Koreanwaver

Koreanwaver Koreanwave Page's Sub Page

27/12/2024
Squid Game Season -2 ကြည့်ပြီး တွေးမိတာ အခု SG2ထဲက မင်းသား Park Sunghoon ရဲ့ ဇာတ်ရုပ်နဲ့ ဇာတ်လမ်း ဇာတ်ကွက် ကတကယ်မိုက်တယ်...
26/12/2024

Squid Game Season -2 ကြည့်ပြီး တွေးမိတာ အခု SG2ထဲ
က မင်းသား Park Sunghoon ရဲ့ ဇာတ်ရုပ်နဲ့ ဇာတ်လမ်း ဇာတ်ကွက် ကတကယ်မိုက်တယ်

သူက ယောကျာ်းကနေ မိန်းမ ပြောင်းဖို့ ငွေလိုလို့ ဝင်လာတာ။ပြောရရင် ကိုယ်ခန္ဓာက ယောကျာ်းဘဲ စိတ်ကနေ မိန်းမပေါ့။ဒါပေမယ့်
တကယ်တမ်း Game ဆော့ပြီဟေ့ သူရယ် ကိုယ်ရယ်ဖြစ်ပြီဆိုရင်
လူပီသတယ်။

ဒီPost က ဇာတ်အကြောင်း ရေးတဲ့Post မဟုတ်တာကြောင့် အကုန် ရေးပြလို့ မရပေမယ့် တကယ်အားကိုးရတယ်။ပုံမှန်ယောကျာ်း အစစ်တွေ က ကြောက်နေတဲ့အချိန်မှာ သူက လုံးဝ မကြောက်ဘူး အဖွဲ့သားတွေအပေါ် သစ္စာရှိတယ်။

ဒါကြောင့် Park Sunghoon ကဒီဇာတ်ရုပ်ကိုလက်ခံပြီး ရိုက်တာနဲ့တူပါတယ်။ဟိုလိုမျိုးကြီး LGBT တွေက ဘယ်လို ဘယ်ညာဆိုပြီးပြောနေတာမဟုတ်ဘဲ တစ်ခုခု အဖွဲ့ဖွဲ့ပြီး Game ကစားရမယ်ဆိုရင် သူ့ဆို မပါစေချင်ကြဘူး။ ဒါပေမယ့် တခုခုဖြစ်လာရင် ရှေ့ကနေ အဖွဲ့သားအချင်းချင်း ကာကွယ်ပေးတယ် ဆိုတာကို ပြသွားတာလေး သဘောကျတယ်။LGBT မိန်းမလျာ ဆိုပြီး လိုတာပိုပြီး နွဲမနေဘူး။မိတ်ကပ်တွေနဲ့ မဟုတ်ဘဲ သာမန်လိုကြည့်လို့ အဆင်ပြေနေတယ်။


Squid Game Season 2 (ဇာတ် စ/ဆုံး အတိုချုံး)ဇာတ်ကြို မသိချင်ပါက မဖတ်ရန်-အပိုင်း-၇ပိုင်းပါဝင်ပါတယ်-အပိုင်း၁,၂ က Game ကိုရပ...
26/12/2024

Squid Game Season 2 (ဇာတ် စ/ဆုံး အတိုချုံး)
ဇာတ်ကြို မသိချင်ပါက မဖတ်ရန်

-အပိုင်း-၇ပိုင်းပါဝင်ပါတယ်

-အပိုင်း၁,၂ က Game ကိုရပ်ဖို့ကြိုးစားတဲ့ Lee Jungjae နဲ့Wi Hajoon တို့ကအဓိကပါ။Game မစသေးပါဘူး။Gong Yoo ကအပိုင်း-၂အစမှာဘဲ Lee Jungjae နဲ့ သေ၊နက်နဲ့အလောင်းအစားလုပ်တဲ့အချိန်မှာ ဆုံးသွားပါတယ်

-Park Gyuyoung က ပန်းရောင်ဝတ်စုံဘက်က ရှူံးတဲ့သူတွေကို ပစ်ရတဲ့သူပါ။သူ့ရဲ့အတိတ်ရှိပြီး၊တကယ်က ဆုံးသွားတဲ့သူတွေရဲ့ ကိုယ်တွင်း အတွင်းပစ္စည်းတွေကို Game ကျင်းပတဲ့သူတွေက ပြန်ရောင်းတဲ့ပုံစံမျိုးပါ

-Game က Season-2 မှာ လက်ရှိ အချိန်ထိ ၃မျိုးဆော့ပေမယ့် ပထမ (၁-၂-၃-၄ စနေမ မြန်မာအခေါ်)ကလွဲပြီး ကျန်တာတွေက ပြောင်းထားပါတယ်။ဂျင်ပေါက်တာတို့ ဇယ်ခုတ်တာတို့က Game-2, Game-3ကဧည့်သည်လာရင် အိမ်ရှင်ဖယ်ပေးပါ။Game-3 က ရင်အခုန်ရဆုံးပါဘဲ။
သီချင်းဖွင့်ပြီး သီချင်းရပ်တာနဲ့ ဘယ်နယောက်လို့ပြောပြီး၊
ပြောတဲ့အယောက်အတိုင်း စက္ကန့်၃၀အတွင်း လူစုပြီး ဘေးမှာရှိတဲ့အခန်းကျဉ်းလေးတွေဝင်ရတာပါ။Poster က Game-3ရဲ့ ပုံပါ။

-Lee Byunghoon လည်း ဝင်ဆော့ပေမယ့် သူက Lee Jungjae က Game ကိုဖျတ်မယ်ဆိုတာသိလို့ တမင် စပိုင်အနေနဲ့ ဝင်လာတာပါ

-Topက အပိုင်း-၆-၇ လောက်မှာ သူ့ဘေးက တပည့်ပုံစံနဲ့လူက အိမ်သာထဲမှာ ခရင်းနဲ့ လုပ်လိုက်လို့ ဆုံးသွားပါတယ်

-အပိုင်း-၇ က Game ကိုဖျတ်ဖို့ ပန်းရောင်လူတွေဆီက သေ နက်လုပြီး Lee Jungjae တို့ကပြန်တိုက်ကြတာပါ။ဒါပေမယ့် Lee Byunghoon က စပိုင်မို့ မနိုင်ဘဲဖြစ်နေပါတယ်။ပြန်လည်တိုက်တဲ့အချိန်မှာ Lee Jinwook က ဆုံးသွားပါတယ်။Season-2 ရဲ့နောက်ဆုံး Lee Jungjae တို့ရှူံးသွားတော့ မျက်ဖုံးအုပ်(Lee Byunhoon လို့ထင်ရ)က Lee Jungjae နဲ့အတူရှိနေတဲ့ သူငယ်ချင်းကို သူ့ရှေ့မှာဘဲ ရှင်းလိုက်ပါတယ်။


SBS Song Contest ကိုတက်ရောက်လာတဲ့ Newjeans အဖွဲ့ဟိုတလောက လာမေးကြတယ် Newjeans ကို BC ကြလို့Korea မှာ အနုပညာအလုပ်တွေ မလုပ်...
25/12/2024

SBS Song Contest ကိုတက်ရောက်လာတဲ့ Newjeans အဖွဲ့

ဟိုတလောက လာမေးကြတယ် Newjeans ကို BC ကြလို့
Korea မှာ အနုပညာအလုပ်တွေ မလုပ်ရတော့ဘူးဆိုတဲ့
ကျွန်တော် အမြင်၊အကတ် ဆုံးက သတင်းတစ်ခုကို သေချာ
မလေ့လာဘဲ ရေးတာပါ။သူရေးတဲ့အတိုင်းဆို Newjeans က ဒီပွဲကိုတက်မလားစဉ်းစား။ပြီးတော့ သူတို့ဘာသာ Ent
ကထွက်တယ်ဘဲထား၊Ent ကမထွက်ဘူးလို့ သတ်မှတ်ထား
တာကြောင့် ဒီတိုင်း Newjeans ကိုပြောတာကို ADOR ကငြိမ်ခံနေရမှာလား။
ပြောရရင် သူတို့ Ent အတွင်းမှာဖြစ်တဲ့ကိစ္စပါ။ ADOR ကိုယ်တိုင်က BC ပါလို့ ပြောရင်တော့ တမျိုးပေါ့။အခုဟာက တဖက်အခြေအနေ တဖက်ကြည့်နေတုန်းဘဲရှိသေးတယ်။Like လိုချင်တာနဲ့ ပေါက်ကရရေးတင်တဲ့ သူတွေ
အမြန်ကင်းစင်ပါစေ။


တောင်ကိုရီးယား မင်းသမီးထဲမှာ သူ့ကို အသနားဆုံးဘဲ😢😭🥺မနေ့ကစလွှင့်တဲ့ Namib ဇာတ်လမ်းတွဲထဲက မင်းသမီး Ko Hyunjung ပါတလောက သူပါ...
24/12/2024

တောင်ကိုရီးယား မင်းသမီးထဲမှာ သူ့ကို အသနားဆုံးဘဲ😢😭🥺
မနေ့ကစလွှင့်တဲ့ Namib ဇာတ်လမ်းတွဲထဲက မင်းသမီး Ko Hyunjung ပါ

တလောက သူပါဝင်ထားတဲ့ Your Quiz on the Block မှာလေ သူပြောသွားတာလေး
"ကလေးတွေ ငယ်ငယ်လေးနဲ့ ခင်ပွန်းသည်နဲ့ကွာရှင်းလိုက်တော့ကလေးတွေနဲ့သူနဲ့က သူစိမ်းတွေလိုဘဲ စိမ်းတယ်" ဆိုပြီး ပြောပြီး
ငိုတာလေး😭😭😭😭😭
ဘယ်အမေကတော့ ကိုယ့်သားသမီးတွေနဲ့ စိမ်းနေချင်ပါ့မလဲနော်

သိပ်မကြာပါဘူး၊ဒီProgram လည်းလွှင့်ပြီး သူ ဆေးရုံတက်ရတာဘဲ၊Namib ဇာတ်လမ်းတွဲရဲ့ သတင်းစာရှင်းလင်းပွဲတောင် မတက်နိုင်ရှာဘူး။ခုနကဘဲ သူ့IG မှာ Postလေးတင်ထားတယ်။ဆေးရုံပေါ်မှာဘဲရှိနေသေးပေမယ့် အမြန်ဆုံးသက်သာအောင် ကြိုးစားပြီးနေပါ့မယ်ဆိုပြီး တင်ထားတယ်

အားလုံးသိကြမယ်ထင်ပေမယ့် ထပ်ပြောရရင် သူက တောင်ကိုရီးယားရဲ့ တကယ် သူဌေးဆိုမှ သူဌေးShinseage Group ကသားနဲ့ညားတာပါ။ကလေး၂ယောက်(သားတစ်ယောက် သမီးတစ်ယောက်)ရပြီး ကွဲတော့ သူ့ကို ကလေးတွေနဲ့ပေးမတွေ့တော့ပါဘူး။ပြီးတော့ လက်ထပ်စဉ်ကအကြောင်းတွေကို သူက ပြောခွင့်မရှိပါဘူး။(K-drama ထဲကထက်ဆိုးတယ်)ဘယ်လောက်ထိ Shinseage Groupကပါဝါရှိသလဲဆိုတော့ Ko Hyunjung ရဲ့ Profile မှာသားတစ်ယောက် သမီးတစ်ယောက်ရှိတာဘဲ ရေးထားတယ်။ခင်ပွန်းသည်ရဲ့နာမည်ကို ဘယ်official site မှာမှ မရေးဘူး။ရေးရင်Shinseage Groupဆိုတာ ကဏ္ဏတိုင်းမှာ လုပ်ငန်းရှိတဲ့ ကုမဏီကြီးပါ။k-drama အကြည့်များတဲ့သူဆိုရင် ဘာကိုဆိုလိုလည်းသိကြမှာပါ။

သူ့ယောကျာ်းကတော့ သူနဲ့ကွဲပြီး ဂီတပညာရှင်Han Jeehee နဲ့ 2011 မှာလက်ထပ်ပြီး ကလေး၂ယောက်မွေးထားပါတယ်။

Ko Hyunjung နဲ့ရတဲ့သားလေးက သူနဲ့တော်တော်တူတယ်။အသက်က ၂၇နှစ်၊သမီးကအသက်၂၅နှစ် ဓာတ်ပုံတော့ မမြင်ဖူးဘူး။သားလေးပုံတွေ ကိုယ်တွေတောင် ခုလိုမြင်ရတာ သူလည်း တွေ့ရမှာပေါ့နော်။ကလေးတွေအသက်ပြီးမှ နဲ့ သူနဲ့ ပေးတွေ့တာ ဖြစ်ဖို့များတယ်။ ဒါကြောင့် စိမ်းနေတာနေမယ်။

သူကသရုပ်ဆောင်တအားကောင်းသလို တအားနာမည်ကြီးတဲ့အချိန်မှာ ယောကျာ်းယူပြီးအနုပညာလောကကနေ နားခဲ့တာ။မနားရင် လက်မထပ်ရဘူးဆိုလို့၊တကယ်တော့ သူက တောင်ကိုရီးယားမင်းသမီးတွေထဲမှာ အနုပညာကြေးအမြင့်ဆုံးပါ။(အခုတော့ မပြောတတ်)သူအနုပညာထဲပြန်ဝင် တော့မီဒီယာတွေက ဘာကြောင့် မင်းသမီးပြန်လုပ်တာလဲလို့မေးတော့ "ကလေးတွေက သူ့အမေကို ဘယ်အချိန်ဖြစ်ဖြစ် မြင်နိုင်တွေ့နိုင်အောင်"ပါတဲ့ 🥺

အမြန်ဆုံးနေကောင်းပါစေလို့ဆုတောင်းပေးပါတယ်


အဆိုတော် Hanni ဗီဇာ ဆက်လျှောက်လို့ရနိုင်မလားADOR နဲ့စာချုပ်သက်တမ်းပြီးဆုံးကြောင်း ကြေညာခဲ့တဲ့Newjeans အဖွဲ့ရဲ့ အဖွဲ့သူတွ...
20/12/2024

အဆိုတော် Hanni ဗီဇာ ဆက်လျှောက်လို့ရနိုင်မလား

ADOR နဲ့စာချုပ်သက်တမ်းပြီးဆုံးကြောင်း ကြေညာခဲ့တဲ့
Newjeans အဖွဲ့ရဲ့ အဖွဲ့သူတွေထဲမှာ Hanni တစ်ယောက် တည်းက တောင်ကိုရီးယားမှာ E-6 Visaနဲ့နေထိုင်နေတာဖြစ်ပါတယ်။E-6ဟာ တစ်နှစ်တစ်ကြိမ်Visa သက်တမ်းတိုးဖို့လိုပြီး အလုပ်ရှင်ကုမဏီလည်းရှိဖို့ လိုပါတယ်။

ပြီးခဲ့တဲ့ November 29 ရက်စပြီး ADOR နဲ့စာချုပ်သက်တမ်းပြီးဆုံးကြောင်း ကြေညာခဲ့တာမို့ Hanna ရဲ့ E-6 Visa ဟာ (၁၅)ရက်အတွင်း တောင်ကိုရီးယား လူဝင်မှုကြီးကြပ်ရေးကို နိုင်ငံခြားသားနေထိုင်ခွင့် ကဒ်ကိုပြန်အပ်ပြီး တောင်ကိုရီးယားကနေ ထွက်ခွါရမှာဖြစ်ပါတယ်။

Hanni ရဲ့ Visa သက်တမ်းဟာ ရှေ့နှစ်အစောပိုင်းမှာကုန်ဆုံးတော့မှာဖြစ်ပြီးADOR ဘက်ကတော့ သူတို့နဲ့စာချုပ်သက်တမ်းရှိသေးတဲ့အတွက်ဆိုပြီး Visa သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။Hanni ကတော့ ADOR ကနေ ထွက်ခဲ့ပြီမို့ Angency(အလုပ်ရှင်)မရှိဘဲ E-9Visa ကိုလျှောက်မယ် လို့ ထင်ရပြီး ရနိုင်ဖို့ အခွင့်အလမ်းနည်းမယ်လို့သုံးသပ်ကြပါတယ်။

Hanni ဟာ ဗီယမ်နမ်လူမျိုး အဖေနဲ့အမေက ဩစတြေးလျမှာမွေးခဲ့တဲ့ ဗီယမ်နမ်လူမျိုး ဖြစ်ပြီးဩစတြေးလျ နဲ့ ဗီယမ်နမ် ၂နိိုင်ငံ လူမျိုးခံယူထားတာဖြစ်ပါတယ်


ဒီတခါတော့ Cast တွေ မဟုတ်ဘူး ဒါရိုက်တာလေး ရွေးပေးမယ်မြန်မာနိုင်ငံရဲ့ Mystery နဲ့ Horror Movie တွေ ပိုင်နိုင်တဲ့ အကယ်ဒမီ ဆ...
11/12/2024

ဒီတခါတော့ Cast တွေ မဟုတ်ဘူး ဒါရိုက်တာလေး ရွေးပေးမယ်
မြန်မာနိုင်ငံရဲ့ Mystery နဲ့ Horror Movie တွေ ပိုင်နိုင်တဲ့ အကယ်ဒမီ ဆုပိုင်ရှင်ကြီးသာ Light Shop ကို Myanmar Version ပြန်ရိုက်ခဲ့ရင် ဘာတွေ ဖြစ်သွားမလဲ......?


🤌
17/11/2024

🤌

Thank you 🤌🙂‍↔️


Snowdrop ကိုလည်း လုပ်ပေးပါလို့ တောင်းဆိုကြလို့ပါ
11/11/2024

Snowdrop ကိုလည်း လုပ်ပေးပါလို့ တောင်းဆိုကြလို့ပါ

တကယ်သာဆိုရင် ပထမဦးဆုံး Netflix မှာ Stream ခွင့်ရတဲ့ Myanmar Drama ဖြစ်သွားမလား🤔
06/11/2024

တကယ်သာဆိုရင် ပထမဦးဆုံး Netflix မှာ Stream ခွင့်ရတဲ့ Myanmar Drama ဖြစ်သွားမလား🤔

Princess Hours (Goong) ကို MM Drama အနေနဲ့ ပြန်ရိုက်ရင်


04/11/2024
04/11/2024

Jeongnyeon: The Star is Born မှာ ပါဝင်ထားတဲ့ မင်းသမီးများရဲ့ အပြင်ဘဝမှ လက်ရှိ အသက်များ 💁🏻‍♂️


ပြီးခဲ့တဲ့ အပတ်ကမှ ဇာတ်သိမ်းသွားတဲ့ လူကြိုက်များ SBS Drama "The Judge From Hell" ကို MM Version နဲ့ ပြန်လည် ပုံဖော်ခဲ့ဖြ...
04/11/2024

ပြီးခဲ့တဲ့ အပတ်ကမှ ဇာတ်သိမ်းသွားတဲ့ လူကြိုက်များ SBS Drama "The Judge From Hell" ကို MM Version နဲ့ ပြန်လည် ပုံဖော်ခဲ့ဖြစ်မယ် ဆိုရင် ဘယ်သူတွေနဲ့ လိုက်ကြမလဲ🙂‍↕️


04/11/2024

Brewing Love (ENA) Highlight

Business Proposal Teamကရိုက်ကူးတာမို့
Romance Comedy ဖြစ်ပေမယ့် ဇာတ်ကခိုင်တဲ့ပုံဘဲ

လူတယောက်ရဲ့ စိတ်ကို ထိုးခွင်း မြင်နိုင်တဲ့ ဘီယာကုမဏီပိုင်ရှင်လေးနဲ့စစ်တပ်မှာ အထူးကွန်မန်ဒိုအဖြစ်အလုပ် လုပ်ဖူးပေမယ့်လက်ရှိမှာ ယမကာကုမဏီမှာ အလုပ် လုပ်နေတဲ့ စိတ်အမှန်ကို ဖုံးကွယ်ရတာ ကျွမ်းကျင်တဲ့ ကောင်မလေး တို့ရဲ့ အချစ်ဇာတ်လမ်း

ရိုက်ကူးတင်ဆက်မှု့ ၊ ဇာတ်လမ်းဇာတ်ကွက်က highlight ကြည့်တာနဲ့ သိပါတယ်🥰

Jongwon ရဲ့ Main Stream Channel ရဲ့ First Main Lead လေးမို့၊ဝူဝူဆော့လို Lovely Runner နဲ့အောင်မြင်ပြီး super star ဖြစ်ပါစေလို့




Claimer : No copyright infringement intended. I do not own this video content and all the credits will go to Orginal.

လက်ရှိ ရေပန်းစားနေတဲ့ Love in the Big City ကို တကယ်လို့ များ မြန်မာ Version နဲ့ ပြန်လည်ရိုက်ကူးပါကဆိုပြီး casting လေး စိ...
25/10/2024

လက်ရှိ ရေပန်းစားနေတဲ့ Love in the Big City ကို တကယ်လို့ များ မြန်မာ Version နဲ့ ပြန်လည်ရိုက်ကူးပါက
ဆိုပြီး casting လေး စိတ်ကူးယဉ်မိတယ်

နောက်ဆုံး အပိုင်း၇-၈ က တွဲဖက်နဲ့ ယောင်းသူငယ်ချင်းလေးကကော ဘယ်သူနဲ့ လိုက်မလဲ ပြောခဲ့ပါအုန်း


တူရကီမှာလည်း QoT ရဲ့ Remake လုပ်နေပြီဆိုတော့ကိုယ်တွေအလှည့်လည်း ရောက်လာခဲ့ရင် ဆိုပြီး စိတ်ကူးလေးပေါ့ 🙂‍↔️
23/10/2024

တူရကီမှာလည်း QoT ရဲ့ Remake လုပ်နေပြီဆိုတော့
ကိုယ်တွေအလှည့်လည်း ရောက်လာခဲ့ရင် ဆိုပြီး စိတ်ကူးလေးပေါ့ 🙂‍↔️


photo of the day
15/10/2024

photo of the day


Address


Website

Alerts

Be the first to know and let us send you an email when Koreanwaver posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share