The Life of Caryl

  • Home
  • The Life of Caryl

The Life of Caryl A youth from Burma who lives in Finland and is inspired by the most influential rapper Kanye West 🐐

Finland မှာ driver’s license ဘယ်လိုလျှောက်မလဲ၊ Burmese driver’s license ကနေ finnish driver’s license ဘယ်လိုပြောင်းမလဲ? (...
02/09/2023

Finland မှာ driver’s license ဘယ်လိုလျှောက်မလဲ၊ Burmese driver’s license ကနေ finnish driver’s license ဘယ်လိုပြောင်းမလဲ?

(ခ) လိုင်စင်အတွက်ဖြေမယ် ဆိုရင် သင်တန်းကြေး၊ လိုင်စင်ကြေး၊ဖြေဆိုခ ပျှမ်းမျှ စုစုပေါင်း 1500-1800€ လောက်သွားကျပါတယ်။ သက်တမ်းကတော့ ၁၅နှစ်ပါ။

(ဃ) လိုင်စင်အတွက်တော့ ပျှမ်းမျှ 2000-2700€ ဝန်းကျင်ရှိပါတယ်။ သက်တမ်းက ၅ နှစ်ပါ။

ဒီမှာက ကားဈေးတွေက 1500€ လောက်ကစပြီး ကားအသင့်တင့်တွေဝယ်စီးလို့ရပါတယ်။

Burmese driver’s license ကနေ finnish license ကိုပြောင်းရင်တော့ fees က 40€ ဝန်းကျင်ရှိပါတယ်။ အဲ့တော့ ဒီကို မလာခင် မြန်မာမှာ license ဖြေခဲ့ရင် 1500€ လောက်
သက်သာသွားပါမယ်။

ပြောင်းမယ်ဆိုရင် လိုတာတွေက

1. Passport

2. Residence permit card

3. Medical certificate done in Terveystalo (valid for 6 months) (costs around 130€) (Terveystalo မှာ driver’s license အတွက် medical checkup လာလုပ်တာပါဆိုပြီးပြောလို့ရပါတယ်)

4. Burmese driver’s license

5. Burmese driver’s license notary (Optional)

6. Two passport photographs (Myanmar ကရိုက်လာတဲ့ပုံတွေလက်မခံပါဘူး၊ Finland ကဓာတ်ပုံဆိုင်မှာ ပဲ photo for driver’s license ဆိုပြီးပြောရိုက်လို့ရပါတယ်၊ ဒီမှာက digital photo ကိုပဲ သုံးကြတာများပါတယ် ၊ cost က 30 € လောက်သွားကျပါတယ်)

https://ajanvaraus.ajovarma.fi/en/-/pr/p/1/1 #
ဒါကတော့ appointment book လုပ်ရမယ့် link ပါ။ ကိုယ်နေတဲ့မြို့နဲ့အနီးဆုံးမှာ ရှိတဲ့ office ကိုရွေးပြီး book ပါ။ ကျွန်တော်ကတော့ Janakkala မှာ နေတာမလို့ အနီးဆုံး ရုံးရှိတဲ့ Hämeenlinna မှာသွားလုပ်ပါတယ်

Finnish driver’s license ဖြေမယ်ဆိုရင်တော့ အရင်ဆုံး finland မှာနေထိုင်တာ သက်တမ်း ၆လ အနည်းဆုံးရှိရပါမယ်။
ပြီးရင်သင်မောင်းလိုင်စင် (ဒီမှာတော့ driving license permit လို့ခေါ်ပါတယ်) အရင်လုပ်ရပါတယ်။ သက်တမ်းက ၃ နှစ်ပါ။ အဲ့တာရပြီဆိုမှ theory test နဲ့ driving test ဖြေလို့ရတာပါ။ ဗမာပြည်လို တစ်ရက်တည်း theory ရော driving ရောဖြေရတာမဟုတ်ပဲ theory test အတွက်သက်သက်တစ်ရက်၊ driving test အတွက် သက်သက်တစ်ရက်ဖြေရပါတယ်၊ အဲ့တာအတွက်လည်း website ကနေ booking (or) office ကို phone ဆက်ပြီး book လို့ရပါတယ်။

Driving license permit လျှောက်မယ်ဆိုရင် အပေါ်ကအတိုင်းပဲ

1. Passport
2. Residence permit card
3. 2 passport photographs
4. Medical certificate

ကျွန်တော်ရေးထားတာတွေကလည်းလိုအပ်တာတွေရှိနိုင်တာမလို့ ပြည့်ပြည့်စုံစုံထပ်သိချင်ရင် တော့ traficom.fi မှာ အသေးစိတ်သွားဖတ်လို့ရပါတယ်

Address


Website

Alerts

Be the first to know and let us send you an email when The Life of Caryl posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share