Nway Oo News

Nway Oo News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nway Oo News, Media/News Company, .

ကိုအောင်သော်အတွက်အပေးစကားလေးတစ်ခွန်းလောက်ပြောခဲ့အုံး💪💪✊
22/05/2024

ကိုအောင်သော်အတွက်အပေးစကားလေးတစ်ခွန်းလောက်ပြောခဲ့အုံး💪💪✊

11/04/2024

မြဝတီကိစ္စနဲ့ အေလာလေဆိပ်တိုက်ခိုက်ခံရမှု ဗိုလ်ချုပ်ဇော်မင်းထွန်း ဘာပြောလဲ။
🔵11-Apr-2024🔵

#ဗိုလ်ချုပ်ဇော်မင်းထွန်း #နေပြည်တော် #မြဝတီ

မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များကို ထိတ်လန့်စေခဲ့သည့် ဒရုန်းတိုက်ခိုက်မှုအတွက် လေကြောင်းရန် ကာကွယ်ရေးစနစ်နှင့် ...
05/04/2024

မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များကို ထိတ်လန့်စေခဲ့သည့် ဒရုန်းတိုက်ခိုက်မှုအတွက် လေကြောင်းရန် ကာကွယ်ရေးစနစ်နှင့် Jammer များကို ပြန်လည် သုံးသပ်ဆန်းစစ်ရန်၊ အဆင့်မြှင့်တင်ရေး လုပ်ဆောင်ရန် ညွှန်ကြား

နေပြည်တော်ကို ဒရုန်းများဖြင့် တိုက်ခိုက်မှု အကြောင်း နိုင်ငံတကာမီဒီယာများတွင် စစ်ကောင်စီကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြ

ဧပြီလ ၅ ရက်

မင်းအောင်လှိုင် အပါအဝင် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများကို ထိတ်လန့်စေခဲ့သည့် ယမန်နေ့ နေပြည်တော်ကို ဒရုန်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး အစီရင်ခံတင်ပြရန်၊ လေကြောင်းရန် ကာကွယ်ရေးစနစ်၊ Jammer များ တပ်ဆင်ထားခြင်းကို ပြန်လည်သုံးသပ်ရန်နှင့် လုံခြုံရေးဆိုင်ရာ ကျိုးပေါက်နိုင်မှုများကို ထပ်မံ မဖြစ်ပွားစေရေး အဆင်မြှင့်တင်ရန် စစ်ကောင်စီက ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။

အဆက် -

အမျိုးသမီးတွေစစ်မှုထမ်းဖို့ ချက်ချင်းမခေါ်ဘူးလို့ စစ်ကောင်စီပြော 🔵21-Feb-2024🔵စစ်ကောင်စီအသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထ...
21/02/2024

အမျိုးသမီးတွေစစ်မှုထမ်းဖို့ ချက်ချင်းမခေါ်ဘူးလို့ စစ်ကောင်စီပြော
🔵21-Feb-2024🔵
စစ်ကောင်စီအသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ လတ်တလော ခေါ်ယူဖို့ အစီအစဉ်မရှိတဲ့အကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့က စစ်ကောင်စီသတင်းထုတ်ပြန်မှုမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်တဲ့နေရာမှာ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ အကျုံးဝင်တဲ့ လူဦးရေ ၁၃ သန်းရှိပြီး အဲဒီထဲမှာ အမျိုးသားလူဦးရေ ၆ သန်းကျော်ရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

🔵ဘယ်လမ်းကိုပဲ ကျွန်တော် ရွေးရွေးနှစ်ကြိမ်tayရမည့် လမ်းတော့ကျွန်တော် မရွေးပါဘူး🔵ကိုယ်ယုံကြည်ရာဟာကိုယ့်ကိုးကွယ်ရာပါပဲမင်းရ...
19/02/2024

🔵ဘယ်လမ်းကိုပဲ ကျွန်တော် ရွေးရွေး
နှစ်ကြိမ်tayရမည့် လမ်းတော့
ကျွန်တော် မရွေးပါဘူး🔵

ကိုယ်ယုံကြည်ရာဟာ
ကိုယ့်ကိုးကွယ်ရာပါပဲ
မင်းရော ငါရော မြင်ရတဲ့ ငရဲ
ဘယ်ရပ်ဝန်း ပိုလှသလဲ
ငါတို့ နှလုံးသား ပဲ အသိဆုံးဖြစ်မှာပါ

ဘဝပေးပြီး တိုက်ရမည့် စစ်မှာ
မင်းtayလဲ အရေးမကြီးဘူး
ငါtayလဲ အရေးမကြီးဘူး
လူသားဆန်ဖို့သာ ဝင်တိုက်ရမည့် စစ်မှာ
လူသားဆန်ဆန်တော့ tayဆုံး ချင်တယ် ။

#ဒဿ 2024
CRD

13/02/2024

✊✊✊

12/02/2024

စစ်ကောင်စီ ပြည်သူ့စစ်မှုထမ်းဥပဒေ အပေါ် NUG သဘောထား၊ ပြောခွင့်ရ ဦးကျော်ဇော် ပြောကြား

🔵12 -2-2024🔵

NUG နဲ့ မဟာမိတ်တွေပူးတွဲပြီး ဒီမတရားဥပဒေ အကောင်အထည် မဖေါ်နိုင်အောင် ပြင်းပြင်း ထန်ထန် တိုက်ပွဲဝင်သွားမယ် လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော် က ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီလက်အောက်တွင် စစ်မှု မထမ်းလိုသော လူငယ်လူရွယ်များအတွက် တော်လှန်ရေးတပ်ဖွဲ့များက တော်လှန်ရေးရဲဘော်သစ်များ အပြိုင်အ...
12/02/2024

စစ်ကောင်စီလက်အောက်တွင် စစ်မှု မထမ်းလိုသော လူငယ်လူရွယ်များအတွက် တော်လှန်ရေးတပ်ဖွဲ့များက တော်လှန်ရေးရဲဘော်သစ်များ အပြိုင်အဆိုင် ခေါ်ယူနေ

12-Feb-2024

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ ကို အသက်သွင်းပြီးနောက် လူငယ်လူရွယ်များကို စစ်တပ်ထဲသို့ ခေါ်သွင်းရန် ပြင်ဆင်နေချိန် စစ်အာဏာရှင် တော်လှန်ရေးတပ်ဖွဲ့များကလည်း တော်လှန်ရေးရဲဘော်သစ်များကို အပြိုင်အဆိုင် ခေါ်ယူနေကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညပိုင်းတွင် စစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာပြီးနောက် အများစုသော လူငယ်များမှာ စစ်ကောင်စီလက်အောက်တွင် အမှုမထမ်းလိုကြောင်း လူမှုကွန်ရက်များတွင် ထုတ်ဖော်ပြောဆိုလာပြီးနောက် တစ်နိုင်ငံလုံးရှိ တော်လှန်ရေးတပ်ဖွဲ့များက ယင်းသို့ တော်လှန်ရေးရဲဘော်များကို ခေါ်ယူလာခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သော ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း စစ်မှုထမ်းရန် အကြမ်းဖက် စစ်ကောင်စီက ဆင့်ခေါ်မည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းရန်ကာလကို (က) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို (၂၄)လ ထက်မပိုသည့် ကာလ အပိုင်းအခြား အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကြောင်း၊ (ခ) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက် တပ်မတော် စက်မှုလက်မှု ပညာသည်များအဖြစ် အမှုထမ်းရန် ဆင့်ခေါ်ခြင်း ခံရသူများကို (၃၆) လထက် မပိုသည့် ကာလ အပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကြောင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော ကျွမ်းကျင်သူများအား (၃၆) လထက်မပိုသည့် ကာလ အပိုင်းအခြား အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ထို့ပြင် နိုင်ငံတော်တွင် အရေးပေါ် အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို (၅)နှစ်အထိ တိုးမြှင့် သတ်မှတ်နိုင်သည်ဟု ဥပဒေက ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီလက်အောက်တွင် စစ်မှုမထမ်းလိုသော လူငယ်လူရွယ်များကို အောက်ပါတော်လှန်ရေးအဖွဲ့များက တော်လှန်ရေးရဲဘော်များအဖြစ် ခေါ်ယူနေကြောင်း သိရှိရသည်။

၁-TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့

https://www.facebook.com/tbkwegf/posts/373953068711617

၂-Bamar People's Liberation Army - BPLA

https://www.facebook.com/BamarPeoplesLiberation/posts/374303568652851

၃-ရန်ကုန်တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်

https://docs.google.com/forms/d/e/1FAIpQLScreS5-RapsjBYIfVPNdue_czQpa6eEVuhLt1rexHexoK_4PQ/viewform?fbclid=IwAR364rpTo4p6O5owmDPof8R6F_vez1ZsLxCnJ5yDkX65w0DbJWBm717uwdA

၄-Homalin People's Defense Force - HPDF 124

https://www.facebook.com/permalink.php?story_fbid=364753972994745&id=100083804347356

၅-Mandalay PDF

https://www.facebook.com/permalink.php?story_fbid=360049413491792&id=100084602090156&locale=ms_MY

၆-လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway )

https://www.facebook.com/100075665358623/posts/410611941470981/
Telegram -

၇- ရှမ်းတောင် ၁၀၀၅တပ်ရင်း
https://www.facebook.com/PDF1005?mibextid=2JQ9oc

၈- ရှမ်းတောင် ၁၀၀၈ တပ်ရင်း
https://www.facebook.com/profile.php?id=100083288321728&mibextid=2JQ9oc

၉- KNDF BO7
https://m.facebook.com/story.php?story_fbid=3620663934838257&id=100006840580143&mibextid=2JQ9oc

၁၀- ရွှေဘိုခရိုင်တပ်ရင်း-၁၄ YeU PDF
https://www.facebook.com/mod.pdfbattalion14yeu?mibextid=2JQ9oc

၁၁- မြိတ်ခရိုင်တပ်ရင်း(၂)
https://www.facebook.com/100094722176106/posts/243993032101434/?app=fbl

၁၂- Cobra Column 2 Venom
https://m.facebook.com/story.php?story_fbid=352055581126026&id=100089647594834&mibextid=2JQ9oc

၁၃- ကျားဖြူစစ်ကြောင်း Justice Soldier PDF
https://www.facebook.com/profile.php?id=61555310281701&mibextid=2JQ9oc

၁၄- DOVE KK Medical Team ကရင်နီရှေ့တန်းဆေးအဖွဲ့
https://www.facebook.com/DoveKK.MedicalCrew?mibextid=2JQ9oc

၁၅- MDF : Myanmar Defence Force (ရွှေဘိုခရိုင်တပ်ရင်း ၂၆)
https://www.facebook.com/profile.php?id=100081313510471&mibextid=2JQ9oc

၁၆- MDF : Myanmar Defence Force (သာယာဝတီခရိုင် တပ်ရင်း (၃)၊ ပဲခူး)
https://www.facebook.com/mdfshwebo?mibextid=2JQ9oc

၁၇- နွေဦးကျန်းမာဆေးရုံ (ကရင်နီဒေသ) ၊ CDM ကျန်းမာရေးအင်အားစု
https://m.facebook.com/story.php?story_fbid=842419774357479&id=100057683910854&mibextid=I6gGtw

၁၈-Eagle Brigade
https://www.facebook.com/EagleBrigade/posts/400985485916675

၁၉- ပြည်သူ့လွတ်လပ်ရေးတပ်တော်

https://www.facebook.com/story.php?story_fbid=419899783936035&id=100077480495211&paipv=0&eav=Afa7seNHfJDHH_4Ix372IaSsaufazewpFe1fjolFfbcN3wMB8EpG_BsNZ3lPCHo9RS0&_rdr

၂၀- Burma Liberation Democratic Front - BLDF

https://www.facebook.com/profile.php?id=100078696534906

၂၁-ပဲခူးခရိုင်၊အမှတ်၂တပ်ရင်း(P2-3702)

https://www.facebook.com/profile.php?id=61552261812842&mibextid=2JQ9oc

၂၂-တောကျီးကန်းစစ်ကြောင်း

https://www.facebook.com/SevenRavensColumn?mibextid=2JQ9oc

၂၃- Royal peacock column
(တော်ဝင်ဒေါင်း-P29913)
https://www.facebook.com/royalpeacockcolumn

၂၄-Spring warriors column(ရိုးမဗျူဟာ)

https://www.facebook.com/springwarriorscolumn

၂၅-အာဠာဝကစစ်ကြောင်း(တပ်ရင်း-၃)

https://www.facebook.com/pdfbat3thaton

၂၆-PDF တာဝန်ခံ(ကျိုက်ထို၊ဘီးလင်း၊သထုံ)
ရဲဘော် အေးမင်းထွန်း
09405000900 signal / 09899777780 telegram

၂၇-PDF တပ်ရင်း၂ ဆက်ဆံရေးရုံး
ဆရာစံ-09756499618 / +66944177332 signal
တပ်ရင်း၂ ရေးတာဝန်ခံ

၂၈-SSTF(ပြင်ဦးလွင်)

https://www.facebook.com/profile.php?id=100072466938866&mibextid=2JQ9oc

၂၉-ပြည်သူ့ရဲတပ်ဖွဲ့(အမျိုးသားညီညွတ်ရေးအစိုးရ)

https://www.facebook.com/peoplepolice.mm

ဒလန်မ  ဒလန်မ "မယ်သီ"နာမည်ကြီးနေတဲ့ဒလန်မ သီသီအေး "မယ်သီ" Sold Out.  ကျွန်မအဖမ်းမခံရဘူးလို့ဂျင်းသတင်းတောင်လွင့်လိုက်သေး😆
11/02/2024

ဒလန်မ ဒလန်မ "မယ်သီ"နာမည်ကြီးနေတဲ့
ဒလန်မ သီသီအေး "မယ်သီ" Sold Out.
ကျွန်မအဖမ်းမခံရဘူးလို့ဂျင်းသတင်းတောင်လွင့်လိုက်သေး😆

10/02/2024

မအလ စကစတပ်သားတွေကပြေးတာလဲတော်သလိုအဂ်လိပ်လိုလဲအကျွမ်းသား😂😂😂

အန်တီငမောက်😆ဟာအန်တီငမောက် ပါသွားပြီအို သူပြောသလို ထိုင်ရိုက်ခိုင်းလိုက်ပါလားဟစအို -က-ွ-ဲ-အောင် -ိ-ပြီး စွတ်စွတ်လုပ်ပါလား...
10/02/2024

အန်တီငမောက်😆

ဟာအန်တီငမောက် ပါသွားပြီ
အို သူပြောသလို ထိုင်ရိုက်ခိုင်းလိုက်ပါလား
ဟစအို -က-ွ-ဲ-အောင် -ိ-ပြီး စွတ်စွတ်လုပ်ပါလား😩
ဟိုက်ဝဲစားတွေ ကိုယ်ကြိုက်ရာ ကိုယ်စားပါလား😋
အာငမောက်လေးကို ဆားနဲ့ ပတ်ပါလာ
နောက်ဆုံးအသံက ဒူဝေဝေ

သူတို့ ရပ်ကွက်က
`မုန့်ဟင်းခါးရော-မုန့်တီရော
ရှုပ်ရှက်တွေခက်နေရောဗျာ။

မယ်သီ ရရှိကြောင်းအတည်ပြု။စစ်ဆေးဆဲ။ဖယောင်းစက်လေးတွေ တစက်ချင်း ချပြီးမေးပေးပါ ပူလားလို့။ဘလိုနေလဲလို့သူအသံလေးကြားချင်တာပါ🙂က...
10/02/2024

မယ်သီ ရရှိကြောင်းအတည်ပြု။
စစ်ဆေးဆဲ။
ဖယောင်းစက်လေးတွေ
တစက်ချင်း ချပြီး
မေးပေးပါ ပူလားလို့။ဘလိုနေလဲလို့သူအသံလေးကြားချင်တာပါ🙂
ကုနpostတင်တာပျက်ကျသွားလို့ထက်တင်တင်ထက်ဖျက်လေ🖕🖕🖕

ဆီဆိုင်မြို့တွင်စစ်ကောင်စီတပ်သား အလောင်း၅၀ ကျော်နှင့်လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ🔵31 Jan 2024🔵
31/01/2024

ဆီဆိုင်မြို့တွင်စစ်ကောင်စီတပ်သား အလောင်း၅၀ ကျော်နှင့်လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ

🔵31 Jan 2024🔵

31/01/2024

ရွှေဘိုမြို့ရှိ KBZ ဘဏ် ၂ တွင် လုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက် (ရုပ်/သံ)

🔵31 Jan 2024🔵

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ KBZ ဘဏ် ၂ တွင် လုံခြုံရေးယူနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း Flying Dragon Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်

ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ရွှေဘိုမြို့ရှိ KBZ ဘဏ် ၂ တွက် လုံခြုံရေး ယူပေးနေသော စစ်သားနှင့် ရဲများကို တော်လှန်ရေး တပ်ဖွဲ့များက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Flying Dragon Force ၊ သိင်္ခအားမာန်၊shwebo Crocodile၊ ရွှေဘိုအားမာန်မြို့ပြောက်ကျားတပ်ဖွဲ့၊ ကျားညီနောင် NDRF၊ တံတားညီနောင်၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ဗိုလ်လင်းရောင်(ဒပယ) တန၊၂ တပ်ပေါင်းစုတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုသည် မြန်မာနိုင်ငံရှိ KBZ ဘဏ် အားလုံးကို သတိပေး ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ၏ ညွှန်ကြားချက်အရ KBZ ဘဏ်သည် ပြည်သူများကို စစ်တပ်နှင့် ပူးပေါင်းကာ K pay အကောင့်များကို လိုက်လံပိတ်သိမ်းထားခြင်းများနှင့် ပြည်သူများ၏ တိုင်တန်းချက်အရ K pay ပိတ်ရုံတင်မက အကောင့်ပိုင်ရှင် ပြည်သူများကိုပါ ဖမ်းဆီးခြင်းအထိ လုပ်ဆောင်လာခြင်းကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း Flying Dragon Force က ထုတ်ပြန်ထားသည်။

31/01/2024

🔵31 Jan 2024🔵

နမ့်ဖတ်ကာရှိ စစ်ကောင်စီ၏ ခလရ ၁၂၃ တပ်မှ လက်နက်ကြီး၊ လက်နက်ငယ် အလက် ၃၀၀ သိမ်းဆည်းရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရှိ စစ်ကောင်စီ၏ ခလရ ၁၂၃ တပ်မှ လက်နက်ကြီး၊ လက်နက် ငယ် အလက် ၃၀၀ သိမ်းဆည်းရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်၏ နမ့်ဖတ်ကာ စစ်တပ်စခန်းကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတပ်စခန်းမှ လက်နက်ကြီးလက်နက်ငယ် ၃၀၀ ခန့် သိမ်းဆည်းရရှိကြောင်း ၊ လက်နက်များတွင် ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက် ၂ လက် ၊ ၈၁ မမ နှင့် ၆၀ မမ ၈ လက် ၊ စက်လက် ၁၇ လက်၊ ငါးကြင်းမြီး ၁၆ လက်၊ လက်ထောက် ၁၉ လက်၊ MA ၁၀၅ လက်၊ ဒရုန်း ၃ စီး၊ ဂျမ်မာစက် တစ်ခု အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

"လက်နက်ခဲယမ်းတွေမှာ အကောင်းအတိုင်း ပြန်သုံးလို့ရတာတွေ အတော်များတယ်။ ပျက်စီးသွားတဲ့ လက်နက်တွေကိုတော့ ထည့်မတွက်ထားဘူး" ဟု KIA သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

နမ့်ဖတ်ကာတိုက်ပွဲတွင် စစ်တပ်ဘက်မှ FTC 2000 G တိုက်လေယာဉ်တစ်စင်းကိုလည်း KIA တပ်များက ပစ်ချနိုင်ခဲ့ကြောင်း သိရှိရသည်။

29/01/2024

🔵29 Jan 2024🔵

သင်္ဃန်းညီနောင်တွင် တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင်လိုက်ပါသော စစ်တပ်ရဟတ်ယာဉ်ကို ကော်ဘရာစစ်ကြောင်းက ဘယ်လိုပစ်ချလိုက်လဲ(ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီး သင်္ဃန်းညီနောင်တွင် သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ ရဟတ်ယာဉ်တစီး ပစ်ချလိုက်ပြီး တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပါအဝင် ၅ ဦးခန့်သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်း စစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။

ယနေ့မွန်းလွဲ ၂:၃၀ အချိန်ခန့်က သင်္ဃန်းညီနောင် ခမရ ၃၅၅ သို့ လာသည့် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးကို ပစ်ချလိုက်ပြီး ရဟတ်ယာဉ်ပေါ်ပါ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ၅ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

သင်္ဃန်းညီနောင်ရှိ ခမရ ၃၅၅ (ခြေမြန်တပ်ရင်း) သို့ လာရောက်စစ်ဆေးသော အဆိုပါ စစ်ကောင်စီ ရဟတ်ယာဉ် ၂ စင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃)၊ KNLA/PDF ပူးပေါင်းစစ်ကြောင်းဖြစ်သည့် ကော်ဘရာစစ်ကြောင်းက Missile ၊ ပွိုင့်ဖိုက်၊ စနိုက်ပါ အစရှိသည့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ရဟတ်ယာဉ်တစီး၏ လေယာဉ်မှူးကို ထိမှန်သည့်အတွက် ရဟတ်ယာဉ်ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ တာဝန်ရှိသူက ပြောသည်။

"စစ်ကောင်စီ ခမရ ၃၅၅ ကို လာရောက်စစ်ဆေးတဲ့ ရဟတ်ယာဉ် ၂စီးကို ကျွန်တော် တို့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ(၃)၊ KNLA/PDF ပူးပေါင်းစစ်ကြောင်း ဖြစ်သော ကော်ဘရာစစ်ကြောင်းက လက်နက်မျိုးစုံနဲ့ပစ်ချတာ။ စစ်ကောင်စီအကြီးအကဲတွေစီးတဲ့ Eurocopter အမျိုးအစား ရဟတ်ယာဉ်တစီးပျက်ကျပြီး တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပြင်းအထန်ဒဏ်ရာရတယ်။ သေဆုံးဖို့များတယ်။ ၅ ဦးခန့် သေဆုံးတယ်လို့ ကနဦးသိရတယ်။ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။" ဟု ၎င်းကဆိုသည်။

စစ်ရဟတ်ယာဉ် ပျက်ကျသည့်နေရာကို စစ်ကောင်စီက ကယ်ဆယ်ရေးလုပ်ငန်း များ လုပ်ဆောင်နေသည်ဟု သိရှိရပြီး အသေးစိတ်ကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

29/01/2024

🔵29 Jan 2024🔵

ရှမ်းမြောက်၊ နမ့်ဖတ်ကာတွင် စစ်တပ်စခန်းများအားလုံးကို သိမ်းပိုက်ပြီးနောက် ပြည်သူများက KIA ဦးဆောင်သော တော်လှန်ရေးတပ်များကို တေးဂီတများဖြင့် သောင်းသောင်းဖျဖျ ကြိုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၉

29/01/2024

အာဆီယမ်အစည်းအဝေးသွားတဲ့မြန်မာကိုယ်စာလှယ် #ကျော်မျိုးမင်းပေါက်ကွဲ😆

23/01/2024

23 Jan 2024😅
အိန္ဒိယသို့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၉၂ ဦးကို သွားခေါ်သည့် မြန်မာစစ်တပ် လေယာဉ် လမ်းချော်မှု လေယာဉ်အမှုထမ်း မြန်မာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦး ဒဏ် ရာရ (ရုပ်/သံ) 😅

23 Jan 2024လောက်ကိုင်တွင် လက်နက်ချအညံ့ခံသော ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဗိုလ်မှူး ချုပ် မိုးကျော်သူ နှင့် ဗိုလ်မှူးခ...
23/01/2024

23 Jan 2024

လောက်ကိုင်တွင် လက်နက်ချအညံ့ခံသော ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဗိုလ်မှူး ချုပ် မိုးကျော်သူ နှင့် ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ကို စစ်ခုံရုံးက သေဒဏ် ချ မှတ် ပြီး ကျန်ဗိုလ်မှူးချုပ်များနှင့် ဗိုလ်မှူးကြီးများကို တစ်သက် တစ်ကျွန်း နှင့် ထောင် ဒဏ် နှစ် ၂၀ ချမှတ်
23 jan 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်တွင် MNDAA ထံ လက်နက်ချ အညံ့ခံလိုက်သော ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဗိုလ်မှူးချုပ် မိုးကျော်သူနှင့် ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ကို စစ်ခုံရုံးက သေဒဏ်ဒဏ်ချမှတ်လိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် စစ်ခုံရုံးကို ဖွဲ့ စည်းပြီးနောက် ၄၈ နာရီအတွင်း အမှုကို စစ်ဆေးကာ အမိန့်ချမှတ် အရေးယူ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သေဒဏ်နှင့်ထောင်ဒဏ် နှစ် ၂၀ (တစ်သက်တစ်ကျွန်း) ပြစ်ဒဏ်များ ချမှတ်ရာ တွင် စစ်ခုံရုံးက တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၂ (က) အရ ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ် ကြောင်း သိရှိရသည်။

၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၂(က) တွင် ဤအက်ဥပဒေကို လိုက် နာရသူတဦးဦးသည် မိမိအားလွှဲအပ်ထားသော၊ သို့တည်းမဟုတ် မိမိကာ ကွယ်ခုခံရန်တာဝန်ဝတ်တရားရှိသော မြို့စောင့် တပ်စခန်း၊ ခံတပ်၊ တာဝန်ကျ နေရာ၊ နေရာ၊ ရေယာဉ်၊ သို့တည်းမဟုတ် ကင်းတခုခုကို ရှက်ဘွယ် ကောင်းစွာ စွန့်ပစ်လျှင်၊ သို့တည်းမဟုတ် ပေးအပ်လျှင်၊ သို့တည်းမဟုတ် အဆိုပါ ပြုလုပ်မှု များ အနက် ပြုလုပ်မှုတခုခုကို ကျူးလွန်ရန် တပ်မှူး တဦးဦး အားသော် လည်း ကောင်း၊ ၊ အခြားသူတဦးဦးအားသော်လည်းကောင်း၊ အတင်း အကျပ်ပြု ရန် ဖြစ်စေ၊ သွေးဆောင်ဖြားယောင်းရန်ဖြစ်စေ၊ မည်သည့်နည်းမျိုးကိုမဆို အသုံး ပြုလျှင် စစ်တရားရုံးကပြစ်မှုထင်ရှား စီရင်သောအခါ၊ သေဒဏ်ဖြစ် စေ၊ ဤ အက်ဥပဒေတွင်ဖေါ်ပြထားသည့်လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့် စေရ မည်ဟု ပြဋ္ဌာန်းထားသည်။

ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင်မှ စစ်သည်နှင့်တပ်မိသားစုဝင် ၄၀၀၀ ကျော် MNDAA ထံတွင် လက်နက်ချ အညံ့ခံမှုတွက် အဓိက တာဝန်ရှိသူဟု သတ် မှတ် ခံရသော လောက် ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက် ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ကို နိုင်ငံတော်ပုန်ကန်မှု၊ အမိန့်မ လိုက် နာ မှု၊ တာဝန်မကျေပွန်မှု တို့အပါအဝင် တပ်မတော်အက်ဥပဒေ များ၊ ပုဒ်မ များစွာဖြင့် သေဒဏ်ပြစ်ဒဏ်များကို စစ်ခုံရုံးက ချမှတ်လိုက်ကြောင်း သိရှိရ သည်။

ထို့ပြင် အခြား ဗိုလ်မှူးချုပ် ၃ ဦးဖြစ်ကြသည့် စကခ ၁၆ တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင် ဦး၊ စကခ ၁၂ စကခမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ စကခ ၁၄ စကခ မှူး ဗိုလ်မှူးချုပ် အေးမင်းဦးတို့ကိုလည်း တာဝန် မကျေပွန်မှု၊ အထက် အမိန့် မနာခံမှု၊ ပုန်ကန်မှု များ ဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များကို လည်း ကောင်း၊ လောက်ကိုင်မှ ဗိုလ်မှူးကြီး အဆင့် အရာရှိ ၆ ဦးတို့ကိုလည်း ထောင်ဒဏ် နှစ် ၂၀ စစ်ခုံရုံးက ချမှတ်ကြောင်း သိရှိရ သည်။

ဓာတ်ပုံ- ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဗိုလ်မှူးချုပ် မိုးကျော်သူ။

မိုးမိတ်မြို့ကို  စစ်ကောင်စီက လက်လွှတ်ရသဖြင့် လေကြောင်းနှင့် လက်နက်ကြီးများပစ်ခတ်20 Jan 2024ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိ...
20/01/2024

မိုးမိတ်မြို့ကို စစ်ကောင်စီက လက်လွှတ်ရသဖြင့် လေကြောင်းနှင့် လက်နက်ကြီးများပစ်ခတ်

20 Jan 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ရှိ မိုးမိတ်မြို့ကို စစ်ကောင်စီက လက်လွှတ်လိုက်ရသဖြင့် မြို့ကို လေကြောင်းမှ တစ်ဆင့် ပစ်ခတ်တိုက်ခိုက်၍ လည်းကောင်း၊ လက်နက်ကြီးများ ပစ်ခတ်၍ လည်းကောင်း ဖျက်ဆီးလျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မိုးမိတ်မြို့နယ်ပတ်ပတ်လည်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA ၊ TNLA နှင့် PDF တပ်များက ယခု ဇန်နဝါရီလဆန်းကတည်းက တောက်လျှောက်ဆိုသလို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၄ နာရီမှစတင်ပြီး မိုးမိတ်မြို့နယ် ရဲစခန်းနှင့် တပ်ရင်း ၃ ခု၊ စစ်တပ်၏ အခြေချဗျူဟာတို့ကို တိုက်ခိုက်ခဲ့ကြောင်း၊ လက်ရှိတွင် တော်လှန်ရေးတပ်များက မိုးမိတ်မြို့ရဲစခန်း နှင့် မြို့အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသော စခန်းများကို သိမ်းပိုက်ရရှိထားကြောင်း၊ မိုးမိတ်မြို့၏ နေရာအများစုကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိထားကြောင်း၊ စစ်တပ်က မိုးမိတ်မြို့တစ်ခုလုံးကို လေကြောင်းမှတစ်ဆင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မြို့ကို ဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။

"မြို့ပေါ် ရဲစခန်းကတော့ ဇန်နဝါရီလ ၁၈ ရက်နေ့ကတည်းက သိမ်းထားတာ။ မြို့တွင်းထဲကနေ စစ်တပ်က ဆုတ်ခွာပြေးပြီးတော့ လေယာဉ်နဲ့ ဗုံးကျဲတယ်။ လက်နက်ကြီးတွေနဲ့ပစ်တယ်။ မိုးမိတ်မြို့မစျေးကြီး မီးလောင်တယ်။ ဘုန်းကြီးကျောင်းတွေလည်းပျက်စီးတယ်။ ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ လည်း များပါတယ်။ အတိအကျတော့ စာရင်းနဲ့မရသေးဘူး။ မိုးမိတ်မြို့နယ်တစ်ခုလုံး မသိမ်းနိုင်သေးပေမယ့် မိုးမိတ်မြို့ကိုတော့ တော်လှန်ရေးတပ်တွေဘက်က ထိန်းချုပ်ထားပြီ" ဟု မိုးမိတ်မြို့ခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူတချို့၏ အလောင်းများ လမ်းပေါ်နှင့် အဆောက်အဦးများတွင် ရှိနေပြီး ဒဏ်ရာရရှိသူများလည်း များပြားကြောင်း၊ ဒဏ်ရာရရှိသူများမှာလည်း ဆေးဝါး မကုသဘဲ ကျန်းမာရေးဆိုးဝါးနေကြောင်း၊ ပိတ်မိနေသည့် ပြည်သူများလည်း ရှိနေကြောင်း သိရှိရသည်။

မိုးမိတ်မြို့နယ်တွင် ခမရ ၃၄၈၊ ခလရ ၂၇၆ ၊ ခလရ ၂၂၃ တပ်ရင်း ၃ ခုနှင့် အခြေ ချ ဗျူဟာရှိနေပြီး ယင်းတပ်ရင်း ၃ ခုနှင့် အခြေချဗျူဟာတို့က မိုးမိတ်မြို့နယ် မကျ စေရေး အပြင်းအထန်ခုခံနေကြောင်း သိရှိရသည်။

19/01/2024

စစ်ကောင်စီရဲ့ဖမ်းဆီးမှုမှပြန်လွတ်လာတဲ့ ပေါက်ကိုတော်ရဲ့ စကားသံ # #

DragonFly project မှ ရရှိသော အမေရိကန်ဒေါ်လာ 2.2သန်း အားစာရင်းဇယားများအတိအကျ ချပြရန် မျိုးရန်နောင်သိမ်းနှင့် ပန်ဆယ်လို တိ...
19/01/2024

DragonFly project မှ ရရှိသော
အမေရိကန်ဒေါ်လာ 2.2သန်း အားစာရင်းဇယားများအတိအကျ ချပြရန် မျိုးရန်နောင်သိမ်းနှင့် ပန်ဆယ်လို တို့အားတော်လှန်ရေးအင်အားစုများ တောင်းဆို

2022ခုနှစ် မတ်လ 30မှ april 10ရက်နေ့ထိ ပြုလုပ်သော
PROJECT DRAGONFLY ကမ်ပိန်းမှ
ရရှိသော ပြည်သူလူထုမှ လှုဒါန်းငွေ
အမေရိကန်ဒေါ်လာ 2.2သန်းအား
စာရင်းတိကျစွာချပြပေးရန်
တော်လှန်ရေးအင်အားစုများမှ တောင်းဆိုထားကြောင်းကနဦး သိရှိရပါသည်။

ပရောဂျက်ရရှိငွေများအား
ပန်ဆယ်လိုနှင့် မျိုးရန်နောင်သိမ်း တို့မှ ကိုယ်ကျိုးစီးပွားသုံးစွဲသည်ဟု
သတင်းများထွက်ပေါ်နေပြီး

၄င်းပရောဂျက်မှ ရရှိသော အမေရိကန်ဒေါ်လာ 2.2သန်းအား NUGထံသို့
အပ်နှံထားပြီးကြောင်း မပန်ဆယ်လိုမှ
ရှင်းလင်းထားပါသည်။

လတ်တလော သိရှိချက်အရ
NUG နှင့် မပန်ဆယ်လို. မျိုးရန်နောင်သိမ်း တို့ အခြေအတင် ပြသနာများ ဖြစ်ပေါ်နေကြောင်းသိရှိရပါသည်။

#ပန်ဆယ်လို
#မျိုးရန်နောင်သိမ်း

13/01/2024

အလံဖြူထောင်တဲ့ မအလတပ် ဖြစ်သွားပြီလား..

နတ်သံကွင်းမြို့ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီဒီဇင်ဘာ၂၇ ပဲခူးတိုင်...
27/12/2023

နတ်သံကွင်းမြို့ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီ

ဒီဇင်ဘာ၂၇

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်မှု စစ်သား ၂၀ ဦးသေဆုံးပြီး လက်နက် ၁၉ လက်နှင့်ခဲယမ်းများ ရရှိကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် KNU ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ တပ်မဟာ (၃)၊ မူးမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်၏ လည်ပတ်တပ်စခန်း၊ အုန်းနဲပင်တပ်စခန်း နှင့် နရွဲပင်တပ်စခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ တပ်စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်သည့်အချိန်အတွင်း စစ်ကောင်စီတပ်သား ၂၀ ဦး သေးဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၁၉ လက် နှင့် ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့ကြောင်း သိရှိရသည်။

ထိုစခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နတ်သံကွင်းရှိတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိပြီး တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း အာဏသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ လေကြောင်းဖြင့် စစ်ကူပေးလျက်ရှိကြောင်း သိရှိရသည်။

19/12/2023

နမ့်ခမ်းမြို့ကို TNLA က အပြည့်အ၀ ထိန်းချုပ်လိုက်ပြီး မြို့လယ်တွင် TNLA အလံ လွှင့်ထူ
Dec 19

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ စစ်ကောင်စီ၏ စခန်းသစ်ကုန်းစခန်းကို TNLA က အပြီး တိုက်ခိုက်သိမ်းပိုက်ရရှိပြီးနောက် နမ့်ခမ်းမြို့တွင် စစ်တပ်စခန်း တစ်ခုမှ မရှိတော့ဘဲ နမ့်ခမ်းမြို့ကို TNLA က အပြည့်အ၀ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း TNLA ၏ ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီ၏ စခန်းသစ်ကုန်းကို TNLA က သိမ်းပိုက်ရရှိပြီးနောက် နမ့်ခမ်းမြို့တွင် TNLA က ၎င်းတို့ တပ်၏ အလံကို လွှင့်ထူထားကြောင်း၊ နမ့်ခမ်းမြို့လယ် အပါအဝင် မြို့အဝင်အထွက်၊ စစ်တပ်စခန်းနေရာဟောင်းများတွင် TNLA စစ်သားများက လုံခြုံရေး ယူထားကြကြောင်း၊ မြို့လယ်တွင် TNLA အလံကို လွှင့်ထူထားကြောင်း သိရှိရသည်။

TNLA က နမ့်ခမ်းမြို့ကို အောက်တိုဘာလ ၂၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး စတင်ကတည်းက TNLA က စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၇ရက်နေ့ နံနက် ၄ နာရီခန့် နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ် ကားလမ်းရှိ ၁၃ မိုင် တပ်စခန်း၊ ၁၂ မိုင် တပ်စခန်းနှင့် မန်မိုင်တပ်စခန်း (မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း) တို့ကို တအာင်းတပ်မတော် PSLF/TNLA တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် နမ့်ခမ်းမြို့နယ်၊ ကံကော်တောင် စစ်ကောင်စီ တပ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း ၊ နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဝါရော့တပ်စခန်းနှင့် ထိန်ကန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်း ၂ ခု တို့ကိုတအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီအချိန် နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာ အုပ်စုရှိ စစ်ကောင်စီ၏ မန်ဝင်တပ်စခန်း ၊ နမ့်ခမ်းမြို့ ရဲစခန်း၊ မန်ပူးကြီးကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်းတို့ကို PSLF/TNLA က ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်းမှစတင်၍ နမ့်ခမ်းမြို့၊ နမ့်ခမ်းမြို့လယ်ဘုရားဝင်းအတွင်း ပုန်းခိုစခန်းချနေသော စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့ကို တအာင်းတပ်မတော် PSLF/TNLA က စတင်တိုက်ခိုက်ရာ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် အပြီးသတ်ရှင်းလင်းခဲ့သည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် နမ့်ခမ်းမြို့နယ်၊ နောင်အင်ကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ တာကွန့်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

မော်လူးမြို့မှာ ပြည်သူ့အုပ်ချုပ်ရေးစနစ် စတင်Dec 18,2023 nway oo newsကချင်စစ်ကိုင်းနယ်စပ်၊ တော်လှန်ရေးအင်အားစုတွေ တိုက်ခိ...
18/12/2023

မော်လူးမြို့မှာ ပြည်သူ့အုပ်ချုပ်ရေးစနစ် စတင်
Dec 18,2023 nway oo news

ကချင်စစ်ကိုင်းနယ်စပ်၊ တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ်၊ မော်လူးမြို့ကို ပြည်သူ့အုပ်ချုပ်ရေးစနစ် စတင်နေပြီလို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ကျောင်းသားတပ် (ABSDF) နှင့် အင်းတော် PDF တွေက ဒီဇင်ဘာ ၁၃ ရက်နေ့မှာ မော်လူးမြို့ကို သိမ်းပိုက်ပြီးတဲ့နောက် ဒီဇင်ဘာ ၁၅ ရက်နေ့က စပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ် စတင်လည်ပတ်နေပြီလို့ အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။

မော်လူးမြို့ကို ပြည်သူ့အုပ်ချုပ်ရေးစနစ်စတင်နေပါပြီ သက်ဆိုင်ရာအဖွဲ့အစည်းတွေပူးပေါင်းဆွေးနွေးပြီးတော့မှ မော်လူးမြို့ပေါ် ၆ရပ်ကွက်စလုံးကို မြို့မိမြို့ဖ တစ်ရပ်ကွက်ကို တစ်ယောက်နှုန်းနဲ့ ၆ရပ်ကွက် ဆိုတော့ မြို့မိမြို့ဖ ၁၂ ယောက်နှုန်းနဲ့အုပ်ချုပ်ရေးစနစ် လည်ပတ်သွားဖို့ပါလို့ သူကပြောပါတယ

Address


Website

Alerts

Be the first to know and let us send you an email when Nway Oo News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share