26/05/2024
#သင့်အမြင်ကိုပြောင်းလဲလိုက်ပါ
လုပ်ငန်းတခုစတင်ဖို့ ပထမဦးဆုံးလုပ်ရတာ စဥ်းစားတာပါပဲ။ စဥ်းစားတဲ့အခါမှာလဲ မဖြစ်နိုင်ဘူးဆိုတာကိုပဲမစဥ်းစားပဲ ဖြစ်နိုင်တဲ့အရာ ကိုယ်စလုပ်လို့ရတဲ့အရာကိုရှာကြံစဥ်းစားရမှာပါ။
သင်စတိုးဆိုင်တဆိုင်ထဲဝင်လိုက်ပြီဆိုပါစို့။ သင်ဟာဈေးဝယ်သူတယောက်အနေနဲ့တင်မဟုတ်ပဲ စတိုးဆိုင်ပိုင်ရှင်တယောက်နေရာက စဥ်းစားရပါမယ်။ ပစ္စည်းတည်ခင်းပုံ၊ ရနိုင်တဲ့ပစ္စည်း၊ ဈေးနှုန်း၊ ဝန်ထမ်းတွေရဲ့ဝန်ဆောင်မှုကအစ လေ့လာပါ။
သူများလုပ်ထားပြီးသားအလုပ်မို့ ကိုယ်လုပ်လို့မရဘူးဆိုတဲ့အမြင်မျိုးမထားပါနဲ့။
လေ့လာသင့်တာလေ့လာပြီး စတင်အကောင်အထည်ဖော်ပါ။
လေ့လာတာနဲ့ပဲ အချိန်ကုန်မခံပါနဲ့။ တကယ်လုပ်တဲ့သူကကျော်တက်သွားလိမ့်မယ်။
by Kyaw Saw Lwin