Moebye people defense force - Local PDF

  • Home
  • Moebye people defense force - Local PDF

Moebye people defense force - Local PDF ရောင်နီသစ်ဆီသယ်ပိုးပေးမဲ့MB Local PDF

10/06/2024

Mobye Local PDF အရေးပေါ်ကျည် ကမ်ပိန်း မဲဖောက်ခြင်းအစီအစဉ်

10/06/2024

မိဘပြည်သူများကိုအသိေပးခြင်း
ကျန်တော်တို့Mobye Local PDF မှပထမဦးဆုံးအကြိမ် ပြုလုပ်သော အရေးပေါ်ကျည်ကမ့်ပိန်း သည်ယခုဆိုရင်သတ်မှတ်ထားသည့် ရက်သို့
ရောက်ရှိလို့လာပြီဖြစ်ပါသည်။ယနေ့ညနေခုနစ်နာရီအချိန်တွင်ကံစမ်းမဲဖွင့်ပးမည့်အစီစဉ်ရှိ‌ပါကြောင်းမိဘပြည်သူများကိုအသိပေးအပ်ပါသည်။

မိဘပြည်သူများကိုအသိပးချင်းကျန်တော်တို့Mobye Local မှပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်သော အရေးပေါ်ကျည်ကမ့်ပိန်းသည်49ရာခိုင်နှု...
30/05/2024

မိဘပြည်သူများကိုအသိပးချင်း
ကျန်တော်တို့Mobye Local မှပထမဦးဆုံးအကြိမ်
ကျင်းပပြုလုပ်သော အရေးပေါ်ကျည်ကမ့်ပိန်းသည်
49ရာခိုင်နှုန်းသာရရှိ သေးသည့်အတွက် ကံစမ်းမဲ
ကာလကို 10ရက်သာထပ်မှန်တိုးရှိ‌‌ကြောင်း မိဘ
ပြည်သူများကိုအသိပေးအပ်ပါသည်။


Mobye Local PDF
ဘဏ္ဍာရှာဖွေရေးဌာန

20/05/2024

စစ်မဖြစ်ပါနဲ့လို့ တားလို့မရသလို
မေ့မပစ်ပါနဲ့လို့ တားလို့မရဘူး
ဒါတွေဟာ
ကျွန်တော်တို့ မပိုင်တဲ့အရာတွေလေ
ရဲဘော်ရေ ဘာလိုလိုနဲ့ မင်းဒီလောကကြီး
ကနေထွက်သွားတာ တစ်လကျော်သွားပြီနော်
မင်းရဲ့ပေးဆပ်မှုအတွက် ငါတို့အမြဲအမှတ်ရနေမှာပါ🥲

19/05/2024

၁၉ ရက်နေ့၊ ၅လ၊ ၂၀၂၄ခုနှစ်
နေ့လည် ၁၁နာရီ အချိန်တွင် မိုးဗြဲ ခမရ ၄၂၂ ဝန်းကျင်ကို ကျွန်တော်တို့ Mobye Local PDF မှ ‌နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ပါသည်။ စကစ ဝင်ရောက်တပ်စွဲထားသော နေရာများကို နယ်မြေရှင်းလင်းရေးဝင်ရောက်ပြုလုပ်နေစဉ် စကစ မှထောင်ထားသော မြေမြုပ်မိုင်းကို ရဲဘော်တစ်ဦး မှ နင်းမိခဲ့ပြီး ဒဏ်ရာ ရရှိခဲ့ပါသည်။

Local PDF
#ဗဟိုနှင့်သီတင်းပြန်ကြားရေးဌာန

၁၃ , ၄ , ၂၀၂၄ ခမရ၄၂၂ခြေမှုန်းရေး၀င်ရာတွင် မြင့်မြတ်စွာအသက်ပေးလှုသွားခဲ့သောရဲဘော်(အန်ဂျေလို)ရဲဘော်(ဂျိုဝါးနီ)တို့အားရည်စူ...
13/05/2024

၁၃ , ၄ , ၂၀၂၄ ခမရ၄၂၂ခြေမှုန်းရေး
၀င်ရာတွင် မြင့်မြတ်စွာအသက်ပေးလှုသွားခဲ့သော
ရဲဘော်(အန်ဂျေလို)ရဲဘော်(ဂျိုဝါးနီ)တို့အားရည်စူး၍
ကျန်ရစ်သူ မိသားစုမှ ကျန်တော်တို့Mobye Local PDFရဲဘော်များကို အသားဟင်းတစ်နပ် လှုဒါန်းပေးသော အလှူရှင်များအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောဆိုအပ်ပါသည်။


ထောက်ပို့ဌာန
Mobye Local PDF

ရက်စွဲ။ ။၂၀၂၄ခုနှစ်၊မေလ၊၁၁ရက်နေ့Mobye Local PDF အနေဖြင့် အရေးပေါ်ကျည် ကမ်ပိန်းပြုလုပ် ရာတွင် ၁၂ ရက်ကြာရှိခဲ့ပြီဖြင့်သော်...
11/05/2024

ရက်စွဲ။ ။၂၀၂၄ခုနှစ်၊မေလ၊၁၁ရက်နေ့

Mobye Local PDF အနေဖြင့် အရေးပေါ်ကျည် ကမ်ပိန်းပြုလုပ် ရာတွင် ၁၂ ရက်ကြာရှိခဲ့ပြီဖြင့်သော်လည်း ၂၇ % သာရရှိခဲ့သည်။ ကမ်ပိန်း Target ပြည့်မီဖို့ အများကြီးလိုအပ်နေပါသေးသည်။
ရဲဘော်များ ရှေ့ဆက်ပွဲများက နိုင်ဖို့ရန် အတွက် အရေးကြီးအလိုအပ်ဆုံးဖြင့်သော နာခမ်းနီ ထောင့်များကို ဝယ်ယူရရှိနိုင်ရန် အရေးပေါ်ကျည် ကမ်ပိန်းတွင် ပါဝင်အားဖြည့်ပေးဖို့ မေတ္တာရပ်ခံ အပ်ပါတယ် ခင်ဗျ။

#ဘဏ္ဍာရှာဖွေရေးဌာန

အသ ၊က်ပေးဆပ်သွားတဲ့ ရဲဘော်တွေလဲပေးသွားပြီအသက်ရှင်ကျန်ရစ်နေတဲ့ ရဲဘော်တွေကလည်း ယနေ့အချိန်ထိ တို  က် ၊  ပွဲ တွေဆက်တို ၊ က်န...
06/05/2024

အသ ၊က်ပေးဆပ်သွားတဲ့ ရဲဘော်တွေလဲပေးသွားပြီ
အသက်ရှင်ကျန်ရစ်နေတဲ့ ရဲဘော်တွေကလည်း ယနေ့
အချိန်ထိ တို က် ၊ ပွဲ တွေဆက်တို ၊ က်နေတုန်းပဲ ကျန်ရှိနေတဲ့
မိုးဗြဲမြို့ခမရ ၄၂၂ စခန်းကုန်းကို အပြစ်ဖြတ်ချေမှုန်းနိုင်ဖို့ အရေးပေါ် နခမ်းနီထောင့်တွေ လိုအပ်နေပါတယ်
မိဘပြည်သူများအနေနဲ့ကျန်တော်တို့Mobye Local PDF
မှ ပထဦးဆုံးပြုလုပ်သော အရေးပေါ် ကျ ၊ ည် ကံစမ်းမဲ
ကိုတတ်နိုင်သလောက် ပါ၀င်အားဖြည့်ပေးကျပါလို့ မိဘပြည်သူ များကိုအသိပေးနိုးဆော်အပ်ပါသည်။


ဗဟိုနှင့်သတင်းပြန်‌ကြားရေးဌာန
Mobye Local PDF

စစ်အာဏာရှင်အမြစ်ပြတ် ချေမှုန်းရန်အတွက်ကျန်တော်တို့Mobye Local PDF ကိုထောက်ပံ့ကူညီပေးခဲ့သော မအိုင်ရင်းနှင့်အလှူရှင်မိသားစ...
06/05/2024

စစ်အာဏာရှင်အမြစ်ပြတ် ချေမှုန်းရန်အတွက်
ကျန်တော်တို့Mobye Local PDF ကိုထောက်ပံ့ကူညီ
ပေးခဲ့သော မအိုင်ရင်းနှင့်အလှူရှင်မိသားစုများ ကို
အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ဗဟိုနှင့်သတင်းပြန်ကြားရေးတာ၀န်ခံ
Mobye Local PDF

ရက်စွဲ ။ ။၁ ရက်နေ့ မေလ ၂၀၂၄ခုနှစ်               Mobye Local PDF ``အရေးပါ်ကျည်ကံစမ်းမဲကမ်ပိန်း``လက် ရှိ ရှေ့တန်း ရဲဘော်မျ...
01/05/2024

ရက်စွဲ ။ ။၁ ရက်နေ့ မေလ ၂၀၂၄ခုနှစ်

Mobye Local PDF ``အရေးပါ်ကျည်ကံစမ်းမဲကမ်ပိန်း``

လက် ရှိ ရှေ့တန်း ရဲဘော်များ မှ ရက်ဆက်တိုက်ပွဲများ ရှိ လာခဲ့ရ‌မှာများကြောင့်
နာခမ်း နီ ထောင့်များ အရေးပေါ် အကူအညီ လိုအပ်နေပါသည်။ ရှေ့ဆက်မှာ မုန့်ဟင်းခါး များများ ရရှိ နိုင်ဖို့ MB Local PDF ကို အရေးပေါ်ကျည် ကူပေးကြပါစို့။

၄၂၂တိုက်ပွဲရက်စွဲ။  ။၂၀၂၄ခုနှစ်၊ဧပြီလ၊၁၃ရက်နေ့ကျွန်တော်တို့Moebye Local PDFနှင့်အခြားမဟာမိတ်တပ်များဖြစ်‌သောKNDF၊PDFနှင့်...
13/04/2024

၄၂၂တိုက်ပွဲ

ရက်စွဲ။ ။၂၀၂၄ခုနှစ်၊ဧပြီလ၊၁၃ရက်နေ့
ကျွန်တော်တို့Moebye Local PDFနှင့်အခြားမဟာမိတ်တပ်များဖြစ်‌သော
KNDF၊PDFနှင့် တော်လှန်ရေးအင်အားစုများသည်၄၂၂တပ်ရင်းကိုဝင်ရောက်တိုက်ခိုက်သည်မှာ၁၀ရက်ကျော်လာပြီဖြစ်သည်။
ယနေ့တွင် ချေမှုန်းရေးဝင်ရာ၌ ကျွန်တော်တို့Mobye Local PDFမှ ရဲဘော်၂ဦး အသက်ပေးဆပ်ခဲ့ရသည်။

ဗဟိုနှင့်သတင်းပြန်ကြားရေးတာဝန်ခံ
Mobye Local PDF

Mobye Local PDF Pageတစ်ဖက်ပြန်လည်အသက်ဝင်ခြင်းကိုယ်ပိုင်အင်တာနက်မရှိခြင်းနှင့် အင်တာနက်အသုံးပြုရန်အခက်အခက်များရှိခြင်း‌ကြ...
07/04/2024

Mobye Local PDF Pageတစ်ဖက်ပြန်လည်အသက်ဝင်ခြင်း

ကိုယ်ပိုင်အင်တာနက်မရှိခြင်းနှင့် အင်တာနက်အသုံးပြုရန်
အခက်အခက်များရှိခြင်း‌ကြောင့်
ကျွန်တော်တို့Mobye Local PDFမှ မိဘပြည်သူများထံ
ကျွန်တော်တို့ရဲ့လုပ်ငန်းဆောင်ရွက်ချက်များ၊ ထူးခြားဖြစ်စဉ်များနှင့် စစ်ရေးအခြေအနေများကို အချိန်နှင်တပြေးညီ ထုတ်ပြန်မှု ရပ်တန့်ရသည်မှာအချိန်ကာလအားဖြင့် ကြာမြင့်နေပြီဖြစ်သည်။
ထိုသို့ထုတ်ပြန်နိုင်ခြင်းမရှိသည့်အတွက် မိဘပြည်သူများကိုအထူးတလည်တောင်းပန်အပ်ပါသည်။
ယခုအခါ အမည်မဖော်လိုသော အလှူရှင်တစ်ဦးမှ
အင်တာနက်အသုံးပြုနိုင်ဖို့ရန်အတွက် Starlink ကို
လှူဒါန်းပေးသောကြောင့်ယနေ့မှစ၍ ကျွန်တော်တို့Mobye Local PDF၏စစ်ရေးအခြေများနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ထူးခြားဖြစ်စဉ်များကို အချိန်နှင်တပြေးညီထုတ်ပြန်မည်ဖြစ်ကြောင်းမိဘပြည်သူများကိုအသိပေးအပ်ပါသည်။
ထိုသို့လှူဒါန်းပေးသော အလှူရှင်အား
အထူးပင်ကျေးဇူးတင်ရှိကြောင်းလဲမှတ်တမ်းတင်အပ်ပါသည်။

ဗဟိုနှင့်သတင်းပြန်ကြားရေးတာဝန်ခံ
Mobye Local PDF

သတင်းထုတ်ပြန်ခြင်းကျွန်တော်တို့Mobye Local PDF သည် လိုင်းအခက်အခဲများကြောင့်သတင်းများကိုအချိန်နှင့်သပြေးညီးမထုတ်ပြန်နိုင်...
30/12/2023

သတင်းထုတ်ပြန်ခြင်း

ကျွန်တော်တို့Mobye Local PDF သည် လိုင်းအခက်အခဲများကြောင့်သတင်းများကိုအချိန်နှင့်သပြေးညီးမထုတ်ပြန်နိုင်ပါ။ ၁၁၁၁စစ်ဆင်ရေးကို
ဒီမောဆို၊လွိုင်ကော်ဖက်တွင်ဆက်လက်ပါဝင်လှုပ်ရှားနေပါသည်။ ထို့အပြင် မိုးဗြဲမြို့အတွင်းရှိ စကစတပ်စွဲခဲ့‌သော ရပ်ကွက်တစ်ချို့ကို၂၀.၁၁.၂၀၂၁ရက်‌နေ့ကစ၍မိုင်းရှင်းလင်းရေးပြုလုပ်ပြီး မိုင်းပေါင်း၁၀လုံးကျော် ရှင်းလင်းနိုင်ခဲ့‌
ပါသည်။ ထို့နောက် မိဘပြည်သူများ၏တောင်းဆိုချက်များအရ ကျန်ရှိနေ‌သေးသော မိဘပြည်သူများ၏နေအိမ်များ မီးဘေးအန္တရာယ်မှကာကွယ်နိုင်ရန် ရပ်ကွက်တွင်းရှိ ထူထပ်‌နေသောခြုံပင်မြက်ပင်များကို Mobye Local PDFမှ ရှင်းလင်းပေးပြီး အိမ်ခြံမြေကွက်ပေါင်း၃၀ကျော်ရှင်းပေးပြီးပြီဖြစ်သည်။
အခုတွင်လည်း မိုးဗြဲရပ်ကွက်အတွင်းရှိရပ်ကွက်တစ်ချို့ကိုဆက်လက်ရှင်းလင်းပေးနေ‌ကြောင်း
ကိုလဲ မိဘပြည်သူများ‌အား အသိပေးအပ်ပါသည်။

ဗဟိုနှင့်သတင်းပြန်ကြားရေးတာဝန်ခံ
Mobye Local PDF

မိဘပြည်သူများကိုအသိပေးခြင်းကျွန်တော်တို့Moebye Local PDFအနေဖြင့်လိုင်းအခက်အခဲများကြောင့် အချိန်နှင့်တပြေးညီသတင်းထုတ်ပြန်...
30/12/2023

မိဘပြည်သူများကိုအသိပေးခြင်း

ကျွန်တော်တို့Moebye Local PDFအနေဖြင့်
လိုင်းအခက်အခဲများကြောင့် အချိန်နှင့်တပြေးညီ
သတင်းထုတ်ပြန်ခြင်း၊ကြေငြာခြင်းများမပြုလုပ်နိုင်သည့်အတွက် ပထမဦးဆုံး မိဘပြည်သူများကို
အနူးအညွှတ်တောင်ပန်အပ်ပါသည်။
ထိုသို့သောလိုင်းအခက်အခဲများကြောင့် reply မပြန်နိုင်သောစာများကိုလဲ မိဘပြည်သူများအနေဖြင့် နားလည်ပေးပါရန်တောင်းဆိုအပ်ပါသည်။ သတင်းထုတ်ခြင်းများမရှိသော်လည်း
Mobye Local PDFသည် မိဘပြည်သူများနှင်တစ်သွေးတစ်သားတည်းရှိပြီး Mobye Local PDF၏လုပ်ငန်းတာဝန်များကိုလဲ
ဆက်လက်တာဝန်ယူလုပ်ဆောင်နေကြောင်းအသိပေးအပ်ပါသည်။

ဗဟိုနှင့်သတင်းပြန်ကြားရေးတာဝန်ခံ
Mobye Local PDF

1111သတင်းထုတ်ပြန်ချက်ရက်စွဲ-၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့                     ကျွန်တော်တို့Mobye Local PDF မှ 1111စစ်...
24/11/2023

1111သတင်းထုတ်ပြန်ချက်

ရက်စွဲ-၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့
ကျွန်တော်တို့Mobye Local PDF မှ 1111စစ်ဆင်ရေးကိုတွင်တွင်ကျယ်ကျယ်သတင်း
ထုတ်ပြန်ခြင်းမရှိသော်လဲ 1111စစ်ဆင်‌ရေးကို
လွိုင်ကော်၊ဒီမောဆိုဇုန်တိုက်ပွဲတွင် ပါဝင်
လှုပ်ရှားခဲ့ပါသည်။ 1111စစ်ဆင်ရေးတစ်လျှောက် ကံကောင်းထောက်မစွာဖြင့် ကျွန်တော်တို့Mobye Local PDF မှတစ်ဦးတစ်ယောက်မှထိခိုက်ဒဏ်ရာရရှိခြင်းမရှိသော်လည်း မိဘပြည်သူများပြန်လည်သွားလာနိုင်ရန်အတွက် ယခင်ကစကစတပ်စွဲခဲ့သောမိုးဗြဲမြို့တွင်း
နေရာများကို မှိုင်းရှင်းလင်းရေးပြုလုပ်ရင်း 21.11.2023ရက်နေ့တွင် ရဲဘော်တစ်ဦးမှ မှိုင်းနင်းမိကာ ခြေထောက်တစ်ဖက်ပေးဆပ်ခဲ့ရပြီး စုစုပေါင်း၃ဦးဒဏ်ရာရှိခဲ့ပါသည်။
1111စစ်ဆင်ရေးတွင်သာမက လာမည့်တိုက်ပွဲတိုင်းတွင်လည်း အရေးတော်ပုံအောင်သည့်အထိ တိုက်ပွဲဝင်သွားမည်ဟုကတိပြုအပ်ပါသည်။

ဗဟိုနှင့်သတင်းပြန်ကြားရေးတာဝန်ခံ
Mobye Local PDF

အကြမ်းဖက်စကစမှလက်နက်ကြီးထပ်မံပစ်ခတ်နေယမန်နေ့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၇ရက်နေ့ညတွင်အကြမ်းဖက်စကစမှ နှစ်ဆင့်ကွဲလက်နက်ကြီးများဖ...
08/11/2023

အကြမ်းဖက်စကစမှလက်နက်ကြီးထပ်မံပစ်ခတ်နေ

ယမန်နေ့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၇ရက်နေ့ညတွင်
အကြမ်းဖက်စကစမှ နှစ်ဆင့်ကွဲလက်နက်ကြီးများဖြင့်
မိုးဗြဲအနောက်ဖက်ခြမ်း စစ်ဘေးရှောင်နေရာကို ချိန်ရွယ်ပစ်ခတ်ခဲ့ပါသည်။ လက်နက်ကြီးအချက်ပေါင်း၁၁ချက် ပစ်ခတ်ခဲ့သော်လဲ
ကံကောင်ထောက်မစွာဖြင့် တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရမရှိခဲ့ပေ။
သို့သော်ယခုညတွင်လဲ အကြမ်းဖက်စကစမှ လက်နက်ကြီးအချက်
၁၅ချက်ထပ်မံ ပစ်ခတ်သည့်အတွက် မိဘပြည်သူများ လုံခြုံစိတ်ချရသောနေရာတွင် ရွေ့ပြောင်းနေထိုင်းကြပါရန် ထပ်မံသတိပေးနိုး‌
ဆော်အပ်ပါသည်။

ဗဟိုနှင့်သတင်းပြန်ကြားရေးတာဝန်ခံ
Mobye Local PDF

မိုးဗြဲနောက်ဖက်ခြမ်းရှိစစ်ရှောင်စခန်းနေရာတစ်ချို့ကို အကြမ်းဖက်စကစမှတမင်တကာချိန်ရွယ်ပြီး နှစ်ဆင့်ကွဲလက်နက်ကြီးများစွာဖြင်...
07/11/2023

မိုးဗြဲနောက်ဖက်ခြမ်းရှိ
စစ်ရှောင်စခန်းနေရာတစ်ချို့ကို အကြမ်းဖက်စကစမှ
တမင်တကာချိန်ရွယ်ပြီး နှစ်ဆင့်ကွဲ
လက်နက်ကြီးများစွာဖြင့် ရမ်းသမ်းပစ်ခတ်‌နေပါသည်။
ထို့ကြောင့် မိုးဗြဲအနောက်ဖက်ခြမ်းမိဘပြည်သူများ
လုံခြုံသောနေရာတွင်နေထိုင်ကြပါရန် သတိပေးတိုက်တွန်းအပ်ပါသည်။

ဗဟိုနှင့်သတင်းပြန်ကြားရေးတာဝန်ခံ
Moebye Local PDF

All Soul Dayယနေ့2.11.2023ရက်နေ့တွင်ကျရောက်သော All Soul Dayကို  ဖက်ဒရယ်ဒီမိုကရေစီတိုင်ပွဲတွင်မြင့်မြတ်စွာအသက်ပေးလှူခဲ့သော...
02/11/2023

All Soul Day

ယနေ့2.11.2023ရက်နေ့တွင်ကျရောက်သော
All Soul Dayကို ဖက်ဒရယ်ဒီမိုကရေစီတိုင်ပွဲတွင်မြင့်မြတ်စွာအသက်ပေးလှူခဲ့သော မိုးဗြဲဒေသရှိ တော်လှန်ရေးသူရဲကောင်းအားလုံးနှင့်
တစ်တိုင်းပြည်လုံးရှိ ‌နွေဦးတော်လှန်ရေးတွင်
ကျဆုံးခဲ့သောတော်လှန်ရေးသူရဲကောင်းအားလုံးတို့၏ အသက်ဝိဉာဉ် ကယ်တင်ခြင်းရရှိဖို့ရန်အတွက် မိစ္ဆားတရားတော်မြတ်ကို ကျွန်တော်တို့ Moebye Local PDF မှပြုလုပ်ကျင်းပခဲ့ပါသည်။
တော်လှန်ရေးအတွက်အသက်ပေးလှူသော
ရဲဘော်များအားလုံးအတွက် ကျွန်တော်တို့
Moebye Local PDFမှကျန်ရှိနေသောတာဝန်များကိုဆက်လက်ထမ်းပိုးရင်း အရေးတော်ပုံအောင်သည့်အထိ တိုက်ပွဲဝင်သွားမည်ဟုကတိပြုအပ်ပါသည်။

ဗဟိုနှင့်သတင်းပြန်ကြားရေးတာဝန်ခံ
Moebye Local PDF

30/10/2023

မိုးဗြဲမြို့နောက်ဘက် ခြမ်းတစ်နေရာတွင်
စကစ မှ လ က် န က် ကြီး ရမ်းသမ်းပစ်ခတ်နေပါတယ် ပြည်သူများသတိရှိကြပါရန်။

သီတင်းကျွတ်လပြည့်နေ့ MB Local PDF ရဲဘော်များဆရာကိုကန်တော့နေပါတယ်။
29/10/2023

သီတင်းကျွတ်လပြည့်နေ့ MB Local PDF ရဲဘော်များဆရာကိုကန်တော့နေပါတယ်။

မိုးဗြဲLocal PDFမှစစ်ဘေးရှောင်အား လုပ်အားပေးကူညီခြင်းရက်စွဲ။     ။၂၀၂၃ခုနှစ်၊ အောက်တိုဘာ၊၂၃ရက်နေ့မိုးဗြဲမြို့နယ်တွင် မို...
23/10/2023

မိုးဗြဲLocal PDFမှစစ်ဘေးရှောင်အား လုပ်အားပေးကူညီခြင်း

ရက်စွဲ။ ။၂၀၂၃ခုနှစ်၊ အောက်တိုဘာ၊၂၃ရက်နေ့

မိုးဗြဲမြို့နယ်တွင် မိုးရွာသည့်အပြင် ရေကြီးသည့်အတွက် နေရာထိုင်ခင်ထပ်မှန်ရွေ့ပြောင်းနေရသော စစ်ဘေးရှောင်ပြည်သူတို့သည် ၎င်းတို့၏ရိတ်သိမ်းရမည့်စပါးတစ်ချို့ကို ရိတ်သိမ်းနိုင်ခြင်းမရှိခဲ့ပါ။ ထိုကြောင့်ကျွန်တော်တို့မိုးဗြဲLocal PDFမှထိုစပါးတစ်ချို့ကိုရိတ်သိမ်းသယ်ယူပြီး ပိုင်ရှင်စစ်ဘေးရှောင်ပြည်သူထံသို့ပြန်လည်ပို့‌ဆောင်ပေးခဲ့ပါသည်။ ထို့ကြောင့်ကျွန်တော်တို့မိုးဗြဲLocal PDFသည် ပြည်သူနှင့် တစ်သားတည်းရှိပြီး အရေးတော်ပုံအောင်သည့်အထိတိုက်ပွဲဝင်သွားမည်ဟု ကတိပြုအပ်ပါသည်။

ဗဟိုနှင်သတင်းပြန်ကြားရေးတာဝန်ခံ
Moebye Local PDF

သတင်းထုတ်ပြန်ခြင်းရက်စွဲ။  ။၁၈.၁၀.၂၀၂၃မိုးဗြဲမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီးမိုးဗြဲအနီးရှိအကြမ်းဖက်စကစမှ မိုးဗြဲရေကာ...
18/10/2023

သတင်းထုတ်ပြန်ခြင်း
ရက်စွဲ။ ။၁၈.၁၀.၂၀၂၃

မိုးဗြဲမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး
မိုးဗြဲအနီးရှိအကြမ်းဖက်စကစမှ မိုးဗြဲရေကာတာအား
ရေအဆမတန်‌ဖောက်ချမှုကြောင့် မိုးဗြဲမြို့အနီးနှင့်
တောင်ဖက်တစ်ကြောလုံး ရိတ်သိမ်းခါနီး လယ်ဧက
ရာနဲ့ချီရေအောက်နှစ်မြုပ်ပျက်စီးခဲ့ပါသည်။
ထို့အပြင် ဘီလူးချောင်းအနီးတစ်‌လျှောက်
စစ်‌ဘေးရှောင်နေသော
စစ်ရှောင်1500ဝန်းကျင်ခန့်လဲထပ်မံ
ရွေ့ပြောင်းနေရပါသည်။ အကြမ်းဖက်စကစသည်
စစ်ဘေးရှောင်ပြည်သူများကို မိုးဗြဲမြို့ထဲ ပြန်ဝင်ပြီး
ကာဗာယူလိုသော ရည်ရွယ်ချက်ဖြင့် ရေကိုအဆမတန်
ဖွင့်ချလိုက်ခြင်းဖြစ်သောကြောင့် မိဘပြည်သူများ
အကြမ်းဖက်စကစ၏ လှည့်ကွက်ထဲဝင်ရောက်ခြင်း
မပြုကြပါရန်နှင့် အချိန်မရွေးတိုက်ပွဲပြန်ဖြစ်နိုင်သောကြောင့်
ဘေးကင်းလုံခြုံသောနေရာတွင် နေထိုင်ကြရန်
နှိုးဆော်တိုက်တွန်းအပ်ပါသည်။

ဗဟိုနှင့်သတင်းပြန်ကြားရေးတာဝန်ခံ
Moebye Local PDF

အကြွေစောခဲ့ရတဲ့ ရဲဘော် ယောဟန်ရယ် မင်းထွက်သွားတာ ဒီရက်နဲ့ဆို တစ်ပတ်​ကျော်​ ကြာသွားပြီအခုချိန်ထိ ပျော်ပျော်​ေနတတ်တဲ့ မင်းရ...
17/10/2023

အကြွေစောခဲ့ရတဲ့ ရဲဘော် ယောဟန်ရယ်
မင်းထွက်သွားတာ ဒီရက်နဲ့ဆို တစ်ပတ်​ကျော်​ ကြာသွားပြီ
အခုချိန်ထိ ပျော်ပျော်​ေနတတ်တဲ့ မင်းရဲ့ ပုံရိပ်တွေ
မျက်လုံးထဲကမထွက်ဘူး

မင်းရဲ့တာဝန်ကျေပွန်မှု အများအပေါ် အနစ်နာခံကိုယ်ကျိုးစွန့်မှုများကကြီးမှားလွန်းလှပါတယ် ကောင်းရာမွန်ရာ ဘဝမှာ စိတ်အေးချမ်းစွာ အနားယူနိုင်ပါစေ

အမြဲတမ်းသတိရနေတယ်

ကျဆုံးရဲဘော်အတွက်ဝမ်းနည်းခြင်းနှင့်မြေမြုပ်သဂြိုလ်ခြင်းမိုးဗြဲLocal PDF တွင်တာဝန်ထမ်းဆောင်‌နေသောအသက်18နှစ်ရှိ မောင်ယောဟန...
10/10/2023

ကျဆုံးရဲဘော်အတွက်ဝမ်းနည်းခြင်းနှင့်မြေမြုပ်သဂြိုလ်ခြင်း

မိုးဗြဲLocal PDF တွင်တာဝန်ထမ်းဆောင်‌နေသော
အသက်18နှစ်ရှိ မောင်ယောဟန်သည် ၂၀၂၃ခုနှစ် အောက်တိုဘာလ ၉ရက်နေ့ မိုးဗြဲဒုန်းဒူထန်တိုက်ပွဲတွင်
တာဝန်ထမ်းဆောင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရသည်။

ဖက်ဒရယ်ဒီမိုဂရေစီရရှိဖို့ ကျဆုံးသွားသောမောင်ယောဟန်အတွက် မိုးဗြဲLocal PDFအ‌နေဖြင့် ကျန်ရစ်သူမိသားစုဝင်များနှင့်အတူ ထပ်တူဝမ်းနည်းကြောင်းနှင့် အာဇာနည်သူရဲကောင်းအဖြစ်အသိအမှတ်ပြုပါသည်။
ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းမောင်ယောဟန်ကို
ယနေ့၁၀.၁၀.၂၀၂၃ရက်နေ့ မနက်အချိန်တွင် အလေးပြုပြီးမြေမြုပ်သဂြိုလ်ခဲ့ပါသည်။
ကျဆုံးခဲ့သောအာဇာနည်သူရဲကောင်းတိုင်းကိုအမြဲအမှတ်ရပြီး စစ်အာဏာရှင်အမြစ်ပြတ်သည့်အထိ တိုက်ပွဲဝင်သွားမယ်ဟု ကတိပြုအပ်ပါသည်။

ဗဟိုနှင့်သတင်းပြန်ကြားရေး တာဝန်ခံ
Moebye Local PDF

မိုးဗြဲမြို့၊ ဒုန်းဒူထန်ရပ်ကွက်ရှိ အကြမ်းစကစနှင့် ထိတွေ့မှုထုတ်ပြန်ချက်မိုးဗြဲမြို့ ဒုန်းဒူထန်ရပ်ကွက်ရှိ အကြမ်းဖက်စကစကို...
09/10/2023

မိုးဗြဲမြို့၊ ဒုန်းဒူထန်ရပ်ကွက်ရှိ အကြမ်းစကစနှင့်
ထိတွေ့မှုထုတ်ပြန်ချက်

မိုးဗြဲမြို့ ဒုန်းဒူထန်ရပ်ကွက်ရှိ အကြမ်းဖက်စကစကို
ဒေသကာကွယ်ရေးတပ်ဖြစ်သော ကျွန်တော်တို့
Moebye Local PDF၊ DMO Local PDF Loikaw Local PDFနှင့် မဟာမိတ် ကလလတတို့ပူးပေါင်းကာ ချေမှုန်းရေး
ထိုးစစ်ဆင်ခဲ့ပါသည်။
ထိုတိုက်ပွဲသည် ယမန်နေ့ မနက်၆နာရီမှ၈နာရီအထိ
၂နာရီခန့်ကြာမြင့်ပြီး အကြမ်းဖက်စကစမှ ၁၀ဦးထက်မနည်း
သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါသည်။ မိမိတို့ပူးပေါင်းတပ်မှ ရဲ‌ဘော် ၁ဦးကျဆုံးကာ၃ဦးပြင်းထန်
ဒဏ်ရာရရှိပြီး လက်နက်ခဲယမ်းမလုံလောက်မှုကြောင့်
တပ်ဆုတ်ခဲ့ရသည်။ တိုက်ပွဲအတွင်းကျဆုံးခဲ့သော
ကျွန်တော်တို့ Moebye Local PDF အသက်၁၈နှစ်ရှိ
မောင်ယောဟန်အား အလေးနီပြုပါသည်။

ဗဟိုနှင်သတင်းပြန်ကြားရေးတာဝန်ခံ
Moebye Local PDF

⛔အရေးပေါ်သတိပေးချက်⛔ယနေ့9.10.2023ရက်‌နေ့မနက်၆နာရီကစပြီးမိုးဗြဲမြို့ပေါ်တွင် အကြမ်းဖက်စကစနဲ့ Moebye Local PDF၊အခြားမဟာမိတ...
08/10/2023

⛔အရေးပေါ်သတိပေးချက်⛔

ယနေ့9.10.2023ရက်‌နေ့မနက်၆နာရီကစပြီး
မိုးဗြဲမြို့ပေါ်တွင် အကြမ်းဖက်စကစနဲ့
Moebye Local PDF၊အခြားမဟာမိတ်တို့ဖြင့်
Titeပွဲပြင်းထန်နေပါသည်။ သို့ဖြင့်ပါ၍ ရပ်နီးရပ်ဝေးရှိ
မိဘပြည်သူများမိုးဗြဲမြို့အတွင်းဖြတ်သန်းသွားလာခြင်း
မပြုကြပါရန်သတိပေးအပ်ပါသည်။

ဗဟိုနှင့်သတင်းပြန်ကြားရေးတာဝန်ခံ
Moebye Local PDF

Moebye Local PDF မှ မိုးဗြဲမြို့ရှိအကြမ်းဖက်စကစကို တစ်ဖန်ပြန်လည်တိုက်ထုတ်ရန်စတင်ခြင်း။အကြမ်းဖက်စကစမှ အာဏာသိမ်းအပြီးမှာမိ...
04/10/2023

Moebye Local PDF မှ မိုးဗြဲမြို့ရှိအကြမ်းဖက်စကစကို တစ်ဖန်ပြန်လည်တိုက်ထုတ်ရန်စတင်ခြင်း။

အကြမ်းဖက်စကစမှ အာဏာသိမ်းအပြီးမှာ
မိုးဗြဲဟာ ပထမဦးဆုံး ရဲစခန်းသိမ်းတိုက်ပွဲဆင်နွဲခဲ့တဲ့မြို့လေး
ဖြစ်ခဲ့ပါတယ်။ ရဲစခန်းသိမ်းပြီးတဲ့နောက်မှာ
အကြမ်းဖက်စကစမှ အင်အားအလုံးအရင်းဖြင့်
အကြိမ်ပေါင်းများစွာ ထိုးစစ်ဆင်ခဲ့သော်လဲ
ကျွန်တော်တို့Local PDFဟာမဆုတ်တမ်းခံစစ်ဖြင့်
ရဲရဲဝံ့ဝံ့ခုခံတိုက်ခိုက်ခဲ့သော‌ကြောင့်
အကြမ်းဖက်စကစဟာ မိုးဗြဲမြို့ပေါ်တွင်
တပ်မစွဲနိုင်ခဲ့ပေ။ကျွန်တော်တို့မိုးဗြဲLocal PDFဟာ
မည်သည့်ထောက်ပို့မှမရှိတဲ့အပြင် ကိုယ်ထူကိုယ်ထဖြင့်
ရပ်တည်နေရသည့်အတွက်ခုခံစစ်အတွက်ကျဥ်မလုံလောက်မှုကြောင့် မိုးဗြဲကို အကြမ်းဖက်စကစအား လွန်ခဲ့သောလပိုင်းကတည်းကပေးလိုက်ရသည်။ အကြမ်းဖက်စကစအင်အားအလုံးအရင်းဖြင့်
ထိုးစစ်ဆင်လာတိုင်း မဆုတ်တမ်းခံစစ်ဖြင့် တိုက်ပွဲကိုမြိုင်မြိုင်ဆိုင်ဆိုင်ဆင်နွဲခဲ့သော မိုးဗြဲဟာ ထိုနေ့ထိုအချိန်မှစ၍ ယခုအချိန်ထိ
တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိတော့ဘဲ ဒုန်းဒုန်းဒိုင်းဒိုင်း အသံဟာ အကြမ်းဖက်စကစမှရမ်းသမ်းပစ်ခတ်သော အသံသာဖြစ်ခဲ့သည်။ ယနေ့တွင် ပြည်သူများ၏တောင်းဆိုချက်အရ မိုးဗြဲမြို့ရှိ
အကြမ်းဖက်စကစကိုတန်ပြန်ထိုးစစ်ဆင်မှုများကို အခက်အခဲတွေကြား Moebye Local PDFအထူးတပ်ဖွဲ့မှပြန်လည်စတင်နေပြီဖြစ်သည်။ မိုးဗြဲမြို့ကိုပြန်လည်သိမ်းယူနိုင်ဖို့နှင့် ထပ်မံလက်မလွှတ်ရဖို့ မိဘပြည်သူများလည်း Moebye Local PDF အားပါဝင်အားဖြည့်ပေးဖို့တောင်းဆိုပါရစေခင်ဗျား။

ဗဟိုနှင့်သတင်းပြန်ကြားရေးတာဝန်ခံ
Moebye Local PDF

Moebye Local PDF မှSniper Mission သတင်းထုတ်ပြန်ခြင်း။ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့၊စက်တော်ရာတောင်ပေါ်တွင်တပ်စွဲလျက်...
02/10/2023

Moebye Local PDF မှ
Sniper Mission သတင်းထုတ်ပြန်ခြင်း။

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့၊စက်တော်ရာတောင်ပေါ်တွင်
တပ်စွဲလျက်ရှိသော အကြမ်းဖက်စကစကို Moebye Local PDF မှ28.9.2023မှ29.9.2023ရက်နေ့အထိ ၂ရက်တိတိ
ပြောက်ကြားစနစ်ဖြင့်Sniper missionပြုလုပ်ခဲ့ပါသည်။
ထိုSniper Mission (၂)ရက်အတွင်း အကြမ်းဖက် စကစမှ (၁)ဦး
ခေါင်းပွင့်သေဆုံးပြီး ၁ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါသည်။
အကြမ်းဖက်စကစမှSniperနှင် ပွိုင့်5အပြင် လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်သော်လဲ Moebye Local PDF မှ
အထိအခိုက်မရှိ‌အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

မှတ်ချက်။ ။ videoကို comment မှာဝင်ရောက်ကြည့်ရှုနိုင်သည်။

ဗဟိုနှင်သတင်းပြန်ကြားရေးဌာန တာဝန်ခံ
Moebye Local PDF

Post တင်ပေးပါသော ညီနောင်မဟာမိတ် DMO Local PDFအားအထူးပင်ကျေးဇူးတင်ရှိပါကြောင်း
27/09/2023

Post တင်ပေးပါသော ညီနောင်မဟာမိတ် DMO Local PDFအားအထူးပင်ကျေးဇူးတင်ရှိပါကြောင်း

ညီနောင်မဟာမိတ်တပ်ဖွဲ့ဖြစ်သော
Moebye people defence force - Local PDF၏ လှုပ်ရှားမှု မှတ်တမ်းများတင်နိုင်ရန် (၂၃ စက်တင်ဘာလ ၂၀၂၃)ရက်နေ့တွင် Page အသစ်တစ်ခုကို ဖွင့်လှစ် လိုက်ပါသည်။
Moebye people defence force - Local PDF၏ Page Link👇👇👇👇👇
https://www.facebook.com/profile.php?id=61551861473884
#အရေးဝော်ပုံအောင်ရမည်

⛔ရပ်နီးအရပ်ဝေးရှိမိဘပြည်သူများ အသိသတိပေးချက်⛔လွန်ခဲ့သောလပိုင်ကတည်းက မိုးဗြဲမြို့ပေါ်တွင်အကြမ်းဖက်စကစမှ တစ်ချို့ရပ်ကွက်တွ...
26/09/2023

⛔ရပ်နီးအရပ်ဝေးရှိမိဘပြည်သူများ အသိသတိပေးချက်⛔

လွန်ခဲ့သောလပိုင်ကတည်းက မိုးဗြဲမြို့ပေါ်တွင်
အကြမ်းဖက်စကစမှ တစ်ချို့ရပ်ကွက်တွင်
နေရာယူတပ်စွဲထားသည်ကို မိဘပြည်သူများ
အသိပင်ဖြစ်သည်။ ထိုသို့နေရာယူထားသော
အကြမ်းဖက်စကစနှင့် ၄၂၂တပ်တို့မှရံဖန်ရံခါ
လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုရှိသော်လဲ ယနေ့(၂၆.၉.၂၀၂၃)ရက်နေ့တွင် မိုးဗြဲမြို့အတွင်း
လူအင်အားဖြည့်တင်းထားပြီး ရပ်ကွက်အနံ့
ဖြန့်ကျက်နေရာယူကာ စစ်ရေးလှုပ်ရှားလျက်ရှိနေသည်။
ထို့အပြင် ယနေ့မနက်၁၀နာရီမှ ၁၁:၃၀နာရီအထိ
၄၂၂တပ်နှင့်‌‌ ညောင်ဝိုင်းရှိအကြမ်းဖက်စကစတို့မှလက်နက်ကြီး(၁၀)လုံးထက်မနည်း (၁၂၀မမ/၈၀မမ)တို့ဖြင့်
ရမ်းသမ်းပစ်ခတ်နေပါသည်။ ထို့သိုသော
အခြေအနေများကြောင့် ရပ်ဝေးရပ်နီးရှိ
မိဘပြည်သူများအနေဖြင့်မိုးဗြဲမြို့ထဲသာမက
မြို့အနားဝန်းကျင်တွင် အသွားအလာများ
အထူးဂရုပြုကြပါရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်
Mobye Local PDFမှအသိသတိပေးလိုက်ပါသည်ခင်ဗျား။

ဗဟိုနှင့်သတင်းပြန်ကြားရေးတာဝန်
Moebye Local PDF

Address


Website

Alerts

Be the first to know and let us send you an email when Moebye people defense force - Local PDF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share