Cele Planet

Cele Planet Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cele Planet, Media/News Company, .

ဒူးမထောက်ချင်တဲ့ ဗီဇက လွဲရင်သန္ဓေ ယုတ်ညံ့ဖို့တော့ ဆန္ဒ မရှိဘူး ဝမ်းတွင်းလည်း မပုပ် တတ်သလိုစိတ်တွင်းလည်း မယုတ် တတ်ဘူး ခြေ...
21/04/2024

ဒူးမထောက်ချင်တဲ့ ဗီဇက လွဲရင်
သန္ဓေ ယုတ်ညံ့ဖို့တော့ ဆန္ဒ မရှိဘူး

ဝမ်းတွင်းလည်း မပုပ် တတ်သလို
စိတ်တွင်းလည်း မယုတ် တတ်ဘူး

ခြောက်ပြစ်ကင်းသဲလဲစင် ပါလို့လည်း
ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်အဖြစ်မခံဘူး

အမှားတစ်ရာလည်း ရှိချင် ရှိမယ်
တရားတာလည်း ရှိချင် ရှိမယ်
အမှား/အမှန်မှာ တရားသံတော့ နားစွင့်ခဲ့ပါတယ်

လက်သီးပဲ ဆုပ်ဆုပ်
လက်အုပ်ပဲ ချီချီ
ဉာဏ်များဖို့တော့ စိတ်ထား မသေးသိမ်ဘူး

ဤလောက မြေပေါ်ဝယ်
လက်သီး သန့်သန့် ၊ လက်အုပ် သန့်သန့်
လိုအပ် ပါတယ် ။


#ခွန်ဟိဏ်း-yesagyo

အသက်တွေ ကြီးလာပေမယ့် အချစ်တွေကြောင့် အမြဲနုပျိုနေတဲ့ မင်းသားကြီး မင်းဦး❤😍Cele Planet
17/04/2024

အသက်တွေ ကြီးလာပေမယ့် အချစ်တွေကြောင့် အမြဲနုပျိုနေတဲ့ မင်းသားကြီး မင်းဦး❤😍

Cele Planet

မြန်မာသက္ကရာဇ် ၁၃၈၅-၈၆ ခုနှစ်၏ နှစ်သစ်ကူး သင်္ကြန်အခါသမယလေးမှာစိတ်၏ချမ်းသာခြင်း |ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။Apr...
13/04/2024

မြန်မာသက္ကရာဇ် ၁၃၈၅-၈၆ ခုနှစ်၏
နှစ်သစ်ကူး သင်္ကြန်အခါသမယလေးမှာ
စိတ်၏ချမ်းသာခြင်း |
ကိုယ်၏ကျန်းမာခြင်းနဲ့
ပြည့်စုံကြပါစေ။

April 13(သင်္ကြန်အကြိုနေ့)

"မော်ဒယ်နဲ့ မင်းသမီး(၉) ယောက်ကို မူစကူဒူးခဲ့ပေမဲ့ ဝိုင်းစုကိုအချစ်ဆုံးပါဆိုတဲ့ အောင်လ"
11/04/2024

"မော်ဒယ်နဲ့ မင်းသမီး(၉) ယောက်ကို မူစကူဒူးခဲ့ပေမဲ့ ဝိုင်းစုကိုအချစ်ဆုံးပါဆိုတဲ့ အောင်လ"

ငါတို့ ဖွေးက အသက်ကြီးလေ လှလာလေပဲနော်...❤️❤️
11/04/2024

ငါတို့ ဖွေးက အသက်ကြီးလေ လှလာလေပဲနော်...❤️❤️

ဆရာငှက်က ဗလတော့ တောင့်သားဗျ🕊️💪ထူးအိမ်သင်ရဲ့ မျက်မှန်မပါတဲ့ ရှားပါးပုံလေး🌹❤️
11/04/2024

ဆရာငှက်က ဗလတော့ တောင့်သားဗျ🕊️💪
ထူးအိမ်သင်ရဲ့ မျက်မှန်မပါတဲ့ ရှားပါးပုံလေး🌹❤️

ငါ့ကိုယ်ငါ လူပေါင်းမှားပြီထင်နေတာအမေစုက ပိုဆိုးနေတယ်...
11/04/2024

ငါ့ကိုယ်ငါ လူပေါင်းမှားပြီထင်နေတာ
အမေစုက ပိုဆိုးနေတယ်...

ဆီဆိုင်ပိုင်ရှင်လေးရှာတွေ့ပီ 🥰...ချစ်ရင် အသည်းလေးတွေပေးသွားနော် Cele Planet ❤️❤️
10/04/2024

ဆီဆိုင်ပိုင်ရှင်လေးရှာတွေ့ပီ 🥰...

ချစ်ရင် အသည်းလေးတွေပေးသွားနော် Cele Planet ❤️❤️

ပေါပေါပဲပဲနဲ့ Barတွေ Club တွေမှာ ဖျော်ဖြေနေရတဲ့ အနုပညာရှင်တွေဆိုတဲ့ဟာတွေကိုအားပေးမဲ့အစားပြည်သူတွေကို တန်ဖိုးထားတဲ့ တန်ဖိ...
10/04/2024

ပေါပေါပဲပဲနဲ့ Barတွေ Club တွေမှာ ဖျော်ဖြေနေရတဲ့
အနုပညာရှင်တွေဆိုတဲ့ဟာတွေကိုအားပေးမဲ့အစား

ပြည်သူတွေကို တန်ဖိုးထားတဲ့ တန်ဖိုးရှိတဲ့ အနုပညာရှင်တွေကို တန်ဖိုးရှိရှိအားပေးကြရအောင် ❤️❤️❤️❤️

Cele Planet 👈🏼 like, follow & share for daily updates 🥰

(တစ်ချိန်ချိန် အသုံးဝင်လာမှာပါ /သင့်ဖုန်းထဲမှာ သိမ်းထားပါ)◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️၁။ ဆားအခတ်များသွားလျှင် အာလူးအလု...
28/11/2023

(တစ်ချိန်ချိန် အသုံးဝင်လာမှာပါ /သင့်ဖုန်းထဲမှာ သိမ်းထားပါ)
◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️

၁။ ဆားအခတ်များသွားလျှင် အာလူးအလုံးလိုက် (၂/၄)လုံးထည့်ပါ။

၂။ ပဲပြုတ်သည့်အခါ စားချင်သဖွယ်....အိအိဖောင်းဖောင်း စိမ့်စိမ့်လေးဖြစ်အောင် ရေလဲပြီးသောအခါ ရေအနည်ငယ် ထည့်၍ ထန်းလျက်(၂)လုံးခန့် ထည့်ထားလိုက်ပါ။

၃။ ကန်စွန်းရွက်ကို အစိမ်းရောင်လေး အတိုင်းပဲ စားချင်သဖွယ်ဖြစ်လိုပါက အဖုံးမအုပ်ပဲ ကြော်ပါ။

၄။ ဒန်အိုးဒန်ခွက်များ ပြောင်စင်လိုပါက ဂေါ်ဖီထုတ်မှ အရွက်ကြမ်းဖြင့် ပွတ်တိုက်ပါ။

၅။ လက်ဘက်ရည်အိုး၊ခွက်၊ အစွန်း အထေးများပြောင်စင်လိုပါကဆော်ဒါ(သို့မဟုတ်-လက်ချားအမှုန့်)ထည့်ပြီး ညသိပ်ထားပါ။

၆။ အိမ်သာကြွေခွက်,ကျောက်ပြားများ သန့်ရှင်းလိုပါက လက်ချားမှုန့်နှင့်ရှောက်ရည် ရောစပ်ပြီး ပွတ်တိုက်ပါ။

၇။ ယင်ပေါလျှင် ဖယောင်းတိုင် (၂)တိုင် ထွန်းပါ။

၈။ အင်္ကျီကော်လံမှ ဆီချေးများကို ရှန်ပူခေါင်းလျှော်ရည်ဖြင့်ပွတ်တိုက်လျှော်ပါ။

၉။ ပုရွက်ဆိတ်မလာလိုသော်ကန့်မှုတ်ကို နည်းနည်းဖြူးပေးပါ။

၁၀။ ဟင်းရဲ့အနံ့အသက် လက်မှာစွဲ နေလျှင်မာလကာရွက်နဲ့ ပွတ်တိုက်ပေးပါ။

၁၁။ အာလူးနွမ်းပြီး မလတ်ဆတ်သော် မှန်ရောင်သကြားအနည်းငယ် ထည့်ပြီး ပြုတ်ပါ လတ်ဆတ် တဲ့အာလူပြုတ်လိုပဲ အရသာကောင်းပါလိမ့်မည်။

၁၂။ ဟင်းချိုလိုသော်..ဘူးသီးခြောက်ခတ်ပြီးသောက်ရင်ချိုပါသည်။

၁၃။ မီးပူလောင်သော်ကွမ်းရွက်နဲ့သကြားကို ရောကြိတ်ပြီးအုံပါ။

၁၄။ အဝတ်မှင်စွန်းသော်...ရေနံဆီသန့်သန့် အစက်ချဆွတ်ပြီးဆပ်ပြာနဲ့ လျှော်ဖွတ်ပါ။

၁၅။ ကြမ်းပိုးရှိသော်.....ရေနံဆီနဲ့ မကြာမကြာကြမ်းတိုက်ပါ။

၁၆။ ခံတွင်းနံ့မကောင်းသော်...သွားပွတ်တံမှာ ပရုတ်ရည် တစ်စက်နှစ်စက်ထည့်ပြီးသွားတိုက်ပါ။(သို့မဟုတ်)ပရုတ်မှုန့်ထည့့်ပြီးသွားတိုက်ပါ။

၁၇။ ဟင်းများဆားငန်သော်...မီးခဲရဲရဲ တစ်ခဲထည့်ပါ။(၂)မိနစ်ခန့်ကြာ၌ပြန်ထုတ်ယူပါ။

၁၈။ ကွမ်းသွေးစွန်းသော်....ခရမ်းချဉ်သီးပွတ်တိုက်ပေးပြီးလျှော်ပါ။

၁၉။ နွားနို့မချဉ်အောင်ထားလိုသော်နွားနို့ထဲသို့ ငရုတ်သီးစိမ်း(၃)တောက် အညှာဖြုတ်ပြီးထည့်ထားပါ။

၂၀။ ပရွတ်ဆိတ်များမလာလိုသော် သခွားသီးအားပါးပါးလှီးပြီးချထားပါ။

၂၁။ ဖန်ဖွက်ထဲ ရေနွေးပူပူထည့်လိုသော် ဇွန်းတစ်ချောင်းကို ဖန်ခွက်ထဲ အရင်ထည့်ပြီး ရေနွေးပူပူ ဖြေးဖြေးထည့်ပါ။

၂၂။ သံချေးစွန်းသော် အကြမ်းပန်းကန်တစ်လုံးခန့် ဆန်ပြုတ်၍ စွန်းသောအဝတ်ကို (၅)နာရီခန့် စိမ်ပြီး ဆပ်ပြာဖြင့် ဖွတ်လျှော်ပါ။

၂၃။ ကြွက်များပြေးလိုသော် ရှိန်းခိုကိုရေဖျော်၍ ကြွက်လာ လမ်းတွင်ဖျန်းထားပါ။

၂၄။ ခေါင်းတစ်ခြမ်းကိုက်သော် ထောပတ်အနည်းငယ် ရှုပါ။

၂၅။ ဒူးရင်းသီးတောက်သော် ဒူးရင်းသီးအခွံထဲရေထည့်၍ သောက်ပါ။ရေဝအောင်ချိုး၊မင်းကွတ်သီးစားပေးခြင်း တို့ဖြင့် ပျောက်ကင်းပါသည်။

၂၆။ ပိုးဟပ်ပြေးလိုသော် လေးညှင်းပွင့်များထောင်း၍ ဖြူးထားပါ။

၂၇။ မှိုနှင့်တညင်းသီးတောက်သော် တောက်တာဥကို ဆန်ဆေးရည်နှင့်သွေး၍ သောက်ပါ။

၂၈။ သံပုရာသီး ကြာရှည်ထားလိုသော်ပုလင်းသန့်သန့်ဖြင့် လေလုံအောင်ထားပါ။

၂၉။ ခေါင်းကိုက်သော်လက်ဘက်ရည်ကျကျကျိုပြီးသားထဲသံပုရာရည်ညှစ်ပြီးသောက်ပါ။

၃၀။ မျက်နှာလှပလိုသော် မျက်နှာမသက်မှီ သံပုရာသီးကို ထက်ခြမ်းခွဲ၍ မျက်နှာပွတ်ပေးပြီး ရေနွေးနွေးဖြင့် ဆေးပါ အဖုအပိမ့်ကင်းစင်ပြီး ချောမွေ့စေမည်။

၃၁။ ခရီးသွား ကားမူးသော် ချက်ကို ပလာစတာလုံအောင်အုပ် ကပ်ပြီးခရီးသွား ကားမမူးပါ။

၃၂။ ဆီးချိုရောဂါ အမြစ်ပြတ်လိုသော်ဆလတ်ရွက်ကို နေ့စဉ်ထမင်းစား တိုင်းတို့စရာအဖြစ်စားပါ။

၃၃။ ရှောက်ပင်အသီးတင်လိုသော် ပင်စည်ကို အမဲရိုးများနဲ့ ကြပ်စည်းပေးပါ။

၃၄။ ဒူးနာသော် ဘဲဥအကာလိမ်းပါ။

၃၅။ အနံ့ဆိုးကင်းလိုသော် အိမ်သာ(သို့မဟုတ်) ငါးပိ,ငါးခြောက်ထားရာ လူမမာရှိရာအိမ်၏ မီဖိုချောင်ထဲမှာ ကျောက်ဖရုံသီးကို အပ်များဖြင့် အပေါက်ဖောက်၍ ချိတ်ဆွဲထားပါ။ကျောက်ဖရုံသီးကား ညှော်နံ့နှင့် အနံ့ဆိုးများကို စုပ်ယူသည်။

Share ခဲ့ပီးကုသိုလ်ယူနိုင်ပါတယ်❤️

မမ ချောရတနာကတော့ ကလေး ၂ ယောက်အမေလို့ မထင်လောက်အောင် မိမိုက်နေတာပဲ
27/11/2023

မမ ချောရတနာကတော့ ကလေး ၂ ယောက်အမေလို့ မထင်လောက်အောင် မိမိုက်နေတာပဲ

ဗီယက်နမ်က ကျောင်းဆရာမလေးအိမ်အပြန် ချောင်းရေကျချိန်ရပ်ရွာက ကူညီ လိုက်ပို့ပေးတာကျေးလက်တောရွာရဲ့ ပညာရေးကို အလေးထားမှု တစ်ခု...
14/09/2023

ဗီယက်နမ်က ကျောင်းဆရာမလေး
အိမ်အပြန် ချောင်းရေကျချိန်
ရပ်ရွာက ကူညီ လိုက်ပို့ပေးတာ

ကျေးလက်တောရွာရဲ့ ပညာရေးကို
အလေးထားမှု တစ်ခုပေါ့ ။

Credit to rightful owner | Cele Planet

မြန်မာမလေးတွေလှရင် ဘယ်သူမှလိုက်မမှီဘူး ❤️
13/09/2023

မြန်မာမလေးတွေလှရင် ဘယ်သူမှလိုက်မမှီဘူး ❤️

ဟူးးးးးးးး 😵😵  ရှင်သန်နေရတဲ့ဘဝတွေများးး     ဘယ်လောက်ပဲ ခက်ခဲပါစေ...         ရအောင် ရှင်သန်မယ် 💪 💪             တရားသာအနို...
12/09/2023

ဟူးးးးးးးး 😵😵

ရှင်သန်နေရတဲ့ဘဝတွေများးး

ဘယ်လောက်ပဲ ခက်ခဲပါစေ...

ရအောင် ရှင်သန်မယ် 💪 💪

တရားသာအနိုင်ရပါစေ✅

Like and Share ❤️ Cele Planet

ပိုက်ဆံချမ်းသာတယ် ဒါမဲ့ တချို့စိတ်မချမ်းသာကြဘူး😔ပိုက်ဆံမချမ်းသာဘူး ဒါမဲ့ တချို့စိတ်ချမ်းသာတယ်,☺️အိမ်ထောင်ဦးစီးကောင်းရင်ဇ...
10/09/2023

ပိုက်ဆံချမ်းသာတယ်
ဒါမဲ့ တချို့စိတ်မချမ်းသာကြဘူး😔

ပိုက်ဆံမချမ်းသာဘူး
ဒါမဲ့ တချို့စိတ်ချမ်းသာတယ်,☺️

အိမ်ထောင်ဦးစီးကောင်းရင်
ဇနီးကဘုရင်မပဲ

လူချမ်းသာဖို့ထက်စိတ်ချမ်းသာအောင်ထားနိုင်တဲ့ကိုယ်ချင်းစားတရား
ရှိတဲ့ ခင်ပွန်းကောင်းပဲလိုအပ်တယ်

ကျမကလောဘမကြီးဘူး
လောဘကြီးသူဟာလောကမှာ
အပင်ပန်းဆုံးပဲ

မချမ်းသာရင်လဲနေပါစေ

စိတ်ချမ်းချမ်းသာသာနဲ့လူတန်းစေ့
နေနိုင်ရင်တော်ပါပြီ

ဘဝဟာစုန်တလှည့်ဆန်တလှည့်ပဲ
လောကမှာဘယ်အရာမှperfect မဖြစ်ပါဘူး

Cele Planet

မိဘကို မျက်ရည်ကျအောင် မလုပ်နဲ့****************************တကယ်တော့မိဘဆိုတာ…အချုပ်အနှောင် မဟုတ်ပါဘူး။မိဘဆိုတာ…အတားအဆီး မဟ...
08/09/2023

မိဘကို မျက်ရည်ကျအောင် မလုပ်နဲ့
****************************
တကယ်တော့
မိဘဆိုတာ…
အချုပ်အနှောင် မဟုတ်ပါဘူး။

မိဘဆိုတာ…
အတားအဆီး မဟုတ်ပါဘူး။

မိဘဆိုတာ…
သား သမီး ဒုက္ခရောက်မှာကို စိုးရိမ်လို့
သတိပေးစကား ဆိုသူ။

သတိပေးလို့ မရသည့်အဆုံး
မလုပ်နဲ့ဟု
တစ်ချက်လွှတ် အမိန့်ထုတ်ကာ
အမုန်းခံ လူကြမ်းလုပ်သူပါ။

မိဘတိုင်းမှာ
မျှော်လင့်ချက်တွေ ဘယ်လောက်ပဲ
ကြီးကြီး
အချိန်တန်ရင်
သူတို့ဟာ
လူ့လောက အဆောင်အယောင်တွေနဲ့
ကင်းကွာတဲ့၊
ထမင်း တစ်နေ့ နှစ်နပ်ထက် ပိုမစားတဲ့
အဖိုးကြီး
အဖွားကြီးတွေ ဖြစ်လာဦးမှာပါ။

အဲဒီလိုဖြစ်လာတဲ့ တစ်နေ့
သူတို့ သားသမီးတွေ
ပညာတတ် မဖြစ်မှာစိုးလို့၊

လူပုံအလယ်မှာ
လူတောမတိုးတဲ့သူတွေ ဖြစ်မှာစိုးလို့
ခုလို ပြောဆိုနေကြတာပါ။

လူငယ်သဘာဝ
အချစ်ရူး ရူးနေကြတဲ့ အချိန်
ကိုကို့ကို ချစ်တယ်။
သဲလေးကို ချစ်တယ် ဆိုပြီး
ချစ်သူမှ ချစ်သူုဖြစ်နေကြတယ်။

တစ်နေ့
ကိုယ် ဒုက္ခအကြီးအကျယ် ရောက်လို့
အကူအညီတောင်းတဲ့အခါ

အဲဒီ ကိုကိုတွေ၊
သဲလေးတွေ၊
သူငယ်ချင်းတွေက
“ငါ မတတ်နိုင်တဲ့ ကိစ္စမိုလို့ပါ
ကြားရတာ စိတ်မကောင်းပါဘူး” လို့
ပြောတဲ့အချိန်

မင်းမိဘကတော့…အဲဒီလိုစကားမျိုး
သေတောင် ထွက်မှာမဟုတ်ဘူး။

"ဒီကိစ္စတော့
အေဖ ကူညီလို့ မရဘူး သမီး
ကိုယ့်ဟာကိုယ် ကြည့်ရှင်း”

"ဒီလောက် ပိုက်ဆံတော့
အမေမတတ်နိုင်ဘူး သား..” လို့
မင်းဘယ်တော့မှ
ကြားရမှာ မဟုတ်ဘူး။

အိပ်ရာပေါ် လဲနေရင်တောင်
သမီးဖြစ်သူကို ကာကွယ်ဖို့အတွက်
အဖေဟာ
ငေါက်ခနဲ ထထိုင်၊
ဓားဆွဲကိုင်မယ့် သူ။

သားဖြစ်သူရဲ့ ပြဿနာအတွက်
အ မေ ဟာ
သူ့ကိုယ်ပေါ်က
လက်ဝတ်လက်စား ရောင်းကာ
ဖြည့်ဆည်းပေးမယ့်သူ။

Stage Show ပေးမသွားတာ
မင်းကို မချစ်တာ မဟုတ်ဘူး။

ပညာတတ်ကြီး ဖြစ်လာဖို့
စာလုပ်စေချင်တာ
မင်းကို မချစ်တာ မဟုတ်ဘူး။

ကျန်းမာရေး ချို့ယွင်းမှာစိုးလို့
ထမင်း အချိန်မှန်စား၊
အချိန်မှန် အိပ်ဖို့ ပြောတာ
မင်းကို မချစ်တာ မဟုတ်ဘူး။

အေး…ဒါတွေဟာ
ချုပ်နှောင်မှု တစ်ခုလို့ မင်းမြင်နေခဲ့ရင်

မင်းဘဝ ခရီးလမ်းကို
တစ်ယောက်တည်း လျှောက်လှမ်းနေချိန်
ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး
အိမ်ပြန်လာလို့
ချက်ထားတဲ့ ထမင်း၊ ဟင်း
အဆင်သင့် မရှိတဲ့အခါ…

သား…ထမင်းစားလေ
သမီး…ထမင်းစားလေ
ဘာဟင်းလေး ချက်ထားတယ်လို့
ပြောမယ့်
အမေ မရှိတော့တဲ့အခါ…

မင်း ရင်ထဲမှာ
ခါးခါးသီးသီး ဝမ်းနည်းရလိမ့်မယ်။

မလိုချင်ဘူးလို့ မပြောပါနဲ့၊
ဒီဘ၀
ဒီမိသားစုကို မရချင်ဘူးလို့ မပြောပါနဲ့။

တစ်နေ့
တကယ် ဆုံးရှုံးသွားတဲ့အချိန်ကျမှ
ယူကြုံးမရဖြစ်နေရင်
မင်းဟာ ခွေးထက် မိုက်တဲ့ကောင်
ဖြစ်သွားလိမ့်မယ်။

ရှိနေတုန်းမို့ပါ။

ပိုင်ဆိုင်နေရတုန်းအချိန်မို့
ဂရုစိုက်ခံနေရတုန်းမို့
တန်ဖိုး မထားတတ်သေးတာပါ။

မိဘနှစ်ယောက်ဟာ…
သား သမီး သုံး လေးယောက်ကို
ဘ၀တစ်လျှောက်စာ ပညာသင်ပေးရ
ထမင်းကျွေးရ
ဝတ်စားဆင်ယင်ပေးရ
လူပုံအလယ် အပေါင်းအသင်းကြား
မျက်နှာမငယ်ရအောင် ထားပေးရနဲ့
လွယ်ခဲ့ပါတယ်။

သူတို့
တစ်ချက် မညည်းညူခဲ့ကြဘူး။
သူတို့
စွန့်ပစ်ဖို့ မကြိုးစားခဲ့ကြဘူး။
သူတို့
အရှုံးမပေးခဲ့ကြဘူး။

မင်းသိပ်လိုချင်နေတဲ့
အချုပ်အနှောင်ကင်းတဲ့ ဘဝဆိုတာကို
လွန်ခဲ့တဲ့ နှစ်တွေကသာ
သူတို့ မင်းကို စွန့်ပစ်ထားခဲ့ရင်

ဒီကနေ့ မင်းဟာ
မိဘမဲ့ဆိုတဲ့
ခါးသီး နာကျင်စရာ နာမည်ကြီးကို
ရရှိနေမှာပါ။

မိဘကို
အပြစ်တင်မယ် ကြံတိုင်း၊
မိဘကို
မျက်ရည်တစ်စက်ကျအောင်
လုပ်မယ်ကြံတိုင်း၊
မိဘကို
ခွန်းကြီးခွန်းငယ် ပြန်ပြောမယ်ကြံတိုင်း
သေသေချာချာ ပြန်စဉ်းစားကြပါ။

တစ် ခု ခု ဆို
ငါ့သမီး၊ ငါ့သားထိ ဓားကြည့်ဆိုပြီး
ဘယ်အသက်အရွယ်ရောက်နေနေ
အိမ်ထောင်တစ်ခုရဲ့ အရှေ့မှာ
မားမားမတ်မတ်ရပ်နေတဲ့ ယောက်ျားဟာ
သမိုင်းဝင်သူရဲကောင်း မဟုတ်ဘူး။

သူ့မှာ စူပါပါဝါ မရှိဘူး။
သူ့မှာ ခုခံတိုက်ခိုက်နိုင်တဲ့ ကိုယ်ခံပညာ
ရှိချင်မှ ရှိလိမ့်မယ်။

ဒါပေမဲ့…
သူ့မှာ ခိုင်မာတဲ့အရာတစ်ခု ရှိတယ်။

အဲဒါ ငါ့သမီး၊
ငါ့သား၊
ငါ့မယား၊
ငါ့မိသားစုဆိုတဲ့ ချစ်ခြင်းမေတ္တာနဲ့
သံယောဇဉ်ပဲ။

အမေဆိုတာ မိန်းမသားပါ။
အားနွဲ့မယ်၊
ခံစားတတ်မယ်။
လူပဲလေ၊
super heroမှ မဟုတ်တာ။
ဘယ်လောက်ထိ ကြံ့ခိုင်နိုင်မှာတဲ့လဲ?

သူမ ဝမ်းနည်းတဲ့အချိန် ရှိမယ်။
သူမ အားငယ်တဲ့အချိန် ရှိမယ်။
သူမ ကြောက်ရွံ့တဲ့အချိန် ရှိမယ်။
သူမရင်ထဲက အပူအပင်တွေ ရှိမယ်။
ဒါပေမဲ့…
သူမရဲ့ ရင်ခွင်ဟာ
အံ့သြစရာကောင်းလောက်အောင်ကို
နွေးထွေးလုံခြုံမှု ပေးပါတယ်။

အ မေ ဆိုတာ…
ယောက်ျားနဲ့ သားသမီးတွေ စားဖို့
အရင်ဆုံး
ဦးစားပေးပြီးမှ ကျန်တာကို စားသူပါ။

အ မေ ဆိုတာ…
ငါ့သား…
မယားကောင်း ရမှ၊
ငါ့သမီး…
ယောက်ျားကောင်း ရမှ ဆိုတဲ့
ကမ္ဘာပေါ်မှာ
လောဘအကြီးဆုံး ယောက္ခမကြီးပါ။

ဒါတွေအားလုံးဟာ
သူမရဲ့ သား၊သမီးတွေ အတွက်ကြီးပါပဲ။

ကိုယ်တို့ လူငယ်တွေဘဝမှာ
ချစ်သူရည်းစား အတွက်၊
သူငယ်ချင်း အတွက် ဆိုပြီး
အချိန်တွေ ပေးခဲ့ကြတယ်။

အေး…အဲဒီ မိဘဆိုတာကလည်း
တစ်ချိန်တုန်းက
ကိုယ်တို့လိုပဲ
ပေါ့ပေါ့ပါးပါး ပျော်ပျော်နေတတ်တဲ့၊
အနာဂတ်ကို တွေးမပူတတ်တဲ့
လူငယ်တွေပါပဲ။

ဒါပေမဲ့…
အိမ်ထောင်တစ်ခု ထူထောင်ပြီး
အိမ်ဆည်းလည်းလေးတွေလို့
သူတို့ ထင်မှတ်ထားခဲ့ကြတဲ့
သား၊သမီးတွေ ရလာတဲ့ အချိန်ကစပြီး
အဲဒီလူနှစ်ယောက်လည်း
ဘာရယ်မဟုတ်၊
ဘဝထဲက ဒီလူတွေအတွက်
အချိန်ကုန်ရင်းနဲ့
နောက်ဆုံးထွက်သက်ကို ရောက်ကြရတယ်။

သင်လည်း
တစ်နေ့ ဒီလမ်းကို လျှောက်ရဦးမှာပါ။

တစ်နေ့ သင့်ရဲ့ သား၊ သမီးတွေက
“ အေဖတို့၊
ေအမတို့ကလဲ ” လို့ ဆိုလာတဲ့အခါ
တစ်ချိန်က
မျက်ရည်ဝိုင်းခဲ့တဲ့ လူနှစ်ယောက်ရဲ့ရင်ထဲက
ဝမ်းနည်းကြေကွဲမှုကို
ခံစား နားလည်နိုင်မှာပါ။

ဘဝမှာ တစ်လောကလုံးက လူတွေ
ဘာတွေပဲ ပြောနေ ဆိုနေပါစေ။

သင် မျက်ရည်ကျအောင် မလုပ်သင့်တဲ့
လူနှစ်ယောက် ရှိတယ်။

အဲဒါကတော့…
“အဖေ နဲ့ အမေ” ဆိုတာပါပဲ..

Cele Planet

22/07/2023

သိန်းပေါင်းများစွာ ဆုံးရှုံးသွားတဲ့ ပိုးကြာဖြူခင်

06/07/2023

အနုပညာအလုပ်တွေပြန်လုပ်နေပြီဖြစ်တဲ့ အိန္ဒြာကျော်ဇင်

02/07/2023

မြွေဝင်ရင်ငွေဝင်တယ်လို့ ယုံကြည်တဲ့ စမိုင်း...

25/06/2023

မကြာမှီမျှော်ဆိုပီး ပြောလာတဲ့ ခင်လှိုင်...

23/06/2023

ပရိသတ်ကြီးကို ရင်ဖွင့်လာတဲ့ သုတအောင်

19/06/2023

ထိုင်းမင်းသမီးတစ်ဦးနဲ့ လူပြောများနေတဲ့ ပိုင်တံခွန်...

သတင်း၊ ပညာပေးနဲ့ ဗဟုသုတအကြောင်းအရာတွေ နေ့စဥ်မပြတ် ကြည့်ရှုနားထောင်ဖို့ ကျွန်မတို့ရဲ့ YouTube Channel လေးကို Subscribe လုပ်သွားပေးခဲ့ပါနော် 👇👇
https://bit.ly/3orOimy ❤️

18/06/2023

အမေရိကန်နိုင်ငံမှာ ရှင်ပြုပွဲပြုလုပ်ခဲ့တဲ့ အာဇာနည်တို့ဇနီးမောင်နှံ

သတင်း၊ ပညာပေးနဲ့ ဗဟုသုတအကြောင်းအရာတွေ နေ့စဥ်မပြတ် ကြည့်ရှုနားထောင်ဖို့ ကျွန်မတို့ရဲ့ YouTube Channel လေးကို Subscribe လုပ်သွားပေးခဲ့ပါနော် 👇👇 https://bit.ly/3orOimy ❤️

အိမ်တစ်အိမ်ရဲ့စည်းကမ်းကိုသိချင်ရင်ရေချိုးခန်း အိမ်သာ ထိုင်ခွက်ကိုကြည့်ပါ။စည်းလုံးမှုကို သိချင်ရင်တော့ထမင်းဝိုင်းကို ကြည်...
17/06/2023

အိမ်တစ်အိမ်ရဲ့စည်းကမ်းကိုသိချင်ရင်
ရေချိုးခန်း အိမ်သာ ထိုင်ခွက်ကိုကြည့်ပါ။

စည်းလုံးမှုကို သိချင်ရင်တော့
ထမင်းဝိုင်းကို ကြည့်ရပါမယ်တဲ့။

လူတစ်ယောက်ရဲ့စည်းကမ်းကိုသိချင်ရင်တော့
ဖိနပ်ချွတ်ပုံကိုကြည့်ရင်သိနိုင်တယ်။

လူမှုအဆင့်အတန်းကိုသိချင်ရင်
အိပ်ခန်း နဲ့ အိပ်ယာကိုကြည့်ပါ တဲ့။

စာနာမှုနဲ့ ကြင်နာတရားသိချင်ရင်တော့
စကားအပြောအဆို စကားလုံးနဲ့ ဆက်ဆံမြုကို
ကြည့်နိုင်ပါတယ်။

ယဉ်ကျေးမှုကို သိချင်ရင်
ကိုယ်ဟန်မူယာကနေသိနိုင်ပါတယ် တဲ့။

အိမ်တအိမ်ရဲ့ ကျန်းမာရေးအတွက်ကိုတော့
မီးဖိုချောင်ကို ကြည့်ပါ။

မေတ္တာတရားနဲ့ပျော်ရွှင်မှုကိုသိချင်ရင်တော့
အိမ်ရှင်မရဲ့အဆင်းရူပကာ ကိုကြည့်ပါတဲ့။

ဒါ တကယ့်ကို အမှန်တရားတွေပါ။။

Like and share ခြင်းဖြင့်မျှဝေပါ❤️ Cele Planet

11/06/2023

နာမည်ကြီးဆယ်လီတွေအကြောင်း ဒဲ့ပြောလိုက်တဲ့ ဖြူဖြူကျော်သိန်း

အခွင့်လမ်းကောင်းဆိုတာ ကိုယ်တိုင် ရှာမှ ရတာ သူအလိုလို ပေါ်မလာဘူး...💞
11/06/2023

အခွင့်လမ်းကောင်းဆိုတာ ကိုယ်တိုင် ရှာမှ ရတာ
သူအလိုလို ပေါ်မလာဘူး...💞

သူဌေးသား ဘောင်းဘီအပြဲဝတ်ထားရင်စတိုင်လ်ပေါ့.ဆင်းရဲသား အပြဲဝတ်တော့စုတ်ပြတ်နေတာပေါ့..မင်းသား မျက်လုံးနီနေတော့အိပ်ရေးပျက်ရှာ...
28/05/2023

သူဌေးသား ဘောင်းဘီအပြဲဝတ်ထားရင်
စတိုင်လ်ပေါ့.
ဆင်းရဲသား အပြဲဝတ်တော့
စုတ်ပြတ်နေတာပေါ့..

မင်းသား မျက်လုံးနီနေတော့
အိပ်ရေးပျက်ရှာတယ်ပေါ့..
လူရွှင်တော် မကြျလုံးနီနတေော့
အရက်သောက်လို့ပေါ့..

စာတော်တဲ့ကျောင်းသား
ပုစ္ဆာအမှားကြီးတွက်ထားတော့
လျှံသွားတယ်ပေါ့
စာညံ့တဲ့ကလေး မှားတွက်တော့
ညံ့လွန်းတယ်ပေါ့..

ပိုက်ဆံရှိတဲ့သူဝတ်ထားတဲ့လက်စွပ်က
ရွှေအစစ်ပေါ့
ပလတ်စတစ်ကောက်တဲ့သူဝတ်ထားတဲ့
လက်စွပ်ကရွှေအတုပေါ့..

ခေါင်းပေါင်းဝတ်ထားရင်
အသိညဏ်ရှိတဲ့သူဖြစ်ပြီး
ဆိုက်ကားသမားက
အသိညဏ်နည်း စာမတတ်သူပေါ့..

စာရတဲ့ကျောင်းသားရဲ့စာစီစာကုံးကို
အဆုံးထိစိတ်ရှည်လက်ရှည်ဖတ်ပြီး
very good လို့မှတ်ချက်ပေးတယ်ပေါ့
စာမရတဲ့ကလေးရဲ့စာစီစာကုံးကို
နိဒါန်းနဲ့နိဂုံး နှစ်ကြောင်းလေးဖတ်ပြီး
ဆက်ကြိုးစားရန်လိုသေးသည်လို့
မှတ်ချက်ချတယ်ပေါ့.

သမီးအရင်း ချက်တဲ့ထမင်းပျော့ရင်
ဝါးရလွတ်ပြီး အစာကြေလွယ်တာပေါ့
ချွေးမ ချက်တဲ့ထမင်းပျော့ရင်
အိမ်ထောင်ရှင်မ မပီသတဲ့သူပေါ့..

တခါတခါ အထင်မကြီးတဲ့မျက်လုံးနဲ့
ကြည့်လိုက်ရင် အရာအားလုံးက
အပြစ်ပိုကြီးသွားသလိုဖြစ်သွားရော..
ခင်များတို့ကျုပ်တို့လွှင့်ပစ်မိလိုက်တဲ့
အမှိုက်ပုံးထဲက အမှန်တရားတွေဟာ
သိပ်နှမြောဖို့ကောင်းနေတတ်တယ်။

ဘယ်လိုပြောရမလဲဆိုတော့
မချစ်ရင် အပြစ်ကြီးဘဲ ပေါ့ဗျာ။

အပြစ်တင်ခြင်း မဟုတ်ပါ
လူ့သဘော လူ့မနောရဲ့ အခြေခံမှာကိုက
အကောင်းနဲ့အဆိုးဒွန်တွဲနေတယ်လို့ပဲ
ဆိုပါရစေ. .

တကယ်တော့ လူ့ဘဝဆိုတာ တိုတိုလေးပါခင်ဗျာ. . .

ခဏတာ ကြုံတွေ့ရတတ်တဲ့ လောကဓံရဲ့ ရိုက်ခတ်ခတ်မှုတွေကြား တစ်ဖက်စောင်းနင်း ဖြစ်မနေစေဖို့ မိမိကိုယ်ကို ပြုပြင်ယူရမယ် မဟုတ်လားခင်ဗျာ. . .

မိတ်ဆွေသူငယ်ချင်းများပါ ဖတ်နိုင်အောင် ဝေါထဲရှဲလ်ထားနိုင်ပါတယ်❤️

27/05/2023

သင်ပါးစပ်အဟောင်းသားဖြစ်သွားစေမဲ့ ဇိမ်ခံအိမ်ကြီးများအကြောင်း

သတင်း၊ ပညာပေးနဲ့ ဗဟုသုတအကြောင်းအရာတွေ နေ့စဥ်မပြတ် ကြည့်ရှုနားထောင်ဖို့ ကျွန်မတို့ရဲ့ YouTube Channel လေးကို Subscribe လုပ်သွားပေးခဲ့ပါနော် 👇👇 https://bit.ly/3orOimy ❤️

မင်း လူတွေကို မလိုအပ်ပဲ ရင်မဖွင့်မိစေနဲ့တစ်ယောက်ထဲလဲ နေတတ်အောင်နေပါမင်း စိတ်ညစ်နေလား_?ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပီး ကိုယ့...
27/05/2023

မင်း လူတွေကို မလိုအပ်ပဲ ရင်မဖွင့်မိစေနဲ့
တစ်ယောက်ထဲလဲ နေတတ်အောင်နေပါ

မင်း စိတ်ညစ်နေလား_?
ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပီး ကိုယ့်ဖာသာကို ပြန်ထိန်းပါ ဘဝအတွက် လေ့လာသင်ယူပါ စာများများဖတ်ပါ သူများကို သွားပြောတာထက် အများကြီးသာတယ်။

မင်း ဝမ်းနည်းနေလား_?
ခဏလောက် အားရပါးရ ငိုချပစ်လိုက်ပါ။
ဘယ်သူ့မှ ပြောမနေနဲ့ ပိုးပြီးမျက်ရည်ကျအောင်
လုပ်မဲ့သူပဲရှိတယ်။ငိုစရာရှိတာ ကိုယ့်ဟာကို
ငိုချလိုက် ပြီးရင် တည်ငြိမ်လာလိမ့်မယ်။

မင်း အရမ်း မွန်းကြပ်နေလား_?
သီချင်းလေးဘာလေး နားထောင် စိတ်ပြေလက်ပျောက် ဖြစ်အောင်နေပါ။ သူများကို သွားပြောရင်
မွန်းကြပ်တာကနေ ထွက်ပေါက်ပါ ပိတ်သွားလိမ့်မယ်။

မင်း စိတ်ဓာတ်ကျနေလား_?
ဘာအားငယ်တာ စိတ်ဓာတ်ကျတာ မင်းအပြစ်
မဟုတ်ဘူး လူတိုင်းကျတတ်တာပဲ ကိုယ်တိုင် ပြန်ပီး
ဆွဲမတင်နိုင်မှ မင်းအပြစ်ဖြစ်မှာ ဘယ်သူ့မှ အားမကိုးနဲ့ကိုယ့်ကိုကိုယ် အားကိုးစမ်းပါ။

လောကမှာ ကိုယ့်ကိုကိုယ်လောက် ဘယ်သူမှ မချစ်ဘူး ကိုယ့်အားကိုကိုး ကိုယ့်သမိုင်းကိုယ်ရေးပါ။
မင်းမိဘက လွဲရင် မင်းကို ထိထိရောက်ရောက်
ကူညီမဲ့လူ ရှားတယ်။

မိဘကိုလဲ တစ်သက်လုံး ဘယ်တော့မှ ဒုက္ခပေးမနေနဲ့ မင်းကိုယ်မင်းပဲ အပြည့်အဝ ပြန်ပီးကူညီလိုက်ပါ။

Like and share ပြုလုပ်ပီး ပြန်လည်မျှဝေနိုင်ပါသည်❤️

မိတ်ဆွေသူငယ်ချင်းများအတွက်မျှဝေရင်း ဝေါထဲမှာ ရှဲပီး သိမ်းထားနိုင်ပါတယ် 🤍🤍   #ချစ်ခြင်းဖြင့်
26/05/2023

မိတ်ဆွေသူငယ်ချင်းများအတွက်မျှဝေရင်း ဝေါထဲမှာ ရှဲပီး သိမ်းထားနိုင်ပါတယ် 🤍🤍

#ချစ်ခြင်းဖြင့်

Address


Website

Alerts

Be the first to know and let us send you an email when Cele Planet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share