Wuntho Media

Wuntho Media အရေးတော်ပုံ အောင်ရမည်

20/02/2022

20.2.2022
ယမန်နေ့ညက ဝန်းသို ရဲစခန်းတွင် ကင်းစောင့်တာဝန်ကျနေသောစစ်သားတစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်၍
အလောင်းအားဝန်းသိုရင်ခွဲရုံတွင်ထားထားကြောင်းသိရ။

WR-Team

.   ♦ ဗိုလ်မှူးဟိန်းသော်ဦးသတိပေးထားတာပါ♦                           👇👇👇👇👇                  ရန်သူကိုပျော်အောင်ထားပီး      ...
20/02/2022

.
♦ ဗိုလ်မှူးဟိန်းသော်ဦးသတိပေးထားတာပါ♦
👇👇👇👇👇

ရန်သူကိုပျော်အောင်ထားပီး
ပင်းပန်းအားနည်းချိန်ရောက်မှ အလစ်ငိုက်
တိုက်တတ်တာ ... သူတို့ဗျူဟာပါ
အရမ်းလည်မပျော်ပါနဲ့အရမ်းလည်း ဝမ်းမနည်းပါနဲ့
လုပ်စရာစရှိတာ သတိထားပြီး
ဆက်လုပ်ရမှာပါ .....

မအလဟာ လိုင်းပေါ်မှာနာမည်ကြီးနေတဲ့
မြို့တွေ ၊ နာမည်ကြီးနေတဲ့ခေါင်းဆောင်တွေ
သူ့လူတွေအထိနာနေတဲ့တိုက်ပွဲတွေ
ဖြစ်ပွားတဲ့မြို့တွေကို လုပ်နေတဲ့ပုံစံကိုကြည့်ပါ ။

အစောပိုင်းမှာ PDFတွေကိုစစ်မြူထား
တတ်ပါတယ် ။

သူ့လူတွေကိုအဲ့ဒီမြို့ကိုသွားရင်သေမယ်သိသိနဲ့
အစောပိုင်းမှာလွှတ်ပြီးထိုးကျွေးပါတယ် ။
သူဟာ သူ့အကျိုးစီးပွားလောက်
ဘာမှအရေးမကြီးပါ
အောက်ခြေစစ်သည် thay လဲ ဂရုမစိုက်ပါ ။

အစပိုင်းမှာ မြေပြင်အနေအထား
နယ်မြေကျွမ်းကျင်မှုမှာ PDF က
အသာစီးရနေတတ်ပါသည် ။

ကျန်ခဲ့တဲ့ စစ်သားတွေဟာ
တပ်မတော်ပျောက်ရင်တောင် မီးခွက်ထွန်းရှာ
မယ့်သူတွေ ကျန်ခဲ့တာများပါတယ် ။

သူတို့စိတ်ထဲမှာ ပြည်သူတွေကအကြမ်းဖက်နေတာ
ဒီပြည်သူတွေမရှိမှ သူတို့နားရမှာ ။

တပ်မတော်ကိုဆန့်ကျင်သူ
သူတို့ရန်သူဆိုတဲ့စိတ်မျိုး အပြည့်အ၀ရှိပါတယ် ။

သူတို့တွေကိုလဲ နေအိမ်တွေမီးရှို့
တန်ဖိုးရှိတာတွေ လွယ်လွယ်ယူခွင့်ပေးထားတော့
thay မယ်မှန်းသိပေမယ့်
ပျော်ပျော်ကြီးသွားပါသည် ။

အစောပိုင်းမှာ ဒီဘက်က မုန့်ဟင်းခါး
ဘယ်နှစ်ပွဲကျွေးနိုင်ပြီ
လက်နက်ဘယ်နှစ်ခုရလိုက်ပြီ ဘာလက်နက်တွေ
ထုတ်နိုင်ပြီနဲ့ ၊ ပုံတွေရိုက်ပြ
ဆိုရှယ်မီဒီယာပေါ်မှာဝေဝေဆာဆာပေါ့ဗျာ
ဝိုင်းလှော်လိုက်ကြတာ ။

အဲ့ဒီအချိန်မှာစကစက ချက်ချင်းမတိုက်သေးဘဲ
အချိန်ယူပြီး
သတင်းယူ ဒလန်ထည့် အလှူရှင်ယောင်ဆောင်
နည်းမျိုးစုံထောက်လှမ်းပြီး
ဒီဘက်က လက်ပန်းကျချိန်စောင့်ပြီး
သူ့လူတွေကို အသေ ခံထိုးကျွေးထားပါသည် ။

ဒီဘက်ကလူတွေ PDFတွေ
စစ်ပန်းချိန် လက်နက်တွေ ကုန်သလောက်
နီးပါးဖြစ်လာမှ ဖြတ်၄ဖြတ်ကိုစတင်တယ် ။

သူတို့မှာလက်နက်က လိုသလောက်ရနေချိန်
ဒီဘက်မှာကျည်ဖိုးအသည်းအသန်ရှာရတယ် ။

မြေပြင်မှာလက်နက်ကြီး အင်အားသုံးပြီး
ရွာသားတွေဆီပါကျဲချ ။
နယ်မြေစိုးမိုးမှုရဖို့အရပ်သားတွေကိုပါ
အကြမ်းဖက် လူသားဒိုင်းတွေလုပ်လာတယ် ။

အားလုံး ဖရိုဖရဲဖြစ်ကုန်ချိန်မှ

လေယာဉ်ဖြင့် နေရာ ပစ်မှတ်အတိအကျကို
လာကြဲချသွားသည်မှာ
မိနစ်ပိုင်းသာကြာလိုက်သည် ။

ရှေ့မှာ ထန်တလန် ၊ လေးကေ့ကော်ဖြစ်ရပ်တွေ
သာဓကရှိပါသည် ။
သူတို့နယ်မြေစိုးမိုးမှု မရရင်ရွာတွေကို
ပြာချပစ်တာ ။

ဒါ့ကြောင့်သင်ခန်းစာယူပါ ။
တဖက်ရန်သူကို အထင်မကြီးလို့ရသည် ။
ကြိုက်သလောက်လှောင်လို့ရသည် ။
အထင်တော့မသေးနှင့်
ယုတ်မာမှုမှာ သူတို့ဉာဏ်နဲ့ဗျူဟာက
တဖတ်ကမ်းခတ်ပါတယ် ။

တဖက်ရန်သူကို အနိုင်ရချင်ရင်
ကိုယ့်မှာ ဘာလက်နက်ထုတ်နိုင်တာ
ရှိတာတွေကို မလိုအပ်ဘဲ မတင်ပါနှင့် ။

တဖက်ရန်သူရဲ့ အင်အား
လုပ်ကွက် အားသာချက် အားနည်းချက်ကို
လေ့လာပါ ။

အင်တာဗျူးကို ဖြေရင်
လိုအပ်သလောက်သာပြောပါ ။

လေယာဉ်ဆီလမ်းကြောင်းတွေကိုထောက်လှမ်းပါ

ဒါတွေတင်သင့်တယ် ဒါမှ တဖက်ရန်သူ
သွေးပျက်မယ် ပြည်သူတွေမိုတီရမယ်လို့
ရန်တွေ့တာမျိုးတွေလဲ ကြုံရပါသည် ။

မိုတီရတာမှန်ပါတယ် ။
တဖက်က သွေးပျက်တာလဲမှန်ပါတယ် ။

ဒါပေမယ့်တစ်ခါတလေ
မြေပြင်အကြောင်းမသိဘဲ
လိုင်းပေါ်ကဝိုင်းလှော်သူတွေကြားမှာ
ရွာသားတွေ PDFတွေပိုအထိနာတတ်တာ
ခံစားနေရသူတွေအသိဆုံးပါ ။

တဖက်ရန်သူက ဘယ်လောက်ယုတ်မာလဲ
လက်နက် လူသူ လုပ်ပိုင်ခွင့်အာဏာ
ဘယ်လောက်ရှိနေလဲပြန်တွေးကြည့်ပါ ။

အင်တာနက်တွေဖြတ်ချရင်တောင်
ကျနော်တို့ဘာမှမတတ်နိုင်တဲ့အခြေအနေပါ ။

ဘယ်လေယာဉ်ကို ဘာနဲ့ပစ်ချလိုက်ပြီဆိုတဲ့
Fake hopeတွေမှာ မြောမနေကြပါနှင့်

တခါတရံ အဲ့ဒီသတင်းက
စကစ ဘက်က ပျော်ပျော်ကြီး
ထုတ်နေတဲ့ ဆိုက်ဝါးတွေပါ ၊
ရန်သူကိုပျော်အောင်ထားပြီး
ပင်ပန်း အားနည်ချိန် မှာမှ အလစ်ငိုက်
တိုက်ခိုက်တာ .. သူတို့ဗျူဟာပါ

ရခိုင်တပ်တော် AA ကိုနမူနာယူပါ ။
သိုသိပ်စွာနဲ့ လက်နက် ၊ လူသူအင်အားကို
အင်အားကြီးဖို့
နှစ်နှစ်အချိန်ယူစုဆောင်းခဲ့တာ
ဘာအသံကြားခဲ့ရလဲ
ဘာလက်နက်တွေရှိလဲ ထုတ်ကြွားခဲ့လား ။

လက်ရှိမြေပြင်မှာ ဘာသတင်းမှမတင်ဘဲ
တပ်ဖျောက်ပြီး အသံတိတ်မုန့်ဟင်းခါးကျွေး
ပစ္စည်းထုတ်နေတဲ့အဖွဲ့တွေ
အများကြီးရှိနေတာ သိထားပေးပါ ။

မိဘပြည်သူများကလဲနယ်မြေခံPDFတွေကို
သိုသိတ်စွာလှူပေးပါ ။
Click နိုင်သူ Clickပါ ။

အချို့အဖွဲ့တွေကတင်မှ အလှူငွေရမှာမို့
အခြေအနေအရ တင်ရသည်ကိုနားလည်ပါသည်
မိဘပြည်သူ များက သိုသိပ်စွာပူးပေါင်းပေး
ကြပါဗျာ ။

တချို့နေရာတွေမှာ
စကစတော်လို့မဟုတ်ဘဲကိုယ့်လုပ်ရပ်က
ရန်သူ့သတင်းပေးဖြစ်သွားပြီး
အဖွဲ့လိုက် အဆွဲခံရတာ ဆင်ခြင်သုံးသပ်ပေးပါ ။

လက်ရှိ လက်နက်မစုံလင်ချိန်မှာ
ပြောက်ကျားစစ်က တစ်ပန်းသာနေပါသည် ။
ရန်သူကိုများစွာ အထိနာစေပါသည် ။

ပြောက်ကျားစစ်က အဖွဲ့ရှိမှန်း မသိလေ
လှုပ်ရှားရလွယ်လေ ။
နည်းမျိုးစုံ ပြောက်ကျားစစ်ဖြင့်
အရူးလုပ်လို့ရနေပါသည် ။

ဒါ့ကြောင့် သတင်းတွေကိုတတ်နိုင်သမျှ
သိုသိပ်ပြီး အမှားထဲကသင်ခန်းစာယူပါ ။

ဒီကာလတောင်ရောက်နေပြီ
ဘယ်အဖွဲ့က ဘယ်လောက်လုပ်နိုင်လဲ
မိဘပြည်သူတွေလဲနားလည်လောက်ပြီ
ထင်ပါသည် ။

သူတို့ဘက်မှာလဲ အထိနာဆုံးရှုံးမှုများစွာရှိပါသည် ၊
လက်ရှိ ယူနီဖောင်းဖြင့်ပင် အပြင်မထွက်ရဲ
သည်ကိုကြည့်ပါ ။
ဘယ်သွားသွား ပြောက်ကျား PDF တွေကို
လန့်နေတဲ့အနေအထားပါ ။

အပြုံးမပျက်ရုံးတက်သူများလဲ
ယူနီဖောင်း၀တ်ဖြင့်ပင်
ရုံး ၊ ကျောင်း မသွားရဲပါ ။

ကျနော်တို့ဘက်မှာလဲ ပညာတတ်တွေရော
အဖိုးတန်တွေရော ဆုံးရှုံးရသည်မှာမနည်းတော့ပါ
စခ အသက်ထက် ကျွန်တော်တို့
လူငယ်တွေအသက်နှင့်မလဲနိုင်ပါ
တန်ဖိုးခြင်းမတူပါ ။
ပြည်သူတွေကို တစ်ယောက်မှ
အဆုံးရှုံးမခံချင်ပါဘူး ။

လက်ရှ်ိဒီဘက်မှာ
PDF တွေက စိတ်ဓါတ် ဉာဏ်ပညာ
ဇွဲလုံ့လနဲ့ ပြည်သူအများစုရဲ့ ပူးပေါင်းမှုတွေက
အလေးသာပါတယ် ။

ဒါ့ကြောင့်ရန်သူဘယ်လောက်အင်အားကြီးပါစေ
ရန်သူ့အားနည်းချက်ကိုရှာပြီး တန်ပြန်ဗျူဟာတွေ
ချမှတ်ပြီး ရန်သူကိုအနိုင်ယူနိုင်ကြပါစေ ။

အမုန်းခံပြီး ချစ်လွန်းလို့ရေးသားပါသည် ။

♦အရေးတော်ပုံအောင်ရမည်♦

🌿 ဗမ - ဟိန်းသော်ဦး🌿

▫ ▫

20/02/2022

19.2.2022
နမ်းခမ်းမှ ဆရာဝင်းစိုးနှင့် မောင်ခန့်ဇော်ဦး
မနေ့က အဖမ်းခံရ၍
ယနေ့ အသတ်ခံရ

WR-Team

NUG မပါရင် PDF LDF ဟာ သာမန်သူပုန်ပဲ။PDF LDF မပါရင် NUG ဟာ လေလှိုင်းအစိုးရပဲ။PDF LDF နဲ့ NUG မပေါင်းစည်းနိုင်ရင် EAO တွေက...
21/01/2022

NUG မပါရင် PDF LDF ဟာ သာမန်သူပုန်ပဲ။

PDF LDF မပါရင် NUG ဟာ လေလှိုင်းအစိုးရပဲ။

PDF LDF နဲ့ NUG မပေါင်းစည်းနိုင်ရင် EAO တွေက မရေမရာပြည်မအဖွဲ့တွေနဲ့ ဘယ်လိုလက်တွဲမလဲ။

NUG နဲ့ PDF LDF အကြား သွေးကွဲစေခြင်းဟာ စောက်ပုရဲ့ နောက်ဆုံး ကောက်ရိုးတမျှင် တိုက်ကွက်ပဲ။

ကိုယ့်ကိုကိုယ် စောက်ဆရာကြီးထင်ပြီး ဘယ်သူဘယ်ဝါ ဘာညာ အာသီးယောင်မနေကြနဲ့။
ပြည်သူမကြိုက်တဲ့ နိုင်ငံရေးသမား တော်လှန်ရေးပြီးရင် ကြိုက်တဲ့အချိန်ဖြုတ်လို့ရတယ်။
အထောက်အထားသာ စုထား။

ပြည်သူ့ငွေ အလွဲသုံးစားသမား တော်လှန်ရေးပြီးရင် ထောင်ချအရေးယူလို့ရတယ်။
အထောက်အထားသာစုထား။

အရေးကြီးကာမှ မုဒိန်းတပ်အကြိုက် ကြက်ဥတိုက်တဲ့ပို့စ်တွေနဲ့ အချိန်ကုန်မခံကြနဲ့။

ယီးတွေဖြစ်ကုန်ရင် ဘယ်သူမှလည်းတာဝန်ယူနိုင်တာ မဟုတ်ပဲနဲ့.. 😒

ကြင်စိုး အကြိုက်တေ တခုမှ မလုပ်နဲ့ ..

F**kစစ်ခွေးအုပ်စု Non CDM နဲ့ ဘောမတစ်သိုက်

Generation Z

16/01/2022

မြစ်ထဲကျတိုင်း ရေနစ်လို့မသေဘူး
ပြန်မတက်ပဲနေမှသာ သေမှာနော်

13/01/2022

13.1.2021

10:00 AM ထီးချိုင့်မြို့နယ် မရသိမ်ကျေးရွှာ
တွင် တိုက်လေယျာဥ်ဖြင့် တိုက်ခိုက်ခံနေသည်ဟု သိရ

- KR Team

12/01/2022

နေအိမ် ၂လုံး မီးရှို့ဖျက်ဆီးခံရ

(11.1.2022)ရက်နေ့တွင် ဝန်းသိုမြို့နယ်
တောင်ဘို့လကျေးရွာရှိ

NLD ပါတီအဖွဲ့ဝင် ဦးဖိုးဖြူ၏ နေအိမ်နှင့်စျေးဆိုင်အား စစ်ကောင်စီတပ်သားများနှင့် ရွာရှိ ပျူစောထီးအဖွဲ့ဝင်များက မီးရှို့ဖျက်စီးခဲ့ပါတယ်၊ စျေးဆိုင်အတွင်းရှိ သိန်း၃၀၀ နီးပါးတန်ဖိုးရှိသော ပစ္စည်းများ
ဆုံးရှုံးသွားသည်ဟု သတင်းရရှိပါတယ်၊

ထိုနည်းတူစွာ ရွာတောင်ပိုင်းတွင်နေထိုင်သော
ဦးမောင်ဝင်း၏ နေအိမ်နှင့်စပါးကျည် ကိုလည်း
မီးရှို့ထားခဲ့သည်ဟု သတင်းပေးပို့လာပါတယ်။

ရွာသားများလည်း ထွက်ပြေးနေရသည်ဟု သိရ။

- WR_team

11/01/2022

ဝန်းသို PDF တပ်ဖွဲ့၀င်များ

ထီးချိုင့်မြို့နယ် PDF သတင်းထောက်မှ သတင်းပေးပို့ချက်အရ
ထီးချိုင့်မြို့နယ် ရေပေါက်ကြီးရွာသို့ ယနေ့ညနေ ၅နာရီအချိန်ခန့်က
ရောက်ရှိနေသော စကစအင်းအား အတိအကျ ၇၁ဦးသည် မင်းဝံ တောင်ကြောအား ကျော်ဖြတ်၍ ကောလင်းနယ်အတွင်းသို့ အချိန်မရွေး ရောက်ရှိလာနိုင်ကြောင်း သတင်းပေးပို့လာသည့်အတွက် လိုအပ်သလို
ထပ်မံဆောင်ရွက်ကြပါရန်

ဝန်ကြီးဌာနအသီးသီးရှိ CDM ဝန်ထမ်းများ၏ ကိုယ်ရေးအကျဉ်းများ ကောက်ခံရန်  စစ်ကောင်စီ အမိန့်ထုတ်ရန်ကုန်၊ ဇန်နဝါရီ ၈ အကြမ်းဖက်စ...
09/01/2022

ဝန်ကြီးဌာနအသီးသီးရှိ CDM ဝန်ထမ်းများ၏ ကိုယ်ရေးအကျဉ်းများ ကောက်ခံရန် စစ်ကောင်စီ အမိန့်ထုတ်

ရန်ကုန်၊ ဇန်နဝါရီ ၈

အကြမ်းဖက်စစ်ကောင်စီက ဝန်ကြီးဌာနအသီးသီးရှိ CDM ဝန်ထမ်းများ၏ ကိုယ်ရေးအကျဉ်းများကို ကောက်ယူရန် အမိန့်ထုတ်ထားပြီး ဖမ်းဆီးရန် ရှိသည်ဆိုသော သတင်းများ ထွက်ပေါ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ ပြောဆိုသည်။

"CDM တွေရှောင်နေကြပါ၊ ကျန်းမာရေး၊ ပညာရေး၊ မီးရထားဝန်ထမ်းများ အဓိ ကပါ၊ အခြားဝန်ကြီးဌာနတွေလည်းစာထုတ်ထားပါတယ်၊ ကိုယ်ရေးအချက် အလက်နဲ့ လိုက်မှာပါ၊ ကိုယ်ရေးအချက်အလက်မှာပါတဲ့ အိမ်လိပ်စာနဲ့လိုက် ဖမ်းမှာပါ၊ ပြည်ထဲရေး ရဲခွေး တွေကိုတာဝန်ပေးထားပါတယ်" ဟု ကျန်းမာရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။

စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက CDM ပြုလုပ်ခဲ့၍ ထုတ်ပယ်ခဲ့သူ များ၏ ကိုယ်ရေး အကျဉ်းများ၊ CDM ပြုလုပ်ဆဲ ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို ဇန်နဝါရီလ ၉ ရက်နေ့ နောက်ဆုံးတင်ပြရန် ညွှန်ကြားထားသည်။

08/01/2022

10:40AM

ဝန်းသိုဖက်သို့ ပုဇင်းတစ်ကောင် ပျံသန်းသွား

အရင်က ၁၅၀၀ ဆို Simcard တစ်ကဒ်ရပေမယ့်မနက်ဖြန် ၈ ရက်နေ့ကစပြီး ၂ သောင်းကျော်ပေး မှ Simcard တစ်ကဒ် ရပါ​တော့မယ် 😢😢😢မြန်မာနိုင...
08/01/2022

အရင်က ၁၅၀၀ ဆို Simcard တစ်ကဒ်ရပေမယ့်
မနက်ဖြန် ၈ ရက်နေ့ကစပြီး ၂ သောင်းကျော်ပေး မှ Simcard တစ်ကဒ် ရပါ​တော့မယ် 😢😢😢
မြန်မာနိုင်မှာ အခုရှိလက်ရှိ
ရောင်းချနေတဲ့ MPT, Telenor,
Ooredoo, Mytel Simcard များ ကို
ပုံမှန် ၁၅၀၀ ပေးရင် ဝယ်လို့ ရနေတဲ့
အခြေနေကနေ အခု ၂၀၀၀၀ ကျော်ပေးမှ
ကဒ်သုံးလို့ ရတော့မှာပါ
အခု ပြောင်းလဲသွားတဲ့ အခြေနေက
ကဒ်ဝယ်စျေးရေင်းစျေး တက်သွားတာ
မဟုတ်ပဲ အရင်ရောင်းစျေးအတိုင်း
၁၅၀၀ ကျပ်သာ ကျသင့်မှာဖြစ်ပြီး
ဒီကဒ်ကို Active စလုပ်ဖို့အတွက်
Eload ၂၀၀၀၀ ဝယ်ဖြည့်မှ ကဒ်က
Active ဖြစ်တာပါ
ဆိုတော့ အခု လက်ရှိသုံးနေတဲ့
ကဒ်တွရဲ့ တန်ဖိုးက တက်သွားမှာ
မဟုတ်ပဲ ကဒ်အသစ်ဝယ်မှသာ
တန်ဖိုး တက်သွားတာဖြစ်ပါတယ်
ဒါ့ကြောင့် Simcard တွေ ထပ်ဝယ်စရာ
မလိုအောင် ရှိနေနတဲ့ Simcard တွေ
မပျောက်မပျက်အောင် သေချာလေး
ထိန်းသိမ်းထားဖို့ တိုက်တွန်းလိုပါတယ်
စိတ်မကောင်းခြင်းများစွာဖြင့်
ပြန်လည်မျှဝပေးလိုက်ရပါတယ်

Crd😥

07/01/2022

ဝန်းသို

7.1.2022
ဖုန်းလှိုင်း အင်တာနက်
အားလုံးဖြတ်ထားပါတယ်။

06/01/2022

ထပ်ဆွဲနေပြန်ပါပြီ အမြန်တိမ်းရှောင်ကြပါ

06/01/2022

ဝန်းသို
6.1.2022

10:00pm သစ်ဆိမ့်ကုန်းရပ်ကွက်
ခွေးတွေ ဝင်မွေနေပါတယ် ။

ပြည်သူတစ်ဦး သတင်းပေး

အရေးကြီးတင်းမို့shareပေးကြပါအကြမ်းဖက်စစ်ကောင်စီတပ်များမှလေကြောင်းအသုံးပြုတေ့ာမည်ဖြစ်ကြောင်း ပြည်သူများကိုခြိမ်းခြောက်စာမ...
05/01/2022

အရေးကြီးတင်းမို့shareပေးကြပါ
အကြမ်းဖက်စစ်ကောင်စီတပ်များမှလေကြောင်းအသုံးပြုတေ့ာမည်ဖြစ်ကြောင်း ပြည်သူများကိုခြိမ်းခြောက်စာများဖြန့်ဝေသွားသည်။

ပြည်သူများအထူးဂရုစိုက်ကြပါရန်။

်းစုံ

ဗုံးကျဲမယ့် လေယာဉ်ပျံကို မော့ကြည့်ပြီး ထမင်းစားရတာ..ငါတို့မျိုးဆက်သာ..နောက်ဆုံးဖြစ်ပါစေ😭ကာတွန်း နာနတ်သီး
05/01/2022

ဗုံးကျဲမယ့် လေယာဉ်ပျံကို မော့ကြည့်ပြီး ထမင်းစားရတာ..
ငါတို့မျိုးဆက်သာ..နောက်ဆုံးဖြစ်ပါစေ😭
ကာတွန်း နာနတ်သီး

04/01/2022

4.1.2022

လေယျာဥ်ဖြင့် ဝန်းသိုတောင်ခြမ်း
ကောင်းကင်ပေါ်၌ အခေါက်ရေများစွာ ဝဲနေသည်

(လေယျာဥ်ပစ်ကူမည်ဟုလည်း သတင်းများထွက်ပေါ်)

(အတည်မပြုနိုင်သေး)

03/01/2022

3.1.2022
စကစ ရေယာဉ် (၂) စီးကို ထီးချိုင့် HPDF က ရှေ့ထွက်မိုင်း (၅) လုံးဖြင့် အနီးကပ်ခွဲ၍ စခ (၂၀) ဦးထက်မနည်း သေဆုံး ။

မီဒီယာ တုပ်ကြီး

03/01/2022

အကူညီလေး တောင်းခံပါရစေ

အချိန်နဲ့ တပြေးညီ သတင်းလေးတွေ
ရနိုင်ဖို့ အတွက် ပတ်ဝန်းကျင်မှာ မြင်သမျှ
စခ သတင်းလေးတွေကို Cb မှာ
လာရောက်ပို့ပေးကြပါလို့
မေတ္တာရပ်ခံပါရစေ

03/01/2022

ဝန်းသို

CDM ဝင်ထားတဲ့ ဝန်ထမ်းများ
စရင်းနဲ့ ခွေးတွေ ဝင်ဆွဲနေပါတယ်
အားလုံး သတိရှိကြပါ

01/01/2022

1.1.2022
ယခုည

မြောက်လည် ဖက်နဲ့ ဘက်စုံဖက်မှာ
ကင်းပုန်းရှိသည် ဟု
ပြည်သူ တစ်ဦး သတင်းပေးပို့

အဆင်ပြေလား
31/12/2021

အဆင်ပြေလား

30/12/2021

်စာ

ဟက်စကီးတစ်စီးရဲ့ အားနည်းချက်က ဘာလဲ သိလား။

ဘယ်သိပါ့မလဲ အဘလေးရယ်ဆိုတော့ ...

ဟက်ကစီးက အလယ်တောင်ပံက အပေါ်ကို တက်ဖို့ကွ၊ သူက ဝေ့လည်တော့ အလယ်က ဟက်စကီးအိမ်ကြီးပါ လိုက်လည်တယ်။ အဲ့လို မလည်အောင် အဓိက ထိန်းပေးတာက အနောက်မြီးက ပန်ကာ။ အလည်ပန်ကာနဲ့ အနောက်ပန်ကာက ဟန်ချက် ညီနေဖို့ လိုတယ်။ အနောက်က ပန်ကာ တစ်ခုခုဖြစ်ရင် ဟက်စကီးက လည်ထွက်ပြီး ထိန်းမရတော့ဘူး ညီလေးရ။ ပျက်ကျတော့တာပဲ။

အဲတော့ ဟက်စကီးတစ်စီးကို ပျက်ကျချင်ရင် သူတို့ ကျည်လှမ်းမီနေချိန်မှာ အနောက်က ပန်ကာကိုသာ ရှိသမျှ အားနဲ့ သွန်ပြီးသာ ပစ်၊ ထိရင် ကြွပြီပဲကွ။ တခြား ဘယ်နေမှ ပစ်မနေနဲ့ အလကားပဲ။

ဖုန်းဆက် သင်ကြားပေးပါသော မိတ္ထီလာမှ အဘလေးကို ကျေးဇူးတင်ပါတယ်။

Aung Zaw Oo

အဆင့်မြင့်လေယာဥ်အချိူ့ကအနီအောက်ရောင်ခြည်နဲ့...အောက်ဖက်ကိုလှမ်းကြည့်ရင်ဒီလိုမြင်နေရပါသတဲ့ကင်းထောက်လေယာဥ်တွေကိုသတိထားနိင်ဖ...
27/12/2021

အဆင့်မြင့်လေယာဥ်အချိူ့က
အနီအောက်ရောင်ခြည်နဲ့...အောက်ဖက်ကိုလှမ်းကြည့်ရင်

ဒီလိုမြင်နေရပါသတဲ့

ကင်းထောက်လေယာဥ်တွေကိုသတိထားနိင်ဖို့ပါ၊

အားလုံးကို
စိတ်ပူတယ်

Crd..

ဖရူးဆိုမြို့မှာ စစ်ရှောင်ပြည်သူ ၃၅ ယောက် မီးရှို့အသတ်ခံရလုဆဲဆဲ နောက်ဆုံးရဓါတ်ပုံဖြစ်ပါတယ်။ကားက Save the Children ဝန်ထမ်း...
26/12/2021

ဖရူးဆိုမြို့မှာ စစ်ရှောင်ပြည်သူ ၃၅ ယောက် မီးရှို့အသတ်ခံရလုဆဲဆဲ နောက်ဆုံးရဓါတ်ပုံဖြစ်ပါတယ်။

ကားက Save the Children ဝန်ထမ်းတစ်ဦးက ပြည်သူတွေကို ကယ်ဆယ်ဖို့ယူလာတဲ့ကားပါ။
ကလလတ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးကလည်း ပြည်သူတွေကို လာကယ်ထုတ်နိုင်ဖို့ ညှိနှိုင်းတာပါ။
အဲ့ဒီမှာ စစ်ခွေးတပ်က လေးယောက်လုံးကို အရင်ပစ်သတ်ပါတယ်။
နောက်ဆုံးမှာ ကားပေါ်က ကလေးတွေရော ‌ပြည်သူတွေရော အကုန်လုံးကို ပစ်သတ်ပြီး မီးရှို့လိုက်တာပါ။

စစ်ခွေးမဲလုံး ဘယ်လိုလိမ်လိမ် ဒီကိစ္စ မကြာခင်မှာ အထောက်အထားတွေ အများကြီးထွက်လာပါလိမ့်မယ်။

7:30 PM ကောင်းကင်၌ မည်သည့် အရာမှန်းမသိသော အရာတစ်ခု မြင်သာကုန်းရွှာ ကောင်းကင်ပေါ်တွေ့ရတဖြည်းဖြည်း ချင်းအထက်သို့ မြင့်တက်လ...
25/12/2021

7:30 PM

ကောင်းကင်၌ မည်သည့်
အရာမှန်းမသိသော အရာတစ်ခု
မြင်သာကုန်းရွှာ ကောင်းကင်ပေါ်တွေ့ရ
တဖြည်းဖြည်း ချင်းအထက်သို့ မြင့်တက်လာ

25/12/2021

2:27 PM

လေယာဥ် နှစ်စီး မြိုင်ဇေယျာ
အရှေ့ဖက် တောင်ရိုးပေါ်ဖြတ်ပြီး
ဝန်းသိုဖက်သို့ ပျံသန်းသွား

Edit စာသင်ကျောင်းနဲ့ အားကာရုံပေါ် (4)ပတ်ဝဲပြီး
ပုဇွန်တောင်ဖက် လယ်ပြင်မှာလဲ ဝဲနေကြောင်း
ဒဒုံးတွေလည်း ထပ်ဝဲနေကြာင်း သိရ

24/12/2021

‼24.12.2021‼

မြိုင်ဇေယျာ အရှေ့တောင်ရိုးပေါ်၌ အလံစိုက်ထား
မည်သည့် အကြောင်းကြောင့် မသိရသေး

#တစ်ချို့ပြောဆိုချက်အရ လေယာဥ်လာမည်ဟုလည်းပြောဆို

24/12/2021

‼24.12.2021‼

ဝန်းသိုမြို့နယ် ကြို့ကုန်းကျေးရွှာ
အရှေ့လမ်းတွင် ဆိုင်ကယ်ဖြင့်စီးလာသော
လူနှစ်ယောက်အား စခများမှ
သေနတ်ဖြင့် ပစ်သတ်ဟုသိရ

#တာဝန်သိပြည်သူတစ်ယောက် ပြောဆိုချက်အရ

‼️ရဲဘော်သတိ‼️"ငါတို့ကိုယ်ငါတို့ ပြန်ကယ်ရတော့မယ်"ရှေ့တန်းက ရဲဘော်တယောက်ရဲ့သတင်းစကား။ တပ်မတော်က စစ်ပန်းနေပြီ။ မြို့တိုင်း၊...
24/12/2021

‼️ရဲဘော်သတိ‼️

"ငါတို့ကိုယ်ငါတို့ ပြန်ကယ်ရတော့မယ်"
ရှေ့တန်းက ရဲဘော်တယောက်ရဲ့သတင်းစကား။

တပ်မတော်က စစ်ပန်းနေပြီ။
မြို့တိုင်း၊ လမ်းတိုင်းမှာ အပြစ်မဲ့တဲ့ပြည်သူအယောက်တိုင်းနဲ့ စစ်ခင်း တိုက်ပွဲဝင်နေရတယ်။

တိုက်ခိုက်ရေးတပ်တွေကတော့ ရှေ့တန်းရောက်
နေပြီး သေနတ်မကိုင်တတ်တဲ့ လက်ရုံးတပ်တွေပဲကျန်တော့တာ။

ငါသိချင်တယ်၊ စစ်ဗိုလ်ချုပ်တွေ ဘာတွေ ကြံစည်နေတာလဲ၊ သူတို့အကျိုးစည်းပွားကာကွယ်ဖို့ အာဏာမြဲဖို့ ပြည်သူအားလုံးနဲ့ စစ်တိုက်မို့လို့လား။

ငါတို့စစ်သားတွေ နေ့တိုင်း ရာနဲ့ချီ အသတ်ခံနေရတယ်၊ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ကိုယ်တိုင်ဦးဆောင်တဲ့ အနော်ရထာ စစ်ဆင်ရေးကလည်း
မအောင်မြင်ဘူး။

အဘ မအလက ဖင်ယားပြီး ငါတို့ကို ကရင်ပြည်နယ်ကို ပို့လိုက်တာ KNU နဲ့
PDF သတ်ခံရဖို့ လွှတ်လိုက်သလိုပဲ။

စစ်သားတစ်ယောက်အနေနဲ့ ငါက အမိန့်ကို
လိုက်နာရမယ်လို့ အမြဲယုံကြည်ခဲ့တယ်။

ဒါပေမယ့်
အဖြစ်မှန်တွေက ဖုံးကွယ်လို့မရပါဘူး၊
တစ်နေ့ထက်တစ်နေ့ ငါတို့စစ်သားတွေ
အများကြီးသေနေရတာ ဘွင်းဘွင်းကြီးမြင်နေရတာ၊ တကယ်တော့ စစ်ဗိုလ်ချုပ်တွေက ငါတို့ကို သားသတ်ရုံတွေဆီ ပို့နေတာပဲ။

ငါ ကိုယ့်ကိုယ်ကိုယ်မေးမိတယ်၊
ငါဘယ်သူ့အတွက် တိုက်ပွဲဝင်နေတာလဲ?
ငါတို့ရဲ့ အသက်တွေက စစ်ဗိုလ်ချုပ်တွေအတွက် ပေးဆပ်ထားရတာလား..?

စစ်ဗိုလ်ချုပ်တွေက ငါတို့အသက်တွေကို
စတေးပြီး သူတို့ကောင်းစားဖို့ ကြံစည်နေကြတာလား။

သူတို့အတွက်တော့ အဓိပ္ပါယ်မဲ့
ကိုယ့်အသက်ကို အဆုံးရှုံးမခံနိုင်ဘူး၊
အခုအချိန်ဟာ ငါတို့ကိုယ်ငါတို့
ပြန်ပြီး ကယ်တင်ရမယ့်အချိန်ပဲ။

22/12/2021

22.12.2021

မြိုင်ဇေယျာ အရှေ့ဖက် တောင်ရိုးပေါ် တိုက်ပွဲမှာ
နှစ်ဖက် အပြန်အလှန် ပစ်ခပ်မူမျိုး မဖြစ်ခဲ့ပါ
စခများ တောင်ရိုးပေါ်၌ နေရာယူပစ်ခပ်သဖြင့်
တစ်ယောက်ကျည်ထိမှန် မစိုးရိမ်ရ

22/12/2021

ယနေ့ဖြစ်စဥ်မှာ ‼

ယခု ညပိုင်း

အခြေအနေအေးနေသော်လည်း
အိုးပြစ် မြင်သာကုန်း ကျောက်စရစ်ကုန်း
ရေဝေကုန်း မြိုင်ဇေယျာ ကျေးရွှာများ တိမ်းရှောင်နေရ

22/12/2021

Dနေ့ ဖြစ်စဥ် တောထဲမှာ
Line မမိလို့ မတင်ဖြစ်တဲ့ အတွက် နားလည်ပေးပါ

21/12/2021

ဝန်းသိုမြို့နယ် အတွင်း စခ သတင်းများကို
ကျနော့ page cb မှာပို့ပေးခြင်းဖြင့်
pdf များကို ကူညီပါ
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါတယ်
ရပ်ကြည့်မနေဘဲ ကူတွန်းပေးကြပါ

21/12/2021

21.12.2021

10:00AM

ဝန်းသိုမြို့ ဘက်စုံလမ်း တံတားတွင်
လက်နက်များဖြင့် စခများ အင်အား ၁၀ ယောက်ခန့်လောက်ဖြင့် လာသမျှ စစ်ဆေးနေကြောင်း သိရ

21/12/2021

21.12.2021

အရှေ့ခြမ်း

pdf များဘေးကင်းပါစေ
လက်နက်ကြီးများဖြင့်ပစ်နေကြောင်းသိရ

21/12/2021

21.12.2021

ဝန်းသိုမြို့နယ် ကြို့ကုန်းကျေးရွာဖက်မှ
စခများ လက်နက်ကြီးများနဲ့
အိုးပြစ်ကျေးရွှာ အနောက်ဖက်
တောင်တန်းတို့ တက်လာကြောင်း သိရ

Please ‼
20/12/2021

Please ‼

20/12/2021

ငြိမ်းချမ်းပါစေ ဝန်းသိုမြေ

သတင်းတွေ လက်လှမ်းမိသလောက်
တင်ပေးသွားပါမယ်
ကျနော့် Page လေးကို Follow ပေးကြပါဦး

Address


Website

Alerts

Be the first to know and let us send you an email when Wuntho Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share