Man United Facts

  • Home
  • Man United Facts

Man United Facts ယူနိုက်​တက်​ပရိတ်​သတ်​များအတွက်

ရာသီအသစ် မန်ယူနိုက်တက် အဟောင်း
08/08/2022

ရာသီအသစ် မန်ယူနိုက်တက် အဟောင်း

ရာသီအသစ် မန်ယူနိုက်တက် အဟောင်း

မန်ယူနိုက်တက် အတွက် ရာသီဖွင့်ပွဲကတော့ အရှုံးနဲ့ စတင်ခဲ့ပါပြီ။ ပထမပိုင်းမှာ တင် ဘရိုက်တန်ရဲ့ ဖိအားပေးမှုကို မခံနိုင်တဲ့ ယူနိုက်တက်တို့ အလဲလဲ အပြိုပြိုဖြစ်ခဲ့ရပြီး ဂရော့ ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဦးဆောင်ခံခဲ့ရသလို ဒုတိယပိုင်းမှာလဲ ချေပဂိုး ၁ ဂိုးသာပြန်ရခဲ့လို့ တန်ဟက်ခ်ရဲ့ ယူနိုက်တက် နည်းပြဘဝပွဲဦးထွက်က မျက်နှာပန်းမလှခဲ့ပါဘူး။

ဂရေဟမ်ပေါ်တာက ယူနိုက်တက်ရဲ့ အားနည်းချက်ကို ကောင်းကောင်းနားလည်သူလို့ ဆိုရမှာ ဖြစ်ပြီး ဒီပွဲမှာလဲ သူ့ရဲ့ မဟာဗျူဟာက အောင်မြင်ခဲ့ပါတယ်။ ယူနိုက်တက် ကစားသမားဟောင်း ဝဲလ်ဘက်ကို တည်ပြီး ဂရော့၊ ထရော့ ဆက်တို့နဲ့ တရစပ် ဖိအားပေးခဲ့သလို ယူနိုက်တက် ကို ကွင်းလယ်ပိုင်းအားနည်းတာကို အခွင့်ကောင်းယူနိုင်ခဲ့တာပါ။

တွန်မီနေး၊ ဖရက်ဒ် တို့က ယူနိုက်တက် အဆင့်အတန်းမှာ မရှိသင့်သူတွေလို့ သတ်မှတ်နိုင်ပြီး တရာသီလုံးသွားဖို့ဆိုရင် ကွင်းလယ်ပိုင်းကို ပြုပြင်ဖို့ လိုအပ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ရော်နယ်ဒို ဝင်လာခဲ့ပေမယ့် ယူနိုက်တက် အသင်းရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ဘရိုက်တန်က ကောင်းကောင်း ဟန့်တားနိုင်ခဲ့လို့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ့ရခြင်းမရှိပါဘူး။
သာမန်ခြေစွမ်းအောက်ရောက်နေတဲ့ ဘရူနို၊ လုခ်ရှော၊ ရက်ရှ်ဖို့ဒ်တို့ကို စောစော လူစားလဲခဲ့ရင် ပွဲအဖြေ အပြောင်းအလဲ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် နည်းပြအနေနဲ့ ကွင်းလယ်ပိုင်းကို ဦးစားပေး အပြောင်းအလဲ လုပ်ခဲ့တာ တွေ့ရပါတယ်။

တန်ဟက်ခ်အတွက် ပရီးမီးယားလိဂ်ဆိုတာ ဒီလိုရှိတယ်လို့ သင်ခန်းစာ ပေးသွားခဲ့သလို ဘရိုက်တန်နဲ့ ဂရေဟမ်ပေါ်တာတို့ရဲ့ ထိုက်တန်တဲ့ နိုင်ပွဲအတွက် လက်ခုပ်တီး ဂုဏ်ပြုသင့်ပါတယ်။
နောက်ဆုံးရဘောလုံးသတင်းတွေကို Update ဖတ်နိုင်အောင်လို့ Like and Share လေးနှိပ်ပေးထားပါ

ကြော်ငြာကဏ္ဍ
#########X
ထိုင်းရောက်ရွှေမြန်မာတွေအနေနဲ့ ဘောလုံး၊ ငါးပစ်၊ စလော့၊ ကာစီနို၊ စတဲ့ ဂိမ်းတွေအပါအဝင် ဂိမ်းပေါင်း ၁၀၀ ကျော်ကို တနေရာတည်းမှာဆော့ကစားချင်တယ်ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ ယုံကြည်စိတ်အချအရ ဆုံး အွန်လိုင်းဂိမ်းဝဘ်ဆိုက်ဒ် "သူဌေး " မှာဝင်ရောက်ဆော့ကစားနိုင်ပါတယ်။
မန်ဘာအသစ်ပရိုမိုးရှင်း၊ သူငယ်ချင်းအသစ်မိတ်ပေးတဲ့ ပရိုမိုးရှင်း၊ နေ့စဉ် ဘောနပ်စ်တွေ လည်းပေးနေပြီဖြစ်တဲ့အပြင် ၂၄နာရီ ငွေသွင်းငွေထုတ်ကို ထိုင်းဘဏ်စုံကနေ ယုံကြည်စိတ်ချစွာနဲ့ ပြုလုပ်နိုင်ပါတယ်။

စိတ်ဝင်စားရင်‌တေ့ာ ၂၄ နာရီဝန်ဆောင်မှုပေးတဲ့ Customer Support Team Line ID- ကို အခုပဲဆက်သွယ်လိုက်ပါရှင့်။
ထိုင်းရောက်မြန်မာတွေရဲ စိတ်အချအရဆုံး အယုံကြည်ရဆုံး အွန်လိုင်း
ဂိမ်းဝဘ်ဆိုက်ဒ် "သူဌေး"

မန်ယူနိုက်တက်နောက်ခံလူသစ် ဗာရန်းရဲ့ ဇနီးချော ရှေ့နေမလေးကယ်မီလီနဲ့ သူတို့နှစ်ဦးရဲ့ ဆွတ်ပျံ့လွမ်းမောဖွယ် ငယ်ချစ်ဇာတ်လမ်း
01/08/2021

မန်ယူနိုက်တက်နောက်ခံလူသစ် ဗာရန်းရဲ့ ဇနီးချော ရှေ့နေမလေးကယ်မီလီနဲ့ သူတို့နှစ်ဦးရဲ့ ဆွတ်ပျံ့လွမ်းမောဖွယ် ငယ်ချစ်ဇာတ်လမ်း

ရုပ်တူလွန်းတာကိုအသုံးချပြီး ဖာဂူဆန်အပါအဝင် မန်ယူနိုက်တက်အသင်းဖော်တွေကို မကြာခဏ အရူးလုပ် စနောက်ခဲ့ကြတဲ့ ရာဖေးလ်ညီနောင် ■မ...
30/07/2021

ရုပ်တူလွန်းတာကိုအသုံးချပြီး ဖာဂူဆန်အပါအဝင် မန်ယူနိုက်တက်အသင်းဖော်တွေကို မကြာခဏ အရူးလုပ် စနောက်ခဲ့ကြတဲ့ ရာဖေးလ်ညီနောင်
■မန်ချက်စတာယူနိုက်တက်အသင်းနောက်ခံလူဟောင်းတွေဖြစ်တဲ့ ဘရာဇီးလ်အမွှာညီနောင် ရာဖေးလ်နဲ့ ဆေးလ်ဗားတို့ဟာ သူတို့ မန်ချက်စတာယူနိုက်မှာ ကစားစဉ်က ဖာဂူဆန်အပါအဝင် တစ်သင်းလုံးကို မကြာခဏ ပုံမှားရိုက်ပြီး အရူးလုပ်စနောက်လေ့ရှိတဲ့အကြောင်းကို ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ရုပ်တူလွန်းတာကိုအသုံးချပြီး ဖာဂူဆန်အပါအဝင် မန်ယူနိုက်တက်အသင်းဖော်တွေကို မကြာခဏ အရူးလုပ် စနောက်ခဲ့ကြတဲ့ ရာဖေးလ်ညီနောင်

■မန်ချက်စတာယူနိုက်တက်အသင်းနောက်ခံလူဟောင်းတွေဖြစ်တဲ့ ဘရာဇီးလ်အမွှာညီနောင် ရာဖေးလ်နဲ့ ဆေးလ်ဗားတို့ဟာ သူတို့ မန်ချက်စတာယူနိုက်မှာ ကစားစဉ်က ဖာဂူဆန်အပါအဝင် တစ်သင်းလုံးကို မကြာခဏ ပုံမှားရိုက်ပြီး အရူးလုပ်စနောက်လေ့ရှိတဲ့အကြောင်းကို ဖွင့်ဟပြောဆိုလိုက်ပါတယ်။

၂၀၀၈ ခုနှစ်မှာ ဘရာဇီးလ်ကလပ် ဖလာမင်းဂိုးကနေ မန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့ကစားခဲ့တဲ့ ရာဖေးလ်ညီနောင်ဟာ အသင်းရဲ့ အဝတ်လဲခန်းနဲ့ ဟိုတယ်ခန်းတွေမှာ အသင်းဖော်တွေကို တူလွန်းတဲ့ သူတို့ရဲ့ ရုပ်တွေကို အသုံးချပြီး မကြာခဏပုံမှား ရိုက်ပြီး စနောက်လေ့ရှိတဲ့အကြောင်းကို လာမယ့်အပတ်မှာထွက်ရှိမယ့် သူတို့ရဲ့ ကိုယ်တိုင်ရေး အထုပ္ပတိဖြစ်တဲ့ The Sunshine Kids ထဲမှာ ရေးသား ထားတဲ့အကြောင်းကို The Athletic သတင်းဌာနကို ဖောက်သည်ချခဲ့ပါတယ်။

ရာဖေးက"ကျနော်တို့ဘရာဇီးလ်ကနေ ရောက်လာခါစကဆိုရင် မန်ယူနိုက်တက်တစ်သင်းလုံးကျနော်တို့ကို ခွဲခြားလို့မရပါဘူး။ တစ်ခါကျနော်လေ့ကျင့်ရေးကွင်းကို ရောက်သွားတော့ တွေ့တဲ့သူတစ်ယောက်ကို မင်္ဂလာနံနက်ခင်းပါလို့ နှုတ်ဆက်လိုက်တယ်။ သူက ပြန်ပြီး မင်္ဂလာပါနံနက်ခင်းပါဆိုပြီး ပြန်နှုတ်ဆက်တယ်။ ခဏအကြာမှာပဲ ကျနော် အဲ့လူကိုပဲထပ်သွားပြီး မင်္ဂလာနံနက်ခင်းပါ လို့ ပြန်သွားနှုတ်ဆက်လိုက်တယ်။သူက လည်းကျနော်မဟုတ်ဘဲ ဆေးလ်ဗားထင်ပြီး ပြန်နှုတ်ဆက်တယ်။ ကျနော်တို့ညီအကိုနှစ်ဦးက ဒါမျိုးတွေ မကြာခဏဆိုသလို စနောက်လေ့ရှိပါတယ်" လို့ ဆိုပါတယ်။

သူတို့ညီနောင်စနောက်လေ့ရှိတဲ့ သူတွေထဲမှာဆိုရင် ဖာဂူဆန်တောင်မလွတ်ခဲ့ပါဘူး။ အဝတ်လဲခန်းအတွင်းမှာ ဖာဂူဆန်ဆီကိုပုံမှားရိုက်စနောက်တာကို ဝန်ခံလိုက်တဲ့အချိန်မှာတော့ ဖာဂူဆန်ကဒေါသတွေထွက်ခဲ့ဖူးတယ်ဆို တဲ့အကြောင်းကိုလည်း ရာဖေးလ်ညီနောင်က ပြန်လည်ဖောက်သည်ချခဲ့ပါတယ်။

"တခါဖာဂူဆန်ကို ပုံမှားရိုက်ပြီး အဝတ်လဲခန်းထဲမှာ ခေါင်းအခြောက်ခံစက်ကို တောင်းတော့ သူက ပေးတယ်။ ကျနော်ကပဲ ထပ်ပြီး ပြန်သွားတောင်းတော့ သူက ခုနကပေးလိုက်တယ်ပြောတော့ ကျနော်က ခုနကပေးတာကျနော်မဟုတ်ဘူးဆိုပြီး လိမ်ပြီးထပ်တောင်းတယ်။ ဖာဂီကတော့ တကယ်ထင်သွားတယ်။ ပထမသူပေးလိုက်တဲ့သူက ကျနော်မှန်းမရိပ်မိဘူး။ နောက်တော့မှ ကျနော်တို့သူ့ကိုပုံမှားရိုက် ပြီး စနောက်တာကိုဝန်ခံတော့ မျက်နှာကြီးနီလာပြီး အိုး စောက်ကျိုးနည်း တကယ့် ငရဲကြီးကွာ ဆိုပြီး အော်ဟစ် တော့တာပဲ" လို့ ရာဖေးလ်ကဆိုပါတယ်။

ရာဖေးလ်တို့အမွှာညီနောင်ဟာ တူလွန်းတဲ့အတွက် မန်ယူနိုက်တက်ကစားသမားတွေသာမကပဲ ဝန်ထမ်းတွေနဲ့ တည်းခိုလေ့ရှိတဲ့ ဟိုတယ်ဝန်ထမ်းတွေကပါ မကြာခဏမှားလေ့ရှိတဲ့အတွက် သူတို့နှစ်ဦးဟာ ဟိုတယ်အခန်း တစ်ခန်းထဲမှာပဲ အတူတူနေထိုင်ခဲ့ကြပါတယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

ကို‌ဗစ်ကူးစက်မှုကြောင့် ခြေစမ်းပွဲဖျက်သိမ်းခဲ့
30/07/2021

ကို‌ဗစ်ကူးစက်မှုကြောင့် ခြေစမ်းပွဲဖျက်သိမ်းခဲ့

မန်ယူနိုက်တက်အသင်းကစားသမားအချို့အပါအဝင် ဝန်ထမ်းတွေ ကိုဗစ်ကူးစက်ခံခဲ့ရတဲ့အတွက် ပရက်စ်တန်နဲ့ခြေစမ်းပွဲကိုဖျက်သိမ်း

■မန်ချက်စတာယူနိုက်တက်အသင်း ပထမအသင်းကစားသမားတချို့နဲ့ဝန်ထမ်းတချို့ စုစုပေါင်း ၉ဦးမှာ ကိုဗစ်ကူးစက်ခံထားရကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ရတဲ့အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲဖြစ်တဲ့ ပရက်စ်တန်နဲ့ပွဲကိုဖျက်သိမ်းလိုက်တယ်လို့ ဗြိတိန်သတင်းစာ ဒေးလီးမေးလ် က ရေးသားပါတယ်။

ပရိတ်သတ် ၃၀၀၀၀ ရှေ့မှောက်မှာ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ ဘန့်ဖို့ဒ်အသင်းနဲ့ပွဲစဉ်အပြီး ကိုဗစ်စစ်ဆေးခဲ့ရာမှာ အခုလိုမျိုး ပထမအသင်းကစားသမားတချို့နဲ့ ဝန်ထမ်း စုစုပေါင်း ၉ဦးဟာ ကိုဗစ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ၎င်းတို့ကို သီးခြားစီကွာရန်တင်းနေထိုင်စေခဲ့ပါတယ်။

ဒါကြောင့် ပရက်စ်တန်အသင်းနဲ့ခြေစမ်းကစားမယ့်ပွဲစဉ်ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကနေကာကွယ်နိုင်ဖို့ အတွက် ရွှေ့ဆိုင်းလိုက်တာဖြစ်ပြီးတော့ ပရက်စ်တန်အသင်းနဲ့ ပရိတ်သတ်တွေက နားလည်လက်ခံနိုင်မယ် လို့မျှော်လင့်ပြီး လက်မှတ်ဝယ်ယူထားကြတဲ့ ပရိတ်သတ်တွေကို လက်မှတ်ဖိုးငွေပြန်အမ်းပေးမယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းက ကြေညာခဲ့ပါတယ်။

ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ကစားသမားတွေက ဘယ်ကစားသမားတွေလဲဆိုတာတော့ အသင်းက ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပဲ ပရီးမီးယားလိဂ်ပြန်စဖို့က ၂ပတ်ပဲလိုတော့တာဖြစ်ပါတယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

လာမယ့်ရာသီမှာ ဆုဖလားမှန်သမျှရယူနိုင်ဖို့အတွက် မန်ချက်စတာယူနိုက်တက်မှာ အခွင့်အရေးရှိတယ် လို့ ဖာနန်ဒက်စ်ကြုံးဝါး ■မန်ချက်စ...
29/07/2021

လာမယ့်ရာသီမှာ ဆုဖလားမှန်သမျှရယူနိုင်ဖို့အတွက် မန်ချက်စတာယူနိုက်တက်မှာ အခွင့်အရေးရှိတယ် လို့ ဖာနန်ဒက်စ်ကြုံးဝါး
■မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က လာမယ့်ရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ ဆုဖလားမှန်သမျှကို ရယူနိုင်ဖို့အတွက် အခွင့်အရေးရှိနေတယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။

လာမယ့်ရာသီမှာ ဆုဖလားမှန်သမျှရယူနိုင်ဖို့အတွက် မန်ချက်စတာယူနိုက်တက်မှာ အခွင့်အရေးရှိတယ် လို့ ဖာနန်ဒက်စ်ကြုံးဝါး

■မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က လာမယ့်ရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ ဆုဖလားမှန်သမျှကို ရယူနိုင်ဖို့အတွက် အခွင့်အရေးရှိနေတယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ရာသီကြိုပြင်ဆင်မှုအနေနဲ့ လူအင်အားဖြည့်တင်းမှုတွေကို သွက်သွက်လက်လက် ပြုလုပ်ထားနိုင်ပြီး ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုနဲ့ ရီးရဲမက်ဒရစ်နောက်ခံလူ ဗာရန်းတို့ကို ခေါ်ယူထား နိုင်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လက်ရှိလူစာရင်းဟာ တောင့်တင်းပြီးတော့ ပရီးမီးယားလိဂ်ဖလားသာမ ကပဲ ဖလားမှန်သမျှကို စိန်ခေါ်နိုင်စွမ်းရှိသလို ရယူနိုင်ဖို့အခွင့်အရေးတွေလည်းရှိနေပြီလို့ ဖာနန်ဒက်စ်က ပြောဆိုလိုက်တာဖြစ်ပါတယ်။

" ကျနော်ထင်ပါတယ်။ ကျနော်တို့ လိုချင်တဲ့အရာမှန်သမျှကို ကြိုးစားရင် ဘာမဆိုရယူနိုင်တဲ့အခွင့်အရေးရှိနေ ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကတော့ ကျနော်တို့အသင်းကံမကောင်းခဲ့ပါဘူး ဆုဖလားတွေမရယူနိုင်ခဲ့ဘူး။ ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲတက်ရောက်ခဲ့ပေမယ့်လည်း ကံမကောင်းစွာနဲ့ ရှူံးနိမ့်ခဲ့ရပါတယ်။ ကျနော်အမြဲ ပြောခဲ့သလိုပါပဲ ဒီလိုအဆင့်အတန်းရှိတဲ့ ကလပ်အသင်းမှာရှိနေတဲ့ ကစားသမားတွေဟာ ဒီအဆင့်နဲ့ တန်တဲ့ ကြိုးစားအားထုတ်မှုတွေရှိမယ်ဆိုရင် ဝင်ပြိုင်တဲ့ ပြိုင်ပွဲရဲ့ ဆုဖလားမှန်သမျှကို မျှော်လင့်ခွင့်ရှိနေဦးမှာပါပဲ။ ကျနော်တို့အမြဲတမ်း ကြိုးစားနေဖို့ပဲအရေးကြီးပါတယ်" လို့ ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းကို စပို့တင်းလစ္စဘွန်းကနေပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးတော့ ခြေစွမ်းပြကစားနိုင်တဲ့ကစားသမားတစ်ဦး ဖြစ်ပြီး အချိန်တိုအတွင်းမှာ အသင်းအတွက်အရေးပါတဲ့ကစားသမားဖြစ်လာခဲ့သူပါ။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

နည်းပြဖြစ်နေပေမယ့်လည်း လူချနေဆဲ ဝိန်းရူနီ
28/07/2021

နည်းပြဖြစ်နေပေမယ့်လည်း လူချနေဆဲ ဝိန်းရူနီ

ကိုယ့် အသင်းသားကိုလေ့ကျင့်ရေးအစီအစဉ်မှာ ကိုယ်တိုင် လူချပြီး ၁၂ပတ်အနားယူရတဲ့အထိ ကြမ်းတမ်းခဲ့တဲ့ ဒါဘီကောင်တီနည်းပြ ဝိန်းရူနီ

■လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းမန်နေဂျာအဖြစ်တာဝန်ယူခဲ့တဲ့ ဝိန်းရူနီဟာ အသင်းလေ့ကျင့်ရေးအစီအစဉ်မှာ ကွင်းလယ်ကစားသမား ဂျေဆန်နိုက်ကို မတော်တဆ ကြမ်းတမ်းစွာနဲ့ ဖျက်ထုတ်မိတဲ့အတွက် ကစားသမားဟာ ဒဏ်ရာပြင်းပြင်းထန်ရရှိခဲ့ပြီး ၁၂ပတ်အနားယူရတော့မှာ ဖြစ်ပါတယ်။

ဂျေဆန်နိုက်ဟာ ဒါဘီကောင်တီအသင်းရဲ့ အားထားရတဲ့ အဓိက ကွင်းလယ်ကစားသမားဖြစ်ပြီး လက်ရှိသူ့အနေနဲ့ ၁၂ပတ်လောက်အနားယူရတော့မှာဖြစ်တဲ့အတွက်ဒဏ်ရာရကစားသမားတွေ များပြားနေတဲ့ ဒါဘီအသင်းအတွက် ဘောလုံးရာသီအစကတော့ ခက်ခဲတော့မှာဖြစ်ပါတယ်။

ဒါကြောင့် ဗြိတိန်သတင်းစာတွေကတော့ ရူနီဟာ ကိုယ့်အသင်းကို ကိုယ်ပြန်ပြီး အကြပ်အတည်း ဖြစ် အောင်လုပ်ဆောင်ခဲ့တယ်လို့ သုံးသပ်ရေးသားနေကြတာပါ။ ဒါဘီအသင်းမှာ ဒဏ်ရာကင်းစင်နေတဲ့ ပထမအသင်းသားဟာ စုစုပေါင်း ၉ဦးပဲရှိနေတာဖြစ်ပြီးတော့ ရူနီဟာ ဒီပြဿနာကိုဖြေရှင်းဖို့ အတွက် အသင်းဘုတ်အဖွဲ့ကို လူအသစ်ထပ်ခေါ်ပေးဖို့အတွက် တောင်းဆိုထားတယ်လို့ဆိုပါတယ်။
Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

ဒီရာသီအပြောင်းအရွှေ့စျေးကွက်မှာ ခြေလှမ်းသွက်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲမက်ဒရစ်နောက်ခံလူ ဗာရန်းကိုခေါ်ယူဖို့အ...
27/07/2021

ဒီရာသီအပြောင်းအရွှေ့စျေးကွက်မှာ ခြေလှမ်းသွက်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲမက်ဒရစ်နောက်ခံလူ ဗာရန်းကိုခေါ်ယူဖို့အတွက် နှစ်သင်းကြားအပြီးသတ်သဘောတူညီမှု ရရှိသွားပြီဖြစ်တယ်လို့ Sky Sport သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ရက်အနည်းငယ်အတွင်း မန်ယူနိုက်တက်ကိုရောက်လာဖို့သေချာသွားတဲ့ ရီးရဲနောက်ခံလူ ဗာရန်း

■ဒီရာသီအပြောင်းအရွှေ့စျေးကွက်မှာ ခြေလှမ်းသွက်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲမက်ဒရစ်နောက်ခံလူ ဗာရန်းကိုခေါ်ယူဖို့အတွက် နှစ်သင်းကြားအပြီးသတ်သဘောတူညီမှု ရရှိသွားပြီဖြစ်တယ်လို့ Sky Sport သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဗာရန်းအတွက်ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၄၀ နီးပါးနဲ့ သဘောတူညီခဲ့တာဖြစ်ပြီးတော့ ရီးရဲအသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့အကြားဆွေးနွေးမှုပြီးပြတ်ခဲ့တဲ့အတွက် လာမယ့်ရက်အနည်းငယ်အတွင်းမှာ အပြောင်းအရွှေ့ဖြစ်မြောက်ပြီး ကစားသမားဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဆေးစစ်မှုခံယူ တော့မှာပဲဖြစ်ပါတယ်။

ဗာရန်းဟာ ရီးရဲမက်ဒရစ်နဲ့စာချုပ်သက်တမ်းတစ်နှစ်ပဲကျန်ရှိတော့တာဖြစ်ပြီးတော့ သူ့ကိုခေါ်ယူလိုတဲ့ အသင်းတွေအများအပြားရှိပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းကိုပဲ ပြောင်းရွှေ့ကစားဖို့ အတွက်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

လာမယ့်ရာသီမှာ ချန်ပီယံဆုဖလားကို စိန်ခေါ်ဖို့အတွက် ပြင်ဆင်မှုအနေနဲ့ မန်ချက်စတာယူနိုက်တက်ဟာ တိုက်စစ်နေရာအတွက် ဆန်ချိုနဲ့ နောက်ခံလူနေရာ အတွက်ဗာရန်းတို့ကိုခေါ်ယူအားဖြည့်ထားနိုင်ပါတယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

အသင်းမှာ ဆက်ရှိဖို့ သတင်းထွက်ပြန်တဲ့ ပေါ့ဘာ
26/07/2021

အသင်းမှာ ဆက်ရှိဖို့ သတင်းထွက်ပြန်တဲ့ ပေါ့ဘာ

ပီအက်စ်ဂျီနဲ့ သတင်းထွက်နေတဲ့ ပေါ့ဘာ လာမယ့်ရာသီသစ် အတွက် ပြင်ဆင်နေတယ်လို့ ဆိုးလ်ရှားဆို

■မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ပေါ့ဘာဟာ အသင်းကနေ ကမ်းလှမ်းတဲ့စာချုပ်သစ်ကို ပယ်ချခဲ့တဲ့အပြီးမှာတော့ အသင်းကထွက်ခွာဖို့အတွက် သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဘာကို စာချုပ်သစ် ဆက်ချုပ်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေပြီး ပေါ့ဘာရဲ့ အေးဂျင့်နဲ့ ဆွေးနွေးနေတယ်လို့ ဆိုးလ်ရှားက ပြောကြားလိုက်ပါတယ်။

ဆိုးလ်ရှားက " ​​စာချုပ်သစ်အတွက် မန်ယူနိုက်တက်အသင်းနဲ့ ပေါ့ဘာ ရဲ့ အေးဂျင့်ကြားမှာ ဆွေးနွေးနေတာတွေရှိပါတယ်။ ဆွေးနွေးမှုအတိုင်းအတာအသေးစိတ်ကိုတော့ ကျနော် အတိအကျမသိရသေးပါဘူး။ ပြောရရင် ပေါ့ဘာနဲ့ ယူနိုက်တက်တို့ရဲ့ စာချုပ်သစ်အတွက်ဆက်ပြီးဆွေးနွေးနေကြတုန်းပါပဲ။ ကျနော့်ကိုပေါ့ဘာပြောတာကတော့ လာမယ့်ရာသီသစ်အတွက်သူပြင်ဆင်နေပြီဆိုတာပါပဲ" လို့ ပြောကြားခဲ့ပါတယ်။

ပေါ့ဘာဟာ ၂၀၁၆ ခုနှစ်က ဂျူဗင်တပ်အသင်းကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀နဲ့ ပြောင်း လာခဲ့တာဖြစ်ပြီးတော့ လာမယ့်ရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ သူ့ကိုစာချုပ်သစ်ထပ်တိုးဖို့အတွက် မန်ယူနိုက်တက်ဘက်က ကမ်းလှမ်းခဲ့ ပေမယ့် ပယ်ချခဲ့ပါတယ်။ ပြင်သစ်ကလပ် ပီအက်စ်ဂျီကိုပြောင်းဖို့သတင်းတွေထွက်နေ ပေမယ့​ ပီအက်စ်ဂျီ ပရိတ်သတ်တွေရဲ့ ဆန့်ကျင့်ဆန္ဒပြတာကိုခံလိုက်ရတဲ့အတွက် ပြောင်းရွှေ့ဖို့အရေးက မရေမရာဖြစ် နေပါတယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

ပေါ့ဘာမန်ယူနိုက်တက်မှထွက်ခွာရန်သေချာပြီး စာချုပ်အသစ်ကိုပယ်ချခဲ့ ■မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်ကစားသမား ပေါ့ဘာဟာ ယခုန...
23/07/2021

ပေါ့ဘာမန်ယူနိုက်တက်မှထွက်ခွာရန်သေချာပြီး စာချုပ်အသစ်ကိုပယ်ချခဲ့
■မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်ကစားသမား ပေါ့ဘာဟာ ယခုနွေရာသီမှာပဲ အသင်းကနေ ထွက်ခွာဖို့သေချာနေပြီး မန်ချက်စတာယူနိုက်တက်ဘက်ကကမ်းလှမ်းခဲ့တဲ့ တစ်ပတ် ပေါင်သုံးသိန်းခွဲနဲ့ ကာလကြာရှည်စာချုပ်ကိုလက်မခံပဲပယ်ချခဲ့ပါတယ်။

ပေါ့ဘာမန်ယူနိုက်တက်မှထွက်ခွာရန်သေချာပြီး စာချုပ်အသစ်ကိုပယ်ချခဲ့

■မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်ကစားသမား ပေါ့ဘာဟာ ယခုနွေရာသီမှာပဲ အသင်းကနေ ထွက်ခွာဖို့သေချာနေပြီး မန်ချက်စတာယူနိုက်တက်ဘက်ကကမ်းလှမ်းခဲ့တဲ့ တစ်ပတ် ပေါင်သုံးသိန်းခွဲနဲ့ ကာလကြာရှည်စာချုပ်ကိုလက်မခံပဲပယ်ချခဲ့ပါတယ်။

ပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက်နဲ့ တစ်နှစ်သာ စာချုပ်သက်တမ်းကျန်ရှိတော့တာဖြစ်ပြီးတော့ မန် ချက်စတာယူနိုက်တက်အသင်းဘက်က ကစားသမားကို ဆက်လက်ထိန်းသိမ်းဖို့ ဆန္ဒရှိနေပေမယ့် ကစားသမားဘက်ကတော့ စာချုပ်ချုပ်ဆိုဖို့ စိတ်မဝင်စားတော့ပဲ အသင်းကထွက်ခွာဖို့ဆုံးဖြတ်ထားတာပဲ ဖြစ်ပါတယ်။

Sky Sport ရဲ့ ဖော်ပြချက်အရ အသက် ၂၈ နှစ်အရွယ်ပေါ့ဘာဟာ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့အတွက် စိတ်ဝင်စားနေပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ သူ့ရဲ့အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာနဲ့ ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေအကြားဆွေးနွေးမှုတစ်ခုရှိခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီ ဘက်ကတော့ တရားဝင်ကမ်းလှမ်းမှုမျိုးကိုပြုလုပ်ခြင်းမရှိသေးပဲ ပုဂ္ဂိုလ်ရေးသဘောတူညီ မှုရရှိတာနဲ့ ပြုလုပ်လာနိုင်ဖွယ်ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဘက်ကလည်း ကစားသမားကို ဆက်လက်ထိန်းသိမ်းဖို့မဖြစ်နိုင်ဘူးဆို ရင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ဝန်းကျင်ရရင်ကိုပဲ ရောင်းထုတ်ဖွယ်ရှိပါတယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

ဗာရန်းအပြောင်းအရွှေ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရီးရဲတို့ကြား ရာနှုန်းပြည့်နီးပါးသဘောတူညီမှုရ
22/07/2021

ဗာရန်းအပြောင်းအရွှေ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရီးရဲတို့ကြား ရာနှုန်းပြည့်နီးပါးသဘောတူညီမှုရ

ဗာရန်းအပြောင်းအရွှေ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရီးရဲတို့ကြား ရာနှုန်းပြည့်နီးပါးသဘောတူညီမှုရ

■ဗာရန်းရဲ့ အပြောင်း အရွှေ့ကိစ္စနဲ့ ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဘက်က ပေါင် ၄၅ သန်းနဲ့ ကမ်းလှမ်းခဲ့တဲ့အပြီးမှာတော့ နှစ်သင်းကြားဆွေးနွေးညှိနှိုင်းမှုတွေဟာ ရာနှုန်းပြည့်နီးပါး သဘောတူညီမှုရှိလာခဲ့ပြီဖြစ်တယ်လို့ ဗြိတိန်သတင်းတွေကဖော်ပြပါတယ်။

ရီးရဲဟာ ဗာရန်းအတွက်ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀အနည်းဆုံးရယူလိုတာကြောင့် အခု မန်ချက်စ တာယူနိုက်တက်ဘက်က ကမ်းလှမ်းလိုက်တဲ့ ပေါင် ၄၅သန်းကို လက်ခံနိုင်ဖွယ်ရှိနေတဲ့အတွက် ဗာရန်းဟာ လာမယ့်ရက်အနည်းငယ်အတွင်း အိုးထရက်ဖို့ဒ်ကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်ကတည်းက ဝေးကွာခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်ရယူနိုင်ဖို့အတွက် မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်ရာသီအတွက်အင်အားဖြည့်တင်းမှုတွေလုပ်ဆောင်နေပြီး တော့ ဒေါ့မွန်က ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ဆန်ချိုကိုလည်းခေါ်ယူထားနိုင်ခဲ့သလို နောက်ခံလူ ဗာရန်းကို လည်း ခေါ်ယူအားဖြည့်နိုင်တော့မှာဖြစ်ပါတယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

ပေါ့ဘာရဲ့ အေးဂျင့်နဲ့ ပီအက်စ်ဂျီ အပြောင်းအရွှေ့အတွက်စတင်ဆွေးနွေး
21/07/2021

ပေါ့ဘာရဲ့ အေးဂျင့်နဲ့ ပီအက်စ်ဂျီ အပြောင်းအရွှေ့အတွက်စတင်ဆွေးနွေး

ပေါ့ဘာရဲ့ အေးဂျင့်နဲ့ ပီအက်စ်ဂျီ အပြောင်းအရွှေ့အတွက်စတင်ဆွေးနွေး

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ပေါ့ဘာရဲ့ အပြောင်းအရွှေ့အတွက် သူ့ရဲ့ အေးဂျင့်ဖြစ်သူနဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီတို့အကြား စတင်ဆွေးနွေးနေပြီဖြစ်တယ်လို့ ပြင်သစ်က လာတဲ့သတင်းတွေကိုအခြေခံပြီး ဗြိတိန်သတင်းစာ Daily Mail ကရေးသားလိုက်ပါတယ်။

စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့တဲ့ ပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက်နဲ့ဆက်ပြီး သက်တမ်းတိုးဖို့အရိပ်အယောင်မပြသသေးပဲ ကစားသမားကိုယ်တိုင်က ပြင်သစ်လိဂ်ထိပ်သီးအသင်း ပီအက်စ်ဂျီကိုပြောင်းရွှေ့မယ့်အလားအလာရှိနေပါတယ်။

၂၀၁၆ ခုနှစ်က မန်ချက်စတာယူနိုက်တက်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း၁၀၀ နဲ့ပြောင်း ရွှေ့လာခဲ့တဲ့ ပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ အဓိက ကွင်းလယ်ကစားသမားတစ်ဦး အဖြစ် ရပ်တည်ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ သူ့ရဲ့ ကွင်းအတွင်းစွမ်းဆောင်ရည်တချို့နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကြုံတွေ့ခဲ့ရသူပါ။

မန်ချက်စတာယူနိုက်တက်ဟာ တကယ်လို့ ပေါ့ဘာဘက်ကသာ စာချုပ်သစ်ကိစ္စကိုဆက်လက်မဆွေး နွေးလိုဘူးဆိုရင်တော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့လက်လွတ်ရမယ့်အတူတူ ရောင်းချမယ့်အနေအထား ရှိနေပြီးတော့ သူ့နေရာမှာ အစားထိုးဖို့အတွက် အရန်ကစားသမားဖြစ်တဲ့ ဗန်ဒိဘိခ်အပြင် ဒီကလန်ရိုက်စ် နဲ့ ကမ်မာဗင်ကာတို့ကို ခေါ်ယူဖို့အတွက် ပြင်ဆင်ချိတ်ဆက်နေတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပေါ့ဘာနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ရေစက်ကတော့ ဒီတစ်ကြိမ်မှာလည်း ကုန်ဆုံးမယ့် အရိပ်အယောင်တွေ မြင်နေရပြီပဲဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆုကိုစိန်ခေါ်နိုင်ဖို့အတွက် ရာသီအဖွင့်ပွဲစဉ် ၇ပွဲကို အာရုံစိုက်ကစားရမယ်လို့ ဆိုးလ်ရှားဆို
21/07/2021

ပရီးမီးယားလိဂ် ချန်ပီယံဆုကိုစိန်ခေါ်နိုင်ဖို့အတွက် ရာသီအဖွင့်ပွဲစဉ် ၇ပွဲကို အာရုံစိုက်ကစားရမယ်လို့ ဆိုးလ်ရှားဆို

ပရီးမီးယားလိဂ် ချန်ပီယံဆုကိုစိန်ခေါ်နိုင်ဖို့အတွက် ရာသီအဖွင့်ပွဲစဉ် ၇ပွဲကို အာရုံစိုက်ကစားရမယ်လို့ ဆိုးလ်ရှားဆို

■မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၁၃ ခုနှစ်ကတည်းက ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ကြီးကို လာမယ့်ရာသီမှာပြန်လည်စိန်ခေါ်နိုင်ဖို့အတွက် အဖွင့်ပွဲစဉ် ၇ပွဲကို အာရုံစိုက် ကစားရမှာဖြစ်တယ်လို့ မန်နေဂျာဆိုးလ်ရှားက အသင်းသားတွေကို သတိပေးပြောကြားလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၂ ရာသီဆက်တိုက်ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၁၄ပွဲမှာ ၅ပွဲပဲအနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ချန်ပီယံဆုကိုစိန်ခေါ်နိုင်ဖို့အရေးဟာ အဆိုပါ ၁၄ပွဲမှာရရှိမယ့်အမှတ်ပေါ်မူတည်ပြီး ဆာအဲလက်စ်ဖာဂူဆန်ကိုင်တွယ်ခဲ့စဉ်က ရာသီအဖွင့်ပွဲ ၁၄ပွဲမှာ ရလာဒ်ကောင်းတွေရယူနိုင်ခဲ့တဲ့အတွက်ကြောင့် သာ ချန်ပီယံဆုဖလားစိန်ခေါ်နိုင်တဲ့လမ်းကြောင်းမှာရှိနေတာဖြစ်တယလို့ ဆိုးလ်ရှားကဆိုပါတယ်။

“ပြီးခဲ့တဲ့ရာသီအဖွင့်ထက် သာလွန်ကောင်းမွန်တဲ့ ရလာဒ်ကိုကျနော်တို့ဖော်ဆောင်ဖို့လိုပါတယ်။ ကျနော်တို့ဟာ ရမှတ် နည်းနည်းလေးတောင် အဖွင့်ပွဲစဉ်တွေမှာဆုံးရှူံးလို့မရပါဘူး။ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ကျနော်တို့ကစား သမားဘဝတုန်းကထက်ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်လာပါတယ်။ အထူးသဖြင့် ရာသီအဖွင့်ပွဲစဉ် ၇ပွဲဟာ အရေးကြီးပါတယ်။ ရာသီအဖွင့်ပွဲစဉ် ၇ပွဲကိုအနိုင်ရလို့ ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိသွားတယ်လို့ပြောလို့မရ ပေမယ့် အဲ့ဒီ ၇ပွဲမှာရမယ့်အမှတ်တွေကို ဆုံးရှူံးခဲ့ရရင်တော့ ချန်ပီယံဆုစိန်ခေါ်နိုင်မယ့်အခွင့်အရေးကို လက်လွတ်ရဖို့များပါတယ်” လို့ ဆိုးလ်ရှားကဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီအဖွင့်ပွဲစဉ်အဖြစ် လိဒ်အသင်းနဲ့ အိမ်ကွင်းမှာ စတင်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီးတော့ ရာသီအဖွင့်ပွဲစဉ် ၇ပွဲအထိ အသင်းကြီးတွေနဲ့ တွေ့ဆုံရမှာမဟုတ်ပါဘူး။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

ရဲရဲတောက်သက္ကရာဇ်များ‬အပိုင်း(၁၇)(Wayne Rooney-My Decade (In The Premier League)
01/01/2020

ရဲရဲတောက်သက္ကရာဇ်များ‬အပိုင်း(၁၇)(Wayne Rooney-My Decade (In The Premier League)

ရဲရဲတောက်သက္ကရာဇ်များ‬အပိုင်း(၁၇)(Wayne Rooney-My Decade (In The Premier League) January 1, 2020 Nyan Win Shein Feature 0 Photo Getty Images ကာရင်တန် နည်းပြကြီးရဲ့ ရုံးခန်းက ယ....

ရဲရဲတောက်သက္ကရာဇ်များ‬အပိုင်း(၁၆)_______________________________ယူနိုက်တက်ကိုရောက်တော့ ကျွန်တော် ချက်ချင်း သဘောပေါက်သွား...
31/12/2019

ရဲရဲတောက်သက္ကရာဇ်များ‬အပိုင်း(၁၆)
_______________________________

ယူနိုက်တက်ကိုရောက်တော့ ကျွန်တော် ချက်ချင်း သဘောပေါက်သွားတာက အာရုံစိုက်မှုတွေက အများကြီး ပိုပြင်းထန်တယ်ဆ်ုတာပဲ။ ကစားသမားတွေကို ရောခ့်စတားတွေလို ဆက်ဆံကြတယ်။ ကြောက်ဖို့ကောင်းတာက ပရိသတ်တွေက နေရာတိုင်းမှာ ရှိနေကြတာပဲ။

ရဲရဲတောက်သက္ကရာဇ်များ‬အပိုင်း(၁၆)(Wayne Rooney-My Decade (In The Premier League) December 31, 2019 Nyan Win Shein Feature 0 Photo Getty Images ဂယ်ရီနဲ့ ပေါလ်စခိုး၊ ရိုင်ယန်ဂစ် .....

ယူနိုက်တက်အသင်းဟာ ကစားသမားနှစ်ဦး ဒါမှမဟုတ် သုံးဦး ခေါ်ယူဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုးလ်ရှားဝန်ခံ
13/12/2019

ယူနိုက်တက်အသင်းဟာ ကစားသမားနှစ်ဦး ဒါမှမဟုတ် သုံးဦး ခေါ်ယူဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုးလ်ရှားဝန်ခံ

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီဈေးကွက်မှာ ကစားသမား ၂ဦး ဒါမှမဟုတ် ၃ဦး ကိုခေါ်ယူဖို့လိုအပ်နေသေ.....

ယူနိုက်တက်အသင်းသည်ပေါင် ၈၁ သန်းတန်လေဗာကူဆင်ကွင်းလယ်ကစားသမား ကိုင်ဟာဗာကိုလီဗာပူး၊ဘာစီလိုနာနှင့်အပြိုင်ခေါ်ယူရန်စိတ်ဝင်စား...
12/12/2019

ယူနိုက်တက်အသင်းသည်ပေါင် ၈၁ သန်းတန်လေဗာကူဆင်ကွင်းလယ်ကစားသမား ကိုင်ဟာဗာကိုလီဗာပူး၊ဘာစီလိုနာနှင့်အပြိုင်ခေါ်ယူရန်စိတ်ဝင်စားနေ

မန်ချက်စတာယူနိုက်တက်အသင်းသည် လေဗာကူဆင်ကွင်းလယ်ကစားသမားဖြစ်သူ ကိုင်ဟာဗာကို ခေါ်ယူရန်စိတ်ဝင်စားနေပြီးဆို...

ဝမ်ဘီဆာကာဟာ ဒီရာသီမှာ ယူနိုက်တက်ရဲ့ မဟာတံတိုင်းကြီးဖြစ်တယ်လို့ ဖလက်ချာအမွှန်းတင်________________________________________...
12/12/2019

ဝမ်ဘီဆာကာဟာ ဒီရာသီမှာ ယူနိုက်တက်ရဲ့ မဟာတံတိုင်းကြီးဖြစ်တယ်လို့ ဖလက်ချာအမွှန်းတင်
_________________________________________________

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းဖြစ်တဲ့ ဖလက်ချာက ဒီရာသီမှာ ယူနိုက်တက်ရဲ့နောက် တန်းမှာ ခြေစွမ်းပြကစားနေတဲ့ ဘီဆာကာ ဟာ ယူနိုက်တက်ရဲ့ မဟာတံတိုင်းကြီးဖြစ်တယ်လို့ အမွှန်း တင်သွားပါတယ်။

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းဖြစ်တဲ့ ဖလက်ချာက ဒီရာသီမှာ ယူနိုက်တက်ရဲ့နောက် တန်းမှာ ခြေစွမ်းပြကစားန....

လာမယ့်ဇန်နဝါရီမှာ ဆိုးလ်ရှားရဲ့ဦးစားပေးခေါ်ယူမယ့် ကစားသမားသစ်သုံးဦးကဘယ်သူတွေဖြစ်မလဲ
10/12/2019

လာမယ့်ဇန်နဝါရီမှာ ဆိုးလ်ရှားရဲ့ဦးစားပေးခေါ်ယူမယ့် ကစားသမားသစ်သုံးဦးကဘယ်သူတွေဖြစ်မလဲ

မန်ချက်စတာယူနိုက်တက်မန်နေဂျာဆိုးလ်ရှားသည်လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ကစားသမားသစ်သုံးဦးကိုခေါ်ယူ.....

ယခုရာသီတွင် ရှေ့ဆက်လှမ်းရမည့်ခြေလှမ်းများအတွက်ပေါ့ဘာကိုလိုအပ်ကြောင်း ယူနိုက်တက်ဂန္တဝင် ရိုင်ယန်ဂစ်ဝန်ခံ
09/12/2019

ယခုရာသီတွင် ရှေ့ဆက်လှမ်းရမည့်ခြေလှမ်းများအတွက်ပေါ့ဘာကိုလိုအပ်ကြောင်း ယူနိုက်တက်ဂန္တဝင် ရိုင်ယန်ဂစ်ဝန်ခံ

မန်ချက်စတာယူနိုက်တက်အသင်းသည်ယခုရာသီတွင်ရှေ့ဆက်လှမ်းရမည့်ခြေလှမ်းများအတွက် ကွင်းလယ်လူပေါ့ဘာကို လိုအပ်က....

ဖာနန်ဒက်စ်ကို လာမည့်‌ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင်အရခေါ်ယူရန် ယူနိုက်တက်ကို လီပါဗူးကစားသမားဟောင်း ဒန်နီမာဖီတိုက်တွန်း
09/12/2019

ဖာနန်ဒက်စ်ကို လာမည့်‌ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင်အရခေါ်ယူရန် ယူနိုက်တက်ကို လီပါဗူးကစားသမားဟောင်း ဒန်နီမာဖီတိုက်တွန်း

မန်ချက်စတာယူနိုက်တက်သည် ၎င်း၏ငယ်ရွယ်လျင်မြန်သည့်တိုက်စစ်ကိုပုံဖော်ရန်အတွက် လာမည့်ဇန်နဝါရီတွင် စပို့တင်...

မန်ချက်စတာဒါဘီတွင် ဖရက်ဒ်နှင့်လင်ဂတ်တို့ကို  စီးတီးပရိတ်သတ်များမှ လူမျိုးရေးခွဲခြားမှုကို FA စုံစမ်းစစ်ဆေးမည်
08/12/2019

မန်ချက်စတာဒါဘီတွင် ဖရက်ဒ်နှင့်လင်ဂတ်တို့ကို စီးတီးပရိတ်သတ်များမှ လူမျိုးရေးခွဲခြားမှုကို FA စုံစမ်းစစ်ဆေးမည်

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်သည် မန်ချက်စတာဒါဘီတွင် စီးတီးပရိတ်သတ်များမှကျူးလွန်ခဲ့သည့် လူမျိုးရေးခွဲခြားမ...

အီတီဟက်မှာ သရဲစီးတဲ့ညအပြီး သရဲနီတပ်သားတွေဘယ်လိုအောင်ပွဲခံခဲ့လဲ မနေ့ညက အီတီဟက်ကွင်းမှာ ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်ကတေ...
08/12/2019

အီတီဟက်မှာ သရဲစီးတဲ့ညအပြီး သရဲနီတပ်သားတွေဘယ်လိုအောင်ပွဲခံခဲ့လဲ

မနေ့ညက အီတီဟက်ကွင်းမှာ ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်ကတော့ ပရိတ်သတ်တွေကို ဖမ်းစားထား နိုင်ခဲ့ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒါဘီပွဲနဲ့အညီ ပွဲက အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲံ့ ပရိတ်သတ်တွေကို ဖျော်ဖြေမှုပေးခဲ့တာပါ။

မနေ့ညက အီတီဟက်ကွင်းမှာ ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်ကတော့ ပရိတ်သတ်တွေကို ဖမ်းစားထား နိုင်ခဲ့ပါတယ်။ ပြိ.....

ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာသည် လာမည့်နွေရာသီတွင်အင်္ဂလန်မှထွက်ခွာရန်စိတ်ပိုင်းဖြတ် ထားပြီးဖြစ်ကြောင်းပြင်သစ်သတင်းစာဖော်ပ...
07/12/2019

ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာသည် လာမည့်နွေရာသီတွင်အင်္ဂလန်မှထွက်ခွာရန်စိတ်ပိုင်းဖြတ် ထားပြီးဖြစ်ကြောင်းပြင်သစ်သတင်းစာဖော်ပြ
________________________________________________

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ပေါ့ဘာသည် လာမည့်နွေရာသီတွင် အင်္ဂလန်မှထွက်ခွာရန်စိတ်ပိုင်းဖြတ်ထားပြီးရီးရဲလ်မက်ဒရစ်သည်သူ၏အိပ်မက်နေရာတစ်ခုဖြစ်နေဆဲဖြစ်ကြောင်း ပြင်သစ်သတင်းစာ L'Equipe ကဆိုသည်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ပေါ့ဘာသည် လာမည့်နွေရာသီတွင် အင်္ဂလန်မှထွက်ခွာရန်စိတ်ပိုင်းဖြတ်ထားပြီးရီး...

မန်ချက်စတာယူနိုက်တက်နှင့်အလီဘာဘာအုပ်စုတို့ စီးပွားရေးပါတနာအဖြစ်ပူးပေါင်း_______________________________________________ ...
06/12/2019

မန်ချက်စတာယူနိုက်တက်နှင့်အလီဘာဘာအုပ်စုတို့ စီးပွားရေးပါတနာအဖြစ်ပူးပေါင်း
_______________________________________________

ကွင်းတွင်းခြေစွမ်းကျဆင်းနေသော်လည်း စီးပွားရေးအရ ခြေလှမ်းသစ်တစ်ရပ်အဖြစ် မန်ချက်စတာယူနိုက်တက် သည် တရုတ်အကြီးဆုံးအွန်လိုင်းစတိုးပိုင်ဆိုင်ထားသည့် အလီဘာဘာအုပ်စုနှင့်စီးပွားရေးပါတနာအဖြစ်ပူးပေါင်းလိုက် ကြောင်း ဒီဇင်ဘာ ၆ရက်တွင် အသင်းပိုင်ဝဘ်ဆိုက်ဒ်မှကြေညာလိုက်သည်။

ကွင်းတွင်းခြေစွမ်းကျဆင်းနေသော်လည်း စီးပွားရေးအရ ခြေလှမ်းသစ်တစ်ရပ်အဖြစ် မန်ချက်စတာယူနိုက်တက် သည် တရုတ်အက....

မန်စီးတီးနဲ့ကစားမယ့် ဒါဘီပွဲကိုမစောင့်နိုင်တော့ဘူးလို့ ဆိုတဲ့ ဒီဂီယာ _____________________________________________မန်ချက...
06/12/2019

မန်စီးတီးနဲ့ကစားမယ့် ဒါဘီပွဲကိုမစောင့်နိုင်တော့ဘူးလို့ ဆိုတဲ့ ဒီဂီယာ
_____________________________________________

မန်ချက်စတာယူနိုက်တက်အသင်းဂိုးသမားဖြစ်သူ ဒေးဗစ်ဒီဂီယာဟာ လာမယ့် စနေ့နေ့မှာကစားမယ့် မန်ချက်စတာဒါဘီပွဲအတွက်ကိုစိတ်လှုပ်ရှားနေပြီး မအောင့်အီးနိုင်တော့ဘူးလို့ဖွင့်ဟလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဂိုးသမားဖြစ်သူ ဒေးဗစ်ဒီဂီယာဟာ လာမယ့် စနေ့နေ့မှာကစားမယ့် မန်ချက်စတာဒါဘီပွဲအတွက.....

စပါးအသင်းကိုအနိုင်ယူခဲ့တဲ့မန်ယူနိုက်တက်ကစားသမားတွေကို ပွဲအပြီးမှာချီးကျူးဂုဏ်ပြုခဲ့တဲ့ မော်ရင်ညို_______________________...
05/12/2019

စပါးအသင်းကိုအနိုင်ယူခဲ့တဲ့မန်ယူနိုက်တက်ကစားသမားတွေကို ပွဲအပြီးမှာချီးကျူးဂုဏ်ပြုခဲ့တဲ့ မော်ရင်ညို
_________________________________________________

အိုးထရက်ဖို့ဒ်တကျော့ပြန်ခရီးမှာ မော်ရင်ညိုအနေနဲ့ ရှူံးပွဲနဲ့ကြုံတွေ့ခဲ့ရပေမယ့် အနိုင်ရခဲ့တဲ့ ယူနိုက်တက်အသင်းသားတွေကို လေးလေးနက်နက်နဲ့ချီးကျူးဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရှုရန်>>>>>

စပါးအသင်းမန်နေဂျာဖြစ်တဲ့ မော်ရင်ညိုဟာ မန်ယူနိုက်တက်ကစားမားတွေကို ပွဲအပြီးမှာ ချီးကျူးဂုဏ်ပြု ခဲ့ပါတယ်။ အ...

ယူနိုက်တက်မန်နေဂျာဆိုးလ်ရှားသည် ယနေ့ ကစားမည့် စပါးနှင့်ပွဲတွင် နောက်တန်းသုံးယောက်ကစားကွက်ဖြင့် ပွဲထွက်နိုင်ဖွယ်ရှိနေ____...
04/12/2019

ယူနိုက်တက်မန်နေဂျာဆိုးလ်ရှားသည် ယနေ့ ကစားမည့် စပါးနှင့်ပွဲတွင် နောက်တန်းသုံးယောက်ကစားကွက်ဖြင့် ပွဲထွက်နိုင်ဖွယ်ရှိနေ
___________________________________________

ဆိုးလ်ရှားသည် ယခုနှစ်ရာသီတွင် သုံးယောက်တန်းနောက်တန်းဖြင့်ပွဲထွက်ခဲ့သည့်ပွဲစဉ်များရှိခဲ့ပြီး ယင်းပွဲစဉ်များမှာ ရှက်ဖီးလ်အသင်းနှင့်တစ်ဖက်သုံးဂိုးစီသရေကျခဲ့သည့်ပွဲနှင့်လီပါဗူးကိုတစ်ဖက် တစ်ဂိုးစီသရေကျခဲ့သည့်ပွဲများဖြစ်သည်။

အပြည့်အစုံဆက်လက်ဖတ်ရှုရန်>>>>>

ဆိုးလ်ရှားသည် ယခုနှစ်ရာသီတွင် သုံးယောက်တန်းနောက်တန်းဖြင့်ပွဲထွက်ခဲ့သည့်ပွဲစဉ်များရှိခဲ့ပြီး ယင်းပွဲစဉ်...

Address


Website

Alerts

Be the first to know and let us send you an email when Man United Facts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share