Poem Book

Poem Book poem book

❝ တောတိုင်းမှာလေစန္ဒကူးမရှိ ❞  - လှသန်းအိပ်မက်မှာ ဇာတ်သိမ်းခန်း မရှိမျှော်လင့်ချက်မှာ သက်တမ်း မရှိအနာဂတ်မှာ ကွက်လပ် မရှိ...
27/03/2024

❝ တောတိုင်းမှာလေစန္ဒကူးမရှိ ❞ - လှသန်း

အိပ်မက်မှာ ဇာတ်သိမ်းခန်း မရှိ
မျှော်လင့်ချက်မှာ သက်တမ်း မရှိ
အနာဂတ်မှာ ကွက်လပ် မရှိ
လွတ်လပ်မှုမှာ နှောင်ကြိုး မရှိ
ငြိမ်းချမ်းရေးမှာ ဒေသစွဲ မရှိ
အမှန်တရားမှာ ပုဂ္ဂိုလ်စွဲ မရှိ

ကိုယ့်မှာ...
တဏှာကို သတ်ဖို့ နေနေသာသာ
ဆေးလိပ်တောင် မဖြတ်နိုင်ပါဘူးကွယ်

ငွေစက္ကူတွေမှာ တန်ဖိုး မရှိ
လူသားတွေမှာ တန်ဖိုး မရှိ
ကိလေသာမှာ ထွက်ပေါက် မရှိ ( မဟုတ်သေးဘူး )
သံသရာမှာ ဖြတ်လမ်း မရှိ ( မဟုတ်သေးဘူး )
ဘဝမှာ နောင်တ မရှိ

ကိုယ့်အကုသိုလ်နဲ့ ကိုယ်
ကိုယ် ခံချင်တဲ့ ငရဲ
ကိုယ်ကိုယ်တိုင် ရွေးချယ်ခဲ့ပြီပဲ
ဝမ်းနည်းစရာ မရှိ
ကြေကွဲစရာ မရှိ။ ။

#လှသန်း

Book

ဘဝမှာ ဘယ်အရာမှအဆင်မပြေချင်နေပါ ...မင်းနဲ့ တော့အစစအရာရာ အဆင်ပြေချင်တယ် ။ | #ကျေးကို
24/03/2024

ဘဝမှာ
ဘယ်အရာမှ
အဆင်မပြေချင်နေပါ ...

မင်းနဲ့ တော့
အစစအရာရာ
အဆင်ပြေချင်တယ် ။ |

#ကျေးကို

15/12/2023

"အဖေ့လွမ်းခြင်း ဂယ်လာရီ "

နိုဝင်ဘာတိုင်းကိုတော့ မမုန်းပါဘူး
ဒါပေမယ့် ၂၀၂၃ရဲ့ နိုဝင်ဘာကို မုန်းတယ်
အဖေနဲ့ ကျနော်တို့ကွဲခဲ့ရတဲ့လဆိုတော့ မုန်းမိတယ်

"သေကွဲ"တဲ့ အဖေရယ်
ဘယ်ဘဝမှ ပြန်တွေ့ရမှာလဲ။ ။

#ခွန်းသွေးသစ်

Edit. poem book

ကောင်းကင်တဆုံး ကြယ်တဆုံး မတောက်ပချင်ပါဘူး။ ဘာလိုချင်သေးလဲမေးရင် *နှင်းတဖြောက်ဖြောက်တေးသွားမှာ သူဖျော်ထားတဲ့ ကော်ဖီရနံ့လေ...
14/12/2023

ကောင်းကင်တဆုံး ကြယ်တဆုံး
မတောက်ပချင်ပါဘူး။
ဘာလိုချင်သေးလဲမေးရင်
*နှင်းတဖြောက်ဖြောက်တေးသွားမှာ
သူဖျော်ထားတဲ့ ကော်ဖီရနံ့လေးနဲ့
အိပ်ယာထချင်တယ်လို့"
ကျွန်တော်…….ဖြေမိမှာ။

#နေမိုးအိမ်

ကံ့ကော်လမ်း_______________________ နေရောကောင်းရဲ့လား  တရံတခါသူရေ မလိုချင်သူက မေးတဲ့  ဝါကျမို့မဆိုင်သလိုပဲ ကျန်းမာစွာ ရယ်...
12/12/2023

ကံ့ကော်လမ်း
_______________________

နေရောကောင်းရဲ့လား တရံတခါသူရေ
မလိုချင်သူက မေးတဲ့ ဝါကျမို့
မဆိုင်သလိုပဲ ကျန်းမာစွာ ရယ်မောနေပါ
ဘယ်သစ်ပင်မှာပဲ ဖြစ်ဖြစ်
ချစ်ရင် ပြီးရောလို့
တွေးမိတာကတော့ တလမ်းပေါ့

ကျွန်တော် အိမ်ကိုပြန်မယ်
မင်း မချစ်တော့ဘူးဆိုတဲ့ နှင်းဆီကိုင်းပေါ်
ကြက်ဥခွံလေးကို စွတ်မယ်
ငှက်ကလေးတွေဟာ
ဘယ်ကိုင်းမှ ကြာကြာမနားဘူးလို့ တွေးမယ်
သိပ်မကြာခင်
ချုပ်ရိုးချုပ်သားနဲ့
ကျွန်တော် နေသားတကျ ဖြစ်လာမယ်

ပုထုဇ္ဇနော၊ ဥမ္မတ္တကော

လူတွေဟာ အရူးတွေပဲ တဲ့
သိပ်မှန်တာပဲ
မျက်ရည်တောင် ဝဲတယ်
မှန်တွေတောင် ဒီလောက် မမှန်ဘူး
ဘယ်ညာမှားနေသေး

ပျော်ရွှင်ဖွယ်
မလွတ်မြှောက်မှုလေးတခုပါပဲ တရံတခါသူရေ

အိပ်မပျော်တဲ့အကြောင်း
အိပ်မက်မက်ရတာ
ဘယ်လောက်ဆိုးလဲ .. မင်းသိလား
သစ်ရွက်တွေကို
ယက်ခပ်ပြီး ငါရှင်းပြဖူးတယ်
တိမ်တွေမှာ အိမ်မရှိဘူး လို့လေ

သတိမရဘူးလို့ လိမ်ခဲ့တယ်
မင်းပြောင်း မင်းလွဲဖြစ်ခဲ့တယ်
အော့ဖ်ယူးဂတ်စ်ရာသီခွင် ထပ်တိုးခဲ့တယ်
ဘဒ္ဒကမ္ဘာမှာ ဘုရား ၄ ဆူ ပွင့်ခဲ့တယ်

တရံတခါသူရေ
တဆောင်းဝင်လာ ပြန်ဦးမယ်

ကျွန်တော်တို့ကတော့
မပေါင်းခင် ဝေးခဲ့ရတယ်

#ကိုး

ဘယ်သူနဲ့မှ... ထိပ်တိုက်ရင်ဆိုင်မတွေ့ချင်ဘူးဆိုတာမျိုးကအကြောက်တရားကြောင့် မဟုတ်ဘူး။ကိုယ့်စိတ်နဲ့ကိုယ် အေးချမ်းချင်လို့..။...
19/11/2023

ဘယ်သူနဲ့မှ...
ထိပ်တိုက်ရင်ဆိုင်မတွေ့ချင်ဘူးဆိုတာမျိုးက
အကြောက်တရားကြောင့် မဟုတ်ဘူး။
ကိုယ့်စိတ်နဲ့ကိုယ် အေးချမ်းချင်လို့..။
ကိုယ့်ရပ်ဝန်းနဲ့ကိုယ် ငြိမ်းငြိမ်းချမ်းချမ်းနေချင်လို့
ဖြစ်တယ်..။

ဒါကြောင့် ကိုယ့်အပေါ် ကျော်ခွသွားကြတဲ့
တချို့လူမှုရေးရာ ပြဿနာကိစ္စ
တော်တော်များများကို မသိချင်ယောင်ဆောင်ပြီးပဲ
ရှောင်ပေးလိုက်တာများတယ်..။

သူတို့ပြောသလိုပြန်ပြော၊ သူတို့ပြုမူသလို
ပြန်ပြုမူရင် သံသရာဟာလည်နေတော့မှာ
ပြီးဆုံးတော့မှာ မဟုတ်ဘူး..။

ရှောင်နိုင်တဲ့အခါရှောင်တယ်
ရှောင်လို့မရတဲ့အဆုံး ပြုံးပြုံးလေးပဲ
ကြည့်နေပေးလိုက်တယ်..။

"ငါကအေးဆေးပဲဆိုတဲ့အထာမျိုးနဲ့"

#ရွှေစွန်ညို
November 6 / 9:38 PM
ရွှေစွန်ညို - Shwe Son Nyo

နာရီလက်တံတွေ နောက်ပြန်လည်တဲ့တစ်နေ့ပျော်စရာတွေဟာ ငါ့အပေါ်အားရပါးရ ဝဋ်ပြန်လည်လိမ့်မယ် ... #အောင်ချိမ့်
16/11/2023

နာရီလက်တံတွေ
နောက်ပြန်လည်တဲ့တစ်နေ့
ပျော်စရာတွေဟာ ငါ့အပေါ်
အားရပါးရ ဝဋ်ပြန်လည်လိမ့်မယ် ...

#အောင်ချိမ့်

16/11/2023

Address


Website

Alerts

Be the first to know and let us send you an email when Poem Book posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Poem Book:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share