Htun Lynn Oo

Htun Lynn Oo ပျော်ရွှင် ကျန်းမာ ချမ်းသာကြသော သတ္တဝါများဖြစ်ကြပါစေ

23/01/2022
21/09/2021

ချစ်တီးမ တုန်တုန်
မုန့်က ဖွာလို့ လက်ပေါ်တင်ကျွေးမရ
လက်ပေါ်တင်ကျွေးရင် အောက်ချည်း ဖိတ်ကုန်မှာ

17/09/2021

Trip Travel

မိခင်ဖြစ်သူ မြန်မာနိုင်ငံမှာ ဒုက္ခရောက်တဲ့အချိန်တိုင်း ပေါ်လာတယ်မိခင်ဖြစ်သူ အထွဋ်အထိပ်ရောက်ချိန်ဆို မထင်မရှားနေလိုက်တယ်ဒ...
30/03/2021

မိခင်ဖြစ်သူ မြန်မာနိုင်ငံမှာ ဒုက္ခရောက်တဲ့အချိန်တိုင်း ပေါ်လာတယ်

မိခင်ဖြစ်သူ အထွဋ်အထိပ်ရောက်ချိန်ဆို မထင်မရှားနေလိုက်တယ်

ဒီမိသားစုရဲ့ စိတ်တွေ မြင့်မြတ်လိုက်ပုံများ
တလောကလုံး လင်းနေချိန်ဆို ချောင်တခုမှာ တိတ်ဆိတ်စွာနေပေး‌တယ်

တလောကလုံး အမှောင်ထုကျသွားပြီဆို
ကိုယ့်ကိုယ်ကို အလောင်ကျွမ်းခံပြီး စွမ်းသလောက်အလင်းရောင်ကို အားကုန်ထုတ်ပေးတတ်တဲ့
နူးညံ့သော ဖယောင်းတိုင်လို လူသားတွေ

Credit goes to original uploader!
Via Ko Thein
Cherry Thin

15/03/2021
14/09/2020

ရင့်ကျက်သန်မာတဲ့သူဖြစ်ဖို့
💙💙💙💙💙💙💙

💙လူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိကြတယ်။
ကိုယ့်ရဲ့ရုပ်ရည်၊ ကိုယ့်ရဲ့ပိုင်ဆိုင်မူ့နဲ့ ကိုယ့်ရဲ့
တစ်ခြားသော အားနည်းချက်တွေကြောင့်
ကိုယ့်ကိုကိုယ် မလုံမလဲ စိတ်တွေဝင်လာကြတယ်။

💙ကိုယ့်ရဲ့အားနည်းချက်တွေကို လက်မခံနိုင်ဘဲ
ဖုံးကွယ်ဖို့ကြိုးစားရင်းကနေ သိမ်ငယ်စိတ်တွေပါ
ဝင်လာကြတယ်။ ကြာလာတော့ ဘဝကို ရင်မဆိုင်
ရဲကြတော့ဘဲ ကြောက်ရွံ့လာကြပါတယ်။
လွယ်လွယ်နဲ့ အရူံးပေးချင်လာကြပါတယ်။

💙ဘဝကို မကြောက်မရွံရင်ဆိုင်ဖို့၊ လွယ်လွယ်နဲ့
အရူံးမပေးဖို့ဆိုရင် သင်ဟာ ရင့်ကျက်ဖို့ လိုပါတယ်။
အောက်ကအချက်တွေကို လိုက်နာနိုင်ရင် သင်ဟာ
ရင်ကျက်တဲ့သူ ဖြစ်လာပါလိမ့်မယ်။

💙၁-ဘယ်သူ့ကိုမှ မကြောက်ရဘူး။
ရှင်ဘုရင်ပဲဖြစ်ဖြစ်၊ ဆင်ရဲသားပဲ ဖြစ်ဖြစ်
ရုပ်ချောချော၊ ရုပ်ဆိုးဆိုး၊ ချမ်းသာတဲ့ သူဖြစ်ဖြစ်၊
ဘယ်သူပဲဖြစ်နေပါစေ အေးအေးဆေးဆေး
ရင်ဆိုင်ရဲရမယ်။

💙၂-ပျာယာခက်တဲ့ အကျင့်ကို ဖျောက်ရမယ်။
ခြေတုန်၊ လက်တုန်တာမျိုးတွေ မလုပ်ရဘူး။
မလောရဘူး။

💙၃-ရဲရဲကြည့်ရမယ်။ ပြုံးပြနိုင်ရမယ်။
တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့ အခါပဲ
ဖြစ်ဖြစ်၊ နုတ်ဆက်တဲ့ အခါပဲ ဖြစ်ဖြစ် မျက်လုံး
ချင်းဆိုင်ရမယ်။

💙၄-ရိုးသားရမယ်။ ဖြူစင်ရမယ်။ ဘယ်သူ့ကိုမှ
လူလည်မကျရဘူး။ မညစ်ပတ်ရဘူး။
မယုတ်မာနဲ့။

💙၅-ပြတ်သားရမယ်။ အားမနာသင့်တဲ့အခါ အားနာ
မနေနဲ့။ သည်းခံနိုင်တဲ့ အတိုင်းအတာထိပဲ
သည်းခံရမယ်။

💙၆-ရဲရင့်ရမယ်။ သန်မာရမယ်။ သတ္တိရှိရမယ်။

💙၇-လူတွေရဲ့အမြင်ကို သောက်ဂရုမစိုက်နဲ့။
လူတိုင်း သဘောကျအောင်မနေနဲ့။

💙၈-ကလေးဆန်တဲ့ အကျင့်တွေ ပြင်ရမယ်။
လိုချင်တာ မရလို့ ကလေးဆန်ဆန် ငိုတာမျိုး၊
မျှော်လင့်သလို ဖြစ်မလာလို့ ဒေါသထွက် ပူဆွေး
နေတာမျိုးတွေကို ရှောင်ရမယ်။

💙၉-ငြင်းပယ်မှုကို လက်ခံနိုင်ရမယ်။ ခါးသီးမှုတွေကို
လက်ခံနိုင်ရမယ်။ စွန့်လွှတ်မှုတွေကို နားလည်
နိုင်ရမယ်။

💙၁၀-ပွင့်လင်းရမယ်။ အရှိကို အရှိအတိုင်း လက်ခံ
နိုင်ရမယ်။ ဟန်ဆောင်မနေနဲ့။

💙၁၁-လွတ်လပ်စွာနေရမယ်။ ဘယ်သူ့ရဲ့ လွှမ်းမိုးမူ့
ကိုမှ မခံနဲ့။ လောင်းရိပ် မမိစေနဲ့။

💙၁၂-လူတိုင်းကို လေးလေးစားစား ဆက်ဆံနိုင်
ရမယ်။ နိုင်တဲ့သူကို နှိမ်တာမျိုး မလုပ်ရဘူး။

💙၁၃-မလိုအပ်တာတွေကို စွန့်လွှတ်နိုင်ရမယ်။

💙၁၄-လူတွေကို အရမ်းကြီး အပြစ်မမြင်နဲ့။
အဝေအဖန် မစောစေနဲ့။

💙၁၅-အလိုက်သိတတ်ရမယ်။

💙၁၆-ဘယ်အရာမှ အလကား မလိုချင်နဲ့။
သူတစ်ပါးဆီက အရာတွေကို လူလည်ကျ
အလကား လိုချင်တာမျိုးတွေကို ရှောင်ပါ။

💙၁၇-မလိုအပ်ပဲ အကူအညီ မတောင်းနဲ့။
ကိုယ်တိုင်လုပ်နိုင်အောင် ကြိုးစားပါ။

💙၁၈-ကိုယ့်ဘဝကိုယ် ကျေနပ်ရမယ်။
အခြားသူတွေနဲ့ ယှဉ်ပြီး သိမ်ငယ်နေတာဟာ
မရင့်ကျက်ခြင်းပဲ။

💙၁၉-အမှီအခိုကင်းရမယ်။ တစ်ယောက်ထဲလည်း
ရပ်တည် နိုင်ရမယ်။
ကိုယ်လုပ်မှ ကိုယ်စားရမှာ။ ဒါကြောင့်
တစ်ယောက်ထဲ ရှင်သန်နိုင်ဖို့ ဘာကိုမှ
ကြောက်မနေသင့်ဘူး။

💙၂၀-ကိုယ့်အိမ်မက်ကိုယ် အကောင်အထည်ဖော်
နိုင်ရမယ်။ ရူံးမှာကို မကြောက်သင့်ဘူး။

💙၂၁-စာဖတ်ရမယ်။ စာဖတ်ခြင်းက လောကကို
ရင်ဆိုင်နိုင်ဖို့ တွန်းအားတစ်ခုပဲ။

💙 ကျွန်တော်ကိုယ်တိုင်လည်း ရင့်ကျက်နေတဲ့သူ
တစ်ယောက် မဟုတ်သေးပါဘူး။ တစ်ခါတစ်လေ
စိတ်ဓာတ်ကျရတဲ့ အခိုက်အတန့်လေးတွေ ရှိနေစဲပါ။
စိတ်ဓာတ်ကျရဲ့ အချိန်တွေတိုင်းမှာ အထက်ပါ
အချက်လေးတွေက ကျွန်တော့်ကို အားဖြစ်စေ
ခဲ့ပါတယ်။ ရပ်တန့်သွားတဲ့ ခြေလှမ်းတွေကို
ရှေ့ဆက်လှမ်း စေခဲ့ပါတယ်။ လဲကျရင်း ပြန်ထရင်း
အထိုက်အလျောက် ရင့်ကျက်လာစေခဲ့ပါတယ်။
ဒီစာလေးတွေက သင့်ဘဝရဲ့ တွန်းအားတစ်ရပ်
ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

19/03/2020

" တန်ဖိုးထားပါ လိုသုံးမလုပ်ပါနဲ့ "
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကိုယ့်ကိုချစ်တဲ့သူကိုလဲ ဘယ်တော့မှ
ထားမသွားနဲ့ စစ်မှန်တဲ့အချစ်တွေနဲ့ ဝေးတတ်တယ် ---

ကိုယ့်ကိုမချစ်တဲ့သူနဲ့လဲ ဘယ်တော့မှ
အောင့်အီးလက်တွဲပြီး ရှေ့မဆက်နဲ့ နာကျင်ရတယ် ---

တခဏတာလေး သာယာပျော်ရွှင်ဖို့ အတွက်နဲ့
တစ်ဘဝတာလုံး ဆုံးရှုံးနစ်နာရမယ့် လုပ်ရက်မျိုးကိုလဲ
ဘယ်တော့မှမလုပ်နဲ့ ဘဝမလှမပဖြစ်ပြီး
ဒုက္ခနဲ့ အဆုံးသက်ရတတ်တယ် ---

မကောင်းမှုက လုပ်တော့သာကိုယ်တစ်ယောက်ထဲ
နောက်ဆက်တွဲက မိဘဆွေမျိုး အသိုင်းဝိုင်းတွေပါ
ထိခိုက်လို့နစ်နာ အရှက်လဲရ သိက္ခာလဲကျတယ် ---

ယုံကြည်မှုကို အလွဲသုံးစားလုပ်တတ်တဲ့ သူနဲ့လဲ
ဘယ်တော့မှ အပေါင်းသင်းမလုပ်ပါနဲ့
ကိုယ်ပဲ ထိခိုက်နစ်နာရတယ် ---

အရာရာကို အလေးမထား မလေးမစားနဲ့
ပေါ့ပျက်ပျက်နေတတ်တဲ့သူနဲ့လဲ အတူမနေပါနဲ့
ကိုယ့်ဘဝရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို
ဆုံးရှုံရတတ်တယ် ---

သူတစ်ပါးကို လိုသုံးလဲမလုပ်နဲ့ မရှိသုံးလဲမလုပ်နဲ့
အားလုံးက သူ့ဘဝနဲ့သူ တန်ဖိုးရှိတဲ့သူတွေချည်းပါပဲ
ကိုယ့်ဘဝကို တန်ဖိုးထားလား သူ့ဘဝကိုလဲ တန်ဖိုးထားပါ -

တန်ဖိုးမသိရင်တော့ တန်ဖိုးရှိတဲ့အရာတွေကို
ဆုံးရှုံးလိုနေဦမှာပဲ ........
#

22/01/2020

ဦးတို့ကိုပလစ်မယ်ဆိုလဲ

နောက်တွဲတဲ့ဘဲက ဦးတို့ထက်

အစစအရာရာသာပါစေ

ဆိုက်ကားသမားရုပ်တော့မဖြစ်စေနဲ့လေ

ရင်ထဲမချိလို့ပါ... 😢


22/01/2020

ကိုယ်ပိုင် ပါကင်မရှိပဲ ကားဝယ်စီးတာ
ဟော်တယ်ဖိုးတောင်မရှာနိုင်ပဲ
ရည်းစားထားတာနဲ့တူတယ်
အေးကိုယ့်အိမ်ရှေ့က အများပိုင်နေရာကို
ဘိုးဘွားပိုင်နေရာလို နေရာတွေဦး
လူရိပ်မြင်တိုင်း မာန်ဖီနေတာမျိုးက
ပြည့်တန်ဆာကို ငါ့ဟာ မှတ်နေတာလို့ခေါ်တယ်
ပါကင်မပါတဲ့တိုက်ခန်းမှာနေပီး တစ်အိမ်ထောင်ကို
ကား၃စီးလောက် စီးချင်တာကျတော့
တားဆေးမဝယ်နိုင်ပဲ သရမ်းချင်တဲ့
လမ်းပျော် တွေဖြစ်သွားပီ

#ပါကင်တွေဦးဥစ္စာရူး
#မသိဘူးကိုက်မယ်
#မြို့ပြကားကျပ်ခြင်း
#ဖျင်နာလေးတွေဆဲကြမယ်
#ဆားလေးဖြူးမယ်စပ်တတ်တယ်
#ပထန်တို့ရဲ့မာန်

05/11/2019

ကိုယ်တွေးတောနိုင်မှု လိုသေးတယ်။
မူရင်းတင်ပေးသူကိုလည်း ကျေးဇူးအထူးတင်ပါတယ်။
==================================

တစ်နေ့ကို တစ်နာရီလောက် ဒါတွေလုပ်ဖို့ အချိန်ပေးလိုက်ပါ။ မင်းဘဝပြောင်းလဲပါလိမ့်မယ်။ မင်းရဲ့ အလုပ်ချိန်ညနေ 6 နာရီမှာ ပြီးပြီးတော့ မင်းက ည သန်းခေါင် 12 နာရီမှ အိပ်ရာဝင်တယ်ဆိုပါစို့။ ဒီကြားထဲက 6 နာရီကို မင်းဘယ်လိုအသုံးချပါသလဲ? TV ကြည့်တာလား? တကယ်တော့ ဒီအချိန်ကို မင်းဘယ်လိုအသုံးချတယ်ဆိုတာက မင်းထင်တာထက်ပိုအရေးကြီးပါတယ်လူတော်တော်များများထင်နေတာက ကျွန်တော်တို့ career ကို တိုးတတ်ဖို့ အလုပ်ချိန်အတွင်းမှာကျွန်တော်တို့ ကြိုးစားအားထုတ်ရမယ်လို့ပဲ ထင်နေကြတယ်။ ကျွန်တော်တို့ အနာဂတ်နဲ့ အလုပ်အကိုင်တွေဟာကျွန်တော်တို့ အလုပ်လုပ်နေတဲ့ ကုမ္ပဏီနဲ့ ခေါင်းဆောင်အပေါ်ပဲ မူတည်နေတယ်လို့ ထင်နေကြတယ်။ တကယ်လို့ မင်း ကိုယ့်ကိုယ်ကိုဘဝမှာ တိုးတတ်မှုမတွေ့ဘူးဆိုရင်တော့ မင်းရဲ့ အလုပ်နဲ့ မင်းရဲ့ အလုပ်ရှင်တွေကို မင်းအပေါ် မြေတောင်မြှောက်မပေးလို့ဆိုပြီးအပြစ်တင်လို့မရပါဘူးကိုယ့်ကိုယ်ကို တိုးတတ်အောင် ပျိုးထောင်ဖို့ဆိုတာ မင်းရဲ့ တာဝန်ပါ။ မင်းဟာ မင်းရဲ့ ညခင်းအချိန်တွေကိုဘယ်လိုအသုံးချလဲဆိုတာဟာ အလွန်အရေးကြီးပါတယ်။ စာဖတ်ပါ။ ဘဝမှာ မင်းလိုချင်တာရဖို့ knowledge က အရေးကြီးပါတယ်။
ဗဟုသုတတွေ စုဆောင်းရပါမယ်။ ဒီလို ဗဟုသုတတွေကို မင်းရဲ့ အလုပ်မှာ မင်းရဲ့ ဘဝမှာ ပြန်လည်အသုံးချကြရပါမည်တကယ်လို့ မင်းက စာဖတ်သန်တယ်ဆိုရင် မင်းဗဟုသုတတွေ ပြည့်ပြီး မင်းရဲ့ စကားပြောတဲ့ ခေါင်းစဉ်တွေ အကြောင်းအရာတွေပိုပြီးစိတ်ဝင်စားစရာကောင်းလာပါလိမ့်မယ်။ Anthony Robbins က ပြောပါတယ်။ တကယ်လို့ မင်းဟာ တစ်နေ့ကိုတစ်နာရီအချိန်ပေးပြီး အကြောင်းအရာတစ်ခုကို လေ့လာမယ်ဆိုရင် တစ်နှစ်ကြာတဲ့အခါမှာ မင်းရမဲ့ knowledge တွေကကမ္ဘာ့လူတွေရဲ့ 99.999 % လောက်ထိဖြစ်ပါလိမ့်မယ်တဲ့။ တစ်နေ့ကို အချိန် သုံးဆယ်မိနစ်လောက်ပဲ စာဖတ်ချိန်ပေးနိုင်ရင်တောင်တစ်နေ့တစ်နေ့ knowledge တွေ အများကြီးရမှာပါ။ မင်း expert မဖြစ်ဘူးဆိုရင်တောင် မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေထက် ပိုပြီးဗဟုသုတများလာမယ်ဆိုတာ အာမခံနိုင်ပါတယ်။တကယ်လို့ မင်းရဲ့ လက်ရှိအလုပ်က မင်းတကယ်စိတ်ဝင်စားတဲ့အလုပ်မဟုတ်ဘူးဆိုရင် မင်းဟာ ဒီအချိန်တွေမှာ မင်းတကယ်စိတ်ဝင်စားတဲ့အရာတွေ လေ့လာလို့ရပါတယ်။ ဒီလို ရတဲ့အချိန်မှာ စိတ်ဝင်စားတဲ့အရာတွေ လေ့လာပြီး အချိန်တစ်ခုရောက်တဲ့အခါမှာ မင်းရဲ့ career ကို ပြောင်းလိုက်လို့ရပါလိမ့်မယ်။ start up တစ်ခု စလိုက်လို့ရပါတယ်။ project တွေ လုပ်ဆောင်ပါ။ မင်းရဲ့ ဗဟုသုတတွေ စိတ်ကူးတွေကို ပုံဖော်ဖို့ မင်းအလုပ်က အခွင့်အရေးမပေးရင်မင်းကိုယ်တိုင် ရှာဖွေလုပ်ဆောင်ပါ။ volunteer project တွေ လုပ်နိုင်ပါတယ်။ ကိုယ်နဲ့ ဝါသနာတူတွေနဲ့ ပေါင်းပြီး အဖွဲ့လိုက်ပူးပေါင်းလုပ်ဆောင်ကြည့်ပေးပါစမ်းသပ်ကြည့်ပါ။ ကိုယ်စိတ်ဝင်စားတဲ့အရာတွေ လေ့လာပါ။ လက်တွေ့ လုပ်ဆောင်ကြည့်ပါ။
Network တည်ဆောက်ပါ။ မင်းရဲ့ အလုပ်လမ်းကြောင်းမှာ ဖြောင့်ဖြူးဖို့ strong connection network တစ်ခု ရှိနေဖို့ လိုပါတယ်။ဒီလိုမျိုးမရှိဘူးဆိုရင်တော့ မင်းရဲ့ အချိန်ထဲက ဖဲ့ပြီး လုပ်ဆောင်ရပါလိမ့်မယ်။ အတော်ဆုံး မိတ်ဆွေတွေကို ဆက်သွယ်ပြီး သူတို့ရဲ့အကြံဉာဏ်တွေ ရယူတာတွေ သတင်းတွေ အချက်အလက်တွေ ဗဟုသုတတွေ ရအောင်လုပ်ပါ။ professional life ထဲကဆရာကြီးတွေဆီက လေ့လာသင်ယူကြပါအလုပ်က အိမ်ပြန်ရောက်လို့ ဒီလို ညချမ်းတွေမှာ အနားယူတယ်ဆိုပြီး movie ကြည့်တာtv ကြည့်တာ game ကစားတာ social media ပေါ်မှာ သူများတေ အကြောင်း လိုက်စပ်စုနေတာ အတင်းပြောနေတာ ဒါတွေနဲ့အချိန်ကုန်ဆုံးရတာ အရမ်းပျော်စရာကောင်းမှာပါ။ ဒါပေမဲ့ ဒါတွေက မင်းရဲ့ အနာဂတ်ကို ကောင်းမွန်အောင် လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။မင်းဘဝရဲ့ အပြောင်းအလဲက ဒီနေ့ညက စပါပြီ။ 6 နာရီကနေ ည ၁၂ နာရီထိပါ။ အလုပ်ပြီးလို့ မင်းအိမ်ပြန်တယ်။ မင်းဟာတစ်ခြားသူတွေ ခိုင်းတဲ့အရာတွေကို လုပ်စရာမလိုတဲ့အချိန်ပါ။ မင်းရဲ့ အားလပ်ချိန်ပါ။ ဒါကို မင်းဘယ်လို အသုံးချမလဲ?

Credit

Address


Alerts

Be the first to know and let us send you an email when Htun Lynn Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share