Fox Burmese News

  • Home
  • Fox Burmese News

Fox Burmese News media

ပိတ်ဆိုအရေးယူနေခြင်းသည် ဒေါ်လာ၏ လွှမ်းမိုးမှုကို ဆုံးရှုးစေနိုင်ဟုဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ရယ်လန်ဆိုအမေရိကန် ဘဏ္ဍာရေးဝန်ကြ...
18/04/2023

ပိတ်ဆိုအရေးယူနေခြင်းသည် ဒေါ်လာ၏ လွှမ်းမိုးမှုကို ဆုံးရှုးစေနိုင်ဟုဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ရယ်လန်ဆို

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ရယ်လန်က အမေရိက သည် ယူကရိန်းအရေးတွင် ပါဝင်ပတ်သက်နေသည့် နိုင်ငံများအား စီးပွားရေးအရ ပိတ်ဆိုအရေးယူမှုများ ပြုလုပ်နေခြင်းသည် ဒေါ်လာ၏ လွှမ်းမိုးမှုတန်ဖိုးကို ဆုံးရှုးအောင် လုပ်နေသကဲ့သို ဖြစ်နေကြောင်း ပြောလာခဲ့သည်။

“ငါတိုတွေ ဒေါ်လာနဲ့ ဆက်စပ်တဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆိုအရေးယူမှုတွေ ပြုလုပ်တဲ့အချိန်တိုင်း အန္တရာယ်တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ အချိန်ကြာလာတာနဲ့အမျှ ဒေါ်လာရဲ့ လွှမ်မိုးမှုကို အားနည်းလာစေနိုင်တာပါပဲ” ဟု ရယ်လန်က ပြောသည်ကို စီအင်န်အင်န် သတင်းဌာနက ပြန်လည်ဖော်ပြထားသည်။

17/04/2023
Thousands of people protested against the Czech government last April 16th in the center of the city of Prague, Czech Re...
17/04/2023

Thousands of people protested against the Czech government last April 16th in the center of the city of Prague, Czech Republic. This is a photo report of the Czech people protesting the fact that the Czech government ignores the decline of its economy and focuses too much on the Ukraine issue.

17/04/2023

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နစကမှ အကျဉ်းသား ၊အကျဉ်းသူ ၃ဝဝဝ ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပြု

ယနေ့ဧပြီလ ၁၇ရက်နေ့တွင် Twitter social media ကြီးမှ အများပြည်သူများသိရှိစေရန် "အမေရိကန်အစိုးရ သိုမဟုတ် ဗြိတိန် အစိုးရ" ၏ထ...
17/04/2023

ယနေ့ဧပြီလ ၁၇ရက်နေ့တွင် Twitter social media ကြီးမှ အများပြည်သူများသိရှိစေရန် "အမေရိကန်အစိုးရ သိုမဟုတ် ဗြိတိန် အစိုးရ" ၏ထောက်ပံ့ငွေဖြင့် လည်ပတ်နေသော မီဒီယာ များကို အစိုးရမီဒီယာဟု Twitter မှ ခေါင်းစဥ်ပြောင်းတတ်ပေးနေကြောင်းသိရပါသည်။

17/04/2023

"ရုရှား-တရုတ် စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ကို Putinချီးကျူးပြောဆို"
===========================

ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံ တို၏ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံကြားယုံကြည်မှုများကို အခြေခံ ပြီး မဟာဗျူဟာမြောက် ဆက်ဆံရေးများကို ပိုမို ခိုင်မာလာကြောင်း ရုရှားသမ္မတ Vladimir Putiက ပြီးခဲ့သည့် ဧပြီလ ၁၆ရက်နေ့ တွင် ရုရှားနိုင်ငံသို အလည်အပတ်ရောက်ရှိနေသော တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတ မှ နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာကိစ္စနယ်ပယ်များတွင် Moscow နှင့် Beijing တိုအကြား အောင်မြင်မှုနှင့် ပြီး ပြည့်စုံသော ပူးပေါင်းဆောင်ရွက်မှုများကို ချီးကျူးပြောဆိုခဲ့တယ်။ "ကျနော် တိုနဲ့ တရုတ်နိုင်ငံအကြားရှိ ဆက်ဆံရေးဟာ ယုံကြည်မှုအခြေခံပြီး ဗျူဟာမြောက် ခိုင်မာအားကောင်းသည့် အဓိကနယ်ပယ်တစ်ခုဖြစ်တယ်လိုကျနော်ထင်ပါသည်" ဟု ရုရှားသမ္မတPutin က ပြောကြားခဲ့ပါသည်ဟု TASS News မှဖော်ပြထားပါသည်။

မိုင်းဖုန်းဆရာတော်ကြီး ဇီယာဒန်းရေခဲတောင်ခြေ၌ ၃ ရက်အဓိဌာန်ဝင်မည်မိုင်းဖုန်းဆရာတော်ကြီးသည် သင်္ကြန်ကာလ ဓမ္မဒူတခရီးစဥ်အတွင်...
16/04/2023

မိုင်းဖုန်းဆရာတော်ကြီး ဇီယာဒန်းရေခဲတောင်ခြေ၌ ၃ ရက်အဓိဌာန်ဝင်မည်

မိုင်းဖုန်းဆရာတော်ကြီးသည် သင်္ကြန်ကာလ ဓမ္မဒူတခရီးစဥ်အတွင်း၌ ကချင်ပြည်နယ်ရှိ ဇီယာဒန်းရေခဲတောင်ခြေ၌ ၃ ရက်အဓိဌာန်ဝင်မည်ဖြစ်ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်ကြီး အဓိဌာန်ဝင်တော်မူနေသည့်အချိန်၌ ဆရာတော်ကြီး၏ ဆွမ်းကိစ္စများအတွက် လှူဒါန်းဖွယ်ရာများအား ရဟတ်ယာဥ်ဖြင့်ပို ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်တာနာပြည်နယ်အတွင်း Tiktok ပိတ်ပင်မည့် ဥပဒေမူကြမ်းအား ပြည်နယ်လွှတ်တော်အမတ်များ အတည်ပြုအမေရိကန်နိုင်ငံ မွန်တာနာပြည်နယ်၏...
15/04/2023

မွန်တာနာပြည်နယ်အတွင်း Tiktok ပိတ်ပင်မည့် ဥပဒေမူကြမ်းအား ပြည်နယ်လွှတ်တော်အမတ်များ အတည်ပြု

အမေရိကန်နိုင်ငံ မွန်တာနာပြည်နယ်၏ လွှတ်တော်အမတ်များသည် ၎င်းတို၏ ပြည်နယ်အတွင်း Tiktok အသုံးပြုခွင့်နှင့် ဒေါင်းလုဒ်ဆွဲခွင့်ကို ပိတ်ပင်မည့် ဥပဒေမူကြမ်းအား ဧပြီလ ၁၄ ရက် သောကြာနေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

မွန်တာနာလွှတ်တော်အတွင်း မဲခွဲကြရာ ထောက်ခံမဲ ၅၄ မဲ၊ ဆန့်ကျင်မဲ ၄၃ မဲဖြင့် ထိုဥပဒေမူကြမ်းအား အတည်ပြုခဲ့ခြင်းဖြစ်သည်။ SB 419 ဟုခေါ်သော အဆိုပါ ဥပဒေမူကြမ်းသည် မွန်တာနာပြည်နယ်ရှိ မိုဘိုင်း အက်ပ်စတိုးများအား ဒေသခံများထံ Tiktok ဒေါင်းလုဒ် ဆွဲခွင့်ပေးနေခြင်းမှ လုံးဝ တားမြစ်သွားမည် ဖြစ်သည်။

10/04/2023

အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့်Senegalနိုင်ငံသည် ၎င်းတိုနိုင်ငံအတွင်း နိုင်ငံရေးမတည်မငြိမ်ဖြစ်ပွားနေပြီး ၄နှစ် အတွင်းပထမဆုံး စစ်ရေးပြချီတက်ပွဲကို ပြီးခဲ့သည့် ဧပြီလ ၄ရက်နေ့တွင် ကျင်းပခဲ့ကြပါသည်။ ဗီဒီယိုသတင်းမှတ်တမ်းသည် Senegal ကွန်မန်ဒိုများ၏ ပုံစံများဖြစ်ပါသည်။

10/04/2023

ယနေ့ဧပြီလ ၉ရက်နေ့တွင် တရုတ်နိုင်ငံ၏ စစ်တပ် မှနည်းပညာဖြင့်ပြုလုပ်ထားသော တိကျသေချာသည့်တိုက်ခိုက်မှုပုံစံအား ထိုင်ဝမ်နိုင်ငံကို လှောင်ပြောင်ထားသည့်သဘောဖြင့်ပြု
လုပ်ခဲ့သည့်ဗီဒီယိုတစ်ခုကိုထုတ်လုပ်ပြသခဲ့ပါသည်။

🇺🇸🇨🇳အမေရိကန်စစ်သည်များသည် အမေရိကန်၏ တကယ့်ဖြစ်နိုင်ခြေများကို သိသောကြောင့် ချိုးငှက်ဖြစ်လာသည်။===========================...
05/04/2023

🇺🇸🇨🇳အမေရိကန်စစ်သည်များသည် အမေရိကန်၏ တကယ့်ဖြစ်နိုင်ခြေများကို သိသောကြောင့် ချိုးငှက်ဖြစ်လာသည်။
===============================
အမေရိကန် အစိုးရအဖွဲဝင် နိုင်ငံရေးသမားများနှင့် လေ့လာသုံးသပ်သူများသည် စစ်ပွဲဖြစ်နိုင်ချေကို လိုလားနေကြသော်လည်း အမေရိကန်စစ်တပ်က ငြိမ်းချမ်းရေးကို တောင်းဆိုနေသည်။ တရုတ်နိုင်ငံနှင့် စစ်ပွဲနှင့်ပတ်သက်၍ လူတိုင်းစိတ်ဖြေလျှော့ရန် လိုအပ်သည်ဟု အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီး Mark Milley က သောကြာနေ့တွင် Defense One သို ပြောကြားခဲ့သည်။

စစ်ပွဲတွင်မတိုက်ဖူးသော အမေရိကန်အထက်တန်းလွှာများသည် စစ်ရေးထိပ်တိုက်တွေ့ခြင်းအကြောင်း ပြောဆိုခြင်းကို အစွဲအလမ်းကြီးလာသောအခါ Millie သည် တိတ်တဆိတ်သာနေခဲ့သည်။
သတင်းသမားတွေနဲ့ နိုင်ငံရေးသမားတွေ ရှေ့တန်းစစ်မျက်နှာမှာ တိုက်ပွဲဝင်ရမှာမဟုတ်ဘူးဆိုတာ သူကောင်းကောင်းသိပါတယ်။ တရုတ်ကို စစ်တိုက်တာက အမေရိကန်ရဲ့ အကျိုးစီးပွားမဟုတ်ဘူးဆိုတာ သူသိတယ်။ ပရော်ဖက်ရှင်နယ်စစ်တပ်အတွက် အမှန်တကယ်ပူပြင်းသောစစ်ပွဲထဲသို အမှန်တကယ်ဝင်ရောက်ခြင်းထက် တားဆီးမှုကို တိုးမြှင့်ရန်က ပိုအရေးကြီးပါသည်။

ထိုထက် ပိုအရေးကြီးသည်မှာ အမေရိကန်သည် တရုတ်နှင့် ရုရှားတိုကို စစ်ရေးအရ တပြိုင်နက် ဆန့်ကျင်ရန် လုံးဝလက်တွေ့မကျပေ။ Millie သည် အမေရိကန်စစ်တပ်၏ အင်အားကို သိရှိနားလည်ပြီး၊ ထိုကြောင့် ဝါရှင်တန်သည် ပေကျင်းနှင့် မော်စကိုကို တပြိုင်နက် မနှိးဆော်သင့်သည်ကို သူသိသည်။

04/04/2023

ဩစတြေးလျမှာ TikTok အက်ပလီကေးရှင်းကို ပြည်ထောင်စုအစိုးရစက်များမှာ ပိတ်ပင်ထား
==========================
တရုတ်ပိုင် ဗီဒီယိုအက်ပလီကေးရှင်း Tik Tok ဟာ ဒေတာလုံခြုံရေးအတွက် စိုးရိမ်စရာများ ရှိတယ်ဆိုတဲ့ ဖိအားများ တိုးလာခြင်းကြောင့် သြစတြေးလျက အစိုးရစက်ပစ္စည်းများမှာ TikTok အသုံးပြုမှုတားမြစ်ခြင်းကို အခြားအနောက်နိုင်ငံများနဲ့အတူ ပူးပေါင်းလုပ်ဆောင်လာခဲ့ပါတယ်။

ထောက်လှမ်းရေးလုံခြုံရေးအေဂျင်စီများထံမှ အကြံဉာဏ်ရယူပြီးနောက် ရှေ့နေချုပ်မက်ခ်ဒရေးဖက်စ်က အဆိုပါ ညွှန်ကြားချက်ကို “လက်တွေ့ဖြစ်နိုင်သမျှ အမြန်ဆုံး” ချမှတ်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတိုကလည်း အလားတူကန့်သတ်ချက်များကို ကြေညာထားပြီးဖြစ်တာကြောင့် အဆိုပါ ဆုံးဖြတ်ချက်ဟာ သြစတြေးလျကို Five Eyes ထောက်လှမ်းရေးမဟာမိတ်အဖွဲမှ ၎င်းရဲ့မဟာမိတ်နိုင်ငံများနဲ့ လိုက်လျောညီထွေဖြစ်စေခဲ့ပါတယ်။ နော်ဝေးနဲ့ ဥရောပပါလီမန်တိုဟာလည်း အလားတူလုပ်ဆောင်မှုများ ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်က NATO မှ ဝန်ထမ်းများကို NATO ပံ့ပိုးပေးတဲ့စက်ပစ္စည်းများမှာ Tik Tok အက်ပ်ကို ဒေါင်းလုဒ်ဆွဲခြင်းမှ တားမြစ်ခဲ့ကြောင်း၊ အဆိုပါကိစ္စနဲ့ရင်းနှီးတဲ့ နေတိုးအရာရှိနှစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

သြစတြေးလျနဲ့ နယူးဇီလန်ရှိ TikTok အထွေထွေမန်နေဂျာ လီဟန်တာ က ကုမ္ပဏီဟာ ယင်းဆုံးဖြတ်ချက်ကို အလွန်စိတ်ပျက်မိကြောင်း ပြောကြားခဲ့ကာ “ကျွန်တော်တိုရဲ့သန်းနဲ့ချီတဲ့ သြစတြေးလျအသုံးပြုသူတွေဟာ အချက် အလက်တွေအပေါ် အခြေခံပြီး ဆုံးဖြတ်ချက်တွေချတဲ့ အစိုးရတစ်ရပ်နဲ့သာ ထိုက်တန်ပါတယ်။ လုပ်ငန်းအားလုံးကို မူရင်းနိုင်ငံမခွဲခြားဘဲ တရားမျှတစွာ ဆက်ဆံတတ်သူကို ဆိုလိုခြင်းဖြစ်ပါတယ်" လို ၎င်းက ပြောကြားခဲ့ပါတယ်။

အက်ပလီကေးရှင်းဟာ နိုင်ငံအတွက် လုံခြုံရေးအန္တရာယ်ဖြစ်နိုင်တယ်ဆိုတဲ့ သက်သေပြနိုင်ခြင်းမရှိကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ပါတယ်။ ၂ဝ၂၃ ခုနှစ်အစောပိုင်းက သြစတြေးလျမှာ အသက် ၁၈ နှစ်နဲ့အထက် Tik Tok အသုံးပြုသူ ၈ သန်းကျော်ရှိကြောင်း ကမ္ဘာတစ်ဝှမ်းရှိ ဒစ်ဂျစ်တယ်ခေတ်ရေစီးကြောင်းများကို လေ့လာတဲ့ DataReportal မှ အစီရင်ခံစာကို ကိုးကားပြီး ကုမ္ပဏီရဲ့အဆိုအရ သိရပါတယ်။

03/04/2023

“ရုရှားသတင်းသမား လုပ်ကြံသတ်ဖြတ်ခံရတာကို ဘယ်သူကမှ ဝမ်းနည်းကြောင်း မပြောကြတာ ကြေကွဲစရာကောင်းတယ်”
- မာရီရာ ဇာခါရိုဗာ (ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ)
၃/၄/၂၀၂၃
“အမေရိကန်သတင်းထောက်ကို ဖမ်းဆီးတဲ့ကိစ္စ ဆူညံပွက်လောရိုက်အောင် ဝေဖန်ခဲ့ကြတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ အနောက်နိုင်ငံက အစိုးရတွေ၊ သတင်းသမားတွေဟာ ရုရှားသတင်းသမား စစ်မြေပြင်ဘလော့ဂါ တာတာစကီ စိန့်ပီတာစဘတ်မှာ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်ခံရတာကိုတော့ အသံတိတ်နေကြတယ်။
“အနောက်နိုင်ငံတွေက ပြောနေတဲ့ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေကို အကာအကွယ်ပေးရမယ် ဆိုတဲ့အထဲမှာ ရုရှားသတင်းသမားတွေ မပါဘူးလားလို့ မေးခွန်းထုတ်ရတော့မယ်။ တာတာစကီဟာ တကယ့်ကို ရုရှားနိုင်ငံနဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပရော်ဖက်ရှင်နယ် စစ်မြေပြင် သတင်းသမားတစ်ဦးပါ ”
(ရုရှားစစ်တပ်ရဲ့ နာမည်ကျော် ဘလော့ဂါ တာတာစကီ လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဇာခါရိုဗာရဲ့ မှတ်ချက်)
By BNN 02 April 2023

03/04/2023

ပြီးခဲ့သည့် ဧပြီလ၂ရက်နေ့တွင် ရုရှားနိုင်ငံ၏ St.Petersburgမြိုအတွင်းရှိ ကော်ဖီဆိုင်တစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ဗီဒီယိုမှတ်တမ်းသတင်းဖြစ်ပါသည်။ထိုပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးခန့်နှင့် ရုရှားစစ်တပ်၏blogger တစ်ဦး သေဆုံးခဲ့ရသည်ဟုဖော်ပြထားပါသည်။

03/04/2023

Donald Trump အားတရားစွဲဆိုခဲ့သည့် တရားသူကြီးအား George Soros မှ ဒေါ်လာ (၁)သန်းထောက်ပံ့ပေးခဲ့ကြောင်း Trump ၏ပြောကြားချက်ကို CNN မှ အချက်အလက်စစ်ဆေးလိုက်မှ ဒေါ်လာ(၄)သန်းထိထောက်ပံ့ပေးခဲ့ကြောင်း ပေါ်ထွက်လာခဲ့သည်။
😂😂😂

01/04/2023

"ငြိမ်းချမ်းရေးအမည်ခံတပ်ဖွဲများပေါ်ပေါက်လာပါကဖယ်ရှားသွားမည့်ရုရှား"

••••••••••••••••••••••••••••••••••••••
"NATOအဖွဲဝင်နိုင်ငံများဟာ၎င်းတို၏တပ်များကိုEuropeတိုက်တွင်ငြိမ်းချမ်းရေးတပ်ဖွဲဟုခေါ်တွင်သောတပ်များဖြင့် နေရာယူထားပြီးဖြစ်တယ်။
အကယ်၍ယူကရိန်းသိုငြိမ်းချမ်းရေးတပ်ဖွဲအမည်ခံဖြင့် NATOတပ်ဖွဲဝင်များသည်ရုရှား၏သဘောဆန္ဒမပါဘဲ ယူကရိန်း - ရုရှား စစ်ပွဲ၏ ရှေ့တန်းတွင် ပေါ်ပေါက်လာပါက ဖယ်ရှားပစ်မည်"ဟု မတ်လ ၃၁ရက်နေ့က ရုရှားနိုင်ငံ၏လုံခြုံရေးကောင်စီ ဒုတိယဥက္ကဌ Dimity Medvedev က ပြောကြားခဲ့သည်။

31/03/2023

အမေရိကန်ဒဏ်ခတ်ပိတ်ဆိုပေမယ့် ရုရှားနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးတက်နေတယ်လို အီရန်ဆို
====================
အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian ဟာ နိုင်ငံတကာနူကလီးယားသဘောတူစာချုပ်ကိစ္စ၊ ဆီးရီးယားနဲ့ အာဖဂန်အခြေအနေတွေကို ဆွေးနွေးဖိုအတွက် မော်စကို ကို ရောက်ရှိခဲ့ပါတယ်။ ရုရှားသတင်းဌာန RT နဲ့ အင်တာဗျူးမှာ သူက အမေရိကန်ရဲ့ ပိတ်ဆိုအရေးယူမှုတွေကို ပြစ်တင်ဝေဖန်ခဲ့ပြီး အီရန်နဲ့ ရုရှားကြားမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာမှုအပေါ်ကိုတော့ ချီးကျူးသွားခဲ့ပါတယ်။

31/03/2023

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှကြရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ နှိးဆော်ချက်ပဲ ဖြစ်ပါတယ်... မဟာသင်္ကြန်ကာလအတွင်း ပြည်သူများအားလုံး ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ဆင်နွှနိုင်ကြပါစေ...

31/03/2023

“ဘာကြောင့် အမေရိကန်က တရုတ်ကို မလိုမုန်းထား ပိတ်ဆို့တိုက်ခိုက်နေတာလဲ” (ဘာသာပြန်ဆောင်းပါး)
===========================================
မတ် ၃၁
ဒုတိယကမ္ဘာစစ်ပွဲကြီးပြီးဆုံးသွားတဲ့ နောက်ပိုင်းမှာ အမေရိကန်ဟာ တစ်ကမ္ဘာလုံးထုတ်လုပ်ရေး ပမာဏရဲ့ တစ်ဝက်လောက်ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ကမ္ဘာစစ်ပွဲကြီးမှာ ပါဝင်တိုက်ခိုက်ခဲ့ရတာ ကြောင့် မွဲပြာကျနေတဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေရော၊ စစ်ရှုံးနိုင်ငံ ( ဂျာမနီနဲ့ ဂျပန်) တွေပါ အမေရိကန်ပို့ကုန်တွေအတွက် ငွေပေးချေဖို့ အခက်အခဲကြုံကြရပါတယ်။ အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် အမေရိကန်ဟာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ( IMF) နဲ့ ကမ္ဘာ့ဘဏ် ( World Bank ) ဆိုတာကိုတည်ထောင်ပြီး အရင်းအနှီးလိုအပ်တဲ့နိုင်ငံတွေကို ငွေချေးပေးကာ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအုတ်မြစ်ကို တည်ဆောက်ပါတယ်။ ဒီလိုနည်းအားဖြင့် အမေရိကန် ဟာ အများအကျိုးဆောင်ဝါဒ မျက်နှာဖုံးအောက်မှာ ကမ္ဘာ့မြီရှင်နိုင်ငံကြီးတစ်ခုဖြစ်လာခဲ့ပြီး၊ သူ့ အတွက်အလွန်ကြီးမားတဲ့ သြဇာပါဝါကိုလည်း တည်ဆောက်ခဲ့ပါတယ်။ ဒီလို ဘဏ်ကြီးနှစ်ခုတည်ထောင်တဲ့တစ်ချိန်တည်းမှာ အမေရိကန် ဒေါ်လာကိုလည်း ကမ္ဘာလုံးဆိုင်ရာ အရန်ငွေကြေးအဖြစ်ပုံဖော်လိုက်ပါတယ်။

အဲဒီနောက်ပိုင်းနှစ်တွေမှာတော့ အမေရိကန်ဟာ သူ့သြဇာမခံတဲ့ နိုင်ငံတွေကိုစစ်ပြုဖို့အတွက် စစ်ဖက်ဆိုင်ရာမှာ ငွေအမြောက်အများသုံးခဲ့တာကြောင့် ဘတ်ဂျက်လိုငွေပြမှု တနေ့တခြားကြီးထွားလာ ပါတယ်။ ဒီလို အကြီးအကျယ် ဘတ်ဂျက်လိုငွေပြမှုတွေကြောင့် အမေရိကန်အစိုးရအဆက်ဆက်က ချေးငှားသုံးကြရပါတယ်။ အဲဒီ အခါ ဒေါ်လာနဲ့ ချိတ်ဆက်ထားတဲ့ ရွှေတွေဟာ ဥရောပနိုင်ငံတွေဆီကို ပြန်လည်စီးဆင်းသွားပါတယ်။ ဒါကြောင့် သမ္မတနစ်ဆင်လက်ထက် ၁၉၇၁ ခုနှစ် သြဂုတ်လမှာ အမေရိကန် ဒေါ်လာနဲ့ ရွှေချိတ်ဆက်ထားတာကို ဖျက်သိမ်း လိုက်ပါတော့တယ်။ အဲဒီအချိန်မှာ အမေရိကန်ရဲ့ အဲဒီလိုတဖက်သတ်လုပ်ရပ်ကို ဘယ်နိုင်ငံကမျှ စိန်မခေါ်ရဲကြပါ။ အကြောင်းကတော့ အမေရိကန်ဒေါ်လာပြိုလဲသွားရင် သူနဲ့ကုန်သွယ်နေကြပြီး ဒေါ်လာကိုအရန်ငွေကြေး အဖြစ်ကိုင်ထားတဲ့ နိုင်ငံတွေအားလုံး ထိခိုက်နစ်နာကြတော့မှာဖြစ်လို့ပါဘဲ။ အဲဒါနဲ့ တချိန်တည်းလိုမှာဘဲ အမေရိကန်ဟာ ဆော်ဒီအာရေဗျနဲ့ ရေနံထုတ်လုပ်တဲ့ အိုပက်နိုင်ငံတွေကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ပါတယ်။ အဲဒီစစ်လက်နက်ပစ္စည်းတွေအတွက် အမေရိကန်ဒေါ်လာနဲ့ တန်ဖိုးသတ်မှတ်ထားတဲ့ ရေနံတွေ ပြန်ဝယ်ပါတယ်။ ဒီလိုနည်းနဲ့ ဒေါ်လာဟာ ကမ္ဘာ့ဘဏ္ဍာရေးလောကကိုလွှမ်းမိုးတဲ့ ငွေကြေးအဖြစ် ရောက်ရှိလာပါတယ်။

ဂျပန်၊ ဂျာမနီနဲ့ ယူကေ (ဗြိတိသျှ) လိုနိုင်ငံတွေဟာ အမေရိကန်နဲ့ ကုန်သွယ်ရာမှာ ရရှိလာတဲ့ ကုန်သွယ်ရေး ပိုငွေ (အမြတ်ငွေ) တွေကို အမေရိကန်ရဲ့ အစိုးရငွေချေးစာချုပ်တွေပြန်ဝယ်ယူတာကို မလွှဲမရှောင်သာ လုပ်ကြရပါတော့တယ်။ ( ရွှေနဲ့လဲယူလို့ မရတော့ အတိုးရတဲ့ ငွေချေးစာချုပ်ဘဲ ဝယ်ထားရတာပေါ့) ဒီလိုနည်းနဲ့ အမေရိကန် ဒေါ်လာကို ကမ္ဘာ့ အရန်ငွေကြေးအဖြစ် ခိုင်မာအောင် ထပ်မံကျားကန်ပေးသလို ဖြစ်သွားပါတော့တယ်။

အမေရိကန်ရဲ့ ကုန်သွယ်ဖက်နိုင်ငံတွေက သူတို့ရတဲ့ ကုန်သွယ်ရေးပိုငွေတွေကို အမေရိကန်ငွေတိုက်စာချုပ်တွေပြန်ဝယ်ယူခြင်းအားဖြင့် အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်းကို အနိမ့်မှာ တန့်နေအောင် ထိန်းထားပေးပါတယ်။ ဘဏ်အတိုးနှုန်းနိမ့်တဲ့အတွက် အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေက ဘဏ်ကငွေချေးငှားပြီး ရင်းနှီးမြှုပ်နှံ ငွေလိုအပ်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီ သွားရောက်ချေးပေး မြှုပ်နှံကြပါတယ်။ ဒီလို ငွေချေးပေးတဲ့အတွက် မြီရှင်အဖြစ်နဲ့ လက်ဝါးကြီးအုပ်ခွင့်ရရှိအောင်လည်း ဖိအားတွေ ပေးပါတယ်။

ဒီလို အမေရိကန်‌ ဒေါ်လာကလွှမ်းမိုးတဲ့အနေအထားက ဘယ်လိုအဓိပ္ပါယ်ဆောင်နေသလဲဆိုရင် ကျန်ဖွံ့ဖြိုးဆဲ ကမ္ဘာတစ်ခုလုံးဟာ အမေရိကန်ရဲ့လက်အောက်ခံလိုဖြစ်လာပါတယ်၊ တစ်ချိန်တည်းမှာဘဲ အဲဒီနိုင်ငံတွေက သဘာဝသယံဇာတတွေကို အများအပြားထုတ်ယူသုံးစွဲပြီး အနည်းအကျဉ်းလောက်သာ ပြန်ပေးပါတယ်။

ဒီလိုအနေအထားက တရုတ်ပြည်နဲ့ ဘာဆိုင်သလဲ၊ အမေရိကန်က တရုတ်ကို ဘာကြောင့် ခြိမ်းခြောက်မှုလို့ မြင်တာလဲ ဆိုတာကို ရှင်းပြပါ့မယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လွန်ခဲ့တဲ့ဆယ်စုနှစ် လေးခုလောက်ကစပြီး တဖြည်းဖြည်းတိုးတက် လာခဲ့တာ အခုချိန်မှာ ကမ္ဘာ့နံပါတ်နှစ် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လို့လာပါပြီ။ ဒါကြောင့် မဖွံ့ဖြိုးသေး တဲ့ နိုင်ငံတွေကို ချေးငှားပေးပြီး ရင်းနှီးမြှုပ်နှံမှုတွေလုပ်နိုင်လာပါတယ်။ တရုတ်က ချေးပေးတဲ့ ဒီငွေပင်ငွေ ရင်းတွေအတွက် အိုင်အမ်အက်ဖ်နဲ့ ကမ္ဘာ့ဘဏ်တို့က တောင်းဆိုသလို စနစ်အပြောင်းအလဲတွေလုပ်ဖို့ မလိုပါဘူး။ ဒီလိုငွေချေးယူနိုင်တဲ့ ပင်ရင်းနေရာရွေးချယ်ခွင့်ရှိလာခြင်းက ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ အမေရိကန်ရဲ့ သြဇာခံစရာ မလိုတော့သလို အမေရိကန်ရဲ့ ခြိမ်းခြောက်မှုကိုလည်း ကြောက်စရာ မလိုတော့ပါဘူး။

တကယ်လို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက သူတို့ဖာသာဖူလုံတဲ့ အခြေခံ level တစ်ခုကို တည်ဆောက်နိုင်ပြီး တခြား နိုင်ငံတွေနဲ့ ကုန်သွယ်ရာမှာ သူတို့ကိုယ်ပိုင်ငွေကြေးနဲ့ ဆောင်ရွက်နိုင်ပြီဆိုရင် အမေရိကန်ဒေါ်လာ လွှမ်းမိုးမှုဟာ တဖြည်းဖြည်းမှေးမှိန်သွားမှာဖြစ်ပါတယ်။ ဒါဟာ အမေရိကန်အနေနဲ့ တရုတ်ကို ခြိမ်းခြောက်မှုတစ်ခုလို့ ရှုမြင်တဲ့ အရင်းခံအကြောင်းရင်းဖြစ်ပါတယ်။

တရုတ်ရဲ့ စစ်ရေးအင်အား တောင့်တင်းလာတာကြောင့်မဟုတ်သလို၊ တရုတ်မှာ အနောက်တိုင်း ဒီမိုကရေစီ စနစ်ကို မကျင့်သုံးလို့လည်းမဟုတ်ပါဘူး။ တရုတ်က ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်မှာကို စိုးရိမ်တာကြောင့်လည်းမဟုတ်ပါဘူး။

အမေရိကန်ဒေါ်လာ လွှမ်းမိုးမှုနဲ့ အမေရိကန် ဘဏ္ဍာရေးလက်ဝါးကြီးအုပ်မှုကို တရုတ်က ခြိမ်းခြောက်နေတဲ့ အတွက်ကြောင့်သာဖြစ်ပါတယ်။ အမေရိကန်ဟာ တရုတ်ကို အထီးကျန် ဝိုင်းပယ်ထားဖို့ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက လုပ်ဆောင်နေခဲ့တာပါ။ အထူးသဖြင့် တရုတ်ဦးဆောင်တဲ့ စီးပွားရေးဟာ ရွေးချယ်စရာတစ်ခုအနေနဲ့ ထင်ထင်ရှားရှားပေါ်ထွက်လာခဲ့တဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပတ်ဝန်းကျင်လောက်က စခဲ့ကြတာလို့ဆိုနိုင်ပါတယ်။

ဘာဘဲပြောပြော မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေက စစ်ဖြစ်ဖို့ အလားအလာတွေ ပိုမိုများ ပြားလာနေတယ်ဆိုတာကို ပြနေပါတယ်။

ပထမအချက်အနေနဲ့ ၂ဝ၁၆ ခုနှစ်မှာ တရုတ်ဟာ (ဝယ်ယူသုံးစွဲနှိုင်အားနဲ့ တွက်ချက်ထားတဲ့) ဂျီဒီပီအရ ကမ္ဘာ့အကြီးဆုံးစီးပွားရေးအဖြစ် အမေရိကန်ကို ‌ကျော်တက်သွားပါပြီ။ ပုံမှန်တွက်ချက်တဲ့ ဂျီဒီပီ အ ရလည်း နောက်ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ ကျော်တက်သွားဖွယ်ရှိနေပါတယ်။

ဒုတိယအချက်အနေနဲ့ အမေရိကန်က ဖြစ်လည်းမဖြစ်စေချင်၊ မျှော်လင့်လည်းမထားတဲ့ ကိစ္စတစ်ခုဖြစ်တဲ့ တရုတ်နဲ့ ရုရှားဆက်ဆံရေးဟာ ပိုမိုအားကောင်းလာနေတာပါ။

တတိယအချက်အနေနဲ့ တရုတ်ရဲ့ စစ်အင်အားဟာ အမေရိကန်နဲ့ ဗိန်မသာလိန်မသာ အဆင့်အထိ အလျင် အမြန် ကြီးထွားလာနေပါတယ်။ အမေရိကန်တိုက်ခိုက်မှုကို ကြီးကြီးမားမား ခုခံကာကွယ်နိုင်တဲ့ အားသာချက်တွေ တရုတ်မှာရှိနေပါပြီ။ ဒီအချက်က အမေရိကန်ရေတပ်ကို ပစိဖိတ်သမုဒ္ဒရာတဝှမ်းလုံး ဖြန့်ကျက်ဖို့ ဖိအားပေးနေပါတယ်။

စတုတ္ထအားဖြင့် BRIC ( ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် ကြီးလေးကြီးအဖွဲ့)၊ SCO ( ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့) BRI ( ခါးပတ်လမ်း ပဏာမခြေလှမ်း) စတာတွေဟာ စက်မှုလုပ်ငန်းနဲ့ အခြေခံ အဆောက်အအုံတည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှုတွေအဖြစ်၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စိတ်ဝင်တစား အားပေးမှုကို အလျင်အမြန် ရရှိနေပါတယ်။

အမေရိကန်အနေနဲ့ ပိုသတိထားစောင့်ကြည့်နေတာက BRICS အဖွဲ့အစည်းပါ။ ဒီအဖွဲ့ဟာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ပါဝင်တဲ့ စီးပွားရေးမဟာမိတ်အဖွဲ့ပါ။

ဒီနိုင်ငံတွေရဲ့ စုစုပေါင်းလူဦးရေက သန်းပေါင်း (၃၂ဝဝ) ရှိလေတော့ တစ်ကမ္ဘာလုံးလူဦးရေရဲ့ ၄၂ ရာခိုင်နှုန်းရှိသလို၊ စီးပွားရေးအရလည်း တစ်ကမ္ဘာလုံး ဂျီဒီပီရဲ့ ၃ဝ ရာခိုင်နှုန်းရှိပါတယ်။ ဒါ့ပြင် ဒီအဖွဲ့ကို အာဂျင်တီးနား၊ အင်ဒိုနီးရှား၊ မက္ကဆီကို၊ ဆော်ဒီအာရေဗျ၊ အီရန်၊ အီဂျစ်၊ နိုက်ဂျီးရီးယား၊ ဆူဒန်နဲ့ တခြားနိုင်ငံအတော်များများ ဝင်ရောက်လာကြဖို့ တန်းစီနေပါတယ်။ ဒီအထဲက နိုင်ငံတစ်ချို့ဟာ BRICS မှာဝင်ခွင့်ရဖို့ လျှောက်ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့အနေနဲ့ အဖွဲ့ဝင်ဖြစ်ဖို့ အရည်အချင်း သတ်မှတ်ချက်တွေ ကြေငြာထားတာမရှိသလို၊ ဘယ်နိုင်ငံတွေ ကလျှောက်လွှာတင်ထားပြီး ဖြစ်တယ်ဆိုတာလည်း ထုတ်ဖေါ်ပြောထားတာမရှိသေးပါဘူး။ ဒီ BRICS မဟာမိတ် အဖွဲ့က ၂ဝ၁၅ ခုနှစ်ကတည်းက ရှန်ဟိုင်းမှာ အခြေစိုက်တဲ့ NDB- new development Bank ဖွံ့ဖြိုးရေးသစ် ဘဏ် ဆိုတာကို တည်ထောင်ထား ပြီးဖြစ်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က BRICS အဖွဲ့ဝင်နိုင်ငံတွေနဲ့ တခြားဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အခြေခံအဆောက်အအုံတည်ဆောက်ရေးနဲ့ ဘဏ္ဍာရေးထောက်ပံ့မှုတွေကို ပေးဖို့ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနိုင်ငံတွေအနေနဲ့ ငွေချေးငှားရာမှာ အိုင်အမ်အက်ဖ်တို့ ကမ္ဘာ့ဘဏ်တို့နဲ့ အပြိုင် ရွေးချယ်စရာတစ်ခုအဖြစ် ရှိလာနေပါတယ်။

BRICS အဖွဲ့ကိုစတင်တည်ထောင်တဲ့ နိုင်ငံတွေအနေနဲ့ ညီတူမျှတူ ရှယ်ယာထည့်ဝင်ကြပြီး၊ တူညီတဲ့ မဲပေးခွင့်ရရှိကြပါတယ်။ ဒီအချက်ကလည်း အိုင်အမ်အက်ဖ်တို့ ကမ္ဘာ့ဘဏ်တို့မှာ ပေါ်လစီချမှတ်တဲ့နေရာ နဲ့ ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာတွေမှာ အမေရိကန်က သိပ်ဗိုလ်ကျလွန်းလို့ ဝေဖန်သံတွေဆူညံနေတာနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

အမေရိကန်ဒေါ်လာကို ကမ္ဘာ့အရန်ငွေကြေးအဖြစ်အသုံးပြုကြရတဲ့အတွက် အမေရိကန်နိုင်ငံအနေနဲ့ အခြား နိုင်ငံတွေအပေါ် အများကြီး အသာစီးရမှုတွေရှိပါတယ်။ အမေရိကန်က ဒေါ်လာကို လက်နက်အဖြစ် အသုံးချ တိုက်ခိုက်ရမှာကိုလည်း ဝန်မလေးဘဲ အီရန်၊ ဗင်နီဇွဲလား၊ ဆီးရီးယားနဲ့ တခြားနိုင်ငံတွေကို ဆန့်ရှင်ချ ပိတ်ဆို့ အရေးယူတာမျိုးလုပ်ပါတယ်။ ၂ဝ၂၂ ခုနှစ်မှာ ရုရှား-ယူကရိန်း စစ်ပွဲဖြစ်လာတော့ အမေရိကန်က ဒေါ်လာကိုလက်နက်အဖြစ်အသုံးချပြီးတိုက်ခိုက်တာကို အဆင့်သစ် တရပ်မြှင့်တင်ပြီး လုပ်ခဲ့ပါတယ်။ အဲဒါက အမေရိကန်နိုင်ငံ ဘဏ်တွေထဲမှာထားတဲ့ ရုရှားရဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံခြားအရန်ငွေတွေကို ထုတ်ယူခွင့်ပိတ်ပင်တာပါ။ ဒီလိုလုပ်တာဟာ နိုင်ငံတကာ ဥပဒေတွေ စံချိန်စံနှုန်းတွေနဲ့ မညီညွတ်တဲ့ ဗြောင်ကျကျ စော်ကားမှုတစ်ခုပါဘဲ။ ဘာဖြစ်လို့လည်းဆို တော့ အချုပ်အခြာအာဏာပိုင် ဓနဥစ္စာတွေဟာ တခြားနိုင်ငံတစ်ခုရဲ့ သိမ်းပိုက်မှု၊ စွက်ဖက်မှု ကင်းလွတ်ခွင့်ရှိလို့ဖြစ်ပါတယ်။ အမေရိကန်က ဒီလိုလုပ်လိုက်တဲ့အတွက် ဒေါ်လာအပေါ် ကမ္ဘာ့အရန် ငွေကြေး အဖြစ်လက်ခံ ယုံကြည်မှုနဲ့ တည်ငြိမ်မှုကို ဖျက်ဆီးလိုက်သလိုဖြစ်သွားပါတယ်။

ဒီလုပ်ရပ်က တခြားနိုင်ငံတွေကိုပါ သတိပေးခေါင်းလောင်းထိုးလိုက်သလိုပါဘဲ။ အဲဒီနိုင်ငံတွေက သူတို့ကိုင်ထားတဲ့ ဒေါ်လာတွေကို တခြားအစားထိုးစရာ ဓနဥစ္စာတွေနဲ့ အစားထိုးဖို့ ကြံစည်တွေးတော လာကြပါတော့တယ်။ မကြာသေးတဲ့ နှစ်တွေအတွင်းမှာ တရုတ်ယွမ်ငွေဟာ ကမ္ဘာ့ကုန်သွယ်ရေးမှာ နေရာယူမှု ပိုမိုများပြားလာတာကို တွေ့ရပါတယ်။

ခါးပတ်လမ်း ပမာဏစီမံကိန်း ( BRI ) ရဲ့ အစိတ်အပိုင်းတရပ်အဖြစ် နှစ်နိုင်ငံအကြား ငွေကြေးလဲလှယ် ခြင်းဆိုင်ရာ သဘောတူညီချက်ကိုလည်း နိုင်ငံပေါင်း ၂၂ နိုင်ငံနဲ့ တရုတ်က လက်မှတ်ထိုးခဲ့ပါတယ်။ တရုတ် ယွမ်ငွေနဲ့ စာရင်းရှင်းဖို့က နိုင်ငံ (၈) နိုင်ငံနဲ့ သဘောတူထားပါတယ်။ တရုတ်က ရုရှားနဲ့ ကုန်သွယ်ရေးကိုလည်း ပိုမိုတိုးချဲ့လာ ခဲ့ပါတယ်။ အဲဒီကုန်သွယ်မှုရဲ့ ကြီးမားတဲ့ ပမာဏတစိတ်တပိုင်းဟာ တရုတ်ယွမ်ငွေနဲ့ စာရင်းရှင်းလင်းကြမှာဖြစ်ပါ တယ်။

တရုတ်ပြည်အနေနဲ့ ရေနံဒေါ်လာ ( petrodollar ) လက်ဝါးကြီးအုပ်မှုကို ချိုးဖျက်ဖို့အတွက် ဆော်ဒီအာရေ ဗျနဲ့လည်း ဆွေးနွေးနေပါတယ်။ တချို့ ရေနံအဝယ် ကန်ထရိုက်စာချုပ်တွေမှာ ယွမ်ငွေနဲ့ စျေးနှုန်းသတ် မှတ် ရောင်းဝယ်ကြဖို့ ချုပ်ဆိုထားပါတယ်။ တရုတ်ဟာ အခုချိန်မှာ ဆော်ဒီအာရေဗျရဲ့ အကြီးဆုံးရေနံဝယ် လက်ဖြစ်နေတဲ့အတွက် ရေနံဖိုးကို အမေရိကန်ဒေါ်လာနဲ့ ပေးချေရတာက လုံးဝမဆီလျော်တဲ့ကိစ္စပါဘဲ။

BRICS အဖွဲ့ကလည်း ဒေါ်လာအပေါ်မှီခိုနေရမှု လျှော့ချဖို့အတွက် အရန်ငွေကြေးအသစ်တခု တီထွင်ဖို့ အလွန်စိတ်အားထက်သန်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

၂ဝ၂၂ ခုနှစ်က ကျင်းပခဲ့တဲ့ BRICS နိုင်ငံတွေရဲ့ ၁၄ ကြိမ်မြောက်ထိပ်သီးအစည်းအဝေးမှာ ဗလာဒီမာ ပူတင်က ၎င်းတို့အနေနဲ့ မျှတတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ အရန်ငွေကြေးသစ်တစ် မျိုးကို ပေါ်ထွန်းလာစေဖို့ ပြင်ဆင်နေပြီလို့ ကြေညာပါတယ်။

တကယ်လို့ BRICS က ငွေကြေးအသစ်ထုတ်ဝေမယ်၊ အဖွဲ့ဝင်သစ်တွေကိုလည်း တိုးချဲ့မယ်ဆိုရင် ဒီငွေကြေး အသစ်ဟာ မုချဘဲ ဒေါ်လာကို စိန်ခေါ်လာတော့မှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ လက်ရှိ BRICS အဖွဲ့ဝင်တွေနဲ့ နောက်တိုးချဲ့လာမဲ့ နိုင်ငံတွေဟာ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ကြီးမားတဲ့ အစိတ်အပိုင်းနဲ့ ကမ္ဘာ့သယံဇာတအများပိုင်းကို ပိုင်ဆိုင်ကြလို့ဖြစ်ပါတယ်။

သူတို့အချင်းချင်းကြားမှာ ဒီငွေကြေးသစ်ကို သုံးစွဲကြမယ်ဆိုတာ အလွန်ကျိုးကြောင်းဆီလျော်ပါတယ်။ ဒီလို သာလုပ်နိုင်မယ်ဆိုရင် သူတို့အုပ်စုဝင်နိုင်ငံအချင်းချင်းအကြားကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ရှိဖို့လိုအပ်တော့မှာမဟုတ်ပါ။

တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ဟာ သူ့ကို ဝိုင်းပယ်ဖို့ လုပ်နေတယ်ဆိုတာ ခပ်စောစောကဘဲ သတိပြုမိပါ တယ်။ ဒါကြောင့်လည်း တရုတ်အစိုးရက သူတို့ကိုသူတို့ အမေရိကန်စီးပွားရေးနဲ့ ချိတ်ဖြုတ်ဖို့ ကြိုးစားခဲ့ ပါတယ်။ ဒီလိုကြိုးစားနေမှုဟာ အမေရိကန်ရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေစတင်လာခဲ့တဲ့ သမ္မတထရမ့် လက်ထက်က ပိုမိုအရှိန် မြင့်လာခဲ့ပါတယ်။ ရလဒ်ကတော့ တရုတ်ဝယ်ယူထားတဲ့ အမေရိကန် ငွေချေးစာချုပ်တွေရဲ့ ပမာဏကို ၂ဝ၂၁ ခုနှစ်ဇွန်လလောက်ကစပြီး အလျင် အမြန်လျှော့ချပစ်လိုက်တာ ဘဲဖြစ်ပါတယ်။ ဒေါ်လာနယ်ပယ်ကိုစွန့်ခွာရတာဟာ နေ့ချင်းညချင်းလုပ်လို့ရတဲ့ကိစ္စမဟုတ်ပေမဲ့ ဒီဖြစ်စဉ် ကတော့ ရပ်တန့်လို့မရအောင် ဆက်လက်လှုပ်ရှားနေပြီ ဆိုတာကတော့ သေချာပါတယ်။

အမေရိကန်က ဒေါ်လာကိုလက်နက်သဘွယ်အသုံးချတာက ကိုယ့်ကိုကိုယ်လည်း ပြန်ထိပါတယ်။ ဒေါ်လာကို မယုံကြည်တော့လို့ ကမ္ဘာ့အရန်ငွေကြေးအဖြစ်ကနေ သူ့အခန်းကဏ္ဍလျော့ကျသွားမယ်ဆို ရင် အမေရိကန်စီးပွားရေးဟာလည်း ပူညံပူညံ မငြိမ်သက်မှုတွေဖြစ်လာနိုင်ပါတယ်။

အမေရိကန်ဟာ လက်ရှိအချိန် (၂ဝ၂၃ ခုနှစ်ဖေဖော်ဝါရီ) မှာ အကြွေး အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၅ ထရီလျံ တင်နေပါတယ်။ ဒီအဓိပ္ပာယ်က ၃၃၆ သန်းရှိတဲ့ အမေရိကန်ပြည်သူတစ်ယောက်စီတိုင်း အပေါ်မှာ အကြွေးအမေရိကန်ဒေါ်လာ ၉၃၇၅ဝ တင်ရှိနေတဲ့သဘောပါ။ ဒေါ်လာဟာ ကမ္ဘာ့အရန် ငွေကြေးဘဝက နေရာဖယ်ပေးရတော့မယ်ဆိုရင်၊ ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ အမေရိကန် သြဇာကို ထောက်ကန်ထားတဲ့ စစ်အခြေ စိုက်စခန်းပေါင်း ၈ဝဝ ကျော်ရဲ့ တနှစ် တနှစ် အသုံး စားရိတ် အမေရိကန် ဒေါ်လာ တစ်ထရီလျံယံနီးပါးကိုလည်း ပေးနိုင်တော့မှာ မဟုတ်ပါ။ စစ်စခန်းတွေဆက် လက်မထားနိုင်တော့တာနဲ့အမျှ သူ့ရဲ့သြဇာပါဝါဟာလည်း ယုတ်လျော့ကျဆင်း လာတော့မှာဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ကမ္ဘာ့အရန်ငွေကြေးနေရာက ဆင်းပေးလိုက်ရမယ်ဆိုရင် ဖြစ်ပေါ်လာမဲ့ အကျိုးဆက် တွေဟာ အမေရိကန်အတွက် အရင်က မကြုံဘူးတဲ့ အလွန်ဆိုးဝါးတဲ့သက်ရောက်မှုတွေရှိလာမှာ ဖြစ်ပါတယ်။

ဒါကြောင့် အမေရိကန်ဟာ တရုတ်ကို အဲဒီနေရာ မတက်ရောက်နိုင်အောင် တတ်နိုင်သမျှနည်းလမ်းတွေ သုံးပြီး ပိတ်ဆို့ဟန့်တားမှုတွေလုပ်နေတာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။

31/03/2023

Telegram မှာနာမည်ကြီးနေတဲ့သီချင်း

31/03/2023

လူသားတွေက အေအိုင်ကို တလွဲသုံးလာခဲ့ရင်ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်များ
===========================================
လူသားများ AI အလွဲသုံးစားလုပ်မှု၏ ဖြစ်နိုင်ခြေရှိသော အကျိုးဆက်များသည် အလွဲသုံးစားမှု၏ သဘောသဘာဝနှင့် AI စနစ်၏ နယ်ပယ်အပေါ် မူတည်ပြီး ကျယ်ပြန့်စွာ ကွဲပြားနိုင်သည်။ ဤတွင် ဖြစ်နိုင်ချေရှိသော ဥပမာအချို့ရှိပါသည်။
အလုပ်နေရာပြောင်းခြင်း- AI စနစ်များသည် တစ်ချိန်က လူသားများလုပ်ဆောင်ခဲ့သော အလုပ်များကို အလိုအလျောက်လုပ်ဆောင်နိုင်ပြီး အလုပ်ဆုံးရှုံးခြင်းနှင့် စီးပွားရေး အနှောင့်အယှက်ဖြစ်စေနိုင်သည်။
ခွဲခြားဆက်ဆံခြင်း- AI စနစ်များသည် ဘက်လိုက်မှုရှိသော ဒေတာများကို လေ့ကျင့်သင်ကြားနိုင်ပြီး ခွဲခြားဆက်ဆံမှုဆိုင်ရာ ရလဒ်များကို ဖြစ်ပေါ်စေပြီး လက်ရှိလူမှုရေးမညီမျှမှုများကို ဆက်လက်တည်မြဲစေသည်။
ကိုယ်ရေးကိုယ်တာ ချိုးဖောက်မှုများ- AI စနစ်များသည် ၎င်းတို့၏ ခွင့်ပြုချက်မရှိဘဲ တစ်ဦးချင်းစီအပေါ် ဒေတာအများအပြားကို စုဆောင်းကာ ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ၎င်းတို့၏ ကိုယ်ရေးကိုယ်တာအခွင့်အရေးများကို ချိုးဖောက်နိုင်ချေရှိသည်။
လုံခြုံရေးအန္တရာယ်များ- AI စနစ်များသည် ဟက်ကာ သို့မဟုတ် ခြယ်လှယ်နိုင်ပြီး၊ ဒေတာချိုးဖောက်မှုများ သို့မဟုတ် အခြားလုံခြုံရေးအန္တရာယ်များဆီသို့ ဦးတည်သွားစေနိုင်သည်။
သတင်းမှား- AI စနစ်များသည် မှားယွင်းသော အချက်အလက်များကို ဖန်တီးဖြန့်ကျက်နိုင်ပြီး လူမှုရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကို ဖြစ်စေနိုင်သည်။
လက်နက်ဖန်တီးခြင်း- AI စနစ်များကို လူသား၏ကြီးကြပ်မှုမပါဘဲ အသေခံစွမ်းအားကို အသုံးပြုရန် အလားအလာရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလက်နက်များ တီထွင်ရန် AI စနစ်များကို အသုံးပြုနိုင်သည်။
အန္တရာယ်ရှိသောအသုံးပြုမှု- AI စနစ်များသည် လူတစ်ဦးချင်းစီ သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အန္တရာယ်ဖြစ်စေနိုင်သည့် အန္တရာယ်ရှိသောအပြုအမူများတွင် ပါဝင်ဆောင်ရွက်ရန် ပရိုဂရမ်ပြုလုပ်နိုင်သည်။
ဤအရာများသည် AI အလွဲသုံးစားလုပ်ခြင်း၏ ဖြစ်နိုင်ခြေရှိသော အကျိုးဆက်များ ဥပမာအနည်းငယ်မျှသာဖြစ်သည်။ AI ကို တာဝန်သိစွာနှင့် လူ့အဖွဲ့အစည်းအကျိုးအတွက် အသုံးပြုကြောင်း သေချာစေရန် ကျင့်ဝတ်ဆိုင်ရာ လမ်းညွှန်ချက်များနှင့် စည်းမျဉ်းများကို ရေးဆွဲရန် အရေးကြီးပါသည်။

30/03/2023

"ထိုင်ဝမ်သမ္မတ၏အမေရိကန်နိုင်ငံခရီးစဥ်"
========================

ထိုင်ဝမ်သမ္မတTsai Ing Wan သည်အမေရိကန်နိုင်ငံ New York မြိုသို ရောက်ရှိနေပြီး ထိုင်ဝမ်ပိုင်မီဒီယာများ နှင့် BBC ,CNN သတင်းဌာနကြီးများမှ ထိုခရီးစဥ်နှင့်ပက်သက်ပြီး ပြည်သူများကိုမချပြခဲ့သည့် သတင်းဗီဒီယို တစ်ခုတွင်

"တရုတ်နိုင်ငံသည် ငါ တို၏ရန်သူ မဟုတ်"ဟူသော စကားသံများဖြင့် အမေရိကန်နိုင်ငံသားများက ထိုင်ဝမ် သမ္မတ ခရီးစဥ်အား ဆန့်ကျင် ဆန္ဒပြ နေကြသည့် ဗီဒီယိုသတင်းဖြစ်ပါသည်။

30/03/2023

ယူကရိန်းနိုင်ငံ၏Ukranina Church တစ်ခုတွင် ရုရှား-ယူကရိန်းစစ်အတွင်း ဖြစ်ပွားခဲ့သည့်သတင်းဗီဒီယိုမှတ်တမ်း တစ်ခုဖြစ်ပါသည်။

"Everything connected with Ukraine is connected with desecration" လိုဖော်ပြထားပါသည်။

30/03/2023

တရုတ်နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံးမှ အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည့် ၂၀၂၂ ခုနှစ် အမေရိကန်လူ့အခွင့်အရေးချိုးဖောက်မှုများဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။
၂၀၂၂ ခုနှစ်သည် အမေရိကန်လူ့အခွင့်အရေးအတွက် အထင်ကရ ဆုတ်ယုတ်မှုဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

အမေရိကန်တွင် လူ့အခွင့်အရေး ကာကွယ်သူဟု တံဆိပ်ကပ်ထားသော နိုင်ငံတစ်နိုင်ငံသည် ငွေကြေးနိုင်ငံရေး၊ လူမျိုးရေး ခွဲခြားဆက်ဆံမှု၊ သေနတ်နှင့် ရဲတပ်ဖွဲ၏ အကြမ်းဖက်မှုများအပြင် ချမ်းသာကြွယ်ဝမှု ကွဲပြားခြင်းစသည့် နာတာရှည်ရောဂါများလို ပျံ့နှံနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

လူ့အခွင့်အရေးဥပဒေနှင့် တရားမျှတမှုတိုသည် လွန်ကဲသော ခေတ်နောက်ပြန်ဆွဲမှုကို မြင်တွေ့ရပြီး အမေရိကန်ပြည်သူများ၏ အခြေခံရပိုင်ခွင့်နှင့် လွတ်လပ်မှုများကို ပိုမိုထိခိုက်စေကြောင်း အစီရင်ခံစာက ဆိုသည်။

30/03/2023

🇸🇦🤝🇨🇳 — 📰 Reuters - တရုတ်နှင့် ဆက်ဆံရေး တိုးတက်လာသည်နှင့်အမျှ ဆော်ဒီအာရေးဗီးယားသည် Shanghai ပူးပေါင်းဆောင်ရွက်ရေးအဖွဲသို ချိတ်ဆက်ခဲ့သည်။

အမေရိကန်၏လုံခြုံရေးစိုးရိမ်မှုများရှိနေသော်လည်း ဆော်ဒီ သည် တရုတ်နိုင်ငံနှင့် ရေရှည်လက်တွဲလုပ်ဆောင်နေသောကြောင့် ဆော်ဒီအာရေးဗီးယားအစိုးရအဖွဲတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲတွင် ပါဝင်ရန် ဆုံးဖြတ်ချက်ကို ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့သည်။

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ (SCO) တွင် ဆွေးနွေးဖက်နိုင်ငံအဖြစ် နိုင်ငံတော်အား ပေးအပ်ရန် စာချွန်လွှာကို ဆော်ဒီအာရေဗျက အတည်ပြုလိုက်ကြောင်း နိုင်ငံပိုင် သတင်းဌာန SPA က ကြေညာသည်။

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲသည် တရုတ်၊ အိန္ဒိယနှင့် ရုရှားအပါအဝင် ယူရေးရှားနိုင်ငံအများစုပါဝင်သော နိုင်ငံများ၏ နိုင်ငံရေးနှင့် လုံခြုံရေးသမဂ္ဂဖြစ်သည်။

ကိုယ်ပိုင်ငွေကြေးတွေ ပိုမိုသုံးစွဲနိုင်ရေးအတွက် ဒေါ်လာကို စွန့်လွှတ်ဖို တရုတ်နဲ့ ဘရာဇီးလ် သဘောတူ=====================ကုန...
30/03/2023

ကိုယ်ပိုင်ငွေကြေးတွေ ပိုမိုသုံးစွဲနိုင်ရေးအတွက် ဒေါ်လာကို စွန့်လွှတ်ဖို တရုတ်နဲ့ ဘရာဇီးလ် သဘောတူ
=====================
ကုန်သွယ်မှုနဲ့ ငွေကြေးဆိုင်ရာ လွှပြောင်းမှုတွေမှာ ကိုယ်ပိုင်ငွေကြေးတွေကို ပိုမိုအသုံးပြုဖိုအတွက် ဒေါ်လာကို စွန့်လွှတ်ပစ်ဖို သဘောတူညီချက်ကို တရုတ်နဲ့ ဘရာဇီးလ်က လက်မှတ်ထိုးခဲ့ပါတယ်။ ဒီအစီအစဉ်သစ်မှာ ကုန်ကျစရိတ်တွေကို လျှော့ချဖိုနဲ့ နှစ်နိုင်ငံကုန်သွယ်မှုကို ပိုမိုချဲ့ထွင်အားပေးကာ ရင်းနှီးမြုပ်နှံမှုတွေကို လွယ်ကူချောမွေ့စေဖိုလည်း မျှော်လင့်ထားတယ်လို သိရပါတယ်။

30/03/2023

ဒီနှစ် သင်္ကြန်ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တကယ့်ကို စည်စည်ကားကားနဲ့ ပျော်စရာကြီးဖြစ်မှာသေချာတယ်...ဘာလိုလဲဆိုတော့ အခုဆိုရင် မြိုကြီးတွေမှာရော နယ်တွေမှာပါ သင်္ကြန်မဏ္ဍပ်တွေ အပြိုင်အဆိုင်ဆောက်နေကြသလို လမ်းလျှောက်သင်္ကြန်တွေလည်း ထည့်သွင်းပြုလုပ်သွားမှာဆိုတော့ စည်ကားနေမှာ သေချာနေပြီ...

30/03/2023

🇨🇳🇧🇷ကုန်သွယ်မှုအတွက် ဒေါ်လာစျေးလျှော့ချရန် တရုတ်နှင့် ဘရာဇီးတို သဘောတူညီခဲ့ကြသည်။

သဘောတူညီချက်အရ အမေရိကန်စီးပွားရေးကို အဓိက စိန်ခေါ်သူဖြစ်သည့် တရုတ်နှင့် လက်တင်အမေရိက၏ အကြီးဆုံးစီးပွားရေးဖြစ်သော ဘရာဇီးတိုသည် ကျယ်ပြန့်သော ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ လွှပြောင်းမှုများကို တိုက်ရိုက်လုပ်ဆောင်နိုင်ကာ ဒေါ်လာအစား ယွမ်ငွေလဲလှယ်ခွင့်နှင့် အပြန်အလှန်အားဖြင့် ခွင့်ပြုပေးမည်ဖြစ်သည်။

29/03/2023

အမေရိကန်အောက်လွှတ်တော်ဥက္ကဌနှင့် ထိုင်ဝမ်သမ္မတတွေ့ဆုံပါက တုံပြန်မည်ဟုတရုတ်ဆို

ပေကျင်း၊မတ် ၂၉

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင်မက်ကာသီသည် လာမည့်လ၌ အမေရိကသိုသွားရန် စီစဉ်ထားသည့် ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်နှင့် တွေ့ဆုံပါက လက်တုံပြန်မည်ဟု တရုတ်နိုင်ငံက ခြိမ်းခြောက်ထားပြီး ယင်းလုပ်ရပ်သည် ရန်စမှုတစ်ခုဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

တရုတ်သည် ထိုင်ဝမ်၏ခွဲထွက်ရေးကိုပံ့ပိုးပေးနိုင်သည်ဟု ၎င်းတိုကယူဆထားသော အမေရိကန်အရာရှိများနှင့်ထိုင်ဝမ်သမ္မတတို၏တွေ့ဆုံမှုများကိုမပြုလုပ်ရန် အကြိမ်ကြိမ်သတိပေးခဲ့သည်။

နေတိုးကို တန်ပြန်ရန်အတွက် ရုရှား၏ နျူလက်နက်များ လက်ခံထိန်းသိမ်းသွားမည်ဟု ဘီလာရုစ် အတည်ပြုလန်ဒန်၊ မတ် ၂၉ဘီလာရုစ်သည် အနောက...
29/03/2023

နေတိုးကို တန်ပြန်ရန်အတွက် ရုရှား၏ နျူလက်နက်များ လက်ခံထိန်းသိမ်းသွားမည်ဟု ဘီလာရုစ် အတည်ပြု

လန်ဒန်၊ မတ် ၂၉

ဘီလာရုစ်သည် အနောက်အုပ်စု၏ ဖိအားပေးမှုများ၊ ပိတ်ဆိုဒဏ်ခတ်မှုများနှင့် ၎င်း၏ နယ်စပ်ဒေသအနီး စစ်ရေးတည်ဆောက်မှုအပေါ် တုံပြန်သည့်အနေဖြင့် ရုရှား၏ နျူကလီးယား လက်နက်များကို လက်ခံထိန်းသိမ်းသွားမည်ဖြစ်ကြောင်း မတ်လ ၂၈ ရက် အင်္ဂါနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

ပြီးခဲ့အပတ်တွင် သမ္မတ ပူတင်က ဘီလာရုစ်၌ နျူလက်နက် သိုလှောင်ရေး အဆောက်အအုံကို တည်ဆောက်ကာ ဗျူဟာမြောက် နျူလက်နက်များ ဖြန့်ကျက်ထားရှိသွားမည်ဟု ပြောကြားခဲ့ပြီးနောက် ဘီလာရုစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယခုကဲ့သို အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထိုကိစ္စ အကောင်အထည်ပေါ်လာပါက မော်စကိုသည် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် နျူလက်နက်များကို ၎င်း၏ နယ်နိမိတ် အပြင်ဘက်တွင် ပထမဆုံးအကြိမ် ဖြန့်ကျက်ထားရှိခြင်း ဖြစ်လာမည် ဖြစ်သည်။

29/03/2023

ယူကရိန်းသမ္မတဇီလန်စကီး က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ယူကရိန်းသို လာရောက်လည်ပတ်ဖို ဖိတ်ခေါ်

29/03/2023

"လူသားဒိုင်းကာဗာအဖြစ်စစ်ပွဲတွင်အသုံးပြုနေသည့်ယူကရိန်း"
==================================

ယူကရိန်းဒေသခံအမျိုးသားတစ်ဦးမှ "ရုရှားဟာယူကရိန်းနိုင်ငံမှလူနေအဆောက်အအုံများကို ဖြိုခွင်းတာရပ်တန့်သွားတဲ့အကြောင်းရင်းကို ငါပြောပြချင်ပါတယ် ယူကရိန်းစစ်တပ်ဟာ Donbass မြိုကို လာရောက်ကာကွယ်ကြတာမဟုတ်ပါဘူး Donbassမြိုရှိလူတွေကို၎င်းတို၏ကာဗာအဖြစ် အသုံးချနေတာပါ"ဟုSocial media တစ်ခု ပေါ်တွင်ပြောဆိုခဲ့ပါသည်။

29/03/2023

"အမေရိကန်နှင့်NordStreamဓာတ်ငွေ့ပိုက်လိုင်းများတိုက်ခိုက်ခံရမှု"
======================================

ရုရှားနိုင်ငံ၏Nord Streamဓာတ်ငွေ့ပိုက်လိုင်းများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ လွတ်လပ်ပြီးပွင့်လင်း မြင်သာသည့်စုံစမ်းစစ်ဆေးမှုများကို အမေရိကန်နိုင်ငံမှ ပယ်ချခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမေရိကန်နိုင်ငံအား "မင်း ဘာကိုကြောက်နေတာလဲ"ဟုတရားဝင်ထုတ်ပြန်ကြေညာခဲ့ပါသည်။

29/03/2023

နေတိုးအဖွဲနှင့် ပူးပေါင်းမည်ဆိုလျှင် ဖင်လန်နှင့် ဆွီဒင်တိုက ရုရှား၏ ပစ်မှတ်များဖြစ်လာမည်ဖြစ်ဟု ရုရှားသံအမတ်ကြီးသတိပေး

အမေရိကရှိ မူလတန်းကျောင်းတွင် အမျိုးသမီး သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦးနှင့် ကျောင်းဝန်ထမ်း ၃ ဦး သေဆုံးအမေ...
28/03/2023

အမေရိကရှိ မူလတန်းကျောင်းတွင် အမျိုးသမီး သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦးနှင့် ကျောင်းဝန်ထမ်း ၃ ဦး သေဆုံး

အမေရိကန်နိုင်ငံ နက်ရှ်ဗဲလ်မြိုရှိ မူလတန်းကျောင်းတွင် မတ်လ ၂၇ ရက် တနင်္လာနေ့က အမျိုးသမီး သေနတ်သမားတစ်ဦး၏ လိုက်လံပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦးနှင့် ကျောင်းဝန်ထမ်း ၃ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

သေနတ်သမားသည်လည်း ရဲတပ်ဖွဲ၏ ပစ်ခတ်မှုကြောင့် ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ရဲဌာနမှူး ဂျွန်ဒရိတ်၏ ပြောဆိုချက်အရ သေနတ်သမားသည် အသက် ၂၈ နှစ်အရွယ် အော်ဒရီဟေးလ် ဆိုသူဖြစ်ပြီး ထိုကျောင်း၏ကျောင်းသူဟောင်းလည်း ဖြစ်သည်။နောက်ဆက်တွဲသိရသည်မှာ ဟေးလ် သည် လိင်ပြောင်းထားသူ ဖြစ်သည်။

သမ္မတဟောင်း Chun Doo-hwan ၏ မြေးဖြစ်သူကို တောင်ကိုရီးယားရဲတွေက လေဆိပ်တွင် ဖမ်းဆီး=========================မတ်လ ၂၈ ရက်နေ့...
28/03/2023

သမ္မတဟောင်း Chun Doo-hwan ၏ မြေးဖြစ်သူကို တောင်ကိုရီးယားရဲတွေက လေဆိပ်တွင် ဖမ်းဆီး
=========================
မတ်လ ၂၈ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြိုတွင် ကွယ်လွန်ပြီဖြစ်သော တောင်ကိုရီးယားသမ္မတဟောင်း Chun Doo-hwan ၏ မြေးဖြစ်သူသည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ တောင်ကိုရီးယားနိုင်ငံသို ဝင်ရောက်လာရာတွင်၊ ဆိုးလ်ရဲဌာနမှ မူးယစ်ဆေး မှုခင်းစုံစမ်းစစ်ဆေးရေး အဖွဲသည် ပဏာမ မှုခင်းစစ်ဆေးခြင်းအားဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှု သံသယဖြင့် လေဆိပ်တွင် ၄င်းကို ဖမ်းဆီးခဲ့သည်ဟု သိရပါသည်။

Address


Website

Alerts

Be the first to know and let us send you an email when Fox Burmese News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share