Burma Post

Burma Post တိကျ၊ စုံလင်၊ မှန်ကန်၊ ပြည်သူ့အသံ

ကြံ့ခိုင်ရေးပါတီရဲ့ "USDP အမျိုးသမီးကော်မတီ" page ဟက်ယူခံထားရBurma Post စက်တင်ဘာ ၁၇ ၊ ၂၀၂၃ ခုနှစ်စစ်တပ်လက်ပါးစေ...
17/09/2023

ကြံ့ခိုင်ရေးပါတီရဲ့ "USDP အမျိုးသမီးကော်မတီ" page ဟက်ယူခံထားရ

Burma Post စက်တင်ဘာ ၁၇ ၊ ၂၀၂၃ ခုနှစ်

စစ်တပ်လက်ပါးစေ ကြံ့ခိုင်ရေးပါတီရဲ့ USDP Women
Committee (USDP အမျိုးသမီးကော်မတီ)page မနေ့က ညပိုင်းမှာ ဟက်ယူခံထားရတယ်လို့ သိရပါတယ်။

ဟက်(Hacked)ယူခံခဲ့ရပြီး မနေ့ကညပိုင်းမှာတော့ အဲ့ဒီ Page ရဲ့ ပရိုဖိုင်ပုံ(Profile picture)နဲ့ Cover Photo မှာ Sexy Model တချို့ရဲ့ပုံတွေကိုတင်ထားပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း USDP Women
Committee ရဲ့ page မှာအရင်ကတင်ခဲ့ဖူးတဲ့
Post တွေရဲ့ ပုံတွေတွေဖျက်ပြီး Sexy Model တွေရဲ့ပုံတွေကို အစားထိုးထားတာတွေ့ရပါတယ်။

ဒီလို ဟက်(Hacked)ယူခံခဲ့ရတာနဲ့ ပါတ်သတ်ပြီး ဘယ်အဖွဲ့အစည်းက ဒီလိုလုပ်ခဲ့တယ်ဆိုတာကို USDP Women Committee ရဲ့ Facebook Messenger ကတဆင့် Burma Post က သွားရောက်မေးမြန်းခဲ့ပေမဲ့ ပြန် လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

ကြံ့ခိုင်ရေးပါတီဘက်ကလည်း USDP Women
Committee ရဲ့ page ဟက်ယူခံခဲ့ရတာနဲ့ပါတ်သတ်ပြီး ဒီနေ့မနက်ပိုင်းအထိ သတင်းထုတ်ပြန်ထားတာမျိုးမရှိသေးဘူးလို့သိရပါတယ်။

16/09/2023

ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်ကောင် စီရဲ့စစ်သင်္ဘောတိုက်ခိုက်ခံရ

Burma Post စက်တင်ဘာ ၁၆ ၊ ၂၀၂၃ ခုနှစ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်
ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီရဲ့စစ်သ င်္ဘောတစ်စီးကို ဒေသကာကကွယ်ရေးအဖွဲ့က စက်တင် ဘာလ ၁၂ ရက်နေ့မှာ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

One Star Task Force ဒေသကာကွယ်ရေးအဖွဲ့က အဲ့ဒီ စစ်သင်္ဘောကို အလစ်အငိုက်စောင့်ကြိုတိုက်ခိုက်ခဲ့တာ
ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရရှိသူတချို့ရှိခဲ့တယ်လို့ဆိုပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့တွေဘက်ကတော့ အထိအခိုက်မရှိဆုတ်ခွါနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

One Star Task Force အဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က ရွှေတောင်ဦးကုန်းအနီးရှိ စစ်ကောင်စီရဲ့ကွန် ပျူတာတက္ကသိုလ်ဖွင့်ပွဲကို လက်နက်ကြီးနဲ့ပစ်ခတ်တိုက် ခိုက်ခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ရေတလျောက်စခန်း ကို KNLA နဲ့ တော် လှန်ရေးပူးပေါင်းတပ်တွေကသိမ်းပိုက်Burma Post စက်တင်ဘာလ ၁၅ရက်၊၂၀၂၃ ခုနှစ်၊အက...
16/09/2023

စစ်ကောင်စီရဲ့ရေတလျောက်စခန်း ကို KNLA နဲ့ တော် လှန်ရေးပူးပေါင်းတပ်တွေကသိမ်းပိုက်

Burma Post စက်တင်ဘာလ ၁၅ရက်၊၂၀၂၃ ခုနှစ်၊

အကြမ်းဖက်စစ်ကောင်စီရဲ့ရေတလျောက်စခန်း ကို
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာလ
(၁၄)ရက် မနက်ပိုင်း မှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးလက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ကော်သူး
လေအုပ်ချုပ်မှုနယ်မြေ၊ဒူးပလာယာခရိုင်၊သတင်းနဲ့ပြန်
ကြားရေးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

ကော့ကရိတ်မြို့နယ်၊ထိုင်း-မြန်မာ နယ်စပ် တစ်နေရာမှာရှိတဲ့ ရေတလျောက်စခန်းကို ကရင်အမျိုးသားလွတ်
မြောက်ရေးတပ်မတော်(KNLA)၊ တပ်ရင်း (၁၈) နဲ့တော်
လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ က စက်တင်ဘာ (၁၄)ရက် မနက် (၇း၅၅) မိနစ် မှာ စတင် စီးနင်း ဝင်ရောက် တိုက်
ခိုက်ခဲ့ရာ မနက် (၈း၂၀) မိနစ် ခန့်တွင် စခန်းတစ်ခုလုံးကိုအပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း မြောက်များစွာကို သိမ်းဆည်းရမိခဲ့တာပါ။

အဲ့ဒိ စခန်းသိမ်းတိုက်ပွဲ အတွင်းမှာစစ်ကောင်စီဘက်က (၉) ဦးသေဆုံး ကာ အခြားတပ်သားများ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး KNLAနဲ့တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် (၁)ဦး ကျဆုံးခဲ့ကာ သုံးဦးဒဏ်ရာရရှိခဲ့တယ်
လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း MA-1 (၁) လက်၊ MA-2 (၂) လက်၊ MA-3 (၁) လက်၊ MA-4 ပူးတွဲ (၂) လက်၊ RPG-7 (၁) လက်၊ 60mm ပြောင်းတို (၂) လက်၊ ပစ္စတို (၂) လက် နှင့် ငါးကြင်းမြိး စက်လက် (၁) လက် ၊ RPG-7 ကျည် (၇၀) လုံး၊ 81mm ကျည် (၄၀) လုံး၊ 60mm ကျည် (၁၁၀) လုံး၊ M-79 ကျည် (၄၀) လုံး၊ 5.56 ကျည် (၂၈၀၀) တောင့်၊ 7.62 ကျည် (၈၀၀) တောင့်၊ တိုက်မိုင်း (၂၀) လုံး၊ နင်းမိုင်း (၂၃) လုံး၊ ရှေ့ထွက်မိုင်း (၃) လုံး၊ ဆက်သွယ်ရေးစက်ကြီး (၁) လုံး၊ မြေပုံ (၁) ရွက်၊ လက်ပစ်ဗုံး (၂၀) လုံး နှင့် Compass (၂) လုံးတို့သိမ်းဆည်းရမိခဲ့တယ်လို့လည်းKNU ကဆိုပါတယ်။

KNU - အုပ်ချုပ်နယ်မြေ၊ဒူးပလာယာခရိုင်၊တပ်မဟာ (၆)အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုKNLA
-တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်မှု ၊ ပျောက်ကျား ပစ်ခတ်မှု တွေ အ​ပြင် နယ်မြေ ကျူး
ကျော် စစ်ကြောင်းထိုးလာ သော စစ်ကောင်စီတပ် များကို ကြားဖြတ် တိုက်ခိုက်မှု တွေ နေ့စဥ် ပြုလုပ် နေ တာကြောင့်စစ်ကောင်စီတပ်မှသေဆုံးဒဏ်ရာရသူများလာ
ကြောင်း၊စခန်းတွင်းရှိ စစ်ကောင်စီ တပ်သားတွေ နဲ့ သူတို့ရဲ့မိသားစုဝင်တွေက လည်း စိတ်ဓာတ်ကျဆင်း လာကာတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဆီမှာ လာရောက်ခိုလှုံအညံ့ခံပူးပေါင်းမှုတွေရှိနေကြောင်း KNU က ထုတ်ပြန်ထားပါတယ်။

နွေအသစ်

ဓာတ်ပုံ...KNU/KNLA ၊တပ်မဟာ ၆ တပ်ရင်း (တပ်ရင်း ၁၈)
ပုံစာညွှန်း....ရေတလျောက် စခန်းသိမ်းတိုက်ပွဲတွင် သိမ်း ဆည်းရမိသော လက်နက်ခဲယမ်းများ

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု​တွေကြောင့် ကေအဲန်ယူ−ခလယ်လွီထူခရိုင် အုပ်ချုပ်နယ်မြေအတွင်းကျေးရွာများကဒေသခံ ငါးထောင်က...
15/09/2023

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု​တွေကြောင့် ကေအဲန်ယူ−ခလယ်လွီထူခရိုင် အုပ်ချုပ်နယ်မြေအတွင်းကျေးရွာများကဒေသခံ ငါးထောင်ကျော် အသက်ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရ

Burma Post စက်တင်ဘာလ ၁၅ ရက်၊၂၀၂၃ ခုနှစ်၊

အ​ကြမ်းဖက်​စစ်ကောင်စီတပ်တွေ ရဲ့ လေကြောင်းတိုက်ခိုက်မှု​တွေကြောင့် ကေအဲန်ယူ−ခလယ်လွီထူခရိုင် အုပ်ချုပ်နယ်မြေအတွင်းကျေးရွာ(၆)ရွာက ဒေသခံ အ
ပြစ်မဲ့ ပြည်သူ ငါးထောင် ကျော် တို့ ဟာ အသက်ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရတယ် KNU ဗဟိုက စက်တင်ဘာ(၁၅)ရက် မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင််စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် ဟောခိုဂေါရွာ၊ဝိုင်းကြီးရွာ၊ဆင်းပုလဲရွာ၊လူအရွာ၊ မယ်တလင်ရွာနဲ့ ထွာနီကုန်းရွာ ရှိ အိမ်ခြေ (၄၄၇​)စု၊လူဦးရေ (၅၂၉၅)ဦးတို့မှာ နေရပ်များကိုစွန့်ခွာပြီး အသက်ဘေးလွတ်ရာဒေသတွေကိုထွက်ပြေးတိမ်းရှောင်နေကြရတဲ့အပြင် မိုးတွင်း ကာလ ဖြစ် တဲ့ အတွက် ရန်မျိုးအောင်ကျေးရွာ နဲ့ တမောကျေးရွာ တို့က အိမ်ခြေ(၃၆)လုံး မှာ
ရေကြီးရေလျှံမှုနဲ့ကြုံတွေ့နေရတယ်လို့KNUကသတင်း
ထုတ်ပြန်ထားတာပါ။

ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင် တပ်မဟာ (၃)၊ မူး(မုန်း)မြို့နယ်အတွင်းရှိ ဟော်ခိုဂေါကျေးရွာ၊ မယ်တလင် ကျေးရွာနှင့် ဆင်းပုလဲကျေးရွာတွေကို စက်တင်ဘာလ(၁၄)ရက်မနက်ပိုင်းမှာ စစ်ကောင်စီကတိုက်ခိုက်ရေး ရဟတ်ယာဉ် (၃) စီးသုံးကာ(၁၃) ကြိမ်ခန့် လာရောက်ပစ်ခတ်သွားခဲ့တာကြောင့် ပြည်သူလူထု ကို ထိခိုက်မှု မရှိသော်လည်း နေအိမ်အ ဆောက်အဦးပျက်စီးဆုံးရှံမှုများရှိခဲ့ပြီးကျေးရွာတွေအ တွင်း တပ်စွဲထားတဲ့စစ်ကောင်စီတပ်များကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရမှုများကို တော့ အတိအကျ စာရင်း မကောက်ခံနိုင်ဘူးလို့ KNU ဗဟိုကဆိုပါတယ်။

စစ်ဘေးနဲ့သဘာဝဘေးအန္တရာယ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထု တွေ အတွက် စားနပ်
ရိက္ခာ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်း အမိုးအကာ စတဲ့ အ
ရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီများလိုအပ်နေပြီး ကူညီထောက်ပံ့လိုသူတွေအနေနဲ့ မုန်းမြို့နယ်ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်
မတီ (သို့မဟုတ်) သတင်းနှင့်ပြန်ကြားရေး(ဗဟိို)တို့ကိုဆက်သွယ်မေးမြန်း အကူအညီပေးနိုင်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

နွေအသစ်

ဓါတ်ပုံ − အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရသောပြည်သူလူထုများနှင့် ရေကြီးမှုကြောင့်နှစ်မြုပ်နေသော နေအိမ်များ။

ကနောင်စစ်ဆင်ရေး အတွင်း စစ်ကောင်စီအရာရှိများအပါအဝင် အများအပြားသေဆုံးဒဏ်ရာရရှိပြီးလက် နက်ခဲယမ်းများသိမ်းဆည်းရမိ၊စစ်ရေးဆက်လ...
14/09/2023

ကနောင်စစ်ဆင်ရေး အတွင်း စစ်ကောင်စီအရာရှိများအပါအဝင် အများအပြားသေဆုံးဒဏ်ရာရရှိပြီးလက် နက်ခဲယမ်းများသိမ်းဆည်းရမိ၊စစ်ရေးဆက်လက်တင်းမာနေ

Burma Post စက်တင်ဘာလ (၁၃) ရက်၊၂၀၂၃

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)၊ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)
နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေး ဝန်
ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)
တို့ပူးပေါင်းဆင်နွဲတဲ့ကနောင်စစ်ဆင်ရေးမှာစစ်ကောင်
စီဘက်မှအရာရှိအဆင့်များအပါအဝင်သေဆုံး၊ဒဏ်ရာရရှိသူ များပြား ပြီး လက်နက်ခဲယမ်း အများအပြား ကိုလည်းသိမ်းရမိခဲ့တယ်လို့ NUG စစ်ရုံးချုပ် က စက်တင်
ဘာ(၁၃) ရက် မှာသတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လကတည်းကစတင်ခဲ့တဲ့ကနောင်စစ်ဆင်ရေးမှာလက်ရှိအချိန်ထိ စစ်ကောင်စီဘက်မှ အ
ရာရှိကြီးများ အပါအဝင် ရန်သူ့တပ်သား (၈၂) ဦး သေ
ဆုံးခဲ့ပြီး (၁၉) ဦး ဒဏ်ရာရရှိခဲ့ပြီးလက်နက်၊ခဲယမ်း၊မီး
ကျောက်အမြောက်အမြား သိမ်းဆည်းရမိခဲ့ကာ တော်
လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင် (၂)ဦး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အတွက်အသက်ပေးလှူခဲ့ကြတယ်
လို့ အမျိူးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ်ကသတင်းထုတ်ပြန်ခဲ့တာပါ။

၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၅)ရက်နံနက်(၃)နာရီမှ မတ္တရာမြို့နယ်ရှိ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်
ရေးတပ် (၁၀၁၄)ကို ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်တိုက်
ခိုက်ခဲ့ပြီး အင်းကြင်းမြိုင်တပ်ရဲ့ကာကင်းစခန်းတစ်ခုကိုဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကာစစ်ကူလာသော အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ရန်သူ့ယာဥ်တန်း(၆)စီးကိုလည်း မိုင်းဆွဲဖြတ်တောက်ခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ်တွေကဆိုပါတယ်။

သြဂုတ်လ (၄) ရက် မှာ နောင်ချိုအနီး ရန်သူ့စစ်ယာဥ်တန်းအား ခြုံခုံတိုက်ခိုက်ခဲ့ပြီး သြဂုတ်လ (၁၁) ရက်မှာ တော် လှန်ရေးမဟာမိတ်ပူးပေါင်း တပ်ဖွဲ့ဝင်များဆုတ်ခွာရာ လမ်းကြောင်း ကို စစ်ကြောင်းထိုးလာ တဲ့ တပ်မ(၉၉) လက်အောက်ခံ အင်အား(၅၀)ခန့် ရှိတပ်ရင်းတစ်ရင်းကိုထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ ကာ သြဂုတ်လ(၂၆) ရက်မှာလည်း စစ်ကြောင်းထိုးလာတဲ့ ရန်သူ့တပ်တွေ နဲ့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ (၆) ရက်၊ညဉ့်ဦးပိုင်းမှာ တိတ်တဆိတ်ချဥ်းကပ်ဝိုင်းပတ်ပိတ်ဆို့ရန် ကြိုးစားခဲ့ တဲ့ ရန်သူ့ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ က တန်ပြန်ပိတ်ဆို့ခဲ့ရာ စက်တင်ဘာ(၇)ရက် နံနက်ပိုင်း မှာ တိုက်ပွဲဖြစ်ပွားခဲ့ကာ စက်တင်ဘာလ(၈)ရက်တွင်လည်းပြင်ဦးလွင်-မိုးကုတ်လမ်းပေါ်ရှိ တောင်နီကျေးရွာအနီး တာဝါတိုင်ကုန်းတွင် တပ်ချထားတဲ့ ရန်သူ့စစ်ကြောင်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တာဝါတိုင်ကုန်းအား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်းနဲ့ စက်တင်ဘာလ (၁၀)ရက် ညနေပိုင်းတွင် ထိုးစစ်ဆင်လာတဲ့ရန်သူ့စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့ဘက် က ဒု-စစ်ကြောင်းမှူး အပါအဝင် (၃)ဦး သေဆုံးခဲ့ကြောင်း NUG စစ်ရုံးချုပ်ရဲ့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

လက်ရှိမှာလည်း ရန်သူ့တပ်တွေဖြစ်တဲ့ တပ်မ (၉၉) ၊တပ်မ (၁၀၁) လက်အောက်ခံ (ခလရ -၂၅၂)၊(ခလရ- ၂၅၇) နဲ့ အမှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ-၁) လက်အောက်ခံ (ခမရ -၅၀၂)တို့က အင်အား ၄၀၀ဝန်းကျင်နဲ့ထိပ်တိုက်ရင်ဆိုင်ထားကာစစ်ရေးတင်းမာနေတယ် လို့ NUG စစ်ရုံးချုပ်ကသတင်းထုတ်ပြန်ထားပါတယ်။

နွေအသစ်

လက်နက်ကိုင်တော်လှန်ရေးကိုလျှော့လို့မရသလို၊လူ ထုနိုင်ငံရေးတိုက်ပွဲကိုလည်းလျစ်လျူရှု၍ မရသေးဘူးလို့ NUG ယာယီသမ္မတပြောBurma ...
12/09/2023

လက်နက်ကိုင်တော်လှန်ရေးကိုလျှော့လို့မရသလို၊လူ ထုနိုင်ငံရေးတိုက်ပွဲကိုလည်းလျစ်လျူရှု၍ မရသေးဘူးလို့ NUG ယာယီသမ္မတပြော

Burma Postစက်တင်ဘာ ၁၂ ၊ ၂၀၂၃ ခုနှစ်

နွေဦးတော်လှန်ရေးကြီးတစ်ခုလုံးဟာလက်နက်ကိုင်
တော်လှန်ရေးလမ်းစဉ်ကိုလျှော့လို့မရသေးသလို၊လူထုနိုင်ငံရေးတိုက်ပွဲကိုလည်းလျစ်လျူရှုလို့ မရသေးပါဘူး လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့ ယာယီသမ္မတဒူဝါလရှီးလ က စက်တက်ဘာ (၁၂) ရက် မနက်၁၀ နာရီ မှာ ပြုလုပ်တဲ့ (၃၁) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေး မှာ ပြောကြားလိုက်ပါတယ်။


ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့အပါ
အဝင်ပြည်ထောင်စုဝန်ကြီး၊ဒုဝန်ကြီးတွေ တက်ရောက်
ခဲ့တဲ့ဒီအစည်းအဝေးမှာ ယာယီသမ္မတ ကအဖွင့်မိန့်ခွန်းပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့တာပါ။

“လက်ရှိ နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်ခုခံတော်လှန်စစ် နဲ့ လူထုနိုင်ငံရေး တိုက်ပွဲ ကို မျဉ်းပြိုင် သဖွယ် ဆုပ်ကိုင်ပြီး ချီတက်နေကြတယ်ဆိုတဲ့ကိစ္စရပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးအတွက် ထင်သာမြင်သာရှိတဲ့ရုပ်ပိုင်းဆိုင်ရာ တော်လှန်တိုက်ပွဲတွေ ရှိပါတယ်။ ဒါ့အပြင်စနစ်ကို ဖြိုချတိုက်ဖျက်ရတဲ့နာမ်ပိုင်းဆိုင်ရာတော်လှန်တိုက်ပွဲ တွေ ရှိပါတယ်။ ဒါဟာ hardware ပိုင်း နဲ့ software ပိုင်းလို ခွဲခြားပြီး ကြည့်မြင်နိုင်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးဟာနွေဦးတော်လှန်ရေးရဲ့ hardwareပိုင်း
လို့ ယူဆနိုင်ပါလိမ့်မယ်။လူထုနိုင်ငံရေးတိုက်ပွဲကတော့နွေဦးတော်လှန်ရေး ရဲ့ software ပိုင်း လို့ ယူဆ နိုင် ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ မိမိတို့ ဦးဆောင်လျှောက်လှမ်းနေတဲ့ လမ်းခရီးရဲ့ အနေအထားကို သေချာ ရှင်းရှင်း လင်းလင်း ပြတ်ပြတ် သားသား မြင်ထား ဖို့ လို ပါတယ်။ ဒါမှသာလျှင်ဘေးထွက်ဆိုးကျိုးတွေကိုနည်းနိုင်သမျှ နည်းအောင် ရှောင်ရှားနိုင်ပြီး၊လက်တွေ့အကျိုးရ
လဒ်တွေများများထွက်ပေါ်အောင် လုပ်နိုင်ပါလိမ့်မယ်။ အခု နွေဦးတော်လှန်ရေးကြီး တစ်ခုလုံး ဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုလည်းလျော့လို့ မရသေးသလို၊ လူထုနိုင်ငံရေးတိုက်ပွဲကိုလည်းလျစ်လျူရှုလို့ မရသေးပါဘူး။ ဒါကို ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်‌တွေ အားလုံး ပြတ်ပြတ်သားသား နားလည်သဘောပေါက်ထားပြီးဖြစ်မယ်လို့ ယုံကြည် ပါတယ်" လို့ယာယီသမ္မတဒူဝါလရှီးလ ကပြောပါတယ်။


တော်လှန်ရေးထဲမှာတွေ့ရလေ့ရှိတဲ့ politicalbehavior
တွေဖြစ်တဲ့ တော်လှန်ရေးသက်တမ်း အချိန်အတိုင်းအ
တာ တစ်ခု ရောက်လာတာ နဲ့ အမျှ လူထု ရဲ့ စိတ်နေ သဘောအလှုပ်အရမ်းတွေကို ပိုပြီး တွေ့မြင်လာရမှာ ဖြစ်ပြီး တော်လှန်ရေးမှာ နယ်ပယ်ကဏ္ဍအသီးသီးကနေပါဝင်နေတဲ့တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့နိုင်ငံရေးအစုအဖွဲ့တွေရဲ့ စိတ်နေသဘော တိမ်းညွှတ်ချက်တွေဟာအလှုပ်အရမ်းဖြစ်လာတဲ့ကိစ္စကိုလည်း အားလုံး သတိချပ်ရမှာဖြစ်တယ်လို့ ယာယီသမ္မတ ကဆက်ပြောပါတယ်။

ဒီအစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်း
ခိုင်သန်း က လည်း စစ်ကောင်စီ က လုပ်မယ့် အတု အ
ယောင် ရွေးကောက်ပွဲ မဖြစ်အောင် ဘက်ပေါင်းစုံ ကဝိုင်းဝန်းစဥ်းစားထားဖို့လိုတယ်လို့ပြောကြားခဲဲ့ပြီး ပြည်
ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်ကလည်း လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲကိုမဟာဗျူဟာမြောက် ပေါင်းစပ် ပုံဖော် ဆင်နွှဲနိုင်ရေးစီမံချက် action plan အကြောင်း ၊ အထွေထွေ လူထု အုံကြွ မှုပေါင်းစပ်ညှိနှိုင်းရေး ဗဟိုအဖွဲ့ ဖွဲစည်းထားကြောင်းနဲ့မြဝတီဘဏ်၊ အင်းဝဘဏ် ဒါရိုက်တာအဖွဲ့ ကိုအကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားကြောင်းတွေကိုတင်ပြဆွေးနွေးခဲ့ပါတယ်။

နွေအသစ်

တောင်ငူမှာ စစ်ကောင်စီတပ်စခန်း စီးနင်းတိုက်ခိုက်ခံရ ၁၅ ဦးသေBurma Post စက်တင်ဘာ ၁၁ ၊၂၀၂၃ ခုနှစ်ပဲခူးတိုင်း၊ တောင်ငူမြို့နယ...
11/09/2023

တောင်ငူမှာ စစ်ကောင်စီတပ်စခန်း စီးနင်းတိုက်ခိုက်ခံရ ၁၅ ဦးသေ

Burma Post စက်တင်ဘာ ၁၁ ၊၂၀၂၃ ခုနှစ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊အမြန်လမ်း(၁၆၂)မိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား (၂၀)ဦးနဲ့ အထိုင်ချ တပ်စွဲထားတဲ့ ဆိတ်ဖူးတောင်စခန်းစီးနင်းတိုက်ခိုက်ခံရပြီး ၁၅ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ငူခရိုင် တပ်ရင်း ၃၅၀၁၊ အနောက်ရိုးမမှ ထုတ်နှုတ်အင်အား (၁၆)ဦးနဲ့ နယ်မြေခံ ကျေးရွာကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး စက်တင်ဘာလ (၉)ရက်နေ့၊ နံနက် (၄)နာရီမှာ စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Bago Ragion PDF က ထုတ်ပြန်ပါတယ်။

ထိတွေ့တိုက်ပွဲ မိနစ်(၃၀) ခန့်ကြာမြင့်ခဲ့တဲ့ စီးနင်းတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦး သေဆုံးခဲ့တယ်လို့ အတည်ပြုနိုင်ခဲ့ပြီး ရာထူးအဆင့်ကိုတော့ စိစစ်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ တပ်ဖွဲ့ဝင် (၂)ဦး ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေမဟုတ်ဘူးလို့ ထုတ်ပြန်ချက်အရသိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ဖို့အထိ စီစဉ်ထားပေမယ့် ခဲယမ်း၊ ကျည် မလုံလောက်တာကြောင့် ပြန် လည်ဆုတ်ခွာခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

KNU နယ်မြေအတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမ များသေဆုံးခဲ့ကာကျောင်းများပိ...
10/09/2023

KNU နယ်မြေအတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်
ခိုက်မှုတွေကြောင့် ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆ
ရာမ များသေဆုံးခဲ့ကာကျောင်းများပိတ်ထားရ

Burma Post စက်တင်ဘာလ (၈)၊ ၂၀၂၃ ခုနှစ်

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊မူတြော်ခရိုင်၊တပ်မဟာ
(၅) တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ က ပြည်သူ
လူထုအားပစ်မှတ်ထားကာ၂ ရက်အတွင်းလေကြောင်း
တိုက်ခိုက်မှု (၈) ကြိမ် ပြုလုပ် ခဲ့တာ ကြောင့် အပြစ်မဲ့ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများသေဆုံးခဲ့ရပြီးစာသင်ကျောင်းများလည်းပိတ်ထားခဲ့ရတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ရဲ့ လေကြောင်း တိုက်ခိုက် မှု ကြောင့်ကျောင်းသူကျောင်းသား ဆရာဆရာမ(၄)ဦးသေဆုံး၍ ၇ ဦးထိခိုက်ဒဏ်ရာခဲ့ရပြီးစာသင်ကျောင်း၁၁ ကျောင်း ပိတ်ထားရကာပြည်သူပိုင် နေအိမ် (၁၀) လုံး၊ ဘုရားရှိ
ခိုးကျောင်း(၁)ကျောင်း၊ဝတ်ပြုဆုတောင်းရာကျောင်း
ဆောင်(၁)ဆောင်တို့ ထိခိုက်ပျက်စီးခဲ့ရတဲ့အပြင်ကျေး
ရွာ (၆) ရွာမှ အပြစ်မဲ့ အရပ်သား ပြည်သူများ အသက်ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင် နေရတယ် လို့ KNU ကထုတ်ပြန်ထားတာပါ။

ကေအဲန်ယူ−လူသောမြို့နယ် အုပ်ချုပ်နယ်မြေ၊လယ်မူပလောနှင့် ခေးပူကျေးရွာအုပ်စု၊သေသူးခီးနှင့် ကော်
ရော်ဘောထာ ကျေးရွာများရှိ ပြည်သူတွေ ကို ပစ်မှတ်ထားကာ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၇) ရက် နံနက် (၁၁:၄၅) မိနစ်တွင် စစ်ကောင်စီရဲ့ဂျက်တိုက်လေယာဥ်များကအော်လီဂန်းဖြင့်ပစ်ခတ်ခဲ့တဲ့အပြင် ဗုံးကြဲ တိုက်
ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တာကြောင့် ၄၅ နှစ်အရွယ် သေသူးခီးရွာသား စောရှီးမူးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်
(၁၀) လုံး၊ စာသင်ကျောင်း (၁)ကျောင်း၊ ခရစ်ယာန် ဘု
ရားကျောင်း ၊ဝတ်ပြုဆုတောင်းရာကျောင်းဆောင် တို့ ပျက်စီးခဲ့ရတယ်လို့ KNU ကဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၇) ရက် ၊နံနက် ၆နာ
ရီခန့် ကလည်း ကေအဲန်ယူ−ဒွယ်လိုးမြို့နယ် အုပ်ချုပ်နယ်မြေ၊ နားကိုခီးကျေးရွာအုပ်စု၊ထီးဂေါ်တာကျေးရွာ ကို ဂျက်တိုက်လေယာဉ်များနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသားနဲ့ဆရာ၊ဆရာမ (၄) ဦး သေဆုံးခဲ့ရ ကာ(၆) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်တွေအတွင်း အသက် ၅၆ နှစ်အရွယ် ကျောင်းဆရာ စောဖါးဒါး ၊ ၁၄ နှစ် အရွယ်ကျောင်းသား စောအယ်မူလား ၊၁၆နှစ်အရွယ် ကျောင်းသူနော်ထီးခူဖေါ (၁၆)နှစ် နဲ့၁၃နှစ်အရွယ်ကျောင်းသား စောဘိုကြီး တို့ (၄) ဦး သေဆုံး ခဲ့ ရ ပြီး(၁၄)နှစ် အရွယ်ကျောင်းသူနော်ဖေါစေးထူး၊(၁၁)နှစ်အရွယ်ကျောင်းသူနော်ဒါးဝါး ၊၉ နှစ်အရွယ်ကျောင်းသား စောအယ်မူလာဝါး၊၁၅နှစ်အရွယ်ကျောင်းသားစောအယ်နေထူး ၁၆နှစ်အရွယ်ကျောင်းသူနော်မူလာကပေါ် နဲ့ ၂၄နှစ်အရွယ်ဆရာမနော်ဒါး တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

စက်တင်ဘာလ (၈) ရက်နေ့ ၊နေ့လည် (၁၂) နာရီခန့်မှာလည်း စစ်ကောင်စီ ရဲ့ဂျက် တိုက်လေယာဉ် တွေ ကကေအဲန်ယူ−လူသောမြို့နယ် အုပ်ချုပ်နယ်မြေ အတွင်းခေးပူကျေးရွာ အုပ်စု၊ ခလယ်ထာ၊ တာခဲခဲ ဒေသ တွင် (၃) ကြိမ် ၊ ဂယ်ယူဒဲ ဒေသ တွင် (၁) ကြိမ် နဲ့ သေသူးခီးဒေသ မှာ (၁) ကြိမ် စုစုပေါင်း လေကြာင်း တိုက်ခိုက်မှု (၅) ကြိမ်ထပ်မံပြုလုပ်ခဲ့တာကြောင့်အရပ်သားပြည်သူထိခိုက်သေဆုံးမှု များ နဲ့ အခြားသော ထိခိုက်ပျက်စီးမှုများ ကို သက်ဆိုင်ရာ တာဝန်ရှိ သူများ က စစ်ဆေး အတည်ပြုနေတယ်လို့ KNU ကဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
(K.N.L.A) ၊ တပ်မဟာ အမှတ် (၅) နဲ့ ပူးပေါင်းတပ်ဖွဲ့ များက ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၆) ရက်နေ့ နံနက် (၅း၃၀) ခန့်မှာ ခေးပူအခြေစိုက်စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ်များသုံးကာ ပြည်သူလူထုနေထိုင်ရာကျေးရွာတွေနဲ့လုပ်ငန်းခွင်များကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် ကေအဲန်ယူ−လူသောမြို့နယ် အုပ်ချုပ် နယ်မြေ လယ်ဟိုး၊ နော်ရိုးထာ၊ သေသူးခီး၊ ဂယ်ယူဒဲ ၊ကော်ထယ်ဒဲ ၊ ခေးပူ ကျေးရွာ​တွေမှာနေထိုင်ကြသူတွေဟာအသက်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ဒါ့အပြင်ထီးမူးခီး ကော်သူးအထက်တန်းကျောင်း၊ ဆာမူပယ်အုပ်စုအထက်တန်းကျောင်း၊ကဲခိုမူဒဲအထက်တန်း ကျောင်း၊လူသောမြို့နယ် အလယ် တန်းကျောင်း၊လယ်မူထိ အလယ်တန်းကျောင်း၊ ဘဲသောလို အလယ်တန်းကျောင်း ၊ ခေးပူအလယ် တန်းကျောင်း၊ ဂယ်ယူဒဲ မူလတန်းကျောင်း ၊ သေသူးခီး မူလတန်းကျောင်း၊ ထီးပိုလို မူလတန်းကျောင်း ၊ ထလာခို မူလတန်းကျောင်း စတဲ့ ကျောင်းတွေ က ကျောင်းသူ၊ကျောင်းသားများ၊ဆရာ၊ဆရာမတွေ က လည်း ကျောင်းမသွားရဲ ပဲ အသက်ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင် နေရတယ် လို့KNU ရဲ့ထုတ်ပြန်ချက် အရ သိရပါတယ်။

လူသောမြို့နယ်အတွင်းကထွက်ပြေးတိမ်းရှောင်နေရတဲ့စစ်ဘေးရှောင်တွေ ဟာ တော၊တောင်တွေ အတွင်း အခက်အခဲများစွာကြုံတွေ့နေရပြီး အရေးပေါ် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီ တွေ လို
အပ်နေတယ်လို့လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ဆိုပါတယ်။
နွေအသစ်

10/09/2023

ပဲခူးရိုးမအတွင်း အခိုင်အမာတပ်ဆွဲထားတဲ့ စစ်တပ်ရဲ့ ခါချဉ်တောင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက် ဆီး

Burma Post စက်တင်ဘာ ၁၀ ၊၂၀၂၃ ခုနှစ်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့် လန့် မြို့ချောင်း ပဲခူးရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင်ပေါ်မှာအခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို PDF တွေက စက်တင်ဘာလ(၉)ရက်နေ့ ည ၁၀ နာရီအ ချိန်မှာတိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ပြန် လည်ခုခံခဲ့ပေမဲ့ နည်းဗျူဟာပိုင်း အားသာချက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ Bago Ragion PDF ကထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်စစ်ကောင်စီ၏ ခါချဉ်တောင်စခန်းကို လက်ရသိမ်းပိုက်နိုင်ခဲ့ပြီး ဘတ်တံဆိပ်တခုကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီအပြင် စစ်ကောင်စီတပ်ဖွဲ့တွေ ထပ်မံတပ်ဆွဲအထိုင်ချတာတွေ မလုပ်နိုင်အောင်စခန်းကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုတွေရှိနိုင်ပြီး သေဆုံးသူနဲ့ ထိခိုက်မှုဦးရေကိုတော့ ဆက်လက်အတည်ပြု စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ပြုလုပ်ခဲ့တာဖြစ်ပြီး ချချဥ်တောင်စခန်းကိုမီးရှို့အပြီးမှာ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။

ခါချဉ်တောင်စခန်းဟာ အကြမ်းဖက်စစ်ကောင်စီ လက် အောက်ခံ သစ်တော၊ ရဲ၊ စစ်တပ်တို့ရှိတဲ့ စုပေါင်းစခန်းချဖြစ်ပြီး ပဲခူးရိုးမအတွင်းက သစ်နဲ့ သစ်တောထွက် ပစ္စည်းတွေအတွက် စစ်ကောင်စီထံ အခွန်အခကောက်ခံပေးခြင်း၊ ရိုးမကို အမှီပြု လုပ်ကိုင်စားသောက်နေကြတဲ့ ပြည်သူလူ ထုရဲ့ ဆိုင်ကယ်၊ ဖုန်းနဲ့ အခြားအသုံးအဆောင်များကို အ နိုင်ကျင့်သိမ်းယူခြင်း၊ ရိုးမအတွင်း ထိန်းသိမ်းစောင့်ရှောက်ရမယ့် ဘေးမဲ့တောတွေထဲက စစ်တပ်အတွက် သစ်တန်ရာချီ ခိုးထုတ်ခွင့်ပြုကာ ဝင်ငွေရှာဖွေပေးနေခြင်းတွေကိုပြု လုပ်နေတဲ့ စခန်းဖြစ်တယ်လို့သိရပါတယ်။

10/09/2023

သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ဆွေးနွေးတိုင်ပင်ပြီး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် ဖွဲ့စည်းခဲ့တာလို့ ဗိုလ်နဂါးပြော

Burma Post စက်တင်ဘာ ၁၀၊၂၀၂၃ ခုနှစ်

ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် BNRA စတင်တည်ထောင်ကြောင်းကို လူမှုကွန်ယက်စာမျက်နှာကတဆင့် စက်တင်ဘာလ ၉ ရက်၊မနေ့က မနက်ပိုင်းမှာ ထုတ်ပြန် ကြေညာထားပါတယ်။

အဲ့ဒီလို ထုတ်ပြန်ကြေညာပြီး ညနေပိုင်းမှာပဲ BNRA ဖွဲ့စည်းတည်ထောင်တာနဲ့ပတ်သတ်ပြီး BNRA ဥက္ကဠ ဗိုလ်နဂါးက ရှင်းလင်းပြောကြားထားတာကိုတွေ့ရပါတယ်။

ဗိုလ်နဂါး ရှင်းလင်းပြောကြားရုပ်သံဖိုင်မှာတော့ BNRA ကိုဖွဲ့စည်းတည်ထောင်တာဟာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ဆွေးနွေးတိုင်ပင်ပြီးမှ ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကျုံပျော်မှာ PDF တစ်ယောက် အလင်းဝင်လာတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်Burma Post စက်တင်ဘာ ၈ ၊၂၀၂၃ ခုနှစ်ဧရာဝတီတိုင်း၊ကျုံပျော်မ...
08/09/2023

ကျုံပျော်မှာ PDF တစ်ယောက် အလင်းဝင်လာတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်

Burma Post စက်တင်ဘာ ၈ ၊၂၀၂၃ ခုနှစ်

ဧရာဝတီတိုင်း၊ကျုံပျော်မြို့နယ်မှာ စက်တင်ဘာလ ၅ ရက်နေ့က PDF တစ်ဦးအလင်းဝင်လာတယ်လို့ စစ်ကောင်စီကတယ်လီဂရမ် ချန်နယ်တွေကတဆင့် ဝါဒဖြန့်နေတယ်လို့သိရပါတယ်။

အကြမ်းဖက်သင်တန်းတက်ရောက်ပြီးမှ အမြင်မှန်ရလာတဲ့ PDF တစ်ဦး အလင်းဝင်ရောက်လာတယ်လို့ ဝါဒဖြန့်တဲ့ တယ်လီဂရန်ချန်နယ်တွေမှာ ရေးသားဖော်ပြထားတာကိုလည်းတွေ့ရပါတယ်။

စစ်ကောင်စီက ဝါဒဖြန့်နေတာနဲ့ပါတ်သတ်ပြီး ကျုံပျော်မြို့နယ်အတွင်းမှာရှိတဲ့တော်လှန်ရေးအင်အားစုတွေကို Burma Post က ဆက်သွယ်မေးမြန်းရာမှာတော့ စစ်ကောင်စီလော်ဘီ တယ်လီဂရန်ချန်နယ်တွေမှာ အလင်း ဝင်လာသူလို့ ဖော် ပြထားသူဟာ PDF မဟုတ်ကြောင်းပြောပါတယ်။

"သူက PDF ဆိုရင် ကျွန်တော်တို့ အင်အားစုတွေထဲက တစ်ယောက်ယောက်နဲ့သိရမှာပေါ့။ အခုက သူ့ကိုဘယ်သူမှ မသိကြဘူး။ ဆန္ဒပြတုန်းကထွက်ပြေးရပြီး အခုမှမြို့ကိုပြန်လာတဲ့လူတွေကို PDF အလင်းဝင်တယ်ဆိုပြီးလုပ်နေကြတာ တော်တော်များနေပြီ"လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့ ညပိုင်းက PDF တစ်ဦး အ လင်းဝင်လာတယ်ဆိုပြီး ကျုံပျော်မြို့နယ် စစ်ကောင်စီအဖွဲ့တွေနဲ့ထွေအုပ်ဝန်ထမ်းတွေက အရက်ဝိုင်းတွေနဲ့ အောင်ပွဲခံခဲ့ကြတယ်လို့ ဆက်လက်ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ရဲတွေရဲ့ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး အကြောင်းအမျိုးမျိုးကြောင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေထံပြန် ခံဝန်လက် မှတ်ထိုးနေတဲ့လူတွေကို PDF တပ်ဖွဲ့ဝင်တွေအလင်းဝင်လာတယ်ဆိုပြီး စစ်ကောင်စီက ဝါဒဖြန့်တာတွေဆက်တိုက်ပြု လုပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့က ဧရာဝတီတိုင်း လပွတ္တာမြို့နယ်၊ ဟင်္သာတမြို့နယ်၊ မြောင်းမြမြို့နယ်၊ ကြံခင်းမြို့နယ်၊ ဘိုကလေးမြို့နယ်နဲ့ ဟိုင်းကြီးကျွန်းမြို့နယ်တို့ကPDF အဖွဲ့ဝင်အမျိုးသား ရှစ်ဦးနဲ့ အမျိုးသမီး နှစ်ဦးတို့ စစ်ကောင်စီထံ အလင်းဝင်ခဲ့တယ်လို့ ဝါဒဖြန့်ခဲ့ပါသေးတယ်။

ဓာတ်ပုံ - အလင်းဝင်လာသူလို့ ဖော်ပြခံရသူ

Burma Post - အာဂ

08/09/2023

မြိုင်မှာ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခံရ

Burma Post စက်တင်ဘာ ၈ ၊၂၀၂၃ ခုနှစ်

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စက်တင်ဘာလ ၇ ရက်နေ့က ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြို့နယ်၊ကန်နီပျူစောထီးရွာကို မနက် ၉ နာရီခန့်မှာ ဒရုန်းနဲ့ ဗုံးသီး ၅ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး မနက် ၁၀ နာရီခွဲမှာ ကန်နီပျူစောထီးရွာကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်ကားကို ဒရုန်းတွေနဲ့ ဗုံးသီးကျဲချပြီး ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ ကထုတ်ပြန်ပါတယ်။

အဲ့ဒီအပြင် ညနေ (၅) နာရီခွဲဝန်းကျင်မှာ ကန်နီပျူရွာကို ဒရုန်းတွေနဲ့ တတိယအကြိမ် ဗုံးသီးကျဲ တိုက်ခိုက်ခဲ့ပြီး စုစုပေါင်း ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးတွေ ထိခိုက်ဒဏ်ရာရရှိသူအ များ အပြားရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုတွေကို မြိုင်မြိုနယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ရဲ့ Drone တပ်ဖွဲ့ဖြစ်တဲ့ Myaing U.A.V Fighter အဖွဲ့၊ မြိုင် ပကဖ တပ်ရင်း (၂)၊ တပ်ခွဲ (၂)၊ DMG အဖွဲ့၊ Mဒေါင်းနီအဖွဲ့၊ မဟူရာအလင်းတန်းအဖွဲ့၊ MPL တိုက်နယ်-၄ ပကဖ အဖွဲ့နဲ့ ဗိုလ်လင်းမြွေ အဖွဲ့တို့ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Burma Post - အာဂ

07/09/2023

မြိုင်မှာ PDF လက်ချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၁၀ ဦးခန့်သေ

Burma Post စက်တင်ဘာ ၇ ၊ ၂၀၂၃ ခုနှစ်

မကွေးတိုင်း မြိုင်မြို့နယ်မှာ စက်တင်ဘာလ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေက စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့်သေဆုံးခဲ့တယ်လို့ မြိုင် ပကဖ က ထုတ်ပြန်လာပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့ မနက် (၁၁) နာရီဝန်းကျင်အ ချိန်က မြိုင်-ပေါက်ပြင်းလမ်းဆုံ ကန်နီပျူရွာသို့ ရိက္ခာပို့ ဆောင်ရန် ထွက်ခွာလာတဲ့ အင်အား (၇၀) ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးပူး ပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၀င် (၅) ဦး ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပြီး မြိုင်ဆေးရုံသို့ ပို့ဆောင်လိုက်ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီရဲ့ ရိက္ခာပို့ကားတွေကို ဂွေးပင် လယ်ရွာ ချောင်းနားအရောက်မှာ ထပ်မံမိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၀င် ၇ ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ရိက္ခာကားတွေ ဂွေးပင်လယ်ချောင်းနားမှာ ရပ် နားညအိပ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ မနက် (၈) နာရီဝန်းကျင်မှတော့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myaing U.A.V Fighter မှ ဦးဆောင်ကာ 1 kg အဖူးများ၊ မောင်းသူမဲ့လေယာဉ်တွေနဲ့ စစ်ကောင်စီတပ်တွေကို ထပ်မံတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အဲ့ဒီအပြင်စစ်တပ်ရဲ့ ရိက္ခာတင်ကားအချို့ဟာ သံပုရာခြံကျေးရွာအနီးမှာ မြိင် ပကဖ တပ်ရင်း (၃) ဗိုလ်လင်းမြွေ အဖွဲ့နဲ့ ထိပ်တိုက်တိုက်ပွဲဖြစ်ပြီး ကန်နီပျူရွာသို့ ဆက် လက်ထွက်ခွာနိုင်ခြင်းမရှိဘဲ ရပ်နားနေရတယ်လို့ မြိုင် ပကဖ ကဆိုပါတယ်။

အဲ့ဒီ ၂ ရက်တာ တိုက်ခိုက်မှုတွေကို ပကဖ တပ်ရင်း၃ တပ်ခွဲ၅၊ ပကဖ တပ်ရင်း ၂ တပ်ခွဲ၂ နဲ့အတူ မြိုင်ပကဖ Droneတပ်ဖွဲ့ Myaing UAV Fighter အဖွဲ့ ၊ဗိုလ်လင်းမြွေအဖွဲ့၊ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်း လုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပြီး စစ်ကောင်စီတပ်တွေဘက်က သေဆုံးသူ စုစုပေါင်း ၁၀ ဦးခန့်ရှိနိုင်တယ်လို့ မြိုင် ပကဖ ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

Burma Post - အာဂ

စစ်ကောင်စီကကျင်းပမယ့် လေတပ်ချုပ် ညီလာခံကိုအာဆီယံနိုင်ငံများမတက်ဖို့ CRPH တောင်းဆိုBurma Post  စက်တင်ဘာလ ၆ ရက်၊ ၂၀၂၃ ခုနှ...
06/09/2023

စစ်ကောင်စီကကျင်းပမယ့် လေတပ်ချုပ် ညီလာခံကိုအာဆီယံနိုင်ငံများမတက်ဖို့ CRPH တောင်းဆို

Burma Post စက်တင်ဘာလ ၆ ရက်၊ ၂၀၂၃ ခုနှစ်

အကြမ်းဖက်စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် အာဆီယံအဖွဲ့ဝင် လေတပ်ကာကွယ်ရေးဦးစီးချုပ်များ ညီ လာခံကိုပါဝင်တက်ရောက်ခြင်းမပြုရန်အဖွဲ့ဝင်နိုင်ငံများအားစက်တင်ဘာလ ၆ ရက်မှာပြည်ထောင်စုလွှတ် တော်ကိုယ် စားပြုကော်မတီ (CRPH) က တိုက် တွန်းတောင်းဆိုလိုက်ပါတယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများရဲ့လေတပ်ကာကွယ်ရေး ဦးစီးချုပ်များညီလာခံကို တရားမဝင်အာဏာသိမ်းစစ်ကောင်စီ က အိမ်ရှင် အဖြစ် လက်ခံကာ ၂၀၂၃ ခုနှစ် ၊စက်တင်ဘာ လ ၊ (၁၂) ရက် မှ (၁၅) ရက်အထိကျင်းပမှာဖြစ်ပြီးအာဆီယံအဖွဲ့ဝင် နိုင်ငံများက လေတပ်ဦးစီးချုပ်များ၊ ကိုယ်စား လှယ်များ တက်ရောက်ဖို့စီစဥ်ထားတယ်ကြောင်းသိရပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင် လွတ်လပ် ပြီး တရားမျှတသော ရွေးကောက်ပွဲမှတဆင့် ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားသော အရပ်သားအစိုးရအား ပုန်ကန်၍ မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်စစ်ကောင်စီကဥပဒေမဲ့အာဏာလုယူခဲ့ကာ နိုင်ငံတစ်ဝှမ်းပြင်း ထန်သော လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် စစ်ရာ ဇဝတ်မှုများ၊လူမဆန်တဲ့သတ်ဖြတ်မှုတွေ၊ လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ပြည်သူလူ ထုအပေါ် အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်နေချိန်ဖြစ်တယ်လို့ CRPH က ဆိုပါတယ်။

ယခုလို အခြေအနေအချိန်အခါမျိုးမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံများက ဒီညီလာခံ ကို ပါဝင်တက်ရောက်တာဟာ တရားမဝင်စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်တိုက် ခိုက်မှုများ ဆက်လက်ကျူးလွန်ဖို့ အားပေးရာရောက် တဲ့ အတွက် တက်ရောက်မယ့် အစီအစဥ်ဖျက်သိမ်းပေးရန် CRPH က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါ ရီလ (၁) ရက် အာဏာသိမ်းချိန်မှ ယနေ့အထိ ပြည်သူ ၄,၀၀၀ ကျော်အား သတ်ဖြတ်ခဲ့ပြီး ပြည်သူ့နေအိမ် ၈၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကာ စစ်ကောင်စီ ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့်ပြည်သူ (၂) သန်းကျော် နေရပ်စွန့်ခွာတိမ်း ရှောင်နေရပြီး နိုင်ငံတွင်း စီးပွားရေး ချွတ်ခြုံကျနေတာကြောင့်ပြည်သူ ၁၈ သန်းကျော် ဟာလူသားချင်းစာနာထောက်ထားမှုအကူအညီများလိုအပ်နေတယ်လို့ CRPH က ထုတ်ပြန်ထားပါတယ်။

ဥပဒေမဲ့ စစ်အာဏာသိမ်းမှုအပါအဝင်အကြမ်းဖက်မှုတွေနဲ့ သတ်ဖြတ်မှုတွေအမြန်ဆုံး အဆုံးသတ်နိုင်ရေး ဟာ မြန်မာပြည်သူတွေအတွက် အရေးတကြီးလိုအပ်နေလို့ အကြမ်း ဖက် စစ်ကောင်စီ နဲ့ စစ်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများအပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ သံတ မန်ရေး ပူး ပေါင်းဆောင်ရွက်မှုများ လုံးဝရပ်တန့်ပေးဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို CRPH ကထပ်လောင်းတောင်းဆိုလိုက်ပါတယ်။

ယခုကဲ့သို့ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအ ပေါ် အလွန် အကျိုးသက်ရောက်နေတဲ့ မြန်မာနိုင်ငံအရေးအပါ အဝင် အခြား စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြုံတွေ့ နေရချိန်မှာအာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ အနေ ဖြင့် အာဆီယံ ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များ၊ နိုင်ငံတကာ ဥပဒေများနဲ့ လူ့အခွင့်အရေးစံနှုန်းများကို လေးစားလိုက် နာ၍ အာဆီယံအသိုက်အဝန်းရဲ့ ဂုဏ်သိက္ခာကိုထိန်း သိမ်းမှုနဲ့အတူ ဒေသတွင်းပြည်သူများရဲ့ အကျိုးစီးပွား ကို ဦးစားပေး ထည့်သွင်းစဉ်းစားကာ မိတ် ဆွေကောင်း ပီသမှု ကို ပြသဖို လိုကြောင်း CRPH က တိုက်တွန်းပြော ဆိုထားပါတယ်။

မြန်မာပြည်သူတွေ အပေါ် လူမဆန်သောအကြမ်းဖက်မှု များကျူးလွန်နေတဲ့ ရာဇဝတ်သား စစ်ကောင်စီနဲ့ထိတွေ့ ဆက်ဆံ ပူးပေါင်းဆောင်ရွက်နေတာဟာ အကြမ်းဖက်မှု နဲ့ ဒေသတွင်း မတည်ငြိမ်မှုကို ပိုမို ဦးတည်စေနိုင်တယ် လို့ အာဆီယံနိုင်ငံ တွေ ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကသတိပေးပြောကြား လိုက်ပါတယ်။

Burma Post - နွေအသစ်

စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ KNDF ရဲဘော်နှစ်ဦးရဲ့စျာပန အခမ်းအနားကျင်းပ-------------------------------------Burma ...
06/09/2023

စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ KNDF ရဲဘော်နှစ်ဦးရဲ့စျာပန အခမ်းအနားကျင်းပ
-------------------------------------
Burma Post စက်တင်ဘာ ၆ ၊ ၂၀၂၃ ခုနှစ်

ကရင်နီပြည်နယ်၊ဒီးမောဆို့မြို့နယ်၊ သေးဆူလဲကျေးရွာနဲ့ ပူဖားကျေးရွာအတွင်း အခိုင်အမာတပ်စွဲ ခြေကုပ်ယူထားတဲ့ တပ်စခန်းတွေကိုတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်နှစ်ဦးရဲ့ စျာပနကို ဒီကနေ့ စက်တင်ဘာလ ၆ ရက်နေ့မှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ကျဆုံးသူတွေဟာ KNDF တပ်သားစိုးရယ်(ခ)စိုးပေ နဲ့ ဒုတပ်စုမှူး မြတ်မင်းသူ(ခ)မုန်တိုင်းတို့ဖြစ်ပြီး သူတို့နှစ်ဦးဟာစစ်ကောင်စီတပ်တွေနဲ့ အပြန်အလှန်တိုက်ခိုက်ရင်း စက် တင်ဘာလ ၃ ရက်နေ့မှာ မြင့်မြတ်စွာအသက်ပေးလှူခဲ့တာဖြစ်တယ်လို့ KNDF ကထုတ်ပြန်ပါတယ်။

"မိမိတို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ် ရင်းအမှတ်(၅)အနေဖြင့် ရဲဘော် စိုးရယ်နှင့် မြတ်မင်းသူ အာ ဇာနည်သူရဲကောင်းနှစ်ဦးကျဆုံးမှုအတွက် ကျန်ရစ်သူမိ သားစုများနှင့်အတူ ထပ်တူဝမ်းနည်းရပြီး မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်"လို့ KNDF ကဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာနဲ့ ပူဖားကျေးရွာအတွင်း အခိုင်အမာတပ်စွဲ ခြေကုပ်ယူထားတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေကို ကရင်နီပြည်တော်လှန် ရေးတပ်ပေါင်းစုတွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ဖွဲ့ဝင် ၃၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအများအပြားရရှိခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေဘက်က အများအ ပြားသေဆုံးခဲ့သလို KNDF ဘက်ကလည်းထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့တယ်လို့ KNDF က စက်တင်ဘာ ၄ ရက်နေ့မှာထုတ်ပြန်ခဲ့ပြီး တပ်သားစိုးရယ်(ခ)စိုးပေ နဲ့ ဒုတပ်စုမှူး မြတ်မင်းသူ(ခ) မုန်တိုင်းတို့ ကျဆုံးကြောင်းကိုတော့ ဒီကနေ့မှာထပ်မံထုတ်ပြန်လာတာဖြစ်ပါတယ်။

Burma Post - အာဂ

06/09/2023

စစ်အုပ်စုပိုင်ထုတ်ကုန်များမသုံးကြဖို့ GSCBအဖွဲ့က"ဘူးသပိတ်" သံချပ်​ဖြင့်ပြည်သူကိုလှုံ့ဆော်

Burma Post စက်တင်ဘာလ ၆ ရက်၊ ၂၀၂၃ ခုနှစ်

အကြမ်းဖက်စစ်အုပ်စုပိုင် အရက်၊ဘီယာ၊စီးကရက်များ ကို မသုံးစွဲ ခြင်း ဖြင့် စစ်တပ် ရဲ့ ဘဏ္ဍာရေး လမ်း ကြောင်းကိုဖြတ်တောက်ကြစေလိုကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းမှုအင်အား စု(GSCB)က "ဘူးသပိတ်" အမည်ရ သံချပ် ထိုး ကာ ပြည်သူ ကို လှုံ့ဆော်လိုက်ပါတယ်။

စစ်တပ်ပိုင်ကုန်စည်တွေဖြစ်တဲ့ မြန်မာ ဘီယာ (Myanmar Beer)၊အတ်(ထ)မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold)၊ဒဂုံ တံဆိပ် အရက်၊ ဘီယာ ၊ အချိုရည် (Dagon)၊မန္တလေး ဘီယာ၊ ရမ် (Mandalay)၊ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout)၊အာမီရမ် (Army Rum)နဲ့Red Ruby စီးကရက်၊Premium Gold စီးကရက် စတဲ့ကုန်ပစ္စည်း(၈)မျိုးရဲ့လက်ရှိရောင်းအားကို နှစ်လ အတွင်း ၇၀ ရာခိုင်နှုန်းလောက်ကျဆင်းသွားအောင်ရည်ရွယ်ပြီး"ဖက်ဆစ်ဘဏ္ဍာဖြတ်တောက်ပြည်သူ့ဘဏ္ဍာတည်ဆောက်"ဆိုတဲ့လှုပ်ရှားမှုကိုသြဂုတ်လ၉ရက်ကတည်းက GSCB ကစတင်ခဲ့တာပါ။

"တော်လှန်ရေးကြီးအတွက် အပိုမပါ၊ အစားထိုး ပြန်မရှာမရနိုင်တဲ့ ကိုယ့်အသက်ကို အရင်းတည်ပြီး ပါဝင်တိုက်ပွဲဝင်နေကြသူ PDF, EROs စစ်သည်တော် သူရဲကောင်းပေါင်း များစွာ ရှိနေပါတယ်။ ကိုယ့်အနေနဲ့ အဲ့လိုအခန်းကဏ္ဍကနေ မပါဝင်နိုင်ဘူးဆိုရင်တောင် တိုက်ပွဲဝင်ရဲ ဘော်တွေကို အကြမ်း ဖက်အုပ်စုက ပစ်မယ့် လက်နက်ဖိုး၊ ကျည်ဆန်ဖိုး၊ လေယာဉ်ဆီဖိုးတွေ မပေးမိကြဖို့ လိုနေပါပြီ"လို့ GSCBကဆိုပါတယ်။

စစ်တပ်ပိုင် အရက် ဘီယာ စီးကရက် လုပ်ငန်းတွေကနေစစ်အုပ်စုဟာဝင်ငွေများစွာရရှိနေတာပါ။

Burma Post - နွေအသစ်

06/09/2023

မုံရွာ ရွှေတောင်ဦးကွန်ပျူတာစာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ရော့ကတ် ၃ လုံးနဲ့ ပစ်ခတ်တိုက် ခိုက်ခံရ

Burma Post စက်တင်ဘာ ၆ ၊၂၀၂၃ ခုနှစ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရွှေတောင်ဦးကွန်ပျူတာစာသင် ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ရော့ကတ်သုံးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်နဲ့ ၂ နာ ရီ ၂၀ မိနစ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုကို Brother Defence Force နဲ့ မဟာမိတ်တပ်တွေကပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရော့ကတ်သုံးလုံးနဲ့ ပစ်ခတ်ခံခဲ့ရတာကြောင့် အာဏာ သိမ်းစစ်တပ်ဘက်က အင်အားတိုးချဲ့ထားပြီး အထိအ ခိုက်ကိုတော့ တော်လှန်ရေးအင်အားစုတွေဘက်က စုံစမ်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။

ရွှေတောင်ဦးကွန်ပျူတာစာသင်ကျောင်း ပစ်ခတ်တိုက် ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ (၁) Brother Defence Force၊ တပ်ခွဲ (၂) One Star Task Force - OSTF နဲ့ မဲမှောင်ပျောက်ကြားတပ်တို့ကပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ကလည်း ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာပြီး လက်နက်ခဲယမ်းတွေ၊ လောင်စာဆီတွေအဓိက တင်ဆောင်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘော ၁၁ စီးကို လက်နက်ကြီး၊ငယ်တွေ အသုံးပြုပြီး Brothers Defence Force နဲ့ မဟာမိတ်တပ်တွေကတိုက်ခိုက်ခဲ့ပါသေးတယ်။

Burma Post -အာဂ

Address


Website

Alerts

Be the first to know and let us send you an email when Burma Post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share