Everyday Byte

  • Home
  • Everyday Byte

Everyday Byte Productivity နဲ့ management အကြောင်းတွေ ပြောကြမယ်။

11/01/2024

ကျွန်တော် ကျန်းမာရေးအခြေအနေတချို့ကြောင့် ဒီကြားထဲမှာ post လေးတွေ မတင်နိုင်ဖြစ်သွားပါတယ်ဗျ။ စိတ်ဝင်စားစရာကောင်း၊ အကျိုးရှိစေမဲ့ content လေးတွေနဲ့ သိပ်မကြာခင် ပြန်လာခဲ့ပါ့မယ်။

ကျေးဇူးတင်ပါတယ်။

10/12/2023

ဒီနေ့မှာတော့ Excel သုံးတဲ့ နေရာမှာ အရမ်းအသုံးဝင်တဲ့ cell reference ရဲ့ relative နဲ့ absolute cell reference တွေ အကြောင်းကို ဆွေးနွေးထားပါတယ်။ Video နဲနဲ ရှည်ပါတယ်။ ဒါပေမဲ့ သူ့နောက်ကွယ်က ဘယ်လို အလုပ်လုပ်သလဲဆိုတာကို နားလည်ရင် ကိုယ့်အတွက် လိုအပ်သလို ယူသုံးလို့ ရနိုင်တာတွေ အများကြီးရှိပါတယ်။

Enjoy with a cup of coffee or whatever you prefer 😄

အားလုံးအဆင်ပြေကြပါစေ။ And see you in the next video!
Wai Yan

03/12/2023

ဒီနေ့မှာတော့ ဒီနေ့ခေတ်ရဲ့ နေ့တဓူဝ မပါမဖြစ်တဲ့ data တွေနဲ့ သက်ဆိုင်တဲ့ data visualization (ဒေတာများကို ပုံဖော်ခြင်း) နဲ့ ပတ်သက်လို့ မိတ်ဆက်ခြင်းနဲ့ data visualization ရဲ့ အရေးကြီး၊​ အရေးပါပုံကို case study လေး သုံးပြီး ဆွေးနွေးထားပါတယ်။ မေးချင်တာတွေများရှိရင် comment ချန်ခဲ့လို့ရပါတယ်။ ဒီလို topics တွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားတယ်ဆိုရင် နောက်ပိုင်းမှာလည်း ဒီလို content တွေ ဆက်ပြီး တင်ပေးသွားဖို့ရှိတာကြောင့် ကျွန်တော်တို့ရဲ့ Everyday Byte page ကို like and follow လုပ်ဖို့လည်း မမေ့နဲ့ဦးနော်။

အားလုံးအဆင်ပြေကြပါစေ။
Wai Yan

26/11/2023

ဒီနေ့တော့ PowerPoint သုံးတဲ့နေရာမှာ ပိုပြီး efficient ဖြစ်နိုင်မဲ့ tips & tricks လေးတွေ မျှဝေပေးထားပါတယ်။ PowerPoint က visually communicate လုပ်တဲ့ နေရာမှာ အရေးပါတဲ့ tool တခုဖြစ်ပြီးတော့ ဒီနေ့ခေတ်ရဲ့ productivity tool တွေထဲက တခုဖြစ်တာကြောင့် ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ထားဖို့ လိုမယ်လို့ မြင်မိတယ်။ ဒီနေ့မျှဝေပေးသွားမဲ့ tips & tricks လေးတွေက day-to-day လုပ်ငန်းခွင်တွေမှာ အသုံးတည့်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သိချင်တာရှိရင်လည်း မေးခဲ့လို့ရပါတယ်။

အားလုံးအဆင်ပြေကြပါစေ။

Wai Yan

How’s everyone?ဒီနေ့ည ၇ နာရီကျရင် PowerPoint နဲ့ ပတ်သက်တဲ့ tips and tricks လေးတွေ share ပေးသွားမယ်နော်။ကောင်းသောနေ့ဖြစ်က...
26/11/2023

How’s everyone?

ဒီနေ့ည ၇ နာရီကျရင် PowerPoint နဲ့ ပတ်သက်တဲ့ tips and tricks လေးတွေ share ပေးသွားမယ်နော်။

ကောင်းသောနေ့ဖြစ်ကြပါစေဗျာ။

Notion က စွယ်စုံရတဲ့ tool တခုလို့ ပြောလို့ရတယ်။ တနေ့တာရဲ့ To-dos list လေးတွေ ဖန်တီးတာကစလို့ အဖွဲ့အစည်းတခုလုံးနဲ့ ဆိုင်တဲ...
22/11/2023

Notion က စွယ်စုံရတဲ့ tool တခုလို့ ပြောလို့ရတယ်။ တနေ့တာရဲ့ To-dos list လေးတွေ ဖန်တီးတာကစလို့ အဖွဲ့အစည်းတခုလုံးနဲ့ ဆိုင်တဲ့ အချက်အလက်တွေ ထားသိုပြီး အဖွဲ့အစည်းအတွင်းမှာ ရှိတဲ့ ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ သိသင့်၊ သိထိုက်တာတွေကို အချိန်နဲ့ တပြေးညီ သိနိုင်အောင် လုပ်ပေးနိုင်တဲ့ tool တခုလို့ ပြောရင်လည်းမမှားဘူး။

ကိုယ် ဖန်တီးရင် ဖန်တီးသလောက် ရတယ်ဆိုပေမဲ့ အရမ်းကြီး ရှုပ်ထွေးနေလို့လည်း မဖြစ်ပြန်ဘူး။ ဒါကြောင့် အစပိုင်းမှာ စမ်းသုံးကြည့်တဲ့သူတွေအနေနဲ့ဆိုရင် To-dos list လောက်လေးတွေနဲ့ စစမ်းကြည့်သင့်တယ်။ နောက်ပိုင်းကျမှ သူ့ရဲ့ အရမ်းအသုံးဝင်တဲ့ database တို့လို functions တွေထိ သုံးနိုင်အောင် လေ့လာသွားရင်း ကိုယ့်အတွက်ပဲဖြစ်ဖြစ် အဖွဲ့အစည်းတွေအတွက်ပဲ ဖြစ်ဖြစ် လိုအပ်တဲ့ tool တွေ ဖန်တီးတည်ဆောက်သွားလို့ရတယ်။ ကျွန်တော့်အတွက်တော့ Notion သုံးရတာက LEGO တွေဆက်နေရသလို ခံစားမိစေတယ်။

Notion ကို စမ်းသုံးကြည့်ချင်ရင်

- computer အတွက်ဆို https://www.notion.so/desktop
- phone အတွက်ဆို https://www.notion.so/mobile

Notion ကနေပဲ ဖန်တီးပေးထားတဲ့ How-to tutorials တွေ လေ့လာချင်ရင် https://www.notion.so/help/notion-academy မှာ သွားကြည့်လို့ရပါတယ်။

အားလုံးအဆင်ပြေကြပါစေ။

Wai Yan

19/11/2023

ဒီနေ့တော့ Excel သုံးတဲ့ နေရာမှာ ပိုပြီး efficient ဖြစ်နိုင်မဲ့ tips & tricks လေး တချို့ကို ပြောပြပေးသွားမယ်ဗျ။ သိချင်တာရှိရင်လည်း မေးခဲ့လို့ရပါတယ်။

အားလုံးအဆင်ပြေကြပါစေ။

Wai Yan

အခုနောက်ပိုင်း ဘဝက နေနေရတာ ခက်ခဲ၊ ပင်ပန်းတယ်လို့ ခံစားမိလာတာနဲ့အမျှ ဘယ်အရာကများ ကိုယ့်စိတ်ကို ပိုအဆင်ပြေစေမလဲဆိုပြီး လို...
18/11/2023

အခုနောက်ပိုင်း ဘဝက နေနေရတာ ခက်ခဲ၊ ပင်ပန်းတယ်လို့ ခံစားမိလာတာနဲ့အမျှ ဘယ်အရာကများ ကိုယ့်စိတ်ကို ပိုအဆင်ပြေစေမလဲဆိုပြီး လိုက်ရှာကြည့်မိတယ်။ Stoicism ကို သွားတွေ့တယ်။

Stoicism ရဲ့ သဘောတရားက ကျွန်တော်နားလည်သလောက် ကိုယ် ထိန်းချုပ်နိုင်တဲ့ အရာကိုသာ အာရုံစိုက်ပြီး အကောင်းဆုံးလုပ်မယ်။ ကိုယ့် ထိန်းချုပ်မှု ပြင်ပမှာရှိနေတဲ့ အရာတွေနဲ့ ပတ်သက်ပြီး သောကများမနေတာမျိုးပေါ့။ ဥပမာ မဖြစ်သေးတဲ့အရာတွေအတွက် ကျွန်တော်တို့ အတွေးလွန်နေပြီး သောကများနေမှာထက် ကိုယ့်အနေနဲ့ အနီးစပ်ဆုံး ဘာလုပ်လို့ရသလဲ။ အဲ့တာကိုသာ လုပ်လိုက်တာမျိုးပေါ့။ မြန်မာလိုဆိုရင် ဥပေက္ခာနဲ့ အနီးစပ်ဆုံး ဖြစ်မယ်ထင်တယ်။

ဘာကောင်းစေလဲဆိုတော့ ကိုယ် ထိန်းချုပ်နိုင်တာကိုပဲ အာရုံစိုက်၊ အကောင်းဆုံးလုပ်တာနဲ့ အမျှ၊ ကိုယ်ထိန်းချုပ်လို့မရတဲ့ အရာတွေနဲ့ ပတ်သက်လို့ စိတ်ကို လျှော့ချထားတဲ့ အလျောက် ကိုယ့် စိတ်က ပိုကြည်လာနိုင်တယ်။ ပိုတည်ငြိမ်လာနိုင်တယ်။ နောက် ပိုပြီး ကြံ့ခိုင်လာနိုင်တယ်။

ကျွန်တော်လည်း အဲ့ဒီ Stoicism ခရီးကို စမ်းလျှောက်နေဆဲ ဆိုပေမဲ့ လက်တွေ့ ကောင်းကျိုးလေးတွေလည်း ခံစားလာရတဲ့ အလျောက် ကျွန်တော် လေ့လာသလောက်၊ သိသလောက်လေးတွေကို မျှဝေပေးသွားပါ့မယ်။

အားလုံးအဆင်ပြေကြပါစေ။

Wai Yan

"ဘယ်လို ရောင်းရမလဲဆိုတာ သင်ယူ၊ ဖန်တီးတည်ဆောက်တတ်အောင်လည်း သင်ယူ၊ ဒီနှစ်ခုစလုံးလုပ်တတ်ရင်တော့ ဘယ်သူမှ မင်းကို တားလို့မရတေ...
17/11/2023

"ဘယ်လို ရောင်းရမလဲဆိုတာ သင်ယူ၊ ဖန်တီးတည်ဆောက်တတ်အောင်လည်း သင်ယူ၊ ဒီနှစ်ခုစလုံးလုပ်တတ်ရင်တော့ ဘယ်သူမှ မင်းကို တားလို့မရတော့ဘူး။"

Naval Ravikant

Naval ကို သဘောကျတာက သူ့အတွေးတွေကို ရှင်းလင်း၊ ပြတ်သားနေအောင် ပြောတတ်၊ ရေးတတ်တာတွေပေါ့။ သူ့ tweetstorms တွေ၊ သူ ပြောထားတာတွေကို တစ်နေရာထဲမှာ ဖတ်ချင်ရင် Ebook လုပ်ပေးထားတာရှိပါတယ်။ အောက်က link ကတဆင့် သွားဖတ်လို့ရပါတယ်။

https://www.navalmanack.com

ကိုယ့်ရဲ့ လက်ရှိ အလုပ်နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ငွေဝင် ငွေထွက်နဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ ဘဝနဲ့ ပတ်သက်လို့ဖြစ်ဖြစ် စီမံခန့်ခ...
15/11/2023

ကိုယ့်ရဲ့ လက်ရှိ အလုပ်နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ငွေဝင် ငွေထွက်နဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ ဘဝနဲ့ ပတ်သက်လို့ဖြစ်ဖြစ် စီမံခန့်ခွဲတဲ့နေရာမှာ ဘယ်လို tools တွေများ အသုံးပြုနေသလဲဗျ။

ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ personal projects တွေ၊ content calendar တွေ၊ financial နဲ့ ပတ်သက်ရင် လက်ရှိ Notion ကို သုံးပြီး စီမံခန့်ခွဲနေတယ်ဗျ။

နောက်ပိုင်းမှာ ဒီလို organisation and productivity tool တွေ အသုံးပြုပုံနဲ့ ပတ်သက်လို့လည်း ဆက်ပြီး တင်ပေးသွားပါဦးမယ်။

Wai Yan

A new tool that blends your everyday work apps into one. It's the all-in-one workspace for you and your team.

လူတိုင်းရဲ့ တစ်ရက်တာက ၂၄ နာရီပဲ။ ဒါပေမဲ့ ကိုယ့်မှာရှိတဲ့ အချိန်ကို ကောင်းကောင်းအသုံးမချနိုင်ရင် ကိုယ်ရောက်ချင်တဲ့၊ ဖြစ်ခ...
12/11/2023

လူတိုင်းရဲ့ တစ်ရက်တာက ၂၄ နာရီပဲ။ ဒါပေမဲ့ ကိုယ့်မှာရှိတဲ့ အချိန်ကို ကောင်းကောင်းအသုံးမချနိုင်ရင် ကိုယ်ရောက်ချင်တဲ့၊ ဖြစ်ချင်တဲ့၊ လုပ်ချင်တဲ့ အရာတွေကို လုပ်နိုင်ဖို့ အခွင့်အလမ်းတွေ ဆုံးရှုံးသွားနိုင်တယ်။ ဒီတပတ်မှာ အချိန်စီမံခန့်ခွဲတာနဲ့ ပတ်သက်လို့ အသုံးဝင်မဲ့ tool တစ်ခု အကြောင်းပြောပြထားပါတယ်။

A dire need of productivity

ကျွန်တော်တို့ အနေနဲ့ corporate ladder ကို တဖြည်းဖြည်းတက်လာတာနဲ့ အမျှ နောက်ကလိုက်လာတာက များပြားလှတဲ့ tasks တွေနဲ့ projects တွေ၊ မပြီးနိုင်တဲ့ မီတင်တွေအပြင် လူတွေကို စီမံခန့်ခွဲရတာတွေ ပါလာတတ်တယ်။ အဲ့ဒီလို အချိန်မှာ ကျွန်တော်တို့အနေနဲ့ ကိုယ့်အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်မှသာ

* ကိုယ်လုပ်ရမဲ့ အလုပ်တွေကို အချိန်မီ လုပ်နိုင်မယ်၊ ပေးပို့နိုင်မယ်။

* ကိုယ့်အဖွဲ့သားတွေနဲ့ ပုံမှန် ချိတ်ဆက်စကားပြောလေ့ရှိမှ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနိုင်မယ်။

* ကိုယ်က ဦးဆောင်ရမဲ့ မီတင်မျိုးဆိုရင်လည်း agenda တွေ သေချာပြင်ဆင်တာမျိုး၊ ကိုယ် ပါဝင် contribute ရမယ်ဆိုရင်လည်း agenda ကို သေချာကြည့်ပြီး ကိုလုပ်ပေးနိုင်တာကို သေချာပြုစုထားတာမျိုး လုပ်ထားခြင်းအားဖြင့် ပိုပြီး ထိရောက်မှု၊ သက်ရောက်မှုရှိနိုင်မယ်။

ဒီလိုများပြားလှတဲ့ တာဝန်ဝတ္တရားတွေကို ထိထိရောက်ရောက် လုပ်နိုင်ဖို့ဆိုတာက ကိုယ့်ဖက်က ပြင်ဆင်မှု မရှိရင် မရနိုင်ဘူး။

Time blocking

ဒီနေ့ ကျွန်တော် ပြောပြချင်တာက ကိုယ့်အချိန်ကို သေချာ စီမံခန့်ခွဲတဲ့နေရာမှာ၊ တာဝန်တွေကို မလစ်ဟင်းအောင် လုပ်ဆောင်နိုင်အောင် ကူညီပေးနိုင်မဲ့ tool လေး တခုပဲ ဖြစ်ပါတယ်။ ဒါက လုပ်ငန်းခွင်ဝင်နေတဲ့ သူတွေအတွက်ပဲ အသုံးတည့်တာမဟုတ်ပါဘူး။ Personal life မှာလည်း သုံးလို့ရတယ်။ အဲ့တာကတော့ time blocking လို့ ခေါ်ပါတယ်။ Time blocking လုပ်တယ်ဆိုတာက သူ့ နာမည်အတိုင်းပဲ ကိုယ့်အချိန်တွေကို ကန့်သတ်ထားပြီး ဘယ်အချိန်မှာတော့ ဘာလုပ်မယ်၊ ဘယ်အချိန်ကနေ ဘယ်အချိန်ကတော့ မီတင်အတွက် ပြင်ဆင်ရမယ်ဆိုတာမျိုး၊ နောက်တမျိုးမြင်လို့ရတာက ကိုယ့်အချိန်တွေကို တနာရီစာဘလောက်တုံးလေးတွေလို သဘောထားပြီး စီမံခန့်ခွဲတာပဲ ဖြစ်တယ်။

Benefits of time blocking

Time blocking ရဲ့ ကောင်းကျိုးတွေက

* အချိန်ဆွဲနေတာတွေ လျော့ပါးလာမယ်။ ကိုယ်လုပ်ရမဲ့ tasks တွေရှိနေတယ်၊ ဒီ tasks တွေကို သေချာစီစဥ်၊ time block ပြီး လုပ်မယ်ဆိုရင် ကိုယ်မသိလိုက်ရပဲ သူနဲ့ သက်ဆိုင်ရာ projects တွေ ရှေ့ရောက်ဖို့ (progress ဖြစ်ဖို့) လုပ်ဆောင်ပြီးသား ဖြစ်လိမ့်မယ်။

* Multi-tasking လုပ်တာမျိုးမဟုတ်ပဲ task တခုတည်းကိုပဲ အချိန်အတိုင်းအတာတခုထိ အာရုံစိုက်လုပ်ဆောင်နိုင်စေတယ်။ Deep work ရစေတယ်ပေါ့ဗျာ။ ဒါက ပိုပြီး အလုပ်ပြီးမြောက်မှု မြင့်စေတယ်။ (ဒီအချိန်အတွင်းမှာ ဖုန်းသုံးတာမျိုး၊ တခြားလူနဲ့ စကားပြောတာမျိုး၊ ကိုယ့် အာရုံပျက်ပြားစေမဲ့ အရာတွေတော့ မလုပ်မိစေနဲ့ပေါ့။)

* တနေ့တာကို ကြိုပြင်ဆင်ထားရတာမျိုးဖြစ်တဲ့အတွက် ဒီတနေ့တာမှာ ဘာလုပ်ရမယ်၊ ဘာမီတင်တွေရှိလဲ၊ ဘာတွေတော့ deliver လုပ်ရမယ်ဆိုတာမျိုး သိနိုင်တယ်။ ကိုယ့်တနေ့တာကို ကိုယ်ပိုင်ဆိုင်တယ်ဆိုတဲ့ ခံစားချက်ကို ပေးနိုင်တယ်။ အဲ့တော့ တခုခုဆို ပြာယာခတ်မနေတော့ဘူးပေါ့။ (တနေ့တာ ပြင်ဆင်တာက အဆင်ပြေလာပြီဆိုရင် တဖြည်းဖြည်း တိုးသွားကြည့်ပါ၊ ဥပမာ နှစ်ရက်စာ၊ သုံးရက်စာ၊ စသည်ဖြင့်ပေါ့။)

ဒါတွေက time block လုပ်ခြင်းရဲ့ ကျွန်တော့်အနေနဲ့ မြင်သာ၊ သိသာတဲ့ ကောင်းကျိုးတွေထဲက တချို့ပေါ့။ Time blocking ကို ကျွန်တော်လုပ်လာတာ အတော်ကြာပြီ။ အဓိက ကျွန်တော်က multi-tasking မကောင်းတဲ့အတွက် ဘယ်လိုနည်းလမ်းတွေကောင်းမလဲ ရှာဖတ်ရင်းကနေ ဒီနည်းလမ်းကို တွေ့လာတာပါ။ စမ်းပြီး လုပ်ကြည့်ပါ။ ဒီနေ့လို distraction တွေများတဲ့ ခေတ်မှာ တခုခုကို သေချာအာရုံစိုက်လုပ်ဆောင်နိုင်ဖို့ဆိုတာက အတော့်ကို ခက်ခဲလာပါပြီ။

How does it work?

ဒါဆိုရင် time blocking ဘလို လုပ်ကြမလဲ? ငယ်ငယ်က ကျောင်းတက်ခဲ့တဲ့ ကာလတစ်ခုကို ပြန်တွေးကြည့်လိုက်ရင် နောက်တစ်ရက် ဘယ်အချိန်ပါလို့ ဘာစာအုပ်တွေထည့်ရမလဲဆိုတာ သိဖို့ အချိန်ဇယားကို ပြေးကြည့်ရတယ်မလား။ Time blocking လုပ်တာလည်း အဲ့ဒီသဘောတရားအတိုင်းပဲ။ ကိုယ့်တနေ့တာမှာ ဘာတွေလုပ်ရမလဲဆိုတာ၊ ကို ဒီနေ့ဘယ်သူနဲ့ မီတင်ရှိသလဲ။ ဘာတွေ deliver လုပ်ရမလဲ၊ deadline ရှိနေသလဲ စသည် စသည်ဖြင့်ပေါ့ To-do list လိုလေးရှိဖို့လိုမယ်။

ကိုယ့်တနေ့တာရဲ့ ဘယ်အပိုင်းအခြားမှာ ဒီ To-do list ထဲက ဘယ် task ကို လုပ်မလဲဆိုတာ စဥ်းစား၊ ဘယ်လို စဥ်းစားသင့်သလဲဆိုရင် အရေးကြီးမှု၊ အရေးပါမှုကို ကြည့်၊ ပြီးရင် အရေးကြီးတာ၊ deadline ရှိနေတာတွေကိုဆိုရင် အရင်လုပ်ဖို့ ဦးစားပေးလိုက် (ဒီနေရာမှာ ဦးစာပေးလုပ်ရမဲ့ အလုပ်တွေကို အကဲဖြတ်နိုင်ဖို့ Eisenhower matrix ဆိုတာကို ရှာကြည့်လို့လည်း ရတယ်။ သူကကျ ကိုယ်လုပ်ရမဲ့ အလုပ်တွေကို အရေးပေါ်၊ အရေးကြီး အကွက်လေးကွက်ထဲမှာ နေရာချပြီး ဘယ်ဟာကို ဦးစားပေးသင့်လဲ ရွေးချယ်တဲ့ နေရာမှာ အထောက်အကူပေးနိုင်တဲ့ နောက်ထပ် tool တမျိုးပေါ့။ သူ့အကြောင်းကိုလည်း နောက်ပိုင်းထပ်ရေးပေးပါ့မယ်။)

ပြီးရင် ကိုယ့်တနေ့တာကို တနာရီစာ ဘလောက်တုံးလေးတွေ လုပ်လိုက်၊ ပြီးရင် ခုနက လုပ်ရမဲ့ အလုပ်တွေကို သင့်လျော်တဲ့ ဘလောက်တုံးလေးတွေထဲမှာ နေရာချပေးလိုက်ရုံပါပဲ။ အလုပ်တခုနဲ့ နောက်တခုကို ကပ်လျက်တော့ မလုပ်သင့်ဘူး။ ကြားထဲမှာ ၁၀ ~ ၁၅ မိနစ်လောက်ဖြစ်ဖြစ် ‘ဟ’ ပေးထားသင့်တယ်။ ဘာလို့ဆို အလုပ်တခုကနေ နောက်တခု အပြောင်းမှာ အာရုံချက်ချင်း ပြန်စိုက်နိုင်ဖို့ မလွယ်ကူတတ်လို့ပါ။

What does it take to make time blocking effective?

ဒီနေရာမှာ တခု သတိထားဖို့က time block လုပ်တယ်ဆိုတာက ကျွန်တော်တို့အနေနဲ့ tool တခုကို အသုံးပြုလိုက်သလိုပဲ။ ဆိုလိုတာက time block လုပ်လိုက်ရုံနဲ့ အရာရာ လက်ဖျောက်တီးလိုက်သလို အဆင်ပြေပြီး productivity တွေ တိုးလာမှာ မဟုတ်ဘူးလို့ ဆိုလိုချင်တာပါ။ Time blocking ကို အလုပ်ဖြစ်ဖို့ဆိုရင် accountability ယူဖို့ လိုတယ်။ ကိုယ်က ဒီအချိန်မှာ ဒါလုပ်မယ်ဆို ဒါပဲ လုပ်ပါ။ အဲ့အချိန်မှာ တခြားအရာတွေကို တတ်နိုင်သလောက် မလုပ်ပဲ ကိုယ် လုပ်မယ်ဆိုတဲ့ အပေါ်ပဲ အာရုံစိုက်၊ ပြီးမြောက်အောင် လုပ်ဆောင်ဖို့ပါပဲ။

ဒီလို content တွေကို စာနဲ့ ရေးတာမျိုးမဟုတ်ပဲ video၊ audio လို ပုံစံမျိုးနဲ့ ကြည့်ချင်၊ နားထောင်ချင်တယ်ဆိုရင်လည်း ပြောပေးပါဗျ။ အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်မှ ဆက်ပြောကြတာပေါ့။

အားလုံးအဆင်ပြေကြပါစေ။
Wai Yan

အရင်ဆုံး ကျွန်တော့်ကို ကျွန်တော်မိတ်ဆက်ပါရစေ။ ကျွန်တော်က လက်ရှိ စီးပွားရေးအကြံပေး ကုမ္ပဏီတစ်ခုမှာ စီးပွားရေးအကြံပေးအနေနဲ...
31/10/2023

အရင်ဆုံး ကျွန်တော့်ကို ကျွန်တော်မိတ်ဆက်ပါရစေ။ ကျွန်တော်က လက်ရှိ စီးပွားရေးအကြံပေး ကုမ္ပဏီတစ်ခုမှာ စီးပွားရေးအကြံပေးအနေနဲ့ အလုပ်လုပ်နေတယ်။ အကြံပေးအနေနဲ့ လုပ်လာတာ လုပ်သက် တစ်ခုလောက်ရလာတာရယ်၊ MSMEs/Corporates/NGOs/INGOs အသေးအကြီးအစုံနဲ့ အနီးကပ်အတူအလုပ်လုပ်လာရတာနဲ့အမျှ ကိုယ့်အနေနဲ့ ရခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်မျှဝေနိုင်တဲ့ အနေအထားတစ်ခု ရောက်လာတယ်လို့မြင်တာရယ်၊ ဖတ်တဲ့လူအတွက် အကျိုးရှိမယ်လို့ ယုံကြည်တာရယ်ကြောင့် ဒီအတွေ့အကြုံတွေကို ဒီ Everyday Byte page ကနေတဆင့် ပြန်မျှဝေပေးသွားဖို့ ဖြစ်လာတာပါ။

အဓိက ကျွန်တော်မျှဝေပေးသွားချင်တာတွေက စီးပွားရေးအကြံပေးအနေနဲ့ နေ့တိုင်း အလုပ်လုပ်တဲ့အချိန်မှာ လက်တွေ့ကြုံရတဲ့၊ သုံးရတဲ့

- productivity နဲ့ ဆိုင်တဲ့ tools နဲ့ tips တွေ၊
- project management နဲ့ ပတ်သက်တဲ့ tools နဲ့ tips တွေ၊
- data collection & analysis လုပ်တာတွေ၊
- analysis ကနေရလာတဲ့ insights တွေကို တခြားသက်ဆိုင်သူတွေနားလည်လာအောင် ဘယ်လို ဆက်သွယ်ပြောဆိုမလဲဆိုတာတွေ၊
- ဒီနေ့ခေတ်ရဲ့ မပါမဖြစ် productivity tools တွေဖြစ်တဲ့ Microsoft Excel, PowerPoint, Word နဲ့ ပတ်သက်တဲ့ အသုံးပြုပုံ tips & tricks တွေ နဲ့ပတ်သက်ပြီး မျှဝေသွားနိုင်ဖို့ ရည်ရွယ်ပါတယ်။

ဆိုတော့ ဒီလို အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတယ်၊ ကိုယ့်ရဲ့ နေ့စဥ်လုပ်ငန်းခွင်မှာ ပိုပြီး efficient ဖြစ်လာအောင် အသုံးပြုလို့ရနိုင်တဲ့ tips & tricks တွေကို လိုချင်တယ်ဆိုရင်တော့ မိတ်ဆွေအနေနဲ့ Everyday Byte page ကို follow and like သာ လုပ်ထားလိုက်ပါ။ စိတ်ဝင်စားဖို့ကောင်းမဲ့ content တွေ၊ insights တွေယူလာပေးဖို့က ကျွန်တော့်တာဝန်ထားပါ။

သိပ်မကြာခင် ဒီ Everyday Byte page ရဲ့ ပထမဆုံး content နဲ့ ပြန်လာခဲ့မှာမို့ စောင့်မျှော်ပေးကြပါဦးဗျ။

အစစ အရာရာ အဆင်ပြေကြပါစေ။

Address


Website

Alerts

Be the first to know and let us send you an email when Everyday Byte posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share