The Siyin Voice

  • Home
  • The Siyin Voice

The Siyin Voice Media The Siyin Voice

19/04/2024

Thuklai Khua sat k*m 300 cin
April 14,2024
Thuklai
The Siyin Voice

Thuklai Khua sat k*m 300 cin vawt na photoApril 14,2024Thuklai The Siyin Voice
14/04/2024

Thuklai Khua sat k*m 300 cin vawt na photo
April 14,2024
Thuklai
The Siyin Voice

ချင်းပြည်နယ် ခိုင်ကမ်းရဲစခန်းရှေ့မှာ မွောလ်ပီးရွာကပြည်သူတစ်ယောက် ပစ်ခတ်သတ်ဖြတ်ခံရ ဖေဖော်ဝါရီလ(၂၇)ရက်။ချင်းပြည်နယ် ခိုင်က...
27/02/2024

ချင်းပြည်နယ် ခိုင်ကမ်းရဲစခန်းရှေ့မှာ မွောလ်ပီးရွာကပြည်သူတစ်ယောက် ပစ်ခတ်သတ်ဖြတ်ခံရ

ဖေဖော်ဝါရီလ(၂၇)ရက်။

ချင်းပြည်နယ် ခိုင်ကမ်းမြို့ရဲစခန်းရှေ့မှာ ယမန်နေ့၁၂နာရီဝန်းကျင်အချိန်ခန့်က မွောလ်ပီးရွာက ဒေသခံ တစ်တစ်ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ်ခံရတယ်လို့ သေဆုံးသူဆွေမျိုးသား ချင်းတွေရဲ့ပြောကြားချက်အရသိရပါတယ်။

သေဆုံးသူဟာ ချင်းပြည်နယ် တီးတိန်မြို့နယ် မွောလ်ပီးရွာကဖြစ်ပြီး အသိ မိတ်ဆွေတစ်ယောက်ကို ကလေးမြို့ ဘက်သွားပို့ပြီး အပြန်လမ်းမှာ ခိုင်ကမ်းရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက ပစ်ခတ်ခဲ့တာလို့ သေဆုံးသူရဲ့ ဆွေမျိုးတစ်ဦးက အခုလိုပြောပါတယ်။

“ရွာကနေအသိတစ်ယောက်ကိုလိုက်ပို့ပြီး အပြန်မှာ ခိုင်ကမ်းရဲစခန်းရှေ့မှာ အပစ်ခံရတာ၊ အလောင်းကို အခုချိန် ထိပြန်မရသေးဘူး”လို့ပြောပါတယ်။

သေဆုံးသူဟာ(၃၉)နှစ်ဝန်းကျင်အရွယ်ဖြစ်ပြီး သားသမီး(၈)ယောက်ရဲ့ဖခင်တစ်ဦးလဲဖြစ်သလို စစ်ကောင်စီဖက် ကတော့ သေဆုံးသူရဲ့ရုပ်အလောင်းကိုမီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့သူကဆက်ပြောပါတယ်။

အခုလက်ရှိအချိန်မှာ ချင်း-စစ်ကိုင်းနယ်စပ်က ခိုင်ကမ်းမြို့နဲ့ကလေးမြို့တို့မှာ ဒေသကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့ ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား စစ်ရေးတင်းမာမှုတွေရှိနေပြီး နှစ်ဖက်အကျအဆုံး ရှိတယ်လို့ သိရပါတယ်။

Photo crd

CCSA Panpuina Kithak ZoCCSA Panpuina August 2023 pan December 2023 d**g ih khon teng kithak siat zo aa, peang tawngte (2...
23/02/2024

CCSA Panpuina Kithak Zo

CCSA Panpuina August 2023 pan December 2023 d**g ih khon teng kithak siat zo aa, peang tawngte (2) Tein 5 vave kithak thei in, Sizaang ngam sung kizopna alem zawk natu WIFI Lak natu in India sum RS 80,000 kithak thei hi.

Thasim hong piate ahizong nipi ni ih khon sungah hong piate ahizong lungdam mama hi.

17/02/2024

Kham tung ngam ah a masa Bel Khuasak Biak inn Thu

ချင်းလဲန်းကောင်စီဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ မှာ ပါဝင်သူများရဲ့ နာမည်စာရင်းကို  ချင်းလန်းကောင်စီထုတ်ပြန်လာပါတယ်။ စီးယင်းခ...
02/02/2024

ချင်းလဲန်းကောင်စီဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ မှာ ပါဝင်သူများရဲ့ နာမည်စာရင်းကို ချင်းလန်းကောင်စီထုတ်ပြန်လာပါတယ်။

စီးယင်းချင်း လူမျိုးတစ်ဦးဖြစ်တဲ့ Pu Mang UK Khai ဟာ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဖြစ်လာပါတယ်။

Thuantak ရွာ ဖြစ်လာတဲ့ သမိုင်း=================== စီးယင်း Ciimnuai ရွာမှာနေထိုင်တဲ့  (Sizaang) စီးယာန် ဒေသကနေ ညီအစ်ကို N...
22/01/2024

Thuantak ရွာ ဖြစ်လာတဲ့ သမိုင်း
===================
စီးယင်း
Ciimnuai ရွာမှာနေထိုင်တဲ့ (Sizaang) စီးယာန် ဒေသကနေ ညီအစ်ကို Nge Ngu, Hin Nung , Nun Zong , Dai Tawng , Vang Lok (၅)ယောက်ဟာစားဝတ်နေရေးအတွက်ရှာဖွေစားသောက်ဖို့လွယ်ကူမယ့် ရေကြည်ရာ မြက်နုရာကို လိုက်ရှာဖို့အတွက် Sialtaang ချောင်း တို့ စုံစည်းရာ ချင်းလို( Ngunpikaa) လို့ ခေါ်တဲ့နေရာမှာ အရင်ဆုံး စတင် နေထိုင်ခဲ့ရာကနေရွာတည်ခဲ့ပါတယ်။

သူတို့Ngunpikaaမှာနေခဲ့စဉ်တုန်းက အသုံးပြုခဲ့တဲ့ ကျောက်တုံးတံခါးလည်းအခုထိရှိနေသေးတယ်လို့သိရတယ်။အဲဒီနေရာကနေစိုက်ပျိုးလုပ်ကိုင် စားသောက်ဖို့ မြေနေရာကောင်းတဲ့နေရာကို လိုက် ရှာနေကြပါတယ်။

အဲလိုမြေနေရာ ရှာဖွေတဲ့အခါမှာ ပိန်းဥ တွေကိုစိုက်ပြီးတော့ မြေကောင်းမကောင်း စမ်း သပ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီအကြောင်းကိုတော့ အင်္ဂလိပ်လူမျိုးတွေက အောက်ပါအတိုင်း မှတ်သားပေးခဲ့ ပါတယ်။

(Those who went to inspect planted yams. As the ground was rich, these yams grew enormously. When they came to gather them, they had to prize them up with a lever, and it took two men to carry them. )

Ngunpikaa ကနေတခြားဒေသ မြေကောင်းတဲ့နေရာကိုလိုက်ရှာကြတဲ့အခါ Ngatan ချောင်းကနေ တက်သွားပြီး သူတို့ရောက်တဲ့နေရာတိုင်းမှာ မြေကောင်း၊မကောင်းကို ပိန်းဥတွေစိုက်ပြီး စမ်းသပ်ခဲ့ကြ ပါတယ်။ အဲဒီလို ပြောင်းရွေ့ရှာဖွေနေထိုင်ရာကနေ အခု Luipi ချောင်း အထက်မှာ အခြေစိုက်နေထိုင် လာခဲ့ရာကနေ ရွာဖြစ်လာခဲ့တယ်။ပြောင်းရွေ့နေထိုင်တဲ့ ညီအစ်ကို ငါးယောက်ဟာ သူတို့ဖခင်နာမည် ကိုအစွဲပြုပြီး သူတို့နေထိုင်တဲ့ရွာကို သူတို့ဖခင်ရဲ့ အမည် Thuantak လို့ မှည့်ခေါ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီ Thuantak ကျေးရွာကို အေဒီ ၁၅၆၀လောက်မှာ တည်ထောင်ခဲ့တယ်လို့ စီးယင်းဒေသနှစ်ခြင်းအဖွဲ့ ချုပ်ရဲ့ သမိုင်းမှတ်တမ်းစာအုပ် page – 9 မှာ ဖော်ပြထားပါတယ်။

Thuantakရွာနဲ့ Vomhzang ရွာကနေ Lophei, Limkhai ,Thuklai ဆိုတဲ့ သူတွေက အိမ်ထောင်ခွဲပြီး သူတို့ရဲ့ အမည်တွေနဲ့ ကျေးရွာတွေကို တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ Thuantak ရွာဟာ စီးယင်းလူမျိုးနွယ်တွေရဲ့ ရွာဟောင်းကြီး တစ်ခုလည်းဖြစ်ခဲ့ ပါတယ်။

The Siyin Voice

Lai at .

21/01/2024

US Ngal kap a seam William Dal tawk interview vawt na. (I)

Ui Tal te Ka to Kik a hi man lam dung a Om mi pi te ih ki heam Tek na Tu Sizang mi pi ngal kap te na lai suak sak hi.
17/01/2024

Ui Tal te Ka to Kik a hi man lam dung a Om mi pi te ih ki heam Tek na Tu Sizang mi pi ngal kap te na lai suak sak hi.

သိုင်းငင်း စစ်‌ ကောင်စီတပ်စခန်းမှ သေနတ် ၃၀ ကျော်သိမ်းဆည်း၊ စစ်ကောင်စီတပ်သား အလောင်း ၂၉ လောင်းတွေ့ရှိ~~~~~ချင်းအမျိုးသားတ...
16/01/2024

သိုင်းငင်း စစ်‌ ကောင်စီတပ်စခန်းမှ သေနတ် ၃၀ ကျော်သိမ်းဆည်း၊ စစ်ကောင်စီတပ်သား အလောင်း ၂၉ လောင်းတွေ့ရှိ
~~~~~

ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ CDF CDM Siyin တို့ဦးဆောင်ပြီး ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ သိုင်းငင်းစစ်ကောင်စီတပ်စခန်းကို ဒီနေ့မနက်ပိုင်းမှာ သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ သေနတ် ၃၀ကျော်နဲ့ လက်နက်ခဲယမ်းများကို သိမ်းဆည်းခဲ့တယ်လိုဆိုပါတယ်။

သိုင်းငင်းစစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြတဲ့ CNA, CDF CDM-Siyin, TCDF, CDF-Zanniatram, CDF-KKG, CDF -Thantlang, CDF-Hakha, PDA နဲ့ CDF-Hualngoram တို့က ဇန်န၀ါရီ ၁၂ရက်နေ့ ညနေပိုင်းက စတင်တိုက်ခိုက်ခဲ့ပြီး ၅ရက်မြောက်နေ့ ဇန်န၀ါရီ ၁၆ ရက် ဒီကနေ့ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖက်က ၂၉ဦး သေဆုံးခဲ့ပြီး ချင်းတော်လှန်ရေးပူးပေါင်းဖက်တွင် ၈ ဦး ကျဆုံးတယ်လို့ CDF CDM-Siyin တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲမှာ တော်လှန်ရေးပူး‌ေပါင်း တပ်မှ
CNA - 1 ( Van thawng Lian)
CDF- KKG - 3 ( Tebawih , Val Puia, Si Thu Aung )
CDF- Thantlang - 1
CDF- CDM Siyin - 1
CDF- Hakha 1 (Salai Tluang Tin Ceu)နဲ့
CDF- KKG ( Langh Pum Khai) တို့ကျ ဆုံးတာ ဖြစ်ပါတယ်။

Taingen ki zo  hi~~~~~~~Taingen ah Om uital te 2024 January 12 ni pan Sizang mipi ngal kap te in Sim a ,Tu ni January 16...
16/01/2024

Taingen ki zo hi
~~~~~~~
Taingen ah Om uital te 2024 January 12 ni pan Sizang mipi ngal kap te in Sim a ,Tu ni January 16 ni zing sang in ki la zo ci Thu ki za hi.

Tuni January 13 ni in  Ui Tal te van Leng tawk Bomb khiak na hang a Sualiim kua inn a lal te hi.
13/01/2024

Tuni January 13 ni in Ui Tal te van Leng tawk Bomb khiak na hang a Sualiim kua inn a lal te hi.

13/01/2024

◾Taingen update!
Taingen ah uital te le mipi ngal kap te ki kap na ah mipi ngal kap 2 thi ,7 Liam ci Thu ki za hi .

Uital te zong a thi a Liam Om hi. Van Leng tawk ui Tal te na thum vei bang Bom khiak a kawl pan zong thau pui tawk kap to ci ki son hi .

Tu lai tak zong na Sia tak ma ki Kap lai hi. Mipi ngal kap te a Tu Thu nget na phawk Tek tawng .
~~~
The Siyin Voice

13/01/2024

Update Taingen

Tai ngen ah ui tal te na Tu ni January 13 ni zing sangVanleng tawk ni vei BOM khiak ,kawl pan zong Thau pui tawk kap to top lai ci thu ki za hi.

Mi pui te le mi pi Ngal Kap te a Tu Thu nget na phawk Tawng.

13/01/2024

◾Taingen ah ui Tal te le Sizang mi pi ngal kap te ki kap na Om
~~~~
Taingen khua Thu nget na mual mawk a om ui Tal te le Sizang mi pi thau Tawi te zei ni tak January 12 nai 6 pawl pan ki pan ki kap na Om ci Thu ki za hi .

Kawl pi tai 8 pan ui Tal te na thau pui tawk kap to top ci zong ki za hi.

Ih mi pi ngal kap te a Tu Thu nget na phawk Tek tawng .

Tai ngen lam pi ngal Vai hang in 2023 November 27ni pan lam a ki khak Tu ni d**g a ki khak suak hi lai hi.

Mawtaw Lam  ni thum sung ki Pai sak Tu ci hi.~~~~Tedim - Taingen - kawl / Khalkha - Falam - Taingen - Kawl  pai na lam p...
18/12/2023

Mawtaw Lam ni thum sung ki Pai sak Tu ci hi.
~~~~
Tedim - Taingen - kawl / Khalkha - Falam - Taingen - Kawl pai na lam pi a Pai suk te ni thum sung ki Hong Tu ci Thu CDF /CDM - Siyin te na lai suak sak hi.

December 18,19,20 Hun sung teng kham tung pan a Tuak Suk lam ki Hong ci hi. Kawl pan a Ka to peu ma ki Pai sak thei ngawl lai Tu ci hi .

The Siyin Voice

15/12/2023

Kham tung lam pi a khak ma hi tong zei
~~~

Tu ni December 15 ni kham tung Ka Tu a Mawtaw tawk a Pai te pawl khat zong Dan hi uital te na heak sak Kik ci ki son hi .

“ချင်းနိုင်ငံရေးသုံးသပ်ချက် E- Book” ဖြန့်ဝေခြင်း********************************************မိတ်ဆွေများခဗျာတော်လှန်ရေး ...
15/12/2023

“ချင်းနိုင်ငံရေးသုံးသပ်ချက် E- Book” ဖြန့်ဝေခြင်း
********************************************

မိတ်ဆွေများခဗျာ

တော်လှန်ရေး သမားတိုင်း ယနေ့ပြည်သူ့တော်လှန်ရေးဟာ အောင်ကိုအောင်ရမည်ဟု ယုံကြည်မှုရှိရုံ သာမက တော်လှန်ရေး အောင်ကိုအောင်မြင်တဲ့အထိ တိုက်ပွဲဝင်ရန် ခိုင်မာသော ဆုံးဖြတ်ချက် ချမှတ်ထားကြပြီး ဖြစ်တာ အားလုံး အသိပါ။ သို့သော် တော်လှန်ရေး အောင်ပွဲလှမလား၊ မလှဘူးလား ဆိုတာကတော့ တော်လှန်ရေး ‌ခေါင်းဆောင်များရဲ့ သမာသမတ်ကျမှုနှင့် ခေါင်းဆောင်မှုအပေါ်မှာ များစွာ မူတည်တယ်လို့ ယူဆမိပါတယ်။ ဒါကြောင့် ချင်းတော်လှန်ရေး အင်အားစုများအနေနဲ့ ‌တော်လှန်ရေးအမြန် အောင်မြင်မှုရရှိရေး၊ တော်လှန်ရေး အောင်ပွဲလှနိုင်ရေးနှင့် အချိန်တိုအတွင်း စည်းလုံးစွာ ချင်းပြည်၊ ချင်းလူမျိုးများ လွတ်မြောက်ရေး တို့အတွက် “အရှိတရားကို လက်ခံနိုင်စွမ်းရှိခြင်းမှ...အောင်ပွဲခံစေမည့် စည်းလုံးခြင်းဆီသို့ ...” အမည်ပေးထားတဲ့ လက်ရှိချင်းနိုင်ငံရေး အခြေအနေသုံးသပ်ချက်၊ မိမိ၏ တော်လှန်ရေးအပေါ် ရပ်တည်ချက်နှင့် တော်လှန် ပြည်သူတစ်ဦးအနေဖြင့် အနာဂတ်ချင်းပြည် ဖြစ်စေလိုတဲ့ အချက်အလက်​တွေ ပါဝင်တဲ့ ချင်းနိုင်ငံရေး သုံးသပ်ချက် E-Book အား ထုတ်ဝေလိုက်ပါတယ်။ ၂၀၂၄ ခုနှစ် အတွင်း ချင်းနိုင်ငံရေး သုံးသပ်ချက်အား စာအုပ်ထုတ်ကာ အခမဲ့ ချင်းပြည်အတွင်း ဖြန့်ဝေနိုင်ဖို့လည်း မျှော်လိမ့်နေပါတယ် ခဗျာ။

မှတ်ချက်။ ။ဤ ချင်းနိုင်ငံရေး သုံးသပ်စာကို ဖိတ်ရှုသော မိတ်ဆွေများအနေဖြင့် အကြံပေးမှတ်ချက်များ ပေးပို့လိုသည်ဖြစ်စေ၊ စာအုပ်အဖြစ် မှာယူလိုသည်ဖြစ်စေ၊ အခမဲ့ဖြန့်ဝေနိုင်ရေး ပါဝင်အားဖြည့်လိုသည် ဖြစ်စေ ဤ page messenger (https://www.facebook.com/SalaiDokhardk?mibextid=9R9pXO ) ကနေတဆင့် ဆက်သွယ်နိုင်ပါသည်။ ထို့အပြင် ဤမူရင်းလင့်ကို ဖြန့်ဝေ (Share)ခြင်းဖြင့် ကူညီပေးကြပါရန် အထူး‌မေတ္တာ ရပ်ခံအပ်ပါသည်။

(င) မလိုလားအပ်သော အားပြိုင်ခြင်း အဆုံးမသတ်နိုင်မှု - လက်ရှိချင်းတော်လှန်ရေး အင်အားစုများနှင့် အဖွဲ့အသီးသီးအား ထောက်ခံအားပေးသော ပြည်သူများအကြား မလိုလားသော အားပြိုင်မှုသည် အပြင်းထန်ဆုံး အခြေအနေသို့‌ ရောက်ရှိနေပြီး ခေါင်းဆောင်းအသီးသီးမှ အမြန်ဆုံး လျှော့ချရန် လိုအပ်မည် ဖြစ်သည်။ ထို့အပြင် ချင်းမဟုတ်သော အခြားတိုင်းရင်းသား နယ်မြေ၌ စုစည်းမှု ချဉ်းကပ်ပုံများ၊ အားပြိုင်းမှု အဖြေရှာသည့် နည်းလမ်းများနှင့် အဖွဲ့အသီးသီး အင်အားတည်ဆောက်မှု လုပ်ငန်းများအား ချင်းပြည်တွင်း တိုက်ရိုက် အသုံးချပါက တော်လှန်ရေး အင်အားစုများကြား စည်းလုံးမှုကို များစွာ ထိခိုက်စေမည် ဖြစ်သည်။ ထို့ကြောင့် ချင်းပြည်၏ အခင်းအကျင်းသည် ပါးနပ်စွာ ကိုင်တွယ်ခြင်း၊ အားပြိုင်မှုများကို လျှော့ချကာ အဖြေရှာခြင်းများ မဆောင်ရွက်ပါက အနာဂတ် ချင်းပြည်၏ မြေပုံအထိပါ သက်ရောက်မှုရှိနိုင်ကာ လက်ရှိခေါင်းဆောင်များ သည်လည်း သမိုင်းတရားခံ များအဖြစ် ကျန်ခဲ့မည် ဖြစ်သည်။.........

E-Book ရယူရန်လင့် (https://drive.google.com/file/d/1P2U2KiyONeVH_C8iATZnvMn8f18P-JIl/view?usp=sharing )

◾ဒို့ချင်းတွေ စုစည်းနိုင်ဖို့အကြံထုတ်နေကြပါတယ်။~~~~ဒို့တောင်ပေါ်ချင်းတွေကလည်း ချင်းပြည်ထောင် အရေး ချင်းပြည်အစိုးရတို့ လု...
13/12/2023

◾ဒို့ချင်းတွေ စုစည်းနိုင်ဖို့အကြံထုတ်နေကြပါတယ်။
~~~~
ဒို့တောင်ပေါ်ချင်းတွေကလည်း ချင်းပြည်ထောင် အရေး ချင်းပြည်အစိုးရတို့ လုပ်မယ့်ဟေး ဆိုပြီးတော့ ဆရာကြီးတွေက ထပြောလာတော့။

ဟိုအဖွဲ့က မလား ဒီအဖွဲ့က ခေါ်လို့မရ ခေါ်တဲ့ဆရာသမားတွေကလည်း စာအုပ်စိမ်း ကိုမိတ္တူကူးနေတာဆိုတော့ ချာတိတ်ဆရာလေးတွေက သဘောမကျ အဲတာနဲ့ ရသလောက်နဲ့ချင်းပြည်‌ ကောင်စီကို ဖွဲ့နေရတော့ပါတယ်ခင်ဗျာ။

ဆိုတော့ ကမကထ လုပ်တဲ့သူတွေက ကောင်စီထဲမှာ နေရာ အများကြီး၀င်ယူ၊ နေရာ မမျှလို့ မပါတဲ့သူက မပါ၊ ကန့်ကွက်သူက ကန့်ကွက်ကြပေမယ့် အရေးမမှု ပြည်‌‌ထောင် ခြေဥကို အတည်ပြုလိုက်ပါတယ်။

ဒီလိုအခြေနေက တော်လှန်ရေးရည်မှန်းချက် ဖယ်ဒရယ် စနစ်နဲ့ အများကြီး သွေးဖယ်နေတာ သတိပြုဖို့ လိုပါတယ်။

အရင်ကတည်းရှိခဲ့တဲ့ဆရာသမားကြီးတွေဟာ ကောင်စီမှာ မပါချင်သူတွေ ပြတ်ပြတ်ချေမှုန်းမယ်လို့ အသံထွက်လာပါတယ်။

ဒါက အာဏာရှင်ဆန်တဲ့ လုပ်ရပ်မျိုး မမြည်ပေဘူးလော။ သို့ပေမယ့် အကုန်လုံးကို သတိချပ်စေချင်တာက ကျွန်တော်ပြည်သူလူထု တစ်ရပ်လုံးဟာ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်တိုက်ထုတ် ချေမှုန်းနိုင်ဖို့ ဖြစ်ပါတယ်။

ဒီလောက် အဖွဲ့တွေ အကွဲကွဲအပြပြဲ ဖြစ်နေမှ ဆရာသမားတွေကလည်း ငါတို့ တောင်ပေါ်သားအားလုံး စုစည်းလာဖို့ အားလုံးရဲ့အကြိုက်က ဘာဖြစ်မလည်း စဉ်စားကြရပါတော့တယ်။

ဆရာသမားကလည်း အကြံဥာဏ်ရလာပါတော့တယ်။ ငါတို့ ချင်းတွေအများစုက ကြိုက်တတ်တာ ဝက်သား၊ ဟုတ်သားပဲ ဒို့အားလုံးကြိုက်တာလည်းဖြစ်တော့ အခုက အများသဘောတူဖို့ ဒို့အလံကို ဝက်ပုံထည့်ဖို့စဉ်းစားလာပါတော့တယ်။

ချင်းတွေအားလုံးကလည်း ခရစ်စမတ်မှာ ဝက်သားစားကြတာဆိုတော့ ဒီအကြံမဆိုးဘူး ဆိုပြီး ဆရားသမားတို့ ‌ရှေ့ဆက် ဖို့ ဆုံးဖြတ်ချက်ချ လိုက်ပါတယ်။

အဲဒီမှာ သတ္တမနေ့အသင်းတော်ရဲ့ အသင်းသားတစ်ယောက်က ထပြီးကန့်ကွက်သွားပါတယ်။

ဝက်သားက ကျမ်းစာထဲမှာ ဘုရားက မကြိုက်ဘူး ဆိုပြီး ကျမ်းချက်နဲ့ပြောလာပြန်တော့လည်း အခုထိ ချင်းပြည် စည်းလုံးရေးဟာ ဂျာအေးသူ့အမေ ပတ်ရိုက်နေဆဲပါပဲခင်ဗျာ။

သရော်စာ ရေးသူ - The Siyin Voice

ကာတွန်း- လိုင်းလုဏ်

◾Falam zin pi tung Mawtaw 100 Val bang lam ki khak hang in awk Cip~~~~Falam valung khua ah lam ki khak hang Mawtaw Pai t...
13/12/2023

◾Falam zin pi tung Mawtaw 100 Val bang lam ki khak hang in awk Cip
~~~~

Falam valung khua ah lam ki khak hang Mawtaw Pai thei ngawl 100 kiim bang Om ci Thu ki za hi .

Mawtaw te a Pai thei ngawl zawk ni pi nii bg pha zo a hi man Mawtaw lawl te le khual haw te an neak Tu hak Sa thi thim hi ci in Mawtaw hawl te in son hi.

Kawlpi - Taingen - Falam - Khalkha / kawl pi - Taingen - Tedim - Ton Zang lam zin pi Ngal vai hang in November 27 ni pan Tu hi d**g Ki khak lai hi.

The Siyin Voice

Photo - crd

13/12/2023

Kawl pi ah teang te heak Tu ki lawm khat
~~~
Kham tung Ngal tai Nuam te a hi zong kham tung a cia Nuam te a hi zong zing le Thai ah cia pai zaw Leng a hoi Tu Dan hi .

Cia na Tu lam pi Sia zinpi lam Sia ki khak a hi hang a mun dang a pan ki cia thei lai Sam hi a cia zo a aw Om ma hi .

Tai 8 pan a hi zong tai9 pan a hi zong uital te na lam kha Cip sawm Ci Thu ki za hi. Sang Ka te sang khak phot uh le KO lam Ka khak Cip Tu uh ci in mi pi te Kung uital te na Kam Vai tha hi tuak hi.

Tai 9 ah Uital te na ဆိုင်ကယ် tawk a Pai khat Tu Ason na ah " PDF te na lam na Hong bua uh le KO zong kawlpi a pusuak asung tum them po khak Tu khu hi Tu sa te no ma hak Sa zaw Tu nu hi " ci Hong Vai tha ci hi .

Lai Mal khial na a Om le comment ah Hong at sak vun maw

The Siyin Voice

◾SIZANG(Siyin) LAI Pian na Thu ~~~Sizang Lai hong vawtsak ma Sa  pa Sia Capt. F.M. Rundall a  1891in nong vawt sak hi.“M...
12/12/2023

◾SIZANG(Siyin) LAI Pian na Thu
~~~
Sizang Lai hong vawtsak ma Sa pa Sia
Capt. F.M. Rundall a 1891in nong vawt sak hi.
“Manual of The Siyin Dialect”

Sizang Lai a hoi zoaw Tu in hong Zuun sakkik Sia L.B. Naylor hi a 1925 k*m in Hong pua sak kik hi.
“The Chin Language(Siyin Dialect)
Sizang lai ih nei zawk k*m(132) bang a pha hi zo hi.

Sizang Christian Labu taw kisai;
Labu vawt A K*m La ngui Vawtza
Khatveina 1913 24
Niiveina 1921 93
Thumveina 1923 283
Liveina 1947 316
Ngaveina 1963 385 2,000
Lukveina 1981 200 1,000
Staff Notation
Saliveina 1997 490 3,000
Tonic Solfa
Liatveina 2007 521 3,000
Tonic Solfa
Kuaveina 2015 526 5,000
The Siyin Voice

11/12/2023

မြောက်ပိုင်း ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီအဖွဲ့တို့ တရုတ်အစိုးရရဲ့ဦးဆောင်မှုနဲ့ တွေ့ဆုံ‌ ဆွေးနွေးမှုပြုလုပ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော

ချင်းတောင် လမ်းပြန်ဖွင့် သည်းခံ‌စောင့်ဆိုင်းပေးဖို့ ‌မေတ္တာရပ်ခံ~~~(Burmese Version)ချင်းပြည်နယ် မြောက်ပိုင်းအဝင်ပေါက် တ...
10/12/2023

ချင်းတောင် လမ်းပြန်ဖွင့် သည်းခံ‌စောင့်ဆိုင်းပေးဖို့ ‌မေတ္တာရပ်ခံ
~~~
(Burmese Version)

ချင်းပြည်နယ် မြောက်ပိုင်းအဝင်ပေါက် တစ်ခုဖြစ်တဲ့ ကလေး-သိုင်းငင်းကားလမ်းကို ဒီဇင်ဘာ ၉ ရက်နေ့ မနေ့ည ပိုင်းမှာ ပြန်လည်းအသုံးပြုလို့ရပြီ ဆိုပြီး CDF/CDM Siyin ကထုတ်ပြန်ထားပေမယ့် ဒီနေ့မနက်ပိုင်းမှာ စစ်ရေးအခြေနေကြောင့် ပြန်ပိတ်လိုက်ရတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေ ပြည်သူအယောင်ဆောင် အခွင့်ရေးရယူမယ့် အရိပ်အယောင်တွေ ရှိလာဝာာကြောင့် လမ်းပြန်ပိတ်လိုက်လို့ CDF CDM Siyin က ထုတ်ပြန်ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ခတ္တခဏ သည်းခံ စောင့်ဆိုင်းပေးကြဖို့ မေတ္တာရပ်ခံ အသနားခံ ထားပါတယ်။

ဒီလမ်းကို မကြာခင်မှာ ပြည်သူတွေအမြန်ဆုံးလွတ်လွတ်လပ်ပြန်လည် အသုံးပြုနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ပြီခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်ကစပြီး ကလေး - သိုင်းငင်း လမ်းကို စစ်ရေးကြောင်း စပိတ်တာဖြစ်ပါတယ်။

သိုင်းငင်းရွာထပ်မှာ တပ်စွဲထားတဲ့ စကစ တွေနဲ့ ဒီဇင်ဘာ ၂ ရက်နေ့မှာ တိုက်ပွဲဖြစ်ခဲ့ပြီး ဒီဇင်ဘာ ၇ ရက်နေ့ မှာလည်း တိုက်ဖြစ်ခဲ့တာဖြစ်ပါတယ်။
The Siyin Voice

Lam ki Hong Kik zoKawl Taingen Tedim mawtaw lam ki Hong ki zo ci CDF/ CDM Siyin te na December 9ni nong suak sak  hiကလေး...
09/12/2023

Lam ki Hong Kik zo

Kawl Taingen Tedim mawtaw lam ki Hong ki zo ci CDF/ CDM Siyin te na December 9ni nong suak sak hi

ကလေး - သိုင်းငင်း ချင်းတောင်လမ်းပြန်ဖွင့်နေပြီ ဖြစ်ကြောင့် CDF /CDM -Siyin ကထုတ်ပြန်ထားပါတယ်။

ချင်းပြည် ဖွဲ့စည်းပုံအ‌ခြေခံဥပဒေ~~
07/12/2023

ချင်းပြည် ဖွဲ့စည်းပုံအ‌ခြေခံဥပဒေ
~~

ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပေဒကို ချင်းပြည်ကောင်စီညီလာခံ အတည်ပြု( Burmese)~~~~~~ချင်းပြည်ကောင်စီ ညီလာခံကို ဒီဇင်ဘာ ၄ရက်...
07/12/2023

ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပေဒကို ချင်းပြည်ကောင်စီညီလာခံ အတည်ပြု
( Burmese)
~~~~~~

ချင်းပြည်ကောင်စီ ညီလာခံကို ဒီဇင်ဘာ ၄ရက်နေ့ကနေ ၇ရက်နေ့အထိ ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ရှိရာ ဗစ်တိုရီးယားမှာ ကျင်းပခဲ့ပြီး ချင်းပြည်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုခဲ့တယ်လို့ ဒီဇင်ဘာ ၇ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီချင်းပြည်ကောင်စီ ဖြစ်မြောက်ရေး ညီလာခံကို တက်ရောက်မှာ မဟုတ်ဘူးလို့ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ CNDF၊ CDFမင်းတပ်နဲ့ PDF Zolandတို့က ဒီဇင်ဘာ ၅ရက်နေ့မှာ ပူးတွဲ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ချင်းပြည်ကောင်စီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီဇင်ဘာ ၆ရက်နေ့မှာ အတည်ပြုခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ ချင်းပြည်ကောင်စီညီလာခံက ချင်းပြည်ကောင်စီကို ဖွဲ့စည်းခဲ့ပါတယ်လို့ ဆိုပါတယ်။

ချင်းပြည်ကောင်စီကို အမျိုးသားကိုယ်ပိုင် ပြဌာန်းခွင့် အာမခံချက်ရှိတဲ့ ချင်းပြည်တည်ဆောက်ဖို့၊ နိုင်ငံရေးနဲ့ အမျိုးသားတန်းတူရေး အာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီ တည်ဆောက်ရေးတို့ကို ရည်ရွယ်ဖွဲ့စည်းခဲ့တာလို့ ချင်းပြည်ကောင်စီညီလာခံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရက်ပေါင်း ၆၀ အတွင်း ချင်းပြည်လွှတ်တော်၊ ချင်းပြည်အစိုးရအဖွဲ့နဲ့ ချင်းပြည်တရားလွှတ်တော်ချုပ်တို့ကို ဖွဲ့စည်း သွားမယ်လို့ ဆိုပါတယ်။

ချင်းပြည်ကောင်စီညီလာခံကို ချင်းအမျိုးသားကတပ်ဦး ကိုယ်စားလှယ်တွေ၊ ချင်းလွှတ်တော်အဖွဲ့အစုက ကိုယ်စားလှယ်တွေ၊ မြို့နယ်နဲ့ ဒေသအစုအဖွဲ့က ကိုယ်စားလှယ်တွေ၊ ပြည်တွင်း၊ပြည်ပ ဧည့်သည်တွေအပါအ၀င် စုစုပေါင်း ၂၅၀ ကျော် တက်ရောက်ခဲ့တယ်လို့ ချင်းပြည်ကောင်စီ ညီလာခံက ထုတ်ပြန်ထားပါတယ်။

The Siyin Voice

07/12/2023

◾Taingen ah ui Tal te le sizang ngalkap te Ki Kap na Om
~~~~~~~
Sizang ngam Taingen khua ah Om UI tal te le sizang mi pi Ngal Kap te Tu ni December 7 ni ziñg sang nai 5 kim in ki Kap ci thu ki Zahi.

Kawl pi tai 8 pan UI Tal te na Thau pui tawk tam vei ma Kap to top hi .

A Bo Sa Hun December 2 ni in zong uital te le sizang ngal Kap te Taingen ma ah ki Kap na nei aa uital te na vanleng tawk zong Kap hi .
The Siyin Voice

05/12/2023

ကလေး - ချင်းတောင် ကားလမ်း ပြန်ဖွင့်ဖို့ ကြိုးစား‌နေတယ်လို့ CDM Siyin ထုတ်ပြန် (Burmese)
~~~~

ပြည်သူတွေ ပြန်လည်းခရီးသွားနိုင်ဖို့ ချင်းတောင်ကားလမ်း မကြာမီမှာ စစ်ကောင်စီလက်ထဲကနေ ပြည်သူလူထု သဘောဆန္ဒအတိုင်း သွားလာနိုင်ဖို့ ကြိုးစားဆောင်ရွက်နေ တယ်လို့ CDF CDM Siyin က ဒီဇင်ဘာ ၅ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါကြောင့် ဪြည်သူလူထုအနေနဲ့ အချိန်ခဏ ဆက်သည်းခံပေးကြဖို့ CDF CDM Siyin က တောင်းဆိုထားပါတယ်။

ဒီလမ်း ကို စစ်ရေးကြောင့် ပြည်သူတွေ အထိခိုက်မရှိအောင် လမ်းပိတ်တာဖြစ်‌ ကြောင့် နိုဝင်ဘာ ၂၇ နေ့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၂ရက်နေ့ ညက သိုင်းငင်းရွာမှာ စစ်ကောင်စီ စစ်ဆေးဂိတ်စခန်းကို ‌CDF CDM Siyin က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းရော၊ လက်နက်ကြီးပါ တိုက်ခိုက်ခဲ့ပါတယ်။

The Siyin Voice

Address


Website

Alerts

Be the first to know and let us send you an email when The Siyin Voice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share