La Yait

La Yait Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from La Yait, Digital creator, .

06/11/2023

အမှန်တရား နဲ့ အလိမ်အညာ
————————————————————————

တစ်ခါတုန်းက အမှန်တရားရယ် အလိမ်အညာရယ်ဟာ မြစ်ထဲဆင်းပြီး ရေးချိုးကြတယ်။

ရေချိုးလို့လည်းပြီးရော အလိမ်အညာဟာ အမှန်တရားရဲ့ အင်္ကျီကိုဝတ်ပြီး ထွက်ခွါသွားတယ်။

အမှန်တရားကတော့ အလိမ်အညာရဲ့ အင်္ကျီကို မဝတ်ချင်တာကြောင့် ကိုယ်တုံးလုံးပဲ နေလိုက်တော့တယ်။

အဲ့ဒီအချိန်ကစပြီး လူတွေဟာ အမှန်တရားဆိုရင်တော့ ရှောင်ဖယ်ရှောင်ဖယ်နဲ့ အမှန်တရားရဲ့ ဝတ်စုံ ဝတ်ထားတဲ့ အလိမ်အညာဆိုရင်တော့ တလေးတစား ကောင်းကောင်းမွန်မွန်ဆက်ဆံကြတော့တယ်။


06/11/2023

ကိုယ်ထိလက်ရောက် ထိခိုက်အောင်လုပ်တာထက်

စကားတွေနဲ့ ထိခိုက်အောင်လုပ်တာက
ပိုနာကျင်ရတယ် ကိုယ့်နုတ်ကခွက်တဲ့

တစ်ချို့သော စကားတွေက
အန္တရာယ်အလွန်များတယ် ။

ဆင်ချင်ပြောဆိုတပ်ပါစေ ” မိတ်ဆွေ “✍️

16/09/2023

ရင့်ကျက်သွားတဲ့အခါ ..
□ □ □
■ အရင်တုန်းက တစ်ခုခု ဒေါသထွက်ရင် ချက်ချင်း
မစဉ်းစားပဲ ပြန်ပြော၊ ပြန်လုပ်တတ်ပေမယ့် အခု
တော့ နှုတ်ဝရောက်နေတဲ့ စကားလုံးအချို့နဲ့
ပေါက်ထွက်တော့မယ့် ဒေါသတွေကိုအချိန်မီ
ပြန်မျိုချတတ်လာတယ်။

■ အရင်တုန်းက သူများဝေဖန်ရင် အိပ်ရေးပျက်တဲ့
အထိခံစားတတ်ပေမယ့် အခုတော့ တစ်ဖက်နား
ကဝင်ပြီး အခြားတစ်ဖက်က ထွက်သွားတယ်။

■ အရင်တုန်းက ရင်ဘတ်ထဲက ခံစားတာတွေကို
ဦးစားပေးခဲ့ပြီး အရူးကြီးတစ်ယောက်လိုဖြစ်ပေ
မယ့် အခုတော့ နှလုံးသားကို ခဏအနားပေးပြီး
ဦးနှောက်ကိုပဲ ပိုမျက်နှာသာပေးမိတယ်။

■ အရင်တုန်းက လူတစ်ယောက်ကို လွယ်လွယ်
ကူကူ ယုံကြည်တတ်ပေမယ့် အခုတော့အချိန်
အတိုင်းအတာ တစ်ခုအထိစောင့်ကြည့်ပြီးမှ
ယုံတတ်လာတယ်။

■ အရင်တုန်းက ချစ်ရင်ချစ်တယ်၊ မုန်းရင်မုန်းတယ်
နေလို့ရခဲ့ပေမယ့် အခုတော့မုန်းတဲ့လူကိုပြုံးပြပြိး
ချစ်တဲ့လူကို ဥပေက္ခာပြုတဲ့အလေ့အကျင့်တွေလဲ
ပိုင်ဆိုင်လာတယ်။

■ အမှားတစ်ခုစီက သင်ခန်းစာတွေပေးခဲ့တယ်။
အချို့အမှားတွေက ပြင်းထန်လွန်းလို့ အမာရွတ်
တွေကျန်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအမာရွတ်တွေ
ကို ဆုတံဆိပ်တွေလို ဂုဏ်ယူစွာ တပ်ဆင်ထား
တယ်။ ဘယ်လောက်ရွတ်ရွတ်ချွံချွံတိုက်ခိုက်ခဲ့ပြီး
ဒီအခြေအနေထိရောက်လာလဲဆိုတာကိုဖော်ပြ
နေတဲ့အမှတ်အသားတွေမို့ တန်ဖိုးထားတယ်။

☞ အသက်ကြီးလို့လူကြီးဖြစ်တာထက်၊
အသိကြီးလို့ လူကြီးဖြစ်တာက ပိုကောင်းပါတယ်။ ☜

13/09/2023

ချမ်းသာအောင်ကြိုးစား ဒီနိုင်ငံမှာ ဆင်းရဲရင်
နှိပ်စက်ကြ လိမ့်မယ် တဲ့

Rangoon Tea House မှာ ဒန်ပေါက်တစ်ပွဲ ၁၂ ဒေါ်လာ၊ မုန့်ဟင်းခါးတစ်ပွဲ ၆ ဒေါ်လာ ရောင်းတဲ့သူကလည်း ရောင်းတယ် လာစားတဲ့သူကလည်း စားနိုင်တဲ့ လူတန်းစားတွေ။အဲ့ဒီတော့.. ဘာမှပြဿနာ မရှိဘူး။

အဲ့လိုပဲ ဝင်ဒါမီယာ၊ ဥယျာဉ်လမ်းထဲက အ.မ.ကကျောင်းထဲမှာ တဲထိုးပြီး ရောင်းနေတဲ့
ဒေါ်နှင်းဆီ မုန့်ဟင်းခါး တစ်ပွဲကို အကြော်စုံ၊ငါးဖယ်၊ အိုးဘဲဥ၊ ငါးသလောက်ဥနဲ့ဆို ၁၂၀၀၀ လောက်ရှိမယ်၊
ရောင်းလာတာ နှစ် ၂၀ လောက်ရှိပြီ၊ လာစားတဲ့ လူတန်းစားကလည်း စားနိုင်တဲ့ လူတန်းစား၊ ဘာပြသနာမှ မရှိခဲ့ဘူး။ ဒီနှစ်ဆိုင်က အရသာလည်း သိပ်မကွာဘူး၊
စျေးလည်း သိပ်မကွာဘူး။

သို့ပေမယ့် .. ဟိုတစ်လောက ဒေါ်နှင်းဆီဆိုင်မှာ
လာစားတဲ့ လူတစ်ယောက်က တစ်ပွဲတစ်သောင်းခွဲတန်ဆိုပြီး ဖေ့ဘုတ်မှာ တင်တော့
တို့လူမျိုး ထုံးစံအတိုင်း ဝိုင်းဆဲ ကြသည်ပေါ့။

ဆဲတဲ့အထဲမှာ ၁၅၀၀၀ ဆိုရင် တစ်မိသားစုလုံး
နှစ်ရက်လောက် ထမင်းစားလို့ရတယ်လို့ ပြောတဲ့လူလဲ
ရှိတယ်။
(တကယ်လည်း သူတို့ မိသားစုက ၁၅၀၀၀ နဲ့
နှစ်ရက်လောက် ထမင်းစားနေရတာလည်း ဖြစ်ချင်ဖြစ်
မယ်)

နောက်ထပ်ဆဲတဲ့ လူတန်းစား တစ်မျိုးကျတော့
Roof Top Bar မှာ Mild seven တစ်ဗူး ၅၅၀၀ ပေးသောက်တဲ့ လူတွေပါတယ်၊
Brave မှာ ဘလက်တစ်လုံး ၈၀၀၀၀ ပေးသောက်တဲ့
လူတွေလည်း ပါတယ်။
KTV မှာ အသီး ၃ မျိုးလောက် ၄ စိတ် စိတ်ပြီး
ထည့်ထားတဲ့ ပန်းကန်ကို ၇၅၀၀ ပေးပြီး စားတဲ့ လူတွေလည်းပါတယ်။
ဘာမှန်းမသိ ညာမှန်းမသိနဲ့ မှုတ်ရ ပြီးရော ဆိုပြီး
ရှီရှားတစ်အိုး တစ်သိန်းလောက် ပေးသောက်တဲ့
အဖွဲ့တွေလည်း ပါတယ်။

ပြောချင်တာကတော့ ဒီလူတွေ အကုန်လုံးက
ဆဲချင်လို့ကို ဝင်ဆဲတာ။

အဆိုတော် နေဝင်းက .. အိမ့်ချစ်ချောကို ကြည့်တဲ့
အကြည့်က
အင်မတန် နှစ်လိုဖွယ်ကောင်းပြီး မိန်းခလေးတိုင်း
အားကျ ရတယ်။
ဗိုလ်တစ်ထောင် ညစျေးက မုန့်လင်မယား ရောင်းတဲ့ အမျိုးသမီးကို သူ့ယောက်ကျားက ကြည့်တာလည်း
ဒီ အကြည့်ပဲ။
ဒါပေမယ့် .. နှစ်လိုဖွယ် မကောင်းဘူး၊
မိန်းခလေးတွေ ရာနှုံးပြည့် အားမကျဘူး။
အရက်ဖိုး တောင်းမလို့ မျက်နှာချို သွေးနေတယ် လို့
တောင်ပြောတဲ့လူ ရှိသေးတယ်။

မှော်ဘီက မရမ်းတလင်းခြံမှာ ဆရာမင်းင်္သိခ ရေးထားတဲ့ ဆိုင်းဘုတ်ကြီး ဖတ်ဖူးတယ်။

ချမ်းသာအောင်ကြိုးစား ဒီနိုင်ငံမှာ ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ်တဲ့...

အဲတော့ ကိုယ့်ကိုယ့် ကိုယ် ခမ်းနားအောင်သာ
တည်ဆောက်ပါ၊
လူချမ်းသာ စိတ်ချမ်းသာအောင် အမြဲကြိုးစားပါ။

ပိုက်ဆံဆိုတာ ဘာတွေ မဖန်ဆင်းနိုင်ဘူး
ညာတွေ မဖန်ဆင်းနိုင်ဘူးဆိုတဲ့ ဗော်ရှီဘစ်
ဂျင်းတွေကို သွားမယုံနဲ့...

ဥပါယ်တံမျဉ် ဇာတ်ကားထဲက ဗီလိမ်ဇာတ်ရုပ်
သိန်းစိုး ပြောသလိုပဲ...

ခင်ဗျား ဆင်းရဲဖူးလား ဆင်းရဲရင် ဘယ်သူမှ
စောက်ဖက် မလုပ်ဘူးတဲ့...

Credit to Original Writer
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

https://m.facebook.com/story.php?story_fbid=228610636818568&id=100090088983759&mibextid=Nif5oz

13/09/2023
13/09/2023

လူ တစ် ယောက် ကို တ ကယ် ချစ် မိ ပြီ ဆို တာ နဲ့

ကိုယ် ပျော် ရွှင် ဖို့ ထပ် သူ့ ကို ပျော် ရွှင် စေ ချင် လာ တယ်

ကိုယ့် အ တွက် နာ ကျင် ရ မဲ့ အ ရာ မှန်း သိ လျက် နဲ့ တောင် မှ

သူ ပျော် ရွှင် နေ ရင် ပြီး တာ ပဲ ဆို တဲ့ အ သိ စိတ် ​ေတွ နဲ့ ပေါ့...။

🌻💚

12/09/2023

Address


Website

Alerts

Be the first to know and let us send you an email when La Yait posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share