New Dream Innovation

  • Home
  • New Dream Innovation

New Dream Innovation Your Satisfaction Is Our Pride

06/12/2016

စိတ်အားခွန်အားပေးနိုင်မည့် စကားစုများနှင့် ဓါတ်ပုံအနုပညာဖန်တီးမှုတို့ကို ဖော်ပြပေးသွားမယ့် Page ပါ။

We don't really know about the rules & laws. We are just enjoying and loving what we do. All of our creative artworks, we made them with the deepest love.

With Love,
Zote Creation

29/12/2015

"အသက်ငယ်စဉ်အချိန်မှာ လစာနဲ့ ကုမ္ပဏီကို ကြည့်ပြီး မရွေးပါနဲ့၊ သူဌေးကို ရွေးချယ်ပါ။"
*******************************************

ဒီစာလေးကို ဖတ်မိပြီးနောက်မှာ တချို့လူတွေလစာတွေအများကြီးရနေပေမယ့် အလုပ်မှာမပျော်ရွှင်တာတွေ၊ နှစ်ကြာလာပေမယ့် Skill တက်သင့်သလောက် မတက်လာတာတွေကို နားလည်ခဲ့ပါတယ်။

အတွေ့အကြုံကောင်းကောင်းမရှိသေးခင်မှာ လုပ်ငန်းကြီးတစ်ခုကို ၀င်လုပ်မယ်ဆိုရင် လစာဘယ်လောက်ကောင်းကောင်း၊ ဘာရာထူးနဲ့ဖြစ်ဖြစ် ခင်ဗျားဟာ စက်ယန္တရားကြီးတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်နိုင်မယ်။ ခင်ဗျားမှာ အထက်လူကြီး ဆယ်ယောက်လောက်က အဆင့်အဆင့် ဆုံးဖြတ်ပြီး ကျလာတဲ့ Instruction ပဲ ရှိမယ်။ ခင်ဗျားမှာ ဘာမှ Innovation လုပ်ခွင့်မရှိဘူး။

သူဌေးကောင်းကောင်းရဲ့ လက်အောက်မှာတော့ လစာနည်းသည့်တိုင်အောင် ခင်ဗျားဟာ စိတ်အားထက်သန်မှုတွေကို သင်ယူခွင့်ရမယ်၊ အိပ်မက်တွေကို သင်ယူခွင့်ရမယ်။ ကြိုးစားမှုပေါ်မူတည်ပြီး အခက်အခဲ ပြသနာတွေကို ကိုယ်တိုင် Critical Thinking လုပ်ခွင့်၊ Problem Solving လုပ်ခွင့်၊ Decision Making လုပ်ခွင့်၊ Innovation လုပ်ခွင့်တွေကို ရနိုင်မယ်။

ဝင်ငွေနဲ့ အောင်မြင်မှုကို တိုင်းတာခြင်းဟာ ရုပ်ရှင်သရုပ်ဆောင်လောကမှာ ပေတံတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမယ့် Steve Jobs, Larry Page, Mark Zuckerberg, Jack Ma တို့လို ကြီးကျယ်ခမ်းနားတဲ့ ပုဂ္ဂိုလ်တွေဟာ ငွေအတွက် အလုပ်လုပ်ခဲ့တာ မဟုတ်ပါဘူး။ သူတို့ ချစ်တဲ့အရာတွေကို လုပ်ရင်း အိပ်မက်တွေကို အကောင်အထည်ဖော်ခဲ့ကြတာပါ။

"အသက်သုံးဆယ်မတိုင်ခင်မှာ မင်းလစာဘယ်လောက်နဲ့ ဘယ်ကုမ္ပဏီမှာ လုပ်လဲဆိုတာအရေးမကြီးဘူး၊ မင်းဘယ်လိုသူဌေးဆီမှာ လုပ်လည်းဆိုတာကပဲ အရေးကြီးတယ်။"
Jack Ma(Founder & Executive Chairman of Alibaba Group)

ရေးသားသူ - အောင်ရဲသန့်
Quote Reference : Jack Ma Speech at South Korea, KBS Channel

04/08/2015

ပဲခူးမြို့က ရေဘေးသင့်ရပ်ကွက်တွေကို သွားရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ- Bangkok Post

The man who was crazy enough to think he could change the world, was the one who did.
27/09/2013

The man who was crazy enough to think he could change the world, was the one who did.

23/08/2013

New Dream Innovation

19/08/2013

"ဘဝက မမျှတဘူးဟု စိတ်ဓါတ်ကျနေသူများအတွက် တစ်သက်စာအားဆေး"

ဟုတ်ပါတယ်....
ဘဝက မမျှတပါဘူး....
လုံးဝ(လုံးဝ) မမျှတပါဘူး။ ဒါကို ကျွန်တော်တို့ အားလုံးလက်ခံနိုင်ရပါမယ်။ ကျူးကျော်ရပ်ကွက်မှာ နေ၊ ထမင်းတစ်နပ်စားဖို့ ပလတ်စတစ်ကောက် ပညာရေးဆိုတာဘယ်ဆီနေမှန်းမသိတဲ့ သူကို၊ အဆင့်မြင့်တက္က္ကသိုလ်ကြီးကို ဇိမ်ခံကားအကောင်းစားကြီးနဲ့ တက်နေတဲ့သူကို ပြပြီး လူတိုင်း ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်တာ၊ ကြိုးစားရင်ဘာမဆိုဖြစ်ပါတယ်ဆိုတဲ့ စကားက သူ့ အတွက်တော့ အားပေးစကားထက် ပြက်လုံးတစ်ခုဖြစ်နေမှာ သေချာပါတယ်။ ဒါပေမယ့် ဘဝဆိုတာ တူညီတဲ့ပန်းတိုင်နဲ့ ပထမ၊ဒုတိယ၊တတိယပဲ ရှိတဲ့ ပြိုင်ပွဲ တစ်ခုမဟုတ်ပါဘူး။ တူညီတဲ့ပန်းတိုင်၊ တူညီတဲ့လမ်းကြောင်း၊ တူညီတဲ့အနေအထားနဲ့ မျှမျှတတယှဉ်ပြိုင်ခွင့်ရတာ အားကစားပြိုင်ပွဲပါ။ လက်တွေ့ ဘဝမှာ လူတိုင်းမှာ မတူညီတဲ့ပန်းတိုင်၊ ပန်းတိုင်တူရင်တောင် မတူညီတဲ့လမ်းကြောင်း၊ လမ်းကြောင်းတူရင်တောင် မတူညီတဲ့ အနေအထား စသဖြင့် မတူညီခြင်းမျိုစုံနဲ့ သင်ဘယ်တော့မှ မျှမျှတတယှဉ်ပြိုင်ခွင့်ရမှာ မဟုတ်ပါဘူး။ ကံကောင်းတာတစ်ခုက ဘဝပြိုင်ပွဲမှာ အရှုံးအနိုင်ကို ပထမ၊ဒုတိယ၊တတိယ နဲ့ မတိုင်းတာပဲ ပန်းဝင်ခြင်းမဝင်ခြင်းနှင့်သာတိုင်းတာပါတယ်။ အခြားသူတွေ ပန်းတိုင်ကို ဇိမ်ခံကားကြီးနဲ့ ချွေးမထွက်ပဲ ဝင်သွားတဲ့အချိန်မှာ၊ ကိုယ်က အုတ်ခဲဆယ်လုံးထည့်ထားတဲ့ အိတ်ကို လွယ်ပြီး ပင်ပင်ပန်းပန်းပြေးနေရတာဖြစ်နိုင်ပါတယ်။ စိတ်ဓါတ်မကျပါနဲ့ ၊ ကိုယ့်နောက်မှာ အုတ်ခဲအလုံးနှစ်ဆယ်သယ်ပြီးပြေးနေရတဲ့သူတွေရှိနေပါသေးတယ်။ အဓိက ကကိုယ် သတ်မှတ်ထားတဲ့၊ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို အရောက်သွားနိုင်ဖို့ သာ အာရုံစိုက်ထားပါ။ သူများထက်နောက်ကျရောက်တာ အရင်ရောက်တာ မေ့ထားလိုက်ပါ။ ကိုယ်ရောက်တဲ့နေ့ က ကိုယ့်ရဲ့ အောင်မြင်မှုပါ။ ကိုယ့်ရဲ့ အောင်မြင်မှုအပေါ်ဖြစ်တဲ့ ဂုဏ်ယူစိတ်က ပင်ပန်းမှုနဲ့ တိုက်ရိုက် အချိုးကျမှာပါ။ ဇိမ်ခံကားကြီးနဲ့ ပန်းဝင်သွားတဲ့သူရဲ့ ပျော်ရွှင်မှုထက် အုတ်ခဲဆယ်လုံးနဲ့ ပန်းဝင်တဲ့သူရဲ့ ပျော်ရွှင်မှုက ပိုပါလိမ့်မယ်။ အုတ်ခဲဆယ်လုံးနဲ့ ပန်းဝင်တဲ့သူရဲ့ ပျော်ရွှင်မှုထက် အုတ်ခဲအလုံးနှစ်ဆယ်နဲ့ သူရဲ့ ပျော်ရွှင်မှုက ပိုဦးမှာပါ။
ဟုတ်ပါတယ်....
ဘဝက မမျှတပါဘူး....
ဒါကို သင်ရော၊ ကျွန်တော်ရော ကျေကျေနပ်နပ်နဲ့ ပျော်ပျော်ကြီးလက်ခံလိုက်ပြီး...
ကိုယ်သတ်မှတ်ထားတဲ့ ပန်းတိုင်ကို အရောက်သွားနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ အားလုံးနဲ့ " အောင်မြင်သူများ၏ မြို့ တော်" မှာ ပြန်ဆုံတွေ့ ရဖို့ မျော်လင့်ပါတယ်...
(by New Dream Management Team)

15/08/2013
User Input Validation in ASP.NET

Web Developer များ အတွက် အသုံးဝင်မှာပါ။ ထူးထူးဆန်းဆန်းကြီးတော့မဟုတ်ပါဘူး။ asp.net မှာ သုံးလို့ ရတဲ့ Validator တစ်ခုစီကို အသေးစိတ်ရှင်းပြထားပြီး ဥပမာလေးတွေပြထားပါတယ်။ Coding Time ကိုလျော့နိုင်ဖို့ တစ်ကယ်ကောင်းပါတယ်

http://msdn.microsoft.com/en-us/library/ms972961.aspx

Summary: Provides a brief overview of the validation framework in ASP.NET and walks through an example of adding validation to a page. (11 printed pages)

13/08/2013

MyanmarRobotics

ကမ္ဘာ့အအောင်မြင်ဆုံး လူငယ် အိုင်တီပညာရှင် တစ်ဦး ဖြစ်လာသူ David Karp



ပုံမှာ မြင်တွေ့နေရတဲ့သူက Tumblr အမည်ရ microblog/ social network တည်ထောင်သူ David Karp ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ မှာပဲ မွေးဖွား ကြီးပြင်း ပါတယ်။

သူ အထက်တန်းကျောင်း တောင် မတက်ခဲ့ဘူးဆိုရင် စာဖတ်သူတို့ ယုံပါ သလား။ တကယ် ဟုတ်ပါတယ်။ အသက် ၂၇ နှစ်သာ ရှိသေးတဲ့ David Karp ဟာ အထက်ကျောင်းသားဘဝကို စွန့်လွန့်ပြီး သူဝါသနာ ပါတဲ့ Web Developing ကို တစ်စိုက်မက်မက် လုပ်ကိုင်ခဲ့လို့ ဖြစ်ပါတယ်။

အသက် ၁၁ နှစ်သားကတည်းက HTML ကို ကောင်းကောင်း ရေး တတ် နေပြီ ဖြစ်ပြီး Clients ရလို့ ဝဘ်ဆိုဒ်တွေ တောင် ရေးပေးနေပါပြီ။ အသက် ၁၅ နှစ်ရောက်တဲ့ အချိန်မှာ ပရော်ဖက်ရှင်ကျတဲ့ Web Developing Service တွေ ဦးဆောင် လုပ်ကိုင်နေပါပြီ။

တစ်ချိန်တည်းမှာပဲ MIT လိုကျောင်းမျိုးမှာတက်ဖို့ အကမ်းလှမ်းခံရပေမယ့် သူ ငြင်းဆန်ခဲ့ပါတယ်။ သူဟာ သူဝါသနာပါတဲ့ Web Developing ကို Homeschooling သဘောမျိုးနဲ့ အထက်တန်းကျောင်းက ထွက်ပြီး လုပ်လိုက်တာ ၂၀၀၇ ခုနှစ်မှာ Tumblr အမည်ရ ဝဘ်ဆိုဒ် တစ်ခုကို ဖန်တီး လိုက်နိုင်ပါတယ်။

လက်ရှိ သူ့ဝဘ်ဆိုဒ်က တန်ကြေး အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရှိပြီး Yahoo ကို ၁.၁ ဘီလျံနဲ့ ရောင်းချ ခဲ့ပါတယ်။ ရောင်းပြီးလို့ David Karp အလုပ်လက်မဲ့ဖြစ်မသွားပါဘူး။ Tumblr ဝဘ်ဆိုဒ်ကို ဆက် Run ပေးဖို့ CEO ရာထူနဲ့လုပ်ကိုင်ရန် အကမ်းလှမ်းခံရပြီး တစ်နှစ်ကို လစာ အမေရိကန်ဒေါ်လာ ၁၀ သန်းရရှိမှာ ဖြစ်ပြီး ကာလပေါက်ဈေး ၄၁ သန်း တန်တဲ့ Tumblr ရှယ်ယာတွေကိုလည်းခွဲပေးလိုက်ပါတယ်။ လေးနှစ်စာ စာချုပ်နဲ့ အလုပ်ခန့်ထားတာပါ။

အတန်းပညာ လက်မှတ် မရှိပေမယ့် ပညာအရာမှာ ထူးချွန်တဲ့ David Karp ဟာလည်း ကမ္ဘာ့စွန့်ဦးတီထွင်သူ အိုင်တီ ပညာရှင် စာရင်းထဲသို့ ပါဝင်လာ ကြောင်း သိရပါတယ်။
Ref: wiki,mashble

Aung Kham (TSJ team)

https://blog.techspace.com.mm/2013/08/david-karp.html

13/08/2013

MyanmarRobotics

Yahoo တို့ Tumblr ဝယ်ပြီး Tumblr စီအီးအို ရာထူး မပြောင်းလဲ

Yahoo တို့ Tumblr ကို ဝယ်လိုက်ပြီ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁.၁ ဘီလျံ အကုန်ကျခံပြီး ဝယ်ယူလိုက်တဲ့ Tumblr မှာ ခန့်အပ်မယ့် စီအီးအို ကလည်းအခြားမဟုတ်ပါဘူး။ Tumblr ကို ရောင်းလိုက်တဲ့ ပိုင်ရှင် David Karp ကိုပဲ ပြန်လည် ခန့်အပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ယင်သို့ ခန့်အပ်ခြင်းကို ကမ္ဘာကို အံ့သြသွားစေခဲ့ပါတယ်။ ငါးကြင်းဆီနဲ့ ငါးကြင်း ပြန်ကြော်သလို ဖြစ်နေတဲ့ ယခု ကိစ္စအတွက် ဝမ်းမြောက်သူများ ကတော့ Tumblr အဖွဲ့သားများ ဖြစ်ပါတယ်။ David Karp ဟာ Tumblr ကို တည်ထောင်သူ အသက် ၂၇ နှစ်သာ ရှိသေးတဲ့ လူငယ် တစ်ဦး ဖြစ်ပါတယ်။ ကမ္ဘာ မှာ အသုံးပြုသူ အရေအတွက် များပြားလာအောင် Tumblr ကို ဖန်တီးပေးနိုင် သူ ဖြစ်ပြီး microblogging မှာ ထိပ်တန်း ရပ်တည်နေတဲ့ ဝဘ်ဆိုဒ် ဖြစ်ပါတယ်။ Tumblr က Facebook တို့နဲ့လည်း သိပ်မဆင် ပါဘူး။ ဓာတ်ပုံကို အဓိက ထား Share တဲ့ Social Network တစ်ခုပြီး Blog သဘောမျိုး ဖန်တီးဖို့ UI ပေးထားတဲ့ ဆိုဒ် ဖြစ်ပါတယ်။

နှစ်စဉ် ဝင်ငွေမြင့်တက်နေတဲ့ Tumblr ရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ အထက်မှာ ရှိနေပြီး Youtube က ဈေးတင် ဝယ်ယူခဲ့ခြင်း ဖြစ် ပါတယ်။ ပြီးတော့ စီအီးအို David Karp ကိုပဲ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့ လေးနှစ်စာချုပ်ချုပ်ဆိုထားပြီး Tumblr ရှယ်ယာ ၄၁ သန်းကိုလည်း လွဲပေးလိုက်ပါတယ်။ David Karp အတွက် အရှုံးလုံးဝ မရှိပါဘူး။

Tumblr ကို သူ့စိတ်ကြိုက် ဆက် run နိုင်တဲ့အပြင် ကမ္ဘာ့ လစာအများဆုံး စီးအီးအို စာရင်းထဲမှာတောင် ပါဝင်လာဖွယ် ရှိပါတယ်။ ဒါကြောင့် Tumblr ကို လက်ရှိအချိန်ထိ ပိုမိုအောင်မြင်သွားရန် ကြိုးပမ်းသွားမယ်လို့ David Karp မှ တရားဝင် ပြောဆိုခဲ့ကြောင်း သိရပါတယ်။
Ref: mashable

http://blog.techspace.com.mm/2013/08/yahoo-tumblr-tumblr.html

12/08/2013

Myanmar Model Management

12/08/2013

Untitled Album

16/07/2013

New Dream Innovation's cover photo

Address


Website

Alerts

Be the first to know and let us send you an email when New Dream Innovation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share