဒရာယ်စနစ်ပေါ်ထွန်းရေး၊ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး" အတွက် နှစ်ပေါင်း ၂၀ - ကျော်တိုင် တစိုက်မတ်မတ် လုပ်ဆောင်နေသူပါ။

ဆရာဦးမျိုးထိုက်တန်သိန်း ဟာ မြန်မာပြည်တွင် စစ်မှန်သော "ဖက်ဒရာယ်စနစ်ပေါ်ထွန်းရေး၊ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး" အတွက် "ပြည်တွင်း-ပြည်ပ" ပြည်သူများ နှင့် နိုင်ငံတကာအစိုးရများမှ "အလွန်သင့်တော်ကောင်းမွန်သောမူဝါဒချမှတ်လာနိုင်ရေး နှင့် လက်တွေ့ ထောက်ခံအားပေးမှုအရှိန်မြင့်လာရေး" အတွက်လိုအပ် "သောသုတေသနပြုခြင်းများ နှင့် မျိုးဆက်သစ်များအား လေ့ကျင့်သင် ကြားပေးခြင်း" များအပါအဝင် မြန်မာ့အရေးကိုအမြဲ "ရှင်သန်နေအောင်၊ ထောက်ခံနေအောင် နှင့် တက်ကြွနေအောင်" အစဉ်အမြဲ "လှုံ့ဆော်သူ၊ စည်းရုံးသူ နှင့် ခွန်အားပေးနေသောသူ" ဖြစ်ပါသည်။

ဆရာဦးမျိုးထိုက်တန်သိန်း ဟာ မြန်မာ့အရေး နှင့် ကမ္ဘာအရေးကို (၂၅) နှစ်ကျော် "ဝေဖန်၊ ထောက်ပြ၊ ဆွေးနွေး၊ အကြံပြု" နေသော နိုင်ငံရေးလေ့လာသုံးသပ်သူဖြစ်ပါသည်။

ဆရာဦးမျိုးထိုက်တန်သိန်း ဟာ "မြန်မာပြည်တွင်ဒီမိုကရေစီဖော်ဆောင်ခြင်း - အာဏာရှင်စနစ် မှ ဒီမိုကရေစီ နှင့် ဖွံ့ဖြိုးတိုးတက်ရေးသို့" (၂၀၁၂) ခေါင်းစဉ်ဖြင့်စာတမ်းရေးသားခဲ့သူလည်းဖြစ်ပါသည်။

အရေးတော်ပုံမုချအောင်ရမည်!

ချစ်ခင်လေးစားစွာဖြင့်

#မျိုးထိုက်တန်သိန်း

"ကတညုတ ကတဝေဒီ"သူကျေးဇူးသိတတ်ခြင်းဟာမင်္ဂလာပါ
25/01/2025

"ကတညုတ ကတဝေဒီ"
သူကျေးဇူးသိတတ်ခြင်းဟာ
မင်္ဂလာပါ


25/01/2025

"လူ" များစုပေါင်းထားပြီး တော်လှန်နေသော မြန်မာ့ ဒုတိယ "လွတ်လပ်ရေး" အရေးတော်ပုံ

25/01/2025

ချောက်မြို့နယ်တွင် စစ်ကား ၂ စီးကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၂ ဦး အပါအဝင် ထိခိုက်သေဆုံးသူများပြား

ရန်ကုန် ၊ ဇန်နဝါရီ ၂၅

မကွေးတိုင်း၊ ချောက်မြို့နယ်၊ စစ်ကား ၂ စီးကို ကြားဖြတ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၂ ဦး အပါအဝင် ထိခိုက်သေဆုံးသူများပြားကြောင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ချောက်မြို့နယ် ၊ ပွင့်လင်းကျေးရွာမှ ပြည်သူ့နေအိမ် ၁ လုံး ကိုမီးရှို့ပြီးထွက်လာသော အင်အား ၆၀ ခန့်ပါ အကြမ်းဖက်စစ်တပ်‌ ဖောကား ၂ စီးအနက် နောက်မှ လိုက်ပါလာသော ကားကို ၄၀ မမ၊ လက်ပစ်ဗုံး၊ ပန်တိမ်၊ လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက် ခဲ့ရာ ကားပေါ်ပါ အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၁၅ ဦးထက်မနည်းသေဆုံးပြီး အများ အပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရွာထိပ်နည်းနည်းကျော်ကျော်လေးမှာ ဖြတ်တိုက်ခဲ့တာ၊ ဖောကားအနီး ၂ စီးနဲ့ထွက်လာတာ၊ နောက် အစီးကိုပဲ ပစ်နိုင်တယ်၊ ပန်တိမ် ၁၀ လုံးနဲ့ခဲ့တာ၊ အနီးကပ်ပစ်ခဲ့တာ၊ နောက်က ကားခေါင်းထဲကလူ တွေအကုန်သေတယ်၊ ကားခေါင်းထဲကို အရင်ဆုံးပစ်ပြီးမှ ကားနောက်ထဲကို ပစ်တာ၊ ပန်းတိမ် ၁ လုံး ကျတယ်၊ နာနတ်သီး ၂ လုံးကျတယ်၊ နောက်ကားထဲမှာရှိတဲ့သူတွေက တစ်ချက်မှ ပြန်မပစ်နိုင်ဘူး။ ရှေ့ကားကနေ စက်လက် ၃ လက်နဲ့ကုတ်နေတာရယ်၊ ကျနော်တို့ဘက်ကလည်း ကျည်အင်အားမမျှ တာရယ်ကြောင့် ပြန်ဆုတ်ခဲ့ရတာ” ဟု အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသွားသော အကြမ်းဖက် စစ်သားများကို နာရေးကား ၆ စီးဖြင့် ချောက်မြို့သို့ သယ်ဆောင်သွားကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် စလေမြို့ နယ်၊ ချောင်းမကြီးသို့ ရောက်ရှိနေပြီး ထပ်မံ၍ အင်အားဖြည့်ကာ တော်လှန်ရေးတပ်ဖွဲ့များရှိရာ နယ် မြေသို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ ချောက်မြို့နယ်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ချောက် ပကဖ) ၊ မကွေးခရိုင် အမှတ် ၂ တပ်ရင်း ၊ မကွေးခရိုင် အမှတ် ၁ တပ်ရင်း ၊ Chauk Guerrila Force (CGF) ၊ ရေနံချောင်း ဖေကံကောင်း (LPDF) အဖွဲ့ ၊ မကွေးခရိုင် တပ်ခွဲ ၂ နှင့် Burma Revolution Rangers အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

25/01/2025
အကြမ်းဖက်စစ်ကောင်စီက အဆိပ်လက်နက်ကြီးတွေ အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ PNLAထုတ်ပြန်ဇန်နဝါရီ ၂၅ ၊ ၂၀၂၅အင်အား ၇၀၀ ကျော်န...
25/01/2025

အကြမ်းဖက်စစ်ကောင်စီက အဆိပ်လက်နက်ကြီးတွေ အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ PNLAထုတ်ပြန်
ဇန်နဝါရီ ၂၅ ၊ ၂၀၂၅

အင်အား ၇၀၀ ကျော်နဲ့ ပအိုဝ်းဒေသကို တိုက်ခိုက်ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေ PNO ပြည်သူ့စစ်တွေက ပအိုဝ်းဒေသကို သာမန်လက်နက်ကြီးတွေ သာမက အဆိပ်တွေ ပါဝင်တဲ့ လက်နက်ကြီးတွေနဲ့ပါ အသုံးပြု တိုက်ခိုက်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ ဒီနေ့ နေ့လည်မှာ ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက လက်ရှိအချိန်မှာ ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ပအိုဝ်းကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့စဥ် ပစ်ခတ်ဖျက်ဆီးနေပြီး သာမန် လက်နက်ကြီးကျည်တွေ သာမက အဆိပ် ပါဝင်တဲ့ လက်နက်ကြီးကျည်တွေနဲ့ပါ ကျေးရွာအတွင်းထဲကို ပစ်ခတ်ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်လာတဲ့ လက်နက်ကြီးကျည် တစ်လုံးကို ဇန်နဝါရီ ၂၄ ရက်နေ့တွင် PNLAက တူးဖော်ရရှိခဲ့ပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ပေါ်မှာ အဆိပ်ဟု ရေးသားထားတာကို တွေ့ရှိရပြီး အဆိပ်ထွက်ပေါက်တွေပါ ပါဝင်တာကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ ကျည်အမျိုးအစားတွေကို အရင်က အကြမ်းဖက်စစ်ကောင်စီဘက်မှ အသုံးပြုတာကို မတွေ့ရှိဖူးပဲ အခုတွေ့ရှိမှုမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက ကျင့်ဝတ်မဲ့စွာ စစ်ရာဇာဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေပြီး ပအိုဝ်းဒေသ၊ ပအိုဝ်းလူမျိုးတွေကို အဆိပ် အသုံးပြုကာ တိုက်ခိုက်လာတယ်လို့ ဆိုပါတယ်။

ယခင်ရက်တွေမှာလည်း အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်တဲ့ အဆိပ်ကျည်သင့်မှုကြောင့် ရဲဘော်တချို့မှာ အရေပြားယားယံခြင်း၊ အပြင်းအထန်ဖျားနာခြင်း၊ မူးဝေအော့အန်ခြင်း စတာတွေကို ခံစားခဲ့ရပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေ PNO ပြည်သူ့စစ်တို့က အင်အား ၇၀၀ကျော်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဆီဆိုင်မြို့နယ်မှာ နေ့စဥ် တိုက်ပွဲပြင်းထန်နေတယ်လို့ ဖော်ပြထားပါတယ်။

ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပူးပေါင်းအင်အား ၇၀၀ ကျော်မှာ ၂၀၀ ထက်မနည်းကို PNLA က ခုခံချေမှုန်း တိုက်ခိုက်နိုင်ခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီက ပအိုဝ်းပြည်သူတွေကို ပေါ်တာဆွဲ၊ လူသားဒိုင်း ပြုလုပ်ကာ အင်အားဖြည့်တင်းပြီး ဆက်လက်တိုက်ခိုက်လာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



Telegram Channel -https://t.me/pvtvmyanmar
ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

25/01/2025

ကျောက်မဲမြို့ကို စစ်ကောင်စီ လေးကြိမ်မြောက် ဗုံးကြဲ

မဲခေါင်၊ ဇန်နဝါရီ ၂၅

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေးကြိမ်မြောက်အဖြစ် ဒီနေ့(ဇန်နဝါရီလ ၂၅) နေ့လည် ၁ နာရီ ၂၅ မိနစ်ခန့်က ဗုံးသုံးလုံးကြဲချခဲ့တယ်လို့ ကျောက်မဲခရိုင်တပ်ရင်းက မဲခေါင်ကိုပြောပါတယ်။

ဗုံးသုံးလုံးကြဲချခဲ့ရာမှာ ကျောက်မဲမြို့ဆေးရုံ သားဖွားမီးယပ်ကုသဆောင်ပေါ်ကို တစ်လုံး၊ ဆေးရုံရှေ့ ကွင်းပြင်ပေါ် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန်တစ်လုံးကျရောက်ပေါက်ကွဲတဲ့နေရာနဲ့ လူထိခိုက်မှုအခြေအနေတွေကို အတည်ပြုလို့ မရသေးပါဘူး။

စစ်ကောင်စီက ဇန်နဝါရီ ပထမပတ်ထဲမှာ အေးရှားဝေါ စက်ရုံအနီး တတိယအကြိမ်အဖြစ် ဗုံးကြဲခဲ့ပါသေးတယ်။

ဒုတိယအကြိမ် အဖြစ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၃၀၊ ညနေ ၆ နာရီခွဲဝန်းကျင်က ကျောက်မဲမြို့၊ အင်ကြင်းတောင်ရပ်ကွက်ကိုဗုံးကြဲခဲ့တာကြောင့် အောင်ဆုပန်ကျောင်းတိုက်မှ ကိုရင်တစ်ပါးနဲ့ ဒေသခံ ခြောက်ဦး နေရာတွင်ပင် သေဆုံးခဲ့ကာ ပြင်းထန်ဒဏ်ရာရရှိသူက ၁၂ ဦး ရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှ ဆေးရုံအရောက် နှစ်ဦး သေဆုံးခဲ့ပါတယ်။ ပြင်းထန်ဒဏ်ရာနဲ့ဆေးရုံးမှာ ဆေးကုသမှုခံယူနေတဲ့ ဦးအိုက်စံမှာ ဒီဇင်ဘာ ၅ ရက်မှာ ထပ်မံသေဆုံးခဲ့တာကြောင့် စုစုပေါင်းသေဆုံးသူ ကိုးဦးအထိ ရှိလာခဲ့ပါတယ်။ ဗုံးထိမှန်ပြီး အိမ် ၂၀ အဆိုးရွားဆုံး ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပြီး အပေါ်ပိုင်းထိခိုက်ပျက်စီးခဲ့တဲ့နေအိမ် ၂၈ လုံးရှိခဲ့တယ်လို့ သိရပါတယ်။

ပထမအကြိမ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဇွန် ၃၀၊ ည ၁၂ နာရီက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးကြဲခဲ့တုန်းကလည်း အမျိုးသမီးတစ်ဦး သေဆုံးကာ ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် ၂၀ ခန့် ပျက်စီးပြီး ဆီဆိုင်တစ်ဆိုင် မီးလောင်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁) အခြေစိုက်တဲ့ ကျောက်မဲမြို့ကို သြဂုတ် ၆ ရက်မှာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက်ခဲ့တာပါ။

MK – 016

#ကျောက်မဲမြို့
#လေးကြိမ်မြောက်ဗုံးကြဲ
#သားဖွားဆောင်
#ဗုံးသုံးလုံး

25/01/2025
25/01/2025

နတ်တလင်းမှာ ရဲကင်းစခန်းထဲ PDFရဲဘော်များ ဝင်ရောက်ပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ရဲ၁ဦး ခြေထောက်ပြတ်ကာ ၁ဦးလက်ပြတ်သွား

Tharyarwaddy 8 City / ဇန်နဝါရီ၂၅၊၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်ရှစ်မြို့နယ်ထဲက နတ်တလင်းမြို့နယ်မှာ ရဲကင်းစခန်းထဲ PDFရဲဘော်များ ဝင်ရောက်ပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ရဲ၁ဦး ခြေထောက်ပြတ်ကာ ၁ဦးလက်ပြတ်သွားကြောင်း သတင်းရရှိပါသည်။

နတ်တလင်းမြို့နယ်၊ ဓမ္မငယ်(ဒမငယ်)ကျေးရွာက ရဲကင်းစခန်းအား ဇန်နဝါရီလ ၂၂ရက်နေ့ မွန်းလွဲ၂ နာရီ ၄၅ မိနစ် အချိန်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ၂ Phoenix D F ရဲဘော်များမှ လက်ပစ်ဗုံးဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စခန်းအတွင်းရှိ ရဲ၁ဦး လက်တစ်ဖက်ပြတ်၍ ၁ဦးမှာ ခြေတစ်ဖက်ပြတ်သွားကြောင်း သိရသည်။

"စခ၆ကောင်လောက် စုဝေးနေကြတာကို စခန်းအရှေ့တည့်တည့်ကနေ ဆိုင်ကယ်ပေါ်ကဆင်းပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စခအတော်များများ ထိခိုက်တယ် သေဆုံးတာလဲ ရှိနိုင်တယ် သေဆုံးသတင်းကတော့ အတိအကျ မသိရဘူး။ စခ ၁ကောင်က ခြေပြတ်တယ် ၁ကောင်က လက်ပြတ်ပြီး ပြည်ဆေးရုံ ပို့လိုက်ရပါတယ်"ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ရင်းမှူး ရဲဘော်မိုးကြိုးကြီးက Tharyarwaddy 8 City ရှင်းပြပါသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ အနေဖြင့် စစ်သား၊ ရဲ၊ ပျူစောထီးများနှင့် စစ်ကောင်စီထောက်တိုင်များအား အခါအခွင့် သင့်သလို တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူများ ထိခိုက်မှုမရှိစေရန် ၎င်းတို့အနီး သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန်လည်း အသိပေးထားသည်။

သတင်း - လွတ်လပ်ငြိမ်း
စာတည်း - ရာမန်

#နတ်တလင်းမြို့နယ်

25/01/2025

အာရက္ခတပ်တော် ကောင်းစွာ စောင့်ယှောက်ထားရေ သုံ့ပန်း ၁၀၀ ကျော် စစ်ကောင်စီ လီကြောင်းတိုက်ခိုက်မှုကြောင့် သီဆုံး

APM၊ ဂျန်နဝါရီ ၂၅/၂၀၂၅

အာရက္ခတပ်တော် AA က ကောင်းမွန်စွာ ထိန်း သိမ်းစောင့်ယှောက်ထားရေ စစ်သုံ့ပန်း ၁၀၀ ကျော်ရို့ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ လီကြောင်းတိုက်ခိုက်မှုကြောင့်သီဆုံးခရ​ပြီး ၁၂၀ ကျော်လည်း ထိခိုက်ဒဏ်ရာရထားကြောင်း သိရပါရေ။

ယင်းသို့ စစ်ကောင်စီ၏ လူမဆန်စွာ လီကြောင်းတိုက်ခိုက်မှုကြောင့် သီဆုံးလားခရရေ စစ်သုံ့ပန်းတိအထဲမာ စစ်သုံ့ပန်း မိသားစုဝင်တိဖြစ်တေ အချေတိနန့် အမျိုးသမီးတိလည်း ပါဝင်ရေလို့ သိရပါရေ။

၂၀၂၅ ခုနှစ်၊ ဂျန်နဝါရီ ၁၈ ရက်နိ၊ညဇာပိုင်းမာ စစ်သုံ့ပန်းထားဟိရေ မြောက်ဦးမြို့နယ်၊ရမ်းချောင်းအနားတဝိုက်သို့ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ရည်ရွယ်ချက်ဟိဟိ သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အချေသူငယ်တိ နန့် အမျိုးသမီး ၂၈ ယောက် သီဆုံးလားခပြီးကေ ၂၅ ယောက်လည်း ထိခိုက်ဒဏ်ရာရလားခပါရေ။

ယင်းအပြင် ကုန်ခရေ ၂၀၂၄ ခုနှစ်၊စပ်တမ်ဘာ ၉ ရက်နိကလည်း မောင်တောမြို့ နခခ (၂) စခန်းကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခလို့ ယင်းစခန်းအတွင်း အာရက္ခတပ်တော် ထိန်းသိမ်းထားရေ စစ်သုံ့ပန်း ၅၀ ကျော်သီဆုံးလားခပြီးကေ ၈၀ ထက်မနည်း ဒဏ်ရာ ရလားခပါရေ။

အလားတူ ၂၀၂၄ခုနှစ်၊စပ်တမ်ဘာလ ၈ ရက်နိ၊ညဇာပိုင်းကလည်း ပေါက်တောမြို့နယ်၊ရှင်ရွာဟိ စစ်သုံ့ပန်းတိနန့်အကျဉ်းသားတိအပေါ် ယာ ယီ ဆီးကုသမှုပီးနီရေ စင်တာကို အကြမ်းဖက် ဖက်ဆက် စစ်ကောင်စီက ဂျက်ဖိုက်တာနန်ဗုံးကြဲခလို့ စစ်သုံ့ပန်း ၁၇ ယောက်သီဆုံးလားပနာ ၁၀ ယောက် ပြင်းထန် ဒဏ်ရာတိ ရလားခရေလို့ သိရပါရေ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နိကနီ ၂၀၂၅ခုနှစ်၊ ဂျန်နဝါရီ ၂၄ ရက်နိ အတွင်း အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ လူမဆန်စွာ ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူစုစုပေါင်း ၆၂၀၇ ယောက်ထက်မနည်း သီဆုံးပြီးဖြစ်ကြောင်း AAPP က ထုတ်ပြန်ထားပါရေ။

Website Link >>
https://arakanprincess.media/?p=30586

Photo - Arakan Princess Media

25/01/2025
25/01/2025
25/01/2025

အမျိုးသမီးစစ်မှုထမ်းစာရင်း သာကေတတွင် စတင်ကပ်ထားဟုဆို

25 Jan 2025 By Ko Paing / MPA

အမျိုးသမီး စစ်မှုထမ်းစာရင်းကို သာကေတမြို့နယ်၊ ၇ အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကပ်ထားကြောင်း Rangoon Scout Network က သတင်းထုတ်ပြန်သည်။

ယင်းစာရင်းထဲတွင် ၇ အရှေ့ရပ်ကွက်၊အောင်သပြေအရှေ့ ၄လမ်း၊လမ်းအပေါ်ဘက်နေ အမျိုးသမီး ငါးဦးနှင့် လမ်းအောက်ဘက်နေ အမျိုးသမီး၁၅ဦး ပါကြောင်း သိရသည်။

“၇အရှေ့ အုပ်ကြီးရုံးမှာ အမျိုးသမီးစစ်မှုထမ်းစာရင်းကပ်ထားတာ ဟုတ်ပါတယ်။ အဲလိုကပ်ရုံတင်မကဘူး။ စစ်မှုထမ်းဆင့်ခေါ်စာတွေပါ စာအိတ်နဲ့ အမျိုးသမီးစစ်မှုထမ်းရှိတဲ့ အိမ်တွေထဲ ရောက်လာတယ်” ဟု သာကေတ၊၁၀တောင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ယနေ့ (ဇန်နဝါရီ ၂၅ရက်) မွန်းလွဲပိုင်း၌ MPAသို့ ပြောသည်။

သာကေတမြို့နယ်၊၇အရှေ့ရပ်ကွက်နှင့်၁၀ တောင်ရပ်ကွက်၊ခိုင်ရွှေဝါလမ်းရှိ အမျိုးသမီးအချို့ထံ စစ်မှုထမ်းဆင့်ခေါ်စာများ ယခုရက်အတွင်း ရောက်ရှိလာကြောင်း ၎င်းကဆိုသည်။

“အသေးစိတ်တော့မသိဘူး။အဲစာက အုပ်ကြီးရုံးက ရောက်လာတာတော့ မဟုတ်ဘူး။ဌာနဆိုင်ရာ ကလာတာလို့ ပြောတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ဇန်နဝါရီ၂၃ရက်တွင် ကျောက်တန်းမြို့၊ရွှေကုန်းရပ်ကွက်နှင့် သန်လျင်မြို့၊ဗိုလ်ချုပ်ဘက် တို့တွင် အသက်၁၈နှစ် နှင့် ၂၇နှစ်ကြား စစ်မှုထမ်းအကျုံးဝင် အမျိုးသမီးများစာရင်း ကောက်ယူခဲ့သလို သာကေတမြို့နယ်၊ ၄ တောင်ရပ်ကွက်နှင့် တာမွေမြို့နယ်၊ မဂ္ဂင်လမ်းထဲတွင်လည်း စာရင်းကောက်သွားကြောင်း Rangoon Scout Network ကဆိုသည်။

ဇန်နဝါရီ ၂၃ရက်တွင် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို စစ်ကောင်စီက အတည်ပြုခဲ့ရာ ယင်းနည်းဥပဒေအရ စစ် ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေသည့် Non CDM ဝန်ထမ်းများလည်း စစ်မှုထမ်းရ မည်ဖြစ်သည်။

Rangoon Scout Network သည် ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ လှုပ်ရှားမှုနှင့် ပတ်သက်သည့် မြေပြင်သတင်းများနှင့် ထူးခြားဖြစ်စဥ်များကို အဓိကထား စုစည်းတင်ပြပေးနေသော နွေဦးတော်လှန်ရေးစာမျက်နှာ တစ်ခုဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/Ptgo1
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

စာတည်း - ML
#အမျိုးသမီး #စစ်မှုထမ်းစာရင်း #သာကေတမြို့

25/01/2025
25/01/2025

အသက်မပြည့်သိမ့်ရေ အချေတိကို ခေါ်ယူ စစ်သင်တန်းပီးစွာ (လုံးဝ) မဟိလို့ ဦးခိုင်သုခ ပြတ်ပြတ်သားသား ပြော

APM၊ ဂျန်နဝါရီ ၂၄ /၂၀၂၅

ရက္ခိုင်အမျိုးသားအဖွဲ့အချုပ်/ အာရက္ခတပ်တော် ULA/AA အနီနန့် ရက္ခိုင်က ဒေသတချို့မာ ဒေသလုံခြုံရီးနန့် ရပ်ရွာကာကွယ်ရီးအတွက် အာရက္ခပြည်သူရို့ကို အခြီခံလုံခြုံရီးအသိပညာပီးသင်တန်းပီးပို့ချလို့ဟိကေလေ့ အသက်မပြည့်သိမ့်ရေ အချေတိကိုတော့ ခေါ်ယူ စစ်သင်တန်းပီးစွာ လုံးဝ မဟိ​ကြောင်း ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခ က ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါရေ။

ဘူးသီးတောင်နန့်မောင်တောမြို့နယ်တိက အသက်မပြည့်သိမ့်ရေ အချေတိနန့်မြိုလူမျိုးတိကို အာရက္ခတပ်တော်က အတင်းအဓမ္မခေါ်ပနာ စစ်သင်တန်းပီးနီရေလို့ မဟုတ်မမှန် လုပ်ကြံ သတင်းတိထွက်​ပေါ်ခပြီးနောက် ဦးခိုင်သုခက အဂုပိုင် တုံ့ပြန်ပြောဆိုလိုက်စွာပါ။

“ဒေချင့်က မတရားစွပ်စွဲချက်တိပါ။ အသက်မပြည့်သိမ့်ရေ အချေတိကို စစ်သင်တန်းပီးဖို့ ခေါ်စွာ လုံး၀ မဟိပါ။ အချေတိကို အတင်းအကျပ်ခေါ်ယူပြီးကေ စစ်သင်တန်းပီးနီရေဆိုစွာ မဟုတ်မှန်ပါ”လို့ ဦးခိုင်သုခက ပြောပါရေ။

ဆက်လက်ပြီးကေ ဘူးသီးတောင်၊ မောင်တောဒေသမာ အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက် စစ်သွီးကြွအဖွဲ့တိစွာ ဒေသခံရို့၏ အသက်အိုးအိမ်၊ စည်းစိမ်လုံခြုံရီးတိကို တောက်လျှောက် ခြိမ်းခြောက်လို့ဟိနီပြီး ဒေသခံတိ မကြာမကြာ သတ်ဖြတ်ခံနီရရေအတွက် ဒေသခံတိအနီနန့် အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက် စစ်သွီးကြွအဖွဲ့တိပါးမာ သတ်ဖြတ်မခံရဖို့နန့် လုံခြုံရီးသတိဟိဖို့၊ ကိုယ့်ရပ်ရွာတိကို ကိုယ်တိုင်ကာကွယ်နိုင်ဖို့၊ အရေးကြီးလာချိန်မာ လုံခြုံရီးအဖွဲ့တိနန့် စနစ်တကျ ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့ ၊ ဒေသခံတိကို အခြီခံလုံခြုံရီးအသိပညာပီး သင်တန်းတိ ပို့ချပီးနီစွာဖြစ်ပြီးကေ အဓိက ဒေသခံရို့၏ အသက်အန္တရာယ်လုံခြုံရီးအတွက် လိုအပ်လို့ ပြုလုပ်ပီးစွာရာဖြစ်တေလို့ သူက ​ဆိုပါရေ။

အားလုံးသိရေအတိုင်း နတ်မြစ်တဖက်ကမ်းက ဒုက္ခသည်စခန်းတိမာ အကြမ်းဖက်အဖွဲ့အင်အားစုပြီးကေ အာရက္ခ​ပြည်သူထောင်ပေါင်းများစွာကို လူမျိုးတုန်းသတ်ဖြတ်ပစ်ဖို့ ခြိမ်းခြောက်နီစွာတိ ဟိနီရေလို့လည်း ဦးခိုင်သုခ က ဆက်ပြောပါရေ။

ယင်းကြောင့် အုပ်ချုပ်သူအစိုးရတရပ်အနီနန့် လုံခြုံရီးလိုအပ်ချက်အရ လုပ်သင့်စွာကို လုပ်နီစွာရာဖြစ်ပြီး၊ သက်ဆိုင်သူအားလုံးက နိုင်ငံသားကောင်းပီသစွာ ပူးပေါင်းဆောင်ရွက်ကတ်ဖို့ လိုအပ်ကြောင်းလည်း ဦးခိုင်သုခက တိုက်တွန်းပြောဆိုလားပါရေ။

Website Link >>
https://arakanprincess.media/?p=30551

မိုးဗြဲမြို့ကို ထိန်းချုပ်ဖို့ စစ်ကောင်စီအပြင်းအထန်ထိုးစစ်ဆင် ~~~■ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို ပြန်လည်ထိန်း...
25/01/2025

မိုးဗြဲမြို့ကို ထိန်းချုပ်ဖို့ စစ်ကောင်စီအပြင်းအထန်ထိုးစစ်ဆင်
~~~
■ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီက ထိုးစစ်ဆင်နေသလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ခုခံတိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF) တာဝန်ရှိသူတွေက ပြောပါတယ်။

မိုးဗြဲမြို့ကို စစ်ကောင်စီ ပြန်မထိန်းချုပ်နိုင်သေးဘဲ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေဆဲပဲလို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲ့ ပြောခွင့်ရသူ တာအယ်စိုးက ပြောပါတယ်။

"မိုးဗြဲကတော့ နှစ်ဖက်ထိတွေတိုက်ပွဲတွေဖြစ်နေတုန်းပါပဲ၊ ထိတွေ့တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတုန်းပဲ၊ စစ်ကောင်စီဘက်က မိုးဗြဲကိုထိန်းချုပ်နိုင်တယ်ဆိုတာက ဒါက ကောလဟာလပဲပေါ့၊ မိုးဗြဲမှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေတာမှန်တယ်၊ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ခုခံတိုက်ခိုက်နေတဲ့ အခြေအနေဖြစ်ပါတယ်"

စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဒရုန်းတွေ သုံးပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။ နှစ်ဘက်ထိခိုက်ဒဏ်ရာရတဲ့အခြေအနေကိုတော့ လတ်တလော မသိရသေးပါဘူး။

စစ်ကောင်စီ ထောက်ခံတဲ့ တယ်လီဂရမ်စာမျက်နှာတွေမှာ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ ရေးသားဖြန့်ဝေနေကြတာဖြစ်ပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့ကတည်းက အင်အား လေးရာဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဖယ်ခုံမြို့ကနေ မိုးဗြဲမြို့ကို စစ်ကြောင်းထိုး ဝင်ရောက်ဖို့ ကြိုးစားနေတာကြောင့် ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာလို့လည်း ဆိုပါတယ်။

မိုးဗြဲမြို့က တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနစ် နိုဝင်ဘာမှာ စတင်ခဲ့တဲ့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးအတွင်း မိုးဗြဲမြို့ကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။ အဲဒီကာလက ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ မိုးဗြဲမြို့မှာ ပြန်လည်နေထိုင်နေရာကနေ အခုတစ်ကြိမ် တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတွေကို ထပ်မံထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက လက်လွှတ်ခဲ့ရတဲ့ ဒေသတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကြောင်းတွေ ပြန်ထိုးနေတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
______
ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်တချို့အား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Photo)

#မိုးဗြဲမြို့ #တိုက်ပွဲ #လွတ်လပ်တဲ့အာရှအသံ

မိုးဗြဲမြို့ကို ထိန်းချုပ်ဖို့ စစ်ကောင်စီအပြင်းအထန်ထိုးစစ်ဆင်
~~~
■ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီက ထိုးစစ်ဆင်နေသလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ခုခံတိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF) တာဝန်ရှိသူတွေက ပြောပါတယ်။

မိုးဗြဲမြို့ကို စစ်ကောင်စီ ပြန်မထိန်းချုပ်နိုင်သေးဘဲ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေဆဲပဲလို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲ့ ပြောခွင့်ရသူ တာအယ်စိုးက ပြောပါတယ်။

"မိုးဗြဲကတော့ နှစ်ဖက်ထိတွေတိုက်ပွဲတွေဖြစ်နေတုန်းပါပဲ၊ ထိတွေ့တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတုန်းပဲ၊ စစ်ကောင်စီဘက်က မိုးဗြဲကိုထိန်းချုပ်နိုင်တယ်ဆိုတာက ဒါက ကောလဟာလပဲပေါ့၊ မိုးဗြဲမှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေတာမှန်တယ်၊ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ခုခံတိုက်ခိုက်နေတဲ့ အခြေအနေဖြစ်ပါတယ်"

စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဒရုန်းတွေ သုံးပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။ နှစ်ဘက်ထိခိုက်ဒဏ်ရာရတဲ့အခြေအနေကိုတော့ လတ်တလော မသိရသေးပါဘူး။

စစ်ကောင်စီ ထောက်ခံတဲ့ တယ်လီဂရမ်စာမျက်နှာတွေမှာ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ ရေးသားဖြန့်ဝေနေကြတာဖြစ်ပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့ကတည်းက အင်အား လေးရာဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဖယ်ခုံမြို့ကနေ မိုးဗြဲမြို့ကို စစ်ကြောင်းထိုး ဝင်ရောက်ဖို့ ကြိုးစားနေတာကြောင့် ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာလို့လည်း ဆိုပါတယ်။

မိုးဗြဲမြို့က တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနစ် နိုဝင်ဘာမှာ စတင်ခဲ့တဲ့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးအတွင်း မိုးဗြဲမြို့ကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။ အဲဒီကာလက ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ မိုးဗြဲမြို့မှာ ပြန်လည်နေထိုင်နေရာကနေ အခုတစ်ကြိမ် တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတွေကို ထပ်မံထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက လက်လွှတ်ခဲ့ရတဲ့ ဒေသတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကြောင်းတွေ ပြန်ထိုးနေတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
______
ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်တချို့အား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Photo)

#မိုးဗြဲမြို့ #တိုက်ပွဲ #လွတ်လပ်တဲ့အာရှအသံ

Very interesting 👌 👍    #မြန်မာ
25/01/2025

Very interesting 👌 👍

#မြန်မာ

မနေ့က ကေအိုင်အေတွေ မြစ်ကြိီးနား မအလ လေတပ်ကို ၁၀၇မမ လျှော့တိုက်ဒုံးပစ်ခတ်ခဲ့တယ်။
အရမ်းကြီးမထိခိုက်သွားဘူးတဲ့။

သိဖို့က

ဒါစမ်းပစ်ကျင့်နေတာ။
အကွာဝေးထိရောက်မှုနှုန်း၊ ပစ်မှတ်အပေါ်ဘယ်လိုဘယ်နေရာအကွာအဝေးအနေအထားကနေပစ်ရင်ပိုတိကျမလဲဆိုတာစမ်းနေတာ။

မကြာခန ကို စမ်းသပ်ပစ်ခတ်နေတာဖြစ်တယ်။

ဗန်းမော်ကျပြီးရင်တော့ မပခ ကို အမုန့်ခြေ ဖို့ အချိန်ကျရောက်ပြီ။
စမ်းသပ်မှုကာလလည်းပြီးပြီ တိကျတဲ့တိုင်းထွာမှုတွေလည်းရပြိီ။

ဒီလောက်ပဲပြောချင်တယ်။🙂
Admin
https://t.me/lznwd

24/01/2025

ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များ Part (2-B)

24/01/2025

ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များ Part (2-A)
အဲဒီအထဲမှာ စက်ရုံပေါင်း နှစ်ဆယ်ဝန်းကျင်က လက်ရှိ လည်ပတ်နေပါတယ်။ ဒီစက်ရုံတွေရှိနေတာကြောင့် လက်ရှိအချိန်အထိ စစ်ကောင်စီ ရပ်တည်နေနိုင်တာလို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
"အဓိက ကပစ စက်ရုံတွေ ရှိနေသေးလို့ စစ်ကောင်စီတင်းခံနေတာ။ အဲဒီတော့ စစ်တပ်မှာတင်းခံနေနိုင်တာ ငါးဆယ်ရာခိုင်နှုန်းသည် ကပစ စက်ရုံတွေ။ သူတို့ရဲ့ အားသည် ကပစ စက်ရုံတွေက ငါးဆယ်ရာခိုင်နှုန်းလောက် သူတို့ရဲ့ ဖိုင်းယားပါဝါ (တိုက်ခိုက်ရေးစွမ်းအား) ကို ကျားကန်ပေးနေတယ်လို့ ပြောလို့ရပါတယ်ဗျ"
လက်ရှိ မြန်မာနိုင်ငံတွင်လျှပ်စစ်မီးအား တနိုင်ငံလုံးအတိုင်းအတာဖြင့် ဖြတ်တောက်မှုများပြုလုပ်နေသော်လည်း ကပစစက်ရုံများ၂၄နာရီလုံး မီးပျက်ြခင်း လုံးဝမရှိစေရ။
ထိုစက်ရုံများသည် လျှပ်စစ်ကို အဓိကထား၍ လည်ပတ်ရသောကြောင့် အဆိုပါ စက်ရုံများသို့သွားသည့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ စသည်တို့ကို ဖျက်ဆီးနိုင်ပါက စစ်ကောင်စီ၏ စစ်လက်နက် ထုတ်လုပ်ရေးစွမ်းအား လျော့နည်း ရပ်တန့်သွားမည်ဖြစ်သည်။
#မြန်မာ

Address


Alerts

Be the first to know and let us send you an email when ဆရာဦးမျိုးထိုက်တန်သိန်း - Sayar U Myo Htike Tan Thein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share