Seikphyu Media

  • Home
  • Seikphyu Media

Seikphyu Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Seikphyu Media, Media/News Company, .

ရုံးမတက်နဲ့ ရုန်းထွက်ဆိုတုန်းကတော့ထမင်းငတ်ရင် မင်းတို့ကျွေးထားမှာလားတဲ့ခုများကျ ရုံးတက်ပြီး လက်နက်ကိုင်ခိုင်းတော့ ကျောတခ...
18/11/2023

ရုံးမတက်နဲ့ ရုန်းထွက်ဆိုတုန်းကတော့
ထမင်းငတ်ရင် မင်းတို့ကျွေးထားမှာလားတဲ့

ခုများကျ ရုံးတက်ပြီး လက်နက်ကိုင်ခိုင်းတော့
ကျောတခင်းစာတော့ ဘယ်မှာရှာရှာရပါတယ်အေ တဲ့

သောကတွေပေးနေတာ မဟုတ်ဘူး
ဘောမတွေပြေးနေတာ

ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

16/11/2023
16/11/2023

ကြက်သွန်ပျိုးခါနီးမှ
ပျိုးဖျက်မဲ့မိုးက ရွာလာပြီ
#ဆိပ်ဖြူ

မြူးတဲ့သူတွေ မြူးနေနိုင်ပေမဲ့ရူးတဲ့သူတွေ အရူးမပြေနိုင်ခဲ့၂၀၂၃ စက်တင်ဘာ၂၃
26/10/2023

မြူးတဲ့သူတွေ မြူးနေနိုင်ပေမဲ့
ရူးတဲ့သူတွေ အရူးမပြေနိုင်ခဲ့

၂၀၂၃ စက်တင်ဘာ၂၃

နေဟန်မပြောင်း #ရေနံချောင်း
25/10/2023

နေဟန်မပြောင်း
#ရေနံချောင်း

18/10/2023

အပြစ်မရှိတဲ့သူတွေကိုအပြစ်တင်တဲ့အကျင့်ရှိရင်
တော်လှန်ရေးကြောင်းမပြောဘဲ နှစ်၂၀ကျွန်ဆက်ခံ

စစ်ကြောင်းဝင်လာလို့
စကစ ကျအောင် P...ကတိုက်လိုက်ပြီဆိုရင်
ရွာကို စကစဘက်က မီးရှို့တယ်။

ဒီလိုဖြစ်လာပြီဆိုရင်
"မီးရှို့ခံရတဲ့ ရွာတွေက စကစကို
တိုက်ကြလို့ အရှို့ခံရတာ" ဆိုပြီး
လူတိုင်းရဲ့စိတ်က ပထမဆုံးအနေနဲ့
အဲ့လို ကောက်ချက်ဆွဲတယ်။

အဲ့ကအနေ တစ်ဆင့်ဘယ်လိုတွေးလဲဆိုတော့
"မီးရှို့မခံချင်ရင် စကစကို မတိုက်နဲ့ " ဆိုပြီး
ပြောင်းပြန် တွေးပစ်ရော ။

အဲ့မှာတင် ပွဲကပြီးရော။
အဲ့အတွေးကြောင့်ပဲလူအုပ်ကြီးရဲ့
ရှိနေတဲ့ သတ္တိကပျောက်သွားရော။

တိုက်စွမ်းအားရှိတဲ့သူတွေနောက်ကို
အေးအေးချမ်းချမ်း နေလိုတဲ့လူတွေက
အင်တိုက်အားတိုက်ဆက်လိုက်နိုင်ဖို့ဆိုရင်
တူညီတဲ့အတွေးအခေါ်ပေါ်မှာ တန်းတူရပ်တည်မှဖြစ်မှာ။

17/10/2023

ပေးချင်တဲ့ messageက 🤣
သေးသေးလေးတွေကလည်း
အလုပ်ဖြစ်နိုင်တယ် ဆိုတာပါ🤣
tiktok;video

16/10/2023

တို့မြို့လေးကို လွမ်းနေကြတဲ့ သူတွေအတွက်

(အရမ်းလှနေလို့ ပြန်ကူးတင်လိိုက်ပြီ)
ANyarTharLay

၈/ ပခုက္ကူခရိုင်တပ်ရင်း (၄) တပ်ခွဲ (၃)ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  နှင့် ပကဖ
11/10/2023

၈/ ပခုက္ကူခရိုင်တပ်ရင်း (၄) တပ်ခွဲ (၃)
ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
နှင့် ပကဖ

03/10/2023

အညာရဲ့ လွမ်းစရာတွေ အများကြီးထဲမှာ
သကြ်န်နားနီး တမာပန်းတွေပွင့်ချိန်ကိုအလွမ်းဆုံး

video ~ crd

ရေနံချောင်းအနီက ပင်းချောင်းဆိုတာ တစ်ချိန်တစ်ခါက တို့ယောချောင်းလိုပါပဲသူလည်း ရေပြင်က ခပ်ကျယ်ကျယ်ရေကလည်း သိပ်ကြည်တယ်တဲ့လေ"...
02/10/2023

ရေနံချောင်းအနီက ပင်းချောင်းဆိုတာ
တစ်ချိန်တစ်ခါက တို့ယောချောင်းလိုပါပဲ

သူလည်း ရေပြင်က ခပ်ကျယ်ကျယ်
ရေကလည်း သိပ်ကြည်တယ်တဲ့လေ

"မြစ်ဆိုရင် တမံတုတ်ပြီး သတ်ရင်သေတယ်
လူမိုက်ဆိုရင် မြှောက်ပေးပြီး သတ်ရတယ် "
ဆိုတဲ့ဆိုရိုးအတိုင်းပါပဲ

ဒီပင်းချောင်းကြီးရဲ့အထက်ပိုင်းက
လေးတိုင်စဥ်ရွာမှာ ပင်းချောင်းရေတွေကို
လှောင်ဖို့ လေးတိုင်စဥ် ရေလှောင်တမံ
တည်လိုက်ရာကနေ ပင်းချောင်းဟာ
ချောင်းငယ်ဘဝကနေ မြောင်းကျယ်ဘဝကို
ပြောင်းပြီး ကြိုးမိန့်ပေးခံလိုက်ရတဲ့ ပင်းချောင်း
ဖြစ်သွားခဲ့ပါတော့တယ်။

ရေနံချောင်းဒီဂရီကောလိပ်နှစ်လည်မဂ္ဂဇင်းမှ

အညာက ရဲဘော်တွေက ပိုဆင်းရဲပါတယ်အုတ်ဂူ တောင်မပါရှာဘူးအညာမှာ အသက်တွေ စျေးပေါတယ်နှစ်ဆယ်ကျော်တွေ လူငယ်တွေ ရဲ့ အသက်မှပိုပြီးစျ...
02/10/2023

အညာက ရဲဘော်တွေက ပိုဆင်းရဲပါတယ်
အုတ်ဂူ တောင်မပါရှာဘူး

အညာမှာ အသက်တွေ စျေးပေါတယ်
နှစ်ဆယ်ကျော်တွေ လူငယ်တွေ ရဲ့ အသက်မှ
ပိုပြီးစျေးပေါခဲ့လေရဲ့

ရဲဘော်တွေရဲ့ဒီပုံဟာ
ကျွန်တော်တို့ တစ်သက်
သိပ်ကို မှတ်မိနေဦးမှာပါ

crd~Aung Pyae Kyaw

01/10/2023

မင့်တို့NLD ပညာဘယ်လောက်တတ်လဲ
ကြံ့ခိုင်ရေးက
ပညာတတ်တွေအများကြီးပေါတယ်😂

စစ်အာဏာရှင်တွေ တတ်ယောင်ကား လုပ်သမျှအလွဲတွေကို သိရသလောက် စုစည်း တင်ပြလိုက်ပါတယ်…၁။ တစ်ယောက်က ''me too'' ဟု ပြောသောအခါ ''m...
30/09/2023

စစ်အာဏာရှင်တွေ တတ်ယောင်ကား လုပ်သမျှအလွဲတွေကို သိရသလောက် စုစည်း တင်ပြလိုက်ပါတယ်…

၁။ တစ်ယောက်က ''me too'' ဟု ပြောသောအခါ ''me three'' ဟု ဝင်ပြောသည့် န.ဝ.တ ထိပ်သီး စစ်ဗိုလ်ချုပ်

၂။ ဆန်စက်တွင် စပါးနက်များ ပုံထားသည်ကို "မီးကျွမ်းနေတဲ့ စပါးတွေ ပုံထားပြီး ငါ့ကို ဘာ ကလိမ်ကျမလို့လဲ" ဟု မေးသော အလွန် လူရည်လည် ပါးနပ်ကာ အလွယ်တကူ လှည့်စားမရသည့် သမဝါယမ ဝန်ကြီး

၃။ ကြယ်ငါးပွင့်သင်္ဘော Weather မကောင်း၍ မထွက်နိုင်သည်ကို "Weather မကောင်းရင် ပြင်လိုက်…, နောက်ဒီလိုမဖြစ်စေနဲ့" ဟု မိန့်ကြားသော စစ်ဗိုလ်ချုပ်

၄။ ရေအရည်အသွေး pH7 ရကြောင်း တင်ပြသည်ကို "7 နဲ့တင် ကျေနပ်မနေဘဲ pH8 ... 9 ... 10 အထိ ရအောင် ကြိုးစားကြ" ဟု ဒဂုံမြို့သစ် တည်ဆောက်ရေး လုပ်ငန်းခွင် အစည်းအဝေးတွင် လမ်းညွှန်သော န.ဝ.တ ထိပ်သီး စစ်ဗိုလ်ချုပ်

၅။ သတင်းစာ ရှင်းလင်းပွဲတွင် နောက်ထပ် မေးမည့်သူ ရှိမရှိ မေးရာတွင် "Any asker?" ဟု မေးသော န.ဝ.တ ထိပ်သီး စစ်ဗိုလ်ချုပ်

၆။ "ဒီနှစ်ထန်းလျက် အထွက်ကောင်းတယ်ဆို အကုန်ရောင်းမပစ်နဲ့ မျိုးချန်ထားဦး" ဟ ု ထန်းလျက် မျိုးကောင်းကောင်း ချန်ထားခိုင်းသော ကုန်သွယ်ရေးဝန်ကြီး

၇။ လားနဲ့မြင်းမှားပြီး "မျိုးကောင်းတယ်…, စီးမြင်းကောင်းရအောင် သေချာဂရုစိုက်" ဟု လမ်းညွှန်သော န.ဝ.တ ထိပ်သီး စစ်ဗိုလ်ချုပ်

၈။ မြေကြီးထဲစိုက်ရသော Geophone များကို မြေကြီးပေါ်ပစ်ထားသည်ဟု ကြိမ်းမောင်းသော စွမ်းအင်ဝန်ကြီး

၉။ ရေနံတွင်းတူးရာတွင် တွင်းမပြိုအောင် ထည့်ရသော ရွှံ့များ၊ ဂလိုင်ဖြစ်နေသော မြေလွှာမျိုးရောက်လျှင် အပေါ်ပြန်တက်မလာပဲ ဂလိုင်ထဲဝင်သွား၍ ရွှံ့ပျောက်သည်ကို "ရွှံ့ပျောက်ရင် ရဲတိုင် ... လုံခြုံရေး ဂရုစိုက်" ဟုလမ်းညွှန်သော န.ဝ.တ ထိပ်သီး စစ်ဗိုလ်ချုပ်

၁၀။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသည့် စကားပုံကို "ကိုင်းပင်များက ကျွန်းပင်ကိုမှီ၊ ကျွန်းပင်များကလည်း ကိုင်းပင်ကိုမှီ" ဟု ဖွင့်ဆိုရှင်းပြသော စစ်တိုင်းမှူးဝန်ကြီး

၁၁။ ဆင်သေကောင်ပေါ် အလိုက်မှားမိသော ကျီးအစား ဆင်သေကောင်ပေါ် အလိုက်မှားမိသော "ကျေးသား" ဟု ပြောသော စစ်တိုင်းမှူးဝန်ကြီး (ကျေးသား ဆိုသည်မှာ ကြက်တူရွေးနှင့် အလွန် တူသော ငှက်မျိုး ဖြစ်ပြီး အသီးအနှံသာ စားပါသည်။ အသားမစားပါ)

၁၂။ မိမိနိုင်ငံအလံကို ကိုင်ကြရန် ပြောသည်ကို နားမလည်ပဲ လက်ကလေးပြ၍ ဆင်းလာသော နိုင်ငံ့ခေါင်းဆောင်

၁၃။ Twitter တွင် follow လုပ်ထားသူများ၏ tweet များ အထက်အောက် ကပ်လျက်ပေါ်သည်ကို ထိုသူများ အပြန်အလှန် ဆွေးနွေးနေကြသည်ဟု လူသိရှင်ကြား ပို့စ်တင်သော ပြန်ကြားရေးဝန်ကြီးဟောင်း

၁၄။ UN Human Rights Council President urged to remove UN Special Rapporteur on Myanmar Professor Yanghee Lee for bias ဟု passive တွင် verb to be ဖျောက်၍ သတင်း ခေါင်းစဉ်ရေးသည်ကို UNHR President က တောင်းဆိုသည်ဟု ဘာသာပြန်ကာ ထိုသို့မဖြစ်နိုင်ကြောင်း အစဉ်အလာမရှိကြောင်း ရှင်းပြသည့် ပြန်ကြားရေးဝန်ကြီးဟောင်း

၁၅။ Miss understand ဟု စာလုံးပေါင်း၍ Miss Universe, Miss Myanmar တို့ကဲ့သို့ "မယ်" အသစ် ထွင်သည့် အမတ်(ပြုတ်)

၁၆။ စက်မှု (၁) ပခုက္ကူ အထည်စက်ရုံသစ် စီမံကိန်းတွင် ဝန်ကြီးလာစစ်ကာနီးထိ neutral ပျောက်နေ၍ စက်ရုံက မီးမလင်းသေး၊ အသည်းအသန် ချို့ယွင်းချက် ရှာနေကြရချိန်တွင် "ဘာလို့မီးမလင်းသေးလဲ" ဟုမေး၍ "neutral ပျောက်နေလို့ပါ အဘ" ဟု ဖြေသည်တွင် ... "မင်းတို့က ဒီလောက် အရေးကြီး ပစ္စည်းကို နမော်နမဲ့ ထားရလား…, ခု အချိန်က မရှိတော့ဘူး၊ ပခုက္ကူမှာ ရမလား? ရရင် အချိန်ရှိတုန်း ပြေးဝယ် ..." ဟု ဆူပူကြိမ်းမောင်းသော အဘ

၁၇။ နာဂစ်တုန်းက ''ရေထဲမျောနေတဲ့ လူသေအလောင်းတွေ ဘယ်လိုရှင်းမလဲအဘ'' ဟုမေးသော်…! ''ငါးပူတင်းတွေ စားသွားလိမ့်မယ်'' လို့ ပြန်ဖြေတဲ့ ပညာရှိ တိုင်းဝန်ကြီးတစ်ဦး။

၁၈။ ''အင်္ဂလိပ်စာ ရေးတတ်၊ ပြောတတ်ဖို့မလို၊ ခိုင်းတတ်ဖို့ပဲလိုတယ်'' ပြောထွက်ခဲ့တဲ့ ဗိုလ်မှူးချုပ်အဆင့်ဝန်ကြီးတစ်ဦး။

၁၉။ စာအုပ်တစ်အုပ်၏ ပထမစာမျက်နာ (first page) ကို ''ဖတ်ပိတ်…, ဖတ်ပိတ်'' ဟု ညွှန်ကြားသော စစ်ဗိုလ်ချူပ်ကြီးတစ်ဦး…

၂၀။ နိုင်ငံခြားဧည့်သည်များကို ဧည့်ခံပွဲမှာ ''Eat…, eat…,'' လို့ ပြောပြီးဧည့်ခံတဲ့ ဗိုလ်မှူးဝန်ကြီး။

၂၁။ ညစာစားပွဲတစ်ခုမှာ ပုဇွန်ကင်စားပြီး လက်ဆေးဖို့ချပေးတဲ့ သံပုရာရေနွေးကို သောက်ချပစ်လိုက်ပြီး ''အအီပြေတယ်'' ဆိုပဲ။ မီးရထားဝန်ကြီးတစ်ဦး။

၂၂။ မူလတန်းကျောင်းတွေမှာ ကလေးတွေကို အဟာရကျွေးဖို့ ကျောင်းအုပ်ဆရာမကြီးတွေကို နွားမွေးခိုင်းတဲ့ အရာရှိလူကြီးတစ်ဦး။

၂၃။ မြန်မာနိုင်ငံ၏ မီးရထားလမ်းအကျယ်ကို မသိ၊ မီးရထားလမ်းအကျယ်ခြင်း မတူသည်ကို နားမလည်ပဲ တရုတ်ဂျင်းထည့်၍ရောင်းသော တွဲဟောင်းများကို အချောင်ရပြီထင်ပြီး ဝယ်သော မီးရထားဝန်ကြီးဟောင်း…

၂၄။ မြန်မာမြှားပစ် လက်ရွေးစင် အမျိုးသမီးတစ်ဦးက စွမ်းရည်ပြ ပစ်ခတ်စဉ်…, ပထမ မြှားတံ၏ဖင်တည့်တည့်ကို နောက်မြှားတံက ထိုးဝင် ထိမှန်၍…., ပထမမြှားတံ (၂) ခြမ်းကွဲတာကို လက်တွေ့ မြင်တွေ့လိုက်သောအခါ ''မြှားတစ်စင်းကို ဒေါ်လာအများကြီး ပေးဝယ်ထား၍ နောင်တစ်ကြိမ် ဤကဲ့သို့ ထပ်ဖြစ်ပါက အရေးယူခိုင်းမည်'' ဟုပြောသော နာမည်ကြီး န.ဝ.တ ဗိုလ်ချူပ်ကြီးတစ်ဦး။

၂၅။ ရထားထွက်ကာနီး vaccum power လေဟာလဘရိတ် လိုအပ်သည့်အနေအထား ဘရိတ်ဖမ်းရန်လုံလောက်မှု ရှိ၊ မရှိ စမ်းသပ်ရတယ်။ (အဲဒါကို ဝါကင် ရ၊ မရ…, ဝါကင် လာ၊ မလာ ဟု ခေါ်ဝေါ်သုံးစွဲလေ့ ရှိကြပါတယ်) ''ရထားဘာကြောင့် မထွက်သေးလဲ'' ဟု မေးလို့ ဝန်ထမ်းမှ ''ဝါကင် မလာသေးလို့'' ဟု သုံးနေကြ စကားအတိုင်း ပြောလိုက်သော်…, ''အဲ့ကောင်ဝါကင်ကို ရာထူးချလိုက်'' ဟု အော်ငေါက်ပြောသော မြန်မာ့မီးရထားမှ ဒုဝန်ကြီးတစ်ဦး။

၂၆။ တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေချိန်ပြီးခါနီး ခြေကျော်ပေါက်ပိတ်ချိန် အခန်းစောင့်အား ''စာမေးပွဲဖြေဆိုသူတွေကို စာကူးချဖို့ အခွင့်အရေးပေးသင့်တယ်'' လို့ပြောခဲ့တဲ့ မိုးကျရွှေကိုယ် ပညာရေးဝန်ကြီးတစ်ဦး…

၂၇။ ပြည်သူပိုင်သိမ်းပြီး ဂိုဒေါင်ထဲထည့်ထားသော ထန်းလျက်များ အပုရှိန်ကြောင့် အရည်ပျော်လျက်ရှိရာ ကလေးဝမှ အထက်ကိုကြေးနန်းဖြင့် ''ထန်းလျက်များ အရည်ပျော်…, မည်သို့ဆောင်ရွက်ရန် အမြန်အကြောင်းပြန်'' ဟု ကြေးနန်းရိုက်မေးရာ ထန်းလျက်ကို ''မျိုးချန်ပြီး အကုန်ရောင်း''ဆိုတဲ့ အဘတစ်ဦး…

၂၈။ လစာနည်းနည်းလေးနှင့် မိုးပျံနေသော စားဝတ်နေရေးစရိတ်ကို အံကြိတ်အံတုနေတဲ့ ဆရာ၊ ဆရာမများကို ''ပီတိကိုစား အားရှိသည်" ဟု မိန့်မှာသော သာသနာရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးတစ်ဦး။

၂၉။ ''ဆေးရုံတွေများလာခြင်းဟာ လူနာတွေများလာလို့ပဲ၊ ဒါကြောင့်…, ဆေးရုံတွေများလာခြင်းဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး'' ပြောခဲ့တဲ့ သ.မ ၀န်ကနေ သာ၀န်ပြောင်းသွားတဲ့ န.ဝ.တ ၀န်ကြီးတစ်ဦး။

၃၀။ မြန်မာဘောလီဘောပွဲတွေရှုံးတာ ဘာလို့လည်းလို့မေးတော့ Lifter (ဘောလုံးပင့်ထောင်ပေးမယ်သူ) ကောင်းကောင်း မရှိလို့ပါလို့ နည်းပြအဖွဲ့ကဖြေတယ်။ ဒီတော့…, ဗိုလ်ချူပ်ဆိုသူက ''မင်းတို့ကို ပိုက်ဆံတွေအများကြီးပေးထားတာ အဲဒီ့ လိုတဲ့ Lifter ၀ယ်ပေါ့၊ ဘာလို့မ၀ယ်လဲ'' ဆိုပြီး ကြိမ်းသွားသေးသဗျာ့…။

၃၁။ ''ဆိုက်ကားနင်းပြီး သူဌေးဖြစ်အောင် လုပ်လို့ရတယ်'' ဆိုတဲ့ ၂၀၁၀ ဧရာဝတီဝန်ကြီး။

၃၂။ ဘုရားမှာ စိုက်ပျိုးထားတဲ့ပန်းပင်တွေကို လိုက်စစ်ဆေးတော့ တာဝန်ခံက ''စိတ်ချပါခင်ဗျာ့… ကျွန်တော် အပင်အားလုံးကို ခါးဆွ (အပင်အောက်ခြေတဝိုင် မြေဆွပေးပြီး မြေလုံးလေး ပုံပေး) ထားပါတယ်'' လို့ ပြောပြတဲ့အခါ ''အပင်တွေ ခါးနာပြီးသေလို့ကတော့ မင်းအပြုတ်ပဲ'' လို့ ဒေါသတကြီးဖြင့် အော်ငေါက်ပြောတဲ့ စိုက်ပျိုးရေးဝန်ကြီးဖြစ်ခဲ့ဖူးတဲ့ တိုင်းမှူးတစ်ဦး။

၃၃။ ရထားလမ်းဖေါက်ရာ ဒိုဇာတစ်စီးရပ်ထားသဖြင့်'' ဘာလို့အလုပ်မဆင်းလဲ'' လို့မေးသောအခါ ''ပန့်ကျလို့အဘ'' လို့ပြောရာ…,''ပန့်ကျရင်ပြန်ရှာလေ…, ငါ့ရဲဘော်တွေ ကူရှာပေးလိုက်'' ဆိုပြီး ပြန်တုန့်ပြန်တဲ့ တပ်ရင်းမှူးတစ်ဦး…

၃၄။ မော်လမြိုင်လျှပ်စစ်ရုံးတွင် Load(ဝန်) မနိုင်၍ Breaker ကျသည်ဟု Report တင်ရာတွင် (Ioad = လုပ်မနိုင်) ဒေသသုံးစကား (Load = မလုပ်နိုင်ဘူး) ဟု အတွေးပေါက်၍ ''လုပ်မနိုင်လျှင် ငါလာလုပ်ပေးရမလား'' ဟု ကြိမ်းမောင်းသွားပါသော အပူးတပ်မှူးကြီးတစ်ယောက်။

၃၅။ ''မြန်မာပြည်မှာ လျှပ်စစ်တွေပိုနေလို့ နိုင်ငံခြားကို ရောင်းစားခြင်းဖြစ်ပါတယ်''တဲ့။ သူပြောနေတဲ့ မိုက်ခရိုဖုန်းက မီးစက်နဲ့… ''လျှပ်စစ်မီးမလာရင် ဖယောင်းတိုင်နဲ့နေပါ'' ဆိုတဲ့ တိုင်းဝန်ကြီးတစ်ဦး…

၃၆။ လျှပ်စစ်မှာ one phase…, two phase… သာရှိ၍ အချို့နေရာတွေမှာ မီးအားနဲသောကြောင့် three phase…, သာဆိုပါက မီးအားပိုကောင်းလာမည်ဟု သိရှိသွားသောအခါ…၊ နောင်ကို four phase…, five phase…, အထိရောက်အောင် လုပ်ပါပြောသော လျှပ်စစ်ဌာနမှူး။

၃၇။ ကင်းတားဆည်ကြီး တည်ဆောက်ပြီးတော့ ဖွင့်ပွဲတွင် တစ်နှစ်မှာတစ်သီးသာ စိုက်လို့ရတဲ့ကုလားပဲကို နှစ်သီးစား၊ သုံးသီးစားစိုက်ဖို့ ပြောသွားတဲ့ စိုက်ပျိုးရေးဒုဝန်ကြီး။

၃၈။ ''ဘုရားဆိုတာ လူစင်စစ်ကဖြစ်တာ''လို့ ပြောတော့…! ''ဘုရားကို လူသားစင်စစ်ကဖြစ်တယ် ပြောရမလား'' ဆိုပြီး တိုင်းသိပြည်သိ သံဃာနာယကထံ လျှောက်တင်ခဲ့တဲ့ ဗိုလ်ချုပ်တစ်ဦး…

၃၉။ ကုန်စျေးနှုန်းများတက်သည်ကို "အမြတ်ကြီး မစားကြနဲ့ အမြတ်ကြီးစားလျင် ဘီလူး ဖြစ်မည်"ဟု မိန့်ကြားသော ဒုတိယဗိုလ်ချုပ်ကြီး။

၄၀။ အပူကြီးပြီး ဖျားနေတာကို ''နှစ်ရောင်စပ်ဆေးပြား (တရုတ်ပြည်မှလာတဲ့ ပါရာစီတမော) သောက်လိုက်'' ဟုပြောသော ကျန်းမာရေးဝန်ကြီးတစ်ဦး။

၄၁။ ပဲကုန်ရုံများသို့ စစ်ဆေးစဉ် ပဲဆင်းငုံတွေကို ကိုင်ကြည့်ပြီး "မင်းတို့ မတ်ပဲတွေ တော်တော်ကောင်းတယ်" လို့ မှတ်ချက်ပေးသွားတဲ့ စီးပွားကူးသန်းဝန်ကြီး။

၄၂။ ၁၉၉၉ ခုနှစ်လောက်က Tower တိုင်ကို မိုးကြိုးပစ်တဲ့အခါ စက်အစိတ်အပိုင်းတွေပျက်၊ ဆက်သွယ်မှုပြတ်တော့ ထုံးစံအတိုင်း ရောက်လာကြတာပေါ့။ ကြိမ်းမောင်းပြီးတဲ့အခါ ''မောင်ရင့်ဖြစ်စဉ်နဲ့တကွ နောက်နောင် မိုးကြိုးမပစ်အောင် စီမံချက်ဆွဲပြီး ချက်ချင်းတင်ပါ'' ဆိုတဲ့ နတ်ပိုင် သကြားပိုင် အဘတစ်ဦး။

နောက်ဆုံး ဗိုလ်စွဲသွားတာတော့ ကေတုမတီတောင်ငူကိုအင်း၀ပို့တဲ့ မဟာဝီရ အိုအဘအပုလေးပါခင်ဗျား

သိထားတာလေးတွေ ပြောပြကြသူများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ် ... နောက်ထပ် သိထားတာလေးတွေရှိသေးရင်လည်း ပြောပြကြပါဦး…

Min Htway
Seikphyu Media

30/09/2023

အညာသားတွေရိုးသားပေမဲ့
မတရားတာတော့ ခေါင်းငုံ့မခံတတ်ပါ.

မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်
တပ်ရင်း ၄ ၊ တပ်ခွဲ (၃ )
ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
NSP နှင့် ပကဖ

PDF ရဲဘော်လေးတွေရဲ့ သင်တန်းချိန်က..
ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

မကွေးတက္ကသိုလ်မှာ ကျောင်းနေဖူးသူတိုင်းလိုလိုဖြတ်သွားဖူးခဲ့ကြတဲ့ ဒေါင်းနေချောင်းတံတားအလှTinHtay(Magway)
29/09/2023

မကွေးတက္ကသိုလ်မှာ ကျောင်းနေဖူးသူတိုင်းလိုလို
ဖြတ်သွားဖူးခဲ့ကြတဲ့ ဒေါင်းနေချောင်းတံတားအလှ

TinHtay(Magway)

မကွေးမြို့အစွန်    မြသလွန်ကျောင်းတတ်ရင်း လပြည့်နေတိုင်း ​ဘုရားအတူတူဖူးခဲ့တာတွေကို သတိရTinHtay(Magway)
29/09/2023

မကွေးမြို့အစွန် မြသလွန်

ကျောင်းတတ်ရင်း လပြည့်နေတိုင်း
​ဘုရားအတူတူဖူးခဲ့တာတွေကို သတိရ

TinHtay(Magway)

28/09/2023

အညာကိုလွမ်းနေကြပြီဆို
ဘယ်တော့ပြန်မှာလဲ

26/09/2023
မြင်းမူဖြစ်စဥ်မှာ သေဆုံးသူ ၂၈ဦးအထိရှိလာပြီးခြေရာတော်ရွာမှာ ကင်းမရှိခဲ့ခြင်းကြောင့်ဟုဆိုကျဆုံးသူများထဲတွင် တပ်ရင်းတပ်ဖွဲ...
25/09/2023

မြင်းမူဖြစ်စဥ်မှာ သေဆုံးသူ ၂၈ဦးအထိရှိလာပြီး
ခြေရာတော်ရွာမှာ ကင်းမရှိခဲ့ခြင်းကြောင့်ဟုဆို

ကျဆုံးသူများထဲတွင် တပ်ရင်းတပ်ဖွဲ့ဝင်PDF ၅ဦး
ကြော့မင်းရွာကာကွယ်ရေး ၂၀ပါဝင်ပြီး ကျန်၃ဦးမှာ
ကျေးရွာပြည်သူတွေ ဖြစ်ကြောင်း မြင်းမူဒေသခံတစ်ဦးက DNAနှင့်အင်တာဗျူးမှာ ဖြေကြားထားပါတယ်။

အပြစ်ခံခဲရတဲ့ ခြေရာတော်ရွာမှာအနီးမှာ PDFဘက်က ကင်းမရှိခဲ့ခြင်းကြောင့် အချိန်မီသတင်းမရခဲ့သလို ကြော့မင်းနဲ့ ခြေရာတော်ရွာကြားမှာ မိုးရွာထားသဖြင့် လမ်းလျှောက်စရာပင် အခြားလမ်းမရှိ၍ လမ်းမအနီးမှာ အခုလိုခြူံခိုတိုက်လိုက်ခံလိုက်ရတာပါ။

စစ်သားတစ်ချိူ့ ခြေရာတော်ကိုရောက်နေကြောင်း
သတင်းရရှိသူတွေက တိမ်းရှောင်သွားတဲ့ PDF တွေကို အကြောင်းကြားရာမှာလည်း အချိန်မီ ဖုန်းဆက်လို့ မရခဲ့ဖူးလို့လည်း မြင်းမူဒေသခံတွေက ပြောပါတယ်။

ကြော့မင်းကိုဝင်တဲ့ စစ်ကြောင်းဟာ အင်အားအကုန်မဟုတ်ဘဲ ကိုယ်ရှောင်မဲ့လမ်းကြောင်းမှာ ကင်းပုန်းရှိနေတာကို သတင်းအချိန်မီမရခဲ့ခြင်း ၊ ဒေသရာသီဥတုနဲ့ မြေအနေအထားက ထွက်ပေါက်
တစ်လမ်းသာ ရခဲ့ခြင်းက ကာကွယ်ရေးသမားတွေအများကြီးကို ဆုံးရှုံးစေခဲ့ပါပြီ။

မြင်းမူ (၂၃စက်တင်ဘာ ၂၀၂၃)
23/09/2023

မြင်းမူ
(၂၃စက်တင်ဘာ ၂၀၂၃)

မြင်းမူPDF၂၅ဦး ကျဆုံးခဲ့ရတာကိုရင်းမြစ်တစ်ချို့ အခြေခံကြည့်ရင် အခုလိုပဲတွေ့ရပါတယ်။ဂွေးပင်တောကို ၂၂ရက်နေ့မှာ စစ်ကြောင်းထိ...
23/09/2023

မြင်းမူPDF၂၅ဦး ကျဆုံးခဲ့ရတာကို
ရင်းမြစ်တစ်ချို့ အခြေခံကြည့်ရင်
အခုလိုပဲတွေ့ရပါတယ်။

ဂွေးပင်တောကို ၂၂ရက်နေ့မှာ စစ်ကြောင်းထိုးတာကြောင့် PDF တွေအနေနဲ့ ကြော့မင်းရေကန်ဘက်မှ
ခြေရာတော်ဘက်ကို တိမ်းရှောင်လာခဲ့ရာလမ်းမကြီး ပေါ်မှာ ခြုံခိုတိုက်ခိုက်ခံလိုက်ရခြင်းပဲဖြစ်ပါတယ်။

လပခတိုင်းမှူး ကိုကိုဦး ကစထ၁ (အထူးစစ်ဆင်ရေးအဖွဲ့မှူး)ရာထူးတိုးလာပြီး တစ်လအကြာမှာပဲ အခုလို တပ်ခွဲတစ်ခုတစာလောက်ကို ရှင်းလင်းခံခဲ့ရခြင်းဖြစ်ပါတယ်။

ဒီလိုခြုံခိုတိုက်ခိုက်မှု မဖြစ်ခင်မှာ PDF တပ်ဖွဲ့ဝင်တစ်ချို့ အရှင်ဖမ်းဆီးခံခဲ့ရထားတယ်လို့လဲ
သတင်းရင်းမြစ်တစ်ချို့မှာ ဖော်ပြထားပါသေးတယ်။

အထူးစစ်ဆင်ရေးအဖွဲ့မှူး ကိုကိုဦးအကြောင်း
ယခင်က တင်ပြဖူးတဲ့ဟာကိုလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://m.facebook.com/story.php?story_fbid=318374190556643&id=100071521930879&mibextid=9R9pXO

Seikphyu Media

လယ်ယာလုပ်ချိန်ရောက်ရင်ကြက်သွန်စိုက်ခင်းများနဲ့စိမ်းမြမြဝေ လှပလို့နေphoto;internet
21/09/2023

လယ်ယာလုပ်ချိန်ရောက်ရင်
ကြက်သွန်စိုက်ခင်းများနဲ့
စိမ်းမြမြဝေ လှပလို့နေ

photo;internet

အမှတ်တရရင်ထဲရှိတယ်သူနဲ့ဆုံတွေ့ခဲ့ရာ📷Tin Htay
21/09/2023

အမှတ်တရရင်ထဲရှိတယ်
သူနဲ့ဆုံတွေ့ခဲ့ရာ

📷Tin Htay

ယောဝ  #ဆိပ်ဖြူ
21/09/2023

ယောဝ
#ဆိပ်ဖြူ

ယောချောင်း #ဆိပ်ဖြူ
20/09/2023

ယောချောင်း
#ဆိပ်ဖြူ

18/09/2023
ဆိပ်ဖြူPDF တွေဆီမှာ Official Pageတွေရှိတယ်။ဒါပေမဲ့ Healthy ဖြစ်မနေဘူး။PDF Adminတွေလဲရှိတယ်။သာမာန် ပြည်သူတွေလို timeနဲ့ c...
08/09/2023

ဆိပ်ဖြူPDF တွေဆီမှာ Official Pageတွေရှိတယ်။
ဒါပေမဲ့ Healthy ဖြစ်မနေဘူး။

PDF Adminတွေလဲရှိတယ်။
သာမာန် ပြည်သူတွေလို timeနဲ့ connectionက
မပြည့်စုံတာကြောင့် အမြဲတမ်း သုံးစွဲပေးနေတဲ့ pageတွေလို healthy မဖြစ်နိုင်ဘူး။

ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပေချ့်တွေ
Healthyဖြစ်နေဖို့ကလည်း ဆက်သွယ်ရေးရဲ့ လိုအပ်ချက်တွေထဲကတစ်ခုပါ။

အောက်မှာပြထားတဲ့ ၁၀ ချက်ကတော့
Admin teamတွေဆီကိုကူညီနိုင်မဲ့ နည်းတွေပါ

၁ ပိုစ့်တိုင်းကို like ပေးရန်
၂ ပိုစ့်ကပုံတိုင်း likeလုပ်ရန်
၃ ပိုစ့်တွေကို Shareလုပ်ရန်
၄ ပိုစ့်ထဲမှ ပုံတစ်ခုချင်းကိုမူ only meနှင့် shareရန်
၅ မိမိမကြည့်ရသေးသော videoများကြည့်ရန်
၆ videoများကို like & share ပြုလုပ်ပေးရန်
၈ privacyအရခက်ခဲသူများက only me နဲ့ shareရန်
၉ postတိုင်း videoတိုင်းတွင်(stickersသို့မဟုတ် စာ) comentsဝင်ရေးပေးရန်
၁၀ မိမိတို့၏ ကြိုးပမ်းကူညီမှုများအတွက် လုံခြုံမှူရှိစေရန် မိမိတို့ profileများအား lockချထားရန်

ပုံလေးကတော့ ကြော်ငြာပေးထားတာပါ🙄

08/09/2023

ပုသိမ်မုံရွာလမ်းပေါ်မယ် ဆိုပါတော့

ယောချောင်းမှာ ရေချိုးပြီဆိုရင် အကိုကြီးတွေက အဲ့အတိုင်းဘဲ
07/09/2023

ယောချောင်းမှာ ရေချိုးပြီဆိုရင်
အကိုကြီးတွေက အဲ့အတိုင်းဘဲ

31/08/2023

ဘယ်နေရာမှာ ဘယ်သူကျဆုံးလဲ
နာကျင်ခံစားရဖူးသူတွေပဲဗျာ
တိတိကျကျမှတ်မိတာပေါ့

30/08/2023

တရုတ်နဲ့ထိုင်း မထောက်ခံဘူးဆိုရင်လည်းပဲ
တော်လှန်ရေးအပေါ် ဘက်ကူပြောင်းမှုတွေရှိနေရင်
လက်နက်ကိုင်တော်လှန်ရေးက အောင်မြင်မှာ

Source:BBC

30/08/2023

စစ်ပွဲကြာလေ လူထုအထိနာလေဖြစ်လာခဲ့ရင်
တော်လှန်ရေးသမားတွေ မဖြစ်မနေသုံးကြရတဲ့
ထောင့်ပေါင်းစုံကစစ်ဆင်နည်း

Source:BBC

30/08/2023

မကွေးတိုင်းတောင်ပိုင်းနှင့် မြောက်ပိုင်းများကို
မန္တလေးတိုင်းမှာ ရာနဲ့ချီတဲ့လူသတ်မှုများ အတွက်
တာဝန်ရှိသူ ဗိုလ်ချုပ်ကိုကိုဦး ကိုင်တွယ်ခွင့်ရလာ

▪▪▪▪▪▪▪▪▪▪▪

စစ်အာဏာသိမ်းစ ၂၀၂၁ မေ(၂၇)ရက်က မန္တလေးတိုင်းအတွင်း တနေ့တည်း လူ(၄၀)ကျော် သတ်ဖြတ်မှု အပါအဝင် မန္တလေးက ရာချီတဲ့ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ရာမှာ အဓိက တာဝန်ရှိသူအဖြစ် အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့အရေးယူ ခံထားရတဲ့ မန္တလေးနန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် - လပခ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး ဟာ ရာထူးတိုးပြီး ကစထ(၁) ခေါ် အမှတ်(၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်လာတယ်လို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

လပခတိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး ရာထူးတိုးပြီး ကစထ(၁)မှူး ဖြစ်လာကြောင်း စစ်လော်ဘီတွေကလည်း ဆိုပါတယ်။ စစ်အုပ်စု ဖွဲ့စည်းပုံအရ ကစထ အဖွဲ့ (၁)ကနေ (၆)အထိ ရှိပြီး ကစထမှူးတွေရဲ့ အဆင့်ဟာ ဒု-ဗိုလ်ချုပ်ကြီး ဖြစ်ပါတယ်။

ဗိုလ်ချုပ်အဆင့် ကိုကိုဦး တာဝန်ယူရမယ့် ကစထ(၁)ရဲ့ အောက်မှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် - လပခ (မန္တလေးတိုင်းနဲ့ မကွေးတိုင်း တောင်ပိုင်း)၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ (စစ်ကိုင်းတိုင်း၊ မကွေးတိုင်း မြောက်ပိုင်း၊ ချင်းပြည်နယ်)နဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် - မပခ(ကချင်) ဆိုတဲ့ စစ်တိုင်း သုံးတိုင်း ရှိတာကြောင့် မန္တလေးတိုင်း ကိုသာမက စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ ကချင်ပြည်နယ်ကိုပါ ကိုယ်တွယ်ခွင့် ရလာမှာလည်း ဖြစ်ပါတယ်။

၂၀၂၀ မှာ လပခ တိုင်းမှူး ဖြစ်လာတဲ့ အဲ့ဒီအချိန်က အသက်(၄၅)နှစ်အရွယ် ဗိုလ်မှူးချုပ် ကိုကိုဦးဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း မန္တလေးတိုင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ရာချီတဲ့ ပြည်သူတွေကို သေနတ်နဲ့ ပစ်သတ်တာ၊ ဖမ်းဆီးပြီး နန်းတွင်းစစ်ကြောရေးစခန်းမှာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှု အပါအဝင် နည်းမျိုးစုံသုံးပြီး သတ်ဖြတ်ရာမှာ အဓိက ဦးဆောင်ခဲ့သူ ဖြစ်ခဲ့ပါတယ်။

လပခ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးကို စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်ခဲ့တဲ့ အဆိုးရွားဆုံး စစ်တိုင်းမှူးတွေထဲ တစ်ယောက် အပါအဝင် အဖြစ် အမေရိကန်နဲ့ အနောက်နိုင်ငံတချို့က သတ်မှတ်ပြီး ပိတ်ဆို့ အရေးယူထားပါတယ်။

၂၀၂၁ ခုနှစ် မတ်(၂၇)ရက်က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်အုပ်စုက အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်ခဲ့ရာ နိုင်ငံတဝန်း ပြည်သူ (၁၅၅)ဦး ထက်မနည်း သေဆုံးခဲ့ပြီး မန္တလေးတိုင်းအတွင်းမှာ ပြည်သူ (၄၀)ဦး ထက်မနည်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။

အဲ့ဒီနေ့က မန္တလေးမြို့ပေါ် သာမက ဝမ်းတွင်း၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ညောင်ဦး၊ ပြင်ဦးလွင်၊ မိုးကုတ်၊ စဉ့်ကိုင်၊ အမရပူရ၊ မတ္တရာစတဲ့ မြို့တွေမှာ စစ်အာဏာရှင် အလိုမရှိကြောင်း ငြိမ်းချမ်းသွာ ချီတက် ဆန္ဒပြတဲ့ အရပ်သားပြည်သူတွေကို စစ်အုပ်စုက ပစ်ခတ် သတ်ဖြတ်ခဲ့တာပါ။

အဲ့ဒီ လူသတ်ပွဲနဲ့ ပတ်သက်ပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦး အပါအဝင် လက်နက်ပွဲစားတွေ ဖြစ်တဲ့ အောင်လှိုင်ဦး၊ နိုင်ထွဋ်အောင်၊ စစ်တိုင်းအောင်နဲ့ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း တို့ကို အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန အောက်ရှိ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က ဒဏ်ခတ်ပိတ်ဆို့ အရေးယူကြောင်း အမေရိကန်က ၂၀၂၂ မတ်လမှာ ထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းက မတ္တရာ၊ စစ်ကိုင်းနဲ ဝက်လက်နယ်အစပ် ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ စခန်းတချို့ စီးနင်းခံရပြီး တော်လှန်ရေးရဲဘော်နဲ့ ဒေသခံပြည်သူ (၃၀)ကျော် သတ်ဖြတ် ခံခဲ့ရပါတယ်။

အဲ့ဒီ ကျဆုံးသူတွေထဲက တော်လှန်ရေး ရဲမေ အမျိုးသမီးတွေကို အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ပြီး ဝတ်လစ်စလစ် အလောင်းတွေကို လူမြင်ကွင်းမှာ စွန့်ပစ်ခဲ့တဲ့ စစ်အုပ်စုဟာ ဗိုလ်ချုပ် ကိုကိုဦး ဦးဆောင်တဲ့ မန္တလေးနန်းတွင်း အခြေစိုက် လပခ လက်အောက်ခံ စစ်အုပ်စုတွေ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ယခု ဩဂုတ်လ တတိယပတ်အတွင်း စစ်ဗိုလ်ချုပ်တချို့ကို ရာထူး၊နေရာတွေ အပြောင်းအရွှေ့ လုပ်ခဲ့တာ ဖြစ်ပြီး လပခ(မန္တလေး) တိုင်းမှူး ဗိုလ်ချုပ်အဆင့် ကိုကိုဦး ကို ကစထ(၁)မှုး၊ ကစထ(၁)မှူး ဒု-ဗိုလ်ချုပ်ကြီးအဆင့် တေဇာကျော် ကို ကစထ(၆)မှူး၊ နတခ (ပုသိမ်) တိုင်းမှူး ဗိုလ်မှူးချုပ်အဆင့် ကြည်ခိုင်ကို လပခ (မန္တလေး) တိုင်းမှူး၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒု-ဗိုလ်ချုပ်ကြီး အဆင့် ဇွဲဝင်းမြင့်ကို ရေတပ်ဦးစီးချုပ် စသဖြင့် အပြောင်းအရွှေ့ လုပ်ခဲ့တာလို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

မန္တလေးမြို့ပေါ် အပါအဝင် မန္တလေးတိုင်း အတွင်းမှာတော့ စစ်အုပ်စု ရာထူးအကြီးပိုင်းတွေ အပြောင်းအရွှေ့ လုပ်ပေမယ့်လည်း လက်ရှိ အချိန်ထိ စစ်အုပ်စုက ဒေသခံတွေကို ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ်တာ၊ ငွေညှစ်တာတွေ ဆက်လက် ကျူးလွန်နေဆဲ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမှာ ဖြစ်ပေါ်နေတဲ့ ဥပဒေမဲ့ ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်မှုတွေမှာ အဓိက တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ စစ်အုပ်စုခန့် မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ ကောင်စီဝင်အဖြစ် ရာထူးယူခဲ့သူ၊ မန္တလေးက ထာဝရကုမ္မဏီနဲ့ ရွှေဥသြရွှေဆိုင်ပိုင်ရှင် ဦးမောင်ကို ကိုလည်း အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူ ထားပါတယ်။ စစ်အုပ်စုကလည်း ယခု ဩဂုတ်(၁)ရက်မှာ ဦးမောင်ကိုကို ကောင်စီဝင်ရာထူးက ဖြုတ်လိုက်ပြီ ဖြစ်ပါတယ်။

တေဇ/MFP

တိုက်လေယာဥ်တောင်ပံကြီးများဖြင့်စကစ ဝန်ကြီးများမှ စီစဥ်တည်ဆောက်သော ဝါဒဖြန့်မကွေးမုဒ်ဦးအသစ်အား ပြည်သူများအားလုံး နောက်ခံထ...
29/11/2022

တိုက်လေယာဥ်တောင်ပံကြီးများဖြင့်
စကစ ဝန်ကြီးများမှ စီစဥ်တည်ဆောက်သော ဝါဒဖြန့်မကွေးမုဒ်ဦးအသစ်အား ပြည်သူများအားလုံး နောက်ခံထား၍
ဓာတ်ပုံမရိုက်ခြင်းဖြင့် တာဝန်ကျေပေးကြပါရန်။

တစ်တိုင်းပြည်လုံး ပြာကျမှကျေနပ်နိုင်မယ်ဆိုရင်လည်းယောချောင်းဘေးတစ်လျှောက်တစ်ရွာချင်း လိုက်ရှို့မနေဘဲမြန်မာပြည်မြေပုံတစ်ခု...
10/11/2022

တစ်တိုင်းပြည်လုံး ပြာကျမှ
ကျေနပ်နိုင်မယ်ဆိုရင်လည်း
ယောချောင်းဘေးတစ်လျှောက်
တစ်ရွာချင်း လိုက်ရှို့မနေဘဲ
မြန်မာပြည်မြေပုံတစ်ခုကိုရှာ
ဓာတ်ဆီလောင်း မီးရှို့လိုက်ပါ

မင်းတို့လည်း မပင်ပန်ဘူး
ငါတို့လည်း အချိန်မကုန်ဘူး
မြန်မြန် ကိစ္စပြတ်ရင် အေးတာပေါ့

(ဓာတ်ပုံ/လူမှုကွန်ယက်)

အလောင်းတွေ စုပေါင်းပြီး ဖြစ်သလိုမြှုပ်နှံခဲ့ရတဲ့ ဒီမြေပုံဟာ ကချင်ပြည်သူတွေမဟုတ်ဘဲ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေ ဖြစ်ခဲ့သင...
25/10/2022

အလောင်းတွေ စုပေါင်းပြီး ဖြစ်သလို
မြှုပ်နှံခဲ့ရတဲ့ ဒီမြေပုံဟာ ကချင်ပြည်သူ
တွေမဟုတ်ဘဲ နေပြည်တော်က စစ်ဗိုလ်
ချုပ်တွေ ဖြစ်ခဲ့သင့်တာ။

ဓာတ်ပုံ-ခေတ်သစ်

Address


Website

Alerts

Be the first to know and let us send you an email when Seikphyu Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share