Wheretogoinmyanmar

  • Home
  • Wheretogoinmyanmar

Wheretogoinmyanmar Where to go in Myanmar????

ကဲ သွားလိုက်တော့ ဝမ်း တူး သရီး Creditါ် May Zune Win
22/12/2017

ကဲ သွားလိုက်တော့ ဝမ်း တူး သရီး
Creditါ် May Zune Win

https://web.facebook.com/travelbynaylinthaik/photos/?tab=album&album_id=1743780549192949
08/10/2016

https://web.facebook.com/travelbynaylinthaik/photos/?tab=album&album_id=1743780549192949

: မြန်မာပြည် အောက်ပိုင်း ထားဝယ် နားရှိ သဘာဝအတိုင်းကမ်းခြေများ

ဒေါ်လာအကုန်ခံ နိုင်ငံခြားက ကမ်းခြေ ဘာလို့သွားမလဲ။

ကိုယ့်မြန်မာပြည်ထဲမှာ ပင်လယ်ရေအပြာရောင် ရေအကြည် ဒီလိုကမ်းခြေလေးတွေရှိနေတယ်နော်။ တစ်ခါလာက် ရောက်ဖူးတယ်ရှိအောင် သွားကြည့်လိုက်ပါအုံး။

: ရန်ကုန်မြို့ကနေ မိုင်၃၉၅ မိုင်ကွာဝေးတဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့ အနီးရှိ လောင်းလုံမြို့နယ်အတွင်းမှာတော့ မောင့်မကန် ကန်းခြေ အပြင် နိုင်ငံခြားခရီးသွားများ လာရောက်လည်ပတ်နေသည့် ကမ်းခြေအများအပြား တည်ရှိနေတာကို တွေ့ခဲ့ရပါတယ်။

ကမ်းပနီ ၊ ပညစ် ၊ ရှမ်းမော် ၊ စမ်းလှမ်း ၊ တီဇစ် ၊ ညောပြင် ၊ ဆင်းတောင့် ၊ သရောင့် ၊ ဖိုးဖိုးကျောက် ၊ စန်းစအော် ၊ မြင်းခွအော် စသည့် ကမ်းခြေ ၁၁ ခုမှာ သဘာဝတရားအလှ နှင့် ယခုအချိန်ထိတည်ရှိပြီး အရမ်းကိုလှပတဲ့ကမ်းခြေများဖြစ်ကြတယ်။ထားဝယ်ကနေ ၁နာရီကားစီးယုံနဲ့ ကမ်းခြေရောက်ပြီ။

စမ်းလှမ်း ကမ်းခြေ တစ်ခုတည်းတွင်သာ ရွာသားများ ၃၀၀ နီးပါး နေတိုင်ကြပေမယ့် ကျန်ကမ်းခြေ ၁၀ လုံးတွင် မည်သူမှမနေထိုင်ကြဘဲ သဘာဝအတိုင်းတည်ရှိနေတာပါ။

နိုင်ငံခြားသားများမှာ ထားဝယ်တွင် ညအိပ်တည်းခိုကာ ဆိုင်ကယ်စင်းလုံးဌားပြီး ကမ်းခြေတစ်ခုခြင်းစီကို သွားရောက်လည်ပတ်နေကြတာကို တွေ့ခဲ့ရပါတယ်။ အနီးအနားရှိ ကမ်းခြေများကိုတော့ ၄၅ မိနစ် ၁ နာရီအချိန် ကားဖြင့် သွားယုံဖြင့် ရောက်နိုင်ပေမယ့် တချို့ကမ်းခြေ သွားရန် အသွားအပြန် ၄ နာရီ ကြာတာမို့ အားလုံးကိုတော့ တစ်ရက်တည်းနဲ့ လည်ပတ်ဖို့ မဖြစ်နိုင်ပါဘူး။

အငူအစွန်းမှာတော့ ရှင်မော်တန်ခိုးကြီးဘုရား တည်ရှိပြီး ပင်လယ်ပြင်ကြီးကိုအဝကြီးခံစားနိုင်ပါတယ်။ ရှင်မော်ဘုရားသို့သွားရောက်ရန် ထားဝယ်မှ ကားဖြင့် ၂ နာရီခွဲ ကြာမှာဖြစ်ပြီး ဘုရားဖူးခရီးသွားများ တည်ခိုနိုင်ရန် အဆောင်များဆောက်လုပ်ပေးထားပါတယ်။

တီဇစ် ကမ်းခြေ၊ ပညစ်ကမ်းခြေ နှင့် ရှမ်းမော် ကမ်းခြေများသွားရောက်ရန် ထားဝယ်မြို့နှင့် ၁ နာရီကားမောင်းယုံဖြင့် ရောက်နိုင်ပြီး တီဇစ်ကမ်းခြေမှာ သဲအဖြူနှင့် ပင်လယ်ရေအပြာရောင်ပာာ အရမ်းကိုလှပတဲ့ ကမ်းခြေတစ်ခုလို့ ညွှန်းပါရစေ။

အလှဆုံးကမ်းခြေနှစ်ခုဖြစ်တဲ့ ဖိုးဖိုးကျောက် နှင့် စမ်းစမ်းအော် ကမ်းခြေသွားမည်ဆိုပါက ကားလမ်း ၂နာရီ ကျော် မောင်းရပြီး ကျောက်ဝပ်ပြင်ကျေးရွာမှ လမ်းခွဲကာ ဆိုင်ကယ်/လူသွားလမ်း မိနစ် ၃၀ ကျော်ခန့် သွားရပါသေးတယ်။

ကမ်းခြေများလည်ပတ်ရင်း ဘုတ်ကျွန်းလည်ပတ်နိုင်ပါသေးတယ်။ ထိုကျွန်းသွားမည်ဆိုပါက ထားဝယ်မှ စမ်းလှမ်းကမ်းခြေကို ၁ နာရီကြားကားဖြင့်သွားကာ ထိုမှတဆင့် စက်လှေဖြင့် အသွား ၂ နာရီခွဲ အပြန် ၂ နာရီခွဲ သွားရပါတယ်။ မနက် ၇ နာရီဝန်းကျင်ခန့် စမ်းလှမ်းကမ်းခြေသို့ အရောက်သွားမည်ဆိုပါက စက်လှေများပြီး ဈေးနူန်းသက်သာပါလိမ့်မည်။

ရန်ကုန်ကနေ ထားဝယ်ကို aircon Bus ကားတွေသွားတာရှိတယ်။ ရွှေထားဝယ်ဆိုပြီး လိုင်းကားတွေ့ခဲ့တယ်။ ညစီးရင် မနက်ရောက်ပြီ။

ထားဝယ်မှာတည်းပါ။ တစ်ရက်ကို ကမ်းခြေ တစ်ခုစီသာလည်ပါ။ ၁၁ ခုတာင်ရှိတယ်။ ထို့အပြင် စမ်းလမ်း ကနေ လှေစီးပြီး ဘုတ်ကျွမ်းသွားကြည့်လိုက်ပါ။ ယိုးဒယား ကနာမည်ကြီးကမ်းခြေသွားဖို့ စိတ်ကုန်သွားလိမ့်မယ်။

နာမည်ကြီးတာက မောင့်မကန် ကမ်းခြေပါ။ ဒါပေမယ့် ကျနော်ပြောတဲ့ ကမ်းခြေတွေက သူ့ထက် ၁၀ ဆ သာတယ်။

ပုံတွေအားလုံး Photoshop တစ်ခုမှမပါဘူး။။

ပင်လယ်ရေပြာပြာ ကမ်းခြေ နှင့် သဘာဝအတိုင်း တည်ရှိနေသေးတဲ့ ကမ်းခြေများကို စိတ်ဝင်စားတယ်ဆိုရင်တော့ ပိုက်ဆံအကုန်ခံပြီး နိုင်ငံတကာရှိ ကမ်းခြေများကို မသွားပါနဲ့အုံး။ နိုင်ငံခြားခရီးသွားများတောင်သွားနေကြပြီမို့ မြန်မာပြည်အတွင်းရှိ ခရီးသွားများ ကိုယ့်နိုင်ငံအထဲရှိ ကမ်းခြေများကို အရောက်သွားရန် ညွှန်းလိုက်ပါတယ်။

နေလင်းသိုက်

19/08/2015

တစ်နိုင်ငံလုံးမှာ ဘေးဒုက္ခ ဖြစ်နေတော့ ဘယ်မှ မသွားကြပါနဲ့အုန်းနော်။ ပွင့်လင်းရာသီ ရောက်မှ post အသစ်တင်လိုက်တော့မယ်။

ပုပ္ပါးတောင်ပုပ္ပါးတောင်ကို ပန်းတောင်လို့လည်း ခေါ်ပြီး၊ မြန်မာနိုင်ငံရဲ့ ပြိုင်စံရှား အလှတွေထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။ အပ...
29/06/2015

ပုပ္ပါးတောင်

ပုပ္ပါးတောင်ကို ပန်းတောင်လို့လည်း ခေါ်ပြီး၊ မြန်မာနိုင်ငံရဲ့ ပြိုင်စံရှား အလှတွေထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။ အပူပိုင်းဒေသ ရဲ့ အိုအေစစ်လေးလည်း ဖြစ်ပြီး၊ သဘာဝ ကျေးဌက် တိရစ္ဆာန်များ၊ အေးမြသာယာတဲ့ သစ်တောများနဲ့ လှပလွန်းတဲ့ နေရာ လေးလည်း ဖြစ်ပါတယ်။ နံနက်ခင်းနဲ့ ညနေခင်းတို့မှာ မြုတွေဆိုင်းပြီး တောင်ပေါ် တောလေးထဲမှာ တအားအေးပါတယ်။ ဆေးဘက်ဝင် အပင်တွေနဲ့ မျိုးနွယ်စုံ သစ်ပင်တွေလည်း အများအပြား ရှိပါတယ်။ ပုပ္ပါးတောင်ကို အလည်ရောက်ခဲ့ရင် နတ်ပြည်ကို ရောက်နေသလား လို့တောင် ခံစားရမှာပဲ ဖြစ်ပါတယ်။
ပုပ္ပါးမှာ ဟိုတယ်က တစ်ခုတည်းပဲ ရှိပါတယ်။ Popa Mountain Resort Hotel ပါ။ အခန်းခကတော့ ပုံမှန် နှုန်းလောက်ပါပဲ။ အစားအသောက်က တော့ တရုတ်စာနဲ့ ဥရောပ အစားအစာ ဆိုတော့မြန်မာလူမျိုးတွေ အကြိုက်တော့ စားချင်ရင် ပုပ္ပါးရွာထဲ သွားစားရမှာပဲ ဖြစ်ပါတယ်။
ပုပ္ပါးရွာကို ဟိုတယ်က နေ တောင်အောက်ကို နှစ်မိုင်လောက်ဆင်းရင် ရောက်ပါတယ်။ ပြီးရင် ပုပ္ပါးတောင်ကလပ်ကို သွားလို့ရသလို့ တောင်မကြီးပေါ်လည်း တက်နိုင်ပါတယ်။ တောင်ပေါ်တက်ရင် တောင်ကလပ်ပေါ်ကို ၄၅ မိနစ်တောင် မကြာပါဘူး ရောက်ပါတယ်။ တောင်မကြီးပေါ်ကိုလည်း တစ်နာရီလောက်ဆို ရောက်ပါပြီ။ တောင်ကလပ်ကို အတက် အဆင်းမှာ လူတွေနဲ့ ရင်ပါးနေတဲ့ ချစ်စရာ မျောက်မိသားစုတွေက ခြေထောက်ကို လိုက်ဆွဲတတ်လို့ သတိထားရမှာ ဖြစ်သလို တောင်မကြီးမှာတော့ မြွေတွေ ပေါပါတယ်။

Mount Popa

Mount Popa, Means Mountain of flower, is one of the most significant beauties of Myanmar. It is an Oasis in the dry zone for having a very cool and pleasant forest with wonderful natural scenery and wild lives. In the forest, the mountain is shrouded in the early morning and evening mist. There are many varieties of trees and medicinal herbs. You will feel the peacefulness like heaven when you visit Mount Popa.
There is only one hotel in Mount Popa, Popa Mountain Resort Hotel. The price of living is fair with its service and location for recreation purpose for mountain climbers. The food variety is quite limited with Chinese and European foods and not much tasty for locals if they want Myanmar traditional cuisines.
You can go to 2 miles away Popa village, Southwest of Mount Popa, Taung Kalat (pedestal hill), and or mountain climbing to Mount Popa. It will take 45 minutes to climb Taung Kalat @ pedestal hill and it will take about 50 minutes to climb Mount Popa. There are small monkeys asking for food on the stairways and be careful with cuties monkeys if you are afraid of their grabbing to your legs.

ရွှေတိဂုံ ဘုရားမြန်မာနိုင်ငံမှာဆိုရင် ပထမဆုံး သွားရောက်ဖို့ အကောင်းဆုံးနေရာကတော့ ရွှေတိဂုံဘုရား ပဲဖြစ်ပါတယ်။ ရွှေတိဂုံ ဘုရာ...
29/06/2015

ရွှေတိဂုံ ဘုရား
မြန်မာနိုင်ငံမှာဆိုရင် ပထမဆုံး သွားရောက်ဖို့ အကောင်းဆုံးနေရာကတော့ ရွှေတိဂုံဘုရား ပဲဖြစ်ပါတယ်။ ရွှေတိဂုံ ဘုရားမှာဆိုရင် အံ့သြဖွယ်ရာတွေ၊ တန်ဆောင်းတွေ၊ ဗုဒ္ဓ ရုပ်ပွားတော်တွေ၊ ဘုရားဖူးလာ ပြည်သူတွေ၊ လှပတဲ့ ရှုခင်းတွေ အပြင် ရိုးရာ၊ ယဉ်ကျေးမှု၊ ဘာသာရေး လှုပ်ရှားမှုတွေနဲ့ ငြိမ်းချမ်းမှုတွေကို ရှုမြင် ခံစားရမှာပါ။
နှစ်တိုင်းလိုလိုမှာ…လစဉ် လပြည့်နေ့တိုင်းဟာ တစ်နိုင်ငံလုံးက ဘုရားဖူးလာ ပြည်သူများ၊ နိုင်ငံတကာ ခရီးသွား ဧည့်သည်များ နှင့် အထူးပင် စည်ကားလှပါတယ်။ သြဂုတ်လအတွင်းမှာ ၀ါခေါင်လပြည့်နေဟာ ဆိုရင် သစ်သီး ကိုးထောင် ပန်းကိုးထောင်ကို ၀ါတွင်းကာလ နေ့ထူးနေ့မြတ်မှာ အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်။ အောက်တိုဘာ နဲ့ နိုဝင်ဘာလတွေ ရဲ့ လဆန်း ၁၄ရက်၊ သီတင်းကျွတ်နဲ့ တန်ဆောင်မုန်း လပြည့်နေ့ နဲ့ လပြည့်ကျော် (၁)ရက် နေ့တို့မှာ ဖရောင်းတိုင်း ဆီမီး ၉၀၀၀ ပူဇော်ပွဲကျင်းပတာမို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ နဲ့ ကြက်ပျံမက စည်ကားလှပါတယ်။ ညချမ်း အချိန်အခါဝယ် ဆီမီး ပူဇော်သူများ၊ မီးပုံးလေးများ ကိုင်ဆောင် လှည့်လည် သူများ၊ ပရိတ် ရွတ်ဖတ် ပူဇော်သူများ နှင့် ကုသိုလ်တရားပွာများရာ မင်္ဂလာရှိသော အချိန်အခါပဲ ဖြစ်ပါတယ်။ အဲ့သလို ပွဲတော်ရက်များကလွဲရင် ကျန်ရက်များမှာ တိတ်ဆိတ်ငြိမ်းချမ်းလွန်းလှပါတယ်။
ယဉ်ကျေးမှု ကို လေ့လာ လိုသူများ အနေဖြင့် လပြည့်နေ့များမှာ ရွှေတိဂုံ ဘုရားကို သွားရောက်သင့်သလို၊ တရားဓမ္မကို ငြိမ်းချမ်းစွာ အားထုတ်လိုသူများအနေနဲ့ကတော့ ပွဲတော်ရက် လပြည့်နေ့တွေကလွဲလို့ ကျန် ရက်များမှာ သွားရောက် နိုင်ပါတယ်။ ရွှေတိဂုံ ဘုရားမှာ သင့်ရဲ့ ငြိမ်းချမ်းတဲ့ အချိန်အခါများကို ရရှိနိုင်ပါစေ။

When you first arrive to Myanmar, the most significant place you shouldn’t miss to visit is Shwedagon Pagoda full of wonders, temples, Buddha images, pilgrims, beautiful scenery, tradition, culture, religious activities and peacefulness.
Annually, every full moon day, the pagoda compound is always crowded with pilgrims from around the country and visitors. Thousands of flowers and decorated fruit offers on Full moon day of August and thousands of candle lights and oil light offers to the Great Shwedagon Stupa on Full moon day of October and Full moon day of November. The others days are mostly quiet and more peaceful.
If you wish to enjoy the culture, you should go and see on full moon days, if you want to get peacefulness and meditate, you should visit the whole year around except from festival full moon day. Enjoy your special trip to Shwedagon Pagoda.

Address


Alerts

Be the first to know and let us send you an email when Wheretogoinmyanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share