Hlegu Information Centre

  • Home
  • Hlegu Information Centre

Hlegu Information Centre လှည်းကူး နောက်ဆုံးရ သတင်းများကို အချိန်နှင့်တပြေးညီ တင်ဆက်ပေးသွားပါမည်။

အမှိုက်ပုံ မီးလောင်ခြင်းနှင့် နောက်ဆက်တွဲဆောင်ရန် ရှောင်ရန်များ (အထူးဂရုစိုက်ရန်)19/1/2024 12:05 မိနစ်မှာ မီးထိန်းပြီးပြ...
18/01/2024

အမှိုက်ပုံ မီးလောင်ခြင်းနှင့် နောက်ဆက်တွဲ
ဆောင်ရန် ရှောင်ရန်များ (အထူးဂရုစိုက်ရန်)

19/1/2024 12:05 မိနစ်မှာ မီးထိန်းပြီးပြီဟု
MFSD မှ သတင်းရရှိပါသည်။

မီးထိန်းတယ်ဆိုတာက တနည်းအားဖြင့်
မီးဆက်မလောင်တော့တာကိုပြောတာပါ

မီးငြိမ်းသွားတယ်လို့မဆိုလိုပါဘူး
ဆိုတော့ အန္တရာယ် ရှိနေပါသေးတယ်

ဘာကြောင့် အန္တရာယ် ရှိတာလဲဆိုရင်

အမှိုက်ပုံတွေကနေ အများဆုံးထွက်လေ့ရှိတဲ့
မီးသိန်းဓာတ်ငွေ့ဟာ အလွန် အန္တရာယ်များပါတယ်

မီးလောင်မှုအားအရမ်းကောင်းတဲ့
လောင်စာဖြစ်ပါတယ် ဒါကြောင့်
အချိန်မရွေးမီးဆက်လောင်နိုင်သေးပါတယ်

ဒါ့အပြင် အနီးအနားမှာ မီသိန်းဓာတ်ငွေ့ကို
လောင်ကျွမ်းပြီးထွက်လာတဲ့ အငွေ့တွေကို
ရှုရှိုက်မိပါက

- မူးဝေခြင်း
- အော့အန်ခြင်း
- သတိလစ်ခြင်း

စသည်တို့ဖြစ်တတ်ပြီး အများအပြားရှုရှိုက်မိပါက
ဆေးရုံသို့သွားရောက်၍ ဆေးကုသမှုခံယူရတဲ့အထိ
အန္တရာယ်ရှိနေပါတယ်

သို့ပါ၍ အကြောင်းမဲ့ ထို ဧရိယာအတွင်းသို့
မီးခိုးများရှိနေချိန်အတွင်း သွားရောက်ခြင်း
မပြုကျပါရန် အသိပေးနှိုးဆော်အပ်ပါတယ်ခင်ဗျာ

Photo From Google

#လှည်းကူး #မီးလောင်
#အမှိုက်ပုံ #မီသိန်း

၁၈.၁.၂၀၂၄ ရက်နေ့၊ ၂၀ ၅၈ အချိန်ခန့်၊  ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ လက်ပံကျေးရွာတွင် အမှိုက်ပုံမီးလောင်မှုဖြစ်ပ...
18/01/2024

၁၈.၁.၂၀၂၄ ရက်နေ့၊ ၂၀ ၅၈ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ လက်ပံကျေးရွာတွင် အမှိုက်ပုံမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး ထွက်ခွာလျက်ရှိပါသည်။

Updated 9:30 Pm

လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃) စီး ၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ထောက်ကြန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး တို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။

Source From MFSD

အနီးနားမှ လူနေအိမ်များ အမှိုက်ပုံ မီးလောင်မှုမှ
ထွက်ပေါ်လာမည့် အခိုးအငွေ့များကို
အတက်နိုင်ဆုံး မရှုမိစေရန် ဆင်ခြင်ဖို့
အသိပေးအပ်ပါတယ်ခင်ဗျာ

အိမ်ထဲသို့မီးခိုးများဝင်မှာကြောက်ပြီး
အိမ်တံခါးပိတ်ထားခြင်းများကိုလည်း
ရှောင်ကျဥ်ရပါမည်

မီးခိုးများဝင်လာလျှင်လည်း
ပန်ကာ ဖွင့်ထားပါက ပိတ်ထားဖို့
လိုအပ်ပါတယ်

ဘေးအန္တရာယ်ကင်းရှင်းကျပါစေဗျာ

#လှည်းကူး

မိုးမင်းကြီးက လှည်းကူးမြို့အပေါ်အငြိုးများရှိနေလေသလား?တချို့တွေအခုမှ ရိတ်သိမ်းနေကျတုန်း...   #မိုး  #လှည်းကူး
11/11/2023

မိုးမင်းကြီးက
လှည်းကူးမြို့အပေါ်
အငြိုးများရှိနေလေသလား?

တချို့တွေအခုမှ ရိတ်သိမ်းနေကျတုန်း...

#မိုး #လှည်းကူး

ကိုယ်နေထိုင်တဲ့မြို့ကကိုယ့်ရဲ့တန်ဖိုးပါပဲရန်ကုန်မြို့အစွန်နယ်မြို့လေးသဖွယ် ဖြစ်နေပြီးသစ်ပင်ရိပ်တွေနဲ့အေးချမ်းသန့်ရှင်းသေ...
30/10/2023

ကိုယ်နေထိုင်တဲ့မြို့က
ကိုယ့်ရဲ့တန်ဖိုးပါပဲ

ရန်ကုန်မြို့အစွန်
နယ်မြို့လေးသဖွယ် ဖြစ်နေပြီး
သစ်ပင်ရိပ်တွေနဲ့အေးချမ်းသန့်ရှင်းသော
မြို့လေးလို့ သိထားကျတဲ့
လူတွေရဲ့ အမြ​င်တွေ အသိတွေကို
မပြောင်းလဲ ပြစ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်

''မင်းကဘယ်မှာနေတာလဲ''

''ကျွန်တော်လှည်းကူးကပါ'' လို့

​ဖြေလိုက်တာနဲ့
ကိုယ်နေထိုင်တဲ့ မြို့ရဲ့အဆင့်အတန်း
အခြေအနေတွေပေါ်မူတည်ပြီး
ကိုယ့်ရဲ့ Personal ကို လူတွေက
သုံးသပ်လေ့ရှိကျပါတယ်

ဒီတော့ဗျာ ကိုယ့်မြို့ရဲ့အဆင့်အတန်းကို
ကိုကိုယ်တိုင် မြှင့်တင်မှ
ကိုယ့်ရဲ့ သိက္ခာ ကိုယ့်ရဲ့ ပုံရိပ်တွေက
အဆင့်အတန်းမြင့်မားနေမှာ​ဖြစ်ပါတယ်

အဆင့်အတန်းဆိုတာ
ချမ်းသာခြင်း ဆင်းရဲခြင်းနဲ့
မသက်ဆိုင်ပါ

မိမိရဲ့ စည်းကမ်း မိမိရဲ့ကျင့်ဝတ်
မိမိရဲ့အပြုအမူတွေပေါ်မှာပဲ
မူတည်ပြီး အဆင့်အတန်းဆိုတာ
သတ်မှတ်ပါတယ်

ကိုယ်စားပြီး ကိုယ်အသုံးပြုပြီးတဲ့
စွန့်ပစ်အမှိုက်လေးတွေကိုတောင်မှ
စည်းကမ်းမဲ့စွာ ဖြစ်သလို
တာဝန်မယူပဲ စွန့်ပစ်တက်တဲ့လူမျိုးက

လူ့ဘောင်လူ့လောကမှာလည်း
အဲ့လိုမျိုး စည်းကမ်းမရှိ
တာဝန်ယူမှု မရှိတဲ့ လူမျိုးဆိုတာ
ကြိမ်းသေမလွဲပါပဲ

အခုမြင်တွေ့နေရတဲ့ပုံကတော့
စိတ်မကောင်းစွာဖြင့်
ယနေ့မနက် ငါးထပ်ကြီးဘုရားရှေ့
ပွဲစျေးအပြီး အခြေအနေဖြစ်ပါတယ်

ဆိုတော့ လူမြင်ကွင်းမှာတောင်
ကိုယ့်ဆိုင်နေရာပတ်ဝန်းကျင်ကို
ဒီလိုစည်းမဲ့ကမ်းမဲ့ ညစ်ပတ်စွာ
ပြုမှုနေထိုင်တဲ့ သူမျိုးဟာ

လူမမြင်ကွယ်ရာ အိမ်မှာပြုလုပ်တဲ့
မုန့်တွေ အစားအစာတွေဟာ
သန့်ရှင်းလိမ့်လို့ ထင်မိပါသလား?

နောက်ထပ်စိတ်မကောင်းတာကတော့
မိတ်ဆွေတို့က သူတို့ပြုလုပ်ထားတဲ့
မုန့်ပဲသရေစာတွေကို ပုံမှန်ထက်ပိုပြီး
စျေးကြီးပေးကာစားသောက်နေကျတာကို
မြင်တွေ့နေရတာပါ

HIC ရဲ့ ပထမဆုံးအမှိုက် ကမ်ပိန်းလေးကို
အကောင်အထည်ဖော်ချင်ပါတယ်

ဆိုတော့ဝိုင်းဝန်းကူညီကျပါ

ပွဲစျေးမှာမှမဟုတ်ပါဘူး
စျေးထဲမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ်
စည်းကမ်းမရှိတဲ့ဆိုင်တွေကို
ရှောင်ကျဥ်ပါ လုံးဝ အားမပေးပါနဲ့
သူတို့ကိုအားပေးခြင်းက
ကိုယ့်မြို့ကိုယ်သတ်နေသလိုပါပဲ
အဲ့လိုဆိုင်တွေတွေ့ရင် HIC ကိုလည်း
အကြောင်းကြားပေးပါ

နောက်တစ်ခုက

စည်းကမ်းမဲ့အမှိုက်ပစ်တဲ့သူတွေပါ

တွေ့ရင်လည်းဘာမှမပြောပါနဲ့
ရန်များပါတယ်
ဒီလူဟာ ဘယ်လို အကျင့်ရှိတဲ့
လူလဲဆိုတာအပေါ်မှာပြောခဲ့သလိုပဲမို့

အဲ့လူရဲ့မျက်နှာကိုမှတ်ထားလိုက်ပါ
သူဘာအလုပ်ပဲ လုပ်လုပ် အားမပေးပါနဲ့
သူနဲ့ အလုပ်မလုပ်ပါနဲ့ ရှောင်ကျဥ်ပါ

ဒီလိုနည်းနဲ့ကိုယ့်မြို့ရဲ့
ပုံရိပ်တွေကို အဖက်ဆယ်လို့ရနိုင်တဲ့အပြင်
ပိုပြီးတော့ တောက်ပလာစေနိုင်ပါတယ်

ဒါကြောင့် ဒီ ကမ်ပိန်းလေးမှာ
ပါဝင်ပေးကျဖို့ မေတ္တာရပ်ခံပါရစေဗျ

24.10.2023 ရက်နေ့ရေကြီး ရေလျှံ မှုများကြောင့်လှည်းကူးမြို့ ကျေးရွာများရှိကျေးရွာဆေးခန်းများ ယာယီပိတ်ထားချိန်တွင်ကျန်းမာရ...
24/10/2023

24.10.2023 ရက်နေ့

ရေကြီး ရေလျှံ မှုများကြောင့်
လှည်းကူးမြို့ ကျေးရွာများရှိ
ကျေးရွာဆေးခန်းများ
ယာယီပိတ်ထားချိန်တွင်

ကျန်းမာရေးပြဿနာများ
ဖြစ်ပေါ် လာပါက အဆင်ပြေသလို
ဖြေရှင်းနေရသည့် ကျေးရွာများသို့

HIC မှ ဆရာဝန်များ၊
ကျန်းမာရေး Volunteer များဖြင့်
နေ အိမ် များသို့ ကိုယ်တိုင်
သွားရောက် ကြည့်ရှုစစ်ဆေးကာ

လိုအပ်သည့် ဆေးဝါးများ
ပေးအပ်ခြင်း၊ ဆေးထိုးခြင်း၊
ဆေးသွင်းခြင်း စသည့်
လုပ်ငန်းဆောင်တာများ
ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

လိုအပ်သည့် ဆေးဝါးများ
ကူညီထောက်ပံ့ပေးပါသော

Golden Generation အား
လိုအပ်သူများအစား
ကျေးဇူးအထူးပင်တင်ရှိပါသည်ခင်ဗျာ။

#လှည်းကူး
#လှည်းကူးသတင်း

22.10.2023 ရက်နေ့မလစ်ကျေးရွာ နှစ်ခုရှိအမှန်တကယ်လိုအပ်နေသောလယ်ကွင်းဘက်အခြမ်းများနှင့်မသွားနိုင်မလာနိုင်သောအိမ်များဆီသို့ ...
22/10/2023

22.10.2023 ရက်နေ့
မလစ်ကျေးရွာ နှစ်ခုရှိ

အမှန်တကယ်လိုအပ်နေသော
လယ်ကွင်းဘက်အခြမ်းများနှင့်
မသွားနိုင်မလာနိုင်သော
အိမ်များဆီသို့

စားနပ်ရိက္ခာ များအပြင်
ငွေကြေးထောက်ပံ့မှုများပါ
ကူညီဆောင်ရွက်ခဲ့ပါသည်။

ဒါ့အပြင်
Golden Generation မှလည်း
HIC နှင့်အတူ လိုအပ်သည့်
ဆေးဝါးများအပြင်

ဆန်အိတ်များကိုပါ ပါဝင်
ကူညီခဲ့ပြီး ကျေးရွာ
ဘုန်းကြီးကျောင်းများသို့လည်း
သွားရောက်လှုဒါန်းခဲ့ပါသည်။

ယနေ့ ကူညီပေးခဲ့သော
နေရာအသီးအသီးမှ
ကျွန်တော့်ရဲ့ချစ်လှစွာသော
ညီကိုများနှင့် ပါဝင်အားဖြည့်
ကူညီပေးပါသော

Golden Generation
အဖွဲ့သားများကိုလည်း

ကျေးဇူးအထူးပင်တင်ရှိပါသည်။

#လှည်းကူး
#ရေကြီး #ရေလျှံ #လှည်းကူးသတင်း

လှည်းကူးမြို့တွင်းစားရေးသောက်ရေးအခက်အခဲရှိတဲ့ မိသားစုများရှိပါက ဆက်သွယ်ပေးပါHIC ဘက်ကနေတက်နိုင်သလောက်ကူညီပေးပါမယ်
22/10/2023

လှည်းကူးမြို့တွင်း
စားရေးသောက်ရေး
အခက်အခဲရှိတဲ့ မိသားစုများ
ရှိပါက ဆက်သွယ်ပေးပါ

HIC ဘက်ကနေ
တက်နိုင်သလောက်ကူညီပေးပါမယ်

22.10.2023လှည်းကူးမှာ ရေလုံးဝကျသွားပြီလို့မထင်ကျပါနဲ့အုံးတချို့ရွာတွေ ရေရှိနေတုန်းပါအကူအညီတွေရောက်သင့်သလောက်ရောက်ပေမယ့် ...
22/10/2023

22.10.2023
လှည်းကူးမှာ ရေလုံးဝကျသွားပြီလို့
မထင်ကျပါနဲ့အုံး

တချို့ရွာတွေ ရေရှိနေတုန်းပါ
အကူအညီတွေရောက်သင့်သလောက်
ရောက်ပေမယ့် ကူညီသူများ
ပစ်မထားဖို့ပဲ အသိပေးချင်တာပါ

လှည်းကူးမြို့ကို ပစ်မထားပဲ
ကူညီပေးတဲ့သူ အားလုံးကိုလည်း
ကျေးဇူးတင်ပါတယ်

#လှည်းကူး

ဒီနှစ် လှည်းကူးမြို့ ပထမဦးဆုံးအကြိမ် ထူးကဲ ရေကြီးစေသော တရားခံတွေထဲမှာ စနစ်တကျ အမှိုက်မစွန့်ပစ်ခြင်းရဲ့နောက်ဆက်တွဲ ပြဿနာ...
21/10/2023

ဒီနှစ် လှည်းကူးမြို့
ပထမဦးဆုံးအကြိမ် ထူးကဲ
ရေကြီးစေသော တရားခံတွေထဲမှာ

စနစ်တကျ အမှိုက်မစွန့်ပစ်ခြင်းရဲ့
နောက်ဆက်တွဲ ပြဿနာဟာ
ပါဝင်နေတယ်ဆိုတာ ငြင်းလို့မရပါဘူး

ဒီတော့ ကျွန်တော်တို့
HIC အနေနဲ့ ယခုဖြစ်ပေါ်နေသော
ရေကြီးမှုဖြစ်စဥ်များ
လုံးဝ ကင်းစင်သွားပါက

အမှိုက်နှင့်ပတ်သော
Campaign လေးတစ်ခုကို
လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်

ဘာတွေလုပ်သင့်လဲဆိုတာလေးတွေကိုလည်း
အကြံပေးသွားကျပါအုံးဗျ...

#လှည်းကူး

၂၀.၁၀.၂၀၂၃ (မလစ်အရှေ့ကျေးရွာ)လှည်းကူးမြို့နယ်အစပ်ဒဂုံအရှေ့ပိုင်းမြို့နယ် ရေကျန်ရှိမှုအနေအထားများ နှင့် အခြေအနေများ🌳 မလစ်...
20/10/2023

၂၀.၁၀.၂၀၂၃ (မလစ်အရှေ့ကျေးရွာ)
လှည်းကူးမြို့နယ်အစပ်
ဒဂုံအရှေ့ပိုင်းမြို့နယ် ရေကျန်ရှိမှု
အနေအထားများ နှင့် အခြေအနေများ

🌳 မလစ်အရှေ့ကျေးရွာ

ရေကတော့ကုန်းအမြင့်ဆုံးနေရာမှာတောင်
ရေရှိနေပါသေးတယ် ချောင်းနဲ့ကပ်လျပ်ဖြစ်လို့
ရေကလုံးဝကိုမကျပါဘူး

မနေ့ကတော့အလှုရှင်တစ်ဦးလာပါတယ်

ဒီနေ့လည်းတစ်ဦး
လာမယ်လို့တော့ပြောထားပါသေးတယ်

အလှုရှင်တွေလှုလို့ပိုတဲ့ ဟာတွေကို
အရေးပေါ် ရိက္ခာအဖြစ် စုထားတာတွေလည်း
အလှုရှင်မလာတဲ့ရက်တွေမှာ ဝေရင်း
နည်းနည်းပဲကျန်ပါတော့တယ်

တစ်ရွာလုံးရေနစ်တော့ ချက်ပြုတ်စရာ
ကုန်းကိုမရှိဘူးဖြစ်နေတာပါ

ဘုန်းကြီးကျောင်းတောင် အောက်ထပ်
ရေတစ်ဝက်လောက်မြုပ်နေတာ
ဘယ်မှာမှကိုမလွတ်ပါဘူး

သွားရလာရခက်ခဲ
ဆက်သွယ်ရေးလိုင်းတွေက ဒီမှာ
အရင်ကတည်းက မိတစ်ချက်
မမိတစ်ချက် ဖြစ်နေတာဆိုတော့
ဘယ်သူမှ လည်းသိပ်မသိကျဘူး

ကျန်းမာရေးမကောင်းတဲ့သူတွေလည်း
ရှိပါတယ် ဆေးခန်းဘာညာသွားဖို့လည်း
ခက်ခဲပြီး ဆေးဝါးလည်းအတော်လေး
လိုအပ်နေပါတယ် ဖြစ်နိုင်ရင်
ဆေးဝါးအထောက်အကူလေး
လိုချင်ပါတယ်လို့ ကျေးရွာတာဝန်ရှိသူမှ

HIC ကိုပြောကြားခဲ့ပါတယ်

၂၀.၁၀.၂၀၂၃ (မလစ်အနောက်ကျေးရွာ)လှည်းကူးမြို့ ရေကျန်ရှိမှုအနေအထားများ နှင့် အခြေအနေများ🌳 မလစ်အနောက်ကျေးရွာရေဆက်မတက်တော့တဲ့...
20/10/2023

၂၀.၁၀.၂၀၂၃ (မလစ်အနောက်ကျေးရွာ)
လှည်းကူးမြို့ ရေကျန်ရှိမှု
အနေအထားများ နှင့် အခြေအနေများ

🌳 မလစ်အနောက်ကျေးရွာ

ရေဆက်မတက်တော့တဲ့ရက်ကနေ
ဒီနေ့ထိ ရေတိုင်းထားတာ

6 လက်မ ကျော်ကျော်လောက်ပဲ
လျော့ပါသေးတယ် ဒါတောင်
မိုးလုံးဝမရွာလို့ပါ

အိမ်အချို့နှင့် လမ်းအချို့ကတော့
ပြန်ပေါ်သွားပြီဖြစ်ပေမယ့်
ကားတော့သွားလို့မရသေးပါဘူး

အဝင်မှာတင်ကို ရေက လမ်းပေါ်မှာ
ဒူးကျော်ကျော်ရှိနေပါသေးတယ်

ရေနည်းလာတာကြောင့်
နောက်ရက်တွေမှာ ရေတွေပုပ်လာပြီး
အနံဆိုးတွေထွက်တာ ယားနာပေါက်တာ
ရေဝဲစားတာတွေ ကြုံလာရနိုင်ပါတယ်

ကျေးရွာစားဝတ်နေရေးကတော့
အလှုရှင်တွေက မလာတော့သလောက်ပါပဲ

ဒါကြောင့် ကျေးရွာက တက်နိုင်တဲ့သူတွေ
စုပြီး ဒီနေ့ ရေလွတ်တဲ့နေရာမှာ ကျွေးမွေးဖို့
စတင်ချက်ပြုတ်နေရပါပြီလို့

ကျေးရွာတာဝန်ရှိသူတစ်ယောက်မှ
HIC ကိုပြောပါတယ်။

#လှည်းကူး

၂၀.၁၀.၂၀၂၃(ကင်မွန်းခြုံကျေးရွာ)လှည်းကူးမြို့ ရေကျန်ရှိမှုအနေအထားများ နှင့် အခြေအနေများ🌳 လှည်းကူးမြို့ (ကင်မွန်းခြုံကျေးရ...
20/10/2023

၂၀.၁၀.၂၀၂၃(ကင်မွန်းခြုံကျေးရွာ)
လှည်းကူးမြို့ ရေကျန်ရှိမှု
အနေအထားများ နှင့် အခြေအနေများ

🌳 လှည်းကူးမြို့ (ကင်မွန်းခြုံကျေးရွာ)

ချောင်းဖြင့်အနီးဆုံးရွာဖြစ်ပြီး
ရေအနည်းငယ်ကျန်ရှိနေသေးတာကြောင့်

အချို့သော မိသားစုများ
အခက်အခဲများစွာရှိနေပါသေးတယ်

အကူအညီများကလည်း
ရေကျသွားပြီဆိုပြီး
မလာသလောက်ကို ရှားသွားပါပြီ

ဒါကြောင့် အဆင်ပြေသလိုပဲ
နေထိုင်နေရပါတယ်

လာဝေရင်တောင်မှ
ရေဝဲစားနေလို့ ရေထိတာနဲ့
အရမ်း စပ်တာကြောင့် အိမ်ပေါ်ကနေမဆင်းခဲ့
လိုက်ရတာတွေလည်းရှိနေပါတယ်လို့

ဒေသခံတစ်ဦးကပြောပါတယ်

၂၀.၁၀.၂၀၂၃ (လှည်းကူးမြို့ပေါ်)လှည်းကူးမြို့ ရေကျန်ရှိမှုအနေအထားများ နှင့် အခြေအနေများ🌳 လှည်းကူးမြို့ပေါ် မြို့ပေါ်ရပ်ကွက...
20/10/2023

၂၀.၁၀.၂၀၂၃ (လှည်းကူးမြို့ပေါ်)
လှည်းကူးမြို့ ရေကျန်ရှိမှု
အနေအထားများ နှင့် အခြေအနေများ

🌳 လှည်းကူးမြို့ပေါ်

မြို့ပေါ်ရပ်ကွက်တွေအားလုံးနီးပါး
ရေကျသွားပါပြီ

မီးတွေလည်းပုံမှန်ပြန်လာနေပြီး
နေအိမ်မှစွန့်ခွာ ပြောင်းရွှေ့နေထိုင်
နေကျရတဲ့ မိသားစုများလည်း

မိမိနေအိမ်သို့ ပြန်လည်ပြောင်းရွှေ့ကာ
အိမ် သန့်ရှင်းရေး များ
ပြုလုပ်နေကျတာကိုလည်း တွေ့ရှိရပါတယ်။

သန်ရှင်းသောရေများကိုသောက်သုံးပြီး
အကောင်ပလောင်များ ရေတက်စဥ်အခါက
​နေအိမ်အတွင်း ခိုအောင်း
နေတက်ကျတာကြောင့် အထူးဂရုစိုက်ဖို့
သတိပေးအပ်ပါတယ်။

17.10.2023လှည်းကူးမြို့နယ်အစပ်ဒဂုံအရှေ့ပိုင်းမြို့နယ်အပိုင်မလစ် ကျေးရွာ အရှေ့သို့HIC နှင့် မှော်ဘီ ဆရာလေးများအသင်းအဖွဲ့မ...
18/10/2023

17.10.2023
လှည်းကူးမြို့နယ်အစပ်
ဒဂုံအရှေ့ပိုင်းမြို့နယ်အပိုင်
မလစ် ကျေးရွာ အရှေ့သို့

HIC နှင့် မှော်ဘီ
ဆရာလေးများအသင်းအဖွဲ့မှ

ဆန် ဆီ ဆား ဆေး ငါးသေတ္တာ
ဆပ်ပြာ ရေသန့် ခေါက်ဆွဲခြောက် များကို

သွားရောက်လှုဒါန်းခဲ့သည့်
မှတ်တမ်းများကို

ပြန်လည်မျှဝေလိုက်ပါတယ်

လှည်းကူး​ရေ​ဘေးပြန်လည်ထူ​ထောင်​ရေးအတွက်လှူဒါန်း​ငွေ ၅၀၀၀၀ ကျပ်​ဒေါ်မြရီ၊ မရမ်းကုန်းမြို့နယ်ရန်ကုန်မြို့မှလှူဒါန်းပါသည်။
18/10/2023

လှည်းကူး​ရေ​ဘေး
ပြန်လည်ထူ​ထောင်​ရေးအတွက်
လှူဒါန်း​ငွေ ၅၀၀၀၀ ကျပ်

​ဒေါ်မြရီ၊ မရမ်းကုန်းမြို့နယ်
ရန်ကုန်မြို့မှလှူဒါန်းပါသည်။

17.10.2023လှည်းကူးမြို့နယ်အစပ်ဒဂုံအရှေ့ပိုင်းမြို့နယ်အပိုင်မလစ် ကျေးရွာ အရှေ့သို့HIC မှ ကျန်းမာရေးဝန်ထမ်းများဆရာဝန်များ ...
17/10/2023

17.10.2023
လှည်းကူးမြို့နယ်အစပ်
ဒဂုံအရှေ့ပိုင်းမြို့နယ်အပိုင်
မလစ် ကျေးရွာ အရှေ့သို့

HIC မှ ကျန်းမာရေးဝန်ထမ်းများ
ဆရာဝန်များ နှင့်အတူ
အိမ်တိုင်ရာရောက် လိုက်လံ
ကြည့်ရှုစစ်ဆေးခဲ့ပြီး

ကျန်းမာရေးဗဟုသုတများ
မျှဝေပေးခဲ့ပါသည်။

17.10.2023လှည်းကူးမြို့နယ်အစပ်ဒဂုံ အရှေ့ပိုင်းမြို့နယ် မလစ်ကျေးရွာ အရှေ့တွင်ရေများ အများအပြားဝင်ရောက်လျှက်ရှိပြီးရေကျတော...
17/10/2023

17.10.2023
လှည်းကူးမြို့နယ်အစပ်
ဒဂုံ အရှေ့ပိုင်းမြို့နယ်
မလစ်ကျေးရွာ အရှေ့တွင်
ရေများ အများအပြား
ဝင်ရောက်လျှက်ရှိပြီး

ရေကျတော့ တစ်လက်မ
တက်တော့ တစ်ပေလောက်ဟု
ဒေသခံတွေကပြောပါတယ်

သွားရလာရခက်ခဲပြီး
ဆက်သွယ်ရေးလိုင်းများ
ရွာထဲတင် ပျက်တောက်မှုတွေ
ရှိတာကြောင့်
အိမ်ခြေ 200 ကျော်လောက်

စားရေးသောက်ရေး အခက်အခဲ
များစွာ ရှိနေပါတယ်လို့

ကျေးရွာအုပ်ချုပ်ရေးမှုးက
HIC ကိုပြောပါတယ်

သွားရောက်လှုဒါန်းလိုပါက
အမှတ် 7 လမ်းမပေါ်မှ
စက်လှေများဖြင့် 15 မိနစ်ခန့်စီးရပြီး

ကျေးရွာတာဝန်ခံများမှ
သယ်ယူပို့ဆောင်ရေးကို
တာဝန်ယူဆောင်ရွက်ပေးနေပါတယ်

#လှည်းကူး
#လှည်းကူးသတင်း
#ရေကြီး #ရေလျှံ

၁၆.၁၀.၂၀၂၃လှည်းကူးမြို့ ရန်ကင်းရပ်ကွက် မြသိန်းတန်ဘုရားလမ်း အတွင်းရှိအနည်းငယ်ရေပြန်ကျနေသောအခြေအနေများအနောက်ဘက် သာယာကုန်းဘ...
16/10/2023

၁၆.၁၀.၂၀၂၃
လှည်းကူးမြို့ ရန်ကင်းရပ်ကွက်
မြသိန်းတန်ဘုရားလမ်း အတွင်းရှိ

အနည်းငယ်ရေပြန်ကျနေသော
အခြေအနေများ

အနောက်ဘက်
သာယာကုန်းဘက်မှာတော့
ရေတော်တော်ကျန်သေးတယ်လို့
သိရှိရပါတယ်

#လှည်းကူး
#ရေကြီး #ရေလျှံ

၁၅.၁၀.၂၀၂၃ လှည်းကူးမြို့မလစ်အနောက်ကျေးရွာ သို့ဆန် ဆီ ကြက်ဥ ငါးသေတ္တာခေါက်ဆွဲခြောက် ရေသန့် ဆေးဝါး နှင့်မုန့်ခြောက် များ လ...
16/10/2023

၁၅.၁၀.၂၀၂၃ လှည်းကူးမြို့
မလစ်အနောက်ကျေးရွာ သို့

ဆန် ဆီ ကြက်ဥ ငါးသေတ္တာ
ခေါက်ဆွဲခြောက် ရေသန့် ဆေးဝါး နှင့်
မုန့်ခြောက် များ လူ ၇၀၀ စာ
သွားရောက် ကူညီခဲ့သည့်

မှတ်တမ်းများကို
ဝေမျှလိုက်ပါတယ်ခင်ဗျာ


#လှည်းကူး #လှည်းကူးသတင်း
#ရေကြီး #ရေလျှံ

ရေကြီး ရေလျှံမှု ဖြစ်ပွားပြီးနောက် ဖြစ်တက်တဲ့ အထူးဂရုစိုက်ရမည့်ကာလဝမ်းရောဂါအကြောင်းမင်္ဂလာပါရှင့် မြန်မာနိုင်ငံ တစ်ဝှမ်း...
16/10/2023

ရေကြီး ရေလျှံမှု ဖြစ်ပွားပြီးနောက်
ဖြစ်တက်တဲ့ အထူးဂရုစိုက်ရမည့်
ကာလဝမ်းရောဂါအကြောင်း

မင်္ဂလာပါရှင့်
မြန်မာနိုင်ငံ တစ်ဝှမ်းမှာ
ရေကြီး ရေလျှံ မှုတွေ ဖြစ်နေပါတယ်

ရေပြန် ကျတဲ့အချိန်
ကူညီကယ်ဆယ်ရေးစခန်း
တွေက​နေတဆင့် တစ်ရွာလုံး
ကူးဆက်နိုင်စေသော

နောက်ဆက်တွဲ အဖြစ်များတဲ့
၀မ်းရောဂါထဲမှာ အကြောက်ရဆုံး
ကာလဝမ်းရောဂါအကြောင်းနှင့််
ဆောင်ရန် ရှောင်ရန်များကို
မျှဝေ ရှင်းပြပေးသွားပါမယ်ရှင့်

♻ ကာလဝမ်းရောဂါ ဖြစ်ပေါ်စေသည့်
အကြောင်းအရင်း ♻

ရေကြီးတော့ အချို့မိသားစုတွေဟာ
အိမ်မှာနေထိုင်လို့မရတော့သဖြင့်
သက်ဆိုင်ရာ စုရပ်ကို
ရွှေ့ပြောင်း နေထိုင်ရပါတယ်

ဒါကြောင့် ထိုစုရပ်မှာ လူတွေ
အရမ်းကျပ်ပြီး လူနေထိုင်မှု လည်း
သိပ်သည်းလာပါတယ်

အဲ့ဒီမှာကာလဝမ်းရောဂါဖြစ်ပွားစေတဲ့
အချက်တွေကတော့

🔴 အစာစားတဲ့အခါလက်ပြောင်အောင်
မဆေးပဲ စားမိတာတွေရှိမယ်

🔴 ရောဂါပိုးပါတဲ့အစားအစာတွေကို
စားမိတာတွေရှိမယ်

🔴 သောက်ရ သုံးရတဲ့ရေတွေက
ရှားပါးပြီး နည်းလာတာကြောင့်
အဆင်ပြေတဲ့ရေတွေကို
သုံးရ သောက်ရတာတွေ ရှိမယ်

ဒါကြောင့် ကာလဝမ်းရောဂါဟာ

ယင်နားစာ/ရက်လွန်သောအစားအစာ
မသန့်ရှင်းတဲ့အစားအစာများကိုစားမိခြင်း

မသန့်ရှင်းသော ရေကိုသောက်သုံးခြင်း

စတဲ့အချက်တွေကို အခြေခံပြီး
စတင်ဖြစ်ပေါ်လာတက်ပါတယ်

💠 ဘယ်လိုကူးစက်လဲ? 💠

ရေကြီး ရေလျှံမှုတွေ ဖြစ်ပြီး နောက်မှာ
ခြင်/ယင် တွေ ပိုမို ပေါက်ဖွားလာကာ
ထို ခြင်/ယင် ကနေတစ်ဆင့် ကူးစပ်မှုဟာ
မြန်ဆန်စွာ ပြန့်ပွားနိုင်စေပါတယ်

💠 ဘယ်လိုကာကွယ်မလဲ? 💠

ဝမ်းရောဂါဟာ ပိုးဟာ
အစားအသောက် နှင့် မစင်စွန့်ခြင်း
အပိုင်းတွေမှာ ကူးနေတာပိုများတာကြောင့်

🔴 လက်ကို ခဏခဏနဲ့ သေချာဆေးဖို့
လိုအပ်ပါတယ် ရေမလုံလောက်ရင်
လက်သန့်ဆေး (Hand Gel) အသုံးပြုပါ

🔴 သန့်ရှင်းတဲ့ရေကို သောက်သုံးဖို့
လိုအပ်ပါတယ် ရေသန့်မရလျှင်
ရေကိုသေချာ ကျိုချက်ပြီး သောက်ဖို့
လိုအပ်ပါတယ်။

🔴 ယင်နားတဲ့အစာ/ အအေးစာ
(ထမင်းဟင်းအေးလွန်းတာ)တွေ
မစားမိဖို့လည်း လိုအပ်ပါတယ်။

🔴 မစင်စွန့်တဲ့အခါမှာလည်း
ယင်လုံအိမ်သာတွေမှာ စွန့်ဖို့
လိုအပ်ပါတယ်။
ယင်လုံအိမ်သာမရှိပါက
မစင်စွန့်ပြီးတိုင်း လက်ဆေးရပါမယ်။

🔴 တစ်ကိုယ်ရည်သန့်ရှင်းဖို့လည်း
လိုအပ်ပါတယ်။ (လက်သည်းပုံမှန်
ညှပ်ပါ)

🔴 မသန့်ရှင်းသောလက်ဖြင့်
နား/နှာခေါင်းနှိုက်ခြင်းကိုရှောင်ကျဥ်ပါ

🔴 ရေကြီး ရေလျှံ မှု
ရာသီ အကူးအပြောင်း တွေမှာ
၀မ်းပျက်၀မ်းလျောရောဂါအပြင်
နောက်ဆက်တွဲရောဂါတွေပါ
ဖြစ်တက်တာကြောင့်
ကိုယ်ခံအားကောင်းဖို့ Vitamin C ပါတဲ့အစားအစာတွေ ကိုစားဖို့လိုအပ်ပါတယ်။
အသီးထဲမှာဆိုရင်
မာလကာသီး၊ နာနတ်သီး၊ စပျစ်သီး၊
အုန်းသီး

💠 ရောဂါ ဖြစ်ရင်ဘာလုပ်မလဲ 💠

ဆားဓာတ်ပါတဲ့ ဓာတ်ဆားရည်
သေချာသောက်ဖို့လိုအပ်ပါတယ်

၀မ်းသွားတဲ့ပမာဏလောက်
ဓာတ်ဆားရည် ပြန်သောက်ဖို့လိုအပ်ပါတယ်။

ဓာတ်ဆားမရနိုင်လျှင်
သကြားနှင့်ဆားကို ရေနွေးနဲ့
ဖျော်သောက်လို့ရပါတယ်။

ခန္ဓာကိုယ်ထဲမှာ ရေဓာတ်၊ ဆားဓာတ်
ဆုံးရှုံးရင်သွေးပေါင်ကျပြီး
လျှော့(🚫Shock🚫) ရနိုင်ပါတယ်။

Warning ⚠️

၀မ်းသွားတာများပြီး အန်လို့
ဓာတ်ဆားရည်တောင် မသောက်နိုင်ဘူး

ခြေဖျား၊ လက်ဖျားတွေ အေးပြီး
အထိုင်အထမူး နေပြီ။

အဖျားတွေလည်းတက်လာပြီ
၀မ်းချည်း ပဲသွားပြီး ဆီးမသွားတော့ဘူး။

ဗိုက်လည်းအရမ်းအောင့်နေပြီ
နုံးပြီး ကြွက်တက်လာပြီ ဆိုရင်တော့

နီးစပ်ရာ ကျန်းမာရေး၀န်ထမ်းတွေရှိတဲ့
ဆေးရုံဆေးခန်းကိုသွားရောက်
ပြသသင့်ပါတယ်ရှင့်။

ကိုယ်ခံအားနည်းတက်တဲ့
သက်ကြီး ရွယ်အိုတွေ
ကလေးသူငယ်တွေ
EE ပန်းလျှင် ကျန်းမာရေး၀န်ထမ်းနဲ့
​ပြသသင့်ပါတယ်ရှင့်။

❌ မလုပ်သင့်သောအရာ ❌

၀မ်းသွားရင် ၀မ်းပိတ်ဆေးသောက်တာ

အန်ရင် အအန် ပျောက်ဆေးသောက်တာ

စတာတွေက အန္တာရာယ်ရှိပါတယ်
တစ်ချို့နေရာတွေမှာအသုံး၀င်တာ
မှန်ပေမယ့်တက်သိကျွမ်းကျင်တဲ့
ဆရာ၀န်တွေညွှန် ကြားမှသာ
သောက်သင့်ပါတယ်။

ခန္ဓာကိုယ်အတွင်းပိုင်းမှာ
မမြင်နိုင်တဲ့ကာကွယ်နေသော
အရာလေးတွေရှိပါတယ်

၀မ်းသွားလို့၀မ်းပိတ်ဆေးသောက်ရင်
၀မ်းပဲပိတ်တာပိုးတွေကိုမသေနိုင်ပါဘူး
ပိုးတွေပိုပြီး ပြန့်စေပါတယ်
အဲ့အတွက်ခန္ဓာကိုယ်ကို
မကာကွယ်နိုင်တော့ပါဘူး။

ကျောက်ကပ်‌ ကိုသွားတဲ့သွေးပမာဏ
နည်းပြီး ရုတ်တရက်
ကျောက်ကပ် ပျက်စီးတာထိ
ဖြစ်နိုင်တဲ့အတွက် ၀မ်းသွားရင်
၀မ်းပိတ်ဆေးမသောက်သင့်ပါဘူး။

အငံဓာတ်ပါတဲ့ဓာတ်ဆားရည်
မက်ထရို(Metro) လိုပိုးသတ်ဆေး
(လိုအပ်မှသာ) သာ
သောက်သုံးသင့်ပါတယ်ရှင့်။

TN Myat Thazin

#ကာလဝမ်းရောဂါ
#ရေကြီး #ရေလျှံ

လှည်းကူးမြို့ ရုံးဟောင်းလမ်းအတွင်းမေဃဝတီ ၃ လမ်း မှာလူ ၅၀ လောက် မနေ့ကစားရေး သောက်ရေး ခက်ခဲ နေပါတယ်လို့HIC ကိုဆက်သွယ်လာသဖြ...
15/10/2023

လှည်းကူးမြို့ ရုံးဟောင်းလမ်းအတွင်း
မေဃဝတီ ၃ လမ်း မှာ
လူ ၅၀ လောက် မနေ့က
စားရေး သောက်ရေး
ခက်ခဲ နေပါတယ်လို့
HIC ကိုဆက်သွယ်လာသဖြင့်

ယနေ့ 15.10.2023 (10:00Am) တွင်
အလှုရှင်များနှင့်အတူ
သွားရောက်ကူညီခဲ့ပါသည်။

ဒီလို လိုအပ်နေရာတွေကိုကူညီပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာရေဝင်နေမှမဟုတ်ပါဘူးရေမရှိတော့ပေမယ့်ဒုက္ခရောက်နေတဲ့သူတွေဒုနဲ့ဒေ...
14/10/2023

ဒီလို လိုအပ်နေရာတွေကို
ကူညီပေးဖို့
မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ

ရေဝင်နေမှမဟုတ်ပါဘူး
ရေမရှိတော့ပေမယ့်
ဒုက္ခရောက်နေတဲ့သူတွေ
ဒုနဲ့ဒေးပါပဲ

14.10.2023လှည်းကူးမြို့ အင်းတိုင်အနီးရှိတလုတ်ကုန်းကျေးရွာ တွင်ရေများအဆက်မပြတ်ဝင်ရောက်လျှက်ရှိနေပါသဖြင့်တစ်ရွာလုံးရေတွေဝင...
14/10/2023

14.10.2023
လှည်းကူးမြို့ အင်းတိုင်အနီးရှိ
တလုတ်ကုန်းကျေးရွာ တွင်
ရေများအဆက်မပြတ်
ဝင်ရောက်လျှက်ရှိနေပါသဖြင့်

တစ်ရွာလုံးရေတွေဝင်နေပါပြီလို့
HIC ကို သတင်းပို့ထားပါတယ်

#တလုတ်ကုန်း

14/10/2023

14.10.2023
ဒီနေ့ လှည်းကူးမြို့
မြို့ကြီးကုန်း မေဃဝတီ ၃ လမ်း
ထဲမှာ အစုလိုက် သက်ကြီးရွယ်အိုတွေနဲ့
စားရေးသောက်ရေး အစစအရာရာ
ဒုက္ခ ရောက်နေတဲ့
မိသားစု တွေရှိနေတယ်လို့
ဆက်သွယ်ထားပါတယ်
အယောက် ၅၀ ဝန်းကျင်လောက်

ရေသန့်ကိုကျွန်တော်တာဝန်ယူပါမယ်
အစားအစာ (အစို/အခြောက်)
ဖယောင်းတိုင် များ
ကူညီစေချင်ပါတယ်ဗျာ

ကူညီမယ့်သူများ
အမြန်ဆုံးဆက်သွယ်ပေးပါ

09792934347

Best Of Photo Of The Day13.10.2023''အဆင်မပြေပေမယ့် ဒုက္ခရောက်ချိန်ကိုယ့်ကိုအမြဲကူညီဖို့လာတာတွေ့ရတော့နေ့တိုင်းဝမ်းသာနေရပါ...
13/10/2023

Best Of Photo Of The Day
13.10.2023

''အဆင်မပြေပေမယ့် ဒုက္ခရောက်ချိန်
ကိုယ့်ကိုအမြဲကူညီဖို့လာတာတွေ့ရတော့
နေ့တိုင်းဝမ်းသာနေရပါတယ်''

လှည်းကူးမြို့ ဝါးနက်ကုန်းကျေးရွာ
နေထိုင်သူများ

13.10.2023 လှည်းကူးမြို့ တန့်မကြီးလမ်းအတွင်းရှိမေတ္တာဆောင်တွင် လူ ၄၀ ကျော်စားရေးသောက်ရေး ခက်ခဲနေပါတယ်လို့HIC ကို ဆက်သွယ်...
13/10/2023

13.10.2023
လှည်းကူးမြို့ တန့်မကြီးလမ်းအတွင်းရှိ
မေတ္တာဆောင်တွင် လူ ၄၀ ကျော်
စားရေးသောက်ရေး ခက်ခဲနေပါတယ်လို့
HIC ကို ဆက်သွယ်လာသဖြင့်

ယနေ့မနက် မှာ အလှုရှင်များနှင့်
HIC မှ သွားရောက် ကူညီခဲ့သည့်မှတ်တမ်း

13.10.2023 လှည်းကူးမြို့ တန့်မကြီးလမ်းအတွင်းရှိသုသာန် ဘေး ကျုးကျော်ရပ်ကွက်များတွင်ရေအများအပြားဝင်ရောက်လျှက်ရှိပြီးလူ 114...
13/10/2023

13.10.2023
လှည်းကူးမြို့ တန့်မကြီးလမ်းအတွင်းရှိ
သုသာန် ဘေး ကျုးကျော်ရပ်ကွက်များတွင်
ရေအများအပြားဝင်ရောက်လျှက်ရှိပြီး

လူ 114 ယောက် စားရေးသောက်ရေး
အခက်အခဲရှိနေပါကြောင်း
HIC ကို ဆက်သွယ်လာသဖြင့်

အလှုရှင်များနှင့် HIC မှ
သွားရောက်ကူညီခဲ့သည့်မှတ်တမ်း

13.10.2023ဝါးနက်ကုန်းစံ​ပြ ကျေးရွာနှင့်တလုတ်ကုန်း ကျေးရွာတို့ အားသွားရောက်ကူညီခဲ့သည့်မှတ်တမ်းများပဲ​ ဖြစ်ပါတယ်လှုဒါန်းပေ...
13/10/2023

13.10.2023

ဝါးနက်ကုန်းစံ​ပြ ကျေးရွာနှင့်
တလုတ်ကုန်း ကျေးရွာတို့ အား

သွားရောက်ကူညီခဲ့သည့်
မှတ်တမ်းများပဲ​ ဖြစ်ပါတယ်

လှုဒါန်းပေးကြသည့်
အလှုရှင်များနှင့်

ပါဝင်အားဖြည့်ကူညီပေးပါသော
သီတာအေးရပ်ကွက်မှ
အမျိုးသမီး Volunteer အဖွဲ့အား

ကျေးဇူးအများကြီးတင်ပါတယ်ဗျာ 🙏🏻

#လှည်းကူး
#ရေကြီး #ရေလျှံ

13/10/2023

13.10.2023
လှည်းကူးမြို့ တန့်မကြီးလမ်းအတွင်းရှိ
သုသာန် ဘေး ကျုးကျော်ရပ်ကွက်များတွင်
ရေအများအပြားဝင်ရောက်လျှက်ရှိပြီး

လူ 114 ယောက် စားရေးသောက်ရေး
အခက်အခဲရှိနေပါကြောင်း
HIC ကို ဆက်သွယ်လာသဖြင့်

အလှုရှင်များနှင့် HIC မှ
သွားရောက်ကူညီခဲ့ပါသည်။

13/10/2023

13.10.2023
လှည်းကူးမြို့ တန့်မကြီးလမ်းအတွင်းရှိ
မေတ္တာဆောင်တွင် လူ ၄၀ ကျော်
စားရေးသောက်ရေး ခက်ခဲနေပါတယ်လို့
HIC ကို ဆက်သွယ်လာသဖြင့်

ယနေ့မနက် မှာ အလှုရှင်များနှင့်
HIC မှ သွားရောက် ကူညီခဲ့ပါသည်။

Address


Website

Alerts

Be the first to know and let us send you an email when Hlegu Information Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share