Palaw Township Youth Working Group NLD

  • Home
  • Palaw Township Youth Working Group NLD

Palaw Township Youth Working Group NLD Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Palaw Township Youth Working Group NLD, News & Media Website, .
(1)

22/12/2022
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်းဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရက်စွဲ - ၂၀၂၂...
08/11/2022

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
ရက်စွဲ - ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၈ ) ရက်
သတင်းထုတ်ပြန်ချက်အမှတ်( ၁၂/၂၀၂၂)

၁။ ကမ္ဘာ့ဒီမိုကရေစီကျင့်စဉ်များအတိုင်း ပြည်သူလူထု၏လိုအင်ဆန္ဒများကို လွတ်လပ်သောစိတ်ဆန္ဒဖြင့် ဆန္ဒမဲများပေးကာ တရားဝင်ဖော်ထုတ်ပြသပေးခဲ့ကြသည့် အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် covid 19 ကပ်ရောဂါ စိန်ခေါ်မှုများကြားမှ သန့်ရှင်းစွာ ကျင်းပပေးနိုင်ခဲ့သည်မှာ ယနေ့ တွင် နှစ်နှစ်ပြည့်မြောက်ပြီဖြစ်ပါသည်။

၂။ ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့တွင်ဆန္ဒမဲပေးခွင့်ရှိသူ ၃၈,၂၇၁,၄၄၇ ဦးရှိရာ၌ ပြည်သူ့လွှတ်တော်တွင် လာရောက်ဆန္ဒမဲပေးသူ ၂၇,၅၁၂,၈၅၅ ဦးရှိသဖြင့် ၇၁.၈၉ ရာခိုင်နှုန်း ဖြစ်ပြီး ခိုင်လုံမဲအားဖြင့် ၉၆.၉၄ ရာခိုင်နှုန်း ဖြစ်ပါသည်။၊ အမျိုးသားလွှတ်တော်တွင်လာရောက်ဆန္ဒမဲပေးသူ ၂၇,၄၉၅,၅၅၅ ဦးရှိသဖြင့် ၇၁.၈၄ ရာခိုင်နှုန်း ဖြစ်ပြီး၊ ခိုင်လုံမဲအားဖြင့် ၉၇.၂၂ ရာခိုင်နှုန်း ဖြစ်ပါသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၄၂,၈၆၆,၇၄၁ ဦးရှိရာ၌ လာရောက် ဆန္ဒမဲပေးသူ ၃၀၄၅၉၁၁၃ ဦး ရှိသဖြင့် ၇၁.၈၄ ရာခိုင်နှုန်းဖြစ်ပြီး၊ ခိုင်လုံမဲ ၉၇.၆၅ ရာခိုင်နှုန်း ဖြစ်ပါသည်။

၃။ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီစုစုပေါင်း ၉၁ ပါတီရှိပြီး အနိုင်ရပါတီ ၁၉ ပါတီ နှင့် တသီးပုဂ္ဂလဝင်ရောက်ယှပြိုင်သူများမှ တိုင်းနှင့်ပြည်နယ် ၂ နေရာ၊ တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာ အနိုင်ရရှိခဲ့ပါသည်။

၄။ နိုင်ငံတဝှမ်း မဲဆန္ဒနယ်စုစုပေါင်း ၁၁၇၁ နယ် ရှိရာတွင် စုစုပေါင်း ၁၁၁၇ နယ် ကျင်းပနိုင်ခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မဲဆန္ဒရှင် ပြည်သူတို့၏ ယုံကြည်စွာ တာဝန်ပေးရွေးချယ်မှု ဖြင့် မဲဆန္ဒနယ် ၉၂၀ တွင်အနိုင်ရရှိခဲ့ပြီး ထောက်ခံမှု ၈၂.၄ ရာခိုင်နှုန်း ရရှိခဲ့ပါသည်။

၅။ ပြည်သူလူထုက အပြည့်အဝအပ်နှင်းလိုက်သော ဆင့်လွှဲတာဝန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နောင်အနာဂါတ်မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည် ဟူသော ကတိပြုချက်ဖြင့် နောင်အနာဂတ်မြန်မာနိုင်ငံ အတွက်ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ ဆွေးနွေးနိုင်ရေး အတွက် တိုင်းရင်းသားနိုင်ငံရေးပါတီ ၃၉ ပါတီသို့ ဖိတ်ခေါ်စာများကိုတရားဝင်ပေးပို့ခဲ့သကဲ့သို့ ဗဟိုအလုပ်အမှုဆောင်များပါဝင်သော ကော်မတီတစ်ရပ်ကိုဖွဲ့စည်းပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများ ရုံးစိုက်ရာဒေသများအထိလိုက်လံတွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ပါသည်။

၆။ သို့ရာတွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စုသည် ယင်းတို့ လိုချင်သည့်ရလဒ် ဖြစ်ပေါ်မလာသည့်အတွက် မဲစာရင်း မှားယွင်းသည်ဟု လိမ်လည် အကြောင်းပြချက်ဖြင့် ထိုစဉ်က တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖေါက်ပြီး နိုင်ငံတော်၏အာဏာကို အဓမ္မလုယူကာ ပါတီခေါင်းဆောင်များ ကို မတရားဖမ်းဆီးထိမ်းသိမ်းခဲ့ပါသည်။ ပြည်သူတို့၏ ဆန္ဒပြုချက်များနှင့် မျှော်လင့်ချက်များကို ရိုက်ချိုးဖျက်ဆီး လိုက်ခြင်းပင်ဖြစ်ပြီး တိုင်းပြည်တဝှမ်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေကာ ဒေသတွင်းတည်ငြိမ်မှုကိုပါ ပျက်ပြားစေခဲ့ပါသည်။

၇။ မဲဆန္ဒရှင်ပြည်သူလူထုတစ်ရပ်လုံးသည် မိမိတို့၏ဆန္ဒများကိုချိုးဖေါက်ခြင်းခံလိုက်ရသဖြင့် နိုင်ငံတဝှမ်း စုရုံး၍ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ခဲ့ကြသကဲ့သို့ နိုင်ငံ့ဝန်ထမ်းများကလည်း အာဏာလုစစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်ရမည် ကို ငြင်းပယ်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM ) ပြုလုပ်ခဲ့ကြပါသည်။

၈။ အာဏာလုစစ်ကောင်စီသည် ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်မှုများ အား အကြမ်းဖက်ပစ်ခတ် ဖြိုခွဲခြင်း၊ ပါဝင်သူများကို ဖမ်းဆီးခြင်း၊ စစ်ကြောရေးစခန်းများတွင် နှိပ်စက်သတ်ဖြတ်ခြင်း၊ ကျေးရွာများ၊ လူနေအိမ်များ နှင့်လူသားများကိုပါ မီးရှို့ဖျက်ဆီးသတ်ဖြတ်ခြင်း၊ ပြည်သူတို့၏ပိုင်ဆိုင်မှုများကို လုယက်ယူဆောင်ခြင်း စသည့်အကြမ်းဖက်မှု တို့ဖြင့် တုံ့ပြန်ခဲ့ပါသည်။

၉။ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် ပါတီဝင်များကိုလိုက်လံဖမ်းဆီးခြင်း၊ ပိုင်ဆိုင်မှုများကိုခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ချိတ်ပိတ်ခြင်း၊ ပါတီရုံးချုပ်အပါအဝင်အဆင့်ဆင့်သောရုံးများကိုလည်း ကျူးကျော်ဝင်ရောက် ဖျက်ဆီးခြင်း၊ ပါတီပိုင် ပစ္စည်း များကို အဓမ္မယူဆောင်ခြင်း တို့ကိုလည်း ဆက်တိုက်ကျူးလွန်လျက်ရှိပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ဖွဲ့စည်းထားသော လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRD T) ၏ ၃၁.၁၀.၂၀၂၂ နေ့ရက်အထိ ရရှိထားသောမှတ်တမ်းများအရ ဖမ်းဆီးခံထားရသူ လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး အပါအဝင် အဖွဲ့ချုပ်ဝင်စုစုပေါင်း ၁၁၆၉ ဦးရှိရာတွင် ဖမ်းဆီးထားစဉ် ကာလအတွင်း သေဆုံးသူ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါအဝင် ၆၇ ဦးရှိပါသည်။ ပါတီရုံးများ ကျူးကျော်ဝင်ရောက်မှု ၁၂၀ ကြိမ် ရှိပြီး ပါတီဝင်၂၇၄ ဦး၏ ပိုင်ဆိုင်မှုနေအိမ်များ ချိတ်ပိတ်သိမ်းဆည်းခံရမှုတွင် လွှတ်တော်ကိုယ်စားလှယ် ၁၃၆ ဦး ပါဝင်ပါသည်။

၁၀။ ရွေးကောက်ပွဲကာလအတွင်းဆောင်ရွက်မှုများ၊ ရွေးကောက်ပွဲရလဒ်များနှင့်ပတ်သက်၍ သံသယရှိပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့်အညီ ဖြေရှင်းရမည့် လုပ်ငန်းစဉ်များ ရှိသော်လည်း အာဏာသိမ်းစစ်ကောင်စီသည် မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြကာ ပြည်သူလူထု၏ ဆင့်လွှဲအာဏာကို အဓမ္မ လုယူခဲ့ပြီး ရွေးကောက်ပွဲအနိုင်ရ ပါတီကိုပစ်မှတ်ထား တိုက်ခိုက်ချေမှုန်းခြင်းဖြင့် ဒီမိုကရေစီ ကျင့်စဉ်ကြီး တစ်ရပ်လုံးကိုပါ စနစ်တကျ ဖျက်ဆီးနေခြင်းပင်ဖြစ်ပါသည်။

၁၁။ ထို့အပြင် စစ်ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲတစ်ရပ်ကိုကျင်းပရန် ကြံစည်နေပြီး နိုင်ငံရေးအရ တရားဝင်မှုရရှိနိုင်ရေးနှင့် နိုင်ငံတကာအသိအမှတ်ပြု ထောက်ခံမှု ရရှိနိုင်ရေးတို့အတွက် ကြိုးပမ်းနေသည်ကို တွေ့ရှိရပါသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လုံးဝ လက်ခံအသိအမှတ် ပြုမည်မဟုတ်ကြောင်းနှင့် တိုင်းရင်းသား ပြည်သူတရပ်လုံးကလည်း ယင်းတို့ကိုယ်တိုင် ရွေးချယ် ပေးထားသော လွှတ်တော် ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသည့် လွှတ်တော်အဆင့်ဆင့် တရားဝင်တည်ရှိနေပြီး ဖြစ်ပါသဖြင့် ထိုအတုအယောင် ရွေးကောက်ပွဲ ကို လက်ခံအသိအမှတ်ပြုမည် မဟုတ်ကြောင်း နည်းလမ်းမျိုးစုံ ဖြင့်ဖေါ်ပြနေပြီးဖြစ်ပါသည်။

၁၂။ သို့ဖြစ်ပါ၍ အာဆီယံ အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့်ကမ္ဘာ့နိုင်ငံအသီးသီးကလည်း မြန်မာနိုင်ငံ၏ နိုင်ငံရေး နှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ တစ်နေ့တစ်ခြား ဆုတ်ယုတ်ကျဆင်းနေမှုများမှတစ်ဆင့် ဒေသတွင်းတည်ငြိမ်မှုကိုထိခိုက်လာနိုင်သည့်အလားအလာအပေါ် သတိကြီးစွာထားပြီး ကူညီဖြေရှင်းပေးရန် ကြိုးပမ်းလာရာ မိမိတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အသိအမှတ်ပြုကျေးဇူးတင်နေမည် ဖြစ်ပါသည်။ သို့သော် ကူညီဖြေရှင်းနိုင်ရေး ကြိုးပမ်းဖေါ်ဆောင်ကြရာတွင် ပြည်သူလူထု၏ဆန္ဒမှန်ကို အသိအမှတ်ပြုထင်ဟပ်စေသော ရည်ရွယ်ချက် နှင့်လက်တွေ့ကျသော လုပ်ငန်းစဉ်များ ဖြစ်ရန် လိုအပ်ပါသည်။ လတ်တလော ပြဿနာများပြေလည်ရေးကိုသာရှေးရှုပြီး ဦးစားပေးဆောင်ရွက်မှု များသည် မြန်မာနိုင်ငံတော်၏ ဒီမိုကရေစီရေး လူ့အခွင့်အရေးများ ကိုထိခိုက် ပျက်သုဥ်းစေနိုင်ပြီး အနာဂါတ် မြန်မာနိုင်ငံအား အနိဌါရုံများအတွင်းသို့ တွန်းပို့လိုက်ရာရောက်စေနိုင်သဖြင့် ယင်းသို့ မဖြစ်စေရေးအတွက် အထူးသတိပြုရန် လိုအပ်ကြောင်းအသိပေးအပ်ပါသည်။

၁၃။ အာဆီယံ အထူးကိုယ်စားလှယ်အပါအဝင် မြန်မာ့အရေးဆိုင်ရာကိုယ်စားလှယ်များအားလုံးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် လွတ်လပ်စွာတွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ လက်တွေ့ကျသော ပြဿနာပြေလည်ရေးလမ်းစ ရရှိ နိုင်မည်ဖြစ်ကြောင်း မိမိတို့ယုံကြည်ပါသည်။ ထို့အပြင် စစ်မှန်သောကိုယ်စားပြုမှုရှိသည့် ခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံဆွေးနွေးရန်လိုအပ်ပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ အနေဖြင့် ဦးစားပေးဆောင်ရွက်သင့်သော လုပ်ငန်းစဉ်အဖြစ်သတ်မှတ်အကောင်အထည်ဖေါ်သင့်ကြောင်း အလေးအနက်တောင်းဆို အပ်ပါသည်။

၁၄။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသား ပြည်သူလူထုကအပ်နှင်းလိုက်သောဆင့်လွှဲ တာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်မည်ဖြစ်ကြောင်း နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး တို့အတွက် ပြည်သူလူထုနှင့်အတူ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သော တိုင်းရင်းသား အင်အားစုများ ၊မိတ်ဖက်အဖွဲ့အစည်းများ နှင့် တစိုက်မတ်မတ် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ရာ စစ်ကောင်စီကကျူးလွန်သော ရာဇဝတ်မှုများကို နိုင်ငံတကာဥပဒေများနှင့်အညီ ဖေါ်ထုတ်အရေးယူ နိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် အဖွဲ့အစည်းအသီးသီးနှင့် ကမ္ဘာ့နိုင်ငံအသီးသီးကပါ ယခုထက်ပိုမိုထိရောက်စွာ ကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်း လိုက်ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

01/11/2022
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့nld.cwc@prot...
01/11/2022

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]

ရက်စွဲ - ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၂၉) ရက်
မန္တလေးမြို့၊ မြဝတီမင်းကြီး ကျောင်းတိုက်၏နာယကဆရာတော် ဘဒ္ဒန္တအရိယာဘိဝံသ ဘဝနတ်ထံပျံလွန်တော်မူခြင်း အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ

၁။ မန္တလေးမြို့ မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအရိယာဘိဝံသသည် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ ၂၇.၁၀.၂၀၂၂ နေ့တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း ကြားသိရသည့် အတွက် များစွာ စိတ်နှလုံးကြေကွဲ ယူကြုံးမရဖြစ်ရပါသည်။
၂။ ဆရာတော်သည် သက်တော် ထင်ရှား ရှိစဉ်ကာလတစ်လျှောက်လုံး ဘာသာ၊ သာသနာ တိုးတက်ပြန့်ပွားရေး အတွက် ကြိုးပမ်းခဲ့သည့်နည်းတူ၊ ပြည်သူလူထု တစ်ရပ်လုံးကို လည်း ဓမ္မ၊ အဓမ္မ ခွဲခြားသိမြင်စေလျှက် အဓမ္မကို တွန်းလှန်ကာ ဓမ္မနှင့်အညီသာ ကျင့်ကြံနေထိုင်စေရေးအတွက် လမ်းညွှန်မှုပြု၍ ကိုယ်တိုင်လည်း ဓမ္မနှင့်အညီသာ ရပ်တည်ပြခဲ့ပါသော၊ လောကီ၊ လောကုတ္တရာ နှစ်ဖြာအတွက် စံနမူနာပြု သာသနာ့အာဇာနည် တစ်ပါးအဖြစ် မိမိတို့ အနေဖြင့်အသိအမှတ်ပြုပါသည်။
၃။ ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့၏ ကိုယ်ကျိုးရှာ ဖိနှိပ် အနိုင်ကျင့် မှုများကို နစ်နာခဲ့ရသူ ပြည်သူတို့ရှေ့မှ မားမားမတ်မတ် ရပ်တည် ကာကွယ် ပေးခဲ့ပါသောကြောင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁ )ရက် တွင် စစ်ကောင်စီမတရားအာဏာသိမ်းချိန်တွင် ဆရာတော်အား အဓမ္မ လူဝတ်လဲ စေ၍ (၆) လ ကြာသည့်တိုင် ဖမ်းဆီးအကျဥ်းချထားခြင်းကို ခံခဲ့ရသည်။ ပြန်လည်လွတ်မြောက်ချိန်တွင် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ရေး ကြိုးပမ်းမှုများတွင် ပြည်သူလူထုနှင့် တစ်သားတည်း တစ်စိုက်မတ်မတ် ရပ်တည်တော်မူ ခဲ့ပါသည်။
၄။ ထိုသို့ သဒ္ဓါ၊သီလ၊သုတ၊စာဂ၊ပညာ၊ဟီရိ၊သြတပ္ပ တို့နှင့်ပြည့်စုံသည့် ဓမ္မဘက်တော်သားဆရာတော်ကြီး ဘဝနတ်ထံပျံလွန်တော်မူခြင်းသည် စစ်မှန်သောသာသနာတော်ကြီး တည်တံ့ ခိုင်မြဲရေးအတွက်သာမက၊ မိမိတို့နွေဦးတော်လှန်ရေးနှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက်ပါကြီးမားသည့် ဆုံးရှုံးမှု့ဖြစ်ပါကြောင်း အလေးအနက်ခံယူရင်း မိမိတို့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဆရာတော်ဘုရားအား ရှိခိုး ဦးခိုက်ပူဇော်၍ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ဆည်းကပ်အပ်ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရက်စွဲ - ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၂၅ ) ရက်သတင်းထုတ်ပြန်ချက်အမှတ်( ၁၁/၂၀၂၂) ကချင်ပြည်နယ်၊ဖါးကန့်မြို့နယ်၊အနန့်ပါ ရှိ တေးဂ...
01/11/2022

ရက်စွဲ - ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၂၅ ) ရက်
သတင်းထုတ်ပြန်ချက်အမှတ်( ၁၁/၂၀၂၂)

ကချင်ပြည်နယ်၊ဖါးကန့်မြို့နယ်၊အနန့်ပါ ရှိ တေးဂီတ ဖျော်ဖြေပွဲကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့မှု နှင့်ပတ်သက်၍သဘောထားထုတ်ပြန်ချက်
၁။ ၂၀၂၂ ခုနှစ်၊အောက်တိုဘာလ ၂၃ ရက်၊ည (၀၈း၃၀) နာရီအချိန်တွင် ကချင်ပြည်နယ်၊ ဖါးကန့်မြို့နယ် အနန့်ပါ ၌ ကျင်းပနေသည့် “KIO နေ့ အထိမ်းအမှတ် “ တေးဂီတဖျော်ဖြေပွဲသို့ တရားမဝင် အာဏာသိမ်း စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဥ် (၃)စီးအသုံးပြုကာ လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းကြောင့် နာမည်ကျော် ကချင်တိုင်းရင်းသား အနုပညာရှင်များ အပါအဝင်၊ ပြည်သူ (၆၀) ဦးထက် မနည်း သေဆုံးခဲ့ကာထိခိုက်ဒါဏ်ရာရခဲ့သူ အများအပြား ရှိကြောင်းသတင်းများအရ သိရှိရသည့် အတွက် သေဆုံး၊ ဒါဏ်ရာရသူများ ၏ မိသားစုဝင်များ၊ ကချင်တိုင်းရင်းသားပြည်သူများနှင့်ထပ်တူဝမ်းနည်း ကြေကွဲရပါသည်။
၂။ ယင်းကဲ့သို့ လူမဆန်သော တိုက်ခိုက်မှုသည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာရှိ စာသင်ကျောင်းတွင် ပညာသင်ယူနေသော လူမမယ် ကျောင်းသား၊လူငယ်လေးများအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ သကဲ့သို့ပင် အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်းဖြစ်ကြောင်း ထင်ရှားပါသဖြင့် လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်သည့် စစ်ရာဇဝတ်မှုကို အကြမ်းဖက်စစ်ကောင်စီက အကြိမ်ကြိမ် ကျူးလွန်နေခြင်းဖြစ်ပါသည်။
၃။ မြန်မာနိုင်ငံ ဒေသအသီးသီးရှိ လေကြောင်းတိုက်ခိုက် ခံရမှုများနှင့် မီးရှို့ဖျက်ဆီးခံရမှုများအတွက်လည်း နစ်နာသူပြည်သူလူထုတစ်ရပ်လုံး၏ ဆုံးရှုံး နာကျင်ရမှုများအတွက် ထပ်တူဝမ်းနည်း ကြေကွဲရပါကြောင်းနှင့် ကျူးလွန်သူအကြမ်းဖက်စစ်ကောင်စီအား အပြင်းအထန်ကန့်ကွက်ရှုံ့ချပါသည်။
၄။ မြန်မာနိုင်ငံဒီမိုကရေစီထွန်းကားရေးနှင့်ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် ကြိုးပမ်းအားထုတ်နေသည့် တိုင်းရင်းသား၊ ပြည်သူလူထုများအား အင်အားအလွန်အကျွံသုံး အကြမ်းဖက်သတ်ဖြတ်မှုများကို နေ့စဥ် ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီကို ဖယ်ရှား၊ အရေးယူ နိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကမ္ဘာခေါင်းဆောင်များ အနေဖြင့် မိမိတို့ တိုင်းရင်းသား၊ ပြည်သူလူထုနှင့်အတူ ပူးပေါင်းကူညီ ဆောင်ရွက် ပေးပါရန်မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

 #ဝမ်းနည်းကြေကွဲခြင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူး ဦး...
29/09/2022

#ဝမ်းနည်းကြေကွဲခြင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူး ဦးရှိန်(ခ)ဦးရှိန်ငယ် သည် (၂၈.၉.၂၀၂၂)ရက်နေ့ မွန်းလွဲ(၃း၃၈)နာရီအချိန်တွင် အဆုပ်ကင်ဆာ​ရောဂါဖြင့် ကွယ်လွန်သွားကြောင်းသိရှိရပါသည်။

ဦးရှိန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ငန်းများနှင့် ပါတီတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။

ဦးရှိန်ကွယ်လွန်သွားခြင်းအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုလောမြို့နယ်လူငယ်လုပ်ငန်းအဖွဲ့မှ ကျန်ရစ်သူ မိသားစုနှင့်အတူထပ်တူ ဝမ်းနည်းကြေကွဲရပါသည်...။

#အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
#မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့။
#ပုလောမြို့နယ်။
#29.1.2022

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း (၃၄)နှစ်ပြည့် အထိမ်းအမှတ်အ...
28/09/2022

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း (၃၄)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာ

28/09/2022
ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ (၃၄) နှစ်ပြည့်အထိမ်းအမှတ် ပေးပို့သော ဝမ်းမြောက်ကြောင...
28/09/2022

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ (၃၄) နှစ်ပြည့်အထိမ်းအမှတ် ပေးပို့သော ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

28/09/2022
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်းဗဟန်းမြို့နယ်၊ ရန်ကုန်မြို့nld.cwc@proto...
28/09/2022

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]

သတင်းထုတ်ပြန်ချက် (၁၀/၂၂)
ရက်စွဲ - ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်

၁။ တစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ဖြုတ်ချခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး အတွင်း ပြည်သူလူထုတစ်ရပ်လုံး၏ဆန္ဒနှင့်အညီ ကြိုးပမ်းဆောင်ရွက်ရန် တိုင်းရင်းလူမျိုးပေါင်းစုံ ပူးပေါင်း ပါဝင်မှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်တွင် အောက်ပါရည်ရွယ် ချက်များချမှတ်၍ စတင်တည်ထောင်ခဲ့ပါသည်-
(က) အများပြည်သူတို့၏ဆန္ဒနှင့် ကိုက်ညီ၍ အခြေခံလူ့အခွင့်အရေးများကိုအာမခံမည့် စစ်မှန် သည့် ဒီမိုကရေစီနိုင်ငံတော် ဖြစ်ပေါ်လာစေရန်၊
(ခ) ရည်ရွယ်ချက် (က) ကို ဖြစ်မြောက်စေရန် ပြည်သူလူထု၏ညီညွတ်မှုအင်အားကို အခြေခံရန်၊
(ဂ) နောင်ခေတ်အဆက်ဆက်၌ မြန်မာနိုင်ငံသည် ပြည်သူလူထုဆန္ဒနှင့်အညီ ဒီမိုကရေစီ ပြည်ထောင်စုကြီးအဖြစ် တည်ထွန်းစေရန်၊
(ဃ) အာဏာရှင်ဆန်၍ ပြည်သူလူထုကို ဖိစီးနှိပ်စက်မည့် နိုင်ငံရေးစနစ်မျိုး ပြန်လည်ထွန်းကား ခြင်းမရှိစေရေးအတွက် လုပ်ကိုင်ဆောင်ရွက်သွားရန်၊
(င) ကမ္ဘာတွင် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေးအတွက် နိုင်ငံတကာနှင့် ဆက်သွယ် ပူးပေါင်း ဆောင်ရွက်သွားရန် ။

၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စတင်တည်ထောင်စဉ်ကတည်းက အထက်ပါရည်ရွယ်ချက် များအား ဖော်ဆောင်နိုင်ရေးအတွက် တစိုက်မတ်မတ်ကြိုးပမ်းခဲ့ပြီး လက်ရှိလည်း ကြိုးပမ်းနေဆဲဖြစ်ရာ စစ်အာဏာရှင်တို့၏ နည်းမျိုးစုံဖြင့် ပစ်မှတ်ထားတိုက်ခိုက်ချေမှုန်းခြင်းကို ခံခဲ့ရ ခံရဆဲ ဖြစ်ပါသည်။ သို့သော် အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ခေါင်းဆောင်များ၏ ခိုင်ကျည်သောစိတ်ဓာတ်၊ ထက်မြက်သော ဦးဆောင်မှု၊ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထုအတွက် ရိုးသားဖြောင့်မတ်သော ရည်ရွယ်ချက်တို့ဖြင့် မဆုတ်မနစ်ကြိုးပမ်းနေမှုတို့ကြောင့် ၁၉၉၀ အထွေထွရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ တို့တွင် တိုင်းရင်းသားပြည်သူတို့၏ ယုံကြည်ထောက်ခံမှုကို တခဲနက် ရရှိခဲ့ပါသည်။

၃။ ဒီမိုကရေစီစံတန်ဖိုးများကိုချိုးဖောက်၍ ပြည်သူလူထု၏လုပ်ပိုင်ခွင့်အာဏာ ကန့်သတ်ထားခြင်း ခံထားရသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်းမှာပင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စုအရေးတို့တွင် တိုးတက်မှုများရရှိခဲ့သည်ကို သိမြင်လက်ခံခဲ့သော ပြည်သူလူထုက ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာအားလုံး၏ ၈၃ ရာခိုင်နှုန်းကျော် အတွက် အဖွဲ့ချုပ်၏ ကိုယ်စားလှယ်လောင်းများအား မဲပေးရွေးချယ်ခဲ့ခြင်းအပေါ် လူထု၏ ပြန်လှန်အသိ အမှတ်ပြုထောက်ခံမှုအဖြစ် အဖွဲ့ချုပ်ကရှုမြင်ကာ ကျေးဇူးတင်ရှိပါသည်။

၄။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူတို့ ယုံကြည်စွာအပ်နှင်းလိုက်သောတာဝန်ကို အပြည့်အဝ အလေးထားကာ အဖွဲ့ချုပ်၏မူလရည်ရွယ်ချက်များနှင့် ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလက ပြည်သူ့ထံသို့ ထုတ်ပြန်ကြေညာခဲ့သော ရွေးကောက်ပွဲကြေညာစာတမ်းပါ ကတိကဝတ်များကို ဖြည့်ဆည်းဖော်ဆောင်ရန် ကြိုးပမ်းနေချိန်မှာပင် ကိုယ်ကျိုးစီးပွားကိုသာ ဦးထိပ်ထားသော စစ်ခေါင်းဆောင်အချို့က စစ်တပ်လွှမ်းမိုး ထားသောနိုင်ငံရေးစနစ်ကို ဆက်လက်ထိမ်းသိမ်းနိုင်ရေးအတွက် ပြည်သူ့ဆန္ဒများကိုမျက်ကွယ်ပြု၍ ယင်းတို့ ကိုယ်တိုင်ပြဋ္ဌာန်းထားသော၂၀၀၈ ဖွဲ့စည်းပုံကို ကိုယ်တိုင်ချိုးဖျက်ကာ နိုင်ငံတော်အာဏာကို အဓမ္မလုယူပြီး တိုင်းရင်းသားပြည်သူလူထုအပေါ် ရာဇဝတ်မှုများစွာ ကျူးလွန်နေပါသည်။

၅။ ထို့အပြင် ပါတီထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးထားခြင်း၊ ပါတီဝင်များနှင့် လွှတ်တော် ကိုယ်စား လှယ်များကို ဥပဒေမဲ့လိုက်လံဖမ်းဆီးခြင်း၊ ယင်းတို့၏နေအိမ်များနှင့် ပိုင်ဆိုင်မှုများအား ချိတ်ပိတ်သိမ်းဆည်း ခြင်း၊ ဖမ်းမိသူအချို့ကို စစ်ကြောရေးစခန်းများတွင် ညှင်းပမ်းနှိပ်စက်ကာ သတ်ဖြတ်ခြင်း၊ ပါတီရုံးများကို ကျူးကျော်ဝင်ရောက်၍ ပါတီပိုင်ပစ္စည်းများကိုသိမ်းဆည်းခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ကို ဆက်တိုက်လုပ် ဆောင်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား အလုံးစုံဖျက်ဆီးရန် အားထုတ်နေပါသည်။

၆။ နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထုအကြား ရင့်သန်သထက်ရင့်သန်လာသော ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးရည်မှန်းချက်နှင့်တကွ ဖျက်ဆီးခံလိုက်ရသော ဒီမိုကရေစီ မျှော်လင့် ချက်များကို အဖွဲ့ချုပ်၏ တိုင်းရင်းသားပြည်သူတို့အပေါ်ပေးထားသော ကတိကဝတ်များအတိုင်း ဖော်ဆောင် ပေးနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဆင့်ဆင့်သောအဖွဲ့ဝင်များသည် မိမိတို့တည်ရှိနေသော နေရာစုံ၊ အလွှာစုံမှနေ၍ အခက်အခဲအန္တရာယ်မျိုးစုံကြားမှ ရည်ရွယ်ချက်တူ အခြားသော နိုင်ငံရေးအစု အဖွဲ့များနှင့် ပူးပေါင်းလက်တွဲကာ ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။

၇။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ငြိမ်းချမ်းသော ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးအပါအဝင် ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းပါကတိကဝတ်များကို ဖြည့်ဆည်းနိုင်ရေးတို့ အတွက် မူလချမှတ်ထားသော ရည်ရွယ်ချက် ၅ ရပ်၊ နိုင်ငံရေးဝါဒသဘောတရားနှင့် လုပ်ငန်းစဉ် (၃) ရပ်တို့ကို အခြေခံကာ နိုင်ငံရေးနည်းလမ်းများအပြင် ပြည်သူလူထု၏ဆန္ဒနှင့်ကိုက်ညီသောနည်းလမ်းများကို ထည့်သွင်းစဉ်းစား လုပ်ဆောင်သွားမည်ဖြစ်သည်။

၈။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး တွင် အရေးကြီးဆုံးသော ပေါင်းကူးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးအတွက်ပြင်ဆင်လျက်ရှိရာ အဆိုပါလုပ်ငန်းစဉ်များ ဖော်ဆောင်ရာ၌ ၂၀၁၉ ခုနှစ်အောက်တိုဘာ ၂၈ ရက်နေ့တွင် အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကြေညာခဲ့သော ဖက်ဒရယ်အခြေခံမူ ၆ ချက်ကို လမ်းညွှန်ချက်အဖြစ် ခံယူကာ ဖက်ဒရယ်ဒီမိုကရေစီအရေးကို ရှေးရှုသော
မိတ်ဖက်အဖွဲ့အစည်းများနှင့် တိုင်းရင်းသားနိုင်ငံရေးအင်အားစုအသီးသီးက ထုတ်ပြန်ကြေညာထားသော မူဝါဒကြေညာစာတမ်းများအားလုံးကိုလည်း အလေးအနက်ထား ပေါင်းစပ်စဉ်းစား၍ ယင်းတို့၏သဘော ထားများကိုပါ ရယူညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

၉။ တစ်ပြိုင်တည်းမှာပင် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော နိုင်ငံ့အကြပ်အတည်းကို ဖြေရှင်းရာတွင် ခြွင်းချန်ထား၍မရသော အရေးပါဆုံးပုဂ္ဂိုလ်အဖြစ် မြန်မာ့လူထုကသာမက ကမ္ဘာ့နိုင်ငံများမှပါ လက်ခံထားသော ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ ၂၀၂၀ ရွေးကောက်ပွဲမှတဆင့် ပြည်သူ့တို့ ဆင့်လွှဲအပ်နှင်းလိုက်သော ကိုယ်စားပြုတာဝန်ကို အကောင်းဆုံး ကျေပွန်စေနိုင်ရန် တိုင်းရင်းသားပြည်သူအားလုံးလိုလားနေသော ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး လုပ်ငန်းများအား ထိရောက်သည့်အခန်းကဏ္ဍမှ မဆုတ်မနစ်ပါဝင်လုပ်ဆောင်နိုင်ရေး၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကို အမြုတေပြု၍စုဖွဲ့ထားသော လွှတ်တော်များမှတဆင့် အဆိုပါ လုပ်ငန်းစဉ်ကြီးတစ်ခုလုံးအား နိုင်ငံရေးတရားဝင်မှုမြှင့်တင်ပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ ယခုထက် ပိုမိုအသိအမှတ်ပြုပူးပေါင်းလာစေရေးတို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူတို့၏ ညီညွတ်မှုအားဖြင့် တစိုက်မတ်မတ်ကြိုးစားမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ပြည်သူ့ဆန္ဒနှင့်အညီ စစ်မှန်သောဒီမိုကရေစီစနစ်အောက်မှကျင်းပမည့် လွတ်လပ်၍ တရားမျှတသည့် နောက်ထပ် ရွေးကောက်ပွဲရလဒ်တစ်ခု ပေါ်ထွက်မလာမီအချိန်ထိ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြည်သူ့ဆင့်လွှဲအာဏာကို နိုင်ငံရေးလွှဲအပ် ကိုယ်စားပြုအာဏာအဖြစ် ကျင့်သုံးမည် ဖြစ်သည်။ ထို့ကြောင့် ဥပဒေကို ကိုယ်တိုင်ချိုးဖောက်ထားသော တရားမဝင်အာဏာသိမ်း စစ်ကောင်စီနှင့် ယင်းကဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ ကျင်းပရန်ကြံစည်နေသော ရွေးကောက်ပွဲအပါအဝင် လုပ်ငန်းစဉ် အားလုံးကို မည်သည့်နည်းနှင့်မျှ (အသိအမှတ်မပြု) လက်ခံနိုင်မည် မဟုတ်ပါ။

၁၀။ တည်ဆဲဥပဒေများအပြင် မည်သည့်ကျင့်ဝတ်များကိုမျှ လေးစားလိုက်နာမှုမရှိဘဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီး၍ ကျန်းမာရေးနှင့်မလျှော်ညီသော အခြေအနေတွင်ထားရှိမှု၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းနှင့် ပဲခူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ရွှေအပါအဝင် ပါတီခေါင်းဆောင်အချို့အား အကျဉ်းထောင်ထဲတွင် စနစ်တကျ ဆေးကုသမှုမရရှိပဲ အသက်ဆုံးရှုံးခြင်းများဖြစ်စေခဲ့မှု၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များအား စစ်ကြောရေးစခန်းများတွင် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့မှု၊ စာသင်ခန်းများအတွင်းမှ မူလတန်းအရွယ် ကလေးသူငယ်များအပါအဝင် လူထုအပေါ် စစ်ရာဇဝတ်မှုများစွာ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုများစွာကို ပေါ်ပေါ် ထင်ထင်ကျူးလွန်လျှက်ရှိသည့် အာဏာသိမ်းစစ်ကောင်စီကို လက်တွေ့ကျပြီး၊ ပိုမိုထိရောက်သော နည်းလမ်းများနှင့်တကွ တရားစီရင်ရေးလုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူဆောင်ရွက်ပေးခြင်းဖြင့် မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိုကာကွယ်ပေးရန် အချိန်ကျပြီဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့ဝင် ကမ္ဘာ့ နိုင်ငံအသီးသီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း အလေးအနက်တိုက်တွန်းလိုက်ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

28/09/2022
27/09/2022
27/09/2022
27/09/2022
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်းဗဟန်းမြို့နယ်၊ ရန်ကုန်မြို့nld.cwc@proto...
20/09/2022

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]

ရက်စွဲ ။ ၂၀၂၂ခုနှစ် ၊ စက်တင်ဘာလ ၁၅ ရက်

၂၀၂၂ခုနှစ် နိုင်ငံတကာ ဒီမိုကရေစီနေ့သို့ ပေးပို့သော သဝဏ်လွှာ

၁။ ၂၀၂၂ခုနှစ်၊ စက်တင်ဘာ (၁၅) ရက်နေ့တွင်ကျရောက်သော နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားသို့ တက်ရောက်လာကြသော လူကြီးမင်းများအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားမှာ ဘေးဒုက္ခအန္တရာယ်ကြုံတွေ့နေရသော ပြည်သူအပေါင်းအား ဘေးကင်းပါစေကြောင်း နှင့် ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

၂။ ၂၀၂၂ခုနှစ် နိုင်ငံတကာဒီမိုကရေစီနေ့အတွက် ဆောင်ပုဒ်မှာ “ ဒီမိုကရေစီခိုင်မာဖို့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ကာကွယ်စို့ ” ဆိုသလို တိုက်ဆိုင်စွာပင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်ဖက်အာဏာသိမ်းမှုနဲ့အတူ နိုင်ငံရေးခေါင်းဆောင်များနှင့် လှုပ်ရှားတက်ကြွသူများပြီးလျှင် သတင်းစာနယ်ဇင်းသမားများသည် စစ်အကြမ်းဖက်တို့ရဲ့ အဓိကထားတဲ့ ပစ်မှတ်ထဲမှတစ်ခု ဖြစ်နေခဲ့ပါသည်။

၃။ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်သွေးကြွအုပ်စု အာဏာသိမ်းပြီးနောက် ၂၀၂၂ခုနှစ် မေလအထိ ဖမ်းဆီးထိန်းသိမ်းခံရသည့် သတင်းစာနယ်ဇင်းသမားပေါင်း ၁၄၀ ထိ ရှိခဲ့သည်ကို ဝမ်းနည်းစွာ သိခဲ့ရပါသည်။

၄။ ဒီမိုကရေစီရေးတွင် အဓိကမဏ္ဍိုင်ကြီးသုံးရပ်ဖြစ်သော ဉပဒေပြု‌ရေး၊ တရားစီရင်ရေး နှင့် အုပ်ချုပ်ရေး ဟုတည်ရှိလေရာ သတင်းစာနယ်ဇင်း ကဏ္ဍအား စတုတ္ထမဏ္ဍိုင်ဟုပင် တင်စားကြသော်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူ့လူထုထံမှ ပြည်သူ့အာဏာကို မတရားလုယူထားချိန်တွင် စတုတ္ထမဏ္ဍိုင် ဘေးသင့်ခံရခြင်းမှာ ဒီမိုကရေစီ ပျက်သုဉ်းမှု၏ ပြယုဂ်ပင်ဖြစ်ပါသည်။

၅။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့သည် ခေါင်း နှင့် ပန်းကဲ့သို့ အမြဲယှဉ်တွဲလျက်ရှိရာ ဒီမိုကရေစီကင်းမဲ့ချိန်သည် လူ့အခွင့်အရေးတို့ ပျက်စီးချိန်ပင်ဖြစ်ပေသည်။

၆။ လူ့အခွင့်အရေး ဆိတ်သုဉ်းခြင်းနှင့်အတူ တရားမဲ့မှု အသင်္ချေသည် နောက်ဆက်တွဲ လိုက်ပါရစမြဲပင် ဖြစ်လေသည်။

၇။ လူ့အခွင့်အရေးကို ကာကွယ်ကြပါစို့၊ ဒီမိုကရေစီရေးကို စောင့်ရှောက်ကြပါစို့၊ “ ဒီမိုကရေစီခိုင်မာဖို့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်ကြပါစို့ ” ဟု နိုင်ငံတကာဒီမိုကရေစီနေ့မှာ ဆုတောင်းသဝဏ်လွှာ ပါးအပ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ

❝Accept NUG and Our Ambassador, Reject Dictator❞The annual UN General Assembly is going to be held in this month Septemb...
01/09/2022

❝Accept NUG and Our Ambassador, Reject Dictator❞
The annual UN General Assembly is going to be held in this month September. This year is also the time for the people of Myanmar to actively participate in the absolute denial of the fascist terroist military regime and in the Credential Challenge Campaign of the people's government NUG and the UN ambassador U Kyaw Moe Tun, at the Assembly.
It is understood that the main duty of the UN is to maintain international peace and security and to promote justice. Nowadays, the people of Myanmar has been terrorised and are facing severe violence at any moment due to the illegal seizure of power by the fascist military regime in Myanmar. Such fascist military regime is the war criminal who are committing war crimes against humanity. The people's revolution which has been taking place for eighteen months under the violent suppression is the best proof that the Myanmar people never accepts the Military regime.
At the same time, it is clearly known that the interim National Unity Government ("NUG") was formed due to the need of the revolution and is the legitimate government recognised by the Myanmar people. The people of Myanmar has also recognised the National Unity Consultative Council ("NUCC") and the Committee Representing Pyidaungsu Hluttaw ("CRPH") along with NUG as the people representative and revolutionary fronts.
Therefore, the United Nations as well as each of the international community are hereby deeply requested to recognise the people's government NUG as the legitimate government of Myanmar, and to retain U Kyaw Moe Tun who stands by the will of the Myanmar people and led by NUG, as Myanmar ambassador.
Moreover, the world is also requested to not just watching but to take action against the war criminals Myanmar military regime. As a consequence of that the existence of the UN whose duty is to maintain and defend world peace, security and justice will definitely be consequential and effectual existence for the world.
To the people of Myanmar,
Now is the time to take part in the Credential Challenge Campaign for NUG and for the UN ambassador U Kyaw Moe Tun. People's movements and actions will be required in both online and on-ground activities. The support of the people is largely required.
Let's be united to fight!
Let's uproot the fascist military!
Military dictatorship shall fall!
Federal Democratic Union shall be built !
Our Revolution Must Prevail!

❝Accept NUG and Our Ambassador, Reject Dictator❞
“ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကို ငြင်းဆန်ပါ”
════════════════════
အခု စက်တင်ဘာလထဲမှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ နှစ်စဉ်အထွေထွေညီလာခံ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ကမ္ဘာ့ကုလသမဂ္ဂမှာ ဖက်ဆစ်အကြမ်းဖက် စစ်အုပ်စုကို လုံးဝ လက်မခံရေး၊ ပြည်သူ့အစိုးရ NUG နဲ့ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့အတွက် တရားဝင်မှုအရေးတိုက်ပွဲ (Credential Challenge Campaign) ကို ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း‌၊ ဆင်နွှဲကြဖို့ အချိန်ကျရောက်လာပါပြီ။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အဓိက တာဝန်တွေက ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တရားမျှတမှုတို့ကို ဆောင်ကျဉ်းပေးနိုင်ဖို့ ဖြစ်တယ်လို့ နားလည်ပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံမှာ ဖက်ဆစ်အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်အားကိုး အဓမ္မ အာဏာလုယူမှုကြောင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တို့ဟာ အချိန်နဲ့အမျှ အကြမ်းဖက်ခံနေရတယ်၊ သတ်ဖြတ်ခံနေရ၊ ဖျက်ဆီးခံနေရပါတယ်။ ဒီ အာဏာလု ဖက်ဆစ်အုပ်စုဟာ စစ်ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေတဲ့ စစ်ရာဇဝတ်ကောင်တွေ ဖြစ်ကြတယ်။ ပြည်သူတရပ်လုံးက အကြမ်းဖက်စစ်အုပ်စုကို လုံးဝ လက်မခံကြဘူးဆိုတာကို အကြမ်းဖက်ဖိနှိပ်မှုတွေကြားကနေ အချိန်တနှစ်ခွဲကြာမြင့်သည်အထိ ပုံစံမျိုးစုံနဲ့ ဆင်နွှဲနေကြတဲ့ ပြည်သူ့တော်လှန်ရေးကြီးက အကောင်းဆုံး သက်သေတည်လျက် ရှိပါတယ်။
တချိန်တည်းမှာပဲ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ တော်လှန်ရေးရဲ့ လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာပြီး ပြည်သူတရပ်လုံးက ထောက်ခံကြတဲ့ ပြည်သူ့တရားဝင် အစိုးရ ဖြစ်တယ်ဆိုတာက ထင်ရှားပေါ်လွင်ပြီး ဖြစ်ပါတယ်။ NUG နဲ့အတူ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ဟာလဲ ပြည်သူ့ကိုယ်စားပြု၊ တော်လှန်ရေးတပ်ဦး အဖွဲ့အစည်းတွေအဖြစ် ပြည်သူလူထုတရပ်လုံးကက တလေးတနက် သတ်မှတ်လက်ခံထားကြပြီးဖြစ်ပါတယ်။
ဒါ့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့‌သာမက ကမ္ဘာ့နိုင်ငံတနိုင်ငံချင်းစီကလည်း ပြည်သူ့ အစိုးရဖြစ်တဲ့ NUG အစိုးရကိုသာ မြန်မာ့တရားဝင် အစိုးရအဖြစ် လက်ခံပေးဖို့၊ ပြည်သူ့သ‌ဘောဆန္ဒနဲ့အညီ ရပ်တည်ပြီး NUG ရဲ့ ဦးဆောင်မှုနဲ့ချီတက်နေတဲ့ ဦးကျော်မိုးထွန်းကိုသာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် အသိအမှတ်ပြုပေးဖို့ မြန်မာပြည်သူတရပ်လုံးက အလေးအနက် တောင်းဆိုအပ်ပါတယ်။ ဒါ့အပြင်၊ စစ်ရာဇဝတ်ကောင်တွေဖြစ်ကြတဲ့ ဖက်ဆစ် အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုကို ကမ္ဘာကြီးက လက်ပိုက်ကြည့်မနေဘဲ ထိုက်သင့်သလို ပြစ်ဒဏ်စီရင်၊ တုန့်ပြန်ကြဖို့လည်း တောင်းဆိုအပ်ပါတယ်။ ဒါမှသာလျှင် အမှန်တရား၊ တရားမျှတမှုနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကို အမှန်တကယ် လိုလား၊ ထိန်းသိမ်း၊ ကာကွယ်လိုပါတယ်ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး တည်ရှိစုဖွဲ့ရခြင်းဟာ အဓိပ္ပာယ်ရှိတဲ့ တည်ရှိခြင်း၊ အကျိုးရှိတဲ့ တည်ရှိခြင်း ဖြစ်ပါလိမ့်မယ်။
ပြည်သူ‌အပေါင်းတို့ခင်ဗျား- ပြည်သူ့အစိုးရ NUG အတွက်၊ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် တရားဝင်မှုအရေးတိုက်ပွဲ (Credential Challenge Campaign) ကို ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း‌၊ ဆင်နွှဲကြဖို့ အချိန်ကျရောက်လာပါပြီ။ ဒီအတွက် မြေပြင်ကော၊ အွန်လိုင်းမှာပါ (Online, On-ground) လူထုတိုက်ပွဲ၊ လူထု လှုပ်ရှားမှုတွေ အများကြီးဆင်နွှဲကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ ပြည်သူ့အားကို အများကြီး လိုအပ်ပါတယ်။ အားလုံးအတူတကွ ဝိုင်းဝန်း တိုက်ပွဲဝင်ကြပါစို့။
ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။
အာဏာရှင်စနစ်ဟူသမျှ မုချ ကျဆုံးရမည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။
အရေးတော်ပုံ အောင်ရမည်။







ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေးအကောင်အထည်ဖော်ဆောင်မှု ကော်မတီ တွေ့ဆုံဆွေးနွေး======...
19/08/2022

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေးအကောင်အထည်ဖော်ဆောင်မှု ကော်မတီ တွေ့ဆုံဆွေးနွေး
====================================
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေးအကောင်အထည်ဖော်ဆောင်မှု ကော်မတီ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ နံနက်(၀၉:၀၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် ပြုလုပ်ခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် ပြည်ထောင်စုဝန်ကြီးချုပ်၊ ပြည်သူ့ရင်ခွင်ခိုလှုံရေးအကောင်အထည်ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့က အသီးသီး အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက တွေ့ဆုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက် နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာကြသော ပြည်သူ့ရင်ခွင်ခိုလှုံ ရေး အကောင်အထည်ဖော်ဆောင်မှုကော်မတီမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များက ကော်မတီ၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရှေ့ဆက်လုပ်ဆောင်ရန်ရှိသည်များနှင့် ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် ဆွေးနွေးတင်ပြခဲ့ ပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက အပြန်အလှန် မေးမြန်း အကြံပြုခဲ့ကြ ပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် ကော်မတီဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေး မှူးများ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အထည်ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အ ထည်ဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်များ အသီးသီးတက်ရောက်ခဲ့ကြပြီး အစည်းအဝေး ကို နံနက်(၁၁:၄၅)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်းဗဟန်းမြို့နယ်၊ ရန်ကုန်မြို့nld.cwc@proto...
13/08/2022

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]

ရက်စွဲ - ၂၀၂၂ ခုနှစ်၊ သြဂုတ်လ(၁၂) ရက်

“(၂၀၂၂) ခုနှစ် ဩဂုတ်လ(၁၂)ရက်နေ့တွင်ကျရောက်သည့် ကရင့်အာဇာနည်နေ့ သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှပေးပို့သည့်သဝဏ်လွှာ”

၁။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးအသီးသီးတို့တွင် ကိုယ်ပိုင်ပြဌာန်းခွင့်၊တန်းတူညီမျှခွင့်နှင့် လွတ်လပ်ငြိမ်းချမ်းခွင့် တို့ရရှိရေးအတွက် အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်ရင်း အသက်‌၊ချွေး၊သွေး တို့ကိုပေးဆပ်ခဲ့ကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများ မြောက်များစွာရှိကြပါသည်။
၂။ တော်လှန်ရေးကာလတစ်လျှောက် အသက်ပေးလှူခဲ့ကြသည့် အဆက်ဆက်သော ကရင့်အာဇာနည် အပေါင်းတို့ကို ရည်စူးလျှက် ကရင်တိုင်းရင်းသားတို့ရဲ့ တော်လှန်ရေးခေါင်းဆောင်ကြီး စောဘဦးကြီး ကျဆုံးခဲ့သော (၁၉၅၀) ခုနှစ် ဩဂုတ်လ(၁၂)ရက်နေ့ကို ကရင့်တော်လှန်ရေးနေ့ အဖြစ် သတ်မှတ် ခဲ့သည်မှာဒီကနေ့ဆိုလျှင် (၇၂)နှစ်တိုင် ရှိ ပြီဖြစ်ပါသည်။
၃။ ကျွန်ုပ်တို့ အားလုံး၏ ပန်းတိုင်ဖြစ်သော စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းစေရေး၊ လွတ်လပ်၍ တန်းတူညီမျှမှုရှိရေး တရားမျှတမှုရှိရေး နှင့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့ အတွက်တော်လှန်ရေး ခရီးကြမ်းကို ဖြတ်သန်းကြရာတွင် အသက်၊သွေး၊ချွေး ပေးလှူခဲ့ကြသည့် ခေါင်းဆောင်ကြီး စောဘဦးကြီးနှင့်တကွ အဆက်ဆက်သော ကရင့်အာဇာနည် သူရဲကောင်းအပေါင်း တို့၏ပေးဆပ်မှုများကို ကရင်တိုင်းရင်းသားထု နှင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးက အမြဲအမှတ်ရ၊ လေးစားဂုဏ်ပြုလျှက်ရှိ သကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း ကရင်လူထု တစ်ရပ်လုံး နှင့်အတူ ထပ်တူထပ်မျှ အောက်မေ့ဝမ်းနည်းရပါကြောင်းနှင့် လေးစားဂုဏ်ပြုလျှက်ရှိပါကြောင်း သဝဏ်လွှာပေးပို့အပ်ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

Address


Website

Alerts

Be the first to know and let us send you an email when Palaw Township Youth Working Group NLD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share