Waves Of Revolution

  • Home
  • Waves Of Revolution

Waves Of Revolution Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Waves Of Revolution, News & Media Website, .

21/12/2023
11/12/2023
11/12/2023

ဗမာပြည် ပြည်တွင်းရေးနှင့် တရုတ်အစိုးရ သဘောထားအပေါ်
ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့်
RFA (ဦးခင်မောင်စိုး) ဆက်သွယ်မေးမြန်းချက်

မေး။ ။ဗမာပြည်ကွန်မြူနစ်ပါတီက အခု ဘာတွေများ ဆောင်ရွက်နေပါသလဲခင်ဗျ။
ရဲဘော်ဖိုးသံချောင်း။ ။ ကျနော်တို့ ဗမာပြည်ကွန်မြူနစ်ပါတီက အခုချိန်မှာ အဓိကလှုပ်ရှားတဲ့သဏ္ဌာန်က မြေအောက်သဏ္ဌာန်တွေမို့ မြေအောက်ကိစ္စတွေကို ဒီပေါ်မှာ ပြောလို့မဖြစ်ဘူးခင်ဗျ။ မပြောသင့်ဘူးလို့ ထင်ပါတယ်။ အဲတော့ အဲဒါတွေတော့ ကျနော် မပြောလိုဘူး။ မပြောတာကိုလည်း နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အဲလိုပဲ သဘောပေါက်ပါတယ်။
ကျနော်တို့ ခုလောလောဆယ် လုပ်နေတာကတော့ ပါတီရဲ့ တတိယအကြိမ် ကွန်ဂရက်က ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း “စစ် ၃ စစ်”လို့ ပြောကြတဲ့ “စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရက်ယန္တယား” အဲဒါတွေကို ဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ်တခုလုံးကို ဖျက်သိမ်းရေး၊ အဲဒါကို ဦးတည်တဲ့လုပ်ငန်းတွေကို အဓိကထား လုပ်နေတာပါ။
လွတ်လပ်ရေးနဲ့အတူ ပါလာတဲ့ အမှီအခိုမကင်းတဲ့ စာချုပ် ၃ ခု (နု-အတ်တလီ၊ လက်ျာ-ဖရီးမင်း၊ မြ-ခရွန်ဘီ) ဒီစာချုပ်တွေနဲ့အတူ အာဏာရလာတဲ့ ဖဆပလ ဗျူရိုကရက်ဓနရှင်လူတန်းစားက (နယ်ချဲ့အလိုကျ) ဗမာပြည် ကွန်မြူနစ်ပါတီကို လက်ဦးမှုယူပြီး နောက်ကျောကနေ ဓားနဲ့ထိုးတဲ့အတွက် တိုင်းပြည်မှာ ဒီမိုကရေစီဆိတ်သုဉ်းပြီး ပြည်တွင်းစစ်ဖြစ်ခဲ့ပါတယ်။ ဒီပြည်တွင်းစစ် ကျယ်ပြန့်နက်ရှိုင်း ကြီးထွားလာတာနဲ့အမျှ စစ်ဗျူရိုကရက် လူတန်းစားလည်း ကြီးထွားလာတယ်။ အာဏာကို သူတို့က ပိုပြီးချုပ်ကိုင်လာနိုင်တယ်။ ဒါကြောင့် ဗမာပြည်ရဲ့ အဓိက ပဋိပက္ခဟာ အဖိနှိပ်ခံ လူမျိုးစုံပြည်သူအပေါင်းနဲ့ စစ်အာဏာရှင်တို့ ဖြစ်နေတဲ့ ပဋိပက္ခဖြစ်ပါတယ်။ ကျနော်တို့ကတော့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူလူထုဘက်က ရဲရဲရင့်ရင့် တလျှောက်လုံးရပ်တည်ခဲ့သလို အခုလည်း ရပ်တည်နေတယ်။ တတိယ ပါတီကွန်ဂရက်က ကြာလှပါပြီ။ ၁၉၈၅ မှာ လုပ်ခဲ့တာ။ အဲဒီကတည်းက အကောင်အထည်ဖော်လာတဲ့ လမ်းစဉ်အတိုင်း အခုလည်း ကျနော်တို့ ဆက်လုပ်နေပါတယ်ခင်ဗျ။
ဒီစစ်အာဏာရှင်စနစ်ကို ဖြိုချလို့ရှိရင် လက်နက်နဲ့ဖြိုချမှ ရမယ်။ အနုနည်းနဲ့ မရဘူး။ အကြမ်းနည်းနဲ့မှ ရမယ်ဆိုတာကို ကျနော်တို့ မြဲမြဲမြံမြံ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ တပ်တည်ဆောက်ရေးကိုလည်း လုပ်နေပါတယ်။ ခုချိန်ဆို “ပြည်သူ့လွတ်မြောက်ရေး တပ်မတော်”လို့ ခေါ်တဲ့ PLA ကိုလည်း ထူထောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ PLA ကလည်း ပြည်သူလူထုကြီး သိတဲ့အတိုင်းပဲ ဗမာပြည်ထဲမှာ လှုပ်ရှားနေတယ်။ တတ်နိုင်တဲ့နေရာတွေမှာ တတ်နိုင်တဲ့ဘက်ကနေ တိုက်ပွဲတွေ ဆင်နေတာကို ကြားကြလိမ့်မယ်ထင်ပါတယ်ခင်ဗျ။
မေး။ ။ ဆရာတို့ပါတီနဲ့ တခြား ဒီမိုကရေစီပြန်လည်ရရှိရေး ဆောင်ရွက်နေတဲ့အဖွဲ့ အစည်းတွေနဲ့ ဆက်သွယ်ပေါင်းစပ်မှုကရော ဘယ်လိုရှိလဲခင်ဗျ။
ရဲဘော်ဖိုးသံချောင်း။ ။ ကျနော်တို့ ဗဟိုအနေနဲ့ကတော့ တိုက်ရိုက်ဆက်သွယ်မိတာ နည်းပါသေးတယ်။ မရှိသေးပါဘူးခင်ဗျ။ PLA အနေနဲ့ကတော့ စစ်မြေပြင်မှာရော၊ ရောက်တဲ့ဒေသတွေမှာရော မဖြစ်မနေ မဆက်ဆံလို့မရဘဲ ဆက်ဆံနေရတဲ့အတွက် အဲဒီဟာတွေနဲ့ လက်တွဲပြီး တိုက်နေတာ၊ ရင်းနှီးအောင် လုပ်နေတာ၊ အဲလို ပါတီဗဟိုရဲ့ နားလည်မှုယူပြီးတော့ တပ်ပေါင်းစုသဘောမျိုး ဆောင်ရွက်နေတဲ့ကိစ္စတွေကတော့ အများကြီးရှိပါတယ်ခင်ဗျ။ ဗဟိုချင်းသာ တွေ့ဆုံဆွေးနွေးတာ မရှိသေးတာပါ။
မေး။ ။ အဲတော့ ဗမာပြည် ဒီမိုကရေစီရတဲ့တနေ့၊ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်တဲ့နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီက ဘာတွေ ဆောင်ရွက်မလဲခင်ဗျ။
ရဲဘော်ဖိုးသံချောင်း။ ။ ကျနော်တို့ကတော့ ကျနော်တို့ရဲ့လုပ်ငန်းတွေဖြစ်တဲ့အတိုင်း ဗမာပြည်မှာ အမှီအခိုကင်းတဲ့ (သူများနိုင်ငံတွေအပေါ်မှာ မှီခိုမှုကင်းတဲ့၊ နယ်ချဲ့အပေါ်မှာ အမှီအခိုကင်းတဲ့) လွတ်လပ်တဲ့ စီးပွားရေးတရပ် ထူထောင်ဖို့ပဲ။ အဲလိုစီးပွားရေးတရပ် ထူထောင်ပြီး အဲဒါနဲ့ကိုက်ညီတဲ့ နိုင်ငံရေးအဆောက်အအုံတခု တည်ဆောက်မယ်။ နိုင်ငံရေး အဆောက်အအုံတခု တည်ဆောက်မယ်ဆိုတာက ဒီမိုကရေစီနိုင်ငံတခု တည်ဆောက်မယ်လို့ ပြောချင်တာပါ။ လွတ်လပ်တဲ့ စီးပွားရေးလည်း လုပ်ခွင့်ရှိတဲ့ ဒီမိုကရေစီနိုင်ငံတခု တည်ထောင်ဖို့ ကျနော်တို့ စဉ်းစားထားပါတယ်။
ဒါပေမယ့် ခုကတည်းက ပြောနေလို့တော့ သိပ်မတော်လှဘူးဗျ။ မရောက်သေးဘူးနော၊ “နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား”လို့ သူများတွေ ကဲ့ရဲ့စရာတောင်ဖြစ်နေလို့ရှိရင် ကျနော်တို့ အခုတော့ နည်းနည်း စောသေးတယ်လို့ထင်ပါတယ်။ လွတ်လပ်တဲ့စျေးကွက်တော့ လွတ်လပ်တဲ့စျေးကွက်ပါပဲ။
မေး။ ။ ဆိုတော့ ရဲဘော်ဖိုးသံချောင်းတို့ ဗမာပြည်ကွန်မြူနစ်ပါတီက လက်ရှိ မြန်မာ့နိုင်ငံရေးမှာ တရုတ်ပြည်ရဲ့ ပါ၀င်မှုကိုရော ဘယ်လိုမြင်သလဲခင်ဗျ။
ရဲဘော်ဖိုးသံချောင်း။ ။ တရုတ်ပြည်က ပါ၀င်တယ်ဆိုတာက အနောက်တိုင်းက ဝါဒဖြန့်တာ ပိုများပါတယ်။ သူတို့ လက်တွေ့ပါ၀င်တယ်ဆိုတာ ဒီလောက်မများပါဘူး။ တရုတ်ပြည်က ထိထိရောက်ရောက် ပါ၀င်စွက်ဖက်တယ်ဆိုတာ ကျနော်ကတော့ သိပ်မထင်ပါဘူးခင်ဗျ။ ရှိတယ်လို့ ကျနော် မမြင်မိဘူး။ သူ့နိုင်ငံအတွက်တော့ ဗမာပြည်က အရေးကြီးပါတယ်။ အဲဒါတော့ သူလည်း ၀န်ခံမှာပဲ။ အဲတော့ တရုတ်ပြည်ရဲ့သမိုင်းမှာ ပြည်ကြည့်လို့ရှိရင်၊ အနီးခေတ်သမိုင်းကို ပြန်ကြည့်ရင် သူ့တိုင်းပြည်ကို တခြားနိုင်ငံတွေက ကျူးကျော်တာခံရတာဆိုရင် ဗမာပြည်ဘက်က ဖောက်တာပဲရှိတယ်။ ဂျပန်တွေ ၀င်လာတာ။ အဲဒီတခါပဲ ရှိဖူးသေးတယ်။ အဲတော့ သူတို့က ဒီဘက်ကို၊ ဗမာပြည်ကို၊ ဗမာပြည် အုပ်စိုးသူလူတန်းစားကို မိတ်ဖွဲ့ဖို့ ကြိုးစားမှာပဲ၊ ဒါက သဘာ၀ကျတယ်လို့ထင်ပါတယ်။ အဲဒါကို ကျနော်တို့ နားလည်ပေးနိုင်ပါတယ်။ တခြားဟာတွေ၊ တိုင်းပြည်ရဲ့ ပြည်တွင်းရေးကို ၀င်စွက်တာတော့ မမြင်မိပါဘူး၊ သတိမထားမိပါဘူးခင်ဗျ။
မေး။ ။ အဲတော့ ဗမာပြည်သူတွေ အခု ဒီမိုကရေစီရရှိရေး၊ ပြန်လည်ရရှိရေး တိုက်ပွဲ၀င်နေတာကို တရုတ်အစိုးရက ထောက်ခံတယ်လို့ ထင်ပါသလားခင်ဗျ။
ရဲဘော်ဖိုးသံချောင်း။ ။ သူတို့ တရား၀င်ပြောတဲ့ဟာတွေပဲ သိကြရတာဆိုတော့ တခြားဟာတွေတော့ ကျနော် မသိဘူးခင်ဗျ။ တရား၀င်ပြောတဲ့ဟာတွေထဲမှာ သူတို့“ထောက်ခံတယ်” ဆိုတာတော့ မပြောဘူး။ ဒါပေမယ့် ဗမာပြည်ပြဿနာကို ဗမာပြည်သူတွေပဲ ဖြေရှင်းကြပါဆိုတဲ့ သဘောထားများတော့ သူတို့မှာရှိတာ သေချာပါတယ်ခင်ဗျ။
မေး။ ။ ဟုတ်ကဲ့၊ ရဲဘော်ဖိုးသံချောင်းရဲ့ အမေ (မိခင်ပေါ့) အမေ လူထုဒေါ်အမာ က နာမည်ကျော် စကားတခွန်း ပြောခဲ့တယ်ခင်ဗျ။ အဲဒါကတော့ “အာဏာရှင်ဆိုတာ အသေပဲ ထွက်တယ်။ အရှင် မထွက်ဘူး” တဲ့။ အဲဒီစကားကို အခုအချိန်မှာ မြန်မာ့နိုင်ငံရေးနဲ့ ယှဉ်တွဲပြီး ရဲဘော်ဖိုးသံချောင်း ဘယ်လို နားလည်သဘောပေါက် လက်ခံပါသလဲခင်ဗျာ။
ရဲဘော်ဖိုးသံချောင်း။ ။ အဲဒီစကားကို ကိုးကားပြီး ကျနော် ကဗျာတပုဒ်တောင် ရေးဖူးပါသေးတယ်။ အမေ့ဒီစကား ကျနော် သိပ်သဘောကျတဲ့စကားပါ။ သူပြောတာ သိပ်မှန်တဲ့ စကားပါ။ သူ့ရဲ့ ဘ၀တသက်တာ အတွေ့အကြုံ၊ နိုင်ငံတကာ အတွေ့အကြုံတွေအရ ကိုယ်တိုင်ရေးခဲ့တဲ့ အမှန်တရားတခု၊ ပြောခဲ့တဲ့ အမှန်တရားတခု ဖြစ်ပါတယ်။ အာဏာရှင်ဆိုတာ အရှင်ထွက်တယ်လို့မရှိဘူး။ အသေထွက်မှပဲ ထွက်တယ်ရှိတယ်။ အဲတော့ ဗမာပြည်မှာလည်း အာဏာရှင်အဆက်ဆက်၊ အခုနောက်ဆုံး ဗိုလ်မင်းအောင်လှိုင် လက်ထက်အထိ အားလုံးဟာ သေမှပဲ ထွက်မယ်ဆိုတာ သန္နိဋ္ဌာန် ဒုံးဒုံးချထားတဲ့သဘော ရှိပါတယ်။ အရှင် ထွက်ပေးမယ့်သဘောမျိုး မရှိပါဘူး။
အဲတော့ ပြည်သူလူထုအနေနဲ့ မျက်စိမလည်အောင် ဒီနေရာမှာ သိပ်ဂရုစိုက်ဖို့လိုပါတယ်။ ဗိုလ်မင်းအောင်လှိုင်တို့ကို အထင်သေးလို့တော့ မရပါဘူး။ သူတို့ဟာနဲ့သူ နိုင်ငံရေးပါးက အင်မတန်၀ပါတယ်။ သူတို့ကို ဗမာပြည်ပြည်သူတွေ တိုက်ခိုက်နေတဲ့ ညီညွတ်မှုကို နည်းမျိုးပေါင်းစုံနဲ့ ဖြိုခွဲမှာပဲ။ လူမျိုးရေးအရ၊ လူတန်းစားအရ၊ အခွင့်အရေးတွေ ပေးတာတွေရှိမယ်။ အမျိုးမျိုး မြှူဆွယ်တာတွေနဲ့ ဖြိုခွဲတာဖြစ်မယ်။ အဲဒါတွေ ရင်ဆိုင်ဖို့ရာဆိုရင် ကျနော်တို့ဟာ အဲဒီအာဏာရှင်တွေကို အသေဖြုတ်ပစ်မှပဲ ရမှာ။ အဲလိုပဲ ကျနော် နားလည်ပါတယ်ခင်ဗျ။
RFA။ ။ ဟုတ်ကဲ့၊ ရဲဘော်ဖိုးသံချောင်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
ရဲဘော်ဖိုးသံချောင်း။ ။ ကျနော်လည်း ကျေးဇူးတင်ပါတယ်ဗျာ။

"ရဲဘော်အောင်ဘညို (ခေါ်) ရဲဘော်နှင်းအောင် ကျဆုံးခြင်း (၂) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား"            ပြည်သူ့လွတ်မြောက်ရ...
03/12/2023

"ရဲဘော်အောင်ဘညို (ခေါ်) ရဲဘော်နှင်းအောင် ကျဆုံးခြင်း (၂) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား"

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဒေသ (၁) ၊ ကန့်ဘလူမြို့နယ် ကျေးလက်ပျောက်ကျားဒေသတစ်နေရာတွင် ရဲဘော်အောင်ဘညို (ခေါ်) ရဲဘော်နှင်းအောင် ကျဆုံးခြင်း (၂) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရဲဘော်များ ၊ ပြည်သူများ ၊ မဟာမိတ်အဖွဲ့များ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်။

"အမှတ်တရစကားပြောခြင်းများ၊ ကဗျာရွတ်ဆိုခြင်း၊ အလေးနီပြုခြင်း အစီအစဥ်များ ပါဝင်ပြီး ရဲဘော်အောင်ဘညိုအတ္ထုပ္ပတ္တိအကျဥ်း ဖတ်ကြားခြင်း အစီစဥ်လည်းပါတယ်" ဟု (PLA) ရဲဘော်တစ်ဦးမှ ပြောသည်။ " #ရဲဘော်အောင်ဘညိုစိတ်ဓာတ်ကိုင်စွဲပြီးဆက်လက်တိုက်ပွဲဝင်ကြ" ကြွေးကြော်သံဖြင့် နိဂုံးချုပ်ခဲ့ကြသည်။

ရဲဘော်အောင်ဘညို (ခေါ်) ရဲဘော်နှင်းအောင်သည် စစ်ကိုင်းတိုင်း ပျောက်ကျားစစ်ဒေသတွင် စစ်သုံးစစ်အမြစ်ပြတ်တိုက်ခိုက်ရေးအခြေခံပေါ်တွင် ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေး ပေါက်ဖွားကျယ်ပြန့်လာအောင် စွမ်းဆောင်ကြိုးပမ်းခဲ့သော ရဲဘော်ကြီးတစ်ဦးဖြစ်သည်။ ကျဆုံးချိန်အထိ ရိုးရိုးရှင်းရှင်းနေထိုင်ပြီး တော်လှန်ရေးအတွက်သာ စိတ်ရောကိုယ်ပါနှစ်မြုပ်ကာ တိုက်ရင်းစည်းရုံး ၊ စည်းရုံးရင်း တိုက်ခဲ့သော ပြည်သူ့အချစ်တော် ရဲဘော်ကြီးတစ်ဦးလည်း ဖြစ်သည်။ "မူးမြစ်ဝှမ်းလွင်ပြင်၏ ချေဂွေဗားရား" ဟု ရဲဘော်များက သဘောထားခံခဲ့ရသူလည်းဖြစ်သည်။ (3.12.2021) တွင် ကန့်ဘလူမြို့နယ် တင်ငုတ်ကြီးရွာ၌ စကစ လက်ပါးစေ ပျူစောထီးများ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး နှိပ်စက်သတ်ဖြတ်ခံရကာ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားခဲ့ရသည်။ ကျဆုံးချိန်အထိ သူ ဘာကောင်လဲလို့ ဘယ်သူမှ မသိခဲ့ကြချေ။ ဆံပင်ညှင်းသိုးသိုး၊ မုတ်ဆိတ်ရှည်ရှည်နဲ့ နိုင်ငံရေးတရားကို မမောနိုင်မပန်းနိုင် ဟောပြောစည်းရုံးခဲ့သူ ရဲဘော်တစ်ဦးဟုသာ အများက သိရှိခဲ့ကြပြီး ကျဆုံးပြီးနောက်မှ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဒေသ (၁) ၏ နိုင်ငံရေးမှူးတစ်ဦး၊ ဗကသ ဗဟိုကော်မတီဝင်ဟောင်း၊ အလုပ်သမားသမဂ္ဂရဲဘော်တစ်ဦး၊ ထောင်ကို အိမ်ဦးနဲ့ကြမ်းပြင်လို သွားနေရသူ၊ စသည့်စသည့် မကုန်ဆုံးနိုင်သော ဂုဏ်ပုဒ်များကို သိရှိခဲ့ရပြီး နှမြောတသ ယူကြုံးမရဖြစ်ခဲ့ကြရသည်။

ယနေ့ (3.12.2023) တွင် ရဲဘော်အောင်ဘညို (ခေါ်) ရဲဘော်နှင်းအောင် ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့သည်မှာ (၂) နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ (PLA) စစ်ဒေသအသီးသီး၌ ရဲဘော်အောင်ဘညို အောက်မေ့ခြင်းအမှတ်တရအခမ်းအနားများ ပြုလုပ်ကာ အလေးနီပြုခဲ့ကြသည်။ အဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံးလွတ်မြောက်ရေး ရည်မှန်းချက်ဖြင့် တိုက်ပွဲဝင်နေသော (PLA) ရဲဘော်များမှ ရဲဘော်နှင်းအောင် စိတ်ဓာတ်စွဲကိုင်​ပြီး အဆုံးတိုင် တိုက်ပွဲဝင်သွားရန် သံန္နိဋ္ဌာန်ပြုခဲ့ကြသည်။

#သမိုင်းတွင်ရစ်မည့်မူးမြစ်ဝှမ်းလွင်ပြင်၏ချေဂွေဗားရားရဲဘော်အောင်ဘညိုအား အလေးနီပြုလျက်

#ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကိုဆုံးခန်းတိုင်အောင်ဆင်နွှဲကြ

ဓာတ်ပုံ— PLA
of Revolution

01/12/2023

အောင်သာယာတိုက်ပွဲ သတင်းထုတ်ပြန်ချက် (PLA)

29/11/2023

PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော်တင်နွယ်ဦးအပါအဝင် အခြား တော်လှန်ရေး အင်အားစု များမှ ကိုယ်စားလှယ် များ၏ စကားဝိုင်း....

"ဆောင်ဦးကောက်ရိတ်သိမ်းချိန်စစ်ဆင်ရေး"မှ ပြန်လာသော (PLA) ရဲဘော်များအား ကန့်ဘလူမြို့နယ် ပြည်သူများမှ သောင်းသောင်းဖျဖျ ကြိ...
27/11/2023

"ဆောင်ဦးကောက်ရိတ်သိမ်းချိန်စစ်ဆင်ရေး"မှ ပြန်လာသော (PLA) ရဲဘော်များအား ကန့်ဘလူမြို့နယ် ပြည်သူများမှ သောင်းသောင်းဖျဖျ ကြိုဆိုနေကြသည့် ပုံရိပ်အချို့

မှ ပေးပို့လာသော ဓာတ်ပုံများ
of Revolution

27/11/2023

ရေဦးမြို့နယ်၊ အောင်သာယာ(ပျူ)ရွာ တိုက်ပွဲမှပြန်လာသော (PLA) ရဲဘော်များအား ပြည်သူလူထုမှ သောင်းသောင်းဖျဖျ ကြိုဆို
====================================

"ဆောင်းဦးကောက်ရိတ်သိမ်းချိန်စစ်ဆင်ရေး" ဖြင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) မှ ရေဦးမြို့နယ်၊ အောင်သာယာ(ပျူ)ရွာအား နိုဝင်ဘာ(24) ရက်နေ့က မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါတိုက်ပွဲတွင် စစ်သုံ့ပန်း(၇)ဦး ဖမ်းဆီးရမိခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ (PLA) မှ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ မိမိတို့ဘက်မှ ရဲဘော်(၅)ဦး မစိုးရိမ်ရတဲ့ထိခိုက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးအပြီး ဒေသအသီးသီးသို့ ပြန်လာကြသောရဲဘော်များအား ပြည်သူလူထုမှ သောင်းသောင်းဖျဖျ ကြိုဆိုကြပါတယ်။ ရှမ်းမြောက်တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့၏ "၁၀၂၇" စစ်ဆင်ရေးနှင့်အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနေဖြင့် တရားဝင် ပါဝင်တိုက်ခိုက်နေပြီး စစ်ကိုင်းတိုင်း စစ်ဒေသ(၁)မှာလည်း ဆောင်းဦးကောက်ရိတ်သိမ်းချိန်စစ်ဆင်ရေးဖြင့် မဟာမိတ်အင်အားစုများနှင့်အတူ စစ်အာဏာရှင်စနစ် ချေမှုန်းရေးတိုက်ပွဲများ တိုက်ခိုက်လျက်ရှိတာ တွေ့ရပါတယ်။

ကန့်ဘလူမြို့နယ် တစ်နေရာမှ ပြည်သူများက စစ်ဆင်ရေးမှ ပြန်လာသော (PLA) ရဲဘော်များအား ကြိုဆိုနေကြသည့် မြင်ကွင်းဖြစ်ပါတယ်။

မှ ပေးပို့လာသော video
#ကန့်ဘလူမြို့နယ်
of Revolution

ကမ်းပါးတူပေမယ့် လှိုင်းသဏ္ဍာန်မတူသေး(၂)=====================================                 ဒီတော့ ဒီအခြေနေမှာ ငါတို့ ပ...
25/11/2023

ကမ်းပါးတူပေမယ့် လှိုင်းသဏ္ဍာန်မတူသေး(၂)
=====================================

ဒီတော့ ဒီအခြေနေမှာ ငါတို့ ပြည်မတော်လှန်ရေးသမားတွေက ထိုင်နေရမှာလားလို့ မေးရင်တော့ မဟုတ်ပါဘူး။ ရှမ်းမြောက်မှာ မြို့တွေသိမ်းနေရင် ငါတို့လည်း လိုက်သိမ်းမယ်ဆိုတဲ့ စိတ်ကူးယဥ်အမြင်တွေနောက် လိုက်မနေဖို့ ပြောချင်တာပါ။ လက်တွေ့အခြေနေကို အရှိတိုင်းမြင်ဖို့ပါ။ ကောလင်းမြို့ဆိုတာတောင် (KIA) နယ်စပ်မှာ (KIA) နဲ့အတူ တိုက်ခဲ့ကြတာပါ။ (EROS) နယ်မြေမှာ မြို့သိမ်းတာက ပတ်ဝန်းကျင်နယ်တစ်ခွင်လုံးက စိုးမိုးထားပြီးသားဒေသပါ။ ပထဝီအနေအထားအရလည်း အသာစီးရသလို လက်နက်အင်အားလည်း နင်လားငါလားအခြေနေ၊ တိုက်ပွဲအတွေ့အကြုံကလည်း မလိုချင်မှအဆုံး၊ လူထုကရော စစ်ဒဏ်ခံနေကျဆိုတော့ စစ်ပါးဝပါတယ်။ ဒီတော့ အနာသက်သာတာပေါ့။ ဒါကြောင့် မတူသေးတဲ့အရာတွေကို အလုံးစုံ ပုံတူကူးမချဖို့ အကြံပြုချင်တာပါ။ အရင်ပြင်ဆင်ရဦးမှာပါ။ "အမာကိုရှောင် အမွကိုတိုက်" ဆိုရာမှာ အမာကို အရင်ထိုးဆောင့်နေရင်တော့ အသင့်မဖြစ်သေးရင် ခေါင်းကွဲတတ်လို့ပါ။ မြို့ပတ်ဝန်းကျင်နယ်မြေကရော တကယ်စိုးမိုးနိုင်ပြီလား။ ကိုယ့်နယ်မြေလို့ဆိုလို့ရပေမယ့် စစ်ရေးအရ တကယ်မစိုးမိုးနိုင်သေးတာ မြေပြင်မှာ အသိဆုံးဖြစ်ပါလိမ့်မယ်။ မြို့သိမ်းက တော်လှန်စစ်ရဲ့ နောက်ဆုံးအဆင့်ပါ။ ကျေးလက်တွေကို လုံးဝ ပိုင်နိုင်စိုးမိုးပြီး လည်ပတ်နိုင်နေမှ မြို့ကို နောက်ဆုံးတိုက်ပွဲတွေနဲ့ သိမ်းယူရမှာဖြစ်ပါတယ်။ တော်လှန်ရေးမှာ စိတ်ကူးယဥ်၊ စိတ်လောကြီးတာက မလိုအပ်တဲ့အမှားတွေ ရင်ဆိုင်ရနိုင်ပါတယ်။ သင်ခန်းစာတွေယူမယ်ဆို တော်လှန်ရေးတွေ အများကြီးရှိခဲ့ပါတယ်။ လက်ရှိအခြေနေနဲ့ချိန်ထိုးသုံးသပ် သင်ခန်းစာယူနိုင်ဖို့ပါ။ ကျနော်တို့အားလုံးဟာ မနေ့တနေ့ကမှ တော်လှန်ရေးလက်တွေ့ ဖြတ်သန်းလာကြသူတွေဖြစ်လို့ အတွေ့အကြုံတွေမျှဝေဖို့ သင်ခန်းစာတွေယူဖို့ တွေဝေမနေသင့်ပါဘူး။ ကိုယ့်ကိုယ်ကို တော်လှတတ်လှပြီလို့ မအောက်မေ့ပဲ အားလုံးကို ခြုံငုံသုံးသပ်ပြီး စနစ်တကျ လုပ်ဆောင်နိုင်ရင် အထိအခိုက်နည်းနည်းနဲ့ အကျိုးအမြတ်များများ ရနိုင်မယ်လို့ မြင်ပါတယ်။ အထူးသဖြင့် ပြည်သူလူထုကို အခုထက်ပိုပြီး ဝါဒဖြန့်စည်းရုံးနိုင်ဖို့ လိုပါသေးတယ်။ ထိထိရောက်ရောက်နဲ့ မှန်မှန်ကန်ကန် ဖြစ်ဖို့လိုတာပါ။ လူကြိုက်များရင် ပြီးရော ပြောဆိုနေတာတွေကို ဝါဒဖြန့်တယ်လို့ ပြောလို့ရရင် ရနိုင်ပေမယ့် စည်းရုံးတယ်လို့ မဆိုနိုင်ပါဘူး။ ရေရှည်မှာ မကောင်းပါ။

အခုချိန်မှာ လုပ်သင့်တာက တော်လှန်ရေးစိုးမိုးနယ်မြေအတွင်းမှာ ကန့်လန့်ခံနေတဲ့ ရန်သူ့ခြေကုပ်စခန်းများ၊ ပျူရွာများ၊ လမ်းကြောင်းများကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ဖို့ အချိန်အခါကောင်းလို့မြင်မိပါတယ်။ ဒါတွေလုံးဝရှင်းသွားမှ တကယ့်စိုးမိုးနယ်မြေဖြစ်မှာပါ။ တော်လှန်ရေးအားအကောင်းဆုံး စစ်ကိုင်းတိုင်းမှာတောင် ပျူရွာတွေက ဖောချင်းသောချင်း။ ကျနော်တို့ ဘယ်လိုစိုးမိုးကြတာလဲ။ အဓိကလမ်းကြောင်းတွေမှာ ရန်သူက အင်အားနည်းနည်းနဲ့ပဲ အထိုင်ချထားတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ တကွေ့တပတ်ကြီး ​ရှောင်ကွင်းသွားရတယ်။ ဒါတွေကရော ဘယ်အချိန်ရှင်းမှာလဲ။ ခြေကုပ်မြဲမှ နောက်တစ်ဆင့်တက်ရမှာပါ။ ပြိုလဲသွားနိုင်ပါတယ်။ ရန်သူဟာ ဒီအတိုင်း နေမှာမဟုတ်တာ သတိပြုကြဖို့လိုပါလိမ့်မယ်။ စစ်နဲ့အံခွနေတဲ့ စစ်အုပ်စုက ဘယ်လိုစစ်ကစားရမလဲ ဉာဏ်နီဉာဏ်နက်မျိုးစုံရှိပါတယ်။ ထုတ်သုံးလာမှာပါ။ ဘယ်လိုကာကွယ်မလဲ ဘယ်လိုတိုက်မလဲ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ လုပ်မယ်ဆို လုပ်စရာတွေ အများကြီးပါ။ စိတ်လောကြီးရင် မှန်းချက်နဲ့နှမ်းထွက်မကိုက် ဖြစ်တတ်ပါတယ်။ ကိုယ်တိုင်ကြိုးစားအားထုတ်မှုနည်းပြီး မှီခိုလွန်းရင်လည်း မှီခိုသူဒုက္ခကို မုချခံရပါလိမ့်မယ်။ ကျနော်တို့ လက်တွေ့ခံခဲ့ရပြီးသားပါ။ ပြည်တွင်းတော်လှန်ရေးအင်အားစုတွေကို စည်းလုံးညီညွတ်စွာနဲ့ ဘုံရန်သူကို ချေမှုန်းဖို့ တည်ဆောက်သင့်ပါပြီ။ အားလုံးလိုချင်တဲ့တပ်ပေါင်းစုပုံစံ ဘယ်လိုလဲ၊ ဖြစ်သင့်တဲ့ပုံစံဘယ်လိုလဲ ဆိုတာ ပကတိကျကျ သုံးသပ်ပြီး အရှိန်အဟုန်မြင့်တက်လာနေတဲ့ တော်လှန်ရေးလှိုင်းကို ကျမသွားအောင်၊ ပိုတိုးတက်လာအောင် သဘောထားမှန်မှန်နဲ့ လျှောက်လှမ်းရတော့မှာပါ။ အရွေ့တစ်ခုဖြစ်လာဖို့မလွယ်ပါ။ ကိုယ်တိုင်ဖန်တီးယူရတာဖြစ်သလို ဖြစ်လာပြီးရင်လည်း ဆက်ထိန်းသိမ်းဖို့ တိုးချဲ့ဖို့ ကြိုးပမ်းရမှာ တော်လှန်ရေးဦးဆောင်ကဏ္ဍမှာ အရေးကြီးပါတယ်။ အားလုံးက မျှော်လင့်နေကြတာပါ။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနေနဲ့ ရှမ်းမြောက် (၁၀၂၇) စစ်ဆင်ရေးမှာ တပ်ရင်းနှစ်ရင်းအင်အားနဲ့ ပါဝင်တိုက်ခိုက်နေတယ်လို့ တရားဝင်ကြေညာထားတဲ့အပြင် စစ်ကိုင်းတိုင်း ပျောက်ကျားစစ်ဒေသမှာလည်း ကိုယ်တိုင်ဦးဆောင်ပြီး စစ်ဆင်ရေးတွေ ဆင်နွှဲနေတာရှိသလို ပူးပေါင်းတိုက်ပွဲဝင်နေတာတွေလည်း ရှိတာ တွေ့ရပါတယ်။ ဘုံရန်သူ ချေမှုန်းရေးမှာ မတူတာတွေ တတ်နိုင်သမျှ တူအောင်ညှိယူပြီး ပေါင်းစည်းနိုင်သမျှအင်အားစုတွေအကုန် ပေါင်းစည်းပြီး တိုက်ပွဲဝင်ရမှာပါ။ ဘယ်မူဝါဒတွေလက်ကိုင်ထားထား ဘုံရန်သူချေမှုန်းရေးကို အရင်လုပ်ကြဖို့ သဘောထားမှန်ဖို့ အရေးကြီးပါတယ်။ (၁၀၂၇) စစ်ဆင်ရေးနဲ့အစပြုခဲ့တဲ့ တော်လှန်ရေးလှိုင်းမှာ ပိုမြင့်တက်လာဖို့ တော်လှန်ရေးအင်အားစုတိုင်း ကြိုးပမ်းကြဖို့ တိုက်တွန်းလိုပါတယ်။ ရိုက်ခတ်တိုက်စားပစ်ရမယ့် ကမ်းပါးချင်းတူပေမယ့် ရိုက်ခတ်ရမယ့် လှိုင်းချင်းမတူတာ နားလည်ကြစေချင်ပါတယ်။ "တစ်လှိုင်းပြီးတစ်လှိုင်းလာမယ်" ဆိုတဲ့ ကြွေးကြော်သံကို ရန်သူကို လက်တွေ့ပြသရမယ့်အချိန်ရောက်ပါပြီ။ စစ်အာဏာရှင်စနစ် အမြတ်ပြတ်ချေမှုန်းရေးကို ဦးတည်ပြီး ဒီမိုကရေစီတော်လှန်ရေးအင်အားစုများ စည်းလုံးညီညွတ်စွာနဲ့ လုံးပမ်းတိုက်ခိုက်သွားရင် ပြည်သူ့အောင်ပွဲမဝေးတော့ဟု ထင်မြင် ယူဆမိပါကြောင်း.......

(စာရေးသူ၏ ပုဂ္ဂလိကအမြင်သာဖြစ်သည်)
#ရဲဘော် window(PLA)
of Revolution

ကမ်းပါးတူပေမယ့် လှိုင်းသဏ္ဍာန်မတူသေး(၁)====================================          ရှမ်းမြောက်မှာ ညီနောင်မဟာမိတ်(၃)ဖွဲ...
24/11/2023

ကမ်းပါးတူပေမယ့် လှိုင်းသဏ္ဍာန်မတူသေး(၁)
====================================

ရှမ်းမြောက်မှာ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ (၁၀၂၇) စစ်ဆင်ရေးလှိုင်း နှင့်အတူ ဗမာတစ်ပြည်လုံးနီးပါး တော်လှန်ရေးလှိုင်းဂယက်တစ်ခု ရိုက်ခတ်မြင့်တက်သွားတယ်။ ကိုးကန့်ဒေသ၊ တအာန်းဒေသ တို့မှာ နယ်မြေသိမ်းပိုက်ထိန်းချုပ်ရေးစစ်ပွဲများ အဆက်မပြတ်တိုက်ခိုက်နေပြီး အောင်မြင်မှုတွေလည်း ရနေပါတယ်။ ကရင်နီမှာပါ တိုက်လေယာဥ်တစ်စီးပစ်ချနိုင်တဲ့အထိ တော်လှန်ရေးအရှိန်အဟုန် ပြင်းထန်လာနေတာ တွေ့ရပါတယ်။ ရခိုင့်တပ်တော်(AA) အနေနှင့်လည်း ရခိုင်ပြည်အထိပါ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲလာတဲ့အထိ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖော်ဆောင်လာနေပါတယ်။ ပထဝီနိုင်ငံရေးအရ တရုတ်နဲ့ဆက်စပ်ပတ်သတ်နေတဲ့ (EROS)တွေ လှုပ်ရှားလာတာဟာ နိုင်ငံတကာ အခင်းအကျင်း တစ်စုံတစ်ရာအလှည့်အပြောင်းကြောင့်လားဆိုတာ ယေဘုယျ သုံးသပ်လို့ရပါတယ်။ ယာယီလား ရေရှည်လားတော့ စောင့်ကြည့်ရမှာပါ။ ဘယ်လိုဆိုဆို တစ်နိုင်ငံလုံးက အဖိနှိပ်ခံပြည်သူအားလုံးရဲ့ ဘုံရန်သူဟာ စစ်အာဏာရှင်စနစ် ဖြစ်နေတဲ့အတွက် မြောက်ပိုင်းတော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆင်ရေး ထိုးစစ်တွေကို ထောက်ခံအားပေးကြရမှာပဲလို့ မြင်ပါတယ်။ တစ်ပြည်လုံးက ပြည်သူလူထုဟာလည်း (၁၀၂၇) တော်လှန်ရေးလှိုင်းကို သောင်းသောင်းဖျဖျ ထောက်ခံအားပေးနေတာ ဒီတော်လှန်ရေးမှာ အားတက်စရာပါပဲ။

အလားတူ (NUG) ရဲ့ (MOD) အောက်က တပ်ရင်းတပ်ဖွဲ့တွေဟာလည်း ပြည်မမှာ စစ်ဆင်ရေးအချို့ ဖော်ဆောင်နေပါတယ်။ (KIA) နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ ကောလင်းမြို့သိမ်းတိုက်ပွဲက လူထုအကြား ရွှင်လန်းအားတက်စရာ ဖြစ်ခဲ့ပါတယ်။ ရန်သူစကစဟာ ထိုးစစ်တွေရပ်နားထားရပြီး ခံစစ်အတွက် အသေအလဲပြင်ဆင်နေရတဲ့ အခြေနေတစ်ခုကို ရုတ်တရက်ရောက်သွားခဲ့ရတယ်။ ရန်သူ့တပ်သားတွေမှာလည်း ဘယ်အချိန်ငါတို့ကို လာတိုက်မလဲဆိုတဲ့ အတွေးနဲ့ သွေးပျက်ခြောက်ခြားနေကြရတယ်။ တစ်ချို့စခန်းသိမ်းတိုက်ပွဲတွေမှာ တော်လှန်ရေးရဲဘော်အချို့ အသက်ပေးလှူသွားကြတာတွေ့ရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ သို့ပေမယ့်လည်း ဖိနှိပ်သူနဲ့ အဖိနှိပ်ခံတို့ရဲ့ပဋိပက္ခမှာ စတေးခဲ့တဲ့အာဇာနည်တွေအဖြစ် ပြည်သူတိုင်းက အောက်မေ့တသနေမှာ အသေအချာပါပဲ။ ရှမ်းမြောက်မှာ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ (၁၀၂၇) စစ်ဆင်ရေးနဲ့ စခဲ့တဲ့ တော်လှန်ရေးလှိုင်းဟာ ပြည်မမှာလည်း တဝုန်းဝုန်း ဆက်လက်ရိုက်ခတ်ဖို့လိုနေတာလည်း အားလုံးသိမြင်ထားကြပြီဖြစ်မယ် ယူဆပါတယ်။

ရိုက်ခတ်တိုက်စားပစ်ရမယ့် ကမ်းပါးကတော့ အတူတူပါပဲ။ ဒါပေမယ့် ရိုက်ခတ်ရမယ့် လှိုင်းပုံသဏ္ဍာန်ချင်းတော့ ကွားခြားနိုင်သေးတယ်လို့ မြင်ပါတယ်။ အထူးသဖြင့် ကိုးကန့်ဒေသ မြို့သိမ်းတိုက်ပွဲတွေလို ပြည်မမှာ တစ်မြို့ပြီးတစ်မြို့ လိုက်သိမ်းမယ်ဆိုတဲ့ အတွေးဟာ ရည်ရွယ်ချက်ကောင်းပေမယ့် လက်တွေ့မှာ အဆင့်တွေ တော်တော်ကျော်နေသလိုဖြစ်နေပါတယ်။ တောင်တန်းဒေသနဲ့ ပြည်မမှာ ကွာခြားချက်တွေများပါတယ်။ ပထဝီအနေအထားအရကိုက တောင်တန်းဒေသက အများကြီးသာလွန်နေတာ သတိပြုကြဖို့လိုပါတယ်။ နောက်တစ်ခု လက်နက်အင်အား၊ တိုင်းရင်းသားတွေမှာ ခေတ်အဆက်ဆက် တော်လှန်ခဲ့ကြတဲ့ တော်လှန်ရေးလက်တွေ့ကြောင့် ကျနော်တို့ ပြည်မဒေသမှာထက် လက်နက်အင်အားတောင့်တင်းတာ အားလုံးအသိပါပဲ။ ရန်သူနဲ့ နင်လားငါလား တိုက်နိုင်တဲ့အခြေနေပါ။ ပြည်မမှာ ခဲယမ်းကအစ (EROS) တွေဆီက အချိန်မီရောက်မလာရင်တောင် တော်တော်လေး ဒုက္ခများတာ မြေပြင်တော်လှန်ရေးသမားတွေ အသိဆုံးဖြစ်ပါလိမ့်မယ်။ နောက် အရေးကြီးတာ တစ်ခုက တိုက်စွမ်းရည်နဲ့ အတွေ့အကြုံပါ။ နှစ်ပေါင်း ငါးဆယ်ကျော် ခြောက်ဆယ် တိုက်ပွဲဝင်ခဲ့တဲ့ တပ်တွေနဲ့ မနေ့တနေ့ကမှ တိုက်ပွဲဝင်နေတဲ့တပ်တွေမှာ တိုက်စွမ်းရည်နဲ့ တော်လှန်ရေးအတွေ့အကြုံ ဘယ်လိုမှ ယှဥ်လို့မရနိုင်ပါဘူး။ သိမ်ငယ်ဖို့ပြောတာ မဟုတ်ပဲ လက်တွေ့ကျကျ မြင်နိုင်ဖို့ပါ။ မလိုလားအပ်တဲ့ ထိခိုက်ဆုံးရှုံးမှုတွေများနိုင်ပါတယ်။ လက်တွေ့လည်း မြင်နေရလို့ ပြောရချင်းဖြစ်ပါတယ်။ နောက်ဆုံး လူထုရဲ့တော်လှန်ရေးလက်တွေ့ကရော၊ များသောအားဖြင့် ဘာမှပြင်ဆင်ထားမှုမရှိတာ တွေ့ရပါလိမ့်မယ်။ မွေးကတည်းက စစ်ပွဲတွေကြားဖြတ်သန်းခဲ့ရတဲ့ တိုင်းရင်းသားတွေနဲ့ သေနတ်သံတောင် ဒီကာလမှ ကြားဖူးကြတဲ့ပြည်မကလူတွေကြား ကွာဟမှုက အတော်ကြီးပါတယ်။ ပြင်ဆင်ထားရကောင်းမှန်း မသိကြသေးလို ဘာကိုပြင်ဆင်ရမှန်းလည်း မသိကြသေးပါဘူး။ စနစ်တကျ ဝါဒဖြန့်စည်းရုံးမှုနည်းနေသလို ပေါက်လွတ်ကဲစား ထင်ရာလျှောက်ပြီး ဝါဒဖြန့်နေကြတဲ့ လိုင်းပေါ်က ဂဂျောင်တွေရဲ့ စကားလုံးတွေကိုပဲ နားယောင်နေကြတာများပါတယ်။ ဒါတွေက ပြည်မနဲ့တောင်တန်း ယေဘုယျ ကွာခြားချက်တွေပါ။ နောက်ထပ် နောက်ထပ် ရှိပါသေးတယ်။

(ဆက်ရန်ရှိသေးသည်)


#ရဲဘော် Window(PLA)
of Revolution
(စာရေးသူ၏ ပုဂ္ဂလိက အမြင်သာဖြစ်ပါသည်)

ဆောင်းဦးကောက်ရိတ်သိမ်းချိန်စစ်ဆင်ရေးဖြင့် ရေဦးမြို့နယ်ရှိ ပျူစောထီးရွာသို့ PLA နှင့်မဟာမိတ်တပ်ပေါင်းစုများမှ ဝင်ရောက်တ...
24/11/2023

ဆောင်းဦးကောက်ရိတ်သိမ်းချိန်စစ်ဆင်ရေးဖြင့်
ရေဦးမြို့နယ်ရှိ ပျူစောထီးရွာသို့ PLA နှင့်မဟာမိတ်တပ်ပေါင်းစုများမှ ဝင်ရောက်တိုက်ခိုက်။

ယနေ့ နိုဝင်ဘာ ၂၄ ရက် နံနက်အရုဏ်တက်ချိန်တွင် ရေဦးမြို့နယ်၊ ကာဘိုးအနောက်ဘက်ရှိ စစ်ခွေးနှင့်ပျူများ အခြေစိုက်ရာ အောင်သာယာကျေးရွာသို့ ပြည်သူ့လွတ်​မြောက်ရေးတပ်မတော် (PLA) နှင့် မဟာမိတ်တပ်ပေါင်းစုများက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုတွင် PLA အမှတ်(၁)စစ်ဒေသ၏ စစ်ရေးဦးဆောင်မှုဖြင့် မဟာမိတ်တပ်ပေါင်းစုတပ်ဖွဲ့များဖြစ်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၊ 96 Soldiers PDF (အညာတပ်ခွဲ)၊ စိန်ဗေဒါKBU (ပကဖ)၊ မိုးကြိုးမုန်တိုင်း LPDF ၊ ဝံသပါလ LPDF ၊ TCRF (PLA) ၊ ရွှေဘိုဓူဝံ (PLA) ၊ GZ LPDF တို့မှ စုစည်းညီညွတ်စွာနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်။

တရွာလုံးကိုသိမ်းယူရန်မျှော်လင့်ခဲ့သော်လည်း ရန်သူဖက်ဆစ်စစ်တပ်ဘက်မှ လက်နက်ကြီးပစ်ကူ၊ ခြေလျင်တပ်စစ်ကူများအပြင် Mi-35 ဖြင့်ပါ စစ်ကူများ ရောက်ရှိလာမှု​ကြောင့် ဖမ်းဆီးရမိသည့် သုံ့ပန်းများ၊ ပစ္စည်းများကိုသိမ်းယူကာပြန်လည်ဆုတ်ခွာခဲ့သည်။

တိုက်ပွဲအနှစ်ချုပ်အနေဖြင့် မိမိတို့ PLAနှင့်မဟာမိတ်တပ်ပေါင်းစုဘက်မှ ရဲဘော် ၅ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်။ ရန်သူ့ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံး၊ ၁၅ဦးထက်မနည်း ဒဏ်ရာရရှိကာ ရန်သူ စစ်သုံ့ပန်း ၇ ဦးကို မိမိတို့မှ လက်ရဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဘက်ပစ္စည်းတချို့ကိုသိမ်းပိုက်နိုင်ခဲ့သည်။ ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများကို
PLA အမှတ်(၁)စစ်ဒေသလက်အောက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ သုံ့ပန်းပေါ်လစီနှင့်အညီ ထိန်းသိမ်းထားရှိပါသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)

22/11/2023

မထွေးနိုင်၊ မမြိုနိုင် အလွဲအမှားများ

“နွေဦးတော်လှန်ရေးရဲ့ ဦးတည်ချက်ဟာ ၂၀၂၀ ရွေးကောက်ပွဲရလာဒ် အကောင်အထည်ဖော်ရေး မဟုတ်ပါဘူး”,

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီက ၂၀၂၃၊ နိုဝင်ဘာ ၁၇ ရက်၊ ရက်စွဲနဲ့ ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း အတည်ပြုလိုက်တယ် ဆိုပြီး ထုတ် ပြန်လာပါတယ်။ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မကွေးတိုင်းလွှတ်တော်ကနေ အတည်ပြုတာလို့ ဆိုထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နည်းဗျူဟာပိုင်းရော၊ မဟာဗျူဟာပိုင်းအရပါ ထောက်ပြဝေဖန်စရာတွေရှိ နေပါတယ်။

နည်းဗျူဟာ လုပ်ထုံးလုပ်နည်းအရ ပြောရရင် ဒီထုတ်ပြန်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟို အလုပ် အမှုဆောင်ကော်မတီက သူ့သ‌ဘောနဲ့သူစီစဉ်၊ သူ့သဘောနဲ့သူဆုံးဖြတ်၊ တစ်ဖက်သတ်ဆောင်ရွက်ခဲ့တာ ဖြစ်လို့ သာမန်အမှားမဟုတ်ပါဘူး။ ဒီလုပ်ရပ်ဟာ တော်လှန်ရေးအင်အားစုတွေကြား သဘောထားကွဲလွဲမှု၊ ရှုပ်ထွေး မှုတွေဖြစ်စေမှာ မို့လို့ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ တော်လှန်ရေးအင်အားစုတွေကြား သပ်လျှို လိုက်တဲ့ အမှားပါ။

စစ်အုပ်စုအပေါ် တော်လှန်ရေးအင်အားစုတွေက စစ်ရေးအရှိန်မြှင့်တင်ပြီး ပွဲသိမ်းတိုက်ပွဲဆင်နိုင် ဖို့ ကြိုးပန်းနေချိန် မှာ တော်လှန်ရေးအင်အားစုတွေကြား ညီညွတ်ရေးအခိုင်မာဆုံးဖြစ်အောင် တော်လှန်ရေးအဖွဲ့ အသီးသီးက ဆောင် ရွက်ရမှာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အချိန်ကိုက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော် မတီက ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ကို အသိပေးခဲ့ပေမဲ့ ညှိနှိုင်းတိုင်ပင်မှု မရှိခဲ့သလို ဥပဒေကြမ်း ကို အတည်ပြု မယ်ဆိုတာကိုလည်း ကြိုတင်အသိပေးထားတာ မရှိပါဘူး။

ပိုဆိုးတဲ့ ကိစ္စကတော့ တိုင်းဒေသကြီးလွှတ်တော်ခေါ်ယူတယ်ဆိုတဲ့ ကိစ္စပါ။ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်း တယ်လို့ ထုတ်ပြန်ကြေညာပြီးတဲ့အချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံအရ ဖွဲ့စည်းထားတဲ့ တိုင်းဒေသကြီး လွှတ်တော်ခေါ် တယ်ဆိုတာက ဘယ်လိုမှ နားလည်ပေးလို့မရပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းလိုက်တာနဲ့ ၂၀၀၈ အပေါ်အခြေခံ ထားတဲ့ လွှတ်တော်၊ အစိုးရ ယန္တယားအားလုံးလည်း ဇီဝိန်ချုပ်သွားပါပြီ။ ဒီလောက်ရှင်းရှင်းလင်းလင်း၊ နားလည် မြင်သာနေတဲ့ ကိစ္စကို မသိချင်ယောင်ဆောင်ပြီး၊ လုပ်ဆောင်ခွင့်ရှိတဲ့ ကိစ္စလိုလို၊ လုပ်ကိုလုပ်ရမဲ့ ကိစ္စလိုလို အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဟန်ရေးပြနေတာဟာ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးရဲ့ ဆန္ဒရည်မှန်းချက်ကို လျစ်လျူရှုလိုက်တာနဲ့ အတူတူပဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ဒီလိုဖြစ်နေတာဟာ နွေဦးတော်လှန်ရေး ရဲ့ ရည်မှန်းချက် အပေါ် ပြတ်ပြတ်သားသားခိုင်ခိုင်မာမာ မရပ်တည်လို့ ဖြစ်ရတာပါ။ ဒါဟာ မဟာဗျူဟာအမှားပါ။ ၂၀၂၀ ရွေး ကောက်ပွဲမှာ တိုင်းရင်းသားပြည်သူလူထုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သောင်ပြိုကမ်းပြိုနိုင်အောင် ဆန္ဒမဲပေးခဲ့ကြပေမဲ့ နွေဦးတော်လှန်ရေးရဲ့ ဦးတည်ချက်ဟာ ၂၀၂၀ ရွေးကောက်ပွဲရလာဒ် အကောင်အထည်ဖော်ရေး မဟုတ်ပါဘူး။ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးပါ။ ဒီရည်မှန်းချက်ကို သိမြင်နားလည်ပါလျှက်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို “မထွေးနိုင်၊ မမြိုနိုင်” အတင်းဆုပ်ကိုင်ထားပြီး “လွှတ်တော်ခေါ်ယူရေး၊ ဒို့အရေး” လုပ်နေ တာကတော့ ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်ရေးအတွက် ဘဝတွေ၊ အသက်တွေ ပုံအောပေး ဆပ် နေကြတဲ့ ပြည်သူလူထုကိုရော၊ တော်လှန်ရေးအင်အားစုတွေကိုပါ မထေမဲ့မြင်လုပ်လိုက်သလို ဖြစ် နေပါတယ်။

တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကရော၊ တော်လှန်ရေးအင်အားစုတွေကပါ ၂၀၂၀ ရွေးကောက်ပွဲ၊ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ အပေါ် လေးစားအသိအမှတ်ပြုထားပြီးသားပါ။ ဒါပေမဲ့ သတိမလစ် ရမှာက ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေကို နွေဦးတော်လှန်ရေးမှာ ဝိုင်းဝန်းရုန်းကန် ကြိုးပမ်း နေတဲ့ တော်လှန် ရေးအင်အားစုတွေထဲက အင်အားစုတစ်ရပ်အနေနဲ့ အသိအမှတ်ပြုထားတာပါ။ အောင်ပွဲအလွန် ကြားကာလမှာ ဥ ပဒေပြုတာဝန်တွေကို ထမ်းဆောင်ရမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် အသိအမှတ်ပြု လက်ခံထား တာမ ဟုတ်ပါဘူး။

နွေဦးတော်လှန်ရေးအောင်ပွဲခံချိန်ကနေ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် မထူထောင်နိုင်သေးခင် ကာလကို ကြား ကာလ(အသွင်ကူးပြောင်းရေး ကာလလို့လည်း ရည်ညွန်းကြပါတယ်) လို့ပြောဆိုလေ့ရှိ ပါတယ်။ ကြားကာလနဲ့ ပတ်သက်ပြီးအရေးအကြီးဆုံး အခြေခံမူကတော့ ကြားကာလလုပ်ငန်းအစီအစဉ်တွေဟာ တော်လှန်ရေး အင်အား စုအားလုံးက အကြေအလည်ညှိနှိုင်းအတည်ပြုထားတဲ့ လုပ်ငန်းအစီအစဉ်မျိုးဖြစ်ရပါမယ်။ အင်အားစု တစ်ရပ်ရပ် က အင်အားသုံးပြီး သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ကိုယ်လိုချင်တဲ့ လုပ်ငန်းအစီအစဉ်မျိုးဖြစ်လာအောင် ဖိအားပေးလုပ်ဆောင်တာမျိုး မဖြစ်ဖို့ အင်မတန်အရေးကြီးပါတယ်။

ဒါမှလည်း ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ဖို့ အုတ်မြစ်ချ၊ ထူထောင်ရတဲ့ ကြားကာလမှာ တော်လှန်ရေး အင်အားစု ညီညွတ်စည်းရုံးမှုကို ထိန်းသိမ်းထားပြီး တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးရဲ့ လေးစားယုံကြည်မှုကို ဆုပ်ကိုင်ရရှိမှာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ယုံကြည်လေးစားမှုနဲ့အတူ နိုင်ငံတကာရဲ့ အသိအမှတ်ပြုထောက်ခံမှုကို ရရှိလာမှ ဖြစ်ပါတယ်။ ကြားကာလမှာ တော်လှန်ရေးအင်အားစုတွေကြား ညီညွတ်မှုကို မထိန်းသိမ်းနိုင်ခဲ့ရင် ပြည် သူတွေရဲ့ ယုံကြည်ကိုးစားမှုကို ရရှိမှာ မဟုတ်သလို နိုင်ငံတကာရဲ့ အသိအမှတ်ပြုထောက်ခံမှုကို ရရှိမှာ မဟုတ် ပါဘူး။

ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီရဲ့ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကြိုတင် ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းဟာ တော်လှန်ရးရဲ့ ရည်မှန်းချက် ပန်းတိုင်အပေါ် နည်း ဗျူဟာအရရော၊ မဟာ ဗျူဟာအရပါ အဟန့်အတားအနှောက်အယှက် ဖြစ်နေတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပဲပြောပါရစေ။အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အနေနဲ့ ကိုယ့်အမှားကို အချိန်မီ ဆင်ခြင် သုံးသပ်ပြီး တော် လှန်ရေး အင်အားစုအားလုံးနဲ့ တိုင်တိုင်ပင်ပင် ညီညီညွတ်ညွတ် ဆောင်ရွက်ဖို့ နိုးဆော်ပါရစေ။

လေရိုင်း
crd. Burma VJ

16/11/2023

ကန့်ဘလူမြို့နယ်၊ ညောင်ဇင်လေးရွာမှ တက်လာသော ပျူများအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) နှင့် ဒေသတွင်း တော်လှန်ရေးအဖွဲ့များပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့
ပျူများပြန်ဆုတ်ခွာသွား
===================================

(15.11.2023)Wed နေ့တွင် ညောင်ဇင်လေး(ပျူ)ရွာ မှ ညောင်ဇင်ကြီးရွာဘက်သို့ တက်လာသော ပျူများအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် ဒေသတွင်း တော်လှန်ရေးအဖွဲ့များပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ "အင်အား (၂၀) ကျော် (၃၀) လောက် တက်လာတာ။ သေနတ်တွေပစ်ပြီးတက်လာတာ။ ကျွန်တော်တို့ဘက်က လက်နက်ကြီးလက်နက်ငယ်တွေ ဝိုင်းပြုံပြီး ပြန်ပစ်တာ၊ ဒီကောင်တွေ ရှေ့တက်မလာရဲတော့ဘူး။ သေချာနေရာယူပြီး ပြန်ပစ်တာ အထိအခိုက်ရှိနိုင်တယ်။" ဟု (PLA) ရဲဘော်တစ်ဦးမှ ပြောသည်။ စကစဘက်က ဟောင်ဝင်ဇာဖြင့်ပစ်သဖြင့် မင်းကုန်းရွာနှင့် ညောင်ဇင်ကြီးရွာတို့တွင် ကျရောက်ပေါက်ကွဲပြီး ပြည်သူများ အထိတ်တလန့်ဖြစ်နေကြရသည်။ "တစ်မနက်လုံးနီးပါး အပြန်အလှန်ပစ်ကြတာ၊ ကျွန်တော်တို့ဘက်တော့ အထိအခိုက်မရှိဘူး" ဟု အဆိုပါရဲဘော်မှ ထပ်မံပြောသည်။ ညောင်ဇင်ကြီးရွာသည် ညောင်ဇင်လေး၊ သင်ပေါင်းကျင်း(ပျူ)ရွာတို့နှင့် နယ်နိမိတ်ဆက်စပ်နေသောကြောင့် အမြဲတစေ စကစလက်ပါးစေပျူများ၏ ​နှောက်ယှက်တိုက်ခိုက်ခြင်းကိုခံနေရ၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအများစုကိုပစ်ပယ်ထားရသည့်ရွာဖြစ်သည်။
ကန့်ဘလူနယ်သည် ဘုန်းကြီးဝါသဝဦးဆောင်သော ပျူအားကောင်းသည့်နယ်ဖြစ်ပြီး ပျူရွာများနှင့် နယ်နိမိတ်ဆက်စပ်နေသော အစွန်ရွာများမှ ပြည်သူများ ဒုက္ခရောက်နေကြရပြီး မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများကိုပါ မလုပ်ကိုင်ဝံ့သည့် အခြေနေဖြစ်နေသည်။ တော်လှန်ရေးရဲဘော်များလည်း စစ်ရေးသတိအမြဲရှိနေကြရပြီး ထိတွေ့တိုက်ပွဲများလည်း မကြာခဏ ဖြစ်နေကြသည်။

မှ ပေးပို့လာသော တိုက်ပွဲ video
of Revolution

15/11/2023

ကန့်ဘလူမြို့နယ်၊ နတ်အင်းကျေးရွာ(ပျူရွာ)တွင် ဘန်ကာဆောက်လုပ်နေကြသော စစ်ခွေးများနှင့် ပျူခွေးများအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) နှင့် KBU-UG၊ KDF၊ ဒေသတွင်း ပကဖ အဖွဲ့များစုပေါင်း၍ လက်နက်ကြီး(၁၅) လုံးခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့
ထိခိုက်သေဆုံးမှုရှိနိုင်
=================================

ယနေ့ (14.11.2023) တွင် ကန့်ဘလူမြို့နယ်၊ နတ်အင်း(ပျူ)ရွာတွင် ဘန်ကာဆောက်လုပ်နေကြသော စစ်ခွေးများနှင့် ပျူခွေးများအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) နှင့် KBU-UG၊ KDF၊ ဒေသတွင်း ပကဖ အဖွဲ့များစုပေါင်း၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ နတ်အင်း(ပျူ)ရွာသည် ကန့်ဘလူမြို့နှင့် (၃) မိုင်ကျော်ကျော်ခန့်သာဝေးသော အခိုင်အမာပျူရွာတစ်ရွာဖြစ်သည်။ ဒေသတွင်း အရှိန်အဟုန်မြင့်တက်လာနေသော တော်လှန်ရေးလှိုင်းအားတားဆီးရန်ကြံရွယ်၍ စကစမှ အခိုင်အခံ့ ဘန်ကာဆောက်လုပ်နေသည်ဟု သိရ၍ ဒေသတွင်းတော်လှန်ရေးအင်အားစုများပူးပေါင်း၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ "စုစုပေါင်းလက်နက်ကြီး (၁၅) လုံးလောက် ဝိုင်းပစ်တာ၊ ဒီကောင်တွေနေရာထိကျတယ်။ မီတာ (၁၀၀၀) လောက်အတွင်းထိ တိုးကပ်ပြီးပစ်တာ။ သူတို့ စကားပြောနေတဲ့အသံတွေပါ ကြားရတယ်။ သူတို့ဘက်ကလည်း ရမ်းသမ်းပြီး ပြန်ပစ်တယ်" ဟု (PLA) ရဲဘော်တစ်ဦးမှ ပြောသည်။ "(၁) မိုင်ကျော်လောက် တောထဲကနေလမ်းလျှောက်သွားရတယ်။ နောက်ဆက်တွဲ သတင်းတွေစုံစမ်းကြည့်တော့ နတ်အင်းထဲ လူနာတင်ကားတွေရောက်လာတယ်လို့ သိရတယ်။ ဘယ်လောက်သေလဲ အတိအကျတော့ မသိရသေးဘူး" ဟု အဆိုပါရဲဘော်မှ ပြောသည်။ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ကန့်ဘလူ (၆၀၀၆) မှ ဟောင်ဝင်ဇာဖြင့် ပစ်ခတ်သောကြောင့် ရွာမကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နွားနှစ်ကောင်သေဆုံးကာ အိမ်တစ်လုံးထိခိုက်သွားကြောင်း သိရသည်။ ရဟတ်ယာဥ်ဖြင့်ပါ ခြိမ်းခြောက်ပတ်ပျံနေသဖြင့် ပြည်သူများစိုးရိမ်မကင်းဖြစ်လျှက်ရှိကြသည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနေဖြင့် ဒေသအသီးသီးတွင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းတိုက်ပွဲဝင်လျှက်ရှိသည်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး အခြေခံပေါ်တွင် တပ်ပေါင်းစု တည်ဆောက်ရေးကို ဖိတ်ခေါ်ထားပြီး ပူးပေါင်းနိုင်သမျှအင်အားစုများနှင့်ပူးပေါင်း၍ တိုက်ပွဲဝင်နေသည်။ ရှမ်းမြောက်တွင် ပြင်းထန်နေသော ညီနောင်မဟာမိတ်သုံးဖွဲ့ဦးဆောင်သော (၁၀၂၇) စစ်ဆင်ရေးတွင်လည်း (PLA) မှ တပ်ရင်း(၂)ရင်းအင်အားဖြင့် ပါဝင်တိုက်ခိုက်လျှက်ရှိကြောင်း တရားဝင်ထုတ်ပြန်ထားသည်။

#ကန့်ဘလူ
#နတ်အင်း

ပြည်သူ့ရှေ့က ရှိနေမည်================================          တော်လှန်ရေးဒီရေ မြင့်တက်လာမှုနဲ့ အတူ နိုင်ငံတစ်ဝန်း အာဏာသ...
13/11/2023

ပြည်သူ့ရှေ့က ရှိနေမည်
================================

တော်လှန်ရေးဒီရေ မြင့်တက်လာမှုနဲ့ အတူ နိုင်ငံတစ်ဝန်း အာဏာသိမ်းစစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြား စစ်ရေးတိုက်ပွဲတွေလည်း ပြင်းထန်လာနေပါတယ်။ အထူးသဖြင့် (၁၀၂၇) စစ်ဆင်ရေးလှိုင်း ရှမ်းမြောက်မှာ တဟုန်ထိုးမြင့်တက်လာမှုနဲ့အတူ ဗမာပြည်မ စစ်ကိုင်းတိုင်းမှာလည်း စစ်ရေးအရှိန်အဟုန် မြင့်လာနေတာ တွေ့ရပါတယ်။ ပြည်သူ့မေတ္တာနဲ့ ထောက်ခံအားပေးမှုရရှိထားတဲ့ တော်လှန်ရေးရဲဘော်တွေဟာ လူထုကြားထဲမှာ ပေါ်ပေါ်ထင်ထင်နဲ့ သွားလာလှုပ်ရှားစစ်ကစားခွင့်ရနေပြီး စကစတပ်တွေလာတာနဲ့ လူထုက ဒေသထဲ မိစ္ဆာတစ်အုပ်ဝင်ရောက်လာသလို ပြေးလွှားနေကြတာတွေက စစ်ကောင်စီအတွက်တော့ အင်မတန် မျက်မုန်းကြိုးစရာဖြစ်နေပါတယ်။ ဒီအခြေနေကို ဖြိုခွဲဖို့ စစ်ကောင်စီကတော့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတယ်။ လူမျိုးရေး၊ ဘာသာရေး သပ်ရှိုသွေးခွဲတာ၊ ပညာမဲ့သူအချို့ကို နေရာနဲ့ လက်နက်ပေးပြီးအသုံးချတာ(ပျူ) စသည်ဖြင့် ပေါ့လေ။
မီဒီယာပျက်အချို့ကိုသုံးပြီး လိမ်လည်မှိုင်းတိုက်ဝါဒဖြန့်တာ၊ ကမ္ဘာကို လိမ်ဆင်တွေချပြတာမျိုးတွေကလည်း သူတို့ လုပ်နေကြအကွက်တွေပါပဲ။ အဆိုးရွားဆုံးနည်းလမ်းကတော့ အရပ်ဘက်၊ စစ်ဘက်ပစ်မှတ်မခွဲခြားတော့ပဲ ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းတာ၊ ဗုံးကြဲချတာမျိုးတွေပါ။ တစ်နည်းအားဖြင့်ပြောရရင် လူထုတစ်ရပ်လုံးကို ရန်သူလို သဘောထားပြီး သတ်ဖြတ်ဖျက်ဆီးနေတာပါ။ ဒင်းတို့ ရည်ရွယ်တာကတော့ လူထုကို ကြောက်သွားအောင်၊ တွေဝေသွားအောင်၊ တော်လှန်ရေးရဲဘော်တွေကို လက်မခံတော့အောင် သွေးခွဲခြောက်လှန့်တာပါပဲ။ ဒါပေမယ့် လူထုကတော့ စကစကို ပိုရွံမုန်းသွားပြီး တော်လှန်ရေးရဲဘော်တွေနဲ့ ပိုနီးကပ်သွားတာပါပဲ။ ဘယ်လိုပဲဖြစ်နေပေမယ့်လည်း ဓမ္မနဲ့ အဓမ္မကြားက တော်လှန်စစ်ပွဲမှာ ပြည်သူလူထုကတော့ အနည်းနဲ့အများ မြေဇာပင်ဖြစ်ကြရတယ်။
ဒီအခြေနေတွေကို တစ်စုံတစ်ရာ အတိုင်းအတာအားဖြင့် ကာကွယ်နိုင်ဖို့၊ ထေမိစေဖို့ဆိုရင် ပြည်သူလူထုနဲ့ တော်လှန်ရေးရဲဘော်များ ယခုအခြေနေထက်ပိုပြီး နီးနီးကပ်ကပ် တိုင်ပင် အကောင်ထည်ဖော်ကြဖို့လိုပါတယ်။ (စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား) စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ဆိုရင် ရေရှည်စစ်ကို မဖြစ်မနေ သဘောပိုက်ပြီး ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။ အဖွဲ့အစည်းတစ်ခုနဲ့ စစ်ကောင်စီတိုက်ပွဲဝင်နေတဲ့ပုံစံမျိုးမဟုတ်ပဲ ပြည်သူလူထုတစ်ရပ်လုံးက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတယ်ဆိုတဲ့ ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်ထားရတော့မှာ ဖြစ်ပါတယ်။
ဘာသာရေးအထွဋ်အမြတ်ထားရာ ဘုန်းကြီးကျောင်းများ၊ အနာဂတ်ကလေးငယ်တွေရဲ့ ပညာဆည်းပူးရာ စာသင်ကျောင်းများကိုပါ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်နေတာတွေကို စိတ်မချမ်းမြေ့ဖွယ်ရာတွေ့မြင်နေရပါတယ်။ အထူးသဖြင့် အနာဂတ်ပြည်သူတွေဖြစ်လာမယ့် ကလေးငယ်တွေရဲ့ ပညာရေးလမ်းကို ပိတ်ပင်ဟန့်တားဖို့ လုပ်နေတဲ့လုပ်ရပ်တွေဟာ ကျွန်တော်တို့ပြည်သူတစ်ရပ်လုံး ကမ္ဘာ့အလယ်မှာ ပညာမဲ့တဲ့လူမွဲတွေအဖြစ် ဆက်ရှိနေပြီး စစ်အုပ်စုကွက်ကွက်လေးသာ မကုန်ခမ်းနိုင်တဲ့ အကျိုးစီးပွားတွေကို ရာသက်ပန်ခြယ်လှယ်အုပ်စီးထားဖို့ဆိုတာ ထင်ရှားနေပါတယ်။ ဒီအခြေနေတွေကို ပြည်သူလူထုကြားရှင်းရှင်းပြတ်ပြတ်နဲ့ စည်းရုံးရှေ့ဆောင်ရမှာ ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေရဲ့ သမိုင်းပေးတာဝန်သာ ဖြစ်ပါတယ်။
ယခုပုံကတော့ ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ ပြည်သူ့လွတ်မြေက်ရေးတပ်မတော်(PLA) ရဲဘော်များဟာ ကျေးရွာစာသင်ကျောင်းမှာ လေယာဥ်ဗုံးဒဏ်ခံ ကတုတ်ကျင်းများ တူးနေကြတာဖြစ်ပါတယ်။ ဒီကျောင်းမှာ အနာဂတ်ကြယ်ပွင့် ကျောင်းသားလူငယ်တွေ (၂၅၀) ကျော် တက်ရောက်သင်ကြားနေကြတာဖြစ်ပါတယ်။ ကျောင်းသားငယ်များ စိတ်ရောကိုယ်ပါ လုံခြုံမှုရှိစွာ ပညာသင်ကြားနိုင်စေဖို့ ပြည်သူနဲ့အတူရုန်းကန်နေကြတဲ့ ရဲဘော်တွေကို ကြည့်ပြီး လူထုမှာလည်း ရွှင်းလန်းအားတက်နေကြပါတယ်။ ရွာခံ ပကဖ ရဲဘော်များလည်း (PLA) ရဲဘော်များနှင့်အတူ ပင်ပင်ပန်းပန်း လူထုအတွက် အလုပ်လုပ်နေကြပါတယ်။ (PLA) ရဲဘော်များဟာ အဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံးလွတ်မြောက်ရေးကို ရည်မှန်းချက်အဖြစ် ခိုင်ခိုင်မာမာခံယူပြီး လူထုအကျိုးစီးပွားကိုသာ ဦးထိပ်ထား တိုက်ပွဲဝင်နေကြပါတယ်။ စစ်ရေးတိုက်ပွဲတင်မဟုတ် နိုင်ငံရေးတိုက်ပွဲ၊ ကုန်ထုတ်လုပ်ရေးတိုက်ပွဲတွေမှာလည်း အစွမ်းကုန်ပါဝင်ကြိုးစားပြီး လူထုနဲ့ တစ်သားတည်းဖြစ်အောင် နေထိုင်နေကြပါတယ်။ ဘယ်သူပဲတော်လှန်ရေးလုပ်လုပ် စစ်အာဏာရှင်စနစ် အမြတ်ပြတ်တိုက်မယ်ဆိုရင် ရတဲ့နေရာက ဝင်တိုက်မယ်။ ပူးပေါင်းလုပ်ဆောင်မယ်ဆိုတဲ့ သဘောထား အမြဲရှိနေကြပြီးသားပါ။ လူထုလွတ်မြောက်ဖို့က အရင်လုပ်ရမယ်လို့ သဘောထားပါတယ်။ နိုင်ငံရေးမူတွေက နောက်မှ ဆွေးနွေးလို့ရပါတယ်။
ရေရှည်စစ်(ပြည်သူ့စစ်မဟာဗျူဟာ)ကို အကောင်ထည်ဖော်ကြဖို့နဲ့ ညီညွတ်စည်းလုံးတဲ့ တပ်ပေါင်းစုတစ်ခု တည်ဆောက်ဖို့ အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း ကျွန်ုပ်တို့ တော်လှန်ရေးလှိုင်း ရဲဘော်များက လူထုအကျိုးစီးပွားရှေးရှုပြီး တိုက်တွန်းလိုကြောင်းပါ။......

YB window (PLA)

Address


Website

Alerts

Be the first to know and let us send you an email when Waves Of Revolution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share