မန္တလေးအလှမွေးငါးချစ်သူများ GROUP

  • Home
  • Myanmar
  • Mandalay
  • မန္တလေးအလှမွေးငါးချစ်သူများ GROUP

မန္တလေးအလှမွေးငါးချစ်သူများ GROUP ဗဟုသုတနဲ့ပျော်မွှေ့နိုင်ကြပါစေ

27/08/2022
17/03/2022

GL Fader #1

10/01/2022

25000 မန်းလေး

23/09/2021

ဥပဟဲ့ 😅

၀၉၉၇၈၀၅၂၉၈၄
01/05/2021

၀၉၉၇၈၀၅၂၉၈၄

29/10/2019

သိသင့်သောအလှမွေးငါးသမိုင်းကြောင်း

အ​စောပိုင်းယဉ်ကျေးမှုဖြစ်တဲ့အီဂျစ်။ရောမ။ဂရိလူမျိုးတို့ဟာငါးတွေကိုစားသုံးဖို့ထက် မွေးမြူကြတာကိုပိုပြီးအလေးသာကြပါတယ်။ 384-322 BC မှာ Aristole လို့ခေါ်တဲ့သူဟာ ပြည်တွင်းငါးမျိုးစိတ်တွေ့နဲ့သူတို့အလေ့အထတွေစတင်ရေးသားခဲ့ပါတယ်။
AD 960 ခုနှစ် တရုတ် Sung မင်းဆက်လက်ထက်မှာ ရွှေငါးနဲ့ဆိုင်တဲ့စာတမ်းပြုစုရေးသားခြင်းကိုပြုလုပ်စေခဲ့ပါတယ်။ဘုရင်ကိုယ်တိုင်ကလဲဝါသနာထုံတာကြောင့်သေချာလေ့လာစေခဲ့ပြီးမှားယွင်းပါကသေဒဏ်ပေးမည်ဖြစ်ကြောင်းအမိန့်ပြန်ကာရေးသားစေခဲ့ပါတယ်။
968-975 ခုနှစ်များတွင်တော့ရွှေငါးတွေအပြည့်ရှိတဲ့ကန်များကိုအလှထားကြပြီးတစ်ဖက်တွင်တော့ကြပ်တည်းဆင်းရဲသောမိသားစုများအတွက်ကတော့ရွှေငါးတွေဟာဟင်းစားအဖြစ်ရှိနေဆဲပါ။
1136 ခုနှစ်မှာတော့ Hiau-Tsung မင်းဆက်မှာတော့သဘာဝနဲ့အနီးစပ်ဆုံးတူတောင်ကန်များကိုပြင်ဆင်စေကာသားဖောက်ဖို့ကြိုးစားခဲ့ပါတယ်။များပြားစွာတော့သားဖောက်ကန်များပြုလုပ်ကာမျိုးစိတ်များစွာသားဖောက်ဖို့ကြိုးစားခဲ့ပါတယ်။
1510 အရောက်မှာတော့အလှမွေးငါးတွေဟာကြပ်တည်းဆင်းရဲ့တဲ့သူတွေအတွက်တော့စားစရာအဖြစ်ပဲရှိနေဆဲပါ။ဒီခုနှစ်မှာပဲအိမ်တော်တော်များများမှာငါးကန်တွေရှိနေပြီဖြစ်ပါတယ်။ထိုအိမ်များတွင်သားပေါက်ခဲ့ပါကဘယ်သူမှပြန်မပြောပြပဲလျှို့ဝှက်ချက်အနေနဲ့သာနေကြပါတယ်။သားဖောက်နည်းမပြောပြဘူးပေါ့ဗျာ စားခွက်လုမှာစိုးလို့ကိုး😁
သိုသော် ရွှေငါးသားဖောက်နည်းစာအုပ်ကိုတော့ 1596 မှာတော့တရုတ်နိုင်ငံမှဦးဆုံးရေးသားခဲ့ပြီးကမ္ဘာ့ပထမဆုံးငါးဖောက်နည်းစာအုပ်ဖြစ်ခဲ့ပါတယ်။1616 မှာတော့ရွှေငါးတွေဟာဂျပန်နိုင်ငံသို့ရာက်ရှိခဲ့ပြီးMaster Breeder များကမျိုးစိတ်သစ်များသားဖောက်အောင်မြင်ခဲ့ပါတယ်။Ranchu ကိုလဲဂျပန်နိုင်ငံကပဲစပြီးမျိုးစိတ်သစ်လုပ်နိုင်ခဲ့တာနော်။များမကြာမီအချိန်တွင်းအနောက်ဥရောပတစ်ခွင်လုံးသို့ပျံ့နှံသွားခဲ့ပြီးအလှငါးမွေးခြင်းဟာခေတ်စားလာခဲ့ပါတယ်။
ဓာတုဗေဒပညာရှင် Priestley နဲ့ သတ္တဗေဒပညာရှင် Johnson တို့ဟာအောက်စီဂျင်သဘောတရားကိုတွေ့ရှိခဲ့ပြီးထိုသဘောတရားကိုအခြေခံကာRobert Warrington ဆိုသူကကမ္ဘာ့ပထမဦးဆုံးCycle ငါးကန်ကိုတည်ဆောက်ခဲ့ပါတယ်။
သူတို့ရဲ့Cycle ကန်ကတော့ မှန်နဲ့ပြုလုပ်ထားတဲ့ကန်တစ်ကန်ထဲမှာ အလှငါးထည့်တယ် ခရုထည့်တယ် အပင်ထည့်တယ်။သဘောတရားကတော့ အပင်ကငါးအတွက်အောက်စီဂျင်ရမယ် ခရုကအပင်သေတွေစားပြီးဥဥမယ် အဲ့ဥကိုငါးကပြန်စားမယ်ဆိုပြီးCycle ကန်ကိုပြုလုပ်ခဲ့ပါတယ်။ထိုကန်ကအဲ့ခေတ်မှာအကောင်းဆုံးကန်စနစ်ကိုဖြစ်စေခဲ့ပါတယ်။
ထိုစိတ်ကူးကအခြေခံသဘောတရားဖြစ်ခဲ့ပြီး1950မှာတော့ အပင်ကန်စနစ်ကိုရေစစ်စနစ်မပါ အပူပေးစနစ်မပါပဲ စတီးကန်အတွင်းစမ်းသပ်ခဲ့ကြပါတယ်။ဒါပေမဲ့မအောင်မြင်ခဲ့ပါဘူး။
အလှမွေးငါးဆိုင်ရာစာအုပ်ကိုအကောင်းဆုံးရေးသားခဲ့တာကတော့ ဂျာမနီနိုင်ငံမှဖြစ်ပြီး 1856 မှာထွက်ခဲ့တဲ့ Sea in the Glass စာအုပ်ပဲဖြစ်ပါတယ်။1841 အစောပိုင်းကရေးသားခဲ့ပေမဲ့လဲယခုစာအုပ်လောက်ပြည့်စုံခြင်းမရှိခဲ့ပါဘူး။
ငါးကန်များကိုသာတီထွင်ကြံဆကြပေမဲ့ရေသန့်စင်စနစ်ကိုပြုလုပ်ရာမှာနှစ်များစွာကြာမြင့်ခဲ့တိုင်အပြီးသတ်ချပြနိုင်ခြင်းမရှိခဲ့ပါဘူး။ဒီထဲကမှတစ်ခုကတော့ ကျောက်စရစ်သုံးရေသန့်စနစ်ဖြစ်ပြီး1950မှာပဲမိတ်ဆက်ခဲ့ပါတယ်။1952 ခုနှစ်ထိတိုင်အလှငါးမွေးသူများဟာ အစာစို (တီကောင်/ ငါးသေးသေးလေးတွေ )ပဲကျွေးမွေးခဲ့ကြတာပါ။Dr.Baensch ကတော့အစာရှင်ကျွေးတဲ့စနစ်ကိုမကြိုက်တာကြောင့် အစာ​ခြောက်ဦးဆုံးတီထွင်သူဖြစ်ပါတယ်။ကဲ အစာခြောက်ရောင်းတဲ့သူတွေသိသင့်တယ်နော်😁
ထိုသို့ခေတ်အဆက်ဆက်ကြိုးစားလေ့လာမှုကြောင့်ပဲယနေ့ခေတ်အလှမွေးငါးဝါသနာရှင်တွေဟာလွယ်လင့်တကူလေ့လာသိရှိမွေးမြူနိုင်ပြီပဲဖြစ်ပါတယ်။သားဖောက်သမားများ ပြုစုပျိုးထောင်သူများ တင်သွင်းရောင်းချသူများဖြင့်ယနေ့ခေတ်ငါးလောကဟာဝါသနာရှင်တို့အတွက်အခွင့်အလန်းများစွာပေါ်ပေါက်နေပြီး နောက်နောင်လဲယခုထက်ပိုမိုကောင်းမွန်သောဝါသနာရှင်တို့အတွက်ရွေးချယ်မှုများပေါ်ပေါက်လာမည်ဖြစ်ပါကြောင်းရေးသားတင်ဆက်လိုက်ရပါတယ်။
Ref from Wikipedia
Translate by Zaw Zaw Aung
29.10.2019

ထိုင်းက ဆျာတစ်ယောက်ဆီက Save ထားတာ သူတို့ဆီ ငါးဈေး မိုးထောင်နေတာ မပြောနဲ့သေသေချာချာကို အသေးစိပ်မှတ်တမ်းတင်ထားတာ !မျိုးတန...
05/08/2019

ထိုင်းက ဆျာတစ်ယောက်ဆီက Save ထားတာ
သူတို့ဆီ ငါးဈေး မိုးထောင်နေတာ မပြောနဲ့
သေသေချာချာကို အသေးစိပ်မှတ်တမ်းတင်ထားတာ !

မျိုးတန်းတွေက မကျပဲ လှသထက်လှဖို့
အသစ်အသစ်တွေရဖို့ စာတမ်း ( သို့ ) အချက်အလက်တွေကို
သေချာပြုစုထားဖို့လိုပါတယ် ။

ခုကျွန်တော် တင်ပြပေးမှာက
Flowerhorn ငါး Body ပေါ်က Pearl Pattern ပုံစံ ၆ မျိုး

Thaisilk လို မွေးကတည်းက
အပြည့်ပိတ်တွေကတော့ " ပုလဲ " Pattern Line
တွေမပါတော့ဘူး !

ပထမဆုံး

( ပြောင်းဖူးစေ့ ပုံစံ ပုလဲ )

အများအားဖြင့် Golden Monkey ( KML )
စစ်စစ်နဲ့ VJ က ကျတဲ့ F1 Gens အမ
တစ်ကောင်နဲ့ပေါင်းစပ်မှုကနေရတာ များတယ် ! ရှားပါတယ် ။
ပြောင်းဖူးစေ့လေးတွေစီထားသလို ညီညာပါတယ် ။

Pattern ( သွေးနှော ပုံစံ ပုလဲ )

အများအားဖြင့် KML Strain မငြိမ်တဲ့ကောင်တွေ
ဒါမှမဟုတ် KML + ZZ က ကျတဲ့ ကောင် ( ဖောက်ထီး )
အနီရောင် Fader ကောင်တွေပေါင်းစပ်မှုကနေ
အများအပြားရရှိတယ်။
ပုလဲ ကြိုးတွေ တစ်ပြင်လုံး မပြည့်ပဲ မထင်းတထင်း ( သို့ ) တစ်ဝက်

Pearls ( အစက်အပြောက်အကြီး ပုံစံ ပုလဲ )

ပုံစံက Corn Pattern နဲ့ ပါးပါး တူပေမဲ့
သူတို့က မညီညာဘူး !
အများအားဖြင့် Texas တွေနဲ့
Hybrid အဆင့်ကောင်တွေမှာ ပိုတွေ့ရတယ် ။
BigDot ကောင်တွေရဲ့ Body က သေးသွယ်ပြီး Texas Strain ကို အဆင့်မြင့် Cichlid နဲ့ Hybrid လုပ်မှ
ကြိမ်းသေ ကာလာတွေပေါင်းပြီး Body သွယ်သွယ်နဲ့မူလ
Texas တွေထက် ကာလာကွဲပြီး လှနေမှာပါ ။

Pattern ( ဇာ ကွက် ပုံစံ ပုလဲ )

Corn Pattern လို ပုလဲကိုမှ ပြန့်သွား / ကျဲသွား / ကွဲသွားတဲ့ပုံစံပါ ။
အများအားဖြင့် ပုလဲလိုင်းနဲ့ Cross ထားတဲ့ Fader တွေ ထဲက
ပုလဲ ပါတဲ့ကောင်တွေ ပုံစံပါ ။

မသိမသာဆို ပုလဲ မဟုတ်သလိုပဲ !

Pattern ( ဦးနှောက်ပုံစံ ပုလဲ )

လူတွေရဲ့ဦးနှောက်ပုံစံ လို့တင်စားရလောက်အောင်ကို
ရေလည် ကကြိုးယှက်နေတဲ့ ပုလဲကွက်တွေပါ ။

Indo Malau လိုကောင်တွေကို Fader လိုင်းတွေနဲ့ စပ်လိုက်ရင်
ကာလာကော ပုလဲကော လှပသေသပ်တဲ့
ကောင်တွေထွက်လာတတ်ပါတယ် ။

တချို့ အုပ်ထဲက ဂေါင်ငါး King တွေဆို အမှီးကြောင်းတွေ နှာ နှုတ်
မျက်ခမ်းထိကို ပုလဲကြောင်းဝင်ပြီး လှနေတာပါ ။

ပုလဲ ပိတ်မသွားပဲ Brainline သီးသန့်က ပိုလှပါတယ် ။
ပိတ်ရင် မလှတော့ပါဘူး !



ဒီလိုကောင်တွေကတော့ ရှားပါတယ် !
Texas လိုကောင်တွေက မျိုးထပ်ဆင်းပြီး
Hybrid အဆင့်ရောက်မှ ရနိုင်တာပါ ။
Big Dot ကောင်တွေလို
ဘော်ဒီ မသေးသွယ်ပဲ ဘော်ဒီ တုတ်တုတ်
ပုလဲကွက်သေးသေးနဲ့ကောင်တွေပါ ။

Crd #ကိုကိုကျော်ထက်လင်း

17/06/2019

ကျွန်တော့ငါးလေးတွေဆေးကုတဲ့အခါ သုံးတဲ့ဆေး တချို့အကြောင်းပြောပြချင်ပါတယ်။ဆေးပညာနဲ့ပါတ်သက်ပြီးဘာမှ့တော့ မတတ်ပါ။အလှ့မွေးငါး မွေးလာတဲ့ ကာလ တလျှေက် လုပ်ခဲ့ သိခဲ့တာတွေကို အကူအညီရလိုရငြား ပြောပြတာပါ။မသိသေးတဲ့သူတွေ တော့အထောက်အကူရနိုင်ပါတယ်။
ငါးလေးတွေ နေမကောင်းတဲ့အခါ ဆေးစိမ်ပြီးကု့ဖို့ ဓာတုဗေဒ အမုံ့ တချို့ နဲ့ အရည်တွေကိုဖျော်ပြီးစိမ်တာပါ။စိမ်ဖို့အတွက်သတ်မှတ်ထားတဲ့ဖျော်ရည် (stock solution) ကိုဖျော်ပြီးစိမ်မဲ့ ရေပမာဏကိုတွက်ပြီး စိမ်ကြတာပါ။ကျွန်တော်တော့ ဆေးစိမ်လာတာများလွန်းတော့ အခု့ဆို အလွယ်ဘဲဖျော်ပြီးစိမ်ဖြစ်တော့ပါတယ်။
ကျွန်တော် formalin (ဖော်မလင်) နဲ့ malachite green (မာလခိုက်ဂရင်း) သုံးပုံ ပြောပြချင်ပါတယ်။

***ဖော်မလင်ကိုဝယ်လာပြီးရင် အလင်းရောင် နဲပြီး အပူချိန်နဲတဲ့နေရာမှာသိမ်းထားရပါမယ်၊သူကအမှီးပုတ်၊နဲ့ပါးဟတ်နာရောဂါတွေ ကုသရာမှာသုံးပါတယ်။အသုံးပြု့တဲ့အခါရေရဲ့အပူချိန်ဟာ ၁၈°C ထက်မနည်းရပါဘူး၊ငါးရဲ့အရေပြားပေါ်မှာ ချွဲကပ်တဲ့အခါ ဖော်မလင်ဟာအရမ်းအသုံးဝင်ပါတယ်
stock solution--ဖော်မလင် (၁) ဆ ရေ (၉၉) ဆနဲ့ ရောထားရပါမယ်။
ကာကွယ်ဖို့ ကုသဖို့ လိုတဲ့အခါ ၂၀၀ ppm (200 :1000000) ဖျော်ရည် အဆ ၂၀၀ ကို ရေ ထုထည်ဆယ်သိန်း နဲ့ ရောပြီးငါးလေးတွေကို မိနစ် ၃၀ လောက်စိမ်နိုင်ပါတယ်။
(သို့) ၁၀ ppm (10:1000000) ဖျော်ရည် ၁၀ ဆ ရေထုထည် တသန်း နဲ့ ရောပြီး တရက်စိမ်ပေးရပါမယ်။
(သို့)ရေ ၄•၅၅ လီတာ ကိုstock solution 10 cu cm(cubic centimetres) နဲ့ ဖျော်ပြီး ငါး ကိုမိနစ်၃၀ လောက်စိမ်ပေးရပါမယ် (ရေတလီတာမှာ ၁၀၀၀ ကုဗ စင်တီမီတာ )။
ကျွန်တော်က ဖော်မလင်ကို ၃၀ မိနစ်သာ airpump မပြတ်ပေးပြီး စိမ် ပါတယ်။

***မာလခိုက်ဂရင်း ကဆိုးဆေးပါ။အရောင်တလက်လက်နဲ့အစိမ်းရောင်အမုံ့ အခဲလေးတွေပါ။မှို ရောဂါအတွက်အသုံးဝင်ပါတယ် တချို့ကငါးဥတွေ မှို မတက်အောင် ခနလေးစိမ်ပါတယ်။
stock solution--မာလခိုက် 1gm(ဂရမ်)ကို ရေသန့်(ပေါင်းခံရေ) ၄၅၀ ကုဗစင်တီမီတာနဲ့ ဖျော်ပါ။
ကာကွယ်ကုသရန်--ရေ ၄•၅ လီတာမှာ ဖျော်ရည် ၅ cu.cm ထည့်ပြီး ၁၀ မိနစ်ခန့်စိမ်ပါ။
မာလခိုက်ဂရင်းတာရှည်စိမ်ပါက အမှီးအတောင်များရိကျပြီး ချွဲ ကုန် ပြီးသေပါတယ်။

***နောက်ပိုင်းမှာ ဖော်မလင်နဲ့ မာလခိုက်ဂရင်းကို ရောပြီးကုသမူ့ပြု့လာကြပါတယ် အဖြူစက်ရောဂါ ချွဲရောဂါတို့မှာအသုံးများလာပါတယ်။
မာလခိုက် ၁.၄ gm ကို ဖော်မလင် ၃၈၀ cc နဲ့ရောပြီးဖျော်ပါတယ်။
ကာကွယ်အသုံးပြု့ပုံမှာ ရေ ၃.၈ လီတာမှာ ဖျော်ရည် ၂ စက် ထည့်ပြီးတရက်စိမ်ပါတယ်။
ဒမှ့မဟုတ် ရေ ၃.၈ လီတာမှာ ဖျော်ရေအစက် ၂၀ ထည့်ပြီး မိနစ်၂၀ လောက်စိမ်ရပါမယ်။
ကျေးဇူးတင်ပါတယ် ခနနားပါအုံးမယ်

copy

နောက်ထပ် အိမ်မွေး တရိစ္ဆာန်မွေးဖို့ ရှာနေပါသလား..? ဒီ ကိစ္စအတွက်ဆို  မွေးမြူရလွယ်ကူပြီး အများတကာလည်း အမွေးများတဲ့ ဒေါင်းငါ...
15/06/2019

နောက်ထပ် အိမ်မွေး တရိစ္ဆာန်မွေးဖို့ ရှာနေပါသလား..? ဒီ ကိစ္စအတွက်ဆို မွေးမြူရလွယ်ကူပြီး အများတကာလည်း အမွေးများတဲ့ ဒေါင်းငါးတွေရှိပါတယ်။

အမှန်က.. ဒေါင်းငါးတွေက တကယ့် အိမ်မွေးတရိစ္ဆာန်တွေပါ ပြီးတော့ အတွေ့အကြုံရှိတဲ့ ငါးရှင်နဲ့ ငါးစမွေးမည့် ဝါသနာရှင် နှစ်ဦးစလုံးရဲ့ ကန်တွေထဲကို ထပ်ထည့်ဖို့ အကောင်းဆုံးဟာ ဒေါင်းငါးပါ လို့.. အဏ္ဏဝါ ဇီဝ ပညာရှင်တစ်ဦးအဖြစ်အမှုထမ်းဖူးတဲ့ ငါး အကြောင်း ကျွမ်းကျင်ပြီး အနှစ် ၂၀ ကျော် အတွေ့အကြုံရှိသူ Sam Williamson က ဆိုပါတယ်။

ဒေါင်း ငါးတွေ မွေးမြူတာနဲ့ ပတ်သတ်ပြီး အလွန်နားလည်မှုလွဲနေကြတဲ့ ကိစ္စတွေရှိပါတယ်.. လို့ Sam ကဆိုပါတယ်။ ပြီးတော့ မွေးမြူဖို့ ရွေးခြယ်စရာ ကွဲပြားတဲ့ ငါးမျိုးများစွာရှိတဲ့အနက်က ပြင်းစရာကောင်းပြီး သာမန်အဆင့်လောက်အဖြစ်ပဲ ဆိုတာမျိုးကနေ ဒေါင်းငါးတွေကို ဖယ်ထားလိုက်ပါလို့လည်း ဆိုပါတယ်။

အခု ဒီမှာတော့ ဒေါင်းငါးနဲ့ ပတ်သတ်ပြီး ကျုပ်တို့ နှစ်သက်တဲ့ အချက် တချို့ကို ဖော်ပြပါ့မယ်.. ဝါသနာတူ ညီကိုတို့ ။

#1 Guppy ဆိုတာက အဖျားစွတ် မည့်ထားတဲ့ နာမည်တူ တစ်ခုဖြစ်ခြင်း

သုတေသနနဲ့ ဘူမိပညာရှင်တစ်ဦးဖြစ်သူ Robert John Lechmere Guppy ရဲ့ အမည်က Guppy ဆိုတဲ့ စာလုံးကိုယူပြီး Guppy ဆိုတဲ့ နာမည်မှည့်ထားတာပါ။ ၁၈၆၆ ခုနှစ် Trinidad မှာ ဒေါင်းငါးတွေကို တွေ့ရှိခဲ့ကြောင်း National Institute of Higher Education, Research, Science and Technology မှာ ဖော်ပြထားပါတယ်။ Guppy ထက်အရင် W.C.H Peters က Berlin မှာ ဦးစွာရှာတွေ့ခဲ့ပါတယ်။ ဒီနေရာမှာတော့ ဒီအချက်ကို ခဏချန်ထားလိုက်ပါမယ်။

#2 ဒေါင်းငါးတွေရဲ့ ချစ်စနိုးအမည်ရှိခြင်း

ဒေါင်းငါးတွေကို Million fish နဲ့ Rainbow fish ဆိုပြီး ချစ်စနိုးစနဲ့ခေါ်တဲ့ နာမည်ပြောင် နှစ်ခု ရှိကြောင်း Williamson က ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့... ဒေါင်းငါးတွေ မျိုးပွားနှုန်းက အင်မတန်မြင့်တာကြောင့် Million fish လို့ခေါ်ပါတယ်။ ဒေါင်းငါးမတစ်ကောင်ဟာ မကြာမကြာ သားပေါက်တတ်ပြီး တစ်လမှာ ပျှမ်းပျအားဖြင့် အကောင် ၅၀ ဝန်းကျင် သားပေါက်ဖွားပါတယ်။ နောက်ပြီး အရောင်အသွေးမျိုးစုံ ကျယ်ပြန့်စွာတွေ့ရတာကြောင့် Rainbow fish လို့ခေါ်ကြောင်း... သူကဆိုပါတယ်။

#3 ဒေါင်းငါးတွေက အပူပိုင်းဒေသရေမျိုးကို နှစ်သက်ခြင်း

ဒေါင်းငါးတွေက ရေချို မျိုးစိတ်ဖြစ်ပြီး တောင်အမေရိက အပူပိုင်းဒေသက မျိုးရင်း ငါး ဖြစ်ပါတယ်။
Amazon၊ Barbados၊ Brazil၊ Guyana၊ Trinidad နဲ့ Tobago၊ Venezuela ဒေသရှိ မြစ်များတလျောက်မှာ ဒေါင်းငါးမျိုးကွဲပေါင်း ၃၀၀ ကျော်ရှိပါတယ်။ ဒီရေမျိုးကို ခင်ဗျား ငါးကန်မှာ တုပဖို့ဆို အပူချိန် ၇၀ ဒီဂရီ ဖာရင်ဟိုက် ပါ.. ဒါပေမဲ့ ၇၆ ဒီဂရီ ဖာရင်ဟိုက် ဒေါင်းငါးအတွက် စံအပူချိန်ပါလို့ Williamson က ဆိုပါတယ်။ အဲဒီ အပူချိန်အတိုင်းထားချင်တယ်ဆို Heater ချိန်ပြီး သုံးလိုက်ရုံပါ။

#4 ဒေါင်းငါးတွေက မွေးမြူရလွယ်ခြင်း

တခြားငါးတွေနဲ့ ယှဉ်ရင် ဒေါင်းငါးတွေဟာ အစားအသောက် ကျွေးတာနဲ့ ပတ်သတ်လို့ အလုပ် မရှုပ်လှပါဘူး။ ဂရုတစိုက် မွေးမြူပါက ခန့်မှန်းချေ၊ သုံးနှစ်လောက် အသက်ရှင်ကြောင်း Williamson ကဆိုပါတယ်။ (မှတ်ချက်- ဒေါင်းငါး တစ်ကောင်ရဲ့ ပျမ်းပျ သက်တန်းက ၂ နှစ်ဝန်းကျင် ဖြစ်ကြောင်း သတိပြုပါ)။ ဒေါင်းငါးတွေ အတွက် ပုံမှန် အဟာရအစာထဲမှာ အာတီးမီးယား ပါဝင်ပါတယ်။ ရေညှိတွေကိုစားပေမဲ့ အာတီးမီးယားလောက်တော့ မနှစ်သက်ကြောင်း Williamson က ဆိုပါတယ်။

#5 ဒေါင်းငါးများ ဥ မဥခြင်း
လူတွေလိုပဲ့ ဒေါင်းငါးတွေက အကောင်ပေါက်တွေကို မွေးပါတယ်။ ဒေါင်းငါး သားပေါက်ချိန်ကို စောင့်ကြည့်ရတာလည်း သိပ်ကို သဘောကျစရာကောင်းကြောင်း၊ ပြီးတော့ ခင်ဗျားအနေနဲ့ သေသေချာချာ အနီးကပ်ကြည့်လို့ ရမယ်ဆို မွေးခါနီးဆဲဆဲမှာ ဒေါင်းငါးမရဲ့ မွေးလမ်းကြောင်းထဲမျာ ဒေါင်းငါးလေးတွေရဲ့ မျက်လုံးလေးတွေကိုတောင် မြင်နိုင်ကြောင်း Williamson က ဆိုပါတယ်။

#6 ဒေါင်းငါးတွေ သားပေါက်ကို စားခြင်း..
စောင့်ကြည့်ထားနော်

၎င်းတို့ရဲ့ နေရာ ပြည့်သိပ်ကြပ်လာမည်ကို တားဆီးဖို့ ဒေါင်းငါးတွေဟာ ငါးလေးတွေကို စားသောက်တတ်ကြောင်း Williamson က ဆိုပါတယ်။ အဲဒီအတွက် အကြံပြုချက်က သားပေါက်တွေကို သူတို့ရဲ့ မိဘတွေ ခွဲထားပါ။ ဒါပေမဲ့ ဒါက သူတို့ရဲ့ မိဘတွေကို အလွန် စိတ်ဖိစီးစေနိုင်တာကြောင့် အကောင်းဆုံးသော လုပ်ဆောင်ချက်တဲ့ မဟုတ်ကြောင်းနဲ့ အဲဒီအစား ငါးလေးတွေ ပုန်းအောင်းနိုင်မည့် အပင်နဲ့ ပစ္စည်းတွေထည့်ထားသင့် Williamson က ဆိုပါတယ်။

#7 ဒေါင်းငါးတို့သည် အရောင်နဲ့ ပုံစံ အမျိုးမျိုးရှိခြင်း

ဖော်ပြခဲ့တဲ့အတိုင်း.. ဒေါင်းငါးတွေဟာ အရောင်အသွေးစုံလင်လှပါတယ်။ ဒါပေမဲ့ ဒေါင်းငါးရှင်တွေအနေနဲ့ အရောင်ကွဲပြားတဲ့ ဒေါင်းငါးတွေကို စပ်ပေးခြင်းဖြင့် ဒေါင်းငါးမျိုးဆက်မှာ တမူထူးကဲတဲ့ ကိုယ်ပိုင်အရောင် ရရှိလာမှာဖြစ်ကြောင်း ဒီအပြင် flag၊ veil၊ lace၊ double sword အစရှိတဲ့ အမြီးပုံစံ တွေကိုလည်း ဒေါင်းငါးရှင်တွေအနေနဲ့ ရွေးခြယ်နိုင်ကြောင်း Williamson က ဆိုပါတယ်။

#8 ငှက်ဖျားတိုက်ဖျက်ဖို့ ဒေါင်းငါးတွေကို အသုံးပြုခြင်း

ငှက်ဖျားရောဂါဖြစ်စေတဲ့ အရင်းအမြစ်ကို တိုက်ဖျက်ဖို့ အာရှတိုက်ရဲ့ ရေတွေထဲမှာ ဒေါင်းငါးတွေကို လွတ်လွတ်လပ်လပ် လွှတ်ပေးထားပါတယ်။ ၂၀၁၄ ခုနှစ်မှာ အိန္ဒိယတောင်ပိုင်း မြို့တော်တစ်ခုမှာ 'guppy movement' လှုပ်ရှားမှုဖြင့် ငှက်ဖျားရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ဖို့ ခြင်လောက်လမ်းတွေကို စားတဲ့ ငါးတွေကို အသုံးပြုပြီးနှိမ်နင်းခဲ့ပါတယ်။

မှတ်ချက်-
ဒေါင်းငါးကို ငှက်ဖျား၊ တုပ်ကွေး အစရှိသော အဖျားရောဂါ တိုက်ဖျက်ရေးအတွက်သာမက ကမ္ဘာတဝမ်းက ကိုယ်ဝန်ဆောင်သည်တွေကို နှလုံးစိတ်ဝမ်း မငြိမ်းချမ်းစေခဲ့တဲ့ Zika(ဇီကာ သို့မဟုတ် ဉာဏ်ရည်မဖွံ့ဖြိုးသော ကလေးငယ်များမွေးဖွားခြင်း)အတွက်ပါ အသုံးပြုခဲ့ကြသည့် လှုပ်ရှားမှုများကို နောက်ဆက်တွဲလေ့လာရန်

1. ငှက်ဖျား တိုက်ဖျက်ရေး
World Malaria Day: India fights mosquitoes with guppy fish project

https://www.techtimes.com/articles/6107/20140425/world-malaria-day-india-fights-mosquitoes-with-guppy-fish-project.htm

2. တုပ်ကွေး တိုက်ဖျက်ရေး
Guppy fish an effective dengue mosquito control method

https://www.thedailystar.net/environment/guppy-fish-effective-dengue-mosquito-control-method-1597672

3. ဇီကာ တိုက်ဖျက်ရေး
The Guppy Project to Help Stop Zika

https://www.thesprucepets.com/guppy-project-3872369

အထက်ပါ ဖော်ပြချက်များထဲမှာ လွဲတာ ဖယ်တာများ ပါခဲ့သည်ကို သတိပြုမိပါက ဖော်ပြပေးပါ ပြန်လည်ပြင်ဆင်ပေးပါ့မည်။

မူရင်းရေးသားသူ
Tun Lin Aung

14/12/2018

Address

၃၈လမ်း၉၁fလမ်း တာရိုးနားနီးပါတယ် ၀၉၉၇၈၀၅၂၉၈၄
Mandalay

Website

Alerts

Be the first to know and let us send you an email when မႏၲေလးအလွေမြးငါးခ်စ္သူမ်ား GROUP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share