Way back home

  • Home
  • Way back home

Way back home Social Media Advertising Company

ကိုယ်စားလှယ်ကြီး မင်မင်တို့ ( way back home ) ဆီမှာ အမြန်ဆုံးလာဝယ်ကြပါဉီး။The End Of Dictatorship ရဲ့အစ -❌  "The End of ...
04/09/2024

ကိုယ်စားလှယ်ကြီး မင်မင်တို့ ( way back home ) ဆီမှာ အမြန်ဆုံးလာဝယ်ကြပါဉီး။

The End Of Dictatorship ရဲ့အစ -
❌ "The End of Dictatorship" project ကို စီမံဘဏ္ဍာဝန်ကြီးဌာနက အစိုးရစီမံကိန်း တခုအနေနဲ့ 5th May 2022 မှာ စတင်အကောင်အထည်ဖေါ်လိုက်ပါတယ်။
The End of Dictatorship ရဲ့ ပထမဆုံး EOD project အဖြစ် မင်းအောင်လှိုင် မတရားသိမ်းပြီး မိသားစုအိမ်လုပ်ထားတဲ့ 14 အင်းလျားလမ်းအိမ်ကို ရှယ်ယာပေါင်းတသိန်းနဲ့ အောင်မြင်စွာ ရောင်းချခဲ့ပါတယ်။
The End Of Dictatorship ရဲ့အလယ် -
ဆက်လက်ပြီးအောင်မြင်စွာရောင်းချပေးခဲ့ပြီးတဲ့ EOD project များကတော့ ရန်ကုန် မင်းဓမ္မလမ်းမြေကွက်၊ ဗဟန်းမြေကွက်၊ ကမ္ဘာအေးဘုရားလမ်းကွန်ဒို တို့ ဖြစ်ပါတယ်။
ဆက်လက်ရောင်းချဆဲ EOD project များကတော့-
✅ ရန်ကုန် ၆ မိုင်ခွဲက မင်းအောင်လှိုင်မတရားသိမ်းထားတဲ့ ဒုတိယအိမ်နဲ့ ခြံရဲ့ ရှယ်ယာ
✅ ရန်ကုန် (မင်္ဂလာဒုံ တောင်ဒဂုံ လှိုင်သာယာ)မှ တန်ဖိုးနည်း တိုက်ခန်းများ
✅ စစ်တပ်သိမ်းထားတဲ့ အင်းလျားကန်စပ်မှာ ဆောက်လုပ်မဲ့ နွေဦးအင်းလျားကွန်ဒိုအခန်းများ
✅ မန္တလေး နှင်းဆီလမ်း မဟာအောင်မြေမြို့နယ် မြေကွက်များ
✅ မန္တလေးတောင်ခြေ မြေကွက်များ
✅ မန္တလေး ရေတံခွန်တောင် မြေကွက်များ
✅ မေမြို့စစ်အင်ဂျင်နီယာတက္ကသိုလ်အနီးမှ မြေကွက်များ
✅ ရန်ကုန် တောင်ဒဂုံ မြေကွက်များ
ဖြစ်ပါတယ်။
The End of Dictatorship မှနွေဦးတော်လှန်ရေးကို ဒေါ်လာသန်း ၁၂၀ ကျော် ထောက်ပံနိုင်ခဲ့တာမို့ ကြီးမားတဲ့အထောက်အကူဖြစ်နေသလို၊ NUG ရဲ့စွမ်းဆောင်မှူကို စောင့်ကြည့်နေတဲ့ ကမ္ဘာနိုင်ငံများကို ပြည်သူထောက်ခံသောအစိုးရအဖြစ် သက်သေပြနိုင်ခဲ့ပါတယ်။
လက်တကမ်းရောက်နေတဲ့အောင်ပွဲကို မြန်မြန်နဲ့သေချာစွာ ဆုတ်ကိုင်နိုင်ဖို့ လူအများတတ်နိုင်မယ့် ဒေါ်လာ ၁၀၀ ကစတဲ့ EOD project များကို ထောက်ပို့အားပေးကြရန် တိုက်တွန်းလိုက်ပါတယ်။
တော်လှန်ရေးအမြန်အောင်ဖို့လဲ အကောင်းဆုံး အထောက်အပံ့ဖြစ်မယ်၊ အကောင်းဆုံး ရင်းနှီးမြုပ်နှံမှုလည်း ဖြစ်တဲ့ EOD project လက်ကျန်များအား တင်ပြလိုက်ရပါတယ်။
ကိုယ်စားလှယ်ကြီးများကိုသာ အမြန်ဆုံး ဆက်သွယ်ဝယ်ယူလိုက်ပါ။
https://m.facebook.com/story.php?story_fbid=108333075207060&id=101477375892630

PRF လစဉ်ကြေးနဲ့ တခြားငွေစေ◌ျးတွေ သိချင်ရင် စုဗူး telegram လေးကို subscribe လုပ်ထားပေးနော်  #မိဇူလူဆိုးhttps://t.me/nwayo...
03/09/2024

PRF လစဉ်ကြေးနဲ့ တခြားငွေစေ◌ျးတွေ သိချင်ရင် စုဗူး telegram လေးကို subscribe လုပ်ထားပေးနော် #မိဇူလူဆိုး

https://t.me/nwayoosubu

မြန်မာပြည်ကောင်းကင်ယံမှလေကြောင်းတိုက်ပွဲများ
02/09/2024

မြန်မာပြည်ကောင်းကင်ယံမှ
လေကြောင်းတိုက်ပွဲများ

01/09/2024

"အရှိန်မြှင့်တင် မြေလတ်တခွင်"

ကျောင်းသားလက်ရုံးတပ်တော်(S.A.F) နှင့် သရက်ခရိုင်တပ်ရင်း၄ တို့က ပူးပေါင်းပြုလုပ်နေတဲ့ "အရှိန်မြှင့်တင်မြေလတ်တခွင်"ကမ်ပိန်းလေးမှာ မိဘပြည်သူ‌များအနေဖြင့် ပါဝင်ကူညီအားဖြည့်ပေးကြဖို့ CDMဗိုလ်ကြီး ကိုထက်မြတ် မှ တောင်းဆိုထားတာပဲဖြစ်ပါတယ်။ " အရှိန်မြှင့်တင် မြေလတ်တစ်ခွင်"ကမ်ပိန်းဟာ ဘာလဲ ဘာအတွက်လုပ်နေတာလဲ ဘယ်အတွက်ရည်ရွယ်ထားလဲဆိုတာသိနိုင်ဖို့အခု video လေးမှာ ပါ၀င်ရှင်းပြပေးထားတဲ့ CDM ဗိုလ်ကြီး ကိုထက်မြတ် ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ

#အရှိန်မြှင့်တင်မြေလတ်တခွင်

To all my dear friends in Japan
29/08/2024

To all my dear friends in Japan

29/08/2024

"အရှိန်မြှင့်တင် မြေလတ်တခွင်"

ကျောင်းသားလက်ရုံးတ_ပ်တော်(S.A.F) နှင့် သရက်ခရိုင်တ_ပ်ရင်း၄ တို့က ပူးပေါင်းပြုလုပ်နေတဲ့ "အရှိန်မြှင့်တင်မြေလတ်တခွင်"ကမ်ပိန်းလေးမှာ မိဘပြည်သူ‌များအနေဖြင့် ပါဝင်ကူညီအားဖြည့်ပေးကြဖို့ ဒါရိုက်တာကိုသည်ခေတ်နေ မှ တောင်းဆိုထားတာပဲဖြစ်ပါတယ်။ " အရှိန်မြှင့်တင် မြေလတ်တစ်ခွင်"ကမ်ပိန်းဟာ ဘာလဲ ဘာအတွက်လုပ်နေတာလဲ ဘယ်အတွက်ရည်ရွယ်ထားလဲဆိုတာသိနိုင်ဖို့အခု video လေးမှာ ပါ၀င်ရှင်းပြပေးထားတဲ့ ဒါရိုက်တာ ကိုသည်ခေတ်နေ
ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်

#အရှိန်မြှင့်တင်မြေလတ်တခွင်

တအားတော်တဲ့ ကလေးလေးတွေ ပြန်ချင်ကြတဲ့ အိမ်တွေဆိုတာ... 🏡🏡ပုံလေးတွေလည်း မဲပေးရင်း Way Back Home မဲလက်မှတ်တွေလည်း အားပေးပါဦး...
26/08/2024

တအားတော်တဲ့ ကလေးလေးတွေ ပြန်ချင်ကြတဲ့ အိမ်တွေဆိုတာ... 🏡🏡
ပုံလေးတွေလည်း မဲပေးရင်း Way Back Home မဲလက်မှတ်တွေလည်း အားပေးပါဦးနော့်... အားလုံးတူတူ အိမ်ပြန်ကြဖို့ တစ်စောင် ၂၅၀၀၀ ကျပ်တည်းပါရှင့်...
🏡🏡🏡🏡🏡🏡🏡🏡🏡🏡
ပန်းချီပြိုင်ပွဲ ကျင်းပနေတာ ဖြစ်ကြောင့် မိမိနှစ်သက်ရာပုံကို ရီအက်ပေးပြီး မဲပေးနိုင်ပါပြီ
ဆု၃ဆု ပေးမှာ ဖြစ်ပြီး
၁. လက်ရာ အကောင်းဆုံးဆု ( Way Back Home ကမ်ပိန်းက ရွေးချယ်မှု )
၂. လူကြိုက်အများဆုံးဆု (ရီအက်အများဆုံးဆု)
၃. ပြိုင်ပွဲဝင် ကလေးများအချင်းချင်း အကြိုက်ဆုံးဆု တို့ပါ
၃ဆုလုံးအတွက် ဆုလက်ဆောင်တွေက
၁. ငွေသား ၁၅၀,၀၀၀ ကျပ်
၂. ကျပ် ၁၂၅,၀၀၀ တန်ဖိုးရှိ Way Back Home လက်မှတ် ၅စောင် တို့ပါ
ဒါ့အပြင် ပထမဆုံး ပြိုင်ပွဲဝင်သူ အယောက်၅၀၀ က
၂၅,၀၀၀ ကျပ်တန် Way Back Home လက်မှတ်တစ်စောင်စီ ရဦးမှာပါရှင့်
ငွေသားဆုနဲ့ ပြိုင်ပွဲဝင်သူတ်ိုင်းအတွက် လက်မှတ်လက်ဆောင်တွေကိုက တော်လှန်ပြည်သူ၃ဦးက ချီးမြှင့်တာ ဖြစ်ပါတယ်
သြဂုတ် ၃၁ထိ ပြိုင်ပွဲဝင် လက်ရာတွေကို လက်ခံပါတယ်
ပန်းချီပြိုင်ပွဲအကြောင်း အသေးစိတ် https://m.facebook.com/story.php?story_fbid=122105518688462029&id=61563860872027&mibextid=Nif5oz
ကမ်ပိန်းအကြောင်း အသေးစိတ်
https://m.facebook.com/story.php?story_fbid=122096605430462029&id=61563860872027&mibextid=Nif5oz
မဲလက်မှတ်ဝယ်ရန် FR list
https://www.facebook.com/story.php?story_fbid=122097290924462029&id=61563860872027

#ငါတို့ကအိမ်ပြန်မယ့်လူတွေ
#ပန်းချီပြိုင်ပွဲ
#ကလေးပန်းချီပြိုင်ပွဲ

26/08/2024

"အရှိန်မြှင့်တင် မြေလတ်တခွင်"

ကျောင်းသားလက်ရုံးတပ်တော်(S.A.F) နှင့် သရက်ခရိုင်တပ်ရင်း၄ တို့ပူးပေါင်းပြုလုပ်လျက်ရှိသော "အရှိန်မြှင့်တင်မြေလတ်တခွင်"ကမ်ပိန်းလေးမှာ မိဘပြည်သူများအနေဖြင့် ပါဝင်အားဖြည့်ပေးကြဖို့ အမှန်တရားဘက်မှာရပ်တည်ပေးသော ပြည်သူချစ်အနုပညာရှင် ကိုမင်းမော်ကွန်း မှတောင်းဆိုထားခြင်းဖြစ်ပါတယ်။

#အရှိန်မြှင့်တင်မြေလတ်တခွင်

25/08/2024
Credit လွန်ခဲ့ ၃ နှစ်က မင်မင် timeline မှာတင်ခဲ့တဲ့ post လေး။မင်မင်တို့ ပြည်သူ့ရဲဘော်တွေ မေတ္တာခြုံလို့ လုံပါစေ 🙏🙏🙏
25/08/2024

Credit လွန်ခဲ့ ၃ နှစ်က မင်မင် timeline မှာတင်ခဲ့တဲ့ post လေး

မင်မင်တို့ ပြည်သူ့ရဲဘော်တွေ မေတ္တာခြုံလို့ လုံပါစေ 🙏🙏🙏

"အနောက်မြောက် ဝေဟင်ကပွဲ" #ငါတို့နိုင်မယ့်ပွဲ   #အနောက်မြောက်ဝေဟင်ကပွဲ #လေပြင်မှာနွှဲမယ့်ဝေဟင်ကပွဲ
24/08/2024

"အနောက်မြောက် ဝေဟင်ကပွဲ"
#ငါတို့နိုင်မယ့်ပွဲ


#အနောက်မြောက်ဝေဟင်ကပွဲ
#လေပြင်မှာနွှဲမယ့်ဝေဟင်ကပွဲ

23/08/2024

အရှိန်မြှင့်တင် မြေလတ်တခွင်
လက်ရှိကာလ နိုင်ငံတဝန်း စ_စ်ရေးအရှိန်မြင့်တက်လာတဲ့အချိန်မှာ ရန်သူရဲ့ အမာခံ တပ်_စ_ခန်းကြီးများကို ယခုထက် ပိုမို၍ ချေမှုန်းနိုင်ဖို့ အရေးကြီးလာပါတယ်။ အဲ့ဒီအတွက် လိုအပ်တဲ့လက်_နက်_ခဲ_ယမ်းတွေကို ဝယ်ယူနိုင်ဖို့ အဆင့်သင့်ဖြစ်နိုင်ဖို့အတွက် သရက်ခရိုင်တပ်ရင်း (၄) နဲ့ ကျောင်းသားလက်ရုံးတပ်တော်တို့ ပူးပေါင်းပြီး "အရှိန်မြှင့်တင်မြေလတ်တခွင်"ဆိုတဲ့ ကမ်ပိန်းကို စတင်လိုက်ရခြင်းဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် တပ်ရင်း ၄ နှင့် ကျောင်းသားလက်ရုံးတပ်တော်တို့ဟာ ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ၊ ပုသိမ်-မုံရွာကားလမ်းနံဘေးရှိ မင်းတုန်း ၊ မင်းလှ ၊ ကံမ ၊ သရက် မြို့များ ဝန်းကျင်မှာ အခြေချတပ်စွဲထားတဲ့ ရန်သူ့ စ_စ်လက်_နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံများ နဲ့ စ_စ်ကောင်စီရဲ့ ကာကင်းများကို ထိုးဖောက်ဝင်ရောက် တိုက်_ခိုက်လျက်ရှိပြီး မကွေးတိုင်း တောင်ခြမ်း၌ တော်_လှန်_ရေးအင်အားစုများ အားကောင်းခိုင်မာလာရေးကို ကြိုးပမ်းလျက်ရှိသော တပ်ရင်း တပ်ဖွဲ့များ ဖြစ်ပါတယ်။
ရဲဘော်များဟာ ပြည်သူများအတွက် သတင်းကောင်းများကို ယူဆောင်ပေးနိုင်ဖို့ အရှိန်မြှင့်တင်ကြိုးစားလျက်ရှိပြီး ဒီကမ်ပိန်းဟာ နောက်ထပ် တိုက်_ပွဲတွေကိုအရှိန်မြှင့်တင်နိုင်ဖို့ မရှိမဖြစ်လိုအပ်နေတဲ့ တိုက်_ခိုက်ရေးဒ_ရုန်း ၂ စင်းနဲ့ စ_နိုက်_ပါ ၂ လက်ဝယ်ယူဖြည့်တင်းနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ အဲ့ဒါကြောင့် ပြည်သူများအနေနဲ့ "အရှိန်မြှင့်တင် မြေလတ်တခွင်" ကမ်ပိန်း အောင်မြင်ဖို့အတွက် ယနေ့မှစ၍ ဝိုင်းဝန်းပံ့ပိုးအားဖြည့်ပေးကြပါဦးခင်ဗျာ။
ကမ်ပိန်းကာလ
(၁.၈.၂၀၂၄ မှ ၁၅.၉.၂၀၂၄ အထိ)
ကမ်ပိန်း ထောက်ပို့ပမာဏ
(သိန်း ၃၀၀၀ ကျပ်)
#အရှိန်မြှင့်တင်မြေလတ်တခွင်

မင်မင်တို့ ဆီမှာ The life armor အတွက် ကံစမ်းလို့ ရပါပြီ
20/08/2024

မင်မင်တို့ ဆီမှာ The life armor အတွက် ကံစမ်းလို့ ရပါပြီ

🌹
17/08/2024

🌹

15/08/2024

ကျွန်တော်တို့တွေလူစုံတပ်စုံနဲ့တရားသောစစ်ကိုတော်လှန်စိတ်ဓာတ်အပြည့်ဖြင့် ကိုယ်နိုင်ရာတာဝန်ကို အားသွန်ခွန်စိုက်ထမ်းဆောင်နေသော ရဲဘော်ရဲဘက်များမှ မြန်မာစံတော်ချိန် ဒီနေ့ညနေ ၇ နာရီခွဲမှာ " ငါတို့အမြဲတမ်းလူစုံတယ် "
အကြောင်းကိုပြောကြမဲ့ ဦးကျော်သက်လင်း ၊ ကိုစိန်သီး ၊ ကိုထက်မြတ် ၊ ကိုချမ်း ၊ မနွေဦးစနိုး ၊ မူးလာ

14/08/2024

🔺CB မဟာမိတ် ယောကာကွယ်ရေးတပ်(YDF)အတွက် CLF မှ တော်လှန်ရေးရန်ပုံငွေရှာဖွေရေး Fundraising ပွဲကျင်းပမည်။
▪️ဩဂုတ်လ/၁၃/၂၀၂၄
➖➖➖➖➖➖➖➖➖
🔺Chin Liberation Fund (CLF) မှဦးဆောင်ပြီး CB မဟာမိတ် ယောကာကွယ်ရေးတပ် (YDF) အတွက် Online Fundraising ကို ဩဂုတ်(၁၅)ရက်နေ့၌ ထပ်မံကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

🔺ဒီအစီအစဉ်မှာ Guest Speakers တွေအဖြစ် DR. MIEMIE WIN BYRD, ဒါရိုက်တာ ကိုပေါက်, ကိုရင်အေး(၈၈),ဆရာမ ခင်လေး တို့အပြင် ကိုမြတ်သူ(YDF-Commander)နဲ့ CB commanders တို့လည်းတက်ရောက်မှာဖြစ်ပါတယ်။

🔺ခွန်အားဖြည့် တေးသီချင်းအားဖြင့် တေးသံရှင် ကိုကျော်သီဟ နဲ့ CB တေးသံရှင် ဆရာမ Rain, ကို James Lakher တို့မှတော်လှန်တေးသီချင်းများ ယောတေးသီချင်းများဖြင့် အားဖြည့်ပါဝင်သွားကြမှာပါ။

🔺ဒီရံပုံငွေပွဲကရရှိသမျှကို YDF အတွက်အကုန်ထောက်ပို့သွားမှာဖြစ်တဲ့အတွက် မိဘပြည်သူများ ပါဝင်ထောက်ပန့်ကြဖို့နှိုးဆော်လိုက်ပါရစေ။

🔺အရေးတော်ပုံအောင်နေပြီ🔺

Chin Liberation Fund

https://www.facebook.com/share/p/1Z9KmeQkMcpg5q5m/?mibextid=WC7FNe

14/08/2024

အရှိန်မြှင့်တင် မြေလတ်တခွင်

ဟဲလို ဟဲလို ပြည်သူများအားလုံးပဲ မင်္ဂလာပါခင်ဗျ❤️
၁၄.၈.၂၀၂၄ ယနေ့ည မြန်မာစံတော်ချိန်၆နာရီမှာ ထောက်ပို့ပြည်သူများအတွက် မြေပြင်ရဲဘော်တို့ရဲ့ ကမ်ပိန်းစကားဝိုင်း live လေးရှိပါတယ်။ ပါဝင်ဆွေးနွှေးပေးမယ့်ရဲဘော်များအနေနဲ့ သရက်ခရိုင်တပ်ရင်း၄ မှရဲဘော်အကျွတ်၊ ရဲဘော်Era နဲ့ အမျိုးသမီးရဲဘော်တစ်ဦးဖြစ်တဲ့ ရဲဘော်မာန်သစ်တို့ကိုဖိတ်ခေါ်ထားပါတယ်ခင်ဗျ။ လက်ရှိပြုလုပ်နေတဲ့ "အရှိန်မြှင့်တင်မြေလတ်တခွင်"ကမ်ပိန်းအကြောင်းကို သေချာလေးရှင်းပြပေးမှာဖြစ်သလို မြေပြင်ရဲဘော်တို့ရဲ့ တော်လှန်ရေးကာလ အတွေ့အကြုံတွေ အမှတ်တရတွေကိုလည်း ရင်းရင်းနှီးနှီးပြောပြပေးမှာဖြစ်ပါတယ်။ 🥰

ွေဦး
#အရှိန်မြှင့်တင်မြေလတ်တစ်ခွင်

ဒီနေ့ ဝယ်မယ်ဆို 5850 နဲ့ မှီသေးတယ်နော် ပရိတ်သတ်ကြီး
13/08/2024

ဒီနေ့ ဝယ်မယ်ဆို 5850 နဲ့ မှီသေးတယ်နော် ပရိတ်သတ်ကြီး

မြေပြင်မှာ တမြို့ပြီးတမြို့ သိမ်းနေတာနဲ့ အတူ တော်လှန်ပြည်သူတွေရဲ့ ထောက်ပို့လှိုင်းတွေကလဲ အမှီလိုက်နေကြပါတယ်။ ခုရက်ပိုင်းမှာ EOD မြေကွက်၊ ကွန်ဒို၊ တိုက်ခန်းတွေ ဝယ်ယူထောက်ပို့ချင်လို့ ကိုယ်စားလှယ်တွေကို ဆက်သွယ်နေကြတဲ့ အကြောင်းတွေ ခပ်စိပ်စိပ်ကြားနေရပါတယ်။ တော်လှန်ရေးလဲ အောင်ရမယ်၊ အကောင်းဆုံး ရင်းနှီးမြုပ်နှံမှုလဲ ဖြစ်တဲ့ EOD project လက်ကျန်များ တင်ပြလိုက်ရပါတယ်။

ကိုယ်စားလှယ်ကြီးများကိုသာ အမြန်ဆုံး ဆက်သွယ်ဝယ်ယူလိုက်ပါ။

https://m.facebook.com/story.php?story_fbid=108333075207060&id=101477375892630

“ထောင်ပိုင်သန်းကျော်တင့် တံခါးတွေပိတ်ထားခဲ့လို့၊ တကယ်လို့များ စာနာစိတ်နည်းနည်းလေးထားပြီး တံခါးတွေ ဖွင့်ပေးခဲ့ရင် ထောင်ထဲ...
10/08/2024

“ထောင်ပိုင်သန်းကျော်တင့် တံခါးတွေပိတ်ထားခဲ့လို့၊ တကယ်လို့များ စာနာစိတ်နည်းနည်းလေးထားပြီး တံခါးတွေ ဖွင့်ပေးခဲ့ရင် ထောင်ထဲမှာ အယောက် ၄၀ လောက် သေစရာအကြောင်းမရှိဘူး”

“လားရှိုးထောင်က လွတ်မြောက်လာသူ”
-------

■ ခင်ငြိမ်းသစ်

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့က စစ်ကောင်စီတပ်စခန်းတွေနဲ့ အထိုင်စခန်းတွေကို ကိုးကန့်တပ်မတော် MNDAA နဲ့ PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်မှာ လားရှိုးအကျဉ်းထောင်ကို ဇူလိုင် ၂၄ ရက်မှာ သိမ်းယူခဲ့ပါတယ်။

အဲ့ဒီသိမ်းယူမှုအတွင်းမှာ လားရှိုးအကျဉ်းထောင်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်အပါအဝင် နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော် လွတ်မြောက်လာခဲ့ပါတယ်။

အဲ့ဒီလွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားတွေထဲက အသက် (၃၀) ကျော် အမျိုးသားတစ်ဦး (လုံခြုံရေးအရ အမည်မဖော်လိုသူ) ကို တိုက်ပွဲအတွင်း အကျဉ်းထောင်ထဲက အခြေအနေတွေနဲ့ အသက်ဘေးကနေ လွတ်မြောက် အောင် ကြိုးစားလာရပုံတွေကို Burma VJ က ဆက်သွယ်မေးမြန်းထားတယ်။

BVJ…. လားရှိုးမှာတိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ လားရှိုးအကျဉ်းထောင်ထဲက အခြေအနေတွေ ဘယ်လိုရှိခဲ့လဲဆိုတာ ပြောပြပေးပါဦး။

ဖြေ.... ထောင်ကိုစပြီးတိုက်ခိုက်တာက ၂၄ ရက်နေ့မှာ စတယ်။ ၂၄ ရက် မနက် ၅ နာရီလောက်ကစပြီး ပုံမှန်တိုက်ပွဲ ဖြစ်တယ်။ အဲဒါ ၂၇ ရက်နေ့အထိပေါ့။ မနက် ၁၀ နာရီလောက်အထိ တိုက်ပွဲဖြစ်တယ်၊ နားတယ် ညနေကျရင် တစ် ကြိမ်တိုက်တယ်။ ၂၄ ရက် ညနေကစပြီး ထောင်နားမှာ Airstrike တွေ တောက်လျောက်လုပ်တယ်။ ညတိုင်း ညတိုင်းဗုံးကြဲတယ်။ ၂၄ ရက်ကနေ ၂၇ ရက်အထိ Airstrike ကို ပြင်းပြင်းထန်ထန်လုပ်တယ်။ ၂၈ ရက်နေ့ ရောက်တော့ ထူးထူးဆန်းဆန်းပဲ မနက် ၅ နာရီကနေ ၈ နာရီအထိ သေနတ်သံတစ်ချက်မှ မကြားရဘူး။ မနက် ၈ နာရီမှာ ထောင်အနောက်ဘက်ကနေ ရှော့တိုက်ဒုံးတစ်လုံးက မိန်းဂျေးရဲ့ ရှေ့မှာရှိတဲ့ ဗူးတံခါးနားကို ကျလာတယ်။ အဲဒီအချိန်ကနေစပြီး ပြင်းပြင်းထန်ထန်ကို ရှော့တိုက်ဒုံးတွေ၊ RPG တွေ စက်လက်နက်မျိုးစုံနဲ့ ကျွန်တော်တို့ကို တိုက်တာ။ ထောင်ထဲမှာ ဗဟိုကင်းဆိုတာရှိတယ်။ အဲဒီအဆောက်အဦက အမြင့်ပေ ၃၀လောက်ရှိတယ်၊ အကျယ်က ပေ ၅၀ ဝန်းကျင်ရှိတဲ့နေရာကနေ စစ်ကောင်စီစစ်သားတွေကို MNDAA က အရပ်လေးမျက်နှာက ဝိုင်းပြီး ဖိအားပေးတယ်။ နောက်ဆုံး စကစဘက်က လုံးဝမခံနိုင်ဘူး။ အဆောင်တွေပေါ်ကိုလည်းကျတာရှိတယ်။ ကိုယ့်ဘက်ကပစ်တာက ပစ်မှတ်ကိုပဲ မှန်တာများတယ်။ စကစဘက်က ပစ်တာတွေကတော့ ကျွန်တော်တို့ အဆောင်ထဲကို ပြန်ကျတာများတယ်။

BVJ…တိုက်ပွဲဖြစ်နေချိန် ထောင်တွင်းမှာ သေဆုံးခဲ့သူတွေလည်းရှိတယ်လို့သိရတယ် အဲ့ဒါရောဟုတ်ပါလား။

ဖြေ...ဘာတွေဆက်ဖြစ်လဲဆိုတော့ ၂၄ ရက်ကနေ ၂၈ ရက်အထိကို အသေအပျောက် ဘာညာ သတင်းမကြားရဘူး။ ၂၄ ရက်ကနေ ၂၇ ရက်အထိ စကစကပစ်တဲ့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်တွေ အဆောင်ပေါ်ကျလို့ အကျဉ်းသားတွေ ပြင်းပြင်းထန်ထန်ဒဏ်ရာ ရတာရှိတယ်။ ၂၈ ရက်ကတော့ ထောင်ပွင့်သွားတဲ့ ကိစ္စပေါ့နော်၊ မနက် ၈ နာရီ မှာ ရှော့တိုက်ဒုံးတစ်လုံးကျသွားပြီးနောက်ပိုင်း မဟာမိတ် ညီနောင်တွေနဲ့ စကစနဲ့ တိုက်ပွဲပြင်းထန်လာတယ်။ MNDAA နဲ့ PDF ပူးပေါင်းတပ်နဲ့ MNDAA တပ်ရင်း ၅၀၆၊ ၆၀၁နဲ့ ၆၀၂ တို့ပေါ့နော် တောက်လျောက်ကို စကစကို ပြန်ခံမပစ်နိုင်အောင်လို့ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ တိုက်တော့ ထောင်က ကျသွားတယ်။ ထောင်ကျသွားတဲ့အချိန်မှာ ဝန်ထမ်းတွေက အကုန်ထွက်ပြေးသွားတယ်။ ဗဟိုကင်းနေရာမှာက စစ်သားနှစ်ယောက် ကျန်ခဲ့တယ်။ ဒီကောင်တွေကလည်း မပြေးရဲတာ ပြေးရင် MNDAA က ဝိုင်းပစ်မှာကိုကြောက်လို့လေ၊ အဲဒီဗဟိုကင်းကနေ သေနတ်တွေနဲ့ အကျဉ်းသားတွေကိုလည်းပစ်တယ်။ ပြီးတော့ MNDAA ဘက်ကိုလည်း ပစ်တယ်။ ကျွန်တော်တို့က အကျဉ်းဦးစီးက ဝန်ထမ်းတွေအကုန်ပြေးသွားတာကို မသိဘူး။ ကျွန်တော်တို့ အဆောင်တွေထဲကို RPG၊ ရှော့တိုက်ဒုံးက ယမ်းတွေ၊ ကျည်ဆန်အစတွေ အကုန်လုံး ကျတာ။ ထောင်ထဲမှာ လူ ၄၀ လောက်တေ့ာ သေမယ်ထင်ပါ တယ်။ အဲဒီ တစ်မနက်ခင်းလေးတင်ပဲ။

BVJ…. အဲ့ဒီလိုဖြစ်နေတဲ့ အခြေအနေမှာ ထောင်ထဲက အကျဉ်းသားတွေအနေနဲ့ ဘယ်လိုအခြေအနေ ရှိနေကြပါလဲ။ ‌ထောင်ကရော ဘယ်လိုကြောင့် ပွင့်သွားတာပါလဲ။

ဖြေ....လက်နက်မျိုးစုံကျတော့ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ လက်နက်ကြီးတွေ ကျနေတဲ့အချိန်မှာ ထောင်ပိုင် သန်းကျော်တင့်ဆိုတဲ့ကောင်က အိပ်ဆောင်တံခါးတွေကို အကုန်လုံးပိတ်ပြီးတော့မှ အဝတ်အစားလဲပြီး ထွက်သွားကြတာ။ တချို့အော်တဲ့အဆောင်တွေက အော်နေကြတယ်။ “ဆရာကြီး တံခါးဖွင့်ပေးပါအုံး၊ လက်နက်ကြီးကျလို့ လူတွေက သေနေပြီ” ဆိုပြီးအော်နေတာကို လုံးဝမထူးဘူး၊ မထူးဘူးပေါ့နော်။ လားရှိုးထောင်မှာရှိတဲ့ နှစ်ထပ်ဆောင်ကနေစပြီးတော့ ပွင့်တာ။ ၂၀၂၃ မှာမှ စဖွင့်တဲ့ နှစ်ထပ်ဆောင်ဆိုတာရှိတယ်။ အဲဒီကနေ စပြီးပွင့်တာ။ အဲဒီကနေ အကျဉ်းသားတွေ စထွက်ကြတာ။ အဆောင်တိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေရှိတယ်။ အဲဒီကနေမှ တံခါးတွေကိုချိုးပြီး တဆောင်ပြီး တဆောင်ဖွင့်ကြရတာ။ ပင်မတံခါးအနားမှာ အကျဉ်းသားတွေ အကုန်လုံးစုနေတာ၊ သန်းကျော်တင့်က ပင်မတွခါးကြီးကိုပါ ပိတ်ထားတာ။ ဒီကောင်ယုတ်မာစွာနဲ့ပဲ တံခါးကို လုံးဝမဖွင့်ပေးသွားဘူး။ ဒီ့အပြင် ရှိသမျှတံခါး အကုန်လုံးကို ပိတ်ပစ်လိုက်တာ။

BVJ…. အဲဒီအခြေအနေကနေ ဘယ်လိုပုံစံမျိုးနဲ့ ရအောင်ထွက်ခဲ့ကြရပါလဲ။

ဖြေ.... အကျဉ်းသား ၂၀၀၀ ကျော်ပေါ့၊ နိုင်ကျဉ်းတွေအပါ အကုန်လုံးကထောင်ဝင်းထဲက ပင်မတံခါးနားမှာ စုနေ တာ။ အဲဒီတံခါးတွေကလည်း လက်နက်ကိရိယာစုံရင်တောင် ဘယ်လိုမှဖွင့်လို့မလွယ်ဘူးလေ။ ကျွန်တော်တို့ အကျဉ်းသား ၂၀၀၀ ကျော်က မလွယ်ပေါက်လေးတစ်ခုကို ၁ နာရီခွဲနီးပါးကြာအောင် ဖျက်စီးခဲ့ရတယ်။ အဲဒီအချိန် မှာ လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ ပြီးတော့ စကစက အမြှောက်တပ်ထဲကနေ ထောင်ကိုပစ်တယ်။ အမြှောက်တပ် က ထောင်နောက်ကြောမှာရှိတာ။ အဲဒီကနေ အကျဉ်းသားတွေကိုပစ်နေတာ။ အဲဒီအချိန်မှာပဲ သေတဲ့လူလည်း သေတယ်။ လေယာဉ်နဲ့ဗုံးလာကြဲတဲ့အတွက် မိုင်းစမှန်တဲ့လူနဲ့ ဗုံးစမှန်တဲ့လူတွေရှိတယ်။ နိုင်ကျဉ်းထဲမှာကို လက်နက်ကြီးကျည်မှန်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့သူရှိတယ်။ အဲဒါက ထောင်တံခါးတွေလုံးဝမပွင့်သေးခင် ထောင်ထဲမှာ ဖြစ်ပေါ်ခဲ့ရတာပါ။ တစ်နာရီခွဲ‌လောက်ကြာအောင်လို့ အကျဉ်းသားတွေ ကြိုးစားပြီးတော့ ထောင်ကပွင့်သွားတယ်။

BVJ…. ထောင်တံခါးပွင့်ပြီးတဲ့နောက်မှာရော ဘာတွေဆက်ဖြစ်ခဲ့ကြပါလဲ။

ဖြေ.... လားရှိုးထောင်ရဲ့ ဘေးဘယ်ညာမှာ တဖက်ဆီမှာ ကရင်နီဘက်သွားတဲ့လမ်း၊ ဆန့်ကျင်ဘက်မှာက လားရှိုးမြို့ထဲကိုသွားတဲ့လမ်း၊ စကက လည်း အစိမ်းရောင်တွေဝတ်ထားတယ်၊ MNDAA ကလည်း အစိမ်းရောင်တွေပဲဝတ်ထားတယ်ဆိုတော့ ကျွန်တော်တို့က စကစထင်လို့ပြေးတာ။ တကယ်က မဟုတ်ဘူး။ အကုန်လုံး MNDAA တွေချည်းပဲ။ MNDAA နဲ့ PDF တွေက ထောင်ကိုစီးထားတာ။ ပြေးရင်းပြေးရင်းက ခဏလေးနေတော့ Airstrike က လာပါလေရော၊ ဗုံးကြဲပါလေရော။ အကျဉ်းသားတွေကို လေယာဉ်ပေါ်ကနေ ၈ လုံးတွဲဗုံးတွေနဲ့ကြဲချတာ။ အမြှောက်တပ်ရင်းကနေလည်း လှမ်းပစ်ပေါ့။ ကျွန်တော့် ဘေးကနှစ်ယောက်က ပွဲချင်းပြီးသေသွားတယ်။ ကျန်တဲ့သူတွေကတော့ ခြေထောက်တွဲလောင်းတွေရော၊ မိုင်းစမှန်တာတွေရော ဒဏ်ရာရကျတယ်။ အဲဒီအချိန်လေးတင်ပဲ လေကြောင်းကနေ ၃ကြိမ်လာတိုက်ခိုက်တယ်။ တချို့ဆိုရင် ဒဏ်ရာအပြင်းအထန်ရကြတယ်။ ကျွန်တော့်ဘေးမှာပဲ နဖူးကိုမှန်တဲ့ တစ်ယောက်ရှိတယ်။ သူ့ကို ဆွဲခေါ်လာနိုင်ရင် အသက်ရှင်နိုင်သေးတယ်။ ကျွန်တော်တို့လည်း အသက်လုပြီးပြေးနေရတော့ သူ့ကို မကူညီနိုင်တော့ဘူးရယ်။ သူ့ကို ဒီအတိုင်းထားခဲ့ရတော့ ဒီကောင်တွေလည်း သေကုန်တာပဲ။ ကျွန်တော်ခန့်မှန်းတာကတော့ ၈၀ နဲ့ ၁၀၀ ကြားထဲမှာ သေမယ်ထင်တယ်။

BVJ…. အကျဉ်းသားတွေ ဘာကြောင့် ဒီလောက်အထိသေဆုံးခဲ့ရတာလို့ ထင်ပါလဲ။

ဖြေ.... MNDAA ဘက်က ပစ်လို့သေတာမဟုတ်ဘူး၊ စကစဘက်က ယုတ်မာရိုင်းစိုင်းစွာနဲ့အကျဉ်းသားတွေကို ထောင်ထဲမှာပိတ်ပြီးလေယာဉ်နဲ့တောင်ဗုံးလာကြဲလို့ အခုလိုဖြစ်ရတာ။ ထောင်တံခါးကို သန်းကျော်တင့်က ယုတ်မာစွာပိတ်သွားခဲ့လို့ တကယ်လို့ထောင်တံခါးတွေကို ဖွင့်ပေးခဲ့ရင် အခုလို သေကြမှာ မဟုတ်ဘူး။ ထောင်ပိုင် သန်းကျော်တင့် တံခါးပိတ်ထားခဲ့လို့၊ တကယ်လို့များစာနာစိတ် နဲနဲလေးထားပြီး တံခါးတွေ ဖွင့်ပေးခဲ့ရင် ထောင်ထဲ မှာ အယောက် ၄၀ လောက်သေစရာအကြောင်းမရှိဘူး။ သန်းကျော်တင့် လူမဆန်စွာလုပ်ခဲ့လို့ အကျဉ်းသားတော် တော်များများသေကြရတာ။

BVJ…. အခုလိုဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

၈၈၈၈ နောက်ဆုံး မျိုးဆက်၊ ဒီတပွဲ အပြီး ပြတ်စေရမယ်။ #ပြည်သူ့ဂုဏ်ရည်နွေဦးစုဗူး #အိမ်ပြန်လမ်း
08/08/2024

၈၈၈၈ နောက်ဆုံး မျိုးဆက်၊ ဒီတပွဲ အပြီး ပြတ်စေရမယ်။

#ပြည်သူ့ဂုဏ်ရည်နွေဦးစုဗူး
#အိမ်ပြန်လမ်း

🙄..😌မိမိမှာ "အမြောက်"ကို "ဓား"ဖြင့် တိုက်ရ၍အားမတန် မာန်လျှော့ခဲ့ရသော်လည်း..."တူမီး"ကို "လေယာဉ်"ဖြင့် တိုက်ပြီး "ပါတော်မူ...
05/08/2024

🙄..😌

မိမိမှာ "အမြောက်"ကို "ဓား"ဖြင့် တိုက်ရ၍
အားမတန် မာန်လျှော့ခဲ့ရသော်လည်း...

"တူမီး"ကို "လေယာဉ်"ဖြင့် တိုက်ပြီး
"ပါတော်မူရတော့မည့်သူ"ကို တွေ့ရသောအခါ... ။

😁😁😁

Credit - Chit Hmwe.

ရာဇဝင်ထဲမှာ ကြက်ဥကြော်ကိုထားခဲ့တော့
04/08/2024

ရာဇဝင်ထဲမှာ ကြက်ဥကြော်ကိုထားခဲ့တော့

02/08/2024

စွယ်တော် ရေးသားထားတဲ့
"မြဝတီသတင်းစာပေါ်ကဆောင်းပါးကို သုံးသပ်ခြင်း" ကို YouTube မှာ ကြည့်ရှု့နိုင်ပါပြီ။
YouTube Channel (Dawna TV)
https://www.youtube.com/
Story Links:
https://youtu.be/cKZE1DRK4VE

အိမ်ပြန်လမ်းက အားဖြည့်မှု့လေးပါ။ အလှူရှင်များ အားလုံး ကျေးဇူးပါရှင့်
01/08/2024

အိမ်ပြန်လမ်းက အားဖြည့်မှု့လေးပါ။ အလှူရှင်များ အားလုံး ကျေးဇူးပါရှင့်

ထန်းသီးမုန့်ပရောဂျက်ကမ်ပိန်းဟာ သက်တမ်းကုန်ဆုံးဖို့ ၅ ရက်လောက်ပဲ ကျန်ပါတော့တယ်။ လက်ရှိအချိန်မှာ ၅၁ ရာခိုင်နှုန်းခန့်သာရရှ...
27/07/2024

ထန်းသီးမုန့်ပရောဂျက်ကမ်ပိန်းဟာ သက်တမ်းကုန်ဆုံးဖို့ ၅ ရက်လောက်ပဲ ကျန်ပါတော့တယ်။ လက်ရှိအချိန်မှာ ၅၁ ရာခိုင်နှုန်းခန့်သာရရှိထားသေးတာကြောင့် တော်လှန်ပြည်သူများအနေနဲ့ ကြိုးစားဝန်းရံပေးကြပါဦး။

Address


Alerts

Be the first to know and let us send you an email when Way back home posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Way back home:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share