Love monarch inle

  • Home
  • Love monarch inle

Love monarch inle You can see Inle and Inle news.

31/07/2024

မောင်း

20/07/2024
ာ
18/07/2024

✬ 🎸✫ စိုင်းဆိုင်မောဝ် ရဲ့ အကြောင်းတစေ့တစောင်း ✬ 🎸

၁၉၄၉ ခု ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ မှာ အဘစိုင်းဘခိုင်၊ အမိဒေါ်အေးစိန် တို့က မူဆယ်မြို့မှာ
စိုင်းဆိုင်မောဝ်ကို ဖွားမြင်ခဲ့တယ်။ ညီအစ်ကို မောင်နှမများကတော့ . . . .
(၁) စိုင်းကျော်စံ (ခေါ်) စိုင်းလောဝ်ဆိုင်
(၂) စိုင်းရွှေလှ (ခေါ်) စိုင်းလိန်ခမ်း
(၃) စိုင်းဆမ်
(၄) စိုင်းညွှန့်မောင် (ခေါ်) စိုင်းဆိုင်မောဝ်
(၅) စိုင်းတား (ခေါ်) စိုင်းလှိုင်းဆိုင်
(၆) နန်းသိန်းဟန် တို့ပါပဲ။

သူဟာ ငယ်ငယ်ကတည်းက အနုပညာဝါသနာပါသူတစ်ယောက်ပါ။ တောထဲ တောင်ထဲ သွားလည်တဲ့အချိန်၊ ရွှေလီမြစ်ကမ်းနံဘေး သွားလည်တဲ့အချိန်တွေမှာ သီချင်း မဟုတ်သေးတဲ့ သီချင်းတွေကို သူ့ဖာသာ သူသီဆိုနေလေ့ရှိတယ်။ အဲဒါဟာ သူရဲ့ အနုပညာ မျိုးစေ့လို့ ဆိုရပါမယ်။ သူအသက် ၁၄ နှစ်အရွယ်တုံးက သူ့ဦးလေးအိမ်မှာ ဂစ်တာ၊ အကော်ဒယံ၊ ဘာဂျာတွေနဲ့ သီချင်းဆို နေကြတဲ့ စိုင်းထွန်းရင်၊ စိုင်းမောက်ခမ်းတို့အဖွဲ့ကို မကြာခဏ သွားချောင်းကြည့်နေတယ်။ အဲဒီတုံးက သူတို့တီးနေတဲ့ ဒရမ်ကတော့ ခရမ်းချဉ်သီး သေတ္တာပါပဲ။ သူတို့တတွေကတော့ ကွတ်ခိုင် (convent) ကျောင်းတက်ခဲ့လို့ ခေတ်သီချင်း တွေ သီဆိုတီးခတ်တတ်ကြတာပါ။

သူ့ကို ကလေးဆိုပြီး လာချောင်းကြည့်မှန်းသိတော့ သူ့ကို ဟောက်တယ်။ ကြောက် လို့ထွက်ပြေးရင်း ဖိနပ်သဲကြိုးတွေလည်း ပြတ်ခဲ့တယ်။ အကြိမ်းပေါင်းများစွာ ချော်လဲခဲ့တယ်။ ဒါပေမယ့် သူတို့မရှိတဲ့အချိန် ဦးလေးဖြစ်သူကို ပြောပြီး သူဂစ်တာတီးချင်တဲ့အကြောင်း ပြောတော့ ဦးလေးက သူတို့မသိအောင် ဂစ်တာကိုင်ခွင့်ပြုတယ်။ အခန်းထဲဝင်ပြီး မတီးရဲတာကြောင့် ပြူတင်းပေါက်အပြင်ကနေပြီး အခန်းအတွင်းက ဂီတာကို ကိုင်ကာ မတတ်တတတ်နဲ့ ဂစ်တာစမ်းတီးနေမိခဲ့တယ်။ သူတို့လာပြီဆိုရင် ဂီတာလေးကို ချထား ပြတင်းပေါက်ပိတ်ပြီး လှစ်ရတာတဲ့နောက်ပြီးမူဆယ်မှာသူ့ထက်အသက်ကြီးသူတွေ ဂစ်တာတီးတာမြင်ရင် သွား ထိုင်ကြည့်တယ်။ ဂစ်တာအကွက်တွေကို မှတ်လာတယ်။ ဒီလိုနဲ့ပဲ နောက်ပိုင်း ဂစ်တာတီးတတ် သွာတော့တယ်။

۵ ☍ ကျောင်းသားဘ၀ ☍ ۵
・・ ・・ ・・ ・・ ・・ ・・
မူဆယ်မြို့မှာ မူလတန်းကျောင်းတက်ခဲ့တယ်။ ၁၉၅၈ မှာတော့ အဖိုးက စိုင်းလောဝ်ဆိုင်နဲ့ စိုင်းဆိုင်မောဝ် ကို တောင်ကြီးသို့ခေါ်သွားတော့ တောင်ကြီးမှာ အမှတ် (၁) အထက်တန်းကျောင်းမှာ ကျောင်းတက်ခဲ့ တယ်။ တစ်နေ့ကျတော့ အဖိုးဦးထမ်းရွက်ရဲ့ သူငယ်ချင်း ဦးနန္ဒာတစ်ယောက် ကောင်လေးတစ်ယောက်နဲ့ အတူ အဖိုးအိမ်ကိုရောက်လာတယ်။ အဖိုးက-
ဝင်လာပါ ဝင်လာပါ နေကောင်းရဲ့လား ဘယ်ကလာသလဲ
ကောင်းပါတယ်။ လင်းခေးက လာတာပါ။ နင်တို့ကော နေကောင်းလား
ကောင်းပါတယ်။ တောင်ကြီးကို ဘာကိစ္စကြောင့်လာသလဲ
ဒါက ကျွန်တော်ရဲ့ သားပါ။ သူ့ကို တောင်ကြီးမှာ ကျောင်းထားချင်လို့။ အဆောင်မှာ သွားအပ်လဲ မရခဲ့ဘူး။ ဒါကြောင့် အဆောင်မရခင် သူငယ်ချင်းဆီမှာ ထားဖို့ အကူအညီတောင်းချင်လို့ ရမလားမသိဘူး။
အဖိုး ဦးထမ်းရွက်က ကောင်လေးရဲ့ မျက်နှာကို တစ်ချက်ကြည့်ပြီး
ရပါတယ်။ အခုအချိန်မကူညီရင် ဘယ်အချိန်ကူညီရမှာလဲ။ သားနာမည်က ဘယ်လိုခေါ်သလဲ
ကျွန်တော် ရစ်ချတ်နန္ဒာပါ။ ငယ်နာမည်ကတော့ အိုက်တူး၊ ဗမာနာမည်ကတော့ စိုင်းတင်ဦးပါ ခင်ဗျား
ကောင်းပြီ ငါ့မြေးနှစ်ယောက်လည်း မူဆယ်ကနေ ဒီကိုကျောင်းလာတက်နေတယ်။ မင်းတို့ အဖေါ် ရတာပေါ့။
ဦးနန္ဒာလည်း သူ့သားကို ဦးထမ်းရွက်ထံမှာ အပ်ထားကာ ပြန်သွားတယ်။ တစ်အိမ်ထဲမှာ အတူနေလာ ခဲ့ကြတဲ့ သူတို့က သုံးယောက်ကတော့ နောင်တစ်ချိန်မှာ ရှမ်းအနု ပညာရှင်ကြီးများ ဖြစ်လာကြမည့် စိုင်းလောဝ်ဆိုင်၊ စိုင်းဆိုင်မောဝ် နဲ့ စိုင်းထီးဆိုင်တို့ပါပဲ။ ဝါသနာတူကြတဲ့အတွက် ကျောင်းဆင်းချိန်၊ ကျောင်းပိတ်ချိန်မှာ သူတို့အတူတကွ သီချင်းဆိုကြတယ်။ ကျောင်းအာစရိယပူဇော်ပွဲမှာလဲ စိုင်းဆိုင်မောဝ် နဲ့ စိုင်းထီးဆိုင် အတူတကွ သီချင်းတွေ ဖျော်ဖြေပေးခဲ့တယ်။ တစ်ယောက်ကို တစ်ယောက် ညီရင်းအစ်ကို လို ချစ်ခင်ကြတယ်။ သီချင်း အတူဆိုကြသလို သီချင်းအသစ်တွေကိုလည်း အတူတကွ ဖန်တီးကြတယ်။

စိုင်းဆိုင်မောဝ်ကတော့ စမတ်ကျကျ လျှပ်စစ်ဂီတာတီးချင်လွန်းလို့ တီးဝိုင်းအစုံရှိတဲ့ ယဉ်ကျေးမှုဌာနကို သွားဖို့ စိုင်းထီးဆိုင်ကို ခေါ်ပေမယ့် စိုင်းထီးဆိုင်က မလိုက်ချင်ဘူး။ ဇွတ်အတင်းခေါ်မှသာ သူအားနာ ပါးနာနဲ့ လိုက်ဖြစ်တော့တယ်။ အဲဒီတုံးက သူတို့နှစ်ယောက် ငယ်နေသေးတော့ စတိတ်စင်ပေါ် တက်ခွင့်သီချင်းဆိုခွင့် မရခဲ့ဘူး။ ရလိုရနိုးနဲ့ သီချင်းဆိုတဲ့ လူကြီးတွေရဲ့ လက်ဖက်ရည်ကို ငဲ့ပေးလိုက်၊ ထိုင်ခုံတွေကို ရွှေ့ပေးလိုက်၊ စီးကရက် သွားဝယ်ပေးလိုက်နဲ့ သူများသီချင်းဆိုတာကို စိတ်ကူးယဉ် အိပ်မက်နဲ့သာ အခါခါမက်ခဲ့လေတယ်။

۵ ☍ ပွဲဦးထွက်စတိတ်စင်ပေါ် ☍ ۵
စိုင်းနှစ်စိုင်းရဲ့ ပွဲဦးထွက် သီချင်းဆိုရတာကတော့ ကလောမြို့မှာပါ။ လျှပ်စစ်စက်ရုံ ဖွင့်ပွဲမှာ တောင်ကြီး ကိုဝင်းမြင့်တို့အဖွဲ့နဲ့ လိုက်သွားခဲ့တယ်။ အစမှာတော့ သူတို့နှစ်ယောက်ကို ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့ တောင် ထဲ့မတွက်ထားဘူး။ သူတို့နှစ်ယောက်မှာတော့ စတိတ်စင်အောက်ကနေ သူများဆိုတာကိုပဲ ရင်မောစွာနဲ့ အဖန်ဖန်အားကျနေမိတယ်။ ညဉ့်နက်လာတော့ ပွဲကြည့် ပရိသတ်လည်း တဖွဲဖွဲ ပြန်သွား ကြတယ်။ ကလောမြို့က အေးလည်း အေးတာကိုး။ ကြည့်တဲ့သူနဲတော့ ဆိုတဲ့သူတွေလည်း သိပ်မဆိုချင် ကြတော့ဘူးပေါ့။ အဲဒီအချိန်မှာ သူတို့နှစ်ယောက်က ကိုဝင်းမြင့်ဆီသွားပြီး သီချင်းစမ်းဆိုချင်တဲ့ အကြောင်း တောင်းဆိုတယ်။ မျက်နှာငယ်လေး နဲ့နေမှာပါ။ ဆရာဝင်းမြင့်လည်း ကြည်သာစွာနဲ့ ခွင့်ပြုလိုက်တော့ သူတို့နှစ်ယောက် ထီပေါက်သလို ပျော်ရွှင်မိတော့တယ်။ စတိတ်စင်ပေါ်တက် လျှပ်စစ်ဂီတာကြိုးကို ပုခုံးပေါ်ချိတ်၊ လေး တေးတေးနဲ့ စိတ်ဓါတ်တွေ လှုပ်ရှားလိုက်တဲ့ဖြစ်ခြင်း။ အရေးထဲ တစ်ယောက်က ဒီလိုလာပြော လိုက်သေးတယ်။
မင်းတို့နှစ်ယောက် ကောင်းကောင်းကိုင်၊ ဒီပစ္စည်းက တန်ဖိုးမနဲဘူးသိလား၊ ပျက်စီး သွားရင် မင်းတို့ရော်နိုင်မှာမဟုတ်ဘူး . . . တဲ့

သူတို့နှစ်ယောက် ဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။ အဲဒီနောက် သူတို့စပ်ထားတဲ့ ဗမာသီချင်း တွေကို ရင်ခုံစွာနဲ့ ပရိသတ်ကို ဖျော်ဖြေပေးခဲ့တယ်။ သူတို့နှစ်ယောက်ရဲ့ သီဆိုမှုကတော့ ပွဲသိမ်းသီဆိုမှုလို့ဆိုရပါမယ်။ ဆိုလဲပြီးရော ပွဲလည်းပြီးရောပါ။ စတိတ်စင်ပေါ် လျှပ်စစ်ဂီတာ ကြီးနဲ့ စတင်သီချင်းဆိုရလို့ အဲဒီည သူတို့နှစ်ယောက် အိပ်တောင်မပျော်ခဲ့ဘူး။ အဲဒီည သူတို့နှစ်ယောက်ရဲ့ သီချင်းကို အားပေးတဲ့ ပရိသတ်က စာဖတ်သူတို့ သိချင်မှာပါ။ ဘယ်နေရာပဲ သီချင်းသွားဆိုဆို စာဖတ်သူတို့ မြင်ဖူးတာကတော့ စိုင်းနှစ်စိုင်း ရဲ့ ပရိသတ်တွေ က ပွဲခင်းအပြည့်၊ လက်ခုပ်သံကလည်း မိုးထက်ညံ နောက်တစ်ပုဒ် နောက်တစ်ပုဒ်ဆိုတဲ့ အသံလည်း ဆက်တိုက်ဆက်တိုက် ပဲ့တင်ထပ်နေခဲ့တယ်။ သူတို့နှစ်ယောက်ရဲ့ ပွဲဦးထွက် ပရိသတ် ကတော့ ခုနစ်ယောက်ပဲ ကျန်တော့တယ်တဲ့။ အဲဒါက အနာဂတ်မှာ စိုင်းနှစ်စိုင်းအတွက် Lucky Seven ဖြစ်နေလေသလား။

အဲဒီကလောပွဲပြီးတဲ့နောက် တောင်ကြီးပြန်ရောက်လာတဲ့အချိန် သိပ်မကြာပါဘူး နိုင်ငံကျော် အဆိုတော်များဖြစ်ကြတဲ့ ခင်မောင်ညွှန့်၊ အကော်ဒယံအုန်းကျော်၊ စံရှားတင် (ရှမ်းတိုင်းရင်းသူဖြစ်)၊ မာမာအေးတို့က တောင်ကြီး လူငယ်ရေးရာပွဲတော်မှာ သီချင်းလာဆိုကြတယ်။ တောင်ကြီးက အကော်ဒယံကိုသန်းရွှေက စိုင်းဆိုင်မောဝ်ရဲ့ အသံကိုနှစ်သက်သူဖြစ်လို့ သူတို့အဖွဲ့နဲ့ အတူ ခေါ်သွားတယ်။ မာမာအေးရဲ့ အသံကို စိုင်းဆိုင်မောဝ် သေချာစွာ စိတ်ဝင်စားမိခဲ့တယ်။ ဖြစ်ချင်တော့ ကိုသန်းရွှေက စိုင်းဆိုင် မောဝ်အား ဗမာသီချင်း တက်ဆိုခိုင်းတော့ မတွေ့ကြရင်ကောင်းသား စတဲ့ သီချင်းတွေ ဆိုဖြစ် ခဲ့တယ်။ ဆိုပြီးတာနဲ့ ခင်မောင်ညွှန့် မာမာအေးတို့က စိုင်းဆိုင်မောဝ်အနားမှာ ထိုင်စေပြီး ရန်ကုန်မှာ သီချင်းသွားသွင်းဖို့ ဖိတ်ခေါ်ခဲ့တယ်။ အဲဒီအချိန် စိုင်းဆိုင်မောဝ်ဟာ အဖိုးဖြစ်သူရဲ့ အုပ်ထိမ်းမှုအောက်မှာ နေနေတော့ မလိုက်ဖြစ်ခဲ့ပါ။

۵ ☍ ရှမ်းအဆိုတော် စိုင်းဆွမ်ယုတ် ☍ ۵
အဖိုးဖြစ်သူ ဦးထမ်းရွက်က ကုန်သည်ကြီးဖြစ်ပြီး သူ့ကုန်တင်ကားကြီးနဲ့ တောင်ကြီး တာချီလိတ်ကို ပြေးဆွဲတယ်။ တစ်ခါ ကားစပယ်ရာတစ်ယောက်က နေမကောင်းပြီး ကျန် တစ်ယောက်က မအားတာနဲ့ ကားလိုက်တဲ့သူ မရှိဖြစ်နေတော့ အဖိုးဖြစ်သူက စိုင်းဆိုင်မောဝ် ကို ကားဆရာအဖေါ်ရဖို့ တာချီလိတ်ကို လိုက်သွားခိုင်းတယ်။ ကားပေါ်မှာတော့ ရှမ်းတို့ဟူးချဉ်၊ မုန်ညင်းချဉ်၊ နွားနို့ခြောက်စတဲ့ ကုန်ခြောက် တွေပါလာတယ်။ ဟိုခေတ်တုံးက တောင်ကြီး တာချီလိတ်လမ်းဟာ ကောင်ဘွိုင်နဲ့ သွားရတဲ့ခေတ်ပါ။ စစ်ကားတွေ အစောင့်အရှောက်နဲ့သာ သွားရတဲ့ခေတ်။ အချိန်မရွေး သွားလာလို့ မရဘူး။ ဒါကြောင့် ခရီးတစ်ခါထွက်ရင် ကားအစီးပေါင်း ငါးဆယ် ခြောက်ဆယ်လောက် တခါတလေ အစီး (၁၀၀)ကျော်အထိ ရှိတတ်တယ်။ စိုင်းဆိုင်မောဝ်တော့ ဂစ်တာတစ်လုံးနဲ့ ပျော်ရွှင်စွာ စပယ်ရာဘဝဖြစ်ခဲ့ပြီး တောင်ကြီးကနေ တာချီလိတ်ကို တစ်လနဲ့ ၁၈ ရက် ကြာခဲ့တယ်တဲ့။ တာချီလိတ်မှာတော့ မကာဟိုခမ်းရပ်မှ ဦးလေး (ဦးဆန်အေး) အိမ်မှာ သွားတည်းနေပြီး မနက် တာလော့စျေးမှာ နွားနို့ခြောက်တွေ သွားရောင်းတယ်။ အဲဒီအချိန် တာလော့စျေးပတ်ပတ်လည်မှာ ရွာကနွားလှည်းတွေ များသလား မမေးနဲ့။

ညရောက်တော့ ဦးလေးအိမ်ရှေ့နားက သစ်ပင်တစ်ပင်အောက်မှာ ဂစ်တာတစ်လုံးနဲ့ သူသီချင်း သွားသွားဆိုတယ်။ နံနက်ပိုင်း တစ်နေ့ကျတော့ လူတစ်ယောက် ဦးလေးအိမ်ထဲ ဝင် လာကာ ညစဉ်လိုလို ရှမ်းသီချင်းသံကြားရတဲ့အကြောင်း၊ အရင်တုံးက ဒီလို မကြားဖူးတဲ့အကြောင်း သီချင်းဆိုတဲ့သူ ဘယ်သူလဲလို့ ဦးလေးကို လာမေးတယ်။ ဦးလေးကလည်း တောင်ကြီးက သူ့တူ ဖြစ်ကြောင်း ပြောပြလိုက်တယ်။

အဲဒီလူ တာလော့စျေးအထိ လိုက်လာပြီး စိုင်းဆိုင်မောဝ်အား ကျိန်းဟဲမှာ သီချင်း သွားသွင်းဖို့ စကားကမ်းလှမ်းလာတယ်။ စိုင်းဆိုင်မောဝ်လည်း လိုက်ချင်ပါရဲ့။ ပါလာတဲ့ နွားနို့ခြောက်ကို ကုန်အောင်လည်းရောင်းရဦးမှာမို့ အဲဒီလူရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တယ်။ နောက်ပြီးတော့ သူ့အဖိုးနဲ့ ဦးလေးကို ခွင့်မတောင်းရရင်လည်း သူက မသွားရဲတာကြောင့် ငြင်းပယ်လိုက်တာပါ။ အဲဒီလူကလည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်ဆောင်လိုက်တယ်။ စိုင်းရဲ့ နွားနို့ချောက်တွေကို သူအကုန်လုံး ဝယ်ယူလိုက်တော့တယ်။ နောက်ပြီးတော့ ဦးလေးကိုလည်း သူကိုယ်တိုင် အကျိုးအကြောင်း သွားပြောပြ တယ်။ ခွင့်တောင်းတယ်။ ဦးလေးဖြစ် သူလည်း သူ့တူတော်မောင်ရဲ့ အနာဂတ်တိုးတက်စေချင်လို့ သူကိုယ်တိုင်ပဲ ကျိုင်းဟဲအထိ လိုက်ပို့လိုက်တော့တယ်။ တောင်ကြီးက အဖိုးဆီကိုလည်း ဦးလေးက တာဝန်ယူပြီး ဖြေရှင်းပေးလိုက်တော့ စိုင်းဆိုင်မောဝ်အတွက် စိုင်ကော်လို့ ချုံပေါ်ရောက်သလို ဖြစ်သွားတယ်။

ဦးလေးက ကျိုင်းဟဲအထိလိုက်ပို့ပြီး တာချီလိတ်ကို ပြန်သွားတယ်။ အဲဒီအချိန် ကျိုင်းဟဲရေဒီယိုက ရှမ်းဘာသာအစီအစဉ်ကို ထုတ်လွှင့်နေတဲ့အချိန်ဖြစ်ပြီး ဆဲင်ဆိုတဲ့ ရှမ်းခေတ်ဟောင်းသီချင်းတွေကို ညစဉ်ထုတ်လွှင့်နေချိန်ပါ။ သူတို့က သူ့ကို သီချင်းဘယ်နှစ်ပုဒ်ရှိ သလဲ လို့မေးတော့ ဆယ်ပုဒ်လောက် ရှိကြောင်း ပြောပြတော့ ပွဲဦးထွက် စတူဒီယို သီချင်း စသွင်း ဖြစ်တော့တယ်။ သူ့ကို ကျိန်းဟဲအထိ မရမက ခေါ်ခဲ့တဲ့သူကတော့ ကျိုင်းတုံက နန်းကောင်ခမ်း ပဲဖြစ်တယ်။ သွင်းဖြစ်တဲ့ သီချင်းတွေကတော့ (နမ့်ခုံး (ၼမ်ႉၶူင်း)၊ ခါးသုံးခါး (ၶူမ်သၢမ်ၶူမ်) ၊ ၵေႃႉထုၵ်ႇတႃပီႈ) စတဲ့ ရှမ်းသီချင်းတွေပါ။ သီချင်းသွင်းခကတော့ ဘတ်ငွေ ၇၀၀ နဲ့ သူ့အတွက် အဝတ်အစားလှလှတွေ အများကြီးရခဲ့တယ်။

သီချင်းသွင်းပြီးတော့ အဆိုတော်ရဲ့ နာမည် မရှိသေးဘူး။ သူ့နာမည်ရင်းက စိုင်းညွှန့်မောင်၊ ဗမာနာမည်ဖြစ်နေလေတော့ အခက်တွေ့နေတယ်။ သူကိုယ်တိုင်လည်း သူ့နာမည် သူ မပေးတတ်ဘူး ဖြစ်နေတော့ နန်းကောင်ခမ်းနဲ့ ကျိုင်းဟဲအဖွဲ့က စိုင်းဆွမ်ယုတ် ဆိုပြီး ထိုင်းဆန် ဆန် နာမည် မှည့်ပေးလိုက်တယ်။ ကျိုင်းဟဲမှာ ၇ ရက်ကြာခဲ့ပြီးနောက် တာချီလိတ်၊ တောင်ကြီး အထိ ပြန်လာခဲ့တယ်။ နောက်တစ်ကြိမ် သီချင်းသွင်းဖို့လည်း ကျိုင်းဟဲက ဖိတ်ထားတယ်။

သီချင်းသွင်းပြီးတဲ့နောက်ပိုင်း စိုင်းဆွမ်ယုတ်သီချင်းတွေလည်း ကျိုင်းဟဲ ရေဒီယိုကနေ တဆင့် ညစဉ် ရှမ်းပရိသတ်နားထဲကို ထိုးနှက်ဝင်လေတော့တယ်။ အဲဒီအချိန် ရေဒီယိုလည်း သိပ်မပေါသေးတော့ စိုင်းဆွမ်ယုတ် ခေတ်သစ်သီချင်းလာပြီဆိုရင် ရေဒီယို ရှိတဲ့အိမ်မှာ သွားစု ပြီး နားဆင်ကြတယ်။ သူ့ရဲ့ ပွဲဦးထွက်သီချင်း ပွဲထွက်လှတယ်လို့ ဆိုရပါမယ်။ သို့သော် စိုင်းဆွမ်ယုတ်ဟာ ဘယ်သူလဲဆိုတာ ပရိသတ်တွေ မသိကြဘူး။ ခေတ်လူငယ်တွေကတော့ ခေတ်သီချင်းတွေကို ကြိုက်ကြပေမယ့် လူကြီးပိုင်းတွေကတော့ မကြိုက်ကြဘူး။ ဝေဖန်သံတွေ ကဲ့ရဲ့သံ တွေမျိုးစုံထွက်ခဲ့ပါတယ်။ ဒါပေမယ့် ခေတ်ရေစီးကြောင်းဆိုတာ ဘယ်သူမှ တားလို့မရပါဘူး။

ခေတ်တစ်ခေတ်ပြောင်းလဲဖို့ဆိုတာ လွယ်လွယ်ကူကူနဲ့ချက်ချင်း မဖြစ်နိုင်ဘူး။ စိတ်ရှည်စွာနဲ့ အချိန်ကို စောင့်ရပါမယ်။ ရှမ်းခေတ်သစ်သီချင်း ထွန်းကားလာဖို့အတွက် အချိန် တော်တော်ယူလိုက်ရသေးတယ်။ စိုင်းဆွမ်ယုတ် (ခေါ်) စိုင်းဆိုင်မောဝ် တောင်ကြီးပြန်ရောက် လာတော့ စိုင်းထီးဆိုင်အား သီချင်းသွားသွင်းခဲ့တဲ့အကြောင်းကို ဝမ်းသာစွာနဲ့ ပြောပြတယ်။ စိုင်းထီးဆိုင်လည်း စိုင်းဆိုင်မောဝ်နဲ့အတူ သီချင်းသွင်းသွားဖို့ ကြိတ်ပြီး ကြံစည်နေတယ်။

စိုင်းလောဝ်ဆိုင်၊ စိုင်းဆိုင်မောဝ်၊ စိုင်းထီးဆိုင် သူတို့သုံးယောက် ကျိုင်းဟဲမှာ သီချင်း သွားသွင်းဖို့ နမ့်စန်မြို့မှာ အချိန်းအချက်ပြုထားတယ်။ သံလွင်မြစ်အရှေ့ဘက်ကမ်းကိုသွားဖို့ ကောင်ဘွိုင်ကားတွေ နမ့်စန်မှာ စုလေ့ရှိတယ်။ ကားထွက်ခါနီးအထိ စောင့်သော်လည်း စိုင်းထီးဆိုင်ရောက်မလာခဲ့ပါ။ ကားထွက်သွားတဲ့အထိ စိတ်ပူစွာနဲ့ မျှော်လင့်နေသော်လည်း စိုင်းထီးဆိုင်တစ်ယောက် ရောက်မလာခဲ့ပေ။ အဲဒီအချိန်မှာ ဖုန်းအဆက်အသွယ်လုပ်ဖို့လည်း နတ္ထိပါ။ ကျိုင်းဟဲရောက်မှ စိုင်းထီးဆိုင် လိုက်လာသော်လည်း ကားမမီသဖြင့် လင်းခေးလမ်းကနေ နယ်စပ်အထိလိုက်လာပြီး ယိုးဒယားဘက်ကို ဝင်ဖို့ အဆင်မပြေတာနဲ့ သူပြန်လှည့်ခဲ့တယ်။ ဒုတိယအကြိမ်မှာတော့ စိုင်းဆိုင်မောဝ် သီချင်း ၁၄ ပုဒ်သွင်းဖြစ်သွား တယ်။ လူသိများတဲ့သီချင်းတွေကတော့..

ပီႈသင်ႇသွၼ်ၼွင်ႉ (ပီဆန်ဆွန်နောင့်) (ထီးဆိုင်ရေးတဲ့သီချင်း)
ယၢၼ်ၵၼ်လၢႆႁူၺ်ႈလၢႆလွႆ (ယန်ကန်လှိုင်ဟွေ့လှိုင်လွယ်) (စိုင်းဆိုင်မောဝ်နှင့် ဦးတန်းကေး) ၼူၼ်းႁၢင်ႊလီ (နွမ်းဟန်လီ) (စိုင်းဆိုင်မောဝ်ရေးပြီး စိုင်းထီးဆိုင်ရဲ့ ၵေႃႉထုၵ်ႇတႃပီႈ (ကော့ထုတ်တာပီ) သီချင်းနဲ့ အလှဲအလှယ်လုပ်ထားတဲ့ သီချင်း)

۵ ☍ ဘာ့ကြောင့် စိုင်းဆိုင်မောဝ်လို့ ခေါ်ရသလဲ ☍ ۵

ဒီတစ်ခေါက်တော့ စိုင်းဆွမ်ယုတ်နာမည်ကို ပြောင်းပစ်ချင်တာနဲ့ စိုင်းဆိုင်မောဝ် ဆိုပြီး ကိုယ့်ဖာသာကိုယ် ရွေးလိုက်တယ်။ ဘာကြောင့် အဲလိုရွေးရသလဲဆိုတော့ . . .
- ရွှေလီမြစ်ဝှမ်းဇာတိဖြစ်လို့
- ရွှေလီမြစ်ကို သောက်ခဲ့ရ ချိုးခဲ့ရလို့
- ရွှေလီသားတစ်ယောက်ဖြစ်လို့
- ရွှေလီဆိုတဲ့ နာမည်ကို တင့်တယ်စေလိုလို့ စိုင်းဆိုင်မောဝ် (ဆိုင်= မြစ်ရေယာဉ် ကြော၊ မောဝ် = ရွှေလီဒေသ)

အဲဒီသီချင်းသွင်းပြီးတဲ့နောက် စိုင်းဆိုင်မောဝ်ရဲ့ သီချင်းဟာ ရှမ်းဒေသအနှံ ပျံ့သွားခဲ့တယ်။ သူနာမည် စိုင်းဆိုင်မောဝ်လည်း ရေပန်းစားသွားတော့တယ်။ အနုပညာဝါသနာကြီးလွန်းတာကြောင့် ပညာရေးဘက် မှာ အားလျှော့ခဲ့တယ်လို့ ဆိုရမယ် ထင်တယ်။ သူနဝမတန်းအထိဘဲ ကျောင်းတက်ခဲ့တယ်။ ၁၉၇၃ ခုမှာတော့ သူနန်းနွမ်မောဝ်(မူဆယ်)နဲ့အတူ ရန်ကုန် ပြည်လမ်းရှိ မြန်မာ့အသံ ရှမ်းတိုင်းရင်းသား အစီအစဉ် မှာ ရှမ်းသီချင်းသွားသွင်းရပြန်တယ်။

۵ ☍ စိုင်းဆိုင်မောဝ်နှင့် မိုးမိုးအေး ☍ ۵

တောင်ကြီး အထက (၄)မှာ ကျောင်းတက်တုံးက မိုးမိုးအေးနဲ့ စတွေ့ခဲ့တယ်။ သူမလည်း အနုပညာ ဝါသနာပါလေတော့ ပိုရင်းနီးမိတာပေါ့။ တောင်ကြီးတန်ဆောင်တိုင်ပွဲလည်ရင်း နောက်ပိုင်း မိုးမိုးအေးနဲ့ အိမ်ထောင်ပြုမိသွားတယ်။ အဲဒီတုံးက စိုင်းဆိုင်မောဝ် အသက် (၁၈)နှစ်ကျော်ပဲ ရှိသေးတယ်။ ရွှေသားမက်ကို ယောက္ခမက သိပ်မကြည်တဲ့အတွက်ကြောင့် ဝင်ငွေရအောင်ဆိုပြီး တက္ကစီကား မောင်း သော်လည်း ဝင်ငွေသိပ်မကိုက်။ ဒါကြောင့် ရွှေလိမ္မောအရက်ဆိုင်မှာ ကောင်တာသွားစောင့်ပေးတယ်။ သူများအရက်လာသောက်ရင် ငဲ့ပေးတယ်။ လိုအပ်တာ ကူပေးတယ်။ အရက် ဆိုင်ထဲ ရောက်လာတဲ့သူတွေ အများစုဟာ ဘဝပျက်သွားကြတာကို မြင်ရလို့ သူကိုယ်တိုင် အရက်ကို ရှောင်နိုင်အောင် အရက် ကျေးကျွန်မဖြစ်အောင် ကြိုးစားခဲ့တယ်။ မိုးမိုးအေးနဲ့ အတူ နန်းခမ်းမိုင်ဆိုတဲ့ သမီးတစ်ယောက် ထွန်းကားခဲ့တယ်။

သမီးတစ်ယောက်ရလာတဲ့အချိန် ရည်ရွယ်ချက်ကတော့ ကျောက်ကုန်သည် လုပ်ပြီး ယိုးဒယားမှာ သွားရောင်းရင် ငွေတွေအများကြီးရမယ်ဆိုပြီး အထင်ရှိလို့ မိုးနဲ၊ လင်းခေး၊ ဝမ်ဟတ်လမ်းကနေ ယိုးဒယားကို ထွက်ခဲ့တယ်။ တောလမ်းမှာ ဦးမဟာဆန်းတို့ရဲ့ လက်နက်ကိုင်အဖွဲ့နဲ့ တွေ့ပြီး သူတို့အဖွဲ့က ကုန်သည်တွေထဲမှာ စိုင်းဆိုင်မောဝ်ပါလာကြောင်းသိတော့ ဦးမဟာဆန်းကို သွားပြောတယ်။ စိုင်းဆိုင်မောဝ် နဲ့တွေ့ချင်ကြောင်း လာခေါ်တော့ လိုက်သွားရတယ်ပေါ့။ (၁၉၇၄-၇၅ လောက်ဖြစ်မယ် ထင်တယ်) မဟာဆန်းက စိုင်းဆိုင်မောဝ်ရဲ့ ရှမ်းသီချင်းကို လွန်စွာကြိုက်သူဖြစ်တော့ ကောင်းမွန်စွာ ဧည့်ခံခဲ့တယ်။ နောက်တစ်နေ့ ကုန်သည်တွေ ခရီးဆက်ထွက်သော်လည်း ဦးမဟာဆန်းက စိုင်းဆိုင်မောဝ် ကို ခေါ်ထားသဖြင့် ကျန်ရစ်ခဲ့ပြီး သူနဲ့အတူ ခေတ္တနေဖို့ တောင်းဆိုလာတယ်။ မလိုက်လျောလဲ မကောင်းဆိုတော့ တောထဲမှာ နေလိုက်တော့တယ်။ တောထဲနေပေမယ့် ဂီတာတစ်လက်နဲ့ပါပဲ။ အပျင်းပြေ သီချင်း တွေဆိုတယ်။ မဟာဆန်းနဲ့အတူ မြင်းစီးရင်း သေနတ်ပစ်တာတွေ သင်ပေးတယ်။ တောပျော်ဘဝလို့ဆိုရလေမလား။ နောက်ပိုင်း ယိုးဒယားမှာ သီချင်းသွားသွင်းတော့ မဟာဆန်းကပဲ အကုန်အကျခံပေးလိုက်တယ်။ အဲဒီသီချင်းကတော့ ဟိုတုန်းက ဟိုတုန်းက သီချင်းဖြစ်ပြီး စိုင်းဆိုင်မောဝ်ရဲ့ နာမည်အကြီးဆုံး သီချင်းဖြစ်ခဲ့တယ်။

လူ့ဘဝဟာ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ခန့်မှန်းလို့မရဘူး။ တောထဲမှာ နေတဲ့သူကတော့ တောကြောင်တွေနဲ့ တွေ့တတ်စမြဲပါ။ တစ်ခါက စဝ်ဟန်ဓမ္မထံ သွာလည်ပြီး အပြန်လမ်းမှာ တောတွင်း လက်နက်ကိုင် လောတွန်အဖွဲ့နဲ့ လာဆုံတယ်။ လောတွန်တို့က စိုင်းဆိုင်မောဝ်ကို ဗမာစုံထောက်ဆိုပြီး သူတို့စခန်းချတဲ့တောထဲကို ခေါ်သွားတယ်။ အမျိုးမျိုးသူ့ကို မသင်္ကာစွာနဲ့စစ်ဆေးမေးမြန်းတယ်။ နောက်ပိုင်း သူ့ကို မြေအောက်ထောင်နန်းတစ်ခုအတွင်း ပိတ်ထားလိုက်တယ်။ တစ်နေ့နံနက် သေနတ်ဖောက်သံ သုံးချက်ကြားရတော့ စိုင်းဆိုင်မောဝ် စိတ်မကောင်းဖြစ်မိတယ်။ ဘာကြောင့်လဲဆိုတော့ သူနဲအတူပါလာတဲ့ သူ့သူငယ်ချင်းကို လောတွန်တို့အဖွဲ့ လက်စသတ်လိုက်တယ် ထင်မိလို့ပါ။ မကြာခင် သူ့အလှည့်ရောက်တော့မယ်လို့လဲ တွက်ထားမိတယ်။ သူနေတဲ့ မြေအောက်ထောင်ကတော့ အနက် ၁၈ ပေလောက် ရှိမယ်။ အကျယ်ကတော့ ရေတွင်းတစ်တွင်းလိုပေါ့။ ကိုယ့်ကျင်ကြီးကျင်ငယ်အနံ့က ကိုယ့်ကို ပြန်နှိပ်စက်နေတော့တယ်။ ထမင်းစားချိန်ရောက်ရင် လူတစ်ယောက်က ဆွဲချင်းထဲ အစာတွေ ထဲ့လာပြီး အပေါ်ကနေချပေးတယ်။ မာတူးနေတဲ့ထမင်း အေးစက်နေတဲ့ ဟင်းတွေနဲ့ အသက်ဆက်ခဲ့ရတယ်။ ဟင်းရည်နဲ့မျက်ရည်ရောပြီး သောက်ရတဲ့အဖြစ်ပါ။ သူအိပ်ဖို့အတွက် ဖျာစုတ်လေး တစ်ချပ်။ ညအိပ်တဲ့ အချိန် လွတ်လပ်တဲ့ကောင်းကင်ပေါ်က ကြယ်ကလေးတွေကို ကြည့်ပြီး အားငယ်မိ ဝမ်းနည်း မိတယ်။ ၇ ရက်ရလာတော့ သူ့ကိုသ-တ်ဖို့ စီစဉ်ချိန် မိုင်းပန်ကုန်သည်တစ်စုရောက်လာတယ်။ စကားစပ်မိလို့ စိုင်းဆိုင်မောဝ်ကို ဖမ်းထားတယ်ဆိုတာသိရတော့ မိုင်းပန်ကုန်သည်တွေက လောတွန်ဆီမှာ အကြောင်းမျိုးစုံ သွားပြောပြတယ်။ စိုင်းဆိုင်မောဝ်ဟာ စုံထောက်မဟုတ်တဲ့အကြောင်း၊ သူဟာ ရှမ်းနာမည်ကြီးအဆိုတော်ဖြစ်ကြောင်း အမျိုးမျိုးတောင်းပန်တော့ သူ့ကို ချက်ချင်း မသ-တ်ဖြစ်ခဲ့ဘူး။

ဦးမဟာဆန်းတို့အဖွဲ့လည်း စိုင်းဆိုင်မောဝ် အဖမ်းခံရကြောင်း ကြားသိရတော့ ဒေါသူပုန်ထပြီး လူသူလက်နက်တွေ များစွာနဲ့ စိုင်းဆိုင်မောဝ်ကို လွတ်ပေးဖို့ လာတောင်းတယ်။ ရရင်ရ မရရင်ချမယ်ပေါ့။ လောတွန်အဖွဲ့လည်း အကြောင်းစုံကို သိတော့ စိုင်းဆိုင်မောဝ်အား တောင်းပန်ပြီး ထောင်မှ လွတ်ပေးလိုက်တယ်။ နောက် ပြီး ငွေအထုတ်ကြီးတစ်ထုပ် ထပ်ပေးလိုက်တော့ စိုင်းဆိုင်မောဝ်က
ကျနော်အဖမ်းခံတာဟာ ခင်ဗျားတို့ ငွေကို လိုချင်လို့ လာအဖမ်းခံတာ မဟုတ်ဘူး ဆိုပြီး သူပေးတဲ့ငွေကို ငြင်းဆန်ခဲ့တယ်။ အဲဒီနောက် သူမဟာဆန်းတို့အဖွဲ့နဲ့လိုက်လာပြီး ဝမ်စစ်ရွာဘက်သို့ရောက်လာချိန် မြန်မာ့တပ်မတော်ဗိုလ်မှူးကောင်စစ်တို့လည်း စစ်ဆင်ရေးအရ ဝမ်စစ်ဘက်ကိုရောက်နေတယ်။ ဗိုလ်မှူးကောင်စစ်က စိုင်းဆိုင်မောဝ် မဟာဆန်းအဖွဲ့ထဲရောက်နေမှန်းသိတော့ လူလွှတ်ပြီး ပြန်ခေါ်ခိုင်းတယ်။ ဘာကြောင့် လဲဆိုတော့ ဗိုလ်မှူးကောင်စစ်ဟာ စိုင်းဆိုင်မောဝ် ဦးလေးတော်စပ်လို့ပါ။ မဟာဆန်း တို့က ငြင်းဆန်သဖြင့် သူတို့တိုက်ပွဲဖြစ်ကာ ပန်တဝိဘက်ကို ထွက်ပြေးခဲ့ရတယ်။

တောထဲအနေကြာလာတော့ တောင်ကြီးမှာ ကျန်ရစ်တဲ့ ဇနီးနဲ့ သမီးလေးကို လွှမ်းလာတယ်။ သူ့ဘဝလဲ လမ်းဆုံးနေတဲ့ ဒီတောထဲမှာ အမြုပ်မခံချင်ဘူး။ မဟာဆန်း တို့ရဲ့ လုပ်ရပ်ကိုလည်း သူမနှစ်သက်ခဲ့ဘူး။ စတဲ့ အကြောင်းကြောင်းတွေကြောင့် စိုင်းဆိုင်မောဝ်တစ်ယောက် ဦးလေးဖြစ်သူ ဗိုလ်မှူးကောင်စစ်ကို သတင်းပို့ပြီး လက်နက်နဲ့ အတူ အလင်းဝင်ခဲ့တယ်။

#တောင်ကြီးအချုပ်

စိုင်းဆိုင်မောဝ်ရဲ့ ဘဝဟာ မရှိကို အရှိ မပျော်ကို အဖေါ်လုပ်ရတဲ့ဘဝလို့ ဆိုရင် လည်း မမှားပါဘူး။ သူ့သီချင်းကို နားထောင်ရင်တော့ သူအမြဲတမ်းပျော်တယ်လို့ ထင်ရ လောက်တယ်။ အမှန်တော့ အဲလိုမဟုတ်ပါ။ လူ့ဘဝဆိုတာ သာတစ်ခါ နာတစ်လှည့်ပါ။ စိုင်းဆိုင်မောဝ်ဘဝမှတ်တိုင်ကတော့ စတိတ်ပေါ် ကနေ ထောင်ထဲတန်းရောက်သွားတာလည်း ရှိခဲ့ဖူးတယ်။ ဒီလိုပါ . . . အလင်းဝင်လာပြီတဲ့နောက် တောင်ကြီးရှိ မိုးမိုးအေးတို့မိသားစုနဲ့ အတူ ပြန်လာနေတယ်။ အဲဒီနှစ် တောင်ကြီးတန်ဆောင်တိုင် စည်ကားစွာ ကျင်းပနေတဲ့အချိန်။ တောင်ကြီးတန်ဆောင်တိုင်ကတော့ လှပဆန်းကျယ်တဲ့ နေ့မီးပုံးပျံ၊ ညမီးပုံးပျံတွေကြောင့် အထူးနာမည်ကြီးခဲ့တယ်။ အဲဒီပွဲမှာ စိုင်းဆိုင်မောဝ် စတိတ်စင်ပေါ်မှာ သီချင်းတက်ဆိုခဲ့ရတော့ ပျော်နေဆဲအချိန်၊ ပရိသတ်တွေရဲ့ လက်ခုပ်သံကို ပီတိဖြစ်နေတဲ့အချိန်ပါ။ သီချင်းနှစ်ပုဒ်ဆိုပြီးတာနဲ့ ပတ်ဝန်းကျင်က သွေးထိုးမှုကြောင့် စိုင်းဆိုင်မောဝ်မှာ စကားပြောစက်ရှိတယ်ဆိုပြီး သူ့ကို သက်ဆိုင်ရာက ခဏလိုက်ခဲ့ပါဆိုပြီး လိုက်သွားရတယ်။ သူ့ခမျာ အနွေးထည်တောင် မယူအား ရှာဘူး။ တောင်ကြီး ရပခထဲရောက်သွားတယ်။ တပ်ပြေးများ ချုပ်ထားတဲ့ နေရာမှာ သူ့ကို သွားထားတယ်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရဲ့ ပွဲသံတော်သံတွေ၊ အိုးစည်ဗုံမောင်း သံတွေ၊ ရွှေပွဲလာများ မီးပုံးပျံတက်သွားလို့ ပျော်ရွှင်အော်ဟစ်နေတဲ့အသံတွေ သူကြားသာကြားနေ ရတယ်။ သူက ဘာမှ မခံစားနိုင်တော့ပါဘူး။ အနုပညာသမားတစ်ယောက် ပွဲကြီးပွဲကောင်းနဲ့ လွှဲရတဲ့အချိန် သူ့ခမျာ ဘယ်လိုမှ မတတ်နိုင်တော့ဘဲ မျက်ရည် အကြိမ်ကြိမ်ဝဲခဲ့ရလေရဲ့။ အဲဒီတောင်ကြီး ဒီဇင်ဘာလ တန်ဆောင်တိုင်ည ကိုလွှမ်းရင်း တောင်ကြီးဒီဇင်ဘာရဲ့အအေးဒဏ်ကြောင့် သူ့ဘေးနားမှာ ရှိတဲ့ ဂုံနီအိတ် တစ်လုံးထဲ ဝင်ကွေးနေရတော့တယ် မိုးလင်းအထိ။ ဒီလိုနဲ့ အပြင်လောကကို သူနှစ်နှစ်လောက် ကင်းကွာသွားခဲ့ရတယ်။ ရပခမှာ နောက် တပ်မှူးအသစ်ရောက်လာမှပဲ သူ ပြန်လွှတ်လာတော့တယ်။ သူအကျဉ်းအကျပ်ထဲရောက်နေချိန် ဘယ်သူကမှ သူ့ဆီ မလာပေမယ့် သူ့ကို အမြဲလာအားပေးတာကတော့ မိုးမိုးအေးပါ။

အပြင်လောကထဲ ရောက်လာပြန်တော့ အလုပ်အကိုင်က ဟုတ်တိပတ်တိမရှိ သေးတော့ ဝါသနာအရ စနိုကာကစားပြီး စိတ်ဖြေနေရတော့တယ်။ အဲဒီမှာ ဂီတစာဆို မောင်မောင်ညွှန့်နဲ့ ခင်သွားတယ်။ နောက်ပြီး ကိုမြတ်လင်း(ရွှေညောင်တေးသံသွင်း)နဲ့ ခွန်ထွန်းပ (တောင်ကြီး)တို့က သူ့ကိုလာတွေ့ပြီး ရန်ကုန်မှာ သီချင်းသွားသွင်းဖို့ ကမ်းလှမ်းခဲ့တယ်။ အစကတော့ သူငြင်းလိုက်သေးတယ်။ နောက်ပိုင်း တော့ လိုက်ဖြစ်သွား ပြီး ချစ်သောနန်းနှင့် ရှမ်းမောမြေ စီးရီးကိုသွင်းခဲ့တယ်။ (၁၉၇၈)
သူဆိုပြီးတာနဲ့ တောင်ကြီးကို အရင်ပြန်လာခဲ့တယ်။ သူ့သီချင်း နာမည်ကြီးလာမယ်လို့ သူမထင်ခဲ့ဘူး။ သူ့ရဲ့ ဗမာပထမစီးရီး ဘယ်အချိန်ကထွက်သွားသလဲဆိုတာ သူသတိမထားမိခဲ့ဘူး။ တစ်နိုင်ငံလုံး သူ့သီချင်းတွေ ပေါက်သွားလေတော့တယ်။ လူတွေ အကြိုက်ဆုံးကတော့ ချစ်ဇနီးလေးအေး နဲ့ ညောင်ညိုရိပ်အောက်ကချစ်စကား ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သူရဲ့ဒီစီးရီးကြောင့် စိုင်းဆိုင်မောဝ် ဆိုတဲ့ နာမည်လည်း တစ်နိုင်ငံလုံး သိသွားကြတယ်။ ၁၉၇၆-၇၇ ရှမ်းတေးအမှတ် ၀၀၁၊ ၀၀၂၊ ၀၀၃ တွေထွက် ကတည်းက ရှမ်းပရိသတ်ထဲမှာတော့ စိုင်းဆိုင်မောဝ်က နာမည်ရှိပြီးသားပါ။ မိုးမိုးအေး နဲ့အတူ နန်းခမ်းမိုင်၊ နန်းခမ်းမွန်ဆိုပြီး သမီးနှစ်ယောက် ရှိခဲ့တယ်။ မိုးမိုးအေးတော့ သူတို့ကိုထားရစ်ပြီး စောစီးစွာ လောကက ထွက်ခွာသွားခဲ့တယ်။

ပထမစီးရီးအောင်မြင်ပြီးတဲ့နောက် စိုင်းဆိုင်မောဝ်လည်း နောင်သီချင်းသစ်တွေ ထပ်ထွက်နိုင်အောင် ကြိုးစားလာတော့ ဆက်တိုက်လိုလို သူ့တေးသံတွေ ပရိသတ်နား စွဲသွားတော့တယ်။ သူ့သီချင်းတွေထဲမှာ တောင်ပြာတန်းကသိတယ် ဆိုတဲ့သီချင်းကတော့ ကြားရတဲ့သူတိုင်း အဲဒီတေးသွားနဲ့ စာသားကို နှစ်သက်ကြတယ်။ ဗိုလ်ချုပ်ကြီး နေဝင်းကိုယ်တိုင် အဲဒီသီချင်းကို အရမ်းကြိုက်တယ်လို့ သိရတယ်။

۵ ☍ နန်းမွေဖေါင် နှင့် စိုင်းဆိုင်မောဝ်۵ ☍

အနုပညာလောကထဲမှာ ကျင်လည်ခဲ့ရင်း လားရှိုးမြို့မှာ သီချင်းလာဆိုတဲ့အချိန် မူဆယ်က နန်းမွေဖေါင်နဲ့ တွေ့ခဲ့ပြီး ၁၉၇၉ ခုမှာ နန်းမွေဖေါင်နဲ့ လက်ထပ်ခဲ့ကာ မူဆယ်မှာ အခြေချနေထိုင်ခဲ့တယ်။ ရှမ်းသီချင်း မြန်မာသီချင်းတွေလည်း ဆက်တိုက်လိုလို သွင်းဖြစ်ခဲ့တယ်။ ကြုံရာအလုပ်လုပ်ရင်း ကုန်တင်ကားကြီး ကိုလည်း သူတက် မောင်းခဲ့တာပဲ။ မူဆယ်မန္တလေးလမ်းကို အမြဲတမ်းသွားလာနေလေတော့ သူ့ခံစား ချက်ကို သီချင်းတစ်ပုဒ်အဖြစ် တင်ပြလိုက်သေးတယ်။ မူဆယ်နမ့်ခမ်းလမ်း တဲ့ ကားသမားတိုင်းလိုလို အဲဒီသီချင်းကို ကြိုက်ကြတယ်။ သူမူဆယ်မှာနေစဉ် ဗွီဒီယို ဇာတ်လမ်းခေတ်ထနေတဲ့အချိန်ဖြစ်တော့ သူနဲ့ နန်းမွေဖောင်က သင်မွၵ်ႇၵွၼ်မေႃလၢတ်ႈၵႂၢမ်း - ဆန်မောက်ကွမ် မော်လတ်ကွမ်း (ချယ်ရီသာ စကားပြောတတ်ရင်) ဆိုတဲ့ ရှမ်းကားတစ်ကား ရိုက် ဖြစ်လိုက်သေးတယ်။ နန်းမွေဖောင်နဲ့အတူ စိုင်းလှိုင်း၊ စိုင်းဇင်၊ စိုင်းမိန်းဆိုပြီး သားသုံးယောက် ထွန်းကားခဲ့တယ်။ သူ့ဇနီး နန်းမွေဖောင်ကိုလည်း အနုပညာစင်မြင့်ပေါ် တင်ပေးကာ ရှမ်း၊ ဗမာသီချင်းတွေ အတူ ဆိုဖြစ်သေးတယ်။ သူ့ဇနီး နဲ့ပတ်သက် ပြီး လူသိများတဲ့ ရှမ်းသီချင်းတစ်ပုဒ်ကတော့ မွေနွမ်ဖောင် ဆိုတဲ့ သီချင်းပါ။ ဖြစ်ပျက်ရကုန်ဆုံကွဲ ဆိုတဲ့အတိုင်း ၁၉၉၀ မှာ နန်းမွေဖောင်နဲ့ အိမ်ထောင်ကွဲခဲ့တော့တယ်။

۵ ☍ နန်းမောက်စမ်ခမ်း နှင့် စိုင်းဆိုင်မောဝ် ۵ ☍

နာမည်ကြီးအဆိုတော်တစ်ယောက်ရဲ့ သတင်းကတော့ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သာမန်လူထက်တော့ ပိုပြီးပျံ့မှာပဲ။ အဲဒါ ဓမ္မတာပါ။ စိုင်းဆိုင်မောဝ် ကွဲပြီ၊ စိုင်းဆိုင်မောဝ်ဇာတ်သိမ်းပြီ၊ စိုင်းဆိုင်မောဝ် နောက်တစ်ယောက်နဲ့ တွဲပြန် ပြီ စသဖြင့် မကြားချင်လည်း နားထဲဝင်လာမစဲတသဲသဲပါ။ ဒီတစ်ခါတော့ စိုင်းဆိုင်မောဝ်ရဲ့ ဖူးစာ က နမ့်ခမ်းသူလေး နန်းမောက်စမ်ခမ်းတဲ့။ ဇာတ်လမ်းကတော့ ဒီလိုတဲ့။ နမ့်ခမ်းမြို့ရဲ့ ဆင်ခြေ ဖုံးရွာလေးတစ်ရွာ မန့်နားဆိုတာရှိတယ်။ အဲဒီရွာရဲ့ တောင်ကုန်းကနေ လှမ်းမျှော်ကြည့်လိုက် ရင် ရွှေလီမြစ်ဝှမ်းရဲ့ လယ်ကွင်းပြင်ကြီး တမျှော်တခေါ် မြင်ရပြီး တရုတ်ပြည်ကနေ ကုန်ပစ္စည်း တွေ ဒီဘက်နိုင်ငံကို လယ်တောထဲဖြတ်ပြီး ဝင်လာကြတယ်။ လယ်တောထဲမှာ လှည်းလမ်း၊ ကားလမ်းတွေ ပေါက်နေတာမြင်ရတော့ စိုင်းဆိုင်မောဝ်က ရှမ်းသီချင်းတစ်ပုဒ် စပ်ဆိုနိုင်ခဲ့တယ်။ ၶူၼ်တၢင်းၵႃး မီးၼႂ်းၼႃး - ခွန်တန်းကား မီးနိုင်းနား (လယ်ကွက်ထဲက ကားလမ်း)တဲ့။ သီချင်းတွေ ရေးစပ်ပြီး အပြန် နန်းမောက်စမ်ခမ်းတို့ အိမ်ကို ဝင်နား စကားစမြည်ပြော၊ ရင်းနီးသွားကာ နောက်ဆုံး ကြင်ဖေါ် ဖြစ်သွားကြတော့တယ်။

မကြာခင် နန်းမောက်စမ်ခမ်းနဲ့အတူ ႁၵ်ႉၽၢတ်ႇယၢပ်ႇ - ဟတ်ဖတ်ယပ် (ချစ်တော့လည်း ခွဲရခက်) ဆိုတဲ့ ရှမ်းစီးရီး တစ်ခွေ ထွက်လာတယ်။ စိုင်းဆိုင်မောဝ်က နန်းမောက်စမ်ခမ်းကို စင်တင်ပေးတဲ့ စီးရီးလို့ ဆိုရပါမယ်။ အဲဒီကစပြီး နန်းမောက်စမ်ခမ်းလည်း ရှမ်းနာမည်ကြီးအဆိုတော်အဖြစ် ယနေ့တိုင် ရပ်တည်လာခဲ့တော့တယ်။ နာမည်ကျော်စုံတွဲအဆိုတော်ဖြစ်တော့ ဘယ်မှာသီချင်းသွားဆိုဆို နှစ်ယောက် စလုံး အဖိတ်ခေါ်ခံရတယ်။ ဒါကြောင့် သူတို့အတွဲ ရှမ်းပြည်မှာ တော်တော်နှံ့နှံ့စပ်စပ်ရောက်သွားကာ ပရိသတ်များကို သီချင်းနဲ့ နှစ်သိမ့်ပေးခဲ့ရတယ်။ တစ်ခါ တာချီလိတ်ဘက်က လာဖိတ်လို့ ရောက်သွား တယ်။ တာချီလိတ်ရောက်တော့ ထိုင်းနိုင်ငံထဲ သွားရမယ်တဲ့။ လာရတဲ့ခရီးကလည်း ရှမ်းပြည်မြောက်ပိုင်း ကနေ အရှေ့ပိုင်းအထိ တကူးတကလာရပြီး ဆက်မလိုက်သွားရင်လည်း မသင့်တော်တာကြောင့် ထိုင်းနိုင်ငံထဲ လိုက်သွားတယ်။ ထိုင်းနိုင်ငံထဲ ရောက်တော့ လာခေါ်တဲ့သူနဲ့ ခရီးဆက်ရင်းဆက်ရင်း ဟိုမိန်းဒေသကိုရောက်လာလေတော့ ပြန်ဆုတ်လို့လဲ မရတော့ဘူး။ ဆုတ်လည်းစူး စားလည်းရူး ကိန်းဆိုက်ခဲ့တယ်။ အဲဒီအချိန်က ဟိုမိန်းဒေသဟာ ခွန်ဆာရဲ့ ရှမ်းပြည်တပ်မတော် MTA ဌာနချုပ် ဖြစ်တယ်။ စိုင်းဆိုင်မောဝ်လည်း ရောက်တဲ့အရပ်မှာ ပျော်အောင်နေဆိုသလို သူ့အနုပညာနဲ့ ဟိုမိန်း ပရိသတ်ကို ဖျော်ဖြေပေးခဲ့တယ်။ စိုင်းဆိုင်မောဝ်ရဲ့ ခံယူချက်ကတော့ ကလေးနဲ့တွေ့ရင် ကလေးလိုတွေး၊ လူငယ်နဲ့တွေ့ရင် လူငယ်လိုပျော်၊ လူကြီးနဲ့တွေ့ရင် လူကြီးလိုပြောဆိုဆက်ဆံ၊ သူတောင်းစားနဲ့တွေ့ရင် သူတောင်းစားကို ခင်မင် တတ်ရမယ် တဲ့။

ဒီလိုနဲ့ ဟိုမိန်းမှာ ၂ နှစ်ကြာခဲ့တယ်။ သူနဲ့ နန်းမောက်စမ်ခမ်းတို့ရဲ့ ရှေ့ရေးကို ထည့်မတွေးလို့လည်း မဖြစ်တော့ နှစ်ဦးသား တီးတိုးတိုင်ပင်ခဲ့ကြတယ်။ ဟိုမိန်းကနေ ထွက်ခွာ ဖို့ဆိုလည်း လုံးဝမလွယ်တဲ့ အချိန်ဖြစ်နေတယ်။ ဒါပေမယ့် အခါအခွင့်သင့်တာနဲ့ သူနန်းမောက်စမ်ခမ်းကိုခေါ်ပြီး သေနတ်တို တစ်လက်၊ ကျည်ဆံအချို့နဲ့ ကယားပြည်နယ် လွယ်ကော်တပ်ရင်းမှာ အလင်းဝင်ခဲ့တယ်။

နန်းမောက်စမ်ခမ်းလည်း နာမည်ကြီး ရှမ်းအဆိုတော်ဖြစ်လာတော့တယ်။ သူမရဲ့အသံ ကလည်း ဆွဲဆောင်မှု အပြည့်ရှိတယ်လေ။ နန်းမောက်စမ်ခမ်

24/05/2024

၂၂၇ အကျဉ်း

ကဆုန်လပြည့် ဗုဒ္ဓနေ့
22/05/2024

ကဆုန်လပြည့် ဗုဒ္ဓနေ့

တောင်ကြီစျေးနေ့
29/04/2024

တောင်ကြီစျေးနေ့

17/04/2024
၁၃၈၆ ပါမောက္ခချုပ်ဆရာတော်ကြီး၏မြန်မာနှစ်ဦး အထူးမေတ္တာ
17/04/2024

၁၃၈၆ ပါမောက္ခချုပ်ဆရာတော်ကြီး၏
မြန်မာနှစ်ဦး အထူးမေတ္တာ

15/04/2024

🌺🌿သင်္ကြန်တွင်းကာလမှာ
ကိုယ့်အိမ်မှာ သီလယူ
ကိုယ့်အိမ်မှာ တရားထိုင်
ကိုယ့်အိမ်မှာ တရားနာလိုက်ရင်
ကိုယ့်အိမ်ဟာ ရိပ်သာပါပဲ...🌿🌺

အရှင်ကောသိယ (ငါန်းဇွန်း)
………………………………………

#ကူးယူပြီးထပ်ဆင့်မျှဝေကုသိုလ်ပြုပါသည်။🙏🙏🙏

23/03/2024

ယောင်္ကျားတစ်ယောက် က
ကာမပိုင် မိန်းမတစ်ယောက်
ရှိပြီးသွားရင်

ကြောင် ၅ ကောင်ကို သတ်ရတယ်

ဇီဇာ / သဝန် / သရဲဘော / သတ္တိ/ ဖွန်
ဆိုတဲ့ ကြောင် (၅)ကောင် ကို
အသေသတ်ရပါတယ်တဲ့

အဲ့ဒါကို
မယားနေ စ ကြောင်သေမှ
လို့ခေါ်တယ်

မိန်းမတစ်ယောက် က
ကာမပိုင် ယောင်္ကျားတစ်ယောက်
ရှိပြီးသွားရင်

ဆင် ၅ ကောင်ကို သတ်ရတယ်

အပြောအဆို / အနေအထိုင် / အသွားအလာ / အသုံးအစွဲ / အပျံ့အလွင့် ဆိုတဲ့ ဆင်ခြင်စရာ ဆင်(၅)ကောင် ကို
အသေသတ်နိုင်ရမယ်

အဲ့ဒါကို
လင်နေစ ဆင်သေမှလို့
ခေါ်ပါတယ်

လင်နဲ့မယားဆိုတာ
လျှာနဲ့သွား ဖြစ်တဲ့အပြင်
ဘဝ
နောက်ဆုံးအချိန်တွေရဲ့
လက်တွဲဖော်ဆိုလဲ ဟုတ်တယ်
အဲ့အတွက်ကြောင့်
တဦးအပေါ်တဦးက
ဘယ်လိုပြသာနာအခက်အခဲတွေ
ရှိလာရှိလာ
ဖေးမကူတွဲပြီး
နားလည်မှုအပြည့်နဲ့သစ္စာရှိဖို့
ရှေ့ဆက်
လက်တွဲခိုင်မြဲဖို့သာ
အဓိက မို့
အမြဲ ၂ယောက်လုံး
အဆင်ပြေပြေနေကြမယ်ဆိုတဲ့
အတွေးပဲ နှလုံးသွင်းထားဘို့
လိုအပ်လှပါတယ်ဆိုတဲ့အကြောင်းးး
လေးပြောချင်လို့ပါ။။။။

20/03/2024
မြဘုရား၏ ဥတုသုံးလီ
15/03/2024

မြဘုရား၏ ဥတုသုံးလီ

20/12/2023

ရှေး မြန်မာ့ဆိုင်း

09/12/2023

မိမိထက် အသက်ဂုဏ်ဝါ ကြီးမားသူတို့အပေါ် မနာလိုမုန်းတီးကာ၊ ကာယမြောက် ဝစီကံမြောက် မနောကံမြောက် ပြောဆို ပြစ်မှားနေခြင်းသည် ခင်ပွန်းကြီး(၁၀)ပါးကို ပြစ်မှားနေသလိုဖြစ်၍၊ မိမိတို့ တရားအားထုတ်သည့်အချိန်မှာ ဝိနယကုက္ကုစ္စဖြစ်စေကာ၊ မဂ္ဂန္တရာယ် ဖြစ်စေတတ်သည်။

ထို့နောက် မိမိပြစ်မှားလိုက်သောသူက မိမိထက် သီလ သမာဓိ ပညာ သာနေခဲ့သော် သို့မဟုတ် တစ်မဂ်တစ်ဖိုလ်ရထားသူ ဖြစ်နေခဲ့မည်ဆိုပါက၊ အရိယူပဝါဒန္တရာယ် ဖြစ်သွားတတ်သောကြောင့်၊ ရဟန်းပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် နောင်တစ်ချိန်မှာ နောင်တဖြစ်စေ၍ သေခါနီးမှာ ဝိနယကုက္ကုစ္စ ဖြစ်စေတတ်သောကြောင့်၊ မည်သူမဆို မပြောသင့် မပြုသင့်ပဲ၊ ဆင်ခြင်ဉာဏ် အားကြီးကာ စိတ္တနုပဿနာ သတိပဋ္ဌာန်တရား လက်ကိုင်ထားတတ်ကြပါစေ ဟု သတိပေးခွင့်ပြုကြပါ။

နှလုံးသွင်းမှန်ပါစေ။ ကြောက်စရာကောင်းလွန်းလို့ပါ။

28/11/2023

"တောင်တော်ပုပ္ပါး"လို၊ "ပန်းရည် ဘဏ်တိုက်"' လို သီချင်းမျိုးရဲ့ ဖန်တီးရှင် တေးရေးဆရာ…

~ ကန်မြဲ ကိုအေးကျော် ~
*****t***h***u***r***a*****
(ဆရာချစ်ဦးညို)

ချီလေတဲ့ ချီလေ၊ ဤမြေမှ ထိုတောင်တန်း၊ အပြန် အပြန်လားကွယ့်၊ အသွား အသွားပါဗျို့၊ မိုးလေသာခိုက် သယ်ယူလိုက်ပါ့၊ ပန်းရည်ဘဏ်တိုက် ဆောက်ကြပါလေကုန်။

အကြောင်းတရားနှင့် အကျိုးတရား ဆက်စပ်မိပြီးနောက်တွင် ပန်းရည်ဘဏ်တိုက်ကို ဆိုရမည်မှာ ပါးစပ် အရသာ ရှိလာပါသည်။ နှုတ်၊ လျှာ၊ အာတွေ့ရုံမျှမက ရင်ဖြင့်လည်း တစ်ဝကြီး နှလုံးခွေ့လာပါသည်။ ဤသို့သော ထူးကဲသိမ်မွေ့ သည့်ရသကို ပေးစွမ်းနိုင်သည့် ကျေးဇူးရှင် တေးပြုဆရာ၏ ကျေးဇူးကိုလည်း ဆင်ခြင်မိလာပါသည်။

တေးပြုဆရာကား အထက်အညာ မြင်းခြံတစ်ဝိုက်၊ ကန်မြဲဇဂျမ်းရွာသား ဆရာကိုအေးကျော် ဖြစ်လေသည်။ ဆရာ ကိုအေးကျော်တဲ့။ နိုင်ငံကျော် နာမည်ကြီး လျှမ်းလျှမ်းတောက်သီချင်းရေးဆရာ မဟုတ်။ လူသိ မများ။ ဟိုအညာကျေးလက်တောရွာက ပုဂ္ဂိုလ်။ သူ့ရုပ်ပုံလွှာသည် မှေးမှိန်ဝေသီလွန်းလှသည်။ ပန်းရည်ဘဏ်တိုက် ကို ကျွန်တော် သိသော်လည်း သူ့ကို ကျွန်တော်မသိ။ ထိုနည်းတူ ကျွန်တော်တို့အသည်းစွဲကြိုက်ရသော သာလေစွရွှေညာမြေ (လုံမလေး)၊ ရုပ်သေးပွဲ သွားရအောင် (ခင်အုန်းမြင့်လေး)၊ မိုးဦးတေး (ကိုဘသောင်း)၊ တောင်တော်ပုပ္ပါး (ကိုဘသောင်း)၊ တေးများ၏ လက်ရာရှင် များလည်း ဆရာကိုအေးကျော်ပင်ဖြစ်ကြောင်း သိလာသောအခါ သူ့အပေါ် စိတ်၀င်စားညွတ်နူး စိတ်များက ဖြတ်ဖြတ်နိုး ကြားလာလေသည်။

အရိုးခံလှ ကြွယ်ဝပေသော ဤတေးများ၏လက်ရာတွင် ကိုအေးကျော်သည် မည်သူနည်း။ မည်သို့နည်း။

ကိုအေးကျော်သည် ဆေးရွက်ခူးသူ၊ ကွမ်းရွက်ရောင်းသူ၊ ဆေးရွက်ကွမ်းကုန်ကူးသူ။ ကုန်ကူးသည်ဟု ဆိုရငြား သီချင်းရေးဖို့ကလွဲပြီး တစ်လောကလုံးမှာ ဘာကိုမျှ စိတ်မ၀င်စားသူဖြစ်သောကြောင့် ရောင်းသမျှစျေး၊ ကူးသမျှ ကုန်ရှုံးသည် ချည်းပင်။

သူသွားလေရာပင် မျဉ်းကြောင်းမပါသော အကြမ်းစာအုပ်တစ်အုပ်ပါသည်။ ခဲတံတစ်ချောင်း၊ ဖယောင်းတိုင်နှင့် မီးခြစ်ဘူးပါသည်။ ရောက်သည့်စျေး၊ ရောက်သည့်ပွဲရုံတွင် ဖယောင်းတိုင်ထွန်းကာ အကြမ်းစာအုပ်တွင် ခဲတံဖြင့် သီချင်းရေးသည်။ အချိန်တိုင်းမှာလည်း သီချင်းရေးဖို့ တွေးသည်။ လောက မျက်မြင်အလှ၊မျက်ကွယ်အလှတို့ နောက်သို့ စက္ကန့်နှင့်သမျှ သူတစေ့စပ်စပ်လိုက်ကြည့်သည်။ သီချင်းစာသား၊ စကားလုံးလေးတွေ ဘယ်လို ဖန်ဆင်းမည်ဆိုတာပဲ သူ တွေးသည်။

သီချင်းတွေ ရေးရာတွင်လည်း သူ့မှာ ရေးချင်လို့ ရေးတာပဲ ရှိသည်။ မရေးရမနေနိုင်သောကြောင့် ရေးသော သီချင်းရေးဆရာ ဖြစ်သည်။ မြန်မာ့အသံပို့ဖို့ ဓာတ်ပြားတိုက်နှင့် ဆက်သွယ်ဖို့ အဆိုတော်တစ်ဦးဦးထံအပ်ဖို့ သူ့မှာ ရည်ရွယ်ချက်အလျင်းမရှိ။ သီချင်းရေးခ ရလိုမှု၊ နာမည်ကျော်ကြားလိုမှု သူ့ခေါင်းထဲမှာ မရှိ။ သူ့ပန်းရည် ဘဏ်တိုက်သော် မှာပင် ကဗျာဆရာကြီးတစ်ဦးက (ဦးတင်မိုး) အစီအစဉ်လုပ်ပေးသောကြောင့် တိုင်းသိပြည်သိ သီချင်းအဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။ ဉာဏ်ပူဇော်ခ ငွေ ၂၀၀ ကျော်ကို စာတိုက်မှတစ်ဆင့် လက်ခံရာ တွင်လည်း ငွေလွှဲစာဖြတ်ပိုင်း၌ ““အေးကျော်”” ဟူသော လက်မှတ်မှတစ်ပါး ဘာမျှမပြန်ကြား။ ရန်ကုန်သို့ ခေါ်သော်လည်း သူ မလိုက်။ သီချင်းရေးဖို့မှအပ လောကကြီးသည် သူ့အတွက် ဘာမှစိတ်၀င်စားရာမရှိသော အရာ ဖြစ်နေသည်။ သူ့အကြောင်း အတော်လေးသိသော တစ်ရွာတည်းသား ကဗျာဆရာကြီး ဆရာဂျမ်းခေါ် ဦးတင်မိုး အား ကျွန်တော် မေးကြည့်ပါသည်။ သူက တသသ ဖြေလေသည်။

““ကိုအေးကျော်ဟာ သီချင်းရေးဖို့ အသက်ရှင်နေတဲ့သူပဲ။ မျက်လုံးတွေကလည်း စူးစူးရှရှအရောင်တွေ တောက်နေ တယ်။ ဘာကိုမဆို အလေးအနက်ကြည့်တယ်။ ဘာပဲမြင်မြင် ကြားကြား၊ ဒါကို သီချင်းစာသား ဖြစ်အောင် ဘယ်လိုကူး ပြောင်းလိုက်ရမလဲဆိုတာကိုပဲ အမြဲတွေးနေတာ။ စီးပွားရေးဆိုတာ ဝေးရော၊ သူကိုယ်တိုင် ထမင်းစားတာတောင်မှ သူ့အစ်မကြီးက စိတ်တိုတိုနဲ့ကျွေးတဲ့ ထမင်းရော၊ ဟင်းရော ရောပုံထားတဲ့ အိုးလေးနဲ့ပဲ မညည်းမညူစားတာ၊ ဘာဆိုတာ ဘာတစ်ခုကိုမှ အားကျမရှိဘူး””

““ကုန်းစောင်းမှာ အိမ်ထောင်ကျဖူးတယ်၊ ဇနီးရော သားသမီးပါ ဆုံးပါးသွားကြရှာတယ်””

““သူ့သီချင်းတွေ မြန်မာ့အသံက ဓာတ်ပြားရပြီး လွှင့်နေတာလည်း သူမသိဘူး၊ ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဇာတ်ကားရိုက်တော့ ဆရာမင်းကျော်နဲ့ ဆရာဦးသုခတို့ရဲ့ လိုလားချက်အရ ဒီစကားလုံးရဲ့ မူလပိုင်ရှင် ဖြစ်တဲ့ သူ့ကို ဂုဏ်ပြု ချီးမြှင့်ချင်လို့ ရန်ကုန်ကိုခေါ်တော့ သူက ငြင်းတယ်လေ””

““သီချင်းအဖြစ် ရောက်မလာတဲ့ သူ့စာတွေ အများကြီးရှိဦးမယ်၊ ကိုယ်တစ်ပိုင်းတစ်စ နှုတ်ရဲ့ရထားတာလေး
တစ်ခု ရှိတယ်၊ ဘယ်လောက်အတွေးစိပ်တဲ့သူလဲ၊ ဘယ်လောက်စကားလုံးနိုင်တဲ့သူလဲ စဉ်းစားကြည့်””

ဆရာရွတ်ပြသည်။ ကျွန်တော် ကောက်မှတ်လိုက်သည်။ တစ်ပိုင်းတစ်စ ထိုစကားလုံးမှာ “သံသရာ ဘ၀ ဓာတ်ပြားပြင်ဆီ၊ နာမ်ခန္ဓာနှစ်၀ ဇာတ်လျားအစဉ်သည်၊ ကံကြမ္မာက အပ်သွားတင်လေပြီ”

““သူ အခု ဘယ်မှာနေသလဲ”” ဟု မေးပါသည်။

““မရှိတော့ဘူးဗျာ၊ ကိုအေးကျော် ဆုံးသွားရှာပြီ၊ ဘယ်နှခုနှစ်၊ ဘယ်လ၊ ဘယ်ရက်၊ ဘယ်တုန်းက ဆုံးသွားမှန်း ဘယ်သူမှ မသိကြဘူး၊ ဘာရောဂါမှန်းလည်း မသိဘူး၊ ဆုံးတာ သုံးလေးနှစ် ရှိသွားပြီတဲ့၊ သူ့အစ်မ ဒေါ်ဆယ်တင် တောင် မမှတ်မိဘူး၊ သူ့တူလေးပြောတော့ မိုးတွေရွာနေတုန်း နွားတင်းကုပ်ထဲမှာ ခွေခွေလေး ဆုံးနေတာပဲတဲ့လေ””

““ “အို ဘယ့်ပျားငယ် ပျားသူငယ်ရယ် မိုးလေသာခိုက် သယ်ယူလိုက်ပါ့ ပန်းရည်ဘဏ်တိုက် ဆောက်ကြပါလေ ကုန်” တဲ့လား ကိုအေးကျော်ရယ်””

( ဆရာချစ်ဦးညို ရဲ့ ပန်းရည်ဘဏ်တိုက် ဆောင်းပါး)
https://m.facebook.com/story.php?story_fbid=321481599344665&id=100044484822051
-------t----------h----------u----------r-----------a--------

( ဆရာနေ၀င်းမြင့်ရဲ့ဟောပြောချက် )

ဒါကြောင့် ကျွန်တော်တို့ ခံစားတတ်သောနှလုံးသားနဲ့ ခံစားတတ်သောစိတ်ရှိဖို့လိုပါတယ်။
ပန်းရည်ဘဏ်တိုက် ကိုအေးကျော် နွားတင်းကုပ်ထဲမှာ ခဲတံလေး တံတွေးဆွတ်ပြီးရေးတာ။ သိပ်ဆင်းရဲရှာ တယ်။ တောင်တော်ရွှေပုပ္ပါး လဲသူရေးပါတယ်။ နဂါးလိန် ချော်ဆစ်က စကားဝါတောင်တော်ပန်းခိုင်… လှမ်းဆွတ်ပါ့မေရယ် ပန်းခက်က ဝေတယ်.. ဘယ်သူ ပြိုင်လို့ လှပါတော့နိုင်… ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဆိုတဲ့ ကိုအေးကျော်ရဲ့ စာလုံးရှစ်လုံး ကို ဒါရိုက်တာဦးသုခက ( အဲဒီခေတ်က ) ငွေ၅၀၀ ပေး၀ယ်တယ်။

အင်မတန်အနုပညာမြောက်တဲ့ သီချင်းရေးဆရာ အင်မတန် ဆင်းရဲရှာတယ်။ မြင်းခြံစျေး ထဲမှာ ကွမ်းရွက် ကလေး ရောင်းရတယ်။ တစ်နေ့တော့ သီချင်းလေးတစ်ပုဒ်သူရေးတယ်။ မြင်းခြံသူလေး ရုပ်သေးပွဲ ဟိုဘက်ရွာ သွား ကြည့်မယ့် အဖြစ်ကလေးကို သူရေးတယ်။ သူတို့ရွာသူလေးတစ်ယောက် အင်မတန်ဆင်းရဲတယ်။
ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှိုင်းလို့ ရွှေဝိုင်းတို့ ဗေထိဆော်…ရုပ်သေးပွဲက ဒီခေတ်လို ကျွန်တော်တို့က ကြော်ငြာလို့ရတာ မဟုတ်ဘူး။ လက်ကမ်းကြော်ငြာပေးလို့ရတာမဟုတ်ဘူး။

ဗေထိ..ဗေထိ..ဗေထိ..ညနေ(၄) နာရီ လောက် ဆို အသံပေးရပြီ။ ဒီအသံကြားရင် ရုပ်သေးပွဲရှိပြီ။ ဒီကနေ့မှ သွားမကြည့်ရင် နောက်(၅)နှစ် လည်း မသေချာ။ နောက်(၁၀)နှစ်လည်း မသေချာတော့ အမေ..သမီးသွားကြည့်ပါရစေ။ အမေကို ခွင့်တောင်း
ကိုအေးကျော်က သီချင်းလေးကို ဒီလိုစတယ်.. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှိုင်းလို့ ရွှေဝိုင်းတို့ ဗေထိဆော် တဲ့အသံကြားတော့ ရင်တွေခုန်ပြီ။

ပွဲကြည့်ချင် လို့..ရုပ်သေးပွဲကြည့်ချင်လို့..သမီးရယ် ရေလေးတော့ ခပ်ခဲ့ပါဦး။ သူမျာလှည်းနဲ့ လိုက်ရမှာ..အမေ…ရဲ့၊ ဒုက္ခပါပဲ..ရေခပ်တော့ လက်ယက်တွင်း ကလေး ကနေ စစ်စစ်ခပ်ရမှာ အမေ သမီးဘယ်မှီမှာတုန်း..။ မှီပါသယ် သမီးရယ် ကိုယ့်အစ်ကိုတွေပဲ နေပါဦးရှင်လို့.. တားထားရင်နေကြမှာပါ။ အမေက ခွင့်ပြုမယ်ဆိုတော့ စံပယ်ပန်းလေး တွေသီ… ရေစို၀တ် လေးနဲ့ အုပ်ထား။ တဘက်ကလေး ပွဲမှာခြုံဖို့..တဘက်ကလည်း ကောင်းကောင်း မရှိတော့ အဟောင်းကို ပဲ မဲနယ်ပြာနေ အောင်ဆိုးပြီး..လှမ်း.. ဒီတဘက်လေးခြုံ စံပယ်ပန်းလေးပန်ပြီးလိုက်ရမှာ..။ သနပ်ခါး ကလည်း တောသူများ ပီပီ ကျောက်ပြင်က တခြမ်းပဲ့နေတယ်။ နတ်သမီးကျွန်းထဲမှာ ပိုးလောက်လန်း က လေးငါးဆယ်ကောင်နဲ့။ သနပ်ခါး ကလည်း အပွေးမရှိ၊ ဂျစ်ဂျစ် ဂျစ်ဂျစ်နဲ့သွေး. ထွက်လာတာလေး ပါးလိမ်း.. မှန်ကလည်း ပြဒါးမပါ.. ရေအိုးလေး ကောက်ပြီး လှည်းလည်းလှမ်းကြည့်၊ ဒါလေးကိုအေးကျော်က သီချင်းကို ၀တ္ထုလေးဖြစ်အောင် ရေးတယ်။

သီချင်းဂီတကဗျာကို ခံစားတာ မတ်တပ်၊ ဖတ်ကာ မတ်တပ်၊ ခံစားတာမတ်တပ်မဟုတ်ပဲနဲ့ နက်နက်ဘယ်လို စပ်ခဲ့ သီခဲ့ ဖွဲ့ခဲ့ကြသလဲ အနုပညာ ကို ဘယ်လိုပေါင်းစပ်ဖော်ကျူးကြသလဲဆိုတဲ့ စိတ်ခံစားမှုမျိုးကိုပါ ကျွန်တော်တို့ သားသမီးတွေကို ကျွန်တော်တို့ သင်ပေးရ လိမ့်မယ်။ ကျွန်တော်တို့မှာ အလုပ်တွေ အများကြီးရှိပါသေးတယ်။

https://m.facebook.com/story.php?story_fbid=321481599344665&id=100044484822051
--------t----------h----------u----------r-----------a-------

( ဆရာမ နုနုရည် )

ကျွန်မ ပုပ္ပါးကို စရောက်ဖူးတဲ့ အချိန်ကစပြီး၊ ရောက်တဲ့ အခါတိုင်း အခါတိုင်းလဲ စိတ်ထဲမှာ ခံစားထိခိုက် ကြေကွဲနေတတ်တယ်။ ပုပ္ပါး တောင်ကြီးက စိမ်းညို့ပြာမှိုင်း.... လို့.....။ စကားစိမ်း စကားဝါ ပန်းရနံ့တွေကလဲ တတောလုံး၊ တတောင်လုံး ကြိုင်လို့ လှိုင်လို့။ ပုဂံပြည့်ရှင် နော်ရထာအတွက် ပုပ္ပါးက ကွမ်းကို ဆက်ဖို့၊ ပန်းကို ဆက်ဖို့ လာခဲ့ရတဲ့ ကိုဗျတ္တနဲ့ ပုပ္ပါးသူလေး မယ်၀ဏ္ဏတို့ရဲ့ မေတ္တာပန်းရနံ့ဟာလည်း ဟောဒီတတောလုံး တတောင်လုံးမှာ သင်းပျံ့လို့ နေပေလိမ့်မယ်လို့....။

ဒီနေရာလေးမှာများ ပုဂံက ချစ်သူအလာကို မယ်၀ဏ္ဏခမျာ မျှော်ရှာလေသလား၊ ဟောဟို .. စကားဝါပင်ကြီး အောက်မှာများ ချစ်သူနှစ်ဦး စကားလက်ဆုံ ပြောမကုန် ဖြစ်ခဲ့ကြသလေလားလို့လည်း ကျွန်မ လျှောက်တွေး တတ် တယ်။ အဲဒီလိုအချိန်များမှာ ပုပ္ပါးနဲ့ ပတ်သက်တဲ့ သီချင်းတွေထဲမှာ ကျွန်မ အကြိုက်ဆုံး လွမ်းစရာ အကောင်းဆုံးသီချင်း။ ကန်မြဲကိုအေးကျော်ရေးပြီး ရေဒီယိုအဆိုကျော် ကိုမြသောင်းဆိုတဲ့ တောင်တော်ပုပ္ပါး သီချင်းကိုများ သတိရမိလိုက်ရင် ဒါမှမဟုတ် ပုပ္ပါးတောင်ထိပ်ကနေ လော်စပီကာနဲ့ ဖွင့်လိုက်ရင် ကြက်သီး မွှေညင်း ထပြီး မျက်ရည်ဝဲအောင် လွမ်းရတယ်။ ကိုအေးကျော်ရဲ့ သီချင်းကလေ ဘယ်လောက်များ စကားလုံး တွေ လှလိုက်သလဲ ဆိုရင်....။

"xx နဂါးလိမ် ကျော်ဆစ်ကxx စကားဝါတောင်တော်ပန်း လှမ်းဆွတ်ပါ့မေရယ်xx ပန်းခက်က ဝေတယ်xx ဘယ်သူပြိုင်လို့ လှပါတော့နိုင်xx" တဲ့.....။

ခဲတံအတိုလေးတတို၊ ဗလာစာအုပ် အစုတ်လေးတအုပ်၊ ဖယောင်းတိုင်တို၊ မီးချစ်ဗူးလေး တဗူးထည့်ထားတဲ့ လွယ်အိတ်နွမ်းလေးလွယ်ပြီး ကန်မြဲရွာကနေ မြင်းခြံကို ဆေးရွက်ကြီးအထမ်းကြီး ထမ်းရောင်းရရှာတဲ့ သူတဦးရဲ့ ရုပ်ပုံလွှာဟာ 'ဘယ်သူပြိုင်လို့ လှပါတော့နိုင်' လို စကားလုံးမျိုးရဲ့ ဖန်တီးရှင် တေးရေးဆရာရဲ့ ရုပ်ပုံလွှာ တဲ့ လား .....။

ကန်မြဲရွာသား နိုင်ငံကျော်ကဗျာဆရာကြီး ဦးတင်မိုးက ပြောပြ ခဲ့ဖူးလို့။ 'တောင်တော်ပုပ္ပါး' လို၊ 'ပန်းရည် ဘဏ်တိုက်' လို သီချင်းမျိုးရဲ့ ဖန်တီးရှင် တေးရေးဆရာရဲ့ ဘ၀ ရုပ်ပုံလွှာကို ကျွန်မ သိခဲ့ရဖူးတယ်။

ပုပ္ပါးရောက်တိုင်း ဒီသီချင်းကို ဆိုမိမြဲ...။ ဒီသီချင်းကြောင့်လဲ ပုပ္ပါးကို ပိုပြီး ခံစားတတ်စေခဲ့တာပေါ့။

( ဆရာမ နုနုရည် ရဲ့ ကျေးဇူးတင်ဖူး....တင်တတ်နိုင်ပါစေ )

တောင်တော်ပုပ္ပါးကို ဓါတ်ပြားသွင်းတော့ “ရင်သပ်ရှုမောလောက်ဖွယ် ထူးမဆန်းသော စိမ့်စမ်းသွယ် ရစ်လည်ဗွေဆိုင်” ဆိုတဲ့ စာသားက ဆရာလင်းခေးလုလင်ပြင်လိုက်တာလို့ ဆရာမ နုနုရည်က ပြောပါတယ်။
ကန်မြဲကိုအေးကျော်ရဲ့ မူရင်းစာသားက “လူသား ကိုဗျတ္တနဲ့ ဘီလူးပန်းစား မယ်၀ဏတို့ မေတ္တာသွယ်ပြိုင်” တဲ့။

ပြီးတော့ ရွှေမိုးတွေ ညို့လိုညို့ရင် အပိုဒ်မှာလဲ မူရင်းက ပုပါးမှာ မိုးညို ညိုရင၊်ချောင်းသွင်သွင် ဆင်း၊ ဧရာမြစ်မင်းသို့တိုင်၊ ဦးတင့်တယ် တူသံဟိန်း၊ မိုးနတ်မောင်ချိမ်းပါလို့ တူယှဉ်ကာပြိုင်” ပါ လို့ ဆရာမ နုနုရည်က ရှင်းလင်းထားတာလည်းတွေ့ရပါတယ်။

--------t----------h----------u----------r-----------a-------

ပန်းရည်ဘဏ်တိုက်
~~~~~~~~~~~

"ချီလေတဲ့ချီလေ၊ဤမြေမှဟိုတောင်တန်း၊
တက်လှမ်းလို့သာချီပါလေ၊
(လေအညွှတ်)၊ ရွှေဝတ်ကယ်(မှုန်)၊
ဝတ်ရည်လု၊ ဝိုင်းစုကာသာ(ပြုံ)။"

'ပန်းရည်ဘဏ်တိုက်'အမည်ရတဲ့သီချင်းရဲ့ ပထမအပိုဒ်က စာသားလေးတွေပါ။အဲဒီသီချင်းဟာ ပျားကလေးများ ဝတ်ရည်စုကြပုံကို ရေးဖွဲ့ထားတာပါ။သီချင်းရဲ့စာသားလေးတွေကို နားသောတဆင်မိရင်ပဲ လူးလာခေါက်တုံ့ ပျံသန်းကာ ဝတ်ရည်စုကြတဲ့ ပျားကလေးများကို အမြင်အာရုံမှာ ရုပ်လုံးကြွပေါ်လာတဲ့အထိ ခံစားရပါတယ်။
အဲဒီသီချင်းမှာ အလွန်လှပတဲ့ စာသားလေးတွေလည်းတွေ့ရပြန်ပါတယ်။(လေအညွှတ်) ဆိုတဲ့စာသားကို ဘယ်သူမှ တွေးမိမယ်မထင်ပါဘူး။လေအဝေ့၊လေအလာစသည် မသုံးပဲ ဆန်းသစ်တဲ့ စကားလုံး(လေအညွှတ်)လို့ ရွေးချယ် သုံးစွဲခဲ့ပါတယ်။
တစ်ခါ "ရွှေဝတ်ကယ်(မှုန်)၊ ဝတ်ရည်လု၊ဝိုင်းစုကာသာ( ပြုံ)၊မြတ်ပန်းရ(ဂုံ)" လို့ ( အုံ) ကာရံကို ရှားရှားပါးပါး အသုံးပြုခဲ့ပြန်ပါတယ်။(မြတ်ပန်းရဂုံ) ဆိုတဲ့ စကားလုံးအသစ်ကိုလည်း တည်ထွင်အသုံးပြုထားပြန်ပါတယ်။(အခုအခါမှာ အဲဒီစကားလုံးလေးဟာ ဘာသာရေးမဂ္ဂဇင်းတစ်ခုရဲ့ အမည်ဖြစ်နေပါတယ်။)
( မိုးလေသာခိုက်၊သယ်ယူလိုက်ပါ့) ဆိုတဲ့ စကားဟာ အလွန်တာသွားပါတယ်။အခွင့်အရေးရခိုက် ကိုယ့်ရည်မှန်းချက် ပေါက်မြောက်အောင်မြင်အောင်လုံ့လစိုက်ထုတ်ကျိုးစားကြပါလို့ တိုက်တွန်းထားတာပါ။
'ပန်းရည်ဘဏ်တိုက်' သီချင်းကို အဆိုတော် (ခင်သစ်လွင်)က သီဆိုခဲ့ပါတယ်။အလွန်အောင်မြင်ကျော်ကြားခဲ့ပါတယ်။အရောင်းရဆုံးဓာတ်ပြား ဖြစ်ခဲ့ပါတယ်။ ဒီသီချင်းကို ရေးစပ်ဖွဲ့ဆိုခဲ့တဲ့ မူလပိုင်ရှင်ဂီတစာဆိုက (ကန်မြဲ အေးကျော်) ဖြစ်ပါတယ်။အခုလို လှပတဲ့သီချင်းကို ရေးဖွဲ့ခဲ့တဲ့ ဆရာကန်မြဲအေးကျော်ရဲ့ဘဝကတော့ မလှပခဲ့ပါဘူး။
ဆရာဟာ မြင်းခြံခရိုင် တောင်သာမြို့နယ်က 'ကန်မြဲ'ဆိုတဲ့ရွာမှာ ၁၉၂၅-ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ ကန်မြဲကို (ကမြဲ)လို့ အသံထွက်ပါတယ်။သူ့ရွာအနီးမှာရှိတဲ့ရွာက 'ဇဂျမ်း'လို့ခေါ်ပါတယ်။ဒါ့ကြောင့် ၂-ရွာနာမည်ပေါင်းပြီး 'ကန်မြဲဇဂျမ်း'လို့ ခေါ်ကြပါတယ်။ဇဂျမ်းဟာ ကဗျာဆရာကြီး'တင်မိုး'ရဲ့ ဇာတိရွာပါ။ဒါ့ကြောင့် ကန်မြဲအေးကျော်နဲ့ ဆရာတင်မိုးတို့ဟာ ရပ်ဆွေရပ်မျိုး သူငယ်ချင်းမိတ်ဆွေတွေပါ။
ဦးအေးကျော်ဟာ သူအလွန် ချစ်တဲ့ဇနီးနဲ့ ရင်သွေးငယ်ကို မီးတွင်းထဲမှာ တပြိုင်နက်ဆုံးရှုံးခဲ့ရလို့ အလွန်စိတ်သောကရောက်ရပါတယ်။ဒါ့အပြင်သူတို့မိသားစုပိုင် စီးပွားရေးလုပ်ငန်းလည်း မီးဘေးသင့်ကာ ပြာပုံဘဝရောက်ခဲ့လို့ လောကဓံရဲ့ထိုးနှက်ချက်ကို အလူးအလဲခံရကာ နောက်ဆုံး မြင်းခြံစျေးထဲမှာ ကွမ်းရွက်ကလေး၊ဆေးရွက်ကလေးရောင်းကာ ဝမ်းရေးဖြည့်ခဲ့ရပါတယ်။
ဦးအေးကျော်ဟာ ဘုန်းတော်ကြီးကျောင်းပညာရေးမျှသာ တတ်မြောက်သူပါ။သို့သော် လောကဓံကိုအံတုရင်း သူရေးဖွဲ့ခဲ့တဲ့ သီချင်းကဗျာများကတော့ကောင်းလွန်းလှပါတယ်။သူ့ရဲ့သီချင်းတွေကို ဘလာစာအုပ်အဟောင်းလေးထဲမှာ ခဲတံလေးတံတွေးဆွတ်ပြီး ရေးလေ့ရှိပါတယ်။သူသွားလေရာမှာ မျဉ်းမပါတဲ့ အကြမ်းစာအုပ်တစ်အုပ်၊ခဲတံတစ်ချောင်း၊ဖယောင်းတိုင်တစ်ချို့နဲ့ မီးချစ်တစ်ဘူး အမြဲပါပါတယ်။သီချင်းရေးချင်စိတ်ပေါ်လာရင် ညကြီးမင်းကြီးမှာပင် ဖယောင်းတိုင်ထွန်းရေးပါသတဲ့။ သူရေးတဲ့သီချင်းစာသားတွေကို ဆရာတင်မိုးက သတ်ပုံသတ်ညွှန်း တည်းဖြတ်ပေးပါတယ်။ ပန်းရည်ဘဏ်တိုက်သီချင်းကလည်း ဆရာတင်မိုးရဲ့ အကူအညီ အဆက်အသွယ်နဲ့ ဆရာလင်းခေးလုလင်က အသံထည့်ပေးခဲ့တာပါ။
ဦးအေးကျော်ဟာ သူ့သီချင်းတွေ ရေဒီယိုမှာ ဓာတ်ပြားရတာကို အစောပိုင်းကမသိခဲ့ပါဘူး။နောက်တော့မှ ပန်းရည်ဘဏ်တိုက်သီချင်းလေး လွှင့်တဲ့အခါ ရေဒီယိုရှိတဲ့အိမ်အနီး အပြေးအလွှားသွားကာနားထောင်ပါသတဲ့။
ဆရာဟာ လောကဓံရဲ့ရိုက်ခတ်မှုကို အလူးအလဲခံရင်း အသက်၅၃-နှစ်အရွယ် ၁၉၇၈-နှစ် ဆောင်းဝင်စ မိုးဖွဲဖွဲကျတဲ့ နေ့တစ်နေ့၊ အမဖြစ်သူရဲ့ နွားတင်းကုပ်မှာ ဘယ်သူ့ကိုမှဒုက္ခမပေး၊ဘယ်သူ့ကိုမှ အကူအညီမတောင်းဘဲ မထင်မရှားနဲ့ ဘဝကူးသွားပါတော့တယ်။
( စကားချပ်။ ။'ဘယ်သူပြိုင်လို့ လှပါတော့နိုင်'ဆိုတဲ့စာသားဟာ ဆရာကန်မြဲအေးကျော် ရေးခဲ့တဲ့ 'တောင်တော်ပုပ္ပား'သီချင်းထဲက စာသားပါ။ဆရာကြီးဦးသုခနဲ့ စာရေးဆရာ မင်းကျော်တို့က ဉာဏ်ပူဇော်ခ ချီးမြှင့်လိုလို့ ရန်ကုန်လာဖို့ဖိတ်ခေါ်ခဲ့ပေမယ့် ဆရာကမလာခဲ့ပါဘူး။)

credit Saya Professor Dr.U Min Swe (Anathesia)
/ Myo Zin
ကိုးကား။
၁။ ဂီတစာဆို ကန်မြဲအေးကျော်၊ မြန်မာဂန္ထဝင်သီချင်းများ ဘလော့၊၃၁-၁၂-၂ဝ၁၆။
၂။ ကန်မြဲ ဇဂျမ်း ကျောင်းအို သတင်းစုံ fb.၁၈-၁ဝ-၂ဝ၂ဝ။
၃။ ခြေခြေမြစ်မြစ်နှစ်နှစ်ကာကာ၊စန္ဒား တင်ဝင်းလှိုင်။
၄။ ဆရာချစ်ဦးညို စာပေဟောပြောပွဲ၊( ကန်မြဲ၊ ဘန်ကောက်၊မြောင်မြို့။)
၅။ ကုန်းဇောင်း၊ကန်မြဲ၊ပန်းရည်ဘဏ်တိုက်နှင့် ကိုအေးကျော်၊ ဦးခင်မောင်တင်(မြန်မာစာ)။
၆။ နွံထဲကကြာ သို့မဟုတ် ဆရာကန်မြဲအေးကျော်ရဲ့သီချင်းများ၊တက္ကသိုလ်တေဇာလင်း၊တောင်သာမြို့နယ် မဂ္ဂဇင်း။

ပန်းရည်ဘဏ်တိုက်သီချင်းနားဆင်ရန်( Link )
*******t*****h*****u*****r*****a*******
https://m.facebook.com/groups/478805402467106?view=permalink&id=569105966770382

ဆို - နီနီဝင်းရွှေ

ရုပ်သေးပွဲသွားရအောင်သီချင်းနားဆင်ရန်( Link )
*******t*****h*****u*****r*****a*******
https://www.facebook.com/100047569162396/videos/208066577455646/

ဆို - ခင်အုန်းမြင့်လေး

တောင်တော်ပုပ္ပါး သီချင်းနားဆင်ရန်(link)
*******t*****h*****u*****r*****a******
ရေး - ကန်မြဲကိုအေးကျော် ၊ ဆို - မြင်းခြံဘသောင်း
https://www.facebook.com/dawmyint.myintthein.3591267/videos/905217537123870/?idorvanity=205657513107254&mibextid=Nif5oz

" မိုးဦးတေး "သီချင်းနားဆင်ရန်(link)
*******t*****h*****u*****r*****a******
ရေး - ကန်မြဲကိုအေးကျော် ၊ ဆို - မြင်းခြံကိုဘသောင်း
https://www.facebook.com/ayeaye.thant.564/videos/1339904499679259/?idorvanity=529052880909500&mibextid=Nif5oz

တေးရေးသူက ကန်မြဲ ကိုအေးကျော် ( တောင်သာ )
တေးဆိုသူက သံဖြူ ဘ သောင်း ( မြင်းခြံ )
တီးဝိုင်းက မြင်းခြံ မြို့မတီးဝိုင်း နဲ့ တစ်ချိန်က
ရေဒီယို နဲ့ဓာတ်ပြားရ " တောင်တော်ပုပ္ပါး " သီချင်း
ရဲ့အမည်အမှန်က " ဘယ်သူပြိုင်လို့ လှပါတော့နိုင် "

မူရင်းပိုင်ရှင်များအားလုံးအား ( credit ) ပေးပါတယ်ခင်ဗျာ။
#သုတရသနှင့်အထွေထွေဗဟုသုတမှတ်စုများ

https://m.facebook.com/story.php?story_fbid=2070590123203364&id=100007571890625
9 - 6 - 2018>9 - 6 - 2021
https://m.facebook.com/story.php?story_fbid=321481599344665&id=100044484822051
source - ကိုဖူး
Credit.. maung maung nyo( မောင်သစ်ဆင်း)

Address

Nga Phe Chaung

Website

Alerts

Be the first to know and let us send you an email when Love monarch inle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Love monarch inle:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share