Education News

  • Home
  • Education News

Education News News
(9)

B.ed စာပေးစာယူသင်တန်း ဧပြီလနှင့်မေလများတွင် ဖွင့်လှစ်သွားရန် လျာထား
02/12/2021

B.ed စာပေးစာယူသင်တန်း ဧပြီလနှင့်မေလများတွင် ဖွင့်လှစ်သွားရန် လျာထား

အခြေခံပညာ‌ကျောင်းများအား ပထမနှစ်ဝက်စာမေးပွဲစစ်ဆေးရန် ညွှန်ကြားထား
29/11/2021

အခြေခံပညာ‌ကျောင်းများအား ပထမနှစ်ဝက်စာမေးပွဲစစ်ဆေးရန် ညွှန်ကြားထား

20/11/2021

အခြေခံပညာကျောင်းသားကျောင်းသူများကို ယခုလကုန် ၃၀-၁၁-၂၀၂၁ ရက်နေ့ထိ ရက်တိုး၍ ကျောင်းအပ်လက်ခံပေးမည်ဟု သိရှိရပါသည်။

ဟိုဘက်pageလေးမှာ တင်ထားတာလေးပါဝင်ရောက်ကံစမ်းနိုင်ပါတယ်ဗျ
18/11/2021

ဟိုဘက်pageလေးမှာ တင်ထားတာလေးပါ
ဝင်ရောက်ကံစမ်းနိုင်ပါတယ်ဗျ

ဒီနေ့ တန်ဆောင်မုန်းလပြည့်လေးမှာ ဖုန်းဘေလေး အလှူလုပ်ချင်ပါတယ်ဗျ🥰
ပုံထဲမှာ ဖုံးထားတဲ့နောက်ဆုံးဂဏန်းသုံးလုံးကိုမန့်ခဲ့ပေးပါခင်ဗျ❤️

ပထမဆုံးအဖြေမှန်သူကို - ၃၀၀၀ ကျပ်💜
ဒုတိယအဖြေမှန်သူကို -၂၀၀၀ ကျပ်💙
တတိယအဖြေမှန်သူကို -၂၀၀၀ ကျပ်🧡

စည်းကမ်းချက်လေးအနေကတော့ အကောင့်တစ်ခုကို တစ်ကြိမ်သာမန့်ခွင့်ရှိပါမယ်ခင်ဗျာ
တစ်ခုထက်ပို၍မန့်လာသော commentများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

လပြည့်နေ့လေးမှာ အားလုံးဘဲပျော်ရွှင်ကြပါစေခင်ဗျာ❤️❤️❤️❤️

ည (၁၀)နာရီမှာ မန့်ပိတ်ပါမယ်ခင်ဗျာ

Edit
အဖြေမှန်သူမရှိသေးသည့်အတွက်
အကန့်အသတ်မရှိ မန့်နိုင်ပါတယ်
800 မှ 900ကြား မန့်ပေးပါရန်

၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့် အစီအစဉ်
10/11/2021

၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ
ဖြေဆိုခွင့် လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့် အစီအစဉ်

PPTT(7/2020)သင်တန်းအား (၁၅.၁၂.၂၀၂၁)တွင် တက်ရောက်ရမည်ဖြစ်ကြောင်း ကြေညာ
10/11/2021

PPTT(7/2020)သင်တန်းအား (၁၅.၁၂.၂၀၂၁)တွင် တက်ရောက်ရမည်ဖြစ်ကြောင်း ကြေညာ

08/11/2021

အဝေးသင်များ ၂လပိုင်းဝန်းကျင်တွင်ပထမအသုတ် များစာမေးပွဲဖြေရမည်ဖြစ်ပြီး
ဒုတိယအသုတ် နှင့် တတိယအသုတ်များသည်
၂လပိုင်းအလယ် နှင့် ၃လပိုင်း တွင် အနီးကပ် တက်ပြီးစာမေးပွဲဖြေရမည်ဟု လက်တလော ကြားသိရပါသည်။

08/11/2021

တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ယခုအပတ်မှစတင်ကာ စနေနေ့ပါ ဖွင့်မည်..........................
နေပြည်တော်၊ နိုဝင်ဘာ ၈

တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ယခုအပတ်မှစတင်ကာ စနေနေ့ပါ ဖွင့်မည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

"ဖွင့်ခိုင်းတာကတော့ တစ်နိုင်ငံလုံး ဖွင့်ခွင့်ပြုထားတဲ့ ကျောင်းတွေအကုန်ဖွင့်ခိုင်းတာပါ။ အဓိကတော့ စာတွေနောက်ကျမှာ စိုးတဲ့အတွက် အခုလိုဖွင့်ခိုင်းရခြင်း ဖြစ်ပါတယ်။"ဟု အခြေခံပညာဦးစီးဌာနမှ အရာရှိတစ်ဦးက ဆိုပါသည်။

06/11/2021

အဝေးသင်များ ကျောင်းအပ်နောက်ဆုံးရက်အား (၉.၁၁.၂၀၂၁)မှ (၅.၁၂.၂၀၂၁)သို့ရက်တိုးမြှင့်လိုက်ကြောင်းသိရှိရပါသည်။

04/11/2021

တက္ကသိုလ်နေ့သင်တန်းများ ဒီဇင်ဘာပထမအပတ်တွင် ကျောင်းပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာ

နေ့သင်တန်း ပထမနှစ် ၊ ဒုတိယနှစ် ၊ တတိယနှစ် ၊ ပထမနှစ်ဂုဏ်ထူးတန်း စတဲ့ Day ကျောင်းသားအားလုံးကို ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီး ဒီဇင်ဘာ ပထမအပတ်မှာ ကျောင်းဖွင့်ဖို့ လျာထားတယ် ဆိုပြီး MRTVမှ ကြေညာသွားပါတယ်။

04/11/2021

အခြေခံပညာကျောင်းများအား ၃လခွဲဖြင့် စာများအပြတ်သင်ကြားပြီး နောက်အတန်းတင်စာမေးပွဲစစ်ဆေးမည်ဟု သိရှိရပါသည်။

02/11/2021

တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လထဲတွင် ကျင်းပမည်ဟု သိရှိရပါသည်။

01/11/2021

ကျောင်းတွေအပ်ကြမှာလား
အဝေးသင်တွေ😅

01/11/2021

အခြေခံပညာကျောင်းများ၏ ကျောင်းတွင်းစစ် စာမေးပွဲများကို ဖေဖော်ဝါရီလ တတိယပတ်တွင် စစ်ဆေးသွားမည်ဟု သိရှိရပါသည်။

30/10/2021

တက္ကသိုလ်/ဒီဂရီကောလိပ်များတွင် ခန့်ထားမည့် နည်းပြ/သရုပ်ပြများ ဆရာ/ဆရာမ အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်းများကို ဒီဇင်ဘာလ ၈ ရက်နေ့မှစတင်၍ တစ်လတက်ရောက်ကြရမည်ဖြစ်ကြောင်း သိရသည်။

30/10/2021

အခြေခံပညာဦးစီးဌာနရှိ အခြေခံပညာ (ထက်၊လယ်၊မူ)ကျောင်းများတွင် လိုအပ်နေသော အသစ်ခန့်ထားရေးဆရာ၊ဆရာမများ မကြာမီရက်ပိုင်းအတွင်း ခန့်အပ်ပေးမည်ဟု သိရပါသည်။အခြေခံပညာဦးစီးဌာန၏ ၂၆-၁၀-၂၀၂၁ ရက်စွဲပါအရ ထက်၊လယ်၊မူ ကျောင်းများတွင် ထက်ပြခန့်ခွင့်ပြုဦးရေ (၂၃၇၇)ဦးမှ သတ်မှတ်ချက်မူနှင့်ကိုက်ညီသူ( ၁၆၃၂)အား ထက်ပြများအဖြစ်လည်းကောင်း၊
လယ်ပြ ခန့်ခွင့်ပြုဦးရေ (၇၄၄၄)ဦးမှ သတ်မှတ်ချက်နှင့်ကိုက်ညီသူ (၇၂၅)ဦးအား လယ်ပြများအဖြစ် လည်းကောင်း၊မူပြခန့်ခွင့်ပြုဦးရေ (၄၅၆၇)ဦးမှ သတ်မှတ်ချက်မူနှင့်ကိုက်ညီသူ (၄၅၆၇)ဦးအား မူပြများအဖြစ် မကြာမီ ခန့်အပ်သွားမည်ဟု သိရှိရပါသည်။

Credit ~ Chit Ko

အသစ်ခန့်အပ်မည့် ဆရာ ဆရာမများအတွက် အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်းများ နိုဝင်ဘာလ ၈ ရက်နေ့တွင် ဖွင့်လှစ်မည်ဟု သိရှိရပ...
30/10/2021

အသစ်ခန့်အပ်မည့် ဆရာ ဆရာမများအတွက် အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်းများ နိုဝင်ဘာလ ၈ ရက်နေ့တွင် ဖွင့်လှစ်မည်ဟု သိရှိရပါသည်။

အောက်ဖော်ပြပါ ၄၆ မြို့နယ်မှအပ ကျန်အခြေခံပညာကျောင်းများကို နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်သွားမည်ဟုသိရပါသည်။
30/10/2021

အောက်ဖော်ပြပါ ၄၆ မြို့နယ်မှအပ ကျန်အခြေခံပညာကျောင်းများကို နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်သွားမည်ဟုသိရပါသည်။

29/10/2021

News
အဝေးသင် တက္ကသိုလ် ကျောင်းအပ်ရန် ကျန်ရှိနေသေးသော သူများ (၁.၁၁.၂၀၂၁) ရက်နေ့မှ (၉.၁၁.၂၀၂၁) ရက်နေ့အတွင်း

ကျောင်းပြန်အပ်နိုင်ပြီ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Crd

10/07/2021

ဂျပန်စာလေ့လာလိုသူများအတွက်❤️

06/07/2021

လေ့လာလိုသူများအတွက်

တက္ကသိုလ် အဝေးသင်များ အောက်ပါအပတ်များတွင် ကျောင်းတက်/စာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်း စကစမှထုတ်ပြန်Source-အဝေးသင်page
06/06/2021

တက္ကသိုလ် အဝေးသင်များ အောက်ပါအပတ်များတွင် ကျောင်းတက်/စာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်း စကစမှထုတ်ပြန်
Source-အဝေးသင်page

8.2.2021(တနင်္လာနေ့)မှစ၍ နိုင်ငံတစ်ဝန်းရှိ ပြည်သူ့ ဝန်ထမ်းများအားလုံး ရုံးသို့သွားရောက်ခြင်းမပြုဘဲ မိမိအိမ်တွင်သာနေ၍ Civ...
07/02/2021

8.2.2021(တနင်္လာနေ့)မှစ၍ နိုင်ငံတစ်ဝန်းရှိ ပြည်သူ့ ဝန်ထမ်းများအားလုံး ရုံးသို့သွားရောက်ခြင်းမပြုဘဲ မိမိအိမ်တွင်သာနေ၍ Civil Disobedience Movementတွင် ပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Crd photo




ကဲ နက်ဖြန်နံနက် ၆နာရီဆို ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းတွေကို အောက်ပါlinkကနေ ဝင်ကြည့်လို့ရပီနော်https://mmexa...
16/01/2021

ကဲ နက်ဖြန်နံနက် ၆နာရီဆို ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းတွေကို
အောက်ပါlinkကနေ ဝင်ကြည့်လို့ရပီနော်
https://mmexamscore.org

COVID စည်းမျဉ်းနှင့်အညီကျောင်းများပြန်ဖွင့်ရန်ကြိုတင်ပြင်ဆင်--------------------------အခြေခံပညာ၊ အလယ်တန်းနဲ့ အထက်တန်းအဆင...
15/01/2021

COVID စည်းမျဉ်းနှင့်အညီကျောင်းများပြန်ဖွင့်ရန်ကြိုတင်ပြင်ဆင်
--------------------------
အခြေခံပညာ၊ အလယ်တန်းနဲ့ အထက်တန်းအဆင့်ကျောင်းတွေအားလုံးကို COVID စည်းမျဉ်း၊ စည်းကမ်းနဲ့ အညီ ပြန်ဖွင့်နိုင်ဖို့ ကြိုတင်ပြင်ဆင်ခိုင်းထားပြီဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ကပြောပါတယ်။
ကျောင်းတွေပြန်ဖွင့်မယ့်ရက်ကို မပြောနိုင်သေးပေမယ့် ကြိုတင်ပြင်ဆင်မှုတွေတော့လုပ်ဆောင်ခိုင်းထားပြီးဖြစ် တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကအခုလိုပြောပါတယ်။
"ပြင်ဆင်နေတုန်းပဲ။ ဘယ်အချိန်ဖွင့်မယ်ဆိုတာ ကြေညာလိမ့်မယ်။ အခုလောလောဆယ်တော့ မကြေညာနိုင် သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတုန်း၊ အခြေအနေကိုစောင့်ကြည့်နေတုန်းပဲရှိသေး တယ်။ အကုန်ပြင်ဆင်ရမှာလေ။ ရှိသမျှ (၅၀၀၀၀) ရှိရင် (၅၀၀၀၀) ပြင်ရမှာ။ အထက်တန်းတင်မဟုတ်ဘူးလေ။ အလယ်တန်း၊ မူလတန်းတွေအားလုံးကိုပြင်ဆင်နေတာ" လို့ ဦးကိုလေးဝင်းကပြောပါတယ်။
အ.ထ.က (၂) ဗဟန်းကျောင်းကတော့အရင်ကတည်းက (A) အဆင့်ရထားတဲ့ကျောင်းဖြစ်တဲ့အတွက်အထူးတ လည် ပြင်ဆင်စရာမလိုပေမယ့် Quarantine ထားခဲ့တာရှိခဲ့လို့ ပိုးသတ်တာ၊ သန့်ရှင်းရေးလုပ်တာတွေဆောင်ရွက် နေတယ်လို့အ.ထ.က (၂) ဗဟန်းရဲ့မိဘဆရာအသင်း၊ တွဲဖက်အတွင်းရေးမှူး ဦးကြည်ဝင်းကပြောပါတယ်။
COVID-19 နဲ့ပတ်သက်လို့ ပြည်တွင်းကူးစက်မှုတွေနဲ့ နိုင်ငံတကာကူးစက်မှုတွေလျော့ကျလာရင် ကျောင်းတွေပြန် ဖွင့်နိုင်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်ကအခုလိုပြောပါတယ်။
"ကျောင်းတွေဘယ်အချိန်ပြန်ဖွင့်ကြမလဲဆိုရင် COVID-19 ပိုးတွေ့ရှိတဲ့လူနာတွေလည်း ကျလာမယ်။ ပြည်သူလူ ထုကလည်း COVID-19 ကာကွယ်ရေး နည်းလမ်းတွေကိုလိုက်နာကြမယ်။ ကျွန်တော်တို့ပြည်တွင်း ကူးစက်မှုတွေ လျော့ကျသွားပြီ။ တစ်ခါနိုင်ငံတကာမှာလည်း ကူးစက်မှုတွေလျော့ကျသွားတဲ့အချိန်ကျရင် ကျောင်းတွေဖွင့်ဖို့ဆို တာ မဖြစ်မနေလုပ်ရမယ့်အချက်ပါပဲ" လို့ ဒေါက်တာထွန်းမြင့်ကပြောပါတယ်။
လတ်တလောမှာတော့ ရန်ကုန်တိုင်းဒေသကြီးမှာနေ့စဉ်လူနာတွေ့ရှိမှု (၂၀၀) အောက်ကျဆင်းလာသလို ထိန်းချုပ် လာနိုင်တဲ့အနေအထားတွေရှိလာပြီဖြစ်ပေမယ့် ပြည်ပပြန်နဲ့ ခိုးဝင်တွေဆီက ဗီဇပြောင်းပိုးကူးစက်မခံရအောင် ကာကွယ်ထိန်းချုပ်ရေးတွေကို လုပ်ဆောင်နေရဆဲဖြစ်တယ်လို့ ဒေါက်တာထွန်းမြင့်ကပြောပါတယ်။
ကျောင်းတွေပြန်ဖွင့်မှာနဲ့ ပတ်သက်လို့ ကျောင်းသားမိဘအချို့ကသင်ကြားရေးမပျက်အောင်ပြန်ဖွင့်စေချင်သလို အချို့ကျောင်းသားမိဘတွေကတော့ စာသင်ကာလနည်းလို့စာမေးပွဲအတွက်စိုးရိမ်တာ၊ ရောဂါကူးစက်ခံရမှာ စိုးရိမ်တာတွေရှိနေပါတယ်။

သတင်း - သူသူထက်လွင်
မှ ကူးယူဖော်ပြပါသည်။

မုံရွာတက္ကသိုလ် မဟာတန်းဒုတိယနှစ် ဓာတုဗေဒအထူးပြုအောင်စာရင်း
15/01/2021

မုံရွာတက္ကသိုလ် မဟာတန်းဒုတိယနှစ် ဓာတုဗေဒအထူးပြုအောင်စာရင်း

14/01/2021

၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်းကြည့်ရှုနည်း
Source-MOE

၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို Website တွင် အခမဲ့ကြည့်ရှုနိုင်မည့်အစီအစဉ် အသိပေးက...
12/01/2021

၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို Website တွင် အခမဲ့ကြည့်ရှုနိုင်မည့်အစီအစဉ် အသိပေးကြေညာ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

ဇန်နဝါရီ (၁၂)

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူများ၏ အမှတ်စာရင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက် နံနက် (၆) နာရီမှစတင်၍ Website တွင် အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းအား အသိပေးကြေညာ အပ်ပါသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် https://mmexamscore.org တွင် ဝင်ရောက်ပြီး မိမိ၏ခုံအမှတ် နှင့် မွေးသက္ကရာဇ် (ရက်၊ လ၊ ခုနှစ်) တို့ကို ပြည့်စုံ မှန်ကန်စွာ ဖြည့်စွက်၍ မိမိတို့၏ အမှတ်စာရင်းများကို ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ရုံးများသို့ လာရောက်လျှောက်ထားခြင်း မပြုရန် မေတ္တာရပ်ခံပါကြောင်းနှင့် အမှတ်စာရင်းထုတ်ပေးမည် မဟုတ်ပါကြောင်း၊ Covid-19 ကာကွယ် ထိန်းချုပ် တားဆီးနိုင်မှု အခြေအနေအရ အမှတ်စာရင်းများကို ထုတ်ပေးမည့်အစီအစဉ်အား ကြိုတင်အသိပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

အမှတ်စာရင်းကြည့်ရှုနည်း လမ်းညွှန် ရုပ်သံဖိုင်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website နှင့် page ဖြစ်သော https://mmexamscore.org နှင့် https://www.facebook.com/exams.mm တို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့မှစ၍ ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာထားသည်။

#သတင်းစဉ် From; MDN
Photo Credit - Department of Myanmar Examinations

09 January, 2021တက္ကသိုလ်ဝင်စာမေးပွဲအား ၂ နှစ်‌ပေါင်း ဖြေဆိုနိုင်ရန် ဆွေးနွေးလျက်ရှိနှစ်စဥ်လမတ်လတွင် ကျင်းပပြုလုပ်သည့် ...
10/01/2021

09 January, 2021

တက္ကသိုလ်ဝင်စာမေးပွဲအား ၂ နှစ်‌ပေါင်း ဖြေဆိုနိုင်ရန် ဆွေးနွေးလျက်ရှိ

နှစ်စဥ်လမတ်လတွင် ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲအား ၂၀၂၀-၂၀၂၁ မတ်လတွင် ကျင်းပပြုလုပ်နိုင်ခြင်းမရှိတော့သောကြောင့် ကျောင်းသားများနစ်နာမှု မရှိစေရန် စာသင်နှစ် (Academic Year) ကို ၂ နှစ်ပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာသို့ ဇန်နဝါရီ ၈ ရက်တွင်ပြောသည်။
“ဒီနှစ်ကတော့ ကျောင်းက ခဏပဲဖွင့်နိုင်ခဲ့ပြီး Home Base Learning တွေပဲ ကျောင်းသားတွေ အနေနဲ့ လုပ်လို့ရတယ်။ ကျောင်းပြန်ဖွင့်တဲ့အချိန်မှာ အခုဒီစာသင်နှစ်ကို ကျောင်းသားတွေ နစ်နာမှု မရှိဖို့ အတွက် Academic Year ကို ၂ နှစ်ပေါင်းဖို့လည်းဆွေးနွေးနေတာရှိတယ်။ အဓိကက ပညာသင်နှစ် မပျောက်အောင်လုပ်ဖို့ပါ။ ကျွန်တော်တို့ ကျောင်းဖွင့်ခွင့်ပြန်ရတဲ့အချိန်မှာ အတိအလင်းထုတ်ပြန်သွားမှာပါ။’’ ဟု၎င်းကဆက်ပြောသည်။
၂၀၂၀-၂၀၂၁ ပညာသင်နှစ်အား ပျောက်မသွားစေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် စဉ်းစားလျက်ရှိကြောင်းဆိုသည်။
“ဒီစာသင်နှစ်ကို Cancel လုပ်ပြီး ကျန်တဲ့ ၁၀ လ ကို ဟိုတစ်နှစ်ပဲ သင်လိုက်တော့ဆိုပြီး လုပ်လို့ရချင်မှ ရမယ်။ ကလေးတွေရဲ့ အကျိုးအတွက်ကြည့်ပြီး ဘယ်လိုလုပ်ရင် ရမလဲဆိုတာ ကို Option မျိုးစုံနဲ့ စဉ်းစားနေပါတယ်’’ ဟု ဦးကိုလေးဝင်းကဖြည့်စွက်ပြောကြားသည်။
COVID-19 အလွန်ကာလ ကျောင်းပြန်ဖွင့်သည့်အချိန်တွင် Home Base Learning ဆက်လုပ်သွားရဦးမည် ဖြစ်ကြောင်းဆိုသည်။ နိုင်ငံတစ်ဝန်းလုံးတွင် အထက်တန်းကျောင်းပေါင်း ၅,၆၃၃ ကျောင်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
Source: Xinhua

အခြေခံပညာကျောင်းများ ပြန်ဖွင့်ရာတွင် အသင့်ဖြစ်စေရေး ကြိုတင်ပြင်ဆင်ထားရန် လမ်းညွှန်ထားဟုဆို【အခြေခံပညာကျောင်းများ ပြန်ဖွင့...
07/01/2021

အခြေခံပညာကျောင်းများ ပြန်ဖွင့်ရာတွင် အသင့်ဖြစ်စေရေး ကြိုတင်ပြင်ဆင်ထားရန် လမ်းညွှန်ထားဟုဆို

【အခြေခံပညာကျောင်းများ ပြန်ဖွင့်ရာတွင် အသင့်ဖြစ်စေရေး ကြိုတင်ပြင်ဆင်ထားရန် လမ်းညွှန်ထားဟုဆို】

ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

အခြေခံပညာကျောင်းများ ပြန်ဖွင့်ရာတွင် အသင့်ဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးများသို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် လမ်းညွှန်ထားကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာသို့ ဇန်နဝါရီ ၇ ရက်တွင်ပြောသည်။

“ကျွန်တော်တို့က မြို့နယ်ပညာရေးမှူးရုံးတွေကို လမ်းညွှန်ထားပါတယ်။ပညာရေးမှူးရုံးတွေကလည်း ဒါနဲ့ပတ်သက်ပြီးကျောင်းတွေ ကြိုတင်ပြဆင်ဖို့ အတွက် စာထုတ်ထားတာတွေ့ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ COVID-19 ရောဂါ အခြေအနေပေါ်မူတည်ပြီး ရောဂါတည်ငြိမ်တဲ့ အချိန်မှာ အဆင်သင့် ဖြစ်နိုင်ဖို့ အတွက် ကြိုတင်ပြင်ဆင်တဲ့သဘောဖြစ်ပါတယ်။ အနားကပ်တော့ မပြင်ဆင်ရသေးဘူး ဖြစ်မှာစိုးရိမ်လို့ ကြိုတင်ပြင်ဆင်တဲ့ သဘောဖြစ်ပါတယ်။’’ ဟု ၎င်းက ဆိုသည်။

ကျောင်းများ ပြန်ဖွင့်ရန် လတ်တလောတွင် မဆုံးဖြတ်ရသေးကြောင်း၊ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့်ဗဟို ကော်မတီက ခွင့်ပြုလျှင် ကျောင်းများ ပြန်ဖွင့်နိုင်ရေး အသင့် ပြင်ဆင်ဆောင်ရွက်နေခြင်းကြောင်း ဆိုသည်။

“ကျောင်းမဖွင့်နိုင်တဲ့ကာအတွင်းမှာ Myanmar Digital Education မှာလည်း ကျွန်တော်တို့တင်ထားတယ်။ Home Base Learning တွေ လုပ်နေတယ်။ ကျောင်းသားတွေ အတွက် ပညာရေး အဆက်မပြတ်အောင် နည်းလမ်းမျိုးစုံနဲ့ တော့ ကြိုးစားပေးနေပါတယ်။’’ ဟု၎င်းကဆက်ပြောသည်။

ကျောင်းများပြန်လည်ဖွင့်လှစ်သည့်အခါ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနမှ သတ်မှတ်ထားသည့် Check List အချက် ၈၀ နှင့်ကိုက် ညီမှုရှိ၊ မရှိစစ်ဆေးပြီး အဆင့် A၊ B၊ C သတ်မှတ်ကာ အဆင့် A ရမှသာ ဖွင့်ခွင့်ပြုမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းကဆိုသည်။ (Xinhua)

#ဦးကိုလေးဝင်း #ပညာရေး #ကျောင်းဖွင့် #ဆင်ဟွာ
-----------------------------------------
(Zawgyi Version)
အခြေခံပညာကျောင်းများ ပြန်ဖွင့်ရာတွင် အသင့်ဖြစ်စေရေး ကြိုတင်ပြင်ဆင်ထားရန် လမ်းညွှန်ထားဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

အခြေခံပညာကျောင်းများ ပြန်ဖွင့်ရာတွင် အသင့်ဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးများသို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် လမ်းညွှန်ထားကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာသို့ ဇန်နဝါရီ ၇ ရက်တွင်ပြောသည်။

“ကျွန်တော်တို့က မြို့နယ်ပညာရေးမှူးရုံးတွေကို လမ်းညွှန်ထားပါတယ်။ပညာရေးမှူးရုံးတွေကလည်း ဒါနဲ့ပတ်သက်ပြီးကျောင်းတွေ ကြိုတင်ပြဆင်ဖို့ အတွက် စာထုတ်ထားတာတွေ့ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ COVID-19 ရောဂါ အခြေအနေပေါ်မူတည်ပြီး ရောဂါတည်ငြိမ်တဲ့ အချိန်မှာ အဆင်သင့် ဖြစ်နိုင်ဖို့ အတွက် ကြိုတင်ပြင်ဆင်တဲ့သဘောဖြစ်ပါတယ်။ အနားကပ်တော့ မပြင်ဆင်ရသေးဘူး ဖြစ်မှာစိုးရိမ်လို့ ကြိုတင်ပြင်ဆင်တဲ့ သဘောဖြစ်ပါတယ်။’’ ဟု ၎င်းက ဆိုသည်။

ကျောင်းများ ပြန်ဖွင့်ရန် လတ်တလောတွင် မဆုံးဖြတ်ရသေးကြောင်း၊ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့်ဗဟို ကော်မတီက ခွင့်ပြုလျှင် ကျောင်းများ ပြန်ဖွင့်နိုင်ရေး အသင့် ပြင်ဆင်ဆောင်ရွက်နေခြင်းကြောင်း ဆိုသည်။

“ကျောင်းမဖွင့်နိုင်တဲ့ကာအတွင်းမှာ Myanmar Digital Education မှာလည်း ကျွန်တော်တို့တင်ထားတယ်။ Home Base Learning တွေ လုပ်နေတယ်။ ကျောင်းသားတွေ အတွက် ပညာရေး အဆက်မပြတ်အောင် နည်းလမ်းမျိုးစုံနဲ့ တော့ ကြိုးစားပေးနေပါတယ်။’’ ဟု၎င်းကဆက်ပြောသည်။

ကျောင်းများပြန်လည်ဖွင့်လှစ်သည့်အခါ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနမှ သတ်မှတ်ထားသည့် Check List အချက် ၈၀ နှင့်ကိုက် ညီမှုရှိ၊ မရှိစစ်ဆေးပြီး အဆင့် A၊ B၊ C သတ်မှတ်ကာ အဆင့် A ရမှသာ ဖွင့်ခွင့်ပြုမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းကဆိုသည်။ (Xinhua)

#ဦးကိုလေးဝင်း #ပညာရေး #ကျောင်းဖွင့် #ဆင်ဟွာ

◾တက္ကသိုလ်ဖွင့်တော့မှာလား။တက္ကသိုလ်များဖွင့်လှစ်နိုင်မည့် အစီအစဉ်နှင့်ပက်သက်၍ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွန...
25/12/2020

◾တက္ကသိုလ်ဖွင့်တော့မှာလား။

တက္ကသိုလ်များဖွင့်လှစ်နိုင်မည့် အစီအစဉ်နှင့်ပက်သက်၍ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ထံ ဒီဇင်ဘာလ ၂၅ ရက်နေ့ (ယနေ့) နေ့လယ်ပိုင်းတွင် FTD က ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ညွန်ကြားရေးမှူးချုပ်က -
"ကျောင်းဖွင့်ဖို့ မရှိသေးဘူး ။ Online Learning ပဲဖြစ်ဖြစ် Face to Face ပဲဖြစ်ဖြစ် ကျောင်းဖွင့်တော့မယ်ဆိုရင်လည်း ရက်အတိအကျကို ဝေးလံခေါင်ဖျားတဲ့ ဒေသက ကျောင်းသားတွေအထိ ကြိုတင်အသိပေးပြီးမှ ဖွင့်မှာပါ" ဟုဖြေကြားခဲ့ပါတယ်

"အဓိကက COVID ဗဟိုကော်မတီ ဆုံးဖြတ်ချက်ပါပဲ ၊ ပညာရေးဝန်ကြီးဌာနဘက်ကသူတွေကတော့ ဖွင့်ချင်ပါတယ် ၊ တကယ်ဖွင့်ခွင့်ရတော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်ချိန်ကတော့ လုံလောက်အောင်ပေးမှာပါ " ဟု ပါမောက္ခချုပ်တစ်ဦးကလည်း ပြောကြားခဲ့ပါတယ် ။

ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးတို့ လာမည့် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကျောင်းပြန်ဖွင့်နိုင်ရေးနှင့်ပက်သက်၍ အစည်းအဝေးပြုလုပ်မည်ဟု သိရှိရပါတယ်

Copy from Future The DAGON

Address


Website

Alerts

Be the first to know and let us send you an email when Education News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share