MG? PYAE? CHAN? OO

  • Home
  • MG? PYAE? CHAN? OO

MG? PYAE? CHAN? OO Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MG? PYAE? CHAN? OO, Newspaper, .

ခေါင်းဆောင်လုပ်ပါ  /  ဆရာကြီးမလုပ်ပါနဲ့=========================ဆရာကြီးက အရာရာကျွမ်းတယ်ခေါင်းဆောင်က အမှားကိုဝန်ခံတယ်ဆရာက...
02/06/2024

ခေါင်းဆောင်လုပ်ပါ / ဆရာကြီးမလုပ်ပါနဲ့
=========================

ဆရာကြီးက အရာရာကျွမ်းတယ်
ခေါင်းဆောင်က အမှားကိုဝန်ခံတယ်

ဆရာကြီးက လုပ်ရမှာကိုပြောတယ်
ခေါင်းဆောင်က လုပ်ပြတယ်

ဆရာကြီးက အပြစ်ရှာတယ်
ခေါင်းဆောင်က အကြံပြုတယ်

ဆရာကြီးက အပြောနဲ့စတယ်
ခေါင်းဆောင်က နားထောင်ခြင်းနဲ့စတယ်

ဆရာကြီးက အမိန့်ပေးတယ်
ခေါင်းဆောင်က လမ်းညွှန်ပြတယ်

ဆရာကြီးက အရိုသေကြိုက်တယ်
ခေါင်းဆောင်က ရိုသေထိုက်တယ်

ဆရာကြီးက စည်းမျဉ်းနဲ့အုပ်ချုပ်တယ်
ခေါင်းဆောင်က မေတ္တာဂရုဏာရှေ့ရုူတယ်

ကိုယ်ရှိနေတဲ့နေရာမှာခေါင်းဆောင်ဖြစ်နေပါစေ

We want a leader


နေ အရမ်း ပူတယ်   🤗🤗🤗ကိုယ်မရှိသေးတော့                      ဌားကိုင်ရတာပေါ့ဗျာ...😭😭😭
10/05/2024

နေ အရမ်း ပူတယ် 🤗🤗🤗

ကိုယ်မရှိသေးတော့
ဌားကိုင်ရတာပေါ့ဗျာ...😭😭😭

တစ်ယောက်ထဲ ဖြစ်နေလဲ ဂရုမစိုက် နဲ့ အရေးကြီးတာ လမ်းမှန်ဖို့ရယ် ရှေ့ရောက်ဖို့ရယ် ... 🏃‍♀️🏃🚶🚶‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃🚶🚶‍♀️🏃‍...
04/05/2024

တစ်ယောက်ထဲ ဖြစ်နေလဲ ဂရုမစိုက် နဲ့ အရေးကြီးတာ လမ်းမှန်ဖို့ရယ် ရှေ့ရောက်ဖို့ရယ် ...

🏃‍♀️🏃🚶🚶‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃🚶🚶‍♀️🏃‍♀️🚶‍♀️🚶🏃

လှလိုက်တာကွာ...😍😍😍
30/04/2024

လှလိုက်တာကွာ...😍😍😍

🥀  ပေါင်းသင်ရာသူမပါ။ ပန်းပေါင်းစုံသင်းကြုမွှေးတော့ ရွှေးပန်ချင်၏ ။💪 ရိတ်သိမ်းချိန် တော့ပါဖြစ်အောင်ပါလိုက်ပါမိတ်ဆွေတို့ ။...
30/04/2024

🥀 ပေါင်းသင်ရာသူမပါ။ ပန်းပေါင်းစုံသင်းကြုမွှေးတော့ ရွှေးပန်ချင်၏ ။

💪 ရိတ်သိမ်းချိန် တော့ပါဖြစ်အောင်ပါလိုက်ပါမိတ်ဆွေတို့ ။

💪💪💪💙 Fighting 💙 👍👍👍

#ရိတ်သိမ်းချိန်

မစီးရတာကြာပြီ...သားကြီးရေ...
30/04/2024

မစီးရတာကြာပြီ...သားကြီးရေ...

ကျွန်တော်ကြိုးစားရဦးမယ် .... 👍👍👍ကိုယ့်အပေါ် ကြင်နာသူတွေကိုပြန်ဂရုစိုက်တတ်ဖို့အတွက်ကျွန်တော် ကြိုးစားရဦးမယ်။ကိုယ့်အပေါ် ခ...
31/03/2024

ကျွန်တော်ကြိုးစားရဦးမယ် .... 👍👍👍

ကိုယ့်အပေါ် ကြင်နာသူတွေကို
ပြန်ဂရုစိုက်တတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

ကိုယ့်အပေါ် ခွင့်လွှတ်သည်းခံပြီး
နားလည်ပေးသူတွေကို
ပြန်ပြီး နားလည်ပေးတတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

စစ်မှန်တဲ့ သူငယ်ချင်းကောင်းတွေ ရွားပါးလာတဲ့ ခေတ်ကြီးမှာ အပေါ်ယံမဟုတ်တဲ့ သူငယ်ချင်းအပေါင်းသင်းတွေကို တန်ဖိုးထားတတ်ဖို့အတွက် ကျွန်တော် ကြိုးစားရဦးမယ်။

အချစ်စစ် မဟုတ်တဲ့ အတုအယောင်အချစ်မျိုးတွေနဲ့တွေ့တဲ့အခါ ဘဝပါယိုင်နဲ့မသွားအောင်
တည်ငြိမ်နိုင်ဖို့အတွက်ကျွန်တော် ကြိုးစားရဦးမယ်။

ငွေမရှိလို့ အနှိမ်ခံရတဲ့ဘဝကနေ
လွတ်မြောက်ဖို့အတွက် ချွေတာသင့်တာချွေတာဖို့
ကျွန်တော် ကြိုးစားရဦးမယ်။

လူတွေရဲ့ ကဲ့ရဲ့မှုတွေ အပြစ်တင်ဝေဖန်မှုတွေကို
လိုက်ပြီး ဂရုမစိုက်တတ်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက်ကျွန်တော် ကြိုးစားရဦးမယ်။

ဝမ်းနည်းမှုတွေ သိမ်ငယ်မှုတွေနဲ့
နာကျင်စရာတွေကို ရင့်ကျက်စွာဖြတ်ကျော်နိုင်တဲ့
လူတစ်ယောက် ဖြစ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

လောကဓံရဲ့ရိုက်ခတ်မှုဒဏ်တွေကို
အပြုံးနဲ့ကျော်လွှားနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင်
ကျွန်တော် ကြိုးစားရဦးမယ်။

ဘဝကို လွယ်လွယ်နဲ့ အရှုံးပေးသူ တစ်ယောက်
မဖြစ်အောင်ကျွန်တော် ကြိုးစားရဦးမယ်။

ကျွန်တော် ကြိုးစားရဦးမယ်။
ကျွန်တော် ကြိုးစားရမယ်။
ကျွန်တော် ကြိုးစားမှ ဖြစ်မယ်။

ကြိုးစားပါနော် အပျင်းမထူပါနဲ့။ 👍👍👍

.....ပြန်လည်မျှဝေပါသည်။



တောတောင်တန်းဆိုတော့လည်း...တောတောင်တန်း ဟင်းလေးတွေချက်စားရတာပေါ့ကွာ... 👨‍🍳👨‍🍳👨‍🍳ငါးဆီပြန် ၊ ငါးကချင်  👍🤗👍🤗👍🤗👍🤗👍🤗👍🤗👍🤗👍🤗
31/03/2024

တောတောင်တန်းဆိုတော့လည်း...တောတောင်တန်း ဟင်းလေးတွေချက်စားရတာပေါ့ကွာ... 👨‍🍳👨‍🍳👨‍🍳

ငါးဆီပြန် ၊ ငါးကချင်

👍🤗👍🤗👍🤗👍🤗👍🤗👍🤗👍🤗👍🤗

ကြိုက်တာ လက်ဆောင်လေး ဝယ်မပေးချင်ဘူးလားဗျာ .... 💗💗💗
29/03/2024

ကြိုက်တာ လက်ဆောင်လေး ဝယ်မပေးချင်ဘူးလားဗျာ .... 💗💗💗

🛐 Good Friday ✝
29/03/2024

🛐 Good Friday ✝

Happy PALM Sunday.
24/03/2024

Happy PALM Sunday.

ဘယ်ကမ်းမှာ ကပ်ဖူးလဲ မမေးနဲ့ကိုယ်နဲ့အတူလှော်ခပ်နေချိန်တန်ဖိုးထားပါလှေပဲ အတိတ်တွေမှာ ကမ်းရှိချင်ရှိမှာပဲဘယ်အကိုင်းမှာ ခိုဖ...
01/03/2024

ဘယ်ကမ်းမှာ ကပ်ဖူးလဲ မမေးနဲ့
ကိုယ်နဲ့အတူလှော်ခပ်နေချိန်
တန်ဖိုးထားပါ
လှေပဲ အတိတ်တွေမှာ ကမ်းရှိချင်ရှိမှာပဲ

ဘယ်အကိုင်းမှာ ခိုဖူးလဲ မတွေးနဲ့
ကိုယ်နဲ့အတူပျံသန်းနေချိန်
တန်ဖိုးထားပါ
ငှက်ပဲ အတိတ်မှာ အရိပ်ရှာမှာပဲ

ထို့နည်းတူစွာ လူပဲအမှားနဲ့ဘယ်ကင်းမှာလဲ

မဖတ်ခဲ့ရတဲ့စာမျက်နှာတွေ
ပြန်လှန်နေမယ့်အစား
မရေးရသေးတဲ့ စာမျက်နှာတွေပေါ်မှာ
လှလှလေး ရေးမယ်

မဆုံခဲ့စဉ်က ကြုံခဲ့တာတွေ
ကိုယ်မပိုင်ခင်က ဆိုင်ခဲ့တာတွေ
နောက်ကြောင်းမလှန်တော့ဘူး

အတိတ်လှမှ ချစ်မယ်ဆို မချစ်နဲ့
ကိုယ်တိုင်စိတ်က မလှပဲ
ဘယ်သူ့ဆီကမှ အရိပ်မရချင်နဲ့
ပြီးတော့ နိမိတ်မလှချင်နဲ့

သက်တမ်းကုန်သွားတဲ့အရာထဲမှာ
ချစ်တဲ့လူတွေမပါဘူး
ချစ်တာမှန်ရင်လည်း
ဘယ်တော့မှ သက်တမ်းမကုန်ဘူး

အဟောင်းဆိုပေမယ့်
ကိုယ့်အတွက် ခုမှရရင် အသစ်ပဲ
အသစ်ရလည်း
တချိန်အဟောင်းဖြစ်မှာပဲ

သင်္ခါရတွေကို စိတ်ထဲ စိုက်ပျိုးလိုက်
မုဒိတာတွေ ရှင်သန်လာလိမ့်မယ်
မေတ္တာရေလေး လောင်းလိုက်
သုခတွေ ပွင့်ဖူးလာလိမ့်မယ်
ဘာတွေကိုချစ်ချစ်
ရင်ထဲက တန်ဖိုးထားပြီးချစ်ပါ🙏🌹♥️



ရှင်းလား...ဘာတဲ့လည်း... 👍
11/02/2024

ရှင်းလား...ဘာတဲ့လည်း... 👍

လူတွေ သင့်ကို ကြိုက်လာဖို့လည်းမကြိုးစားပါနဲ့ ။လူတွေ သင့်ကို လေးစားဖို့လည်းမကြိုးစားပါနဲ့ ။လူတွေ သင့်ကို ချစ်လာဖို့လည်းမက...
10/02/2024

လူတွေ သင့်ကို ကြိုက်လာဖို့လည်း
မကြိုးစားပါနဲ့ ။

လူတွေ သင့်ကို လေးစားဖို့လည်း
မကြိုးစားပါနဲ့ ။

လူတွေ သင့်ကို ချစ်လာဖို့လည်း
မကြိုးစားပါနဲ့ ။

လူတွေသင့်ကို အထင်ကြီးလာဖို့လည်း
မကြိုးစားပါနဲ့ ။

လူတွေ သင့်ကို ကြွေလာဖို့လဲ
မကြိုးစားပါနဲ့ ။

မနက်မိုးလင်းလို့ သင်နိုးထတဲ့အခါ
သင့်ကိုယ်သင် လေးစားနေဖို့ ကြိုးစားပါ ။

နေ့စဉ်သွားလာလှုပ်ရှားနေစဉ်မှာ
သင့်ကိုယ်သင် ချစ်နိုင်ဖို့ ကြိုးစားပါ ။

မှန်ထဲ ကြည့်တဲ့အခါမှာ
သင့်ကိုယ်သင် အထင်ကြီးဖို့ ကြိုးစားပါ ။

ညအိပ်ဖို့ ခေါင်းချတဲ့အခါမှာ
သင့်ကိုယ်သင် တန်ဖိုးထားနိုင်ဖို့ ကြိုးစားပါ ။

သင့်ရဲ့နောက်ဆုံးအချိန်မှာ (မသေခင်မှာ)
သင့်ကိုယ်သင် ကြွေနိုင်ဖို့ ကြိုးစားပါ ။

အမြဲတမ်းကြိုးစားလျှက် ။



အလုပ် မလုပ်ချင်ဘူးလား  သူမကို ကြည့် ...တစ်ယောက်ထဲ အထီးကျန်လို့ ဝမ်းနည်းနေလား သူမကို ကြည့် ...ပျင်းရိ ပျင်းတွဲနဲ့ တစ်နေ့တ...
10/02/2024

အလုပ် မလုပ်ချင်ဘူးလား
သူမကို ကြည့် ...

တစ်ယောက်ထဲ အထီးကျန်လို့ ဝမ်းနည်းနေလား
သူမကို ကြည့် ...

ပျင်းရိ ပျင်းတွဲနဲ့ တစ်နေ့တာကို ဖြတ်ဖို့ တွေးနေလား
သူမကို ကြည့် ...

အသ​၊က်ငယ်ပြီး ဘာရည်ရွယ်ချက်မှ မရှိ
အပျော်တွေနဲ့ အချိန်ကုန်ခဲ့တာလား ...
သူမကို ကြည့် ...

ရေမြေခြားမှာ မိသားစု မရှိ၊ သိမ်ငယ်နေလား
သူမကို ကြည့် ...

ငွေကြေးနောက်ပဲ လိုက်ပြီး
တိုင်းပြည်အတွက် နှစ်မိနစ်စာလောက်တောင် တွေးဖို့ မေ့နေဖူးလား ...
သူမကို ကြည့် ...

ကိုယ့်ကို မုန်းတဲ့ သူတွေကို ပြုံးပြဖို့ ခက်ခဲနေလား
သူမကို ကြည့် ...

ဘယ်သူမှ ကူ,မရအောင် ရှုံးနိမ့်နေလား ...
သူမကို ကြည့် ...

ဒီထက် အဆပေါင်းများစွာ သူမ ဆီက
စိတ်ဓာတ် ခွန်အားတွေ "သင် " ရယူလိုက်စမ်းပါ ... ။


ဘဝမှာတစ်ယောက်ထဲ ရုန်းကန်နေရလို့ စိတ်ဓာတ်မကျပါနဲ့ တစ်ယောက်ထဲဆိုလည်းတစ်ယောက်ထဲဖြစ်အောင်လုပ်အားမငယ်နဲ့ လူတိုင်းမှာ ပြီးပြည့...
10/02/2024

ဘဝမှာတစ်ယောက်ထဲ
ရုန်းကန်နေရလို့ စိတ်ဓာတ်မကျပါနဲ့

တစ်ယောက်ထဲဆိုလည်း
တစ်ယောက်ထဲဖြစ်အောင်လုပ်

အားမငယ်နဲ့ လူတိုင်းမှာ ပြီးပြည့်စုံတဲ့
မွေးရာပါ ပါရမီဆိုတာ ဘယ်သူမွ
ပါမလာကြပါဘူး

ဘဝဆိုတာ
ကိုယ့်တိုင်ဖန်ဆင်းရှင်ပဲ

ဘဝဆိုတာ
လှေငယ်တစ်စင်းနဲ့တူတယ်

ကိုယ်ဦးတည်ရာကိုရောက်ဖို့
ကိုယ်တိုင်ပဲ့ကိုင်နိုင်ရမယ်

ဘယ်သူ့ကိုမှအားမကိုးပာနဲ့
ငွေမရှိရင် လောကကြီးမှာနေရတာ
မျက်နှာငယ်ရတယ်

အချစ်ဆိုတာလည်းငွေရှိမှ
အချစ်ရှိတာ

အမျိုးဆိုတာလဲ
ရွှေရှိမှ အမျိုးတော်ကြတာ

ဒါက လောကလူ့သဘာဝရဲ့နိယာမပဲ

ကိုယ့်သမိုင်းကိုယ်ရေးပါ
ကိုယ်လျှောက်မဲ့လမ်း
ကိုယ်တိုင်ဖောက်ပါ

လူတိုင်းဟာ ကိုယ်အဆင်ပြေရင် ကြိုဆိုမယ့်သူရှိပေမယ့် ကိုယ်အဆင်မပြေရင်
ဘယျသူမှအရေးမလုပ်ဘူး

ဘဝဆိုတာ လက်တွေ့ခံစားဖူးမှ
ကိုယ်ချင်းစာတက်ကျတာပါ

ဘဝဆိုတာ နိမ့်လိုက်မြင့်လိုက်ပဲ

ဗုံတုံတစ်လှည့်ငါးဖျံတစ်လှည့်ပဲ
အမြဲတမ်းနိမ့်ကြမနေဘူး
အပြောင်းအလဲဆိုတာအမြဲရှိပာတယ်

အဲဒါတွေကို သင်ခန်းစာအဖြစ်
ယူတက်ရင် ကျေနပ်စရာပာ

ဘာပဲဖြစ်ဖြစ်
လောကဇာတ်ခုံပေါ်မှာ

ဇာတ္ဆရာအလိုက် ကရတဲ့အခါ
မင်းသားနေရာက
သရုပ်ဆောင်ရတာရှိသလို

တခါတေလ လူကြမ်းနေရာကနေ
သရုပ်ဆောင်ရတာလဲရှိတာပဲ

ဝမ်းနည်းမနေနဲ့ စိတ်ဓာတ်ကျမနေနဲ့
အခွင့်အရေးဆိုတာ
နှစ်ခါမလာတက်ဘူးတဲ့

ငေးမှိုင် တွေးပူ
နောင်တ ရမနေပာနဲ့

တောင့်ခံထားပါ အားတင်ထားပါ
ကံဆိုးခြင်းတွေပီးရင်

ကံကောင်းခြင်းတွေ
ရောက်လာပာလိမ့်မယ်

မုန်းတိုင်းပြီးရင်
လေပြေလာသလိုမျိုးပေါ့

အဓိက က
စိတ်ဓာတ်ခိုင်မာဖို့
စိတ်ဓာတ်မကျဖို့
ဘဝကို အရှုံးပေးမသွားဖို့

အောင်မြင်တာရှိသလို
ရှုံးနိမ့်တာလည်းရှိတက်ပါတယ်.။

အောင်နိုင်သည်ဖြစ်စေ
ရှုံးနိမ့်ခဲ့သည်ဖြစ်စေ

အဓိကဟာ
ဘဝအတွက် ခံနိုင်ရည်ရှိဖို့နဲ့
စိတ်ဓာတ်တွေ ကျိုးပျက်ယိမ်းယိုင်
မသွားဖို့ပဲအရေကြီးတာ မဟုတ်လား..



ခွေးစိတ်...မှ...ခွေးစိတ်...အိမ်မွေးတဲ့ခွေးမှသုံးစားလို့ရအုံး...ဒီခွေးက ေခွးစိတ်ကိုမရှိတာ... ေအလိုးစောက်ပု...😈😈😈😈😈😈😈😈😈😈😈😈...
06/02/2024

ခွေးစိတ်...မှ...ခွေးစိတ်...
အိမ်မွေးတဲ့ခွေးမှသုံးစားလို့ရအုံး...ဒီခွေးက ေခွးစိတ်ကိုမရှိတာ... ေအလိုးစောက်ပု...

😈😈😈😈😈😈😈😈😈😈😈😈😈

🛐✝🛐✝🛐✝
04/02/2024

🛐✝🛐✝🛐✝

"လူချင်းတူသော်လည်း" ပညာတတ်ခြင်း မတတ်ခြင်း နှစ်ခုကြားမှာ စာနာတတ်ခြင်း ရှိတဲ့သူက ပိုပြီး လူသားဆန်တယ် မြင့်မြတ်ခြင်းနဲ့ ယုတ...
28/01/2024

"လူချင်းတူသော်လည်း"

ပညာတတ်ခြင်း မတတ်ခြင်း နှစ်ခုကြားမှာ
စာနာတတ်ခြင်း ရှိတဲ့သူက
ပိုပြီး လူသားဆန်တယ်

မြင့်မြတ်ခြင်းနဲ့ ယုတ်ညံ့ခြင်း နှစ်ခုကြားမှာ
လူကိုလူလို ဆက်ဆံ တတ်တဲ့သူက
ပိုပြီး လူသားဆန်တယ်

လက်ဖဝါးနဲ့ လက်ဖမိုး အုပ်စု နှစ်ခုကြားမှာ
အမှန်တရားကို ဆုပ်ကိုင်နိုင်တဲ့
ဘက်ခြမ်းက
ပိုပြီး လူသားဆန်တယ်

အနိုင်နဲ့ အရှုံး နှစ်ခုကြားမှာ
ကိုယ်ကျိုးအတွက် သိက္ခာကို
ချနင်းနေသူထက်
အများအကျိုး အတွက်
အသက်ကို စတေးရဲ သူတွေက
ပိုပြီး လူသားဆန်တယ်

ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်း နှစ်ခုကြားမှာ
စွန့်လွှတ်ရဲ ပေးဆပ်ရဲတဲ့သူက
ပိုပြီး လူသားဆန်တယ်

ခါးသီးခြင်းနဲ့ ချိုမြိန်ခြင်း နှစ်ခုကြားမှာ
ဘဝ ရေဆန်ကို အားမာန်နဲ့ ကူးနေသူက
ပိုပြီး လူသားဆန်တယ်

အရှက်တရား မရှိသူတွေက
ပြောချင်ရာပြောတတ်တယ်
လူသားမဆန်တဲ့သူတွေက
လုပ်ချင်ရာလုပ်တတ်တယ်

ဒါပေမယ့်....။

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ နှစ်ခုကြားမှာ
ကိုယ့်အကျိုးအတွက်
တစ်ခြားသူတွေကို
ထိခိုက်နစ်နာအောင်
မလုပ်တတ်တဲ့ ကိုယ်ကျင့်တရား ရှိသူက
ပိုပြီး လူသားဆန်ပါတယ်... ။

မူရင်းစာရေးသူအားCreditပေးပါသည်။



လိုအပ်ချက်တွေကတော့ ရှိနေတုန်းပါပဲဗျာ...ပြီးပြည့်စုံတယ်ဆိုတာဘယ်ရှိပါမလည်းဗျာ...ကိုယ်ကို့ Fighting ပေါ့...
25/01/2024

လိုအပ်ချက်တွေကတော့ ရှိနေတုန်းပါပဲဗျာ...
ပြီးပြည့်စုံတယ်ဆိုတာဘယ်ရှိပါမလည်းဗျာ...
ကိုယ်ကို့ Fighting ပေါ့...

စာဖတ်ခြင်း ဆို တာ စာအုပ် တစ်အုပ်ကို ဖတ်ခြင်းအားဖြင့် ရသစာအုပ်ပဲဖြစ်ဖြစ်၊ သုတစာပေပဲဖြစ်ဖြစ် တခြားတစ်ဦးတစ်ယောက်ရဲ့ စိတ်ထဲ၊...
24/01/2024

စာဖတ်ခြင်း ဆို တာ

စာအုပ် တစ်အုပ်ကို ဖတ်ခြင်းအားဖြင့် ရသစာအုပ်ပဲဖြစ်ဖြစ်၊ သုတစာပေပဲဖြစ်ဖြစ် တခြားတစ်ဦးတစ်ယောက်ရဲ့ စိတ်ထဲ၊ ဦးနှောက်ထဲကို ၀င်ကြည့်လိုက်သလိုပဲ့
အဲဒီတော့ ကိုယ့်ရဲ့ကမ္ဘာကြီးက အများကြီးပဲ ကျယ်သွားတယ်။ ဆိုတော့ လူတစ်ယောက်မှာဆိုရင် ဦးနှောက်တစ်ခုပဲ ရှိတယ်၊ စိတ်တစ်ခုပဲ ရှိတယ်။ အဲဒီစိတ်၊ အဲဒီ ဦးနှောက်ကနေ မြင်မယ်ဆိုရင် အင်မတန်မှ ကျဉ်းမြောင်းတယ်။

တခြားလူတွေရဲ့စိတ်၊ တခြားလူတွေရဲ့ ဦးနှောက်ကနေပြီးတော့ ၀င်ကြည့်လိုက် ရတဲ့ အခွင့်အရေးရတယ်ဆိုရင် ကိုယ့်ရဲ့ကမ္ဘာကြီးက အများကြီးကျယ်သွားတယ်။ အဲဒီတော့ စာဖတ်ခြင်းဆိုတာ ဒါပဲ။

ကျွန်မတို့က တခြားပုဂ္ဂိုလ်တွေရဲ့ ဦးနှောက်ထဲ၊ တခြားပုဂ္ဂိုလ်တွေရဲ့
စိတ်ထဲ၊ နှလုံးသားထဲ၀င်ပြီးတော့ ကြည့်လိုက်ရတဲ့ အခွင့်အရေးတွေရသလို ဖြစ်သွားတယ်။

အဲဒီတော့ ကျွန်မတို့ ဒီလိုအခွင့်အရေးတွေ ရတဲ့အခါမှာ အချင်းချင်း နားလည်မှုကို ပိုပြီးတော့ ထူထောင်နိုင်တဲ့ အခြေအနေဖြစ်သွားတယ်။ တခြားလူတွေကို နားလည်တယ်။ ကိုယ်နဲ့မတူတဲ့ဟာတွေ၊ ဘာကြောင့်မတူတာလဲဆိုတာကို နားလည်တယ်။ ကိုယ်နဲ့မတူသော်လည်း ကိုယ့်ထက်သာတဲ့ဟာတွေလည်း ရှိတယ်ဆိုတာကို သဘောပေါက်သွားတယ်။

ဒေါ်အောင်ဆန်းစုကြည်

#ဒေါ်အောင်ဆန်းစုကြည်




KSTZMT

လူအချို  ့က ရေပေါ်ဆီတွေများတာပါကွာ ... 👎👎👎ကိုယ်ကိုတိုင်း မှပဲသိရတော့တယ်ကွာ...👎👎👎
23/01/2024

လူအချို ့က ရေပေါ်ဆီတွေများတာပါကွာ ... 👎👎👎
ကိုယ်ကိုတိုင်း မှပဲသိရတော့တယ်ကွာ...👎👎👎

ကြိုက်တာကွာ...တစ်လက်လောက်ရရင်ကောင်းမှာ...😭😭😭
23/01/2024

ကြိုက်တာကွာ...တစ်လက်လောက်ရရင်ကောင်းမှာ...😭😭😭

💪စာပေမြင့် မှ  လူမျိုးတင့်မည်💪Fb သုံးတဲ့အခါမိမိအတွက်တွင်မကလူအများအတွက်ပါအသိ/ အရှိ / ပညာဝေမျှပါစာပေဟူသည် လူမျိုးကို နိမ့်...
22/01/2024

💪စာပေမြင့် မှ လူမျိုးတင့်မည်💪

Fb သုံးတဲ့အခါ
မိမိအတွက်တွင်မက
လူအများအတွက်ပါ
အသိ/ အရှိ / ပညာဝေမျှပါ
စာပေဟူသည် လူမျိုးကို နိမ့်ကျနေရာမှ
မြှင့်တင်ပေးတဲ့ အရာပါ။

လွဲမှားစွာ သုံးစွဲရင် ကိုယ့်အတွက်ရော
လူအများအတွက်ပါ ဘာ ဗဟုသုတ
ဘာ ပညာ မှ မရနိုင်သလို စိတ်ခွန်အားပါ
ပိုကျ ဆုံးနိုင်ပါတယ်။

အဓိက စာကောင်းပေကောင်းတွေ
များများဖတ်ပါ ………

ခုခေတ်လူငယ်များ ပိုလိုအပ်ပါတယ်
အယူအဆတွေ မှားယွင်းပြီး
အသုံးနှုန်းများ ကြမ်းတမ်းလာကြတာကို
တွေ့ကြရမှာပါ ။

ဒါ ကောင်းမွန်တဲ့ ကိစ္စမဟုတ်ဘူးဆိုတာကို
လူငယ်တွေကို သိစေချင်တယ် ။

Fb သုံးတဲ့အခါ
ဗဟုသုတ ဥာဏ်စမ်း
ဟာသ ရသ အစုံဖတ်ပြီး
သတိရယ် အသိရယ်
စိတ်ဓာတ်ရယ် ပြည့်စုံနိုင်ရင်
သာယာလှပတဲ့ လောကကြီးကို
မြင်တွေ့နိုင် ခံစားနိုင်စေ မှာအမှန်ပါ။

#စာပေမြင့်မှလူမျိုးတင့်မည်
စာပေကောင်းများ ဖတ်ခြင်းဖြင့် လှပတဲ့ဘဝလေးကို
ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြပါစေ။🙏

"ချစ်ခြင်းအားဖြင့်လေးစားလျက်"



👍🤗👍🤗👍🤗
19/01/2024

👍🤗👍🤗👍🤗

29/07/2022
Good Morning ...
17/11/2021

Good Morning ...

20/10/2020

Address


Website

Alerts

Be the first to know and let us send you an email when MG? PYAE? CHAN? OO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share