LT City new

LT City new လူသူဗ်ပြည်သူ့နဲ့ တိုင်းရင်းသားအားလုံးကို အမှန်တရားနဲ့ အသိပညာတွေ မျှဝေပေးမယ် သတင်းဌနာ
အားလုံးထဲက တစ်ခု

လောက်သူမျိုးနွယ်သည် ချင်းလူမျိုးစုကြီး (၇)မျိုး၊ မျိုးနွယ်စုကွဲ (၅၄)ကျော်ထဲက တစ်မျိုးဖြစ်သော ထန်တလန်လူမျိုး၏ မျိုးနွယ်စုတစ်ခုဖြစ်သည်။
Lautu clan is one of (54) minor clans under (7) major tribes under Chin Ethnic in Thang Tlang township, Myanmar.
လောက်သူမျိုးနွယ်သည် လွန်ခဲ့သော နှစ်ပေါင်း (၄၀၀)ခန့်ကတည်းက နေထိုင်လာခဲ့ပြီး ကျေးရွာပေါင်း (၂၀)ရွာနှင့် လူဦးရေး (၄၀၀၀၀) ကျော် ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေး

မှု (၁၅)မျိုးခန့် ရှိသောရိုးရာ လေ့များဖြင့် နေထိုင်သော လူမျိုးဖြစ်သည်။
It is believed that this tribe has been existing since 4 centuries ago and there are (20) villages and about (40,000) populations, being enriched with own dialect, literature and (14) different kinds of precious cultural dances as well.ယခုအခွေသည် ယဉ်ကျေးမှု (၁၅)မျိုးရှိသည့်အနက် ရိုက်ကူးထားသော ယဉ်ကျေးမှု (၈)မျိုးထဲတွင် (၂) မျိုးကိုသာ ထုတ်နုတ်တင်ဆက်ထားခြင်းဖြစ်ပါသည်။ This video tape is a selected (2) kinds of dances from (15) numbers of cultural dances that the people of Lautu tribe, are auspicious proud of in entertainment.
ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် စာပေထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့သည် စာပေ မြင့်မားရေးနှင့် ရိုးရာ ယဉ်ကျေးမှု မပပျောက်ရေးဟူသော ရည်မှန်းချက်ဖြင့် ၂၀၁၆ -၂၀၁၇ခုနှစ်တွင် ယဉ်ကျေးမှု (၁၅)မျိုးအနက် (၈)မျိုးကို လောက်သူစာသားထိုးဖြင့် ထုတ်ဝေကာ လူမျိုး၏ဂုဏ်ကို မြင့်မားအောင် ဖော်ဆောင်ပေးလျက်ရှိပါသည်။
“Lautu Agency for Lautu Cultural Heritage and Literature Preservation” has set up the goal of “promoting our literature and preserving our cultural dances in 2016-2017”. This video album is therefore, produced with the aim of promoting our Lautu identity, our integrity and our cultural dances throughout the world.
လောက်သူလူမျိုးတို့၏ ရိုးရာဓလေ့နှင့် မိခင်စာပေကိုလူတိုင်း တတ်မြောက်နိုင်ရေးနှင့် လူထုရဲ့ ခံစားချက်အမှန်ကို ရှပ်ရှင်ဖလင်ဖြင့် ပြိုင်ပွဲတွေကို ဖြတ်ကျော်ရင် ဇာတ်ကားတွေ များများကို အဓိကထား တင်ပြသည်။

15/05/2025
သဘာ၀ဘေးအန္တရာယ်ကြုံလာပါက  ပြည်သူများကို အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအတွက်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုက...
15/05/2025

သဘာ၀ဘေးအန္တရာယ်ကြုံလာပါက ပြည်သူများကို အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဝယ်ယူခဲ့သော နိုင်ငံပိုင် ရဟတ်ယာဉ်ကို စစ်တပ်က လွှဲပြောင်းရယူ

ရန်ကုန်၊ မေ ၁၅

သဘာ၀ဘေးအန္တရာယ်ကြုံလာပါက ပြည်သူများကို ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ် လုပ်ငန်းများတွင် အသုံးပြုရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝယ်ယူခဲ့သော နိုင်ငံပိုင် ရဟတ်ယာဉ်ကို စစ်တပ်က လွှဲပြောင်းရယူထားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနလက်အောက်တွင် ရဟတ်ယာဉ် မရှိတော့ကြောင်း နေပြည်တော်သတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၀ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ ညနေပိုင်း မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သော နိုင်ငံတော်ပိုင် AW-139 အမျိုးစား ရဟတ် ယာဉ် XY-AFT ကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်က စစ်တပ်လက် အောက်သို့ ပိုင်ဆိုင်မှုများ လွှဲ ပြောင်းရယူထားကြောင်း၊ ယင်းရဟတ်ယာဉ်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနပိုင်မဟုတ်တော့ဘဲ စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် အပြည့်အ၀ရှိနေကြောင်း၊ လတ်တလော ရံဖန်ရံခါ ပျံသန်းခြင်းမှအပ အချိန်အများစု ရပ်နားထားကြောင်း သိရှိရသည်။

"ပိုင်ဆိုင်မှုကတော့ လူ/ကယ်ပြန် ဝန်ကြီးဌာနအောက်မှာတော့ မဟုတ်တော့ဘူး။ ပို့/ဆက်နဲ့ တပ်မတော်(လေ) အောက် မှာ ရောက်သွားတယ်။ ရဟတ်ယာဉ် အသုံးပြုမှုအတွက် အဓိက ဆုံးဖြတ်မှုကတော့ တပ်မတော်(လေ)နဲ့ စစ်ရုံးကပဲ။ အရပ်ဘက်သုံး ရဟတ်ယာဉ်အဖြစ်တော့ ဆက်ရှိနေသေးတယ်။ ပြုပြင်ထိန်း သိမ်းရေးနဲ့ ရံဖန်ရံခါ ပျံသန်းတာကလွဲရင် အချိန်အများစုက ရပ်နားထားတယ်လို့ပဲ သိရပါတယ်"ဟု နေပြည်တော် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ ရဟတ်ယာဉ် အသုံးပြုခွင့်ကို ဒုစစ်ခေါင်းဆောင် စိုးဝင်း ဦးဆောင်သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကလည်း စီမံခန့်ခွဲခွင့် ရရှိထားသော်လည်း မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင် အရေးပေါ် ကယ် ဆယ်ရေးတွင်လည်း ရဟတ်ယာဉ်ကို အသုံးပြုခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ အီတလီနိုင်ငံ Leonardo S.P.A. ကုမ္ပဏီနှင့် အဆိုပါရဟတ် ယာဉ် ဝယ်ယူရေး စာချုပ် ချုပ်ဆိုဝယ်ယူခဲ့ကြောင်း၊ အဆိုပါ ရဟတ်ယာဉ်တွင် ရဟတ်ယာဉ်မှူး ၂ ဦးနှင့် ခရီးသည် ၁၄ ဦး စုစုပေါင်း ၁၆ ဦး လိုက်ပါစီးနင်းနိုင်ပြီး ကီလိုမီတာ ၆၀၀ ကျော် ပျံသန်းနိုင်ကာ မြေပြင် နှင့်ရေပြင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်သည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အဆိုပါ ရဟတ်ယာဉ် ဝယ်ယူခဲ့မှုအတွက် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်။

ပြည်သူလူထု ကယ်ဆယ်ရေးအတွက် အသုံးပြုရန် ရဟတ်ယာဉ် ဝယ်ယူမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိမှုဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သော်လည်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ ယခုနှစ် ဖေဖော်ဝါရီလအတွင်း ၎င်းနှင့်မိသားစုဝင်များ ပြည်ပခရီးစဉ်များတွင် စီးနင်းရန် MAI အမည်ခံပေးထားသော Airbus A-319 XY-ALK လေယာဉ်ကို အမေရိကန်နိုင်ငံ၊ AVIATION CAPITAL GROUP ထံမှ ငှားရမ်းထားရာမှ အပြီးအပြတ် ဝယ်ယူခဲ့သည်။

မင်းအောင်လှိုင်က ၎င်းနှင့်မိသားစုဝင်များ ပြည်ပခရီးစဉ်အတွက် စီးနင်းရန် ဝယ်ယူထားသော MAI အမည်ခံပေးထားသည့် Airbus A-319 XY-ALK လေယာဉ်ဖြင့် ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံတို့သို့ မကြာခဏ သွားရောက်လျက်ရှိသည်။

10/05/2025

I got 100 reactions and comments on one of my posts last week! Thanks everyone for your support! 🎉

အမှတ်(၂)ရပ်ကွက် သောက်သုံးရေအတွက် ပြည်တွင်း/ပြည်ပအလှူရှင်များထည့်ဝင်ငွေဖြင့် ပထမအဆင့် အောင်မြင်ပြီတွင်းတူးခြင်းဆိုလာဝယ်ယူ...
10/05/2025

အမှတ်(၂)ရပ်ကွက် သောက်သုံးရေအတွက် ပြည်တွင်း/ပြည်ပအလှူရှင်များထည့်ဝင်ငွေဖြင့် ပထမအဆင့် အောင်မြင်ပြီ
တွင်းတူးခြင်း
ဆိုလာဝယ်ယူခြင်း
ပန့်ဝယ်ယူခြင်းတို့
တပ်ဆင်ဖို့သာကျန်နေပါပြိ

ရခိုင်ပြည်စစ်ရေးအတွက် (၄) ဦးပါ အမေရိကန်လေတပ်အဖွဲ့ ဒါကာသို့ရောက်ရှိ၊ 'အကြီးစားပစ္စည်း' ရောက်ရှိမည့်အချိန်မတိုင်မီ ဖြစ်သည်...
09/05/2025

ရခိုင်ပြည်စစ်ရေးအတွက် (၄) ဦးပါ အမေရိကန်လေတပ်အဖွဲ့ ဒါကာသို့ရောက်ရှိ၊ 'အကြီးစားပစ္စည်း' ရောက်ရှိမည့်အချိန်မတိုင်မီ ဖြစ်သည်ဟု ဆို

'ကြီးမားပြီးအရေးကြီးသောပစ္စည်း' ရောက်ရှိမည့်အချိန်မတိုင်မီ ဘင်္ဂလားဒေ့ရှ်သို့စေလွှတ်ထားသော အဆင့်မြင့်အဖွဲ့သည် မကြာမီ ရခိုင်ပြည်နယ်သို့ဖြတ်ကျော်ဝင်ရောက်နိုင်သည်။

အမျိုးသားလုံခြုံရေးအတိုင်ပင်ခံ ခလီလူရ်ရာမန်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် PSO တို့နှင့် အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့သည်။

ချန်ဒန်နန်ဒီ
၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်

ရခိုင်ပြည်နယ်တွင် အနာဂတ်စစ်ဆင်ရေးလုပ်ငန်းများတွင် အမေရိကန်စစ်တပ်က အလွန်အရေးပါသောကဏ္ဍမှ ပါဝင်လာမည့်အချက်ကို ညွှန်းဆိုသည့်ဖြစ်စဉ်တစ်ခုအဖြစ်သည်။

Northeast News ၏ ယုံကြည်စိတ်ချရသောသတင်းအရ၊ အမေရိကန်လေတပ်မှ အရာရှိလေးဦးသည် ဒါကာမြို့သို့ ယနေ့ရောက်ရှိလာပြီးမြို့တော်
၏ ဂူးလ်ရှန်းရပ်ကွက်ရှိ ဝက်စတင်ဟိုတယ် တွင် စတင်နားနေကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်၏ လျှို့ဝှက်လုံခြုံရေးအရင်းအမြစ်များက အမေရိကန်လေတပ်၏ "အစောပိုင်းအဖွဲ့" ရောက်ရှိလာခြင်းသည် "ကြီးမား‌သည့်ပစ္စည်း"
(သို့မဟုတ်) "အထူးအရေးကြီးသောပစ္စည်း" လေကြောင်းဖြင့် မကြာမီရောက်ရှိလာမည့်အချက်ကို ညွှန်းဆိုနေကြောင်း ပြောကြားခဲ့သည်။

ဤအဖွဲ့၏ ခေါင်းဆောင် တာရာ လင်း အလက်ဇန္ဒရီးယား စထရိုက်ဒါသည် အမေရိကန်လေတပ်၏ ထောက်ပံ့ပို့ဆောင်ရေး၊ ထောက်ပံ့ခြင်းဆိုင်ရာကွင်းဆက် နှင့် အစီအစဉ်ရေးဆွဲခြင်း ဌာန (Director of Logistics, Supply Chain and Planning)မှဖြစ်သည်။

သူမသည် အမေရိကန်၏ အမြင့်ဆုံးလုံခြုံရေးအဆင့် 'TS/SCI' (Top Secret/Sensitive Compartmentalized Intelligence)ခွင့်ပြုချက်ရရှိထားသူဖြစ်ပြီး Northeast News၏ စုံစမ်းချက်များအရ သူမသည် "တိုက်ပွဲမစ်ရှင်အထောက်အပံ့ ကွန်မန်ဒါ" (Combat Mission Support Commander) တစ်ဦးလည်းဖြစ်သည်။

ဤအဖွဲ့တွင် အမေရိကန် ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီ (DIA) နှင့် ချိတ်ဆက်ထားသော သီးသန့်ကန်ထရိုက်တာများ (Private Contractors) လည်းပါဝင်ပြီး ဒေးဗစ် သောမတ် ရိုင်ဖင်ဘာသည် DFS Group Limited ၏ ထုတ်ကုန်ရောင်းချရေးမန်နေဂျာ (Product Sales Manager) အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ သူသည် ယခင်က အမေရိကန်ရေတပ်အကယ်ဒမီ (United States Naval Academy) မှ ဘွဲ့ရရှိခဲ့သည်။

ဤအဖွဲ့၏ တတိယအဖွဲ့ဝင် မီကီးယား ကိုဒီ သက်ကယ် (Michael Cody Thacker) သည် အတည်ပြုထားသော လေယာဉ်အုပ်စုလုပ်ငန်းများ၊ ထောက်ပံ့ရေးနှင့် လေယာဉ်အုပ်စုစီမံခန့်ခွဲမှု အကြီးတန်းဒါရိုက်တာ (Senior Director – Fleet Operations, Logistics, Fleet Management) ဖြစ်သည်။

အမေရိကန်လေတပ် သင်တန်းဆရာဖြစ်သည့် သက်ကယ်သည် လေတပ်ကယ်ဆယ်ရေးတပ်ရင်း၏ "အသက်ရှင်ကျန်ရစ်ရေး ကျွမ်းကျင်သူ (survival specialist)"တစ်ဦးလည်းဖြစ်သည်။

ဥရောပ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသများတွင် အဓိကအားဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ၌ စစ်မှုထမ်းအတွေ့အကြုံ ၁၀ နှစ်ကျော်ရှိသူဖြစ်
သည်။

အဖွဲ့၏ စတုတ္ထအဖွဲ့ဝင်မှာ အမေရိကန်လေတပ်၏ အထူးကယ်ဆယ်ရေးသမား (pararescueman) ဖြစ်သည့် စတပ်ဆာဂျင့် မာတင်လူးကပ်စ် ဗန်နောစ်ဒေါ (Staff Sergeant Martin Lucas Vannorsdall)ဖြစ်ပြီး ၃၀၈ ကယ်ဆယ်ရေးတပ်ရင်း (308th Rescue Squadron) မှ ဖလော်ရီဒါပြည်နယ်ရှိ ပက်ထရစ်လေတပ်စခန်း (Patrick Air Force Base) တွင် အခြေစိုက်သည်။

ဗန်နောစ်ဒေါသည် ယခင်က အမေရိကန်စစ်တပ်၏ ၂၀ တပ်ရင်း အထူးတပ်ဖွဲ့ (20th Special Forces Group)နှင့်အတူ ရှာဖွေကယ်ဆယ်ရေးကျွမ်းကျင်မှုများ (search and rescue skills) တိုးတက်စေရန် လေ့ကျင့်ခဲ့ဖူးသည်။

သတင်းအရင်းအမြစ်များက ဤအမေရိကန်လေတပ်အရာရှိ ၄ ဦးသည် "ဘင်္ဂလားဒေ့ရှ်နယ်မြေတွင် ဆက်လက်နေထိုင်မည်မဟုတ်"ပြီး "မကြာမီ ရခိုင်ပြည်နယ်သို့ ဖြတ်ကျော်ဝင်ရောက်နိုင်" ကြောင်း ဖော်ပြခဲ့သည်။ နယ်စပ်ဖြတ်ကျော်ထွက်ခွာမည့်မတိုင်မီ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်စစ်တပ်အရာရှိများနှင့် အစည်းအဝေးများ ပြုလုပ်မည်ဖြစ်သည်။

အမေရိကန်စစ်တပ်အရာရှိ ၂၀-၂၅ ဦးခန့် ပါဝင်သည့် ယခင်အဖွဲ့တစ်ဖွဲ့သည် ဧပြီလအလယ်ပိုင်းက ဒါကာသို့ရောက်ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ် ၁၀ တပ်မ ခြေလျင်တပ်မဌာနချုပ် (10th Infantry Division)၏ ရမ်မူစစ်စခန်း (Ramu cantonment)တွင် တည်းခိုခဲ့သည်။

၎င်းတို့သည် ဧပြီလကုန်ပိုင်း သို့မဟုတ် မေလအစောပိုင်းတွင် ရခိုင်ပြည်နယ်သို့ လျှို့ဝှက်စွာ ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။

ဤကဲ့သို့ အမေရိကန်စစ်တပ်နှင့် ထောက်လှမ်းရေးအသိုင်းအဝိုင်းတို့၏ ကန့်သတ်မဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်၏ လုံခြုံရေးနှင့် စစ်တပ်များသည် "တိုးမြင့်လာသောဖိအား"အောက်တွင် ရှိနေသည်ဟုလည်း ဆိုသည်။

ဤအခြေအနေကြောင့် အမျိုးသားလုံခြုံရေးအတိုင်ပင်ခံ (NSA) ခလီလူရ်ရာမန် သည် တပ်မတော် (ကြည်း) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာရ်ဥဇ်ဇာမန် (General Waker-uz-Zaman) နှင့် အရေးတကြီးတွေ့ဆုံခြင်းမပြုမီ လက်နက်ကိုင်တပ်ဖွဲ့များဌာန (Armed Forces Division) ၏ အကြီးတန်းစစ်ဦးစီးအရာရှိ (PSO) ဒုတိယဗိုလ်ချုပ်ကြီး ကမ်ရူးလ်ဟာဆန် (Lieutenant General Kamrul Hassan) နှင့် တံခါးပိတ်အစည်းအဝေး ပြုလုပ်ခဲ့ရသည်။

Source _Northeast News.

26/04/2025
25/04/2025

ပုပ်ရဟန်းမင်းကြီးနဲ့ ကက်ကလစ်အသင်းတော်က ကမ္ဘာမှာ ဘယ်လောက် သြဇာကြီးလဲ။
#ပုပ်ရဟန််းမင်း #ကက်သလစ် #သြဇာ #ခရစ်ယာန်

25/04/2025
မြို့တွင်း နေရာကောင်းအိမ်မြေကွက် ၆၀'×၆၀'ပေ ရောင်းရန်ရှိပါသည်။
25/04/2025

မြို့တွင်း နေရာကောင်းအိမ်မြေကွက် ၆၀'×၆၀'ပေ ရောင်းရန်ရှိပါသည်။

ဒီနေ့ရဲ့ နောက်မနက်ဖန်ပေါင်းများစွာအတွက် အမှတ်သမိုင်းဝင်များအဆင်ပြေချက်တွေအတွက် ပူးပေါင်းပေးသူအားလုံးပေါ်ကျေးဇူးတင်ပါသည်။
25/04/2025

ဒီနေ့ရဲ့ နောက်မနက်ဖန်ပေါင်းများစွာအတွက် အမှတ်သမိုင်းဝင်များ
အဆင်ပြေချက်တွေအတွက် ပူးပေါင်းပေးသူအားလုံးပေါ်ကျေးဇူးတင်ပါသည်။

Address


Alerts

Be the first to know and let us send you an email when LT City new posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share