Myo Thant

Myo Thant Artist

မင်းတို့သဘောကျလှပါတယ်ဆိုတဲ့ ငါ့ပုံစံဆိုတာငါပြသလောက်ပဲ မင်းတို့မြင်ရတာ ၊ငါထုတ်ပြသလောက်ပုံစံလောက်ကိုပဲ ကြည့်ပီး ၊သဘောအကျဆု...
06/02/2024

မင်းတို့သဘောကျလှပါတယ်ဆိုတဲ့ ငါ့ပုံစံဆိုတာ
ငါပြသလောက်ပဲ မင်းတို့မြင်ရတာ ၊

ငါထုတ်ပြသလောက်ပုံစံလောက်ကိုပဲ ကြည့်ပီး ၊
သဘောအကျဆုံးပါပဲ လို့ ၊
လွယ်လွယ်မပြောနဲ့။

တစ်ချိန်" မှာ
ငါ့ရဲ့တဖက်ခြမ်းက မင်းတို့မကြိုက်တဲ့ပုံစံကို မြင်ပီးသွားရင် ၊
အဲ့လိုလူစားလား ? ဆိုပီး ရှုံ့ချဦးမှာမလား။

မင်းတို့ဘာသာ "ငါ့ကို သဘောကျတယ်" ပြောခဲ့ပီး ၊
မင်းတို့ကိုယ်တိုင်ပဲ စိတ်ပျက်နေမှာမို့လား။

ငါက ဟန်ဆောင်နေခဲ့တာမှ မဟုတ်တာ။
ထုတ်မပြခဲ့ရုံပဲ .. ။
- credit

06/02/2024

ငှက်မှန်ရင်

လေဆန်ကို ပျံနိုင်ရမယ်

ငါးမှန်ရင်

ရေဆန်ကို ကူးနိုင်ရမယ်

လူမှန်ရင်

လောကဓံဒဏ်ကို ခံနိုင်ရမယ်

ချစ် ခြင်း မေတ္တာ က သူ့ ဟာ နဲ့ သူ အေးချမ်းပါတယ်မျှော်လင့်ချက်တွေ ပါလာရင်ပူလောင်ရတယ် ဆိုပေမယ့်လည်းကိုယ် ဘက် က ပဲ ဆွဲ ဆွဲသ...
05/02/2024

ချစ် ခြင်း မေတ္တာ က
သူ့ ဟာ နဲ့ သူ အေးချမ်းပါတယ်

မျှော်လင့်ချက်တွေ ပါလာရင်
ပူလောင်ရတယ် ဆိုပေမယ့်လည်း

ကိုယ် ဘက် က ပဲ ဆွဲ ဆွဲ
သူ့ဘက်ကပဲဆွဲဆွဲ ဒီတစ်ခါတွဲမဲ့
လက်ကလေးတော့ မြဲစေချင်တဲ့
မျှော်လင့်ချက်လေးတော့ ရှိတယ် 🍂

မွေးဖွားလာကြတဲ့ ကံတွေမတူတာမို့လောကဓံရဲ့ အချိုအခါးဖြတ်သန်းရပုံတွေလည်း ကွဲပြားကြတယ် ဒါကြောင့်ကိုယ်လုပ်နိုင်တာကိုပဲ အကောင်း...
05/02/2024

မွေးဖွားလာကြတဲ့ ကံတွေမတူတာမို့

လောကဓံရဲ့ အချိုအခါး

ဖြတ်သန်းရပုံတွေလည်း

ကွဲပြားကြတယ် ဒါကြောင့်

ကိုယ်လုပ်နိုင်တာကိုပဲ အကောင်းဆုံးလုပ်ပါ

ဘယ်သူနဲ့မှ ကိုယ့်ဘဝကို နှိုင်းယှဉ်ပြီး

စိတ်ပျက်အားငယ်နေစရာ မလိုပါဘူး ✊

04/02/2024

Single ဖြစ်ရတာကိုကျွန်တော်ကြိုက်ပါတယ်
ဒါပေမဲ့ နေ့တိုင်းကြီးကျတော့
​အဆင်မပြေဘူးလေ

လူ့တန်ဖိုးဆိုတာဒီစာလေးကိုအဆုံးထိဖတ်ကြည့်လိုက်ပါလို့တိုက်တွန်းချင်ပါတယ်ပညာတွေတတ်ပြီးအကောင်းအဆိုးကိုမခွဲခြားနိုင်ရင်အလကားပ...
04/02/2024

လူ့တန်ဖိုးဆိုတာ

ဒီစာလေးကိုအဆုံးထိဖတ်ကြည့်လိုက်ပါလို့

တိုက်တွန်းချင်ပါတယ်

ပညာတွေတတ်ပြီးအကောင်းအဆိုးကို

မခွဲခြားနိုင်ရင်အလကားပါပဲ

ငွေကျေးချမ်းသာပြီးအတ္တတွေကြီးကာ

ကိုယ်အိတ်ထဲပဲထည့်ဖို့ကြိုးစားနေရင်လည်း

အလကားပါပဲ

အတွေးအခေါ်ဘယ်လောက်မြင်မြင်

စာနာနားလည်ပေးနိုင်တဲ့နှလုံးသားမရှိရင်

အလကားပါပဲ

ရုပ်ရည်ဘယ်လောက်ချောချော

လူတစ်ယောက်ကိုလူလို့မမြင်တတ်ရင်

အလကားပါပဲ

အသိပညာ ဘယ်လောက်ရှိရှိ

တခြားသူပြောစကားကိုတန်ဖိုးမထားတတ်ရင်

အလကားပါပဲ

အလုပ်တွေဘယ်လောက်ပဲ ကြိုးစား ကြိုးစား

ရိုးသားမှုမရှိရင် အလကားပါပဲ

ဘယ်လောက်ပဲတော်နေပါစေ

ကိုယ်ချင်းစာ စိတ်မရှိရင် အလကားပါပဲ

ဘယ်လောက်ပဲလူကောင်းတစ်ယောက်လို

ကြွေးကြော်နေပါစေ

သူများမျက်ရည်ပါတဲ့ထမင်းကိုစားနေရင်

အလကားပါပဲ

အမှန်တရားကိုဘယ်လောက်ပဲလက်ခံတယ်ပြောပြော

ကိုယ်မှားနေတာကိုထောက်ပြဆွေးနွေးတာ

မကြိုက်ရင် အလကားပါပဲ

တကယ်တမ်းတော့

လူ့တန်ဖိုးဆိုတာထက်မြက်တဲ့ ခေါင်းမဟုတ်ပါဘူး

အခြားသူတွေအပေါ်ကြင်နာတတ်တဲ့

နှလုံးသားကိုဂရုစိုက်နားထောင်ပေးတတ်ပြီး

စာနာတတ်တဲ့နားလည်ပေးကမ်းကူညီတတ်တဲ့

လက်တစ်စုံအကောင်းမြင်တတ်ပြီး

အမြင်ကြည်လင်တဲ့မျက်စိနဲ့

အပြောချိုပြီးမုသားနည်းတဲ့ပါးစပ်တို့ပဲဖြစ်ပါတယ်

ဘာလို့လည်းဆိုတော့လူတော်တွေဘယ်လောက်များများ

လူကောင်းဆိုတာမရှိခဲ့ရင်

အမှန်တရားတွေပျောက်ကွယ်လာပြီး

လူ့ပတ်ဝန်းကျင်လည်းငြိမ်းချမ်းမှု

သာယာမှုတွေပျောက်ဆုံးလာပါလိမ့်မယ်

ဒါကြောင့်အရင်ဦးဆုံးလူတော်တစ်ယောက်

ဖြစ်လာအောင်မကြိုးစားပါနဲ့အုံး

လူကောင်းတစ်ယောက်ဖြစ်လာအောင်

အရင်ကြိုးစားလိုက်ကြပါ

လူ့ဘဝကိုရောက်လာပြီဆိုတာနဲ့တန်ဖိုရှိနေတဲ့

သူတစ်ယောက်ဖြစ်နေဖို့အရေးကြီးပါတယ်

အားလုံးပဲအေးချမ်းသာယာလှပတဲ့

ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ မိတ်ဆွေ



Credit #

#လူငယ်များအတွက်ဗဟုသုတစာပေများ
#ဘဝစာပေ

စိတ်ဆိုးနေတာလား မေးတဲ့သူထက်စိတ်မဆိုးနဲ့တော့နော်ကိုယ်တောင်းပန်ပါတယ်ပြောတတ်တဲ့ ကောင်လေးမျက်ရည်တွေ ကျမနေနဲ့လို့ ပြောတဲ့သူထက...
04/02/2024

စိတ်ဆိုးနေတာလား မေးတဲ့သူထက်
စိတ်မဆိုးနဲ့တော့နော်
ကိုယ်တောင်းပန်ပါတယ်ပြောတတ်တဲ့ ကောင်လေး

မျက်ရည်တွေ ကျမနေနဲ့လို့ ပြောတဲ့သူထက်
မျက်ရည် သုတ်ပေးနေတဲ့ ကောင်လေး

ဆိုး ချင်တိုင်း ဆိုး
ကောက်ချင်တိုင်း ကောက်နေတဲ့ ကိုယ့်လိုလူမျိူးရဲ့နောက်မှာ
ချော့ချင်တိုင်း ချော့ ပေးနေတဲ့ ကောင်လေး

တကယ်ပါ
ဘယ်အခြေအနေပဲ ရှိရှိ လှည့်ကြည့်လိုက်တိုင်း
အဲ့လိုကောင်လေးမျိုးရှိနေလို့
တကယ်ပဲ ကျေနပ်မိတယ်ကွယ်....။

🌻🌼

မင်းကိုချစ်တယ်အကြောင်းပြချက်တွေမရှိဘူးမင်းဖြစ်နေလို့ကိုချစ်တာ မင်းရဲ့ဖြစ်တည်မှုတိုင်းကို ချစ်နေမိတာ အဲ့ဒါ ''ထာဝရမပြောင်း...
04/02/2024

မင်းကိုချစ်တယ်
အကြောင်းပြချက်တွေမရှိဘူး
မင်းဖြစ်နေလို့ကိုချစ်တာ
မင်းရဲ့ဖြစ်တည်မှုတိုင်းကို
ချစ်နေမိတာ အဲ့ဒါ
''ထာဝရမပြောင်းလဲဘူး'' ။

🌻🤍

ငါတို့ဟာ ရေစက်ရှိလို့ ဆုံခဲ့ပြီးကံ မပါလို့ လွှဲရတယ် ပြောရင်ငါလက်မခံနိုင် ဖြစ်ရတယ်။တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့မှုဟာရေစက်ဖ...
03/02/2024

ငါတို့ဟာ ရေစက်ရှိလို့ ဆုံခဲ့ပြီး
ကံ မပါလို့ လွှဲရတယ် ပြောရင်
ငါလက်မခံနိုင် ဖြစ်ရတယ်။

တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့မှုဟာ
ရေစက်ဖြစ်ပြီး ပါရမှီကို ထိန်းသိမ်းဖို့ကျ
ငါတို့ရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပါတယ်။

ငါတို့ရဲ့ ပေါင်းဖက်မှုကို ကံတရားက ပိုင်ပေမယ့်
ငါတို့ရဲ့ နီးစပ်ရဖို့ ဆုံးဖြတ်ချက်ကိုတော့
ငါတို့ ပိုင်တယ်။

ကံကို အပြစ်ပုံမလား၊
ဆုံးဖြတ်ချက်ကို အပြစ်တင်မလား။
ငါတို့ရဲ့ နိဗ္ဗာန်လှလှလေးရေ၊
ဝေးခြင်းနီးခြင်းဟာ လက်တစ်ကမ်းမှာ။

original

03/02/2024

ဖြူအောင်စိတ်ကိုထား
============

အပြုံးတွေနဲ့
ဆက်ဆံနေပါလျှက်နဲ့
တစ်ခါလေ မျက်နှာထား တင်းမိလိုက်လို့
မဲ့ပြသွားတတ်ကြတဲ့အခါစိတ်မကောင်း မဖြစ်ပါနဲ့

အမြဲလိုလို ကောင်းကောင်းမွန်မွန်
ဆက်ဆံပေးပါလျှက်နဲ့
တစ်ကြိမ်လေး ပျက်ကွက်
မလိုက်လျောပေးမိလိုက်လို့
ငြို ငြင်သွားတတ်ကြတဲ့အခါ
စိတ်မကောင်း မဖြစ်ပါနဲ့

လူတိုင်းက ကိုယ်လိုမဟုတ်ဘူးလေ
ကိုယ့်ဘဝကို အမြဲတမ်း
နားလည်ပေးနိူင်မဲ့ သူတွေလည်း
မဟုတ်ကြပါဘူး

သူတို့ လိုအပ်တာ ဖြည့်ဆည်းပေးနိုင်ရင်
ကျေနပ်လို့နေကြမှာလေ သူတို့ လိုအပ်တာ
ဖြည့်ဆည်း မပေးနိုင်လျှင်
မကျေနပ်လို့ သွားကြမှာပါ။

အဲ့လို
ကြုံဆုံရတဲ့အခါ
လူတိုင်းက ကိုယ့်စေတနာနဲ့
မတန်ဘူးလို့ စိတ်မကောင်း မဖြစ်ပါနဲ့

လူတိုင်းနဲ့တန်တဲ့ စေတနာလေးသာ
မျှတစွာ ပေးတတ်အောင်
လုပ်ဆောင်ပေးတတ်လာရင်
ရင့်ကျက်တည်ငြိမ်တဲ့
လူသားတစ်ယောက်မဟုတ်တောင်......
လိုက်လျောညီထွေတဲ့ဆက်ဆံရေးနဲ့
လွတ်လပ်စွာ ကျေနပ်လို့ နေတတ်လာတဲ့
လူသားတစ်ယောက် ဖြစ်လို့နေပါလိမ့်မယ်
မကောင်းသူတစ်ချို့အပေါ်မှာ
စိတ်ထားတတ်အောင် ကြိုးစားကြည့်ပါ။

လောဘကြီးတဲ့သူနဲ့တွေ့တဲ့အခါ
ပေးကမ်းတတ်အောင် ကြိုးစားကြည့်ပါ။

ဒေါသကြီးတဲ့ သူနဲ့တွေ့တဲ့အခါ
မေတ္တာထားတတ်အောင် ကြိုးစားကြည့်ပါ။

မောဟကြီးတဲ့ သူနဲ့တွေ့တဲ့အခါ
သမာဓိ အားကောင်းအောင် ကြိုးစားကြည့်ပါ။

ဖိနှိပ်တတ်တဲ့ သူနဲ့တွေ့အခါ
သည်းခံတတ်အောင် ကြိုးစားကြည့်ပါ။

ကြွားဝါတတ်တဲ့ သူနဲ့တွေ့တဲ့အခါ
ခြိုးခြံတတ်အောင် ကြိုးစားကြည့်ပါ။

ပျင်းရိတဲ့သူနဲ့တွေ့တဲ့အခါ
ဝီရိယထားတတ်အောင် ကြိုးစားကြည့်ပါ။

ရိုင်းစိုင်းတဲ့သူနဲ့တွေ့တဲ့အခါ
ယဉ်ကျေးတတ်အောင် ကြိုးစားကြည့်ပါ။

ဘယ်လို တန်ပြန်သက်ရောက်မှုတွေနဲ့
တွေ့ကြုံလာပါစေသင်ဟာခံနိုင်ရည်ရှိသူ
တစ်ယောက်ဖြစ်လာလိမ့်မယ်။

ဒါတာတွေကို ကြိုသိနှင့်ပြီးသာဆိုရင်
သိပ်ပြီးလည်း ထိခိုက်စရာ မရှိ‌တော့သလို
သိပ်ပြီးလည်း ခံစားစရာမလိုတော့ဘူး
လူတွေဆိုတာ သူ့ဗီဇနဲ့သူမို့.....
အရာရာဟာ သူ့အိုးနဲ့ သူ့ဆန်ပါပဲ.....

Crd

02/02/2024

Relationship တစ်ခုတည်မြဲဖို့ဆိုရင်တော့ တစ်ဖက်လူက
ငါဖြစ်နေမှရမယ်နော်...

31/01/2024

အချစ်ဟာ အချစ်ပဲတဲ့လေ
မဟုတ်ပါဘူး
ကိုယ့်အတွက်တော့ အချစ်ဟာမင်းပါပဲ ။

#

29/01/2024

နောက်တစ်ကြိမ်တစ်ခါ
သို့မဟုတ် အကြိမ်ကြိမ်အခါခါ
ကျွန်တော့်ကို ငြင်းပယ်နိုင်ပါတယ်

သို့သော် မင်းကိုငါချစ်တယ် ။

#

28/01/2024

"လိပ်ပြာလုံတယ်"
--------------------------
*ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုတဲ့စိတ်နဲ့
အရိုးသားဆုံး နေထိုင်ပါတယ်
ဒါကြောင့် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်. . .

*အမြင့်ရောက်ဖို့အတွက်
ဘယ်သူ့ကိုမှ ချမနင်းခဲ့သလို
တစ်ပါးသူရဲ့ နာကျင်မှု့နဲ့လည်း
ကိုယ့်ပျော်ရွှင်မှု့ကို မဖန်တီးခဲ့ဖူးဘူး
ကိုယ်စားမယ့် ထမင်းလုတ်ထဲမှာ
သူတစ်ပါးမျက်ရည်စက်တွေ မပါဘူးဆိုရင်
ကိုယ်ဟာ လူပီသတယ် မဟုတ်လား

*မလာချင်တဲ့သူတွေကို
ဘဝထဲ အတင်း မခေါ်ခဲ့သလို
မနေချင်တဲ့ သူတွေကိုလည်း
မသွားပါနဲ့လို့ တစ်ကူးတက ဆွဲမထားဘူး
တကယ်တော့ တစ်ယောက်ထဲနေလို့
အထီးကျန်တယ်ဆိုတာထက်
နှစ်ယောက်ရှိပြီး အဆင်မပြေဖြစ်နေတာက
ပို နာ ကျင် ရ တယ် မ ဟုတ် လား

*အလိမ်အညာတွေ ခံရဖူးတယ်
အ သုံး ချ ခံ ခဲ့ ရ ဘူး တယ်
အထင် အမြင်တွေ လွဲတာခံရဖူးတယ်
စေတနာတွေ စော်ကားခံရဖူးတယ်. . .

*မခံမရပ်နိုင်လို့
တစ်ခါတလေ ပေါက်ကွဲတဲ့ အခါကျ
မခံစားဖူးတဲ့ လူတစ်ချို့က ပြောတယ်
"ဘာမဟုတ်တာလေးနဲ့" တဲ့

* ဟုတ်ပါတယ်
ဘာမဟုတ်တာလေးတွေပါပဲ

* ဘာမဟုတ်တာလေးတွေ
တကယ်ဟုတ်လာတဲ့အခါ
တစ်ခါတလေ ကိုယ်ကမ္ဘာပျက်ခဲ့ရတယ်
တစ်ခါတလေ ဝေဒနာတွေ ဖြစ်ခဲ့ရတယ်

* အတွေ့အကြုံ့က သင်ပေးခဲ့တဲ့
သင်ခန်းစာတွေကြောင့် ကိုယ်နားလည်ခဲ့ပါပြီ

*အပြုံးလှလှလေးတွေကိုလည်း
မ တပ် မ က် တော့ သ လို
စကားချိုချိုလေးတွေကို ရမ်းမယုံတတ်တော့ဘူး
မျက်နှာချင်းဆိုင်က အန္တာရာယ်တွေထက်
နောက်ကျောက ဓားတွေကို ပိုသတိထားတယ်

*အရင်လိုလဲ သိပ်အားမနာတတ်တော့ဘူး
မလုပ်နိုင်တာကို တာဝန်မယူတော့ဘူး
မကြိုက်ရင် မကြိုက်ဘူး
မပေးနိုင်ရင် မပေးနိုင်ဘူး
မကူညီနိုင်ရင် မကူညီနိုင်ဘူးပဲ
ဟန်ဆောင်ပြီး ပြုံးရမယ်ဆိုရင်
ကိုယ့်ကိုကိုယ်တောင် မုန်းတယ်

*ကိုယ်ဖြစ်ရင် ဘယ်သူခံရမှာလဲ
ကိုယ်ဖြစ်ရင် ကိုယ်ဘဲခံရမှတော့
ဘယ်သူဘာပြောပြော
ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်မယ်
အ ရေး ကြီး တာ က
ကိုယ်ကျင့်တရား မပျက်ဖို့ပဲမဟုတ်လား💪♥️

28/01/2024

နှစ်ဦးနှစ်ဖက် ထပ်တူကျတဲ့ ချစ်ခြင်းမေတ္တာဆို
အများကြီး တန်ဖိုးထားရမှာ …
ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ပြိုကွဲမသွားအောင်
ပြဿနာသေးသေးလေးကနေ ပျက်စီးမသွားရအောင်
ဂရုစိုက်ရမယ် ၊ တန်ဖိုးထားရမယ် ။

ဘာကြောင့်ဆို ကိုယ်ချစ်မိတဲ့သူက ကိုယ့်ကိုပြန်ချစ်တာဟာ ဘယ်လောက်တောင်း ကံကောင်းလိုက်သလဲ ။

ကိုယ်က ချစ်ရသလောက် တဖက်က ပြန်မချစ်နိုင်တာတွေ
တစ်ဖက်လူက သဘောကျပေမဲ့ ကိုယ်က လက်မခံပေးနိုင်လို့ အားနာရတာတွေ …
မဖြစ်နိုင်ခြင်းတွေနဲ့ … မချစ်နိုင်ခြင်းတွေဟာ
သိပ်နာကျင်စရာကောင်းမှန်း ကြုံဖူးသူတိုင်းသိတယ် ..

ဒါကြောင့် ထပ်တူကျတဲ့ ချစ်ခြင်းမေတ္တာကို
ရှာတွေ့တဲ့အခါ အများကြီး တန်ဖိုးထားရမှာ … ❤️

28/01/2024

ချစ်သော်ငြားလည်း
ကံကခွဲရင် ကွဲရတာဘဲ

ကမ္ဘာကကျဉ်းရင်တောင်
ကံကုန်ရင်ပြန်မဆုံနိုင်ဘူး ။

ပြေပြေလည်လည်ပေါ့ မကျေမလည်ဖြစ်လည်း ငါက လျော့မှာ ။မင်းစိတ်စိုးမလား  ငါက ချော့မှာမင်းဆိုးသမျှလည်း  အနိုင်ပေးမှာ မင်းက ပြေးရ...
27/01/2024

ပြေပြေလည်လည်ပေါ့
မကျေမလည်ဖြစ်လည်း ငါက လျော့မှာ ။

မင်းစိတ်စိုးမလား ငါက ချော့မှာ
မင်းဆိုးသမျှလည်း အနိုင်ပေးမှာ
မင်းက ပြေးရင် ငါက အရိပ်လို လိုက်မှာ ။

အလိုအပ်ဆုံးကလည်း မင်း
အမြတ်နိုးဆုံးကလည်း မင်း ။
မရှိမဖြစ်ဆုံး‌လေးကလည်း မင်းပဲ ။

အကြောက်တရားက မင်း မုန်းသွားမှာရယ်
မလိုသောဆုက မင်းထားခဲ့မှာရယ်ပေါ့ ။

မပစ်ပယ်သရွေ့ အချစ်မပြယ်
အရေးပါမှုက ငါဖြစ်ချင်တယ် ။

ဝေးဝေးမကြည့်နဲ့ မင်းမရှိရင်
ဘ၀ပျက်မယ့်ကောင်က ဒီက ငါပဲ ။

ွှေလယ်မြေ

27/01/2024

မတွဲသင့်တဲ့ ဘဲ(၃)မျိုး

၁။ သားကြီး
၂။ သားလတ်
၃။ သားငယ်
၄။တစ်ဦးတည်းသောသား

26/01/2024

ချစ်မြတ်နိုးမိတဲ့အခါ
သာမန် love react လေးကလည်း
ရင်ခုန်ရသလို ကိုယ့်ရဲ့ story viewer မှာ
မင်းနာမည်လေး မြင်လိုက်ရတာကလည်း
ကြည်နူးရတာပါပဲ ။

🌻🥀

21/01/2024

သူတစ်ပါး မြင်နိူင်ဖို့ပါ
👁👁👁👁👁👁👁

တစ်ခါတုန်းက အဖိုးအိုတစ်ယောက်ဟာ မျက်မမြင် သူငယ်ချင်းအဖိုးတစ်ယောက်ကို ထမင်းဖိတ်ကျွေးတယ်...ထမင်းစားရင်း အချိန်က တော်တော်လေးနောက်ကျသွားပြီး မိုးချုပ်သွားတယ်... မျက်မမြင်သူငယ်ချင်းက မိုးအရမ်းချုပ်နေပြီ ပြန်တော့မယ်လို့ပြောတယ်... ဒါနဲ့အိမ်ရှင်က သူ့ကို မီးအိမ်တစ်ခုပေးလိုက်တယ်... မျက်မမြင် သူငယ်ချင်းက ဒေါသအရမ်းထွက်သွားပြီးပြောတယ်... "ကျွန်တော်ဟာ မျက်မမြင်တစ်ယောက်လို့သိနေပါရဲ့ ကျွန်တော့်ကို မီးအိမ်တစ်ခုပေးတာ ကျွန်တော့်ကို လှောင်နေတာလား?"

အိမ်ရှင်က ပြန်ပြောတယ်... "ကျွန်တော် သင့်ကို အလေးထားလို့ မီးအိမ်ပေးတာပါ... သင်ကမမြင်ရပေမဲ့ တခြားသူက မြင်ရတယ်လေ... ဒါကြောင့် ညအမှောင်ထဲမှာ တခြားလူက သင့်ကို မတိုက်မိနိုင်တော့ဘူးပေါ့..." မျက်မမြင်သူငယ်ချင်း အဖိုးက သဘောပေါက်နားလည်သွားပါတယ်။

နားလည်သဘောပေါက်တာချင်းမတူရင် နောက်ဆုံးရလဒ်က မတူကြပါဘူး။ ကျွန်တော်တို့ နေရာချင်းလဲပြီး စဉ်းစားပေးဖို့ လိုပါတယ်။

ဘယ်ကိစ္စမဆို မတူတဲ့ရှုထောင့်ကနေကြည့်ရင် မတူတဲ့အမြင်ရှိကြပါတယ်။

သင့်မှာ သမီးတစ်ယောက်ရှိရင် သားရှင်ဘက်က များများတင်တောင်းဖို့ သင်မျှော်လင့်လိမ့်မယ်။

သင့်မှာ သားတစ်ယောက်ရှိရင် သမီးရှင်ဘက်က များများမတောင်းဖို့ မျှော်လင့်လိမ့်မယ်။

သင့်မှာ ချွေးမတစ်ယောက်ရှိရင် သူအိမ်မှုကိစ္စတွေများတယ်၊ နားလည်မှုမရှိဘူးလို့ ပြစ်တင်မိလိမ့်မယ်။

သင့်မှာ သမီးတစ်ယောက်ရှိရင် သူ့ယောက္ခမအိမ်ကို လွှမ်းမိုးနိုင်သူ ဖြစ်စေချင်တယ်။

သင်လမ်းလျှောက်တဲ့အချိန်ကားမောင်းသူတွေကို အမြင်ကပ်တယ်။

သင်ကားမောင်းချိန် လမ်းလျှောက်သူတွေကို ကြည့်မရဘူး။

သင်အလုပ်သမားဖြစ်နေရင် သင်ရဲ့သူဌေးက ကပ်စေးနည်း အာဏာပြလွန်းတယ်လို့ယူဆတယ်။

သင်သူဌေးဖြစ်တဲ့အချိန် သင့်အလုပ်သမားတွေက ခိုကပ်တယ် တာဝန်ယူချင်စိတ်မရှိဘူးလို့ ယူဆတယ်။

သင်ဝယ်ယူသူဖြစ်တဲ့အချိန် စျေးရောင်းသူက အမြတ်ကြီးစားလွန်းတယ်လို့သတ်မှတ်တယ်။

သင်စျေးရောင်းသူဖြစ်တဲ့အချိန် ဝယ်ယူသူက စျေးဆစ်တတ်လွန်းတယ်လို့ သတ်မှတ်တယ်။

အမြဲတမ်းကိုယ့်နေရာကနေဘဲမကြည့်ဘဲ တခြားသူဘက်ကနေလဲ ကြည့်ပေးပါ။ နေရာလဲပြီး တစ်ပါးသူအတွက်လဲ စဉ်းစားပေးဖို့လိုပါတယ်။

တခြားသူရဲ့ ဒုက္ခကို နားလည်ပေးနိုင်တာ ဂရုစိုက်မှုတစ်မျိုးပါ။ တခြားသူရဲ့အခက်အခဲကိုနားလည်ပေးနိုင်တာ ကြင်နာခြင်းတစ်မျိုးပါ။

တခြားသူရဲ့ အမှားကို ခွင့်လွတ်ပေးတတ်တာဟာ သဘာထားကြီးခြင်း တစ်မျိုးပါ။

( Unicode )

သူတစ်ပါး မြင်နိူင်ဖို့ပါ
👁👁👁👁👁👁👁

တစ်ခါတုန်းက အဖိုးအိုတစ်ယောက်ဟာ မျက်မမြင် သူငယ်ချင်းအဖိုးတစ်ယောက်ကို ထမင်းဖိတ်ကျွေးတယ်...ထမင်းစားရင်း အချိန်က တော်တော်လေးနောက်ကျသွားပြီး မိုးချုပ်သွားတယ်... မျက်မမြင်သူငယ်ချင်းက မိုးအရမ်းချုပ်နေပြီ ပြန်တော့မယ်လို့ပြောတယ်... ဒါနဲ့အိမ်ရှင်က သူ့ကို မီးအိမ်တစ်ခုပေးလိုက်တယ်... မျက်မမြင် သူငယ်ချင်းက ဒေါသအရမ်းထွက်သွားပြီးပြောတယ်... "ကျွန်တော်ဟာ မျက်မမြင်တစ်ယောက်လို့သိနေပါရဲ့ ကျွန်တော့်ကို မီးအိမ်တစ်ခုပေးတာ ကျွန်တော့်ကို လှောင်နေတာလား?"

အိမ်ရှင်က ပြန်ပြောတယ်... "ကျွန်တော် သင့်ကို အလေးထားလို့ မီးအိမ်ပေးတာပါ... သင်ကမမြင်ရပေမဲ့ တခြားသူက မြင်ရတယ်လေ... ဒါကြောင့် ညအမှောင်ထဲမှာ တခြားလူက သင့်ကို မတိုက်မိနိုင်တော့ဘူးပေါ့..." မျက်မမြင်သူငယ်ချင်း အဖိုးက သဘောပေါက်နားလည်သွားပါတယ်။

နားလည်သဘောပေါက်တာချင်းမတူရင် နောက်ဆုံးရလဒ်က မတူကြပါဘူး။ ကျွန်တော်တို့ နေရာချင်းလဲပြီး စဉ်းစားပေးဖို့ လိုပါတယ်။

ဘယ်ကိစ္စမဆို မတူတဲ့ရှုထောင့်ကနေကြည့်ရင် မတူတဲ့အမြင်ရှိကြပါတယ်။

သင့်မှာ သမီးတစ်ယောက်ရှိရင် သားရှင်ဘက်က များများတင်တောင်းဖို့ သင်မျှော်လင့်လိမ့်မယ်။

သင့်မှာ သားတစ်ယောက်ရှိရင် သမီးရှင်ဘက်က များများမတောင်းဖို့ မျှော်လင့်လိမ့်မယ်။

သင့်မှာ ချွေးမတစ်ယောက်ရှိရင် သူအိမ်မှုကိစ္စတွေများတယ်၊ နားလည်မှုမရှိဘူးလို့ ပြစ်တင်မိလိမ့်မယ်။

သင့်မှာ သမီးတစ်ယောက်ရှိရင် သူ့ယောက္ခမအိမ်ကို လွှမ်းမိုးနိုင်သူ ဖြစ်စေချင်တယ်။

သင်လမ်းလျှောက်တဲ့အချိန်ကားမောင်းသူတွေကို အမြင်ကပ်တယ်။

သင်ကားမောင်းချိန် လမ်းလျှောက်သူတွေကို ကြည့်မရဘူး။

သင်အလုပ်သမားဖြစ်နေရင် သင်ရဲ့သူဌေးက ကပ်စေးနည်း အာဏာပြလွန်းတယ်လို့ယူဆတယ်။

သင်သူဌေးဖြစ်တဲ့အချိန် သင့်အလုပ်သမားတွေက ခိုကပ်တယ် တာဝန်ယူချင်စိတ်မရှိဘူးလို့ ယူဆတယ်။

သင်ဝယ်ယူသူဖြစ်တဲ့အချိန် စျေးရောင်းသူက အမြတ်ကြီးစားလွန်းတယ်လို့သတ်မှတ်တယ်။

သင်စျေးရောင်းသူဖြစ်တဲ့အချိန် ဝယ်ယူသူက စျေးဆစ်တတ်လွန်းတယ်လို့ သတ်မှတ်တယ်။

အမြဲတမ်းကိုယ့်နေရာကနေဘဲမကြည့်ဘဲ တခြားသူဘက်ကနေလဲ ကြည့်ပေးပါ။ နေရာလဲပြီး တစ်ပါးသူအတွက်လဲ စဉ်းစားပေးဖို့လိုပါတယ်။

တခြားသူရဲ့ ဒုက္ခကို နားလည်ပေးနိုင်တာ ဂရုစိုက်မှုတစ်မျိုးပါ။ တခြားသူရဲ့အခက်အခဲကိုနားလည်ပေးနိုင်တာ ကြင်နာခြင်းတစ်မျိုးပါ။

တခြားသူရဲ့ အမှားကို ခွင့်လွတ်ပေးတတ်တာဟာ သဘာထားကြီးခြင်း တစ်မျိုးပါ။
-

18/01/2024

ပိုက်ဆံရှာရာတွင်
------------------------
ဘယ်တော့မှ ဝင်ငွေတစ်ခုတည်း ပေါ်မှာမရပ်တည်ပါနဲ့။
အခြားသော ဒုတိယဝင်ငွေ ဝင်နိုင်အောင် ရင်းနှီးထားပါ။
လူတစ်ယောက်ဟာ ဝင်ငွေတစ်ခုထဲကို ခြေစုံပစ် ရပ်တည်နေရင်
အဲ့ဒီ..ဝင်ငွေရပ်တန့်သွားတဲ့နေ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရတတ်ပါတယ်။
ဘဝမှာလည်း အားလုံး ဗြောင်းဆန် သွားတတ်ပါတယ်။
ဒါ့ကြောင့် ဒုတိယဝင်ငွေ ရနိုင်မယ့် နည်းလမ်းကို အမြဲရှာထားပါ။

ပိုက်ဆံသုံးရာတွင်

သင့်မှာမလိုအပ်တဲ့ပစ္စည်းတွေဝယ်ပါများရင်
သင့်မှာ လိုအပ်တဲ့ ပစ္စည်းတွေ စွန့်လွှတ်ရတတ်တယ်။
တစ်ချိ့ုတွေက လူသာ မချမ်းသာတာပါ။ ကိုင်တဲ့ အသုံးအဆောင်တွေကတော့ အပျံစားတွေ ချည်းပါပဲ။
ရေရှည်ကို မကြည့်ပဲ ရေတိုပဲ ကြည့်တတ်တဲ့ သူမျိုးတွေပါ။
သူများလုပ်တာ လိုက်လုပ်ချင်တယ်။ ဒါပေမယ့် သူများလို သူမချမ်းသာသေးဘူး ဆိုတာကို
မေ့နေတတ်ကြပါတယ်။
ကိုယ်က မချမ်းသာသေးချိန်မှာ ချမ်းသာတဲ့သူတွေနဲ့ iPhone ပြိုင်ကိုင်တန်း
သွားမကစားပါနဲ့။
သင်ပဲရှုံးသွား ပါလိမ့်မယ်။ မလိုတာတွေ ဝယ်နေတဲ့အတွက် လိုတဲ့
အခါ သုံးစရာမရှိ ဖြစ်တတ်ပါတယ်။

ပိုက်ဆံစုရာတွင်

သုံးပြီးလို့ ပိုတာကိုမစုပါနဲ့။ စုပြီးလို့ ပိုတာကို သုံးပါ။
သုံးပြီးလို့ပိုမှ စုမယ်ဆိုရင်တော့ ဒီတစ်သက် သင်စုဖြစ်ဖို့ မလွယ်လောက်ပါဘူး။ ပိုက်ဆံဝင်လာရင် အရင်ဆုံး သင်စဉ်းစားရမှာက ဘယ်လောက်စုမလဲ ဆိုတာပါပဲ။
ပြီးမှ ပိုတာကိုသုံးပါ။ စုဆိုတာကလည်း တစ်သက်လုံး စုဘူးထဲမှာ အဲ့ဒီိပိုက်ဆံကို ထားဖို့ပြောတာ မဟုတ်ပါဘူး။
သင့်ဘဝအတွက် လိုအပ်တဲ့ နေရာမှာ အသုံးချဖို့ပါ။
သင့်ရဲ့ တန်ဖိုးမြင့်ဖို့ သင့် အရည်အချင်းတွေကို မြှင့်တင်ရပါမယ်။
အဲ့ဒီလိုလုပ်ဖို့ သင်တန်းတွေ တက်ရပါမယ်။ စာအုပ်တွေဖတ်ရပါမယ်။
ဲ့ အဲ့ဒိအတွက် ... သင့်မှာ ပိုက်ဆံလိုပါတယ်။ အဲ့ဒီိစုငွေတွေကို သုံးနိုင်ပါတယ်။

စွန့်စားရာတွင်

ရေအတိမ်အနက်ကို ခြေ ၂ ချောင်းလုံးချပြီး မစမ်းပါနဲ့။
မစွန့်စားနဲ့လိုပြောတာမဟုတ်ပါဘူး။ မစွန့်စားပဲနဲ့လည်း မအောင်မြင်နိုင်ပါဘူး။
ဒါပေမယ့် စွန့်စားရာမှာတော့ ပါးနပ်ဖို့လိုပါတယ်။
အန္တရာယ်ရှိတဲ့ ကိစ္စမျိုးကို ရှိသမျှ ပိုက်ဆံတွေ ပုံအောလိုက်တာမျိုး တော့ မလုပ်ပါနဲ့။

ရင်းနှီးမြှုပ်နှံရာတွင်

ကြက်ဥတွေအားလုံးကို ဘယ်တော့ မှ ခြင်းတောင်းတစ်ခုထဲမှာ စုပြုံမထည့်ထားပါနဲ့။
အရင်းအနှီးလုပ်ပြီဆိုရင်လည်း ရှိသမျှ ပိုက်ဆံတွေအားလုံးကို
တစ်နေရာထဲမှာ စုပြုံ မရင်းနှီးပါနဲ့။
လုပ်ငန်းဆိုတာ မြတ်နိုင်သလို ရှုံးလည်း ရှုံးနိုင်ပါတယ်။ အားလုံးကို တစ်နေရာတည်း
စုပြုံရင်းနှီးထားရင် ရှုံးတဲ့အခါ တစ်ပြားမှ မကျန်ဖြစ်သွားပါလိမ့်မယ်။

မျှော်လင့်ရာတွင်

ရိုးသားခြင်းဆိုတာ ၇ှားပါးစျေးကြီးတဲ့ လက်ဆောင်မွန် တစ်ခုပါ။
ဒါ့ကြောင့် ခပ်ပေါပေါ လူတွေဆီက မမျှော်လင့်ပါနဲ့။
သင်ရိုးသားသလို လူတိုင်းရိုသားမယ်လို့ဘယ်တော့မှအသေအချာ တွက်မထားပါနဲ့။
ရိုးသားမှုဆိုတာ ဒီခေတ်ထဲမှာ တော်တော်ကို ရှားပါးတဲ့ အရာပါ။
ဒါ့ကြောင့် ရူးရူး မိုက်မိုက်နဲ့ ဒီတန်ဖိုးကြီးပစ္စည်းကို လူတိုင်းဆီက
မမျှော်လင့်မိပါစေနဲ့။

တစ်ယောက်တည်းနေတတ်အောင် လေ့ကျင့်ပါ ။********************************ကျွန်တော်တို့က မွေးဖွားလာကတည်း တစ်ယောက်တည်း လေ ။ အဖော...
26/12/2023

တစ်ယောက်တည်းနေတတ်အောင် လေ့ကျင့်ပါ ။
********************************
ကျွန်တော်တို့က မွေးဖွားလာကတည်း တစ်ယောက်တည်း လေ ။ အဖော်ရယ်လို့မှ ပါမလာတာ ။ ဘဝရဲ့အခက်အခဲတွေကို ဖြေရှင်းဖို့ အနားမှာ တိုင်ပင်ဖော် ရှိသင့်တယ်ဆိုတာကိုတော့ လက်ခံပါတယ် ။ ဒါပေမဲ့ တိုင်ပင်ဖော်အပေါ်မှာ အပြည့်အဝ မှီခိုနေတာမျိုးတော့ မဖြစ်သင့်ပါဘူး ။ ဒါကြောင့် တစ်ယောက်တည်း နေတတ်အောင် လေ့ကျင့်ထားပါ ။ တစ်ယောက်တည်းနေတတ်အောင် လေ့ကျင့်ဖို့အတွက်. . .

(က) အနားမှာရှိတဲ့သူအပေါ် အများကြီးမမှီခိုနဲ့ ။
(ခ) သံယောဇဉ်တွေ နည်းအောင်နေပါ။
(ဂ) မျှော်လင့်ချက် နည်းပါးစွာ ရှင်သန်ပါ။
(ဃ) လေ့လာချင်တာတွေ လေ့လာပါ ။

(က) အနားမှာရှိတဲ့သူအပေါ် အများကြီးမမှီခိုနဲ့

ကိစ္စတစ်ခုခုလုပ်တော့မယ် ၊ ကိစ္စတစ်ခုခုကို ဆုံးဖြတ်တော့မယ် ဆိုရင် အနားမှာရှိတဲ့ ယုံကြည်ရတဲ့သူတွေကို တိုင်ပင်ဖို့ အရင်ဆုံး တွေးဖူးတယ်မလား ။ ဘာလို့ ဒီလိုတွေးလိုက်တာလဲဆိုတာ မေးကြည့်ဖူးလား ။ ဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတာမျိုးပါ ။ Self-Confidence မရှိတာကို ဖော်ပြနေတာပါ ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် လုပ်ဖို့ လိုပါတယ် ။ သူများကို မှီခိုပြီး ရှင်သန်နေရတာက ပျော့ညံ့ရာ ရောက်ပါတယ် ။ တစ်ခုခု ဆုံးဖြတ်ချင်တဲ့အခါ ကိုယ်ပိုင်ဆုံးဖြတ်ချက် နဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ကြိုးစားပါ ။ စကားတွေ အများကြီး ပြောချင်တာမျိုးကို ထိန်းပါ ။ စကားတွေ အများကြီး ပြောတာက ကိုယ့်အားနည်းချက်ကို ပြောပြလိုက်တာနဲ့ အတူတူပါပဲ ။ အားနည်းချက်တွေ သိသွားတော့ ကူညီဖို့ထက် လှောင်ပြောင်မယ့်သူက ပိုများပါတယ် ။ ဒါကြောင့် ရင်ဖွင့်နေမဲ့အစား သီချင်းတွေ အော်ဆိုလိုက်ပါ ။ တစ်ယောက်တည်း နေတတ်အောင် လေ့ကျင့်ပါ

(ခ) သံယောဇဉ်တွေ နည်းအောင်နေပါ ။

တစ်ယာက်အပေါ်တစ်ယောက် သံယောဇဉ်ထားတာက ကောင်းတဲ့ အကျင့်တစ်ခုပါ ။ ဒါပေမဲ့ လိုတာထက်ပိုပြီး စွဲလမ်းတတ်တဲ့အထိ သံယောဇဉ် ထားတာကတော့ မကောင်းဘူးလေ ။ ကျွန်တော်တို့အနားမှာ အမြဲတမ်းနေရမယ်လို့ အခြားဘယ်သူမှာမှ တစ်သီးတခြား တာဝန်ရှိမနေဘူးလေ ။ ရင်းနှီးကြတယ် ၊ ခင်မင်ကြတယ် ၊ သံယောဇဉ်တွေ ရှိကြတယ် ။ မိသားစုတာဝန်တွေ ၊ အလုပ်ရဲ့တာဝန်တွေ ၊ ရာထူးတိုးတာဝန်တွေရယ် စသည်ဖြင့် မခွဲချင်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာရတာတွေ ရှိတယ် ။ သူငယ်ချင်းအချင်းချင်း ချစ်ကြတယ် ။ ညီမတွေလို ခင်ကြတယ် ။ ညီကိုတွေလို ပေါင်းသင်းကြတယ် ။ မောင်နှမတွေလို ရင်းနှီးကြတယ် ။ ဘယ်လောက်ပဲ ခင်ခင် ၊ ဘယ်လောက်ထိပဲ ချစ်ချစ် တစ်နေ့မှာတော့ ခွဲခွာရမှာပါ ။ သံယောဇဉ်တွေက မထားတတ်တဲ့အခါ ပူလောင်ရတယ်တဲ့ ။ ခွဲခွာရတဲ့အခါ ခွဲခွာရတဲ့အပေါ် နားလည်ပေးနိုင်ရပါမယ် ။ ငါက သူ့ကို ခင်လို့ ၊ သူက ငါနဲ့ ရင်းနှီးလို့ဆိုပြီး သံယောဇဉ်တွေ တွယ်နေလို့ မရပါဘူး ။ ဘဝတက်လမ်းတွေအတွက် ခွဲခွာသင့်ရင် ခွဲခွာရပါလိမ့်မယ် ။ သံယောဇဉ်ရှိရင် နောင်တစ်ချိန်ကျ ပြန်ဆုံလို့ရတာပဲ ။ ခွဲခွာရမယ့်အချိန်မှာ သံယောဇဉ်ကြီးတဲ့သူက ပိုနာကျင်ရတယ် ၊ ပိုသတိရ ရစမြဲပါပဲ ။ သံယောဇဉ်က ပူလောင်ရတဲ့အခါတွေလည်း ရှိတယ် ။ ဝမ်းနည်းရတာတွေလည်း ရှိတာမို့ သံယောဇဉ်တွေ ကင်းအောင် နေနိုင်ရင်တော့ အကောင်းဆုံးပါ ။

(ဂ) မျှော်လင့်ချက် နည်းပါးစွာ ရှင်သန်ပါ ။

ရည်မှန်းချက် ၊ မျှော်လင့်ချက်ထားတာက ကောင်းပါတယ် ။ တစ်ပါးသူဆီက လိုတာထက် ပိုပြီး မျှော်လင့်နေရတာက ပင်ပန်းတယ် ။ ကိုယ်က ဘာလိုချင်တယ် ၊ ညာလိုချင်တယ်လို့ မျှော်လင့်ချက်နဲ့ ပူဆာနေတာမျိုး ၊ တောင်းခံနေတာမျိုးက တစ်ပါးသူကိုလည်း အခက်အခဲ ဖြစ်စေပါတယ် ။ မျှော်လင့်ချက်ကြီးနဲ့ စောင့်နေရတာ အချိန်တွေ ကြာမြင့်စေပါတယ် ။ စိတ်တွေ ပိုလေးလံစေပါတယ် ။ ကိုယ့်စိတ်ကို နှိပ်စက်ရာ ရောက်ပါတယ် ။ စိတ်ကို ပင်ပန်းစေပါတယ် ။ WMA မျှော်လင့်ချက်ကြီးတွေ နည်းပါးလာတဲ့အခါ စိတ်ရောကိုယ်ပါ ပေါ့ပါးသွားလိမ့်မယ် ။ ရှင်သန်ရတာ ကျေနပ်စရာ ကောင်းလာပါလိမ့်မယ် ။ အရာရာကို ပိုချစ်တတ်လာပါလိမ့်မယ် ။ ဖြစ်ပျက်သမျှကို အကောင်းမြင်လာပါလိမ့်မယ် ။ မျှော်လင့်ချက် နည်းပါးစွာ ရှင်သန်ပါဆိုလို့ မျှော်လင့်ချက်တွေ မထားဖို့ ပြောတာမဟုတ်ဘူး ။ နေ့ရက်တိုင်းကို လွတ်လပ်ပေါ့ပါးစွာ နေထိုင်နိုင်ဖို့ ။ မျှော်လင့်ချက် နည်းပါးစွာ ရှင်သန်ပါလို့ ပြောပါရစေ ။

(ဃ) လေ့လာချင်တာတွေလေ့လာပါ။

တစ်ယောက်တည်း နေတတ်ဖို့အတွက် အချိန်တွေကို အကျိုးရှိစွာ အသုံးချပါ ။ ကျွန်တော်တို့က အားလပ်နေတဲ့အခါ တွေးချင်ရာတွေ လျှောက်တွေးနေတတ်ပါတယ် ။ အတွေးတွေ မလစ်ဟာစေဖို့ အားလပ်ချိန်မှာ စာဖတ်ပါ ။ လေ့လာချင်တာတွေ လေ့လာပါ ။ Computer ပညာရပ်တွေ စိတ်ဝင်စားရင် Computer တွေ လေ့လာပါ ။ အခြေခံ ဆိုင်ကယ်အကြောင်း ၊ ကားအကြောင်းဖြစ်စေ စိတ်ဝင်စားရင် လေ့လာပါ စသည်ဖြင့် ဘယ်အကြောင်းအရာကိုမဆို အားလပ်ချိန်မှာ လေ့လာလို့ရပါတယ် ။ လေ့လာထားတဲ့ပညာရပ်တစ်ခုက ဘဝတစ်ကွေ့ တစ်နေရာရာမှာတော့ အသုံးဝင်မှာ သေချာပါတယ် ။ အခွင့်အခါ သင့်ခဲ့တာပဲ ဖြစ်ဖြစ် ၊ အားလပ်ချိန်မှာပဲဖြစ်ဖြစ် လေ့လာချင်တာတွေ ၊ လေ့လာနေတာက စိတ်လေခြင်းကို ကာကွယ်ပါတယ် ။ ဘဝကို အေးချမ်းစွာ အပူပင်ကင်းကင်းနဲ့ ဖြတ်သန်းနိုင်ဖို့ တစ်ယောက်တည်း နေတတ်အောင် လေ့ကျင့်ပါ ။ ဘယ်သူ့ကိုမှ မလိုအပ်အောင် လေ့ကျင့်ပါ ။

#ပျော်ရွှင်စွာနေထိုင်ပါ

သိက္ခာရှိအောင်နေမေတ္တာရှိတဲ့သူတွေ မင်းဘဝထဲရောက်လာလိမ့်မယ်။တန်ဖိုးရှိအောင်နေ ၊ တန်ဖိုးမသိတဲ့သူတွေသူဘာသာ ထွက်သွားလိမ့်မယ်။...
02/12/2023

သိက္ခာရှိအောင်နေ

မေတ္တာရှိတဲ့သူတွေ
မင်းဘဝထဲရောက်လာလိမ့်မယ်။

တန်ဖိုးရှိအောင်နေ ၊

တန်ဖိုးမသိတဲ့သူတွေ
သူဘာသာ ထွက်သွားလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ်သာဂရုစိုက်

ရိုးသားခြင်းထက်ပိုပြီး
ချစ်မြတ်နိုးဖို့ကောင်းတဲ့အရာမရှိဘူး။

လောကသဘောက ရှင်းရှင်းလေး

ကိုယ်လုပ်တဲ့ ကောင်းကံ ဆိုးကံ
နောက်ဆုံး ကိုယ်ပြန်ခံရတာပဲ~။

#အရှင်ဇဝန(ရွှေလင်းယုန်)

မာနတွေ သိပ်မထားပါနဲ့ ...
မထားသင့်တဲ့ မာန်မာနက
သင့်ကမ္ဘာကို ကျဉ်းမြောင်းစေပါတယ်။

လူတွေကို အပြုံးနဲ့ စတင်နှုတ်ဆက်ဖို့
ဘယ်တော့မှဝန်မလေးပါနဲ့
အပြုံးတွေက
တစ်ဖက်လူကို ပျော်ရွှင်စေသလို
ကိုယ်တိုင်လည်း ပီတီ ဖြစ်စေတယ်။

လူတိုင်းမှာ ဝမ်းနည်းစရာဆိုတာ
အမြဲရှိပြီးသားပါ သင့်တစ်ယောက်တည်း
မပျော်ရွှင်ပဲ ဝမ်းနည်းနေရတာ မဟုတ်ဘူး။

ဘဝဆိုတာ ဒင်္ဂါပြားတစ်ခုလို့
မျက်နှာပြင်နှစ်ဖက် ခေါင်းနဲ့ ပန်းလို့ပါပဲ
အဆိုးတွေပြီးရင် အကောင်းဆုံးတွေ
တစ်ကျော့ပြန်လှည့်လာမှာပါ။

ဖြေရှင်းလို့ရတာတွေ ဆက်ဖြေရှင်းပါ
ဖြေရှင်းလို့မရတာတွေ ပစ်သာထားလိုက်ပါ
အချိန်တစ်ခုကြာတော့လည်း
အပြောင်းအလဲတွေနဲ့ သင်ကံကြမ္မာ
တစ်ခါပြန်ကံကောင်းလာမှာပါ။

အရေးကြီးတာက
ဘယ်အရာတွေကိုပဲဖြစ်ဖြစ်
ရင်ဆိုင်ရဲတဲ့စိတ်နဲ့
ရင်ဆိုင်ချင်စိတ်လေးရှိဖို့လိုတယ်။

တစုံတစ်ယောက်ဆီက
မျှော်လင့်ချက်တွေ
ထင်သလို ဖြစ်မလာတဲ့ အခါ
မျှော်လင့်ချက်တွေကို လျှော့ချပစ်ပါ

အကြိမ်များစွာ သင် မျှော်လင့်သလို
မတုန့်ပြန်တဲ့သူဟာ သင်လိုချင်တဲ့အရာ
သူ့မပေးနိုင်ဘူးဆိုတာ
သင့် နားလည်ထားဖို့ လိုတယ်။

သင့်ကို မနာလိုသူ ၊ မလိုလားအပ်သူ၊
သင့်ကို စွန့်ခွာသွားသူတွေကို မမုန်းတီးပါနဲ့
မတ်တောသာထားလိုကျပါ

မေတ္တာဆိုတာ ကျယ်ပြန့်တတ်သလို
ရောင်ပြန်ဟပ်စေပါတယ်
သင့်မျှော်လင့်ထားတဲ့သူဆီက မေတ္တာမရလဲ
အခြားလူတွေဆီက ချစ်ခြင်းမေတ္တာတွေ
အပြည့်အဝ ရစေနိူင်ပါတယ်။

သင့်ကိုဂရုစိုက်သူ
အလေးထားသူတွေကိုပဲ
တတ်နိုင်သလောက်မမေ့လျော့ပါနဲ့ ...
သူတို့ရဲ့တန္ဖိုးထားမွုကို
အသိအမှတ်ပြုပြီး တုန့်ပြန်ပါ။

ဘာလို့လဲဆိုတော့
သူတို့က ကိုယ့်ရဲ့အသက်ရှင်
ရပ်တည်မှုကိုပိုပြီး အဓိပ်ပါယျရှိအောငျ
လုပ်ပေးတဲ့သူတွေမို့ပါ။

ဖြစ်ချင်တာတွေ
တစ်ထပ်ချင်းဖြစ်အောင်
ဖြည်းဖြည်းချင်းလုပ်ယူပါ
အရမ်းကြီး ဆန္ဒ သိပ်မစောပါနဲ့...
ဒီနေ့မဖြစ်လဲ နောက်နေ့ရှိသေးတာပဲ
နေ့တိုင်းအကျိုးရှိစွာ
လုပ်ဆောင်နေဖို့သာအဓိကပါ။

နေ့ရက်တိုင်းကစပြီး ဒီနေ့ထိ
သင့်စိတ်ညစ်နေရင်
ပျော်ရွှင်စရာလေးတစ်ခုခုတော့ရှာဖွေပါ။

ဥပမာ။ ။ ဟာသ VDယိုလေး၊
ရီမောစရာကာတွန်းလေးတွေ ၊
ရီစရာပြောတတ်သောသူငယ်ချင်းတွေ
အစရှိသဖြင့်
ပြုံးရီစရာလေးတွေနဲ့
အာရုံပြောင်းနိုင်အောင် ကြိုးစားပါ။

လူသားတိုင်း မပျော်ပဲ ပြုံးနေရတဲ့
ဘဝဆိုတာ အမြဲရှိပြီးသားပါ

တချို့လူတွေပျော်ရွှင်နေရတယ်ဆိုတာ
စိတ်ညစ်စရာလုံးဝမရှိလို့မဟုတ်ဘူး

သူတို့ကိုယ်တိုင်က
ပျော်ပျော်နေတတ်လို့ပါ
ပြီးတော့ ပျော်ရွှင်ခြင်းဆိုတာ
သင်ကိုယ်တိုင် ဖန်တီးယူရတာပါ။

ကိုယ့်ကိုယ်ကို ကံအဆိုးလို့
ဘယ်တော့မှမတွေးပါနဲ့
သင့်ဘဝ ဘယ်လောက်ဆိုးရွားပါစေ
ကိုယ့်ထက်ဆိုးရွားတဲ့လူတွေ
ကိုယ့်ထက်ကံဆိုးတဲ့သူတွေ
ဒီကမ္ဘာပေါ်မှာ တစ်ပုံကြီးပါ။

အတွေးလေးတစ်ခု
ပြောင်းလဲတွေးခေါ်တတ်ဖို့ပဲ လိုပါတယ်။

နောက်ဆုံးတစ်ခုကတော့

ကံဆိုတာအလုပ် အလုပ်ဆိုတာ ကံပါ။
ဆိုးတာတွေ လုပ်နေရင် အဆိုးတွေချည်းပဲ
ကြုံတွေ့နေရမှာပါ။

ဒါကြောင့် သင်အမြဲကောင်းတာတွေ
လုက်ကိုင် ကြံစည်လုပ်ကိုင်နေရင်
တနေ့တော့ သင်အမြဲ
ကံကောင်းလာမှာ ဧကန်မုချမလွဲပါပဲ ။ ။

Credit to the original uploader.of Photo

-   Oo Book Shop -  to home-   Land-Book Store -  Publishing-   Satt Lann Books-   Latt Book Shop-  #နေစေး စာပေ -  #ကျော...
01/12/2023

- Oo Book Shop
- to home
- Land-Book Store
- Publishing
- Satt Lann Books
- Latt Book Shop
- #နေစေး စာပေ
- #ကျော်သိန်း စာပေ
- #ရာပြည့် စာပေ
- Bookshop by KhinKhin
- #စာပေလောက ဆိုင်ခွဲများ
- #အင်း၀ဆိုင်ခွဲများ
- #အပါးတော်မြဲ
- Literary Zone
- Book Centre တီအေဘီ စာအုပ်တိုက်
- စာပေ

-

- #စိတ်ကူးချိုချို မန္တလေး
- #နဂါး စာပေ ဆိုင်ခွဲများ မန္တလေး
- #ဖိုးကျော်စာပေ မန္တလေး
- #မောင်မောင်ပြေ မန္တလေး
- Mingalar Mandalay

- #စစ်ငြိမ်းပန်းစာပေ (လားရှိုး)

- #မီလျံနာစာပေ (တောင်ကြီး)

- #သမဂ္ဂသုခစာပေ (ပခုက္ကူ)

- Online Book Service

- #ရွှေပြည်စိုးစာပေ (မကွေး)

- #ထွန်းစာပေ (တောင်ငူ)
- #ဦးလှမောင်စာပေ (တောင်ငူ)

- #နေစေး စာပေ (ပြည်)

- #ဦးလှဝင်းစာပေ (မြစ်ကြီးနား)

- #သုခမိန်စာပေ (စစ်တွေ)

- #သမ္မတစာပေ (မိတ္တီလာ)

- #ဖိုးလမင်း Shopping Mall (ဘားအံ)

- #သုတအိမ်စာပေ (ကျောင်းကုန်း)

- #ချိုချိုသန်းစာပေ (ငသိုင်းချောင်း)

- #ပြုံးချိုစာပေ (ပုသိမ်)

- #ရွှေမောင်းစာပေ (ဟင်္သာတ)

- #ထက်ထက်ပုလဲ (မြဝတီ)

- .mm ထိုင်းနိုင်ငံအနှံ့ ပို့ဆောင်ပေးပါသည်

#မြဝတ်ချိုစာပေတိုက်

ဒုတိယအကြိမ် ထိထွက်ရှိလာအောင် အားပေးတဲ့ စာဖတ်ချစ်သူများအား ကျေးဇူးပါ🥰
30/11/2023

ဒုတိယအကြိမ် ထိထွက်ရှိလာအောင် အားပေးတဲ့ စာဖတ်ချစ်သူများအား ကျေးဇူးပါ🥰

30/11/2023

လူတွေဟာ စက္ကန့်တိုင်း ပြောင်းလဲနေတာပဲ
ဘာမှမရှိတော့တဲ့ အခြေအနေတွေမှာ သိသိသာသာပိုပြောင်းလဲတယ်
အားငယ်ရတယ်။သိမ်ငယ်ရတယ်
"ပိုက်ဆံဆိုတာ အရာရာပါလား" လို့
ဆယ်ကျော်သက်အရွယ်မှာ ငါ စတင်သိခဲ့ရတယ်

ကိုယ်တွေငယ်ငယ်က အတန်းထဲမှာ ဒီသကြားလုံးကျွေးခံရတဲ့သူက အကောင်ပဲ.. 😎"ဆော်ကြည် / ဘဲကြည်တဲ့ အကောင်😅အံမယ်...ကျွေးတဲ့သူကလဲ သူ့အ...
27/11/2023

ကိုယ်တွေငယ်ငယ်က အတန်းထဲမှာ
ဒီသကြားလုံးကျွေးခံရတဲ့သူက အကောင်ပဲ.. 😎

"ဆော်ကြည် / ဘဲကြည်တဲ့ အကောင်😅

အံမယ်...ကျွေးတဲ့သူကလဲ
သူ့အသဲနှလုံးကြီးပဲထုတ်ကျွေးသလိုလို😅

စားရတဲ့သူကလဲ သူ့အသဲနှလုံးကြီးစားရတဲ့အထာတွေနဲ့
မဖောက်ရက် 😅 မစားရက် 😅
အိုက်တင်အမျိုးမျိုးနဲ့ ပြီးရင်လဲစားတာပါပဲ😂😂😂

စားပြီးလို့လဲပြီးမယ်ထင်လား...
အခွံတေစာအုပ်ကြားထဲညှပ်
ရက်ကြာလာရင် စာအုပ်မှာ သကြားလုံးတေ
အရည်ပျော်ပြီး ကပ်ကုန်လို့😅 ပရမ်းပတာတေဖြစ်ရော😂

ခုခေတ်ကလေးတေဒါတွေသိမယ်မထင်...😇.(ငယ်ဘဝတောင်ပြန်လွမ်းမိတယ်😌)

26/11/2023

သုံးစရာမရှိတော့လို့
ဂရမ် 2 ခု ပေါင်ချင်ပါတယ်

Telegram နဲ့ Instagram ပါ

myo thant photography
25/11/2023

myo thant
photography

တစ်လအတွင်းအုပ်ရေ ၁၀၀၀ ကုန်သွားလို့ ဒုတိယအကြိမ်အုပ်ရေ၁၀၀၀ ထပ်ထုတ်ထားပါတယ်။ဝယ်ယူအားပေးကြတဲ့စာဖတ်ချစ်သူတစ်ယောက်ဆီတိုင်းကိုက...
25/11/2023

တစ်လအတွင်းအုပ်ရေ ၁၀၀၀ ကုန်သွားလို့ ဒုတိယအကြိမ်အုပ်ရေ၁၀၀၀ ထပ်ထုတ်ထားပါတယ်။
ဝယ်ယူအားပေးကြတဲ့စာဖတ်ချစ်သူတစ်ယောက်ဆီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ရှင့် 💛💛💛

#ပျော်ရွှင်စွာနေထိုင်ပါ (ဒုတိယအကြိမ်)
#မျိုးသန့်
တန်ဖိုး-၃၈၀၀ ကျပ်

ဒီ "ပျော်ရွှင်ပါနေထိုင်ပါ" စာအုပ်လေးထဲမှာ အထူးတလည်လုပ်ယူစရာမလိုပါပဲ ကိုယ့်ဘဝ ကိုယ့်ဖြစ်တည်မှုနဲ့တင် ပျော်ရွှင်နိုင်ကြောင်း ရှာဖွေသိရှိနိုင်ပါတယ်။
ခက်ခက်ခဲခဲရှာဖွေစရာမလိုပဲ နေ့စဉ် Daily Life မှာတင် တွေ့ရှိနိုင်မယ့် ပျော်ရွှင်ခြင်းတွေပါ။

ပျော်ရွှင်မှုတွေရှားပါးလာတဲ့ခေတ်ထဲမှာ ဘယ်လိုပြဿနာ၊ဘယ်လိုအခက်အခဲရှိရှိ စိတ်ကလေးပျော်ရွှင်နေဖို့ လိုအပ်ပါတယ်….

ဒီစာအုပ်လေးထဲမှာ ပျော်ရွှင်ခြင်းတွေရှိနေတာမို့ ကိုယ်တိုင်တူးဖော်ကြည့်ကြပါစို့….

- Oo Book Shop
- to home
- Land-Book Store
- Publishing
- Satt Lann Books
- Latt Book Shop
- #နေစေး စာပေ
- #ကျော်သိန်း စာပေ
- #ရာပြည့် စာပေ
- Bookshop by KhinKhin
- #စာပေလောက ဆိုင်ခွဲများ
- #အင်း၀ဆိုင်ခွဲများ
- #အပါးတော်မြဲ
- Literary Zone
- Book Centre တီအေဘီ စာအုပ်တိုက်
- စာပေ

-

- #စိတ်ကူးချိုချို မန္တလေး
- #နဂါး စာပေ ဆိုင်ခွဲများ မန္တလေး
- #ဖိုးကျော်စာပေ မန္တလေး
- #မောင်မောင်ပြေ မန္တလေး
- Mingalar Mandalay

- #စစ်ငြိမ်းပန်းစာပေ (လားရှိုး)

- #မီလျံနာစာပေ (တောင်ကြီး)

- #သမဂ္ဂသုခစာပေ (ပခုက္ကူ)

- Online Book Service

- #ရွှေပြည်စိုးစာပေ (မကွေး)

- #ထွန်းစာပေ (တောင်ငူ)
- #ဦးလှမောင်စာပေ (တောင်ငူ)

- #နေစေး စာပေ (ပြည်)

- #ဦးလှဝင်းစာပေ (မြစ်ကြီးနား)

- #သုခမိန်စာပေ (စစ်တွေ)

- #သမ္မတစာပေ (မိတ္တီလာ)

- #ဖိုးလမင်း Shopping Mall (ဘားအံ)

- #သုတအိမ်စာပေ (ကျောင်းကုန်း)

- #ချိုချိုသန်းစာပေ (ငသိုင်းချောင်း)

- #ပြုံးချိုစာပေ (ပုသိမ်)

- #ရွှေမောင်းစာပေ (ဟင်္သာတ)

- #ထက်ထက်ပုလဲ (မြဝတီ)

- .mm ထိုင်းနိုင်ငံအနှံ့ ပို့ဆောင်ပေးပါသည်

#မြဝတ်ချိုစာပေတိုက်

Address


Website

Alerts

Be the first to know and let us send you an email when Myo Thant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share