10/11/2019
How do you hack facebook account?
==============================
သင် Facebook အကောင့် ကို ဘယ်လို ခိုးမလဲ ဆိုတာပေါ့ ခေါင်းစဉ်လေးကတော့ တော်တော် စိတ်ဝင်စားစရာပဲ
ကဲစမယ် ဗျ ခိုးနည်းပြောသလို ကာကွယ်နည်းပါပြောပြသွားပါမယ် အနည်းနည်းဆုံး သိထားတော့ ကိုယ့်အကောင့်ကို အကာကွယ်လေးတော့ ရတာပေါ့ ဆရာတွေဆီလဲ ပုဆိုး မနိုင်ပုဝါမနိုင်ပြေးစရာလဲ မလိုတော့ဘူး
ကဲ စမယ်ဗျ
ရနိုင်သော နည်းလမ်းများ 😐😐
========================
1** Sim card clone
2**phishing link and social engineering
3**Recovery
4**Shoulder Surfing
5**Guessing
6**Brute Force attack
7**Dictionary attack
8**spy software attack
9**BEEF
10**Keylogger
11**spyware
တခြားနည်းလမ်းတွေ ကျန်ပါသေးတယ် 🙄
၁ ==>>Sim card clone
==============
ဒီနည်းကတော့ နည်းပညာ သမားတွေတော့ သိမာပါ ဒါပေမဲ့ မသိတဲ့လူလဲ ရှိနိုင်ပါတယ် ။ဆိုတော့ ဒီနည်းကတော့ သုံးတဲ့ လူနည်းပါတယ် ။ဘာလို့လဲဆိုတော့ ဒီနည်းကို သိတဲ့ လူနည်းပါတယ် ။ ကြွမ်းကျင်တဲ့ လူတွေလဲ ရှိပါတယ် ။နည်းကတော့ ကိုယ်ဖုန်းနံပါတ်ကို programming နဲ့ info အတူတူ ထည့်ပြီး ပွားလိုက်တယ် ပြီးရင် ကိုယ့်ဆီ က message တွေ ဘာတွေ အကုန် သူက ယူလို့ရမယ် ကြည့်လို့ရမယ် ။အဲ့နည်းကိုသုံးပြီ Facebook, Gmail, Bank account, Wave Money, KBZ pay, ဘာညာပေါ့ ဗျာ ကျန်သေးတယ်ဗျ Restart Password လေးချပြီ ရတဲ့ code လေး ထည့်လိုက်တာ နဲ့ ကိုယ်ဟာကနေ သူဟာ ဖစ်သွားရောဗျ ကဲ ပျော်စရာမကောင်းဘူးလား လှူလိုက်ရလို့လေ
😂😂
စတာပါ ကာကွယ်နည်းပြောပါမယ်
Facebook account မှာကတော့ ကိုယ်တိုင်ကာကွယ်လို့ ရနိုင်ပါတယ် ဘယ်လိုမျိုးလဲ ဆိုရင် Only me ထားတာမျိုးပေါ့ ဒါဆိုရင်တော့ အနည်းငယ် ကာကွယ်ရနိုင်ပါတယ် ။ Bank account တွေ ဘာတွေ ကာကွယ်မယ်ဆိုရင်တော့ သူ့တို့ sever တွေက ကာကွယ်ပေးပါလိမ့်မယ် ။ဒီ Bank ကိုနောက် တစ်မျိုးမှာ ထပ်ပြောစရာရှိသေးတယ် ကဲ နောက်တစ်ခုသွားမယ် ။
၂==>>Phishing link and social engineering
==================================
ဒီနည်းကတော့ သိတဲ့ လူတော်တော် များပါတယ် မသိသေးတဲ့ လူတွေလဲ ရှိနေပါတယ် လေ့လာမှု အားနည်းတာပေါ့ ကိုယ်နဲ့ မဆိုင်ဘူး ဆိုပြီနေတာမျိုးပေါ့ဗျာ
ကဲ စမယ်ဗျ
ဒီနည်းကတော့ ရိုးရှင်းပါတယ် Messager. ကနေဖြစ်စေ Mail ကနေဖြစ်စေ Phone message ကနေ ဖြစ်စေ အမျိုးမျိုး ဖြစ်နိုင်ပါတယ် ခိုးယူသူကနေ target ကို link တစ်ခုပို့ပေးလိုက်တယ်
အဲ့ link ကနေ ဝင်ရင် ဘာညာ ရတယ် ဆို ပြီး ဝင်ခိုင်းတယ် အဲ့မာ target က သိချင်လောကြီး ရချင်လောကြီးပြီး ဝင်လတ်တယ် အဲ့မာ ဟိုခိုးတဲ့ မေနူးက ပျော်သွားတာပေါ့ အဲ့ ကနေမှတစ်ဆင့် Facebook account., Bank account.,တခြားသော social media account တွေပါ အဲ့နည်းနဲ့ ပါနိုင်ပါတယ် ဒီနည်းကတော့
ကလိမ်ကကျစ်နည်း လို့ပြောရမာပါ သူတပါးကို လိမ်ညာပြီ ယူတယ်လို့ပြောရမာပါ
ကာကွယ်နည်း ဆက်သွားမယ်ဗျာ
ရိုးရှင်းပါတယ် Messager တွေ Mail box တွေ phone message ကနေ ပို့ လိုက်တဲ့ link တွေ ကို ရမ်းမဝင်ပါနဲ့ Ui ခေါ် User interface ယှဉ်ကြည့်ပါ Url တူမတူ နောက် Title bar တွေ ကြည့်ပါ
ဥပမာ ပြရရင်
ဥပမာ kbz website page ကို ဝင်လတ်တယ် အဲ့ ချိန် မှာ title bar url မှာ www.kbz.com ဆို ဘာညာ ပေါ် လာမှာပါ အဲ့ လိုမှ မဟုတ်ပဲ
တခြား ဟာတွေ ဆို မဝင်ပါလေနဲ့ ပါသွားပါမယ် တခြားဟာဆိုတာက ahdkxv1& #7%272^$.7-37:8@^?^ #*=hwi
အပေါ်ကလို မသေချာတဲ့ စာတွေနဲ့ url မှာပြနေရင် မဝင်ပါနဲ့ ဒါဆို ခင်ဗျား အန္တရယ် ကင်းပါတယ်
တချို့ link တွေ ကတော့ ကြောက်စရာအတော်လေးကောင်းတယ် နောက်နေ့မှ ဆက်ပြောပြပါမယ်
နောက်တစ်ခု ဆက်ပါမယ် ။
3==>>Recover
===========
ok ဒီနည်းကတော့ လူတိုင်းနီးပါးသိပါတယ် Recover နည်း အခု တော်တော် များများဒါလေးရရင် ဖင်ကြွနေကြတာဗျ
ဟိုး အရင်တုန်းက 2014 တုန်းကလို ဆို တွေးတောင်မကြည့်ရဲဘူး
ကဲစမယ်ဗျ
ဒီနည်းက လွယ်လွန်းပါတယ် English စာ တက်တဲ့ လူတိုင်း လုပ်ရပါတယ် သူခိုင်းတဲ့ အဆင့်လေးတွေ အတိုင်း လုပ်ယုံ ပါပဲ
id အကူနဲ့ recover လုပ်ယူတယ် facebook admin team ကို အမျိုးမျိုး အသနားခံစာ တင်တယ် ဟိုက သနားပြီ ဆိုမှ Restart password link လေး ချပေးတယ် အဲ့ချိန်မှာ မောင်မင်းကြီးသားက Hack by bla bla ပေါ့ 😐😐
မပြောရဲဘူး ကိုယ့်အကောင့်လေးပါမှာစိုးလို့
သူတို့ကလဲ သူတို့ အရေအချင်းနဲ့ သူတို့ ရှိပါတယ်
id ပြင်တယ် တခါတစ်လေ done, tc, 2 step, try again စတဲ့ ပြသနာလေး တွေ ကို ကျော် ရသေးတယ်ဗျ ဒါနဲ့ သင်ပေးရမလား ဗျ tc ကျော်တာတွေ2 step ကျော်တာတွေ 🙄🙄 စတာပါ ကျနော်လဲ မတက်ဘူးရယ် 😂😂
ကာကွယ်နည်း ပြောပါမယ်
ကိုယ့်အကောင့် ရဲ့ Basic information တွေကို Only me အကုန်ပြောင်းထားပါ
basic information ဆိုတာကတော့ Birthday, phone number, Gmail, စတာတွေပေါ့ဗျ
4==>>Shoulder Surfing
==================
အဓိပ္ပါယ် ကတော့ ပါးခူံး ပေါ်မှ ကျော်ကြည့်ခြင်းပါ။
ပြောခြင်းတာကတော့ ဥပမာ ဆိုကြပါတော့ လူတစ်ယောက်က အပြင် လူများတဲ့ လက်ဖက်ရည် ဆိုင်မှာ ထိုင် နေတယ်ဆိုပါတော့
အဲ့ချိန်မှာ ကိုယ်က password တစ်ခုကို ရိုက်ထည့်နေတယ် ရိုက်နေတဲ့ အချိနိ နောက်ကနေ လူနစ်ယောက် က မသိအောင် ခိုး ကြည့်လိုက်တယ် နောက်ပြီးကျရင် သူကပဲ ကိုယ့်အကောင့်ကို ဝင်ပြီး ရယူလိုက်တယ်။ဒါပါပဲ Shoulder Surfing ဆိုတာကတော့ သူတပါးက မိမိ မသိအောင် နောက်ကနေ ခိုးကြည့်တာပါပဲ ။
ကာကွယ် ချင်ရင်တော့ လူတိတ်တဲ့နေရာမျိုး ဘယ်သူမှ မသိနိုင်တဲ့ အချိန် တစ်ယောက်ထဲ ဖစ်နေတဲ့ အချိန်မျိုးမှာ password ထည့်ပါ ပြောင်းပါ
ဒါမျိုးတွေ လဲ ခံရတက်လို့ပါ များသောအားဖြင့် ကိုယ်ဘေးက သူငယ်ချင်းတွေ က ကြည့်ပြီးသွားရင် လုပ်တက်ကြပါတယ် သတိထားပါ ☺️☺️
5==>>Guessing
=============
အဓိပ္ပါယ် ကတော့ မှန်းဆခြင်းပေါ့ဗျာ
ဒီကတော့ များသောအားဖြင့် လူတွေ အတော်ခံရတယ်ဗျ
ဘာလို့လဲဆိုတော့ မိမိ password တွေကို အလွယ်တကူ ထားတဲ့ လူတွေ ပါတာပဲဗျ။ ဥပမာ ကိုယ်နာမည် ၊ မွေးနေ့ ၊ ချစ်သူနာမည်တွေ ၊ ဖုန်းနံပါတ် တွေ ၊ အမှတ်တရ နေ့တွေ အမျိုးမျိုးပါပဲ အဲ့လို အလွယ်တကူ ထားမယ်ဆိုရင် Hacker တွေ က အလွယ်တကူ မှန်းဆပြီး မှနန် လို ရှင်ရင် အလွယ်တကူ ရယူသွားမှာပါ
အရင်တလောက Termux မှာ Tool တစ်ခု ပေါ်လာသေးတယ်
ကိုယ့်အကောင့် ထဲမှာရှိတဲ့ weak password ထားတဲ့ လူတွေ အကောင့်တွေ အကုန်ပါလာတယ် ။ ဘယ်လိုလူအကောင့်တွေ ပါလဲဆိုရင် ခနကပြောတဲ့ passwordကို အလွယ်တစ်ကူထားတဲ့လူတွေ
ဥပမာ 12345akar ,akaryan ,123456789, အစရှိသဖြင့်ပေါ့
အခုလဲ အဲ့ Tool က ရနေတုန်းပါ ။ ကာကွယ် နည်းကတော့
Password တွေ ထားတဲ့ နေရာမှာ အလွယ်တကူမထားခဲ့ပါနဲ့ ဥပမာ akaryan, kyawkyaw, 1234567 စတာမျိုးတွေ အလွယ်မထားပါနဲ့
@%& #47&*9 #/-fjzbko +:"99
အဲ့မျိုး တွေ ထားပါ ဒါမှလဲ အန္တရယ်ကင်းမာပါ
6==>>Dictionary Attack
==================
Dictionary Attack ဆိုတာကတော့ မကြာခန သူံးနေတဲ့ password တွေကို list file နဲ့ တိုက်စစ်ရယူခြင်းပါ ။
ဥပမာ password က admin ,username စသည်ဖြင့်ပေါ့ မကြာခနသုံးနေတဲ့ password ကို ထားမိရင် အလွယ်တကူ ပါသွားမှာပါ ။
7==>>Brute Force Attack
====================
ဒါကတော့ ခန ကအပေါ်ကလိုမျိုးပါပဲ password ကို မှန်းဆပြီး list file ပြုစုပြီး တိုက်စစ်ရယူတာပါ ဒီနည်းကတော့ password အမျိုးမျိုး ပါတဲ့ list file တွေ နဲ့ တိုက်ယူတာပါ ဥပမာ စကားလုံး အသေးအကြီး တွေ dictionary မှာရှာမရတဲ့ စကာစလုံးတွေ ရှပ်ရှက် ခက်နေတဲ့ password တွေ ကို hacker တွေ က ဒီနည်းလမ်းကို အသုံးပြုကြပါတယ် ။
ကာကွယ် နည်းကတော့
Password တွေ ထားတဲ့ နေရာမှာ အလွယ်တကူမထားခဲ့ပါနဲ့ ဥပမာ akaryan, kyawkyaw, 1234567 စတာမျိုးတွေ အလွယ်မထားပါနဲ့
@%& #47&*9 #/-fjzbko +:"99
အဲ့မျိုး တွေ ထားပါ ဒါမှလဲ အန္တရယ်ကင်းမာပါ
ကဲညမှဆက်မယ်ဗျ လက်ညောင်းပြီ
အပိုင်း (၂) မျော်
အသုံးဝင်တယ် ဆိုရင် Share သွားပါ
.B!4CK-680UL(Anon Ghoul)