Ngein Steven

Ngein Steven Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ngein Steven, Media, .

25/09/2023
ငါးကြင်းမြီး (ခေါ်) MG 3 Gun ဝယ်ယူနိုင်ဖို့ အလှူရှင်တွေ လိုအပ်နေတဲ့ D.M.O PDF တပ်ရင်း ၃ ရဲ့ " ငါးကြင်းမြီး နဲ့ အောင်လံထူ...
09/06/2023

ငါးကြင်းမြီး (ခေါ်) MG 3 Gun ဝယ်ယူနိုင်ဖို့ အလှူရှင်တွေ လိုအပ်နေတဲ့ D.M.O PDF တပ်ရင်း ၃ ရဲ့ " ငါးကြင်းမြီး နဲ့ အောင်လံထူ " ကမ်ပိန်း

ဇွန် ၈၊ ၂၀၂၃ခုနှစ်။

ကယားပြည်နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (D.M.O PDF) ဟာ တခြားပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီကိုတွန်းလှန်နေတာ ၂နှစ်ကျော်ကြာသွားခဲ့ပြီဖြစ်ပါတယ်။

စစ်ကောင်စီကို တော်လှန်နေတဲ့ ၂နှစ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးတွေ အဆမတန်သုံးစွဲမှုတွေကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က နယ်မြေအုပ်စိုးမှုသော်လည်းကောင်း ရဲဘော်တွေရဲ့ အသက်ခန္ဓာသော်လည်းကောင်း စွန့်လွှတ်ပေးဆပ်ခဲ့ရပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီတပ်တွေကို တန်ပြန်တိုက်စစ်ဆင်နိုင်ဖို့ အင်အားမျှတတဲ့ လက်နက်ဖြစ်တဲ့ ငါးကြင်းမြီး (ခေါ်) MG 3 Gun ဝယ်ယူနိုင်ရေးအတွက် " ငါးကြင်းမြီး နဲ့ အောင်လံထူ " ဆိုတဲ့ ကမ်ပိန်းတစ်ခုကို D.M.O PDF တပ်ရင်း ၃ ကနေ မေလ ၂၉ရက်နေ့ မှ ဇွန်လ ၁၇ရက်နေ့ အထိ ရက်၂၀ကြာ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ကမ်ပိန်းပြုလုပ်နေတာ ဒီကနေ့မှာ ၁၁ရက် ရှိသွားပြီ ဖြစ်ပြီး အလှူငွေလက်ခံရရှိမှုအနေနဲ့ ၅ ရာခိုင်နှုန်းနီးပါးလောက်သာ ရောက်ရှိသေးတာကြောင့် ငါးကြင်းမြီး (ခေါ်) MG 3 Gun ဝယ်ယူနိုင်ဖို့အတွက် ပြည်တွင်းပြည်ပမှ အလှူရှင်မိဘပြည်သူတွေအနေနဲ့ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း D.M.O PDF တပ်ရင်း ၃ က မေတ္တာရပ်ခံထားပါတယ်။

D.M.O PDF တပ်ရင်း ၃ page
https://www.facebook.com/profile.php?id=100090599250094&mibextid=ZbWKwL

28/11/2022

AA ၏ မဟာဗျူဟာ ရည်မှန်းချက် ပျက်သုဥ်းသွားပြီလော
****************

ရခိုင်တပ်တော် AA သည် အကြမ်းဖက် စစ်တပ် နှင့် တိုက်ပွဲများ လေးလကြာ ဖြစ်ပွားခဲ့ပြီးနောက် ယခုအခါ ဒေသခံ ပြည်သူများ၏ အကျိုးကို ရှေးရှုကာ အပစ်အခတ် ရပ်စဲရေး ပြန်လည် အသက်သွင်းလိုက်ပြီဟု ကျေညာချက် ထုတ်ပြန်ခဲ့သည်။

၂၀၂၀ နိုဝင်ဘာလ မှ စတင် ခဲ့သော အလွတ်သဘော အပစ်အခတ် ရပ်စဲခဲ့မှုသည် ၂၀၂၂ ဇူလိုင်လ ၄ ရက်နေ့တွင် ကေအင်ယူ ထိန်းချုပ်နယ်မြေ အတွင်းရှိ AA စစ်စခန်းတခုအား အကြမ်းဖက် စစ်တပ်၏ လေကြောင်းမှ တိုက်ခိုက်ခြင်း ခံခဲ့ရသဖြင့် ပြန်လည် လက်တုန့်ပြန် တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့ရခြင်းလည်း ဖြစ်သည်။

နိုဝင်ဘာ ၁၇ ရက်နေ့ AA ၏ ထုတ်ပြန်ချက်အရ ထိတွေ့မှု အကြိမ် ၁၀၀ ခန့် ဖြစ်ပွားခဲ့ပြီး ထိုအထဲတွင် တိုက်ပွဲကြီး ၁၅ ကြိမ်ခန့် ပါဝင်ခဲ့သည်ဟု ဆိုသည်။

အထူးသဖြင့် နိုင်ငံတကာ နယ်နမိတ် နှင့် ထိစပ်နေသော ပလက်ဝ နှင့် မောင်းတော ဒေသများတွင် ဖြစ်သည်။

စစ်တပ်သည် AA နှင့် ရင်ဆိုင်တိုက်ပွဲများတွင် အကျအဆုံးများလာသဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု များ အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်း တခုလုံး နီးပါးနှင့် အဝေးပြေးလမ်းမများ၊ စစ်တွေ နှင့် ဆက်သွယ်နေသော လမ်းများ၊ ကုန်သွယ်ရေလမ်းကြောင်းများကို ထိရောက်စွာ ပိတ်ဆို့နိုင်ခဲ့ပြီး နိုဝင်ဘာ တလ အတွင်းမှာပင် ရခိုင်ပြည်နယ် အတွင်း လူဖမ်းပွဲ၊ လူသတ်ပွဲများကို သဘောရှိ ကျူးလွန်လာခဲ့ကြသည်။

စစ်တပ်သည် အထိနာလာလေ အပြစ်မဲ့ ပြည်သူများကို မဲပြီး ရန်ရှာလေပင် ဖြစ်သည်။

၂၀၀၉ ခုနှစ်မှစ၍ ရခိုင် လူငယ် ၂၆ ဦး ဖြင့် စတင်ဖွဲ့စည်းခဲ့သော AA သည် ကေအိုင်အေ၏ လေ့ကျင့် သင်ကြားပေးမှု အောက်တွင် လက်နက်ကိုင်အင်အား ၃၀,၀၀၀ အထိ ရှိလာခဲ့ပြီး တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များကြားတွင် အင်အားကြီးမားစွာ ရပ်တည်လာနိုင်ခဲ့သည်။

ယင်းနှင့် အတူ AA သည် ရခိုင်ပြည်နယ်အား အနည်းဆုံး အဆင့် ကွန်ဖက်ဒရိတ်၊ အမြင့်ဆုံး သီးခြား လွတ်လပ်သော နိုင်ငံ အဖြစ် ရပ်တည်နိုင်ရန် ရည်မှန်းချက်ထားခဲ့သည်။ ထို့အတွက်လည်း ရခိုင်လူငယ်များ တဖွဲဖွဲ နှင့် ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ကပင် စစ်တပ်မှ ကျေးရွာများကို လက်နက်ကြီးများနှင့် ပစ်ခတ် တိုက်ခိုက်နေမှုကို အပြင်းအထန် လက်တုန့်ပြန်သွားမည်ဟု ကျေညာချက် ထုတ်ပြန်အပြီး နှစ်ပတ် အကြာတွင် အကြမ်းဖက် စစ်တပ်၏ ပိတ်ဆို့ ဖြတ်တောက်ခံရမှု များကြောင့် လူထု အထိနာ လာမည့် အရေးကို ထည့်တွက်ပြီး အပစ်အခတ် ရပ်စဲရေး ကို လက်ခံလိုက်သည်ဟု AA ၏ ကျေညာချက် ထွက်ပေါ်လာခဲ့ရခြင်းလည်း ဖြစ်ပေသည်။

AA ပြောခွင့်ရ ခိုင်သုတ၏ အဆိုအရ နိုင်ငံရေး ပိုင်းတွင် အပြောင်းအလဲ မရှိသော်လည်း ရခိုင်ပြည်သူများ အနေနှင့် အဓိကမှာ စားနပ်ရိက္ခာ ဆေးဝါးများ အခက်အခဲ ဖြစ်လာနေပြီး စပါးရိတ်သိမ်း သော ရာသီ ရောက်လာနေ၍ လူသားချင်း စာနာထောက်ထားပြီး သဘောတူခဲ့သည့် အပစ်အခတ် ရပ်စဲရေးဟု သိရသည်။

စစ်တပ်၏ ထိုသို့ ပိတ်ဆို့ခံရမှုများကို ကျော်လွှားနိုင်ရန် နည်းလမ်း မရှာနိုင်သရွေ့ သီးခြားလွတ်လပ်သော ရခိုင် နိုင်ငံ မည်သို့ ထူထောင်၍ကော ရပေဦးမည်နည်း။

ယခု အတိုင်း ဆိုလျှင် AA ၏ နိုင်ငံရေး ရည်မှန်းချက်များသည် မည်သို့မျှ လက်တွေ့တွင် အ ကောင်အထည် ဖေါ်၍ မရ ဆိုသည်ကို တဖက်လှည့် နှင့် ဝန်ခံလိုက်ရခြင်းလည်း ဖြစ်ပေသည်။ မြန်မာ စစ်တပ်သည် အစ္စ‌ရေး မှ ဂါဇာ ကမ်းမြှောင်ဒေသအား ပိတ်ဆို့ထားခဲ့သည့် ပုံစံ အတိုင်း ပြုလုပ်လာမှုများနှင့် နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်း ခံရဖွယ် မရှိမှုများကြောင့် ထိုရည်မှန်းချက်သည် စာရွက်ပေါ်တွင်သာ ရှိနေတော့မည့် အဖြစ် လောဟု ပြောစရာ ဖြစ်လာခဲ့သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

ဓါတ်ပုံ - ဧရာဝတီ

18/11/2022

နေပြည်တော် FC အနေနဲ့
နည်းပြအပြောင်းအလဲလုပ်ဖို့
အချိန်တန်ပြီနော့

18/11/2022
https://www.kantarawaddytimes.org/%E1%80%84%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%81%E1%80%BB%E1%80%99%E1%8...
23/04/2022

https://www.kantarawaddytimes.org/%E1%80%84%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%81%E1%80%BB%E1%80%99%E1%80%BA%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8%E1%80%86%E1%80%BD%E1%80%B1%E1%80%B8%E1%80%94%E1%80%BD%E1%80%B1%E1%80%B8-3/

ဘလက်ဇင်း (ကန္တာရဝတီတိုင်း(မ်)) လက်ရှိမှာ စစ်ကောင်စီတပ်တွေ ဖရိုဖရဲဖြစ်နေပြီး ထိခိုက်ကျဆုံးမှုတွေ၊ တပ်ပြေးမှ.....

ပြည်မြို့အကြောင်း-------------------------------------------ပြည်မြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များပြည်မြို့နယ် သည် မြန်မာန...
01/12/2021

ပြည်မြို့အကြောင်း
-------------------------------------------
ပြည်မြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များ

ပြည်မြို့နယ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။မြို့နယ်ရုံးစိုက်ရာမြို့မှာ ပြည်မြို့ ဖြစ်သည်။

ပြည်မြို့သည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ဧရာဝတီမြစ်၏ စတုတ္ထမြောက်မြစ်ကျဉ်း တည်ရှိရာမြို့ဖြစ်သည့်အပြင် ပဲခူးတိုင်းဒေသကြီး၏ အနောက်မြောက်ဘက် အစွန်ဆုံးမြို့လည်း ဖြစ်သည်။ ပြည်ခရိုင်၏ ရုံးစိုက်ရာမြို့ဖြစ်ပြီး ပဲခူးတိုင်း၏ အချက်အချာကျသော မြို့ကြီးတစ်မြို့ဖြစ်သည်။ ရန်ကုန်မြို့နှင့် ကားလမ်း (၁၇၉) မိုင်၊ မီးရထားလမ်း(၁၆၁) မိုင်ရှည်လျားပြီး ရန်ကုန်-ပြည် ကားလမ်းဆုံးမြို့လမ်းဖြစ်သည်။ ပြည်မြို့မှ တဆင့် မကွေးတိုင်းကိုဖြတ်၍ ကျောက်ပန်းတောင်း၊ ပုဂံစသောဒေသ များသို့လည်းကောင်း၊ မန္တလေးမြို့သို့လည်းကောင်း၊ ဧရာဝတီမြစ်ကို ဖြတ်၍ ပန်းတောင်းမြို့များမှ တဆင့် ရခိုင်ပြည်နယ်သို့ လည်းကောင်း သွားရောက် နိုင်သဖြင့် လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်သော မြို့လည်းဖြစ်သည်။ ရေလမ်းအားဖြင့် ရန်ကုန်မှ ၂၆၃ မိုင်ကွာဝေးသည်။

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်နှင့်အမျှစီးပွားရေး အချက်အချာ ကျရာဒေသလည်းဖြစ်သည်။ မြန်မာပြည်၏ ပထမဆုံးသော မီးရထားလမ်းအဖြစ် ရန်ကုန်-ပြည်မီးရထားလမ်းအား ၁၈၇၇၊မေလ ၁ ရက်နေ့တွင် အင်္ဂလိပ်တို့က ဖေါက်လုပ်ပြီးစီးခဲ့သည်။ မိုင်ပေါင်း ၁၆၁ မိုင်ရှည်လျားပြီး စုစုပေါင်း ကုန်ကျစရိတ်မှာ ၁, ၁၇၅, ၃၀ဝ၀ ကုန်ကျသည်ဟု မှတ်တမ်းများတွင်ဖော်ပြထားသည်။ (ရန်ကုန်၊ ပြည်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ပုသိမ်၊ မုတ္တမ၊ မော်လမြိုင် တို့သို့ အစဉ်အတိုင်း ဆက်လက်ဖေါက်လုပ်ခဲ့သည်။) ပြည်မြို့ မြူနီစပါယ်အဖွဲ့အား ၁၈၇၄ ခုနှစ်တွင်အင်္ဂလိပ်တို့က စတင်ဖွဲ့စည်းပေးခဲ့သည်။ ပြည်မြို့တွင် ဗိုလ်ချုပ်အထိမ်းအမှတ်မြင်းစီးကျောက်ရုပ် တည်ရှိပြီး ကြေးရုပ်အဖြစ် အမှတ်မှားတတ်ကြသည်။ ပညာရေးအခြေအနေအားဖြင့် အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်းဖွင့်လှစ်ထားပြီး ဆရာအတတ်သင်ကျောင်းနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းများ ရှေးမဆွကပင်တည်ရှိခဲ့၍ မြန်မာနိုင်ငံ၏ တတိယမြောက် စက်မှုတက္ကသိုလ်ဖြစ်သော ပြည်နည်းပညာတက္ကသိုလ်အပါအဝင် ပြည်တက္ကသိုလ်(ယခင်ပြည်ကောလိပ်)၊ ကွန်ပျူတာတက္ကသိုလ်(ပြည်)(ယခင်အစိုးရကွန်ပျူတာကောလိပ်)တို့ကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။

မြန်မာ့သမိုင်းတွင် ထင်ရှားသောရှေးဟောင်း ပျူ မြို့တော်သရေခေတ္တရာမြို့ဟောင်းမှာ ပြည်မြို့ရှိမှော်ဇာအရပ်တွင်တည်ရှိသည်။ ရှေးလက်ရာ ပျူယဉ်ကျေးမှုများအား ယခုထက်တိုင်ပင်တွေ့ရှိနိုင်သေးသည်။

မှော်ဇာသည် ပြည်မြို့နယ်အတွင်း တည်ရှိပြီး ရန်ကုန်-ပြည်မီးရထားလမ်း ဖြတ်သန်းသွားရာ ဘူတာမြို့ကလေး ဖြစ်သည်။ ပြည်မြို့၌ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာတွင် ရှိပြီး ရှေးခေတ် ပျူယဉ်ကျေးမှု ထွန်းကားရာ ပျူမြို့ဟောင်း တမြို့လည်း ဖြစ်သည်။ ရန်ကုန်-ပြည်မီးရထားလမ်း ဖောက်လုပ်စဉ် သရေခေတ္တရာ မြို့ဟောင်းမှာ မလွတ်ကင်းသဖြင့် ရွှေတံခါး(ခ) မြို့ပေါက်အနီးနှင့် မထောရာ နတ်စင်ကုန်း ယခု တံတား အမှတ် ၄၆ နေရာများကို မြို့ရိုး ဖြိုချကာ ဖောက်လုပ်ခဲ့ရသည် ဆိုသည်။

သမိုင်းကြောင်း
ပြည်မြို့ရှိသော နေရာတွင် မည်သည့်ခုနှစ်မှစ၍ မည်သူက မြို့တည်ထောင်ခဲ့ကြောင်း တိကျခိုင်မာသော မှတ်တမ်းမရှိပေ။ ဘုရားသမိုင်းများတွင်မူ ဂေါတမဘုရားရှိစဉ်အခါကပင် သီရိခေတ္တဆိုသော မင်းသားဦးဆောင်၍ တည်ထောင်ခဲ့ကြောင်းဖော် ပြပါရှိလေသည်။

စကားလုံးဆင်းသက်ပုံသမိုင်း
သီရိခေတ္တမင်းနှင့် နောက်လိုက်နောက်ပါတို့သည် မြို့သစ်အမည်ကို နဝါဝါသီ ဟုပေးခဲ့ကြောင်း ပြည်မြို့အနောက်ဘက်ကမ်း ရှိ ဖိုးဦးတောင် ဘုရားသမိုင်းတွင် ဖော်ပြထားသည်။ နောင်သောအခါ သီရိခေတ္တမင်းသား နှင့် အပေါင်းအပါတို့သည် ရသေ့၊ရဟန်း ပြုကြပြီး ထို နဝါဝါသီအရပ်သည် စစ်မက်အပေါင်းမှ ပြီးပြေငြိမ်းအေးရာ အရပ်ဖြစ်သောကြောင့် ပြေမြို့ ဟုသမုတ်ခဲ့ကြောင်း ထိုဘုရားသမိုင်းတွင် ပါရှိသည်။

ပွင့်လှသိမ်ကုန်း ဆရာတော်၏ မိန့်ကြားချက်အရလည်း ပြည်မြို့သည် ဒွတ္တပေါင်မင်းကြီး တည်ထောင်ခဲ့သော သရေခေတ္တရာ မြို့မတိုင်မှီကပင် တည်ရှိခဲ့ကြောင်း၊ ပြည်မြို့အရပ်တွင် နေထိုင်ကြသူတို့သည် အသက် ၄၀ ကျော်လျင် ရသေ့ရဟန်း ပြုကြလေ့ ရှိကြောင်း၊ ပြည်မြို့တွင် ရသေ့ပေါင်း ၂၀ဝဝဝ ကျော်ရှိသောကြောင့် ရသေ့မြို့ဟု ခေါ်တွင်ခဲ့ကြောင်း မိန့်ကြားဖူးပါသည်။

ပျူတို့နေထိုင်ခဲ့သော မြို့တော်ဟောင်း သရေခေတ္တရာမြို့ သည်ပြည်မြို့အတွင်း ရှိမှော်ဇာအရပ်တွင်တည်ရှိလေသည်။ သရေခေတ္တရာမြို့ကြီး ပျက်စီးပြီးနောက် ကျွင်းကျန်ရစ်သော ပျူလူမျိုးအုပ်စုငယ်များသည် သရေခေတ္တရာမြို့ဟောင်းနေရာမှ တစတစနှင့် ယခု ဧရာဝတီမြစ်အနီး ပြည်မြို့တည်ရှိရာ ရွှေဆံတော်ဘုရားတဝှိုက်သို့ပြောင်းရွှေ့နေထိုင်ခဲ့ကြပြန်သည်။ နေရာသစ် တွင်လူနေထူထပ်ခဲ့ရာမှ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးများဖြစ်ထွန်းလာခဲ့သည်။ ထိုကဲ့သို့ ပျူလူမျိုးများနေထိုင်ခဲ့သော ကြောင့် ပျူမြို့ဟု ခေါ်တွင်ရာမှ ပြည်မြို့ဟုပြောင်းလဲခေါ်ဆိုလာခြင်း ဖြစ်ကြောင်း အချို့မှတ်တမ်းများတွင်ပါရှိလေသည်။ မည်သို့ပင်ဆင်းသက်လာသည် ဖြစ်စေ ဘုရားသမိုင်းများနှင့် ရာဇဝင်များအရ ပြည်မြို့သည် သမိုင်းမှတ်တမ်းများ တိတိကျကျ မရှိမှီကာလကပင် တည်ရှိနေခဲ့သောမြို့ဖြစ်ကြောင်း ခန့်မှန်းမှတ်ယူနိုင်ပေသည်။

ပြည်မြို့ကိုစတင်တည်ထောင်ခြင်း
ပြည်မြို့ကိုစတင်တည်ထောင်သူမှာ ပုဂံခေတ်နှောင်းပိုင်းတွင် နန်းတက်သော နရသီဟပတေ့ ဘုရင်၏ သားဖြစ်သူ သီဟသူ ဖြစ်သည်။ မြန်မာသက္ကရာဇ် ၉၀၄ ခုနှစ်တွင် ပြည်မြို့ကိုစနစ်တကျ စတင်၍တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး သစ်တပ်၊မြေမြို့၊အုတ်မြို့ ဟူ၍ ၃ ထပ်ဖြင့် မြို့တော်ကိုတည်ဆောက်ခဲ့သည်။ ပြည်မြို့သည် ပုဂံခေတ်နှောင်းပိုင်းမှ စတင်ကာ ဘုရင်ငယ်များ၊ မြို့စားများ အုပ်ချုပ်သော မြို့အဖြစ်တည်ရှိခဲ့သည်။

သမိုင်းခေတ်အဆက်ဆက်
အင်းဝခေတ်တွင် ပြည်မြို့သည် ထင်ရှားသော မြို့တစ်မြို့အဖြစ်တည်ရှိခဲ့သည်။ အင်းဝဘုရင်မင်းခေါင် နှင့် ဟံသာဝတီရာဇာဓိရာဇ် တို့သည် ပြည်မြို့ဝန်းကျင်အား စစ်မြေပြင်အရပ်အဖြစ် အသုံးပြုခဲ့ကြသည်။ စစ်ပြေငြိမ်းရာဒေသ အဖြစ်လည်း သတ်မှတ်ခဲ့ဖူးပေသည်။ စစ်ပွဲကာလအတွင်းတွင် ပြည်မြို့ကိုစားပြီး လကျာ်ပျံချီဘွဲ့ဖြင့်အင်းဝဖက်မှနေကာ ရာဇာဓိရာဇ်၏ ဟံသာဝတီမွန်တပ်များ ကို ကြံကြံခံခဲ့သူမှာ မွန်တစ်ဦးဖြစ်သည့် တရဖျားဖြစ်သည်။၎င်းမှာ ရာဇာဓိရာဇ်အား စီးချင်းထိုးကာ ရှုံးနှိမ့်ခဲ့သည့် ဗျဉ်းနွဲ့ (မပစ်နွဲ့)နှင့် ညီအစ်ကိုတော်သူလည်းဖြစ်သည်။ အင်းဝခေတ်၊ တောင်ငူခေတ် နှင့် ကုန်းဘောင်ခေတ်ဦးပိုင်းအထိ ပြည်မြို့တွင် သီဟသူမှ အစပြုကာ မြို့စား သို့မဟုတ် ဘုရင်ငယ် အုပ်စိုးသူများ မင်းဆက်ပေါင်း(၂၇) ဆက်ရှိခဲ့သည်။ ထိုကာလတစ်လျှောက်လုံးတွင် အုပ်စိုးသူ ပဒေသရာဇ်တို့၏ အာဏာစွမ်း ပြနိုင်ကြရန်၊ စစ်မက်များဖြစ်ပွားနေခြင်းဖြင့်သာ အချိန်တော်တော်များများ ကုန်ဆုံးခဲ့သည်။ ပြည်ဘုရင်ငယ်များနှင့် အင်းဝ ဖြစ်ပွား သောတိုက်ပွဲများ၊ ရှမ်းတို့နှင့် ဖြစ်ပွားသောတိုက်ပွဲများ၊ တောင်ငူဘုရင် တပင်ရွှေထီး နှင့်ဖြစ်ပွားသောတိုက်ပွဲများ၊ တောင်ငူနှင့် ရခိုင်တို့ဖြစ်ပွားသော တိုက်ပွဲများသည် ပြည်မြို့နှင့်ပတ်ဝန်းကျင် အရပ်ဒေသတို့တွင် အဆက်မပြတ်ဖြစ်ပွားလာခဲ့သည်။

ကုန်းဘောင်ခေတ်ဦးတွင် မွန်တို့သိမ်းပိုက်ထားသော ပြည်မြို့ကို အလောင်းဘုရား ဦးအောင်ဇေယျမှ မြန်မာသက္ကရာဇ် ၁၁၁၆ ခုနှစ်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ပြည်မြို့သည် မြို့စား သို့မဟုတ် မြို့ဝန်တို့အုပ်ချုပ်ရာ ဒေသအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ ဧရာဝတီမြစ် နံဘေးတွင်တည်ရှိသောကြောင့် ကူသန်းရောင်းဝယ်ရေး အချက်အချာဒေသ အဖြစ် တဖြည်းဖြည်း စည်ကားလာပြန်သည်။

ပြည်မြို့ဝန်အဆက်ဆက်စာရင်း
နန္ဒရာဇသင်္ကြန်
မင်းရဲ မင်းလှကျော်စွာ (ဦးပသီ)
မင်းလှရာဇာ (ဦးကျော်လှ)
သတိုးရာဇာ (ဦးကောင်းပုံ)
မင်းကြီးမဟာမင်းခေါင်
သတိုးရာဇာ
နေမျိုးဇေယသင်္ခယာ
မင်း‌ကြီး ဇေယသူ (ဦးသာဝ)
မဟာမင်းလှရာဇာ
သီရိမဟာဓမ္မရာဇာ (ဦးရွှေမှုံသီ)
မင်းလှစည်သူ
သီဟပတေ့
မဟာမင်းလှစည်သူ (ဦးကွန်းသောင်)
မင်းလှရာဇာ
မင်းကြီးမဟာမင်းလှမင်းခေါင်ကျော် (ဦးမှုံ)

ကုန်းဘောင်ခေတ်အင်္ဂလိပ်တို့၏ကျူးကျော်စစ်ပွဲများ
ဘကြီးတော် ဘုရား လက်ထက်တွင် ဖြစ်ပွားခဲ့သော အင်္ဂလိပ်တို့၏ ပထမအကြိမ်ကျူးကျော်စစ်တွင် ပြည်မြို့သည် စစ်တလင်း အဖြစ်ပြန်လည် ရောက်ရှိခဲ့ပြန်သည်။ ယခင်ကဲ့သို့ တိုင်းရင်းသား ပဒေသရာဇ်များ၏ အာဏာလုတိုက်ပွဲများ မဟုတ်တော့ပဲ တိုင်းတပါး သားတို့၏ နယ်ချဲ့စစ်ပွဲများကို ခုခံရသော စစ်မြေပြင်ဖြစ်လာသည်။ မြန်မာသက္ကရာဇ် ၁၁၈၇ ခုနှစ် ကဆုန်လဆန်း(၉) ရက်နေ့တွင် ပြည်မြို့အား အင်္ဂလိပ်တို့က လာရောက်တိုက်ခိုက်သောကြောင့် အတွင်းဝန်မင်းကြီး မဟာနန္ဒသင်္ကြန်နှင့် မင်းကြီး မဟာဥဇနာ တို့သည် ပြည်မြို့မှ ဆုတ်ခွာခဲ့ရသည်။ အင်္ဂလိပ်ဗိုလ်ချုပ် ဂျင်နရယ် ကင်းဘဲလ် ကပြည်မြို့ကိုသိမ်းပိုက်လိုက်သည်။ ပြည်မြို့ရှိ အင်္ဂလိပ်တို့အား နတ်တော်လတွင် မြန်မာတပ်များက စစ်ကြောင်း ၃ ကြောင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ သမိုင်းဝင် ဝက်ထီးကန် တိုက်ပွဲတွင် အနိုင်ရရှိနေရာမှ အင်္ဂလိပ်တပ်များက မဟာနေမျိုး၏တပ်များ နဝင်းချောင်း သင်ပန်းအရပ် တွင် တပ်ချနားနေစဉ် ဝင်တိုက်ခိုက်ခဲ့သောကြောင့် အရေးနိမ့်ခဲ့ရသည်။ တိုက်ပွဲတွင် မဟာနေမျိုး နှင့် မောက်မယ်စော်ဘွား တို့ကျဆုံးခဲ့သည်။ ကုန်းတလင်း၊ နတ်ပုတီးမှော်၊ ဖိုးဦးတောင် နှင့် စင်္ကြံကျွန်းအရပ်တို့တွင် တပ်စွဲထားသော မြန်မာတပ်များ ကိုရေကြောင်းမှ နေ၍ တိုက်ခိုက်ခဲ့သည်။ မြန်မာတပ်များ မြေထဲမြို့အထိ ဆုတ်ခွာခဲ့ရသည်။

အင်္ဂလိပ်တို့၏ ဒုတိယအကြိမ်ကျူးကျော်စစ်တွင်လည်း မြန်မာတပ်များသည် ရွပ်ရွပ်ချွံချွံပြန်လည် ခုခံတိုက်ခိုက်ခဲ့ပြန်သည်။ ပြည်မြို့သည်လည်း စစ်တလင်းနယ်မြေ ပြန်လည်ဖြစ်ခဲ့သည်။ ထိုအချိန်တွင် မင်းနေပြည်တော်၌ ပုဂံမင်း အား မင်းတုန်းမင်း သား နှင့် ကနောင်မင်းသားတို့က ပုန်ကန်ခြားနားနေချိန် ဖြစ်သောကြောင့် မြန်မာတပ်များအား မင်းနေပြည်တော်ကို ကာကွယ်ရန် ပြန်လည်ခေါ်ယူလိုက်သည်။ အခုအခံ နည်းပါးသွားသောကြောင့် အင်္ဂလိပ်တပ်များက မြေထဲမြို့(အောင်လံမြို့) အထိ တက်ရောက် သိမ်းပိုက် တပ်စွဲလိုက်ကြသည်။

အင်္ဂလိပ်ခေတ်
ပြည်မြို့အား ၁၈၅၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် အင်္ဂလိပ်တို့က လုံးဝသိမ်းပိုက်နိုင်ခဲ့သည်။ ၁၈၅၈ ခုနှစ်တွင် ပြည်မြို့တွင် အကြီးအကျယ် မြေငလျင်လှုပ်ခတ်ခဲ့သည်။ ၁၈၆၂ ခုနှစ်တွင်လည်း မြို့သည်မီးအကြီးအကျယ်လောင်ပြီးနောက် အင်္ဂလိပ်တို့သည် မီးလောင်ပြင်ပေါ်တွင် စနစ်တကျ မြို့ကွက်ချကာ ပြည်မြို့အားပြန်လည်တည်ဆောက်ခဲ့သည်။ အရပ်လေးမျက်နှာ တွင် ရပ်ကွက်ကြီးများသတ်မှတ်၍ မြို့ကွက်ရိုက်ခဲ့ခြင်းဖြစ်သည်။ မြောက်ဘက်တွင် နဝင်းရပ်ကွက်၊ အေ့ရှဘက်တွင် ရဘဲရပ်ကွက် တောင်ဘက်တွင် ဆင်စုရပ်ကွက်နှင့် မြို့လယ်တွင် ရွှေကူရပ်ကွက်နှင့် ဆံတော်ရပ်ကွက်များကို ပိုင်းခြားသတ်မှတ်ပေးခဲ့သည်။ ရှည်လျားသော ကမ်းနားလမ်းမကြီးကိုလည်း မြို့တောင်ဘက်မှ မြောက်ဘက်တိုင်အောင် ဧရာဝတီမြစ်နှင့် အပြိုင်ဖေါက်လုပ် ပေးခဲ့သည်။

အင်္ဂလိပ်ခေတ်မှ မှတ်တမ်းများအရ ပြည်မြို့၏လူဦးရေမှာ
၁၈၇၂ ခုနှစ်တွင် ၃၁၁၅၇ဦး
၁၈၈၁ ခုနှစ်တွင် ၂၈၈၁၃ဦး
၁၈၉၁ ခုနှစ်တွင် ၃၀ဝ၂၂ဦး
၁၉၀၁ ခုနှစ်တွင် ၂၇၃၇၅ဦး
ဟူ၍ အသီးသီးရှိခဲ့သည်။

ဒေသသမိုင်းအကျဉ်း
ပြည်မြို့နယ်၏ နောက်ခံသမိုင်းသည် မြန်မာနိုင်ငံသမိုင်းတွင် အထင်ကရပါဝင်ပတ်သက်လျှက်ရှိပါသည်၊ မြန်မာနိုင်ငံသမိုင်းတွင် သရေခေတ္တရာ၊ ဒွတ္တပေါင်မင်းကြီး စသည်တို့ပါဝင်သည်ကိုတွေ့ရပေမည်။ ပြည်မြို့နယ်၏ အစဦးမြို့ဖြစ်ခဲ့သည့် သရေခေတ္တရာ မြို့ဟောင်း သည် ဒွတ္တပေါင်မင်း BC (373-443 )စတင်တည်ထောင်စိုးစံခဲ့ပြီး သုပညာနာဂရသိန္နမင်းလက်ထက် AD-10 ရာစုတွင်သရေခေတ္တရာမြို့ ပျက်သုဉ်း၍ ပျူလူမျိုးများသည် ဧရာဝတီမြစ်ကမ်းသို့ပြောင်းရွှေ့နေထိုင်လာကြရာ အစဦးတွင် ပျူမြို့ဟုခေါ်တွင်ခဲ့ပြီး နောင်ကာလတွင်ပြည်မြို့ဟု ပြောင်းလဲလာကြောင်း၊ ၁၉၈၂ ခုနှစ်တွင်ပြုစုသော ပြည်မြို့နယ်မှတ်တမ်း တွင် ဖော်ပြ ခဲ့ပါသည်။ ၁၈၃၇ ခုနှစ်တွင် ပြုစုသည့် မှန်နန်းရာဇဝင်ကြီး၌သရေခေတ္တရာ အကြောင်း ပြည့်စုံစွာပါရှိပါသည်။

ပြည်မြို့ကို ပုဂံပြည့်ရှင် နရသီဟပတေ့(တရုတ်ပြေးမင်း)၏ သားတော်သီဟသူက AD- 604 တွင် တည်ထောင်ခဲ့ပါသည်။ မြန်မာ သက္ကရာဇ်- ၁၇၄၃ခုနှစ်တွင် ဟံသာဝတီ ဘုရင်ဆင်များရှင်က ပြည်မြို့ကို တိုက်ခိုက် သိမ်းပိုက်ပြီး၁၇၅၄ ခုနှစ်တွင် အလောင်းဘုရားက ပြန်လည်သိမ်းယူခဲ့ပြီး ထိုမှနှစ်ပေါင်း (၇၀)ခန့် ကုန်းဘောင်မင်းများက အုပ်ချုပ်ခဲ့ပါသည်။ ဒုတိယ အင်္ဂလိပ် - မြန်မာ စစ်ပွဲအပြီးတွင် အင်္ဂလိပ် လက်အောက်သို့ ရောက်ရှိပြီး (PROME) အမည်ဖြင့်ပဲခူးတိုင်းအတွင်း ထည့်သွင်း အုပ်ချုပ်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး ၁၉၇၂ ခုနှစ် သြဂုတ်လ (၆)ရက်နေ့အုပ်ချုပ်ရေးစနစ်သစ်ဖော်ထုတ်သည့်ကာလအထိ ပြည်မြို့သည် ခရိုင်ရုံးစိုက်ရာခရိုင်မြို့အဖြစ် တည်ရှိခဲ့ပါသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ၁၉၈၈ ခုနှစ် နိုင်ငံတော်တာဝန်ကို တာဝန်ယူဆောင်ရွက်ခဲ့ရာ ၁၉၈၈ ခုနှစ် စက်တင်ဘာ (၂၆) ရက်နေ့တွင်
ပြည်မြို့နယ်၏ ရုံးစိုက်ရာမြို့အဖြစ် လည်းကောင်း၊ ၁၉၉၂ ခုနှစ် မြို့နယ်စုများကိုခရိုင်ဟုပြင်ဆင် သတ်မှတ်ရာတွင်လည်း ခရိုင်ရုံးစိုက်ရာမြို့အဖြစ် လည်းကောင်းတည်ရှိခဲ့ပါသည်။ ထို့အပြင် ပဲခူးတိုင်းကို ပဲခူးတိုင်း(အရှေ့ပိုင်း)နှင့် ပဲခူးတိုင်း(အနောက်ပိုင်း) ဟု ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ၁၉၉၉ ခုနှစ် အောက်တိုဘာလ(၁၈)ရက်
နေ့မှ (၃/၉၉) အရ ပြည်မြို့သည် ပဲခူးတိုင်း (အနောက်ပိုင်း)တိုင်းခွဲ၏တိုင်းရုံးစိုက်ရာ မြို့တော်ဖြစ်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ် အစိုးရသစ်လက်ထက်တွင်ပဲခူးတိုင်း (အနောက်ပိုင်း)ရုံးကို ပင်မ တိုင်းရုံးနှင့် ပြန်လည် ပေါင်းသည့်အတွက်ပြည်မြို့တွင် တိုင်းရုံးစိုက်ခြင်းမရှိတော့ဘဲ ခရိုင်ရုံးစိုက်ရာမြို့အဖြစ်သာ တည်ရှိနေပါသည်။

တည်နေရာနှင့်အကျယ်အဝန်း
ပြည်မြို့နယ်သည် မြောက်လတ္တီတွဒ် (၁၈)ဒီဂရီ (၄၄) မိနစ် နှင့် (၁၉)ဒီဂရီ(၁၆) မိနစ်အတွင်း အရှေ့လောင်ဂျီတွဒ် (၉၅)ဒီဂရီ (၁၅) မိနစ် နှင့်(၉၅) ဒီဂရီ (၂၉)မိနစ်၊ အကြားတွင် တည်ရှိပါသည်။ အရှေ့မှ အနောက် သို့ (၁၇) မိုင်နှင့် တောင်မှမြောက်သို့(၂၄)မိုင်ရှည်လျားပြီး
စုစုပေါင်းဧရယာစတုရန်းမိုင်(၃၀၄..၄၁)မိုင်ကျယ်ဝန်းသည်။

နယ်နမိတ်
ပြည်မြို့နယ်၏ အရှေ့ဘက်တွင် ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၊တောင်ဘက်တွင် ရွှေတောင်မြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင်ဧရာဝတီမြစ် ၊ မြောက်ဘက်တွင် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တို့နှင့်နယ်နိမိတ်ထိစပ်လျက် ရှိပါသည်။

မြေမျက်နှာသွင်ပြင်
ပြည်မြို့နယ်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိကာအရှေ့နှင့တောင်ဘက်တွင် ပဲခူးရိုးမ တောင်စွယ်တောင်တန်း တောင်ကုန်းများရှိပြီးမြို့နယ်၏ အလယ်ပိုင်းသည် ပြန့်ပြူးသောမြေအနေအထားရှိပါသည်။

ရေဆင်း
ပြည်မြို့နယ်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပြီးဧရာဝတီမြစ်သည် ပြည်မြို့နယ်အတွင်း မြောက်မှတောင်သို့ (၁၃)မိုင် ရှည်လျားစီးဆင်းပါသည်။ နဝင်းချောင်းမှာ အရှေ့မြောက်မှအနောက် တောင်ဘက် ဧရာဝတီမြစ်အတွင်းသို့ စီးဆင်းပါသည်။ လော့သော့ချောင်း၊ ကင်းချောင်း၊ ဇချောင်းတို့သည် အရှေ့မှအနောက်ဘက် ဧရာဝတီမြစ် အတွင်း စီးဆင်းပါသည်။

ပင်လယ်ရေမျက်နှာပြင်အမြင့်
ပြည်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက် ပျမ်းမျှအမြင့် ၁၀၃.၀၆ ပေအ ထက် တွင် တည် ရှိပါသည် ။ အမြင့် ဆုံးတောင်မှာမြင်ဗာဟု တောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် (၅ ၀၀ )ပေခန့် ဖြစ်၍နယ် ၏ အနိမ့်ဆုံးအရပ်ဒေသမှာ ဆံတော်ရပ်ကွက်ဖြစ်ပါ သည် ။

ရာသီဥတု
ပြည်မြို့နယ်သည် ပူအိုက်စွတ်စိုသောရာသီဥတုရှိပြီး ၊ အမြင့်ဆုံး အပူချိန်(၄၀.၈C)နှင့် အနိမ့်ဆုံးအပူချိန်မှာ (၁၂.၀၉C) ဖြစ်ပါသည်။ တစ်နှစ်ပတ်လုံးမိုးရေချိန်အများဆုံး(၅၇)လက်မမှ မိုးရေချိန်အနည်းဆုံး(၃၅)လက်မခန့်ရွာသွန်းပါသည်။

သဘာဝပေါက်ပင်များ
ပြည်မြို့နယ်အတွင်း ပေါက်ရောက်သည့် သဘာဝ ပေါက်ပင်များမှာ ကျွန်း၊ပျဉ်းကတိုး၊ အင်၊ ယင်းမာ၊ ရုံး၊ နဘဲ၊ ဒီဒူး၊ပေါက်၊ စစ်၊ သစ်ပုဂံ၊ လက်ပံ၊ သခွတ်၊ကုက္ကိုလ်ပင်များ ပေါက်ရောက်ပါသည်။

သဘာဝပတ်ဝန်းကျင်လက်ရှိအခြေနေ
ပြည်မြို့နယ်၏ လက်ရှိ သဘာဝပတ်ဝန်းကျင် အခြေအနေမှာ သစ်တောဖုံးလွမ်းမှု (၉.၉%) ရှိပါသည်။ ၎င်းအနက်မှကြိုးဝိုင်း သစ်တော ဖုံးလွှမ်းမှုမှာ(၉.၀၁%) ဖြစ်ပြီး ကြိုးပြင်ကာကွယ်တော ဖုံးလွှမ်း မှုမှာ (ဝ.၈၄%) ရှိပါ သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ
ပြည်မြို့နယ်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ကြိုးဝိုင်းတော (၁၄၉၆၃.၄၄)ဧက၊ ကြိုးပြင်တော “(၁၆၄၀)ဧကထိန်းသိမ်းလျက်ရှိပါသည်။ သစ်တောစိုက်ခင်း တည်ထောင်နိုင်မှုမှာ ပုဂ္ဂလိကကျွန်းစိုက်ခင်း(-)ဧက၊ သစ်မာ(၃၀)ဧက၊ ကျေးရွာ ထင်းစိုက်ခင်း (၄၅၀)ဧကဖြစ်ပါသည်။

စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်
ပြည်မြို့နယ်သည် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း တည်ရှိပြီးစီးပွားရေးအရ အချက်အခြာကျသော မြို့နယ် တစ်ခုဖြစ်ပါသည်။ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင် ဆောင်ရွက်ကြပြီး၊ မွေးမြူရေးလုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်း များလည်းလုပ်ကိုင်ဆောင်ရွက်ကြပါသည်။ ပြည်မြို့နယ်သည် နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် အခြား မြို့နယ်များသို့ ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် အလွယ်တကူသွားလာနိုင်သော လမ်းကြောင်းဆုံရာ မြို့ဖြစ်၍ လမ်းပန်း ဆက်သွယ်မှုကောင်းမွန်သော မြို့ဖြစ်ပါသည်။မြို့နယ်၏ အဓိက ထွက်ကုန်မှာ ဆန် စပါးဖြစ်ပြီးမန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့သို့ အများဆုံးတင်ပို့
ရောင်းချပါသည်။

မြို့၊ကျေးရွာအုပ်စု၊ကျေးရွာ၊ရပ်ကွက်နှင့်လူဦးရေ
ပြည်မြို့နယ်တွင် ပြည်မြို့နှင့်ပေါင်းတလည်မြို့ဟူ၍မြို့နှစ်မြို့ရှိပြီး ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု၅၅အုပ်စု၊ ကျေးရွာ(၂၆၀)ရွာ ရှိပါသည်။
ပြည်မြို့နယ်၏လူဦးရေမှာ၂၀၁၄သန်းခေါင်စာရင်းစစ်တမ်းများအရ အမျိုးသား(၁၁၉၆၇၀)ဦး၊အမျိုးသမီး(၁၃၁၉၇၃)ဦးရှိကာ စုစုပေါင်းလူဦးရေ(၂၅၁၆၄၃)ဦးရှိပါသည်။

ရပ်ကွက်များ
၁။နဝင်း
၂။ရွှေကူ
၃။အိုးတမ်း
၄။ဆံတော်
၅။ဆင်စု
၆။ရှာဘဲ
၇။ခေတ္တရာမြို့သစ်
၈။ပြည်သာယာ
၉။နဝဒေး
၁၀။ရွှေတံခါး

ကျေးရွာအုပ်စုများ
၁။ဝက်ထီးကန်
၂။နှောကန်
၃။ဝက်မြေတော
၄။ဝါးရုံဆိပ်
၅။လွှဇင်
၆။လဘ
၇။မြို့မ
၈။သခွပ်စောက်
၉။ကုန်းဇင်း
၁၀။အင်းဝင်
၁၁။တဲကြီးကုန်း
၁၂။ပနီပင်
၁၃။သစ်ချိုပင်
၁၄။ပေါက်နွယ်ခြုံ
၁၅။အလိုတော်ရ
၁၆။ပျဉ်းမကိုင်
၁၇။ကွင်းကြီး
၁၈။ကျောသာ
၁၉။ကံကြီးကုန်း
၂၀။ကံကျိုး
၂၁။တလုပ်ငင်
၂၂။တောင်တီး
၂၃။သူဌေး
၂၄။တောင်ခွေးရဲ
၂၅။မုဌော
၂၆။ပေါင်းတမော့
၂၇။တွင်းဗြည်း
၂၈။ပေါင်းတလည်
၂၉။ဗြူးကုန်း
၃၀။ဘန့်ပြင်
၃၁။မြောင်းဆုံ
၃၂။မှော်ဇာ
၃၃။မှုတ်ရှည်
၃၄။ရွာမကြီး
၃၅။အရှေ့လက်ခုတ်ပင်
၃၆။သဲကုန်း
၃၇။အရှေ့ပေါက်တော
၃၈။လက်ပံတော
၃၉။တဲကုန်း
၄၀။အုပ်ဆွဲ
၄၁။ကြခတ်
၄၂။ကြာအင်း
၄၃။ငါး
၄၄။ဇီးအုပ်
၄၅။ဇလုံ
၄၆။ထမ္မကောက်
၄၇။နတ္တလင်း
၄၈။မြွေရိုး
၄၉။မအူတော
၅၀။သစ်ချီတင်
၅၁။အနောက်လက်ခုတ်ပင်
၅၂။ကုန်းသာလင်း
၅၃။အနောက်ရွာသစ်
၅၄။ဘိုကုန်း
၅၅။မြောက်နဝင်းရွာသစ်ကြီး

ပြည်မြို့နယ်ရှိရွာများစာရင်း(အက္ခရာစဉ်)
က
ကင်းချောင်းရွာ၊ ပြည်မြို့နယ်
ကဇွန်းအင်းရွာ၊ ပြည်မြို့နယ်
ကန်ဘီလာရွာသစ်ရွာ၊ ပြည်မြို့နယ်
ကန်ဘီလာရွာ၊ ပြည်မြို့နယ်
ကပေါင်းကံရွာ၊ ပြည်မြို့နယ်
ကပ်မြှောင်ရွာ၊ ပြည်မြို့နယ်
ကားဆိပ်ရွာ၊ ပြည်မြို့နယ်
ကိုင်းချောင်းရွာ၊ ပြည်မြို့နယ်
ကုက္ကိုကုန်းရွာ၊ ပြည်မြို့နယ်
ကုန်သာရွာ၊ ပြည်မြို့နယ်
ကုန်းကြီးရွာ၊ ပြည်မြို့နယ်
ကုန်းဇင်းရွာ၊ ပြည်မြို့နယ်
ကုန်းဇင်းရွာ၊ ဗြူးကုန်း
ကုန်းရိုးရွာ၊ ပြည်မြို့နယ်
ကုန်းသာလင်းရွာ၊ ပြည်မြို့နယ်
ကုလားကံရွာ၊ ပြည်မြို့နယ်
ကောက်ပုံကွင်းရွာ၊ ပြည်မြို့နယ်
ကံကျိုးရွာ၊ ပြည်မြို့နယ်
ကံကြီးကုန်းရွာ၊ ပြည်မြို့နယ်
ကံစုရွာ၊ ပြည်မြို့နယ်
ကံနားရွာ၊ ပြည်မြို့နယ်
ကံဘဲ့ရွာ၊ ပြည်မြို့နယ်
ကံမြင့်ရွာ၊ ပြည်မြို့နယ်
ကံရွာ၊ ပြည်မြို့နယ်
ကံသာယာရွာ၊ ပြည်မြို့နယ်
ကျောက်ကွင်းရွာ၊ ပြည်မြို့နယ်
ကျောက်အိုးရွာ၊ ပြည်မြို့နယ်
ကျောင်းကုန်းရွာ၊ ပြည်မြို့နယ်
ကျောင်းဆိုးကုန်းရွာ၊ ပြည်မြို့နယ်
ကျောင်းရွာ၊ ပြည်မြို့နယ်
ကျောသာရွာ၊ ပြည်မြို့နယ်
ကျွန်းတောကုန်းရွာ၊ ပြည်မြို့နယ်
ကျွန်းတောကုန်းရွာ၊ ရွာမ
ကျွဲခေါင်းရွာ၊ ပြည်မြို့နယ်
ကျွဲဇင်းရွာ၊ ပြည်မြို့နယ်
ကြခတ်ရွာ၊ ပြည်မြို့နယ်
ကြာအင်းရွာ၊ ပြည်မြို့နယ်
ကြိုကုန်းရွာ၊ ပြည်မြို့နယ်
ကြိုရပ်သာရွာ၊ ပြည်မြို့နယ်
ကြို့ကုန်းရွာ၊ ပြည်မြို့နယ်
ကြို့ကုန်းရွာ၊ သဲကုန်း
ကြို့ခေါင်းသာရွာ၊ ပြည်မြို့နယ်
ကြို့ပင်ရွာ၊ ပြည်မြို့နယ်
ကြောင်လျာကုန်း (တောင်)ရွာ၊ ပြည်မြို့နယ်
ကြောင်လျာကုန်း (မြောက်)ရွာ၊ ပြည်မြို့နယ်
ကြံ့တိုးရွာ၊ ပြည်မြို့နယ်
ကွင်းကြီးရွာ၊ ပြည်မြို့နယ်

ခုန်ကြီးရွာ၊ ပြည်မြို့နယ်
ချင်ရုပ်ကုန်းရွာ၊ ပြည်မြို့နယ်
ချမ်းသာကြီးကုန်းရွာ၊ ပြည်မြို့နယ်
ချောင်းကောက်ကွေ့ရွာ၊ ပြည်မြို့နယ်
ချောင်းကျိုးရွာ၊ ပြည်မြို့နယ်
ချောင်းခြားရွာ၊ ပြည်မြို့နယ်
ချောင်းခွရွာ၊ ပြည်မြို့နယ်
ချောင်းနားတန်းရွာ၊ ပြည်မြို့နယ်
ခြံကြီးကုန်းရွာ၊ ပြည်မြို့နယ်
ခွေးရဲ (အရှေ့)ရွာ၊ ပြည်မြို့နယ်
ခွေးရဲ (အလယ်စု)ရွာ၊ ပြည်မြို့နယ်
ခွေးရဲရွာမရွာ၊ ပြည်မြို့နယ်
ခွေးရဲရွာ၊ ပြည်မြို့နယ်
ခွေးသေကုန်းရွာ၊ ပြည်မြို့နယ်
ခွေးသေရွာ၊ ပြည်မြို့နယ်

ဂွကန်ရွာ၊ ပြည်မြို့နယ်
ဂွေးတောက်မြှောင်ရွာ၊ ပြည်မြို့နယ်
ဂွေးပင်ကုန်းရွာ၊ ပြည်မြို့နယ်

ငါးရွာ၊ ပြည်မြို့နယ်
ငွေသပြာရွာ၊ ပြည်မြို့နယ်
ငှက်ပစ်တောင်ရွာ၊ ပြည်မြို့နယ်

ဆင်တဲရွာ၊ ပြည်မြို့နယ်
ဆင်ပိုက်ရွာ၊ ပြည်မြို့နယ်
ဆင်ပိုက်ရွာ၊ သဲကုန်း
ဆင်ဖြူကန်ရွာ၊ ပြည်မြို့နယ်
ဆင်မကုန်းရွာ၊ ပြည်မြို့နယ်
ဆည်မြောင်းဝင်းရွာ၊ ပြည်မြို့နယ်
ဆီဆုံကုန်းရွာ၊ ပြည်မြို့နယ်

ဇနုန်းတောရွာ၊ ပြည်မြို့နယ်
ဇရစ်ချောင်ရွာ၊ ပြည်မြို့နယ်
ဇလုံရွာ၊ ပြည်မြို့နယ်
ဇလေ့တင်ရွာ၊ ပြည်မြို့နယ်
ဇီးတောရွာ၊ ပြည်မြို့နယ်
ဇီးဖြူကုန်းရွာ၊ ပြည်မြို့နယ်
ဇီးဖြူကွင်းရွာ၊ ပြည်မြို့နယ်
ဇီးအုပ်ရွာ၊ ပြည်မြို့နယ်

ဈေးရပ်ရွာ၊ ပြည်မြို့နယ်
ဈေးလည်ရွာ၊ ပြည်မြို့နယ်

ညောင်ကုန်းရွာ၊ ဇီးအုပ်
ညောင်ကုန်းရွာ၊ ပြည်မြို့နယ်
ညောင်ကုန်းရွာ၊ ဝက်မြေတော
ညောင်ပင်လှရွာ၊ ပြည်မြို့နယ်
ညောင်ပင်သာရွာ၊ ပြည်မြို့နယ်
ညောင်းဝန်းရွာ၊ ပြည်မြို့နယ်

တလုပ်ပင်ရွာ၊ ပြည်မြို့နယ်
တီတွတ်စံပြရွာ၊ ပြည်မြို့နယ်
တီတွတ်ရွာမရွာ၊ ပြည်မြို့နယ်
တောင်ကုန်းရွာ၊ ပြည်မြို့နယ်
တောင်ခွေးရဲရွာ၊ ပြည်မြို့နယ်
တောင်တီးရွာ၊ ပြည်မြို့နယ်
တောင်ရွာလေး / ကျွန်းတောစုရွာ၊ ပြည်မြို့နယ်
တောင်လုံးညိုရွာ၊ ပြည်မြို့နယ်
တဲကုန်းရွာ၊ ပြည်မြို့နယ်
တဲကြီးကုန်း (တောင်)ရွာ၊ ပြည်မြို့နယ်
တဲကြီးကုန်း (မြောက်)ရွာ၊ ပြည်မြို့နယ်
တဲစုရွာ၊ ပြည်မြို့နယ်
တွင်းဗြည်းရွာ၊ ပြည်မြို့နယ်

ထန်းကုန်းရွာ၊ ပြည်မြို့နယ်
ထန်းကဲရွာ၊ ပြည်မြို့နယ်
ထန်းပေါက်ရွာ၊ ပြည်မြို့နယ်
ထမ္မကောက်ရွာ၊ ပြည်မြို့နယ်
ထိန်ရုံကျွန်းတောစုရွာ၊ ပြည်မြို့နယ်
ထိန်ရုံရွာမရွာ၊ ပြည်မြို့နယ်
ထိန်ရုံအလယ်စုရွာ၊ ပြည်မြို့နယ်

နတ္တလင်းရွာ၊ ပြည်မြို့နယ်
နဖားအင်းရွာ၊ ပြည်မြို့နယ်
နဝင်းရွာ၊ ပြည်မြို့နယ်
နုန်းတင်ရွာ၊ ပြည်မြို့နယ်
နွယ်ကျော်ရွာ၊ ပြည်မြို့နယ်
နှောကန်ရွာ၊ ပြည်မြို့နယ်
နှောကုန်းရွာ၊ ပြည်မြို့နယ်

ပင်ရင်ရွာ၊ ပြည်မြို့နယ်
ပနီပင်ရွာ၊ ပြည်မြို့နယ်
ပန်းတင်ရွာ၊ ပြည်မြို့နယ်
ပိန်းတောရွာ၊ ပြည်မြို့နယ်
ပိုရွာ၊ ပြည်မြို့နယ်
ပုဏ္ဏမရွာ၊ ပြည်မြို့နယ်
ပေပင်စုရွာ၊ ပြည်မြို့နယ်
ပေါက်တောရွာ၊ ပြည်မြို့နယ်
ပေါက်နွယ်ခြုံရွာ၊ ပြည်မြို့နယ်
ပေါက်ပေါက်ရွာ၊ ပြည်မြို့နယ်
ပေါင်းဇူးရွာ၊ ပြည်မြို့နယ်
ပေါင်းတမော့ရွာ၊ ပြည်မြို့နယ်
ပေါင်းတရာရွာ၊ ပြည်မြို့နယ်
ပေါင်းတလည်ရွာ၊ ပြည်မြို့နယ်
ပျဉ်းပင်ကိုင်းရွာ၊ ပြည်မြို့နယ်
ပျဉ်းမအိုင်ရွာ၊ ပြည်မြို့နယ်

ဖုတ်ကုန်းရွာ၊ ပြည်မြို့နယ်
ဖုမ္မသိမ်ရွာ၊ ပြည်မြို့နယ်
ဖောင်တင်ရွာ၊ ပြည်မြို့နယ်
ဖောင်းကြီးပွင့်ရွာ၊ ပြည်မြို့နယ်
ဖျောက်ဆိပ်ကုန်းရွာ၊ ပြည်မြို့နယ်

ဗိုလ်ရုံရွာ၊ ပြည်မြို့နယ်
ဗြဟော်ရွာ၊ ပြည်မြို့နယ်
ဗြူးကုန်းရွာ၊ ပြည်မြို့နယ်

ဘန့်ပြင်ကြီးရွာ၊ ပြည်မြို့နယ်
ဘန့်ပြင်ရွာ၊ ပြည်မြို့နယ်
ဘိုကုန်းရွာ၊ ပြည်မြို့နယ်
ဘီလူးမရွာ၊ ပြည်မြို့နယ်
ဘွေးကုန်းရွာ၊ ပြည်မြို့နယ်

မင်းကုန်းရွာ၊ ပြည်မြို့နယ်
မင်းစကျစ်ရွာ၊ ပြည်မြို့နယ်
မင်းတန်းရွာ၊ ပြည်မြို့နယ်
မင်းတပ်ရွာ၊ ပြည်မြို့နယ်
မင်းတဲကုန်းရွာ၊ ပြည်မြို့နယ်
မင်းဘူးရွာ၊ ပြည်မြို့နယ်
မတောင့်တရွာ၊ ပြည်မြို့နယ်
မယ်နီမကုန်းရွာ၊ ပြည်မြို့နယ်
မဟာဘိုရွာ၊ ပြည်မြို့နယ်
မဟာဘိုရွာ၊ ရွာမကြီး
မအူတောရွာ၊ ပြည်မြို့နယ်
မိန်းမရဲရွာ၊ ပြည်မြို့နယ်
မိုးမှောက်ကျရွာ၊ ပြည်မြို့နယ်
မုဌောရွာ၊ ပြည်မြို့နယ်
မောင်းကုန်းရွာ၊ ပြည်မြို့နယ်
မဲတောရွာ၊ ပြည်မြို့နယ်
မြင်းကတောင်ရွာ၊ ပြည်မြို့နယ်
မြရွာ၊ ပြည်မြို့နယ်
မြို့ဆိုးရွာ၊ ပြည်မြို့နယ်
မြို့မရွာ၊ ပြည်မြို့နယ်
မြို့လှရွာ၊ ပြည်မြို့နယ်
မြောက်နဝင်းရွာသစ်ကြီးရွာ၊ ပြည်မြို့နယ်
မြောင်းကြီးရွာ၊ ပြည်မြို့နယ်
မြောင်းငယ်လှရွာ၊ ပြည်မြို့နယ်
မြောင်းဆုံရွာ၊ ပြည်မြို့နယ်
မြွေရိုးရွာ၊ ပြည်မြို့နယ်
မှုတ်ရှည်ရွာ၊ ပြည်မြို့နယ်
မှော်ဇာရွာ၊ ပြည်မြို့နယ်

ယင်းမာကုန်းရွာ၊ ပြည်မြို့နယ်
ယာကြီးတောရွာ၊ ပြည်မြို့နယ်

ရေကြည်ကုန်းရွာ၊ ပြည်မြို့နယ်
ရေပြာရွာ၊ ပြည်မြို့နယ်
ရေလျှံရွာ၊ ပြည်မြို့နယ်
ရွာထောင်ရွာ၊ ပြည်မြို့နယ်
ရွာဘိန်ခုံရွာ၊ ပြည်မြို့နယ်
ရွာမကြီးရွာ၊ ပြည်မြို့နယ်
ရွာသစ်ရွာ၊ တောင်တီး
ရွာသစ်ရွာ၊ ပျဉ်းမအိုင်
ရွာသစ်ရွာ၊ ပြည်မြို့နယ်
ရွာသာကုန်းရွာ၊ ပြည်မြို့နယ်
ရွာသာကုန်းရွာ၊ မြောင်းဆုံ
ရွှေကြို့ပင်ရိုးရွာ၊ ပြည်မြို့နယ်
ရွှေမြောင်ရွာ၊ ပြည်မြို့နယ်
ရှမ်းကုန်းရွာ၊ ပြည်မြို့နယ်
ရှမ်းစုရွာ၊ ငါးရွာ
ရှမ်းစုရွာ၊ ပြည်မြို့နယ်
ရှားတောရွာ၊ ပြည်မြို့နယ်

လက်ခုပ်ကုန်းရွာ၊ ပြည်မြို့နယ်
လက်ခုပ်ပင်ရွာ၊ ပြည်မြို့နယ်
လက်ပံတောရွာသစ်ရွာ၊ ပြည်မြို့နယ်
လက်ပံပုရွာ၊ ပြည်မြို့နယ်
လက်ပံလျှိုရွာ၊ ပြည်မြို့နယ်
လက်ပံလှရွာ၊ ပြည်မြို့နယ်
လက်ပံအိုင်ရွာ၊ ပြည်မြို့နယ်
လင်းပယ်ရွာ၊ ပြည်မြို့နယ်
လင်းရွာ (တောင်)ရွာ၊ ပြည်မြို့နယ်
လင်းရွာ (မြောက်)ရွာ၊ ပြည်မြို့နယ်
လဘရွာ၊ ပြည်မြို့နယ်
လယ်တီစုရွာ၊ ပြည်မြို့နယ်
လယ်ဘဲ့ရွာ၊ ပြည်မြို့နယ်
လိပ်ရကုန်းရွာ၊ ပြည်မြို့နယ်
လူကြီးကုန်းရွာ၊ ပြည်မြို့နယ်
လေးကြီးရွာ၊ ပြည်မြို့နယ်
လျှော်တုံး (နောက်)ရွာ၊ ပြည်မြို့နယ်
လျှော်တုံး (ရှေ့)ရွာ၊ ပြည်မြို့နယ်
လွှဇင်ရွာ၊ ပြည်မြို့နယ်
လှည်းသည်ရွာ၊ ပြည်မြို့နယ်

ဝက်ထီးကန်ရွာမရွာ၊ ပြည်မြို့နယ်
ဝက်မြေတောရွာ၊ ပြည်မြို့နယ်
ဝန်တင်ဆိပ်ရွာ၊ ပြည်မြို့နယ်
ဝါးရုံဆိပ်ရွာ၊ ပြည်မြို့နယ်
ဝိုင်းချောင်းရွာ၊ ပြည်မြို့နယ်
ဝဲလောင်းရွာ၊ ပြည်မြို့နယ်

သခွက်စောက်ရွာ၊ ပြည်မြို့နယ်
သခွတ်ကုန်းရွာ၊ ပြည်မြို့နယ်
သစ်ချိုပင်ရွာ၊ ပြည်မြို့နယ်
သစ်ချီတင်ရွာ၊ ပြည်မြို့နယ်
သစ်ဆိမ့်ပင်ရွာ၊ ပြည်မြို့နယ်
သပြေကုန်းရွာ၊ ပြည်မြို့နယ်
သပြေခုံရွာ၊ ပြည်မြို့နယ်
သပြေပင်အင်း / အိမ်ကုန်းရွာ၊ ပြည်မြို့နယ်
သဖန်းချိုရွာ၊ ပြည်မြို့နယ်
သဘွတ်ထောင်ရွာ၊ ပြည်မြို့နယ်
သရက်ချိုရွာ၊ ပြည်မြို့နယ်
သာစည်ကုန်းရွာ၊ ပြည်မြို့နယ်
သာလှပင်စီရွာ၊ ပြည်မြို့နယ်
သာလှပင်စီရွာ၊ ဝက်မြေတော
သူဌေးရွာ၊ ပြည်မြို့နယ်
သဲကုန်းရွာ၊ ပြည်မြို့နယ်
သဲကောရွာ၊ ပြည်မြို့နယ်
သဲကြဲကြီးရွာ၊ ပြည်မြို့နယ်
သဲကြဲလေးရွာ၊ ပြည်မြို့နယ်
သဲဖြူရွာ၊ ပြည်မြို့နယ်
သံပုရာပင်ရွာ၊ ပြည်မြို့နယ်
သံဘိုရွာ၊ ပြည်မြို့နယ်

ဟင်းလျာ (နောက်)ရွာ၊ ပြည်မြို့နယ်
ဟင်းလျာ (ရှေ့)ရွာ၊ ပြည်မြို့နယ်

အင်တောသာရွာ၊ ပြည်မြို့နယ်
အင်းဝင်းရွာ၊ ပြည်မြို့နယ်
အနောက်လက်ခုပ်ပင်ရွာ၊ ပြည်မြို့နယ်
အရှေ့ပေါက်တောရွာ၊ ပြည်မြို့နယ်
အရှေ့လက်ခုတ်ပင်ရွာ၊ ပြည်မြို့နယ်
အလယ်ရွာ၊ တောင်ခွေးရဲ
အလယ်ရွာ၊ ပြည်မြို့နယ်
အလိုတော်ရရွာ၊ ပြည်မြို့နယ်
အာဇာနီကုန်းရွာ၊ ပြည်မြို့နယ်
အိုင်ကျောင်းကုန်းရွာ၊ ပြည်မြို့နယ်
အိုးတင်းကုန်းရွာ၊ ပြည်မြို့နယ်
အုတ်ဆွဲရွာ၊ ပြည်မြို့နယ်
အုန်းပင်ကုန်းရွာ၊ ပြည်မြို့နယ်
အုပ်ရှစ်ကုန်းရွာ၊ ပြည်မြို့နယ်
အောင်သာယာရွာ၊ ပြည်မြို့နယ်

ဥယျာဉ်စုရွာ၊ ပြည်မြို့နယ်


Address


Website

Alerts

Be the first to know and let us send you an email when Ngein Steven posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share