22/04/2024
ဒုက္ခ ရောက်ချိန်တုန်းက မသိကျေးကျွန်လုပ်ခဲ့မိရင်
အောင်မြင်နေချိန် တွင်လည်း လာအရေးတယူပြုဖို့ မစဉ်းစားပါနဲ့။..
လူတွေဆိုတာ တရားသိပ်ကျစရာကောင်းတယ်။
လူတစ်ယောက်လက်ထဲ ငွေ မရှိရင် အပေါင်းအသင်းတောင် သူတို့ ကျွေးရမှာ
စိုးလို့လား။ ခပ်ခွာခွာနဲ့ သိပ် မ ပေါင်းချင်ကြ။.
လူတစ်ယောက် လက်ထဲ ငွေမရှိတဲ့အခါ ကိုယ်က တစ်လောကလုံးကို သတိရလိမ့်မယ်။ လူတစ်ယောက်လက်ထဲ ငွေရှိလာတဲ့အခါ ကိုယ်ကလွဲရင် တစ်လောက လုံးက ကိုယ်ကို သတိရလိမ့်မယ်။ .....
လူတွေဆိုတာ သိပ်ရယ်စရာကောင်းတယ်။
တစ်ခါ လောက် ပေးကျွေးဖူးတာနဲ့ မိတ်ဆွေစစ်ဖြစ်ပြီးထင်ကြတယ်။
ကိုယ်မိတ်ဆွေသူငယ်ချင်းရဲ့အကျိုးစီးပွားကို မလိုလား၊ အောင်မြင်တာကို မနာလိုနေသရွှေ့ ဘယ်တော့မှ မိတ်ဆွေစစ်မဖြစ်လာဘူး။
မိတ်ဆွေစစ်ဆိုတာ ကိုယ်မိတ်ဆွေ ဒုက္ခ ရောက်နေ၊ ခက်ခဲနေချိန်မှာ လက်တွဲခေါ်တယ်။ ကိုယ် မိတ်ဆွေရဲ့ အကျိုးစီးပွားကို အလိုရှိတယ်။ ပျက်စီးရာ ပျက်ဆီးကြောင်းကို အလိုမရှိဘူး။ ..
လူတွေဆိုတာ ...တရားကျဖို့ ကောင်းတယ်။
ငွေ မရှိရင် အမျိုးလည်း မတော်ချင်ကြဘူး။ အမျိုးတော်နေပေမဲ့လည်း
မသိသလို နေတယ်။ ရွှေရှိမှ အမျိုးတော်ချင်တယ်။
လူတွေဆိုတာ သိပ် လည်ကြတယ်။
လူတွေဆိုတာ ပိုက်ဆံရှိမှ ပေါင်းချင်တယ်။ လူပေါင်းဖို့ စဉ်းစားတဲ့အခါ
လှမ်းကြည့်တယ်။ ဒီလူ ပိုက်ဆံရှိရဲ့လား။ ငွေရှိပုံပေါ်ရင် လှမ်းရောတယ်။ ..
လူဆိုတာ ငွေရှိလာတဲ့အခါ အချိုးတွေ ပြောင်းတယ်။
လူတစ်ယောက် ငွေမရှိတုန်းက အချိုးကတစ်မျိုး.
တစ်လောက လုံးက သူကိုသနားကြပါ ဆိုတဲ့ မျက်နှာပေနဲ့။
ငွေရှိလာတဲ့အခါ မတူသလို မတန်သလို တစ်လောကလုံးက သူလုပ်စားထိုင်စားနေရတဲ့ မျက်နှာပေ ဖြစ်လာတယ်။
ငွေဟာ လူတစ်ယောက်ကို သူရဲ့ပင်ကိုယ်စရိုက် ကို ပေါ်လာအောင် လုပ်ပေးနိုင်တယ်။
ရိုးသားတဲ့ လူရိုးဆိုတာ သချိုင်းမှာပဲ ရှိတော့တယ်။
လူဆိုတာ လောဘ၊ ဒေါသ နည်းရင် သူများပစ္စည်း အလကားမလိုချင်တဲ့ အ ချောင်ရလိုစိတ်မရှိရင်ပြီးတော့
သူတစ်ပါးကို ကောင်းစေလိုတဲ့
ကောင်းတဲ့စိတ် က လေး ကိန်းအောင်းနေရင် ရိုးသားတဲ့ လူတစ်ယောက် ဖြစ်လာမယ်။.