Nai Ko Ko Zaw

  • Home
  • Nai Ko Ko Zaw

Nai Ko Ko Zaw Chief Editor, Than Lwin Times Media

https://www.facebook.com/61553884594152/posts/122151800618129486/?
18/06/2024

https://www.facebook.com/61553884594152/posts/122151800618129486/?

ကြေညာချက်အမှတ် (၆ / ၂၀၂၄)

ရွေးကောက်ရန်ကျန်ရှိနေသော အမှုဆောင်ကော်မတီဝင်များအတွက်ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက် ကြေညာခြင်း။


ရက်စွဲ၊ ၂၀၂၄- ခုနှစ်၊ ဇွန်လ (၁၈) ရက်


၁။ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့ တွင် ညီလာခံကျင်းပပြီး သတင်းမီဒီယာအဖွဲ့ ကိုယ်စားပြု (၉)ဦး၊ အလွတ်တန်းသတင်းထောက်(၃)ဦး၊ မီဒီယာ ကျွမ်းကျင်သူ(၂)ဦး၊ ဥပဒေပညာရှင်(၁)ဦး တို့ဖြင့် အမှုဆောင်ကော်မတီ ကိုဖွဲ့စည်းရန် ဖွဲ့စည်းပုံတွင် ပြဌာန်းထားပါသည်။

၂။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာညီလာခံတွင် သတင်းမီဒီယာအဖွဲ့မှ(၉)ဦး၊ မီဒီယာကျွမ်းကျင်သူ (၁)ဦး ကိုသာ ရွေးကောက်နိုင်ခဲ့ပါသည်။ ကျန်ရှိနေသော အလွတ်တန်းသတင်းထောက်(၃)ဦး၊ မီဒီယာကျွမ်းကျင်သူ (၁)ဦး၊ ဥပဒေပညာရှင် (၁)ဦး တို့ကို ရွေးကောက်နိုင်ရန် ကိုယ်စားလှယ်လောင်းလျှောက်လွှာကို ၂၀၂၄ ခုနှစ်၊ ဇွန်လ(၈)ရက်နေ့တွင် IPCM page တွင်ကြေညာခဲ့ပြီး လျှောက်လွှာပိတ်ရက် ကို ၂၀၂၄ ခုနှစ် ဇွန်လ (၂၃) ရက်နေ့ကို သတ်မှတ်ခဲ့ပါသည်။

၃။ အမှုဆောင်ကော်မတီဝင်အဖြစ် ပါဝင်ဆောင်ရွက်ရန် စိတ်ပါဝင်စားသော သတင်းမီဒီယာသမားများ အနေနှင့် အချိန်မီ လျှောက်ထားပေးပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

၄။ သို့ဖြစ်ပါ၍ ရွေးကောက်ရန်ကျန်ရှိနေသော အမှုဆောင်ကော်မတီများ၏ ရွေးကောက်ပွဲကို ၂၀၂၄ခုနှစ်၊ ဇွန်လ (၂၆) ရက် နေ့ နံနက် ၉း၃၀ နာရီ (ထိုင်းစံတော်ချိန်) တွင် Online Zoom Platform ဖြင့် ကျင်းပမည် ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။


လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)

ဆက်သွယ်ရန်-
နန်းဖော့ဂေ (ဥက္ကဌ) - ၀၉၂၆၀၆၇၆၃၁
တိုးဇော်လတ် (အတွင်းရေးမှူး) - ၀၈၀၆၈၃၄၂၄၀

https://www.facebook.com/61553884594152/posts/122150190410129486/
08/06/2024

https://www.facebook.com/61553884594152/posts/122150190410129486/

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ Independent Press Council Myanmar တွင် ကျန်ရှိနေသော အမှုဆောင် ကော်မတီဝင် အဖြစ် ပါဝင်ရွေးချယ.....

https://m.facebook.com/story.php?story_fbid=486250763965735&id=100077424451291
28/04/2024

https://m.facebook.com/story.php?story_fbid=486250763965735&id=100077424451291

ဂျိုင်းမြစ်ဒေသစစ်ရှောင်တွေ နေရပ်ပြန်လာဖို့ စစ်ကောင်စီ လိုက်လံစည်းရုံး ၊ ဒေသခံပြည်သူတွေ အယုံအကြည်မရှိ

ကျိုက်မရော ၊ ဧပြီ ၂၈

မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်တောင်ဘက် ရမ္မာဝတီကားလမ်းပေါ်ရှိ ကော့ဘိန်း၊ ဓမ္မသနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေက နေရပ်စွန့်ခွာ စစ်ရှောင်ပြည်သူတွေအနေနဲ့ မိမိတို့ ကျေး ရွာတွေမှာ ပြန်လည်ဝင်ရောက်နေထိုင်ကြဖို့ စစ်ကောင်စီက လိုက်လံစည်းရုံးနေပါတယ်။

နေရပ်စွန့်ခွာခဲ့ကြတဲ့ ဒေသခံတွေကို မိမိတို့ နေရပ်တွေမှာ ပြန်လည်ဝင်ရောက်နေထိုင်ကြဖို့ မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့က ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေကို စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေက သွားရောက်စည်းရုံးနေတာပါ။

အခုချိန်မှာ ဓမ္မသကျေးရွာဟာ တည်ငြိမ်အေးချမ်းနေပြီဖြစ်တဲ့အတွက် ကျေးရွာသူ ကျေးရွာသားတွေအနေနဲ့ မိမိနေရပ်သို့ သွားရောက်ပြီး ပြန်လည်အခြေချနေထိုင်နိုင်ပြီလို့ စစ်တပ်ဝါဒဖြန့် သ တင်းစာနဲ့ တယ်လီဂရမ်တွေမှာ ဖော်ပြပါတယ်။

နေရပ်စွန့်ခွာ ဒေသခံတစ်ဦးကတော့ နေရပ်ပြန်ဖို့ အိမ်မီးလောင်သွားတဲ့သူတွေ နေစရာမရှိဖြစ်နေသလို ရွာထဲဝင်ဖို့ လမ်းကြောင်းပိတ်ထားတဲ့အတွက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ပြောဆိုမှုဟာ မြေပြင်နဲ့ တခြားစီဖြစ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မနေ့က သူတို့ (စကစအုပ်ချုပ်ရေးအဖွဲ့) ပြောတာပဲ ဓမ္မသရွာပြန်ကြဖို့။ ပြန်လို့ရှိရင် မီးလောင်တဲ့တိုင်ကို သွားဖက်ရမှာလား။ ဟိုဘက်လမ်းလည်း ပိတ်ထားတယ် ပြန်လို့မရဘူး။ တရနာတောင် ဝင်လို့ရတဲ့လူရတယ်။ ဝင်လို့မရတဲ့လူ မပေးဝင်ဘူး။ ကျွန်းကုန်းဘက်လမ်း သူပိတ်ထားတယ် မပေးသွားဘူး။ သူတို့က လျှောက်လျှောက်ပြောတာ ဘာမှမသိတာ။ အသိလည်း မရှိဘူး။ ပြောတဲ့စကားနဲ့ မြေပြင်နဲ့ သူပြောတဲ့ဟာ တခြားစီဖြစ်နေတယ်”လို့ ဆိုပါတယ်။

ရမ္မာဝတီကားလမ်းရှိ ဓမ္မသကျေးရွာထဲဝင်ဖို့ ကျွန်းကုန်းလမ်းဝကို ပိတ်ဆို့ထားသလို တရနာရဲစခန်းအနီးတဝိုက်ရှိ ကျေးရွာလမ်းပိုင်းတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကန့်သတ်ထားတဲ့အ တွက် ဝင်ထွက်သွားလာလို့ မရဘူးလို့ သူကပြောပြပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျိုက်မရောမြို့နယ်ရှိ ဓမ္မသကျေးရွာကို စစ်ကောင်စီတပ်ရဲ့ ကြည်း၊ရေ၊လေ တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ရပြီး ဒေသခံသောင်းနဲ့ချီ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရတာပါ။

စစ်ကောင်စီကတော့ မွန်နဲ့ ကရင် အစိုးရအဖွဲ့တို့ကနေ ကော့ဘိန်းရွာ၊ဓမ္မသရွာနဲ့ အနီးအနားကျေးရွာတွေမှာ နေရပ်စွန့်ခွာပြည်သူတွေ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး ပြန်လည်ထူထောင်ရေးလုပ် ငန်းတွေကို ပြည်သူတွေနဲ့အတူ အမြန်ဆုံးဆက်လက်ဆောင်ရွက်ပေးနိုင်ရေး စီမံနေတယ်လို့ ဆိုပါတယ်။

“နေ့အချိန်ဆိုရင် သွားကြည့်မယ် သူတို့(စစ်ရှောင်ပြည်သူ) ပစ္စည်းရှိရင် သူတို့ သွားယူမယ်။ ညနေကျရင် ခရားရွာ သူတို့လာအိပ်တဲ့ သ‌ဘောမျိုးပေါ့ဗျာ။ သူတို့ဟိုမှာ (ကော့ဘိန်း၊ကော့ပေါက်) မနေရဲတဲ့သဘောမျိုးပေါ့။ ညညဆိုရင် သူတို့ကြောက်နေတယ်”လို့ စစ်‌ရှောင်အရေး အကူအညီပေးနေသူတစ်ဦးက သံလွင်တိုင်မ်းကို ပြောပါတယ်။

မတ် ၂၅ ရက်နေ့က အင်အား ၃၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကော့ဘိန်း၊ ကော့ပေါက်ကျေးရွာထဲ ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့တဲ့အတွက် ကျေးရွာအတွင်း ကျန်ရှိနေတဲ့ ဒေသခံထောင်နဲ့ချီ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ အရပ်သားပြည်သူ အမျိုးသ မီးတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့သလို အမျိုးသားတချို့ကိုလည်း ဖမ်းဆီးစစ်ဆေး ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၂၇ ရက်နေ့ထုတ် စစ်တပ်ဝါဒဖြန့် သတင်းစာတွေမှာတော့ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ဧပြီ ၂၂ ရက်နေ့မှာ ဓမ္မသရွာနဲ့ ၂၅ ရက်နေ့မှာတော့ ကော့ဘိန်းရွာကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

တစ်ဘက်မှာ ကော့ဘိန်း၊ဓမ္မသနဲ့ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာတွေမှာ တည်ငြိမ်အေးချမ်းပြီဖြစ်တဲ့အတွက် အေးချမ်းစွာနေထိုင်တဲ့ ဒေသခံပြည်သူတွေအနေနဲ့ မိမိကျေးရွာတွေမှာ စတင်ပြန်လည်ဝင် ရောက်နေထိုင်လာကြပြီလို့ စစ်ကောင်စီက ဝါဒဖြန့်ထားတာပါ။

“ရွာထဲမှာ ဘယ်သူမှမရှိဘူး၊ ပြန်လာနေစရာမရှိဘူး။မအေးချမ်းသေးဘူး။ သူတို့က သေနတ်ရှိတယ် ။ ပြန်လာရင် သူတို့တစ်ခုခုလုပ်မှာ စိုးတယ်။ ရွာပြန်ရင်လည်း နေဖို့မရှိတော့ဘူးလေ။ ဘုန်းကြီး ကျောင်းဆို မီးမလောင်ရင်နေလို့ ရသေးတယ်။ အခုဘုန်းကြီးကျောင်းပါ ခံရတယ်ဆိုတော့ ပြေးရုံပေါ့။ ဒုက္ခအကြီးအကျယ်ရောက်နေကြတာ။ သူတို့ (စကစ) သင်္ဘော ဓမ္မသရွာ (ဂျိုင်းမြစ်ထဲ) ရောက်နေပြီလေ။ အဲဒီသင်္ဘောက ကော့မိဘက် ပစ်နေကြတယ်”လို့ နေရပ်စွန့်ခွာ ဓမ္မသရွာသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့က ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ်ရှိ ကော့ဘိန်းနယ်မြေရဲစခန်းကို မွန်၊ကရင်နဲ့ PDF မဟာမိတ်ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး မတ် ၂၅ ရက်နေ့မှာ ရဲ စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

စစ်ကောင်စီဘက်ကတော့ ကော့ဘိန်းရဲစခန်းလက်လွှတ်ပြီးချိန်ကတည်းက ခရုံဂူလမ်းဝကနေ ကော့သပ်၊ ကော့စွယ်၊တရနာနဲ့ သံကလောင်ကျေးရွာအထိ တဆင့်ချင်း ခြေကုတ်ယူပြီး စစ်အင် အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံအနှံ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အမြဲတစေအားကိုးနေရတဲ့ လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေကို အသုံးပြုခဲ့သလို ဂျိုင်းမြစ်ကြောင်းမှာလည်း စစ်သင်္ဘောနှစ်စင်းကနေ လက် နက်ကြီးပစ်ကူပေးနေတာပါ။

ဒီအခြေအနေကြောင့် စစ်ကောင်စီတပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်တို့ကြား နှစ်ဘက်စစ်ရေးတင်းမာမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဂျိုင်းမြစ်ဒေသတစ်လျှောက်ရှိ ကောာ့ဘိန်း၊ ကော့ပေါက်၊ သံက လောင်၊ ဓမ္မသ၊ တရနာစတဲ့ ကျေးရွာနေ ပြည်သူတစ်သိန်းဝန်းကျင်အထိ နေရပ်စွန့်ခွာခဲ့ကြပါတယ်။

စစ်ကောင်စီကတော့ ဒေသခံတွေကို နယ်မြေတည်ငြိမ်အေးချမ်းမှုရှိမှသာ ပြည်သူတွေရဲ့ လူမှုစီး ပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တာကြောင့် မိမိရပ်ရွာ မိမိဒေသကို မိမိတို့ ကိုယ်တိုင်ပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ်မှာ ပူးပေါင်းဆောင်ရွက်ရမယ်လို့ အသိပေးစည်းရုံးထားပါတယ်။

သတင်း - သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

https://m.facebook.com/story.php?story_fbid=486396393951172&id=100077424451291
28/04/2024

https://m.facebook.com/story.php?story_fbid=486396393951172&id=100077424451291

အမေရိကန်နဲ့တရုတ်ဟာ ပြိုင်ဘက်တွေမဟုတ်ဘဲ မိတ်ဖက်ဖြစ်သင့်တယ်လို့ သမ္မတ ရှီကျင့်ဖျင် ပြော

ဘေဂျင်း ၊ဧပြီ ၂၈

ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံဟာ ပြိုင်ဘက်တွေမဟုတ်ဘဲ လက်တွဲဖော်တွေ ဖြစ်သင့်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကို ပြောခဲ့ပါတယ်။

သမ္မတရှီက မိမိတို့ရဲ့ ဆက်ဆံရေးတွေမှာတော့ ဖြေရှင်းရမယ့် ကိစ္စတော်တော်များများရှိနေတယ် လို့ ဘလင်ကန်နဲ့ တွေ့ဆုံချိန်မှာပြောခဲ့တာပါ။

တစ်နှစ်အတွင်း တရုတ်ကို ဒုတိယအကြိမ်ရောက်ရှိလာတဲ့ ဘလင်ကန်ဟာ ဘေဂျင်းမှာ တရုတ်ထိပ် တန်းနိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး တရုတ်၊ထိုင်ဝမ်အရေးနဲ့ ကုန်သွယ်ရေး အပါအဝင် အဓိက သဘောထားကွဲလွဲရာ နယ်ပယ်တွေနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးသွားမှာဖြစ်တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံပြီးနောက်ပိုင်း မိမိတို့နှစ်နိုင်ငံအနေနဲ့ တိုးတက်မှုတချို့ရှိအောင် လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ရှီက ပြောထားပါတယ်။

ဒါ့အပြင် တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အမေရိကန်က အပေါင်းလက္ခဏာဆောင်တဲ့ အမြင်မျိုးနဲ့ ရှုမြင်ဖို့ မိမိတို့မျှော်လင့်တယ်လို့လည်း သူက ပြောပါသေးတယ်။

အခြေခံကျတဲ့ ပြဿနာတွေကို ဖြေရှင်းလိုက်မယ်ဆိုပါက နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ပြီး ပိုကောင်းလာမှာဖြစ်သလို ရှေ့ဆက်နိုင်မှာဖြစ်တယ်လို့ သမ္မတရှီက ပြောခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးမှာ ထိုင်ဝမ်ဟာ မဖြတ်ကျော်သင့်တဲ့ ပထမဆုံးအနီရောင်စည်း ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဘလင်ကန်ကို အစောပိုင်းက သတိပေးထားပါတယ်။

ဘလင်ကန်အနေနဲ့ ဘေဂျင်းအခြေစိုက် အမေရိကန်သံရုံးမှာ သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်ဖို့ ရှိတယ်လို့ သိရပါတယ်။

Ref:AFP/CNA

https://m.facebook.com/story.php?story_fbid=486395947284550&id=100077424451291
28/04/2024

https://m.facebook.com/story.php?story_fbid=486395947284550&id=100077424451291

မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံက ပိုမိုပါဝင်သင့်တယ်လို့ ထိုင်း တိုက်တွန်း

ဘန်ကောက်၊ဧပြီ ၂၈

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ပြဿနာကို ဖြေရှင်းရေး အာဆီယံက ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ ထိုင်းအစိုးရက တိုက်တွန်းလိုက်ပါတယ်။

အာဆီယံက မြန်မာပြဿနာကိုဖြေရှင်းရေး ဘုံသဘောတူညီချက် ၅ ချက်ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီက အကောင်အထည်ဖော်မယ်လို့ သဘောတူခဲ့ပေမယ့် အမှန်တကယ် အကောင်အထည်မဖော်နိုင်ဖြစ်နေတာကြောင့် အာဆီယံအဖွဲ့တွင်းမှာ သဘောထားကွဲလွဲမှုတွေရှိနေတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနဲ့ အာဆီယံ လက်ရှိဥက္ကဋ္ဌ လာအိုအပါအဝင် ထိုင်းနိုင်ငံက ဆွေးနွေးတာတွေရှိခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ဘာလန်ကူရာက ပြောခဲ့ပြီး ပိုမိုတက်ကြွမှုရှိတဲ့ အာဆီယံအဖွဲ့ကို မိမိတို့မြင်တွေ့လိုတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံနယ်စပ်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အာဆီယံက အခုထက်ပိုအရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့ လိုအပ်နေတယ်လို့လည်း သူက ပြောပါသေးတယ်။

အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အစည်းအဝေးတစ်ရပ်ကျင်းပရေး ထိုင်းက အဆိုပြုထားပြီး စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေအပြင် လာအို၊မလေးရှား ၊အင်ဒိုနီးရှားတို့နဲ့လည်း ထိုင်းက ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

၂၀၂၁ ခုနှစ်ကစပြီး မြန်မာ့ငြိမ်းချမ်းရေးအစီအစဉ်အရ အာဆီယံက အခြေအနေတိုးတက် အောင်လုပ်ဆောင်ရေး အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ လာအိုကတော့ ကိုယ်စားလှယ်ရဲ့လှုပ်ရှားဆောင်ရွက် မှုတွေနဲ့ ပတ်သက်ပြီး တရားဝင်ထုတ်ပြန်အသိပေးတာ မရှိသလောက်ဖြစ်နေတာပါ။

Ref:Reuters

https://m.facebook.com/story.php?story_fbid=486233737300771&id=100077424451291
28/04/2024

https://m.facebook.com/story.php?story_fbid=486233737300771&id=100077424451291

သထုံ သိမ်ဆိပ်ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ရဲ ၄ ဦး ဒဏ်ရာရ

သထုံ၊ ဧပြီ ၂၈

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ရှိ သိမ်ဆိပ်နယ်မြေရဲစခန်းဟာ ဧပြီ ၂၇ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သိမ်ဆိပ်ရဲစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံး ၃ လုံးချပြီး တိုက် ခိုက်ခဲ့တဲ့အတွက် စခန်းမှူးရုံးအခန်းပေါ် တစ်လုံး၊ ဘန်ကာပေါ် တစ်လုံး၊ ဘန်ကာနဲ့စခန်းကြား တစ် လုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။

ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း ရဲတပ်ကြပ်ကြီးတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲစခန်းအဆောက်အဦး ခေါင်မိုးပျက်စီးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒရုန်းဗုံးချခံရပြီးနောက် ရဲတပ်ဖွဲ့ဘက်က ဒရုန်းကိုလိုက်လံပစ်ခတ်ခဲ့ရာ ဒရုန်းတစ်စီး ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ် ပျက်ကျကျန်ခဲ့ပြီး သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သိမ်ဆိပ်ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ ဖြစ် စဉ်အတွင်း ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

သိမ်ဆိပ်ရဲစခန်းကို ပြီးခဲ့တဲ့နှစ် ဧပြီ ၁၇ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့တချို့ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

https://m.facebook.com/story.php?story_fbid=486183963972415&id=100077424451291
27/04/2024

https://m.facebook.com/story.php?story_fbid=486183963972415&id=100077424451291

ဖာပွန်တိုက်ပွဲမှာ PDF အထူးကွန်မန်ဒိုတစ်ဦး ကျဆုံး

ဖာပွန်၊ဧပြီ ၂၇

ကရင်ပြည်နယ်၊ဖာပွန်တိုက်ပွဲတွေမှာ PDF အထူးကွန်မန်ဒိုတပ်ရင်း P29914 မှအထူးကွန်မန်ဒို တစ်ဦး ကျဆုံးခဲ့တယ်လို့ ရိုးမစစ်ကြောင်း - ၂ က ဒီနေ့ ဧပြီလ ၂၇ ရက်စွဲနဲ့ သတင်းထုတ်ပြန် ထားပါတယ်။

ဖာပွန်အခြေစိုက် စစ်ကောင်စီ ခမရ ၄၃၄ အထိုင်စခန်းသိမ်းတိုက်ပွဲမှာ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမ - ၂ စစ်ကြောင်းမှ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့အတူ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ တာပါ။

စခန်းသိမ်းတိုက်ပွဲမှာ PDF အထူးကွန်မန်ဒိုတပ်ရင်းက ၁၄ ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး တစ်ဦး ကျဆုံးခဲ့ရတာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ ၂ ရဲ့ တာဝန်ပေးချက်နဲ့ စစ်ရေးလုံခြုံမှုအခြေအနေ အရ ဖာပွန်မြို့နဲ့ စစ်ကောင်စီရဲစခန်းအပါအဝင် တခြားတပ်စခန်းတွေကိုလည်း ၁ လနီးပါး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် သတင်းထုတ်ပြန်တာမလုပ်ခဲ့ဘူးလို့ ဆိုထားပါတယ်။

အထူးကွန်မန်ဒိုတပ်ရင်း P29914 ဟာ NUG အစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်း စစ်ဒေသခွဲရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်းဖြစ်တယ်လို့ သိရပါတယ်။

အာဏာရှင်စနစ် ချုပ်ငြိမ်းသွားတဲ့အတွက် မဟာမိတ်တွေနဲ့ပူးပေါင်းလက်တွဲပြီး စစ်ရေးအရ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်သလို တပ်ပေါင်းစုနဲ့ အောင်ပွဲခံနိုင်မယ်လို့ ယုံကြည်ကြောင်း လည်း အထူးကွန်မန်ဒိုတပ်ရင်းက ကတိပြုထားပါတယ်။

သတင်း - သံလွင်တိုင်းမ်
ဓာတ်ပုံ - ရိုးမစစ်ကြောင်း

https://m.facebook.com/story.php?story_fbid=486058243984987&id=100077424451291
27/04/2024

https://m.facebook.com/story.php?story_fbid=486058243984987&id=100077424451291

ပွင့်ဖြူဒေသခံ ၆ ဦးကို စစ်ကောင်စီအကြောင်းမဲ့ဖမ်းဆီး

ပွင့်ဖြူ၊ဧပြီ ၂၇

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ် လယ်မကျေးရွာက ဒေသခံ ၆ ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးထားတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့မှာ ၄ ဦးနဲ့ ၂၆ ရက်နေ့မှာ ၂ ဦး စုစုပေါင်း ၆ ဦးကို စစ်ကောင်စီတပ် က ဖမ်းဆီးသွားတာပါ။

ဒေသခံတစ်ဦးက ဖမ်းဆီးခံရသူတွေဟာ NLD ပါတီထောက်ခံသူတွေဖြစ်တယ်လို့ ဆိုထားပြီး သူတို့တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုက်ဆံပေးပြီး ရွာမှာပြန်နေကြသူတွေလို့ ပြောပါတယ်။

“အများစုက NLD ထောက်ခံသူတွေဆိုရင် မမှားဘူး။သူတို့က ရွာမှာပြန်နေချင်လို့ ပိုက်ဆံပေးပြီး နေနေကြရသူတွေပါတယ်။ ရွာမှာနေတာလဲ ကြာပြီ အဲဒါကို စစ်တပ်က ဖမ်းပြီးနှိပ်စက်နေတာပါ” လို့ ပြောခဲ့ပါတယ်။

ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ရိုက်နှက်နှိပ်စက်တာတွေရှိနေပြီး လက်ရှိအချိန်မှာ သူတို့ကို မဲဇနီ နယ်မြေရဲစခန်းမှာ စစ်ဆေးတာတွေရှိနေတယ်လို့ သိရပါတယ်။

ဧပြီလ ၂၅ ရက်နေ့ ညပိုင်းကလည်း လယ်မကျေးရွာက ဦးဌေးမင်းဆိုသူကို လက်နက်ကိုင်တွေက နေအိမ်ထဲအထိဝင်ရောက်ပစ်ခတ်သွားပြီးနောက် ဒေသခံ ၆ ဦးကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူ ၃၀၀၀၀ နီးပါးအထိရှိနေပြီ ဖြစ်တယ်လို့ သိရပြီး အဲဒီထဲမှာ NLD ပါတီနဲ့ ပတ်သက်သူ တစ်သောင်းကျော်အထိရှိနေတယ်လို့ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ်
ဓာတ်ပုံ - Social Media
ပုံစာ - ပွင့်ဖြူမှာ စစ်ကောင်စီရဲတွေ ပြည်သူတွေကို လမ်းမှာစစ်ဆေးနေစဉ်

https://m.facebook.com/story.php?story_fbid=486149933975818&id=100077424451291
27/04/2024

https://m.facebook.com/story.php?story_fbid=486149933975818&id=100077424451291

ဘီးလင်းမှာ လက်နက်ကြီးကျလို့ ဒေသခံနှစ်ဦးဒဏ်ရာရ

ဘီးလင်း၊ ဧပြီ ၂၇

မွန်ပြည်နယ် ဘီးလင်းမြို့နယ် မရမ်းကုန်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ရှစ်လုံး ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ ဧပြီ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၂၅ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ ဘီးလင်းနဲ့သထုံအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး ၇ လုံးထက်မနည်း ပစ်ခတ်ရာကနေ မရမ်းကုန်းကျေးရွာထဲ လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတွေဖြစ်တဲ့ စောမိုးသူနဲ့ တီးမောင်သိန်းမြင့်တို့မှာ ခြေထောက်နဲ့လက်တွေမှာ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုအတွင်း မရမ်းကုန်းကျေးရွာနေ ဖီးရှမ်းမ၊ နော်မိအေး၊ ယားမြသန်း၊ နော်အေးစိုးအပါအဝင် ဒေသခံပြည်သူ ၈ ဦးရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မရမ်းကုန်းကျေးရွာထဲကို ဘီးလင်းအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၁၄ အမြောက်တပ်နဲ့ သထုံအခြေစိုက်အမှတ် ၉ ခြေမြန်တပ်ရင်းတွေကနေ လက်နက်ကြီးပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ KNU က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ကလည်း သထုံမြို့နယ် မင်းလွင်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက် ကြီး ပစ်ခတ်မှုကြောင့် ဒေသခံဦးရဲဝင်း ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

သတင်း - သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

https://m.facebook.com/story.php?story_fbid=486104510647027&id=100077424451291
27/04/2024

https://m.facebook.com/story.php?story_fbid=486104510647027&id=100077424451291

ရခိုင်ကမြို့နှစ်မြို့ကို AA ညမထွက်ရ အမိန့်ထုတ်ပြန်

ဘူးသီးတောင်၊ ဧပြီ ၂၇

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့တို့ကို ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း ရက္ခိုင့်တပ်တော် AA က ဧပြီ ၂၆ ရက်နေ့ ညပိုင်းမှာ ကြေညာပါတယ်။

အဲဒီမြို့နှစ်မြို့ကို ဧပြီ ၂၆ ရက်နေ့ကစပြီး ည ၇ နာရီမှ မနက် ၆ နာရီအတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထုတ်ပြန်ချက်အား ရုတ်သိမ်းကြောင်း မထုတ်မချင်း အဲဒီဒေသတွေမှာ နေ ထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ မပျက်မကွက် လိုက်နာကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဒါပေမယ့် မဖြစ်မနေ သွားလာရမယ့် ကိစ္စရပ်တွေ ရှိလာပါက သက်ဆိုင်ရာ ULA အုပ်ချုပ်ရေးတာဝန်ခံတွေထံ ကြိုတင်အကြောင်းကြားကာ ခွင့်ပြုချက်ယူပြီးမှ သွားလာကြဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။

ညမထွက်ရအမိန့်ထုတ်ပြန်ရတာဟာ မူဆလင် အဖွဲ့အစည်းတွေမှ တစ်ဖွဲ့ခြင်းဖြစ်စေ၊ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ဖြစ်စေ၊ စစ်ကောင်စီသင်တန်းဆင်း မူဆလင်တွေက ရက္ခိုင့်တပ်တော်ကို ခပ်စိပ်စိပ်တိုက်ခိုက်လာမှု၊ မူဆလင်မဟုတ်တဲ့ အခြားသော ပြည်သူပိုင်ပစ္စည်းဥစ္စာတွေကို ဖောက်ထွင်းခိုးယူတာနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာစတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်လာတာကြောင့်လို့ AA က ဆိုပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ကြား ရခိုင်ဒေသအတွင်းရှိ ဘူးသီးတောင်၊ မောင်တော၊ အမ်းနဲ့ သံတွဲမြို့တွေမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပြီး အထူးသဖြင့် ဘူးသီတောင်မြို့နယ် စကခ (၁၅) အား အပြီးသတ် သိမ်းယူနိုင်ရေးအတွက် တိုက်ပွဲတွေ ပိုမိုပြင်းထန်နေတယ်လို့ အသိ ပေးထားပါတယ်။

တစ်ဖက်မှာလည်း တိုက်ပွဲတွေပြင်းထန်မှုနဲ့အတူ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ရခိုင်ဒေသအတွင်း မတူညီတဲ့ လူအဖွဲ့အစည်းတွေကြားမှာ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွားစေရန် ကြိုးစားနေတယ်လို့ AA က ဆိုပါတယ်။

ဒါအပြင် မူဆလင်လူမျိုးတွေကိုလည်း စစ်သင်တန်းပေးပြီး တိုက်ပွဲတွေမှာ အသုံးချတာ၊ မူဆလင် အကြမ်းဖက်အဖွဲ့တွေကို လက်နက်တပ်ဆင်ပေးတာစတဲ့ နိုင်ငံရေးအောက်လုံးတွေကို သုံးပြီး လူ မျိုးရေး ပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော် ပြပါရှိပါတယ်။

သတင်း - သံလွင်တိုင်းမ်
ဓာတ်ပုံ - Social Media

https://www.facebook.com/100077424451291/posts/486061797317965/
27/04/2024

https://www.facebook.com/100077424451291/posts/486061797317965/

စစ်ကောင်စီတပ်ထံသွားပို့မယ့် ကျပ်သိန်းငါးရာကျော်ကို ကော့သောင်းပကဖသိမ်းယူ

ကော့သောင်း၊ ဧပြီ ၂၇

တနင်္သာရီတိုင်း ခမောက်ကြီးမြို့အခြေစိုက် အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ထံ သွား ရောက်ပို့ဆောင်မယ့် ငွေကျပ်သိန်းငါးရာကျော်ကို သိမ်းဆည်းလိုက်တယ်လို့ ကော့သောင်းမြို့နယ် ပကဖ ပြန်ကြာရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၂၆ ရက်နေ့ မနက်ပိုင်း ၉ နာရီအချိန်ခန့်မှာ ကော့သောင်း ပကဖ ပူးပေါင်းတပ်ဖွဲ့တွေက ဆိပ်ဖူးရွာနဲ့ အောင်ချမ်းသာရွာကြားမှာ နယ်မြေလုံခြုံရေးအတွက် ရှောင်တခင်စစ်ဆေးရေးမှုတွေ လုပ် ဆောင်ခဲ့တာပါ။

အဲလိုစစ်ဆေးနေစဉ် အေးချမ်းသာကျေးရွာဘက်ကနေ မောင်းလာတဲ့ နာရေးကူညီမှုအသင်းကားကို မသင်္ကာလို့ စစ်ဆေးကြည့်ရာမှာ စစ်ကောင်စီထံ သွားရောက်ပို့ဆောင်မယ့် ငွေကျပ်သိန်းငါးရာနဲ့ မြ စိမ်းရောင်ချေးငွေစီမံကိန်းက ကိုယ်စားလှယ်ငါးဦး တွေ့ရှိခဲ့တာပါ။

အဲဒီနောက် မြစိမ်းရောင်စီမံကိန်းက ကိုယ်စားလှယ်တွေအား စစ်ဆေးမေးမြန်းရာမှာ ငွေကျပ်သိန်းငါးရာဟာ ဒေသခံတွေကို ချေးပေးတာမဟုတ်ဘဲ စစ်ကောင်စီတပ်ထံ သွားရောက်ပို့ဆောင်မယ့် ငွေဖြစ်ကြောင်း ထွက်ဆိုတဲ့အတွက် သိမ်းဆည်းလိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ထံ သွားရောက်ပို့ဆောင်မယ့် ငွေကျပ်သိန်းငါးရာကို သိမ်းဆည်းပြီးနောက် မြ စိမ်းရောင်ချေးငွေစီမံကိန်းက ကိုယ်စားလှယ်တွေ ကောင်းမွန်စွာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

သိမ်းဆည်းလိုက်တဲ့ ငွေကျပ်သိန်းငါးရာကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သက်ဆိုင်ရာဝန်ကြီးဌာနထံတင်ပြပြီး ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သွားမယ်လို့ ကော့သောင်းမြို့နယ် ပကဖထံမှ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ်
ဓာတ်ပုံ-ကော့သောင်းပကဖ

https://m.facebook.com/story.php?story_fbid=486039013986910&id=100077424451291
27/04/2024

https://m.facebook.com/story.php?story_fbid=486039013986910&id=100077424451291

ကော့ဘိန်းရဲစခန်းကို စစ်တပ်ပြန်ထိန်းချုပ်ပြီး ပြည်သူတွေအေးချမ်းစွာရှိနေတယ်လို့ သတင်းမှားဖြန့်နေ

++++++++++++++

မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ကရင်ပြည်နယ် ကော့ဘိန်းကျေးရွာနဲ့ ဓမ္မသတ်ကျေးရွာတွေကို စစ်ကောင်စီက ပြန်ထိန်းချုပ်ပြီး နောက် ဒေသခံတွေ ထိခိုက်မှုမရှိအောင် ဆောင်ရွက်နေတဲ့အတွက် တည်ငြိမ်အေးချမ်းစွာ ရှိနေ တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဝါဒဖြန့် သတင်းစာတွေနဲ့ စစ်ကောင်စီလော်ဘီအကောင့် တွေက သတင်းမှားဖြန့်နေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို ကြေးမုံသတင်းစာ၊မြန်မာ့အလင်းသတင်းစာ၊MRTV၊MWD၊MOI နဲ့ မှိုင်းဝေ စတဲ့ စစ်တပ်လော်ဘီသတင်းစာတွေနဲ့ ရုပ်သံတွေမှာ ဧပြီလ ၂၆ ရက်နေ့က ဓာတ်ပုံတွေက စတင်ဖြန့် ဝေနေတာပါ။

ဖြစ်စဉ်မှန်မှာတော့ ကော့ဘိန်းနယ်မြေရဲစခန်းကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ပြီးနောက် ပိုင်း ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်တာနဲ့ သတ်ဖြတ်တွေလုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းဌာနတွေနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနမှာတော့ ကော့ဘိန်းနယ်မြေရဲစခန်းမှာ စစ်ကောင်စီ တပ်က အခြေချတပ်စွဲနေထိုင်နေပြီး ကျေးရွာထဲမှာတွေ့တဲ့ ဒေသခံအရပ်သားတွေကို ဖမ်းဆီး နှိပ်စက်တာတွေလုပ်နေတဲ့အပြင် ဒေသခံတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးခိုးယူမှုတွေရှိနေတယ်လို့ ဖော်ပြထားပါတယ်။

လွတ်လပ်တဲ့သတင်းဌာနဖြစ်တဲ့ DVB မှာတော့ စစ်ကောင်စီတပ်စွဲပြီးနောက်ပိုင်း ကော့ဘိန်းနဲ့ အနီးဝန်းကျင်မှာရှိတဲ့ ဒေသခံတွေဟာ စစ်ဘေးရှောင်နေရဆဲဖြစ်သလို ရွာထဲမှာ ပိတ်မိနေသူတွေ လည်းရှိကာ သူတို့တွေကို စစ်သားတွေက ဖုန်းတွေစစ်ဆေးတာနဲ့ မထင်ရင်မထင်သလို ရိုက်နှက် ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေကို မေးမြန်းပြီးရေးသားထားပါတယ်။

စစ်တပ်အင်အားအလုံးအရင်းနဲ့ ပြန်လည်သိမ်းပိုက်ထားတဲ့ ကော့ဘိန်းနယ်မြေစခန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၂၂ နှစ်အရွယ်ဒေသခံ အမျိုးသမီးတစ်ဦးသေဆုံး ခဲ့ရတယ်လို့ RFA သတင်းဌာနက ဖော်ပြထားပါတယ်။

KIC သတင်းဌာနကဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid02edujJyqSYA2GkwMNmJ9N5Sf8rarWExUWQGRbgw2rc42TVhaRigSWtYczEynfXcjzl&id=100064406626483&mibextid=Nif5oz&_rdc=1&_rdr

DVB သတင်းဌာန ဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid0EfEHafabx1yNrtrx2Prja68YPnarwQQJRzQTD4E7KYDMeq9dv8ACbtfG5MVPDbFXl&id=100064451569209&mibextid=Nif5oz&_rdc=1&_rdr

RFAသတင်းဌာန ဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid02DVQhPazQ14916FQXWo3tYEe4hy8CM7HqAG9ZCGKbwLcppvAwec427wo5bX9PdeuCl&id=100064542350311&mibextid=Nif5oz&_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Address


Alerts

Be the first to know and let us send you an email when Nai Ko Ko Zaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share