24/12/2022
ကျေးရွာလူငယ်မောင်မယ်များ computer basic (ကွန်ပျူတာအခြေခံ)သင်တန်းဖွင့်လှစ်သင်ကြားခြင်း
ဒီလုပ်ငန်းစဥ်ကို ကျေးရွာမိဘပြည်သူများ သိရှိနားလည်သဘောပေါက်စေရန် ရှင်းလင်းတင်ပြပရစေခင်ဗျား
မိမိကျေးရွာအတွက် ကျေးရွာပိုင်ကွန်ပျူတာများဝယ်ယူပြီး မိမိကျေးရွာအတွင်းမှအသက်၉နှစ်၁၀နှစ်မှသည် ကွန်ပျူတာသင်တန်းကိုစိတ်ပါဝင်စားသူ လူကြီးများ ကျောင်းမနေသော်လည်း Abcdအခြေခံသဘောတရားနားလည်သောမည်သူမဆိုတက်ရောက်သင်ကြားနိုင်ရန်ရည်ရွယ်ထားပါတယ်
ဟုတ်ပြီ ဘာတွေသင်ကြားပေးမှာလဲ ဘယ်လောက်ကြာမှာလဲ?
ကျွန်တော်မေးမြန်းရသလောက်ကို ကျွန်တော်နားလည်သမျှပြန်ပြောရရင် မိမိကွန်ပျူတာကို မိမိကိုယ်တိုင် ဗိုင်းရက်သတ်ခြင်း မြန်မာစာ စာစီစာရိုက် ကွန်ပျူတာပန်ချီဆွဲခြင်း video ရိုက်ကူးတည်ဖြတ်မှုအခြေခံ မိမိရိုက်ကူးထားသောvideoလေးများကို စီဒီခွေထဲသို့ကူးခြင်း ကူးထားသောအခွေကို copy ပြန်ပွားခြင်းကဲ့သော အခြေခံဘာသာရပ်လေးများ ပါဝင်ပါတယ်
သင်တန်းကာလ ကတော့ အများဆုံး၄လ မိမိကလေးရဲ့လိုက်နိုင်စွမ်းအားပေါ်မူတည်ပြီး တပိုင်းတစလိုက်နိုင်တပိုင်းတစ အကုန်လိုက်နိုင်အကုန် စသဖြင့် ကွန်ပျူတာဆရာမတဦးမှ ဦးစီးသင်ကြားသွားမှာဖြစ်ပါတယ်
ရေရှည်မျှော်မှန်းချက်
ပထမ ဒုတိယ အကြီးများကို ဆရာမနှင့်သင်ကြားသော်လည်း ပထမအသုတ် ဒုတိယအသုတ်မှ ကျွမ်းကျင်ကလေးများမှတဆင့် ဆင့်ပွားရေရှည်သင်တန်းများ ဆက်လက် ရှေ့ဆက်သင်ကြားခြင်းဖြင့်မိမိရပ်ရွာအတွင်းမှ ကျောင်းနေသော မနေသော မိမိသားသမီးတူသား များမှသည် မိမိတို့ကိုယ်တိုင်အခြေခံကွန်ပျူတာ နည်းပညာများ အားလုံးနားလည်သဘောပေါက်ကြစေရန်ရည်ရွယ်ထားပါတယ်
ကြိုတင်၍လေးစားစွာဖြင့် ကျေးရွာမိဘပြည်သူများကိုတောင်းပန်ခြင်း
သင်တန်းစတင်သင်ကြားတဲ့အခါ ကျွန်တော်တို့တတ်နိုင်သည့်အားလေးဖြင့်လုပ်ဆောင်ရသည့်အတွက် လူဦးရေများပြားသည့်အခါ သူမို့လို့ ငါ့မို့လို့ အရင်တက်ရတယ် စသည် စသည်ဖြင့် ပြောဆိုမှုများကို အတတ်နိုင်ဆုံးရှောင်ရှားကြစေလိုပါတယ်
ကျေးရွားအတွင်းရှိ မောင်ဖြူ မောင်ညို ချမ်းသာ ဆင်းရဲ ကျောင်းနေ မနေ အားလုံးအတွက် ရေရှည်လုပ်ဆောင်ရည်ရွယ်ထားခြင်းဖြစ်သည့်အတွက် ခဏနှင့်ပိတ်မည့်သင်တန်းမျီုးမဟုတ်ဘဲ ဒိအပတ်မပါ နောက်တသုတ်ပါမည်ဖြစ်ပါသောကြောင့် စိတ်ရှည်သည်းခံခြင်းခြင့် ကျွန်တော်တို့ လှူတန်းကြသော လူငယ်များကို ငဲ့ညာသောအားဖြင့် ကူညီပေးစေလိုပါတယ်
ဒါနဲ့တဆက်တည်း English စာ သင်တန်းအတွက်ဆက်လက်တင်ပြပရစေ
ဒါကလည်း မိမိကျေးရွာ လူငယ်မောင်မယ်များမှသည် အဂ်လိပ်စာ စိတ်ပါဝင်စားသူတိုင်း လေ့လာစည်းပူးနိုင်ရန်ရည်ရွယ်ထားပါတယ်
ဟုတ်ပြီ မင်းတို့ English စာက ဘာတွေထူးခြားလို့လဲ?
အလွန်ကြီးမထူးခြားပါဘူး ကိုယ်ပိုင်အထက်တန်းကျောင်းတခု(သို့)international school တခုသင်ကြားနေသော နည်းစနစ် အသံထွက်လက်တွေ့ပြောဆိုမှုတခုကို မိမိကျေးရွာတွင်းမှာပင် မိမိသားသမီးများကို အခမဲ့ သင်ကြားပေးမည်ဆိုလျှင် မိဘပြည်သူများ ဘယ်လိုသဘောရပါသလဲ?
ဒါကလည်း စိတ်ပါဝင်စားကြသောကလေးငယ်များမှသည် သူ့level အလိုက် တတ်နိုင်သည့်ဘက်မှ သင်ကြားပေးသွားဖို့ရည်ရွယ်ထားပါတယ်
သို့ဖြစ်ပါသောကြောင့် ဒီစာကိုဖတ်ကြည့်ပါ ပြီးလျှင် ကျေးရွာအတွင်းရှိ မိမိ မိဘများကိုသော်လည်းကောင်း
ညီအကိုမောင်နှမ များကိုသော်လည်းကောင်း တဆင့်စကားပြောကြားခြင်း share ပေးခြင်းများဖြင့်ကူညီပေးကြပါအုံး
လေးစားစွာဖြင့်
မောင်တင်
၂၄/၁၂/၂၀၂၂