ဗန္ဓုလ

  • Home
  • ဗန္ဓုလ

ဗန္ဓုလ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဗန္ဓုလ, News & Media Website, .

ဓနုဖြူမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကျင်းပ ဓနုဖြူ    နိုဝင်ဘာ    ၁၅ဧရာဝတီတ...
15/11/2023

ဓနုဖြူမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဓနုဖြူ နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နိုဝင်ဘာလ ၁၅ရက်နေ့ မွန်းလွဲပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မအူပင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်မင်းဦးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းနှင့် စနစ်တကျအမှိုက်ခွဲခြားစွန်ပစ်ရေးတို့အား အသိပညာပေးဟောပြောခဲ့သည်။ထို့နောက် ကျောင်းသား၊ကျောင်းသူများအား အမှိုက်ခွဲခြားစွန့်ပစ်စေရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းဖို့ အမှိုက်ခွဲခြားစွန့်ပစ်စို့၊ အမှိုက်ဆိုတာဘာလဲ၊ အမှိုက်တွေကို ဘယ်လိုစွန့်ပစ်ကြမလဲ၊ ပလတ်စတစ်မှပေးသော အန္တရာယ်၊ စာသင်ကျောင်းများတွင် ပလတ်စတစ်လျှော့ချနိုင်မည့် နည်းလမ်း(၉)မျိုး စသည့်အချက်ပါ အသိပညာပေးလက်ကမ်းစာစောင်များအားဖြန့်ဝေပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၇၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဓနုဖြူမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပဓနုဖြူ    နိုဝင်ဘာ    ၁၅ဧရာဝတီတိုင်းဒေသကြီး၊ မအူ...
15/11/2023

ဓနုဖြူမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဓနုဖြူ နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ယနေ့ နိုဝင်ဘာလ ၁၅ရက်နေ့ မွန်းလွဲ ၁နာရီအချိန်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော "ကိုယ့်ကိုယ်ကိုယုံကြည်မှု"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မေစိုးက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ ကိုယ့်ကိုယ်ယုံကြည်မှုစာအုပ်ထဲမှ ကိုယ့်ကိုယ်ကိုယုံကြည်မှုခေါင်းစဥ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။ ထို့နောက် (Women Club)အသင်းဝင်များဖြစ်သော ဒေါ်ရီရီမြင့်က ထိပ်ဆုံးမှ ဆုံတွေ့တယ်တဲ့ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒေါ်ခင်ဝင်းမှ စာဖတ်ကျင့် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒေါ်ချမ်းမြေ့သူမှ ပထမဦးစွာ သိစရာနှစ်ချက် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒေါ်အိဖြူသိန်းမှ ရှောင်လွှဲ၍မရသော အခြေခံသဘောတရား ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒေါ်အိအိမွန်မှ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒေါ်ချိုဝေလွင်မှ ကောင်းသောအကျင့်ဖြင့်မိမိကိုယ်ကိုမြှင့်တင်နည်းခေါင်းစဥ်ဖြင့် စာအုပ်ပါအကြောင်းအရာများကို အသီးသီးသုံးသပ်ဆွေးနွေးခဲ့သည်။ ထို့နောက်စာဖတ်ဝိုင်းသို့တက်ရောက်လာကြသော စာပေဝါသနာရှင်များက သိရှိလိုသည်များအားမေးမြန်းကြရာ အသီးသီးပြန်လည်ဆွေးခဲ့ကြကြောင်းသိရသည်။

Myanmar local News သတင်းပါရှိ
15/11/2023

Myanmar local News သတင်းပါရှိ

MOI သတင်းပါရှိ
14/11/2023

MOI သတင်းပါရှိ

ကြေးမုံသတင်းပါရှိမှု
14/11/2023

ကြေးမုံသတင်းပါရှိမှု

ဓနုဖြူမြို့နယ်၌ ဆောင်းသီးနှံအာမခံ တောင်သူအသိပညာပေးဟောပြောပွဲကျင်းပဓနုဖြူ    နိုဝင်ဘာ    ၁၃ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိ...
13/11/2023

ဓနုဖြူမြို့နယ်၌ ဆောင်းသီးနှံအာမခံ တောင်သူအသိပညာပေးဟောပြောပွဲကျင်းပ

ဓနုဖြူ နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ဆောင်းသီးနှံအာမခံ တောင်သူ အသိပညာပေး ဟောပြောပွဲကို ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ကျင်းပခဲ့သည်။

အဆိုပါ ဆောင်းသီးနှံအာမခံ တောင်သူ အသိပညာပေး ဟောပြောရာတွင် ဓနုဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်နှင်းရွှေစင်နှင့် မအူပင်ခရိုင်၊ မြန်မာ့အာမခံလုပ်ငန်းမှ ဒုတာဝန်ခံ ဒေါ်သန်းသန်းအေးတို့မှ ဆောင်းသီးနှံအာမခံလုပ်ငန်းဆိုင်ရာများအားကဏ္ဍအလိုက် အသီးသီးဟောပြောခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များအားမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာအုပ်စုအသီးသီးမှ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူ လယ်သမား(၆၅)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။

MOI သတင်းပါရှိမှု
08/11/2023

MOI သတင်းပါရှိမှု

08/11/2023

MRTV သတင်းဖော်ပြပါရှိမှု

MOI သတင်းပါရှိ
07/11/2023

MOI သတင်းပါရှိ

Myanmar Local News သတင်းပါရှိ
07/11/2023

Myanmar Local News သတင်းပါရှိ

ဓနုဖြူမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပဓနုဖြူ    နိုဝင်ဘာ      ၇ဧရာဝတီတိုင်းဒေသကြီး၊ မအူပ...
07/11/2023

ဓနုဖြူမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

ဓနုဖြူ နိုဝင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးကိုတင့်က ဦးစီးဌာနသမိုင်းကြောင်းနှင့် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး၊ ဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအား အမှတ်တရလက်ဆောင်အဖြစ် ဗလာမပါကံစမ်းမဲများဖောက်ပေးခြင်း၊ အဟာရဒါနအဖြစ် ထမင်းနှင့်အအေးများကျွေးမွေးခဲ့​ကြောင်းသိရသည်။

ထို့အပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဓနုဖြူမြို့ သမိုင်းဝင် ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီးရင်ပြင်တော်နှင့် တန်ဆောင်းများအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ပျော်ပွဲရွှင်ပွဲအဖြစ် အားကစားပြိုင်ပွဲများပြုလုပ်ခဲ့ရာ ဝန်ထမ်းများကပျော်ရွှင်စွာယှဉ်ပြိုင်ကစားခဲ့ကြပြီး၊ အားကစားပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်သည် ဓနုဖြူမြို့နယ် ယင်းကတစ်ကျေးရွာရှိ ...
07/11/2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်သည် ဓနုဖြူမြို့နယ် ယင်းကတစ်ကျေးရွာရှိ အုန်းချိုမွှေးစိုက်ပျိုးထားရှိမှုအခြေအနေများအားကွင်းဆင်းကြည့်ရှုစစ်ဆေး

ဓနုဖြူ နိုဝင်ဘာ ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်သည် ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂နာရီ ၁၀မိနစ်အချိန်က ဓနုဖြူမြို့နယ်၊ ဖုန်းဆိုးတောင်ကျေးရွာအုပ်စု၊ ယင်းကတစ်ကျေးရွာရှိ Alloy ကုမ္ပဏီမှ တာဝန်ယူစိုက်ပျိုးထားသော အုန်းချိုမွှေးခြံသို့ရောက်ရှိလာပြီး စိုက်ပျိုးထားရှိမှုအခြေအနေများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါအုန်းချိုမွှေးစိုက်ခြံတွင် ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဟိန်းထက်ဇော်၊ အဖွဲ့ဝင်(၂)ဦးစိန်မောင်ဝင်း၊အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ဝေအောင်၊ မအူပင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဆန်းဝင်း၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးတင့်ဇော်အေးနှင့် တာဝန်ရှိသူများက အုန်းချိုမွှေးစိုက်ပျိုးထားရှိမှုအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။ ထို့နောက် အုန်းချိုမွှေးစိုက်ခြံတာဝန်ခံ (မန်နေဂျာ)ဦးဇော်မင်းဦးမှ စိုက်ခြံ၏ အကျယ်အဝန်းမှာ (၁၈၀)ဧကရှိ​ပြီး၊ စိုက်ပျိုးပြီးဧကမှာ (၁၂၀)ဧကဖြစ်ကြောင်းနှင့် စုစုပေါင်းစိုက်ပျိုးပြီးအပင်အရေအတွက် (၁၆၅၀၀)ပင် စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ လိုအပ်သည်များအားလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ဓနုဖြူမြို့နယ်၌ Grade-5 စာမေးပွဲပြီးမြောက်ခြင်းဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲကျင်းပဓနုဖြူ    နိုဝင်ဘာ   ၇ဧရာဝတီတိုင်းဒ...
07/11/2023

ဓနုဖြူမြို့နယ်၌ Grade-5 စာမေးပွဲပြီးမြောက်ခြင်းဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲကျင်းပ

ဓနုဖြူ နိုဝင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် Grade-5 စာမေးပွဲပြီးမြောက်ခြင်းဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ နိုဝင်ဘာလ ၆ရက်နေ့ နံနက်ပိုင်းမှစတင်ကာကျင်းပလျက်ရှိသည်။

ဆွေးနွေးပွဲသို့ ဓနုဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-5 သင်ကြားလျက်ရှိသော ဆရာ၊ဆရာမ(၂၁၀)ဦးတက်ရောက်ခဲ့ပြီး၊ အဆိုပါဆွေးနွေးပွဲကို နိုဝင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ၊ နေ့စဥ်နံနက် ၉နာရီမှ မွန်းလွဲ ၃နာရီအချိန်ထိ နည်းပြဆရာ (၁၀)ဦးဖြင့် ဘာသာရပ်အသီးသီးအလိုက် သင်ကြားပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ဓနုဖြူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟ...
06/11/2023

ဓနုဖြူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ဓနုဖြူ နိုဝင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင် ယနေ့ နိုဝင်ဘာလ ၆ရက်နေ့ မွန်းလွဲ ၁နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကိုကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိဒေါ်ခင်မေစိုးက လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဥ်ဖြင့်ဟောပြောခဲ့ရာ လူငယ်များအနေဖြင့် ပညာရေးဟာ အဓိကရည်မှန်းချက်ဖြစ်ကြောင်း၊ ပညာဆိုရာမှာ စာပေသာမက အသိပညာ၊ အတက်ပညာ၊ အနုပညာ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာ၊ ကိန်းဂဏန်းဆိုင်ရာအတွက်အချက်ပညာ၊ အရောင်အဝယ်ပညာစသည်ဖြင့် ပညာရပ်အမျိုးမျိုးရှိကြောင်း၊ လူငယ်ဘဝ ပညာသင်အရွယ်မှစပြီး မိမိဝါသနာ၊ ဗီဇစရိုက်နဲ့ကိုက်ညီတဲ့ရည်မှန်းချက်ထားရှိဖို့လိုအပ်ကြောင်းစသည်တို့အား အသိပညာပေး​ဟောပြောခဲ့​​ကြောင်းသိရသည်။
ထို့နောက် ဓနုဖြူမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ရသ စာအုပ်၊ စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်များအားပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

05/11/2023

ဓနုဖြူမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး(Talk Show)ကျင်းပ

ဓနုဖြူ နိုဝင်ဘာ ၅

Myanmar Local News သတင်းပါရှိမှု
05/11/2023

Myanmar Local News သတင်းပါရှိမှု

ဓနုဖြူမြို့သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ဓနုဖြူ     နိုဝင်ဘာ    ၄ဧရာဝတီတိုင်...
04/11/2023

ဓနုဖြူမြို့သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်

ဓနုဖြူ နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ဓနုဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ဓနုဖြူမြို့သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဥ် စနေနေ့တိုင်း ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နိုဝင်ဘာလ ၄ရက်နေ့ နံနက် ၇နာရီအချိန်က အမှတ် (၁၇)ရပ်ကွက် စက္ကော့-ဓနုဖြူကားလမ်းမကြီးဘေးရှိ (ဒက္ခိဏာရာမ ဘုန်းတော်ကြီးကျောင်း)အတွင်း၊အပြင်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။

ဓနုဖြူမြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများစုပေါင်း၍ ခြုံနွယ်များ ရှင်းလင်းခြင်း၊ မြက်ပင်များရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး၊ ဓနုဖြူမြို့သန့်ရှင်းသာယာလှပစေရေးအတွက် မြို့ပေါ်ရှိ ရပ်ကွက်များ၊လမ်းများတွင် အပတ်စဥ် စနေနေ့တိုင်း ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ကြေးမုံသတင်းပါရှိ
04/11/2023

ကြေးမုံသတင်းပါရှိ

ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပဓနုဖြူ    နိုဝင်ဘာ    ၃ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိ...
03/11/2023

ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ

ဓနုဖြူ နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့ နိုဝင်ဘာလ ၃ရက်နေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မအူပင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဓနုဖြူမြို့နယ် မြို့နယ်ပညာရေးမှူး ပူးတွဲတာဝန်ခံ ဆရာကြီးဦးကျော်အောင်မျိုးစိန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကိုကျင်းပရာ မြို့နယ်အတွင်းအခြေခံပညာကျောင်းများရှိ Grade-5 မှ Grade-9 အထိ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးက မဲစနစ်ဖြင့် ကျရာခေါင်းစဥ်များအား ယှဥ်ပြိုင်ခဲ့ကြောင်းသိရသည်။

ထို့အပြင် မြို့နယ်အတွင်းကျောင်းများမှ မြို့နယ်ကိုယ်စားပြု Table tennis ၊ ဘက်စ်ကက်ဘော၊ပိုက်ကျော်ခြင်း၊ ဘောလုံး၊ ကြက်တောင်ရိုက်၊ပြေးခုံပစ်နှင့် ဘောလီဘောစသည့် အားကစား(၇)မျိုးအားဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး ကျား/မ အားကစားသမားများရွေးချယ်ခြင်းကို ပြည်သူ့အားကစားကွင်းတွင် ကျင်းပလျက်ရှိကြောင်းသိရသည်။

Myanmar Local News သတင်းပါရှိ
02/11/2023

Myanmar Local News သတင်းပါရှိ

ဓနုဖြူမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား၊ တိုက်နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ...
01/11/2023

ဓနုဖြူမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား၊ တိုက်နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဓနုဖြူ နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား၊ တိုက်နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၁ရက်နေ့ ညနေ ၅နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ကျင်းပခဲ့သည်။

အဆိုပါဆုချီးမြှင့်ပွဲခမ်းအနားတွင် ပထမဆုရရှိသောအကျော်တိုက်နယ်ဘောလုံးအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအေးကိုတင့်နှင့်အဖွဲ့ဝင်များမှ တံခွန်စိုက်ဒိုင်းဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေ(၇)သိန်း ကျပ်နှင့်ရွှေဆွဲပြားများအားလည်းကောင်း၊ ဒုတိယဆုရရှိသောသပြုတိုက်နယ်ဘောလုံး အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဟိန်းထက်ဇော်မှ ဂုဏ်ပြုချီးမြှင့်ငွေ(၅)သိန်းကျပ်နှင့် ငွေဆွဲပြားများအားလည်းကောင်း၊ တတိယဆုရရှိသောအလမျိုးတိုက်နယ်ဘောလုံး အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူးအောင်နိုင်ဝင်းမှ ဂုဏ်ပြုချီးမြှင့်ငွေ(၄)သိန်းကျပ်နှင့် ကြေးဆွဲပြားများအားလည်းကောင်း၊ အသန့်ရှင်းဆုံးဘောလုံးအသင်းဆုရရှိသော သပြု တိုက်နယ်ဘောလုံးအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးစိန်မောင်ဝင်းမှ ဂုဏ်ပြုချီးမြှင့်ငွေ (၁) သိန်းကျပ်အားလည်းကောင်း၊ အကောင်းဆုံးအားကစားသမားဆုများအား ဌာနဆိုင်ရာအကြီးအကဲများမှ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ဘောလုံးဒိုင်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများလည်း အသီးသီးဆုချီးမြှင့်ခဲ့ကြောင်းသိရသည်။

အဆိုပါဆုချီးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် ဘောလုံးအဖွဲ့ချုပ်မှဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်ဘောလုံးအသင်းများမှ အားကစားသမား များ၊ ပြည်သူများ၊ စုစုပေါင်းအင်အား(၅၄၇)ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။

Myanmar Local News သတင်းပါရှိမှု
01/11/2023

Myanmar Local News သတင်းပါရှိမှု

ဓနုဖြူမြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်းကွင်းဆင်းကောက်ယူခြင်းဆောင်ရွက်ဓနုဖြူ      နိုဝင်ဘာ     ၁ဧရာဝတီတိုင်းဒေသကြီး၊မအူပင်...
01/11/2023

ဓနုဖြူမြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်းကွင်းဆင်းကောက်ယူခြင်းဆောင်ရွက်

ဓနုဖြူ နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေး‌ဦးစီးဌာနမှ ၂၀၂၃ ခုနှစ် နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ယနေ့ နိုဝင်ဘာလ ၁ရက်နေ့ နံနက် ၁၀နာရီအချိန်က နန်းတော်ကုန်းအုပ်စု၊နန်းတော်ကုန်းကျေးရွာ၌ ကွင်းဆင်းကောက်ယူခဲ့သည်။

ဓနုဖြူမြို့နယ်အတွင်း ကျေးရွာအုပ် စု(၄၆)အုပ်စုမှ ကျေးရွာ(၉၀)ရွာနှင့် ရပ်ကွက်(၄)ခုတို့အား ယနေ့ နိုဝင်ဘာလ(၁)ရက်နေ့မှ စတင်၍ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တိရစ္ဆာန်ကောင်ရေစာရင်း ကွင်း
ဆင်းကောက်ယူခြင်းလုပ်ငန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအေးကိုတင့် ၊အဖွဲ့ဝင်(၁)ဗိုလ်မှူး ဟိန်းထက်ဇော်၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်၀င်း၊ အတွင်းရေးမှူး ရဲမှူး အောင်နိုင်၀င်း၊မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းကော်မတီဝင်များ၊မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာအိချိုဇင်နှင့် ဝန်ထမ်းများက ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

ဓနုဖြူမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်ခွဲခြားစွန့်ပစ်ရေးအသိပညာပေးဟောပြောပွဲကျင်းပဓနုဖြူ     အောက်တိုဘာ ...
31/10/2023

ဓနုဖြူမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်ခွဲခြားစွန့်ပစ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ
ဓနုဖြူ အောက်တိုဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်မြို့ရွာသန်ရှင်းသာယာရေးအတွက် အမှိုက်ခွဲခြားစွန့်ပစ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့ အောက်တိုဘာလ ၃၁ရက်နေ့ မွန်းလွဲ ၂နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(မြို့သစ်)၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးစိုးလွင်က စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်တတ်စေရန်၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေးနှင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်း၊တစ်ဦးချင်းအမှိုက်စွန့်ပစ်မှုလျော့ချနိုင်ရေးအတွက် အသိပညာပေးရှင်းလင်းပြောကြားပြီး၊ ဒုတိယဦးစီးမှူးဒေါ်တင်တင်ကျော်က အမှိုက်စို၊အမှိုက်ခြောက်ခွဲခြားစွန့်ပစ်မှုအကြောင်းအသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများအား အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်မှုကစားနည်းဖြင့်သရုပ်ဖော်ယှဉ်ပြိုင်စေပြီး ဆုများအသီးသီးချီးမြှင့်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးဝန်ထမ်းများမှ အမှိုက်စို၊အမှိုက်ခြောက် ခွဲခြားစွန့်ပစ်ခြင်းနှင့် အမှိုက်အကြောင်းသိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်နေ့ ဓနုဖြူမြို့ သမိုင်းဝင်ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး၌ ဘုရားဖူးပြည်သူများဖြင့်စ...
29/10/2023

အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်နေ့ ဓနုဖြူမြို့ သမိုင်းဝင်ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး၌ ဘုရားဖူးပြည်သူများဖြင့်စည်ကားလျက်ရှိ

ဓနုဖြူ အောက်တိုဘာ ၂၉

အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်နေ့တွင် ဓနုဖြူမြို့နယ်ရှိ သမိုင်းဝင်ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး၌ ဘုရားဖူးပြည်သူများဖြင့်စည်ကားလျက်ရှိကြောင်းသိရသည်။

ဓနုဖြူမြို့နယ်တွင် သမိုင်းဝင်ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အားကျင်းပလျက်ရှိရာ ယနေ့တွင် ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီးအတွင်း အနယ်နယ်အရပ်ရပ်မှဘုရားဖူးပြည်သူများ၊ ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းသူများ၊ ဆီမီးပူဇော်သူများဖြင့်စည်ကားလျက်ရှိကြောင်းသိရသည်။ ထို့အပြင် ဇာတ်ပွဲများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများနှင့် ချား၊ရဟက်များတွင် ကလေးများပျော်ရွှင်စွာဆော့ကစားလျက်ရှိပြီး၊ ဘုရားပွဲစျေးတန်းတွင်လည်းဒေသထွက်ကုန်များ၊ အဝတ်အထည်များ၊ ဒေသထွက်မြန်မာမုန့်များနှင့် ကလေးကစားစရာပစ္စည်းဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
ဓနုဖြူမြို့နယ်အတွင်းရှိဘုရားစေတီပုထိုးများ၊ရပ်ကွက်အတွင်းရှိလမ်းများတွင်လည်းဆီမီးပူဇော်သူများဖြင့် သီတင်းကျွတ်ပွဲတော်အားစည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်းသိရသည်။

ဓနုဖြူမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့်အလှူ ရှင်များစုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပဓနုဖြူ    အောက်တိုဘာ ...
29/10/2023

ဓနုဖြူမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့်အလှူ ရှင်များစုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ဓနုဖြူ အောက်တိုဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူ မြို့နယ်၊ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးနှင့်ပိ ဋကတ်သုံးပုံကျောက်စာတိုက်ကြီး၏ ဓမ္မဗိမာန် တန်ဆောင်းတော်ကြီးတွင် ဌာနဆိုင်ရာဝန်ထမ်းများ နှင့် အလှူရှင်များစုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲကို ယနေ့ အောက်တိုဘာလ ၂၉ရက်နေ့ ညနေ ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဓနုဖြူမြို့နယ်၊ မြို့နယ်သံဃာ့ နာယ ကဉက္ကဌဆရာတော်ဦးရေဝတထံမှ သီလတရားနာယူကာ ရေစက်ချအမျှအတန်းပေးဝေခဲ့ပြီး၊ ဘုန်းတော်ကြီး ကျောင်း(၃၆)ကျောင်းမှ ဆရာတော်၊သံဃာတော် အပါး(၉၀)တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊လူမှုရေးအသင်း အဖွဲ့များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်စေတနာရှင်အလှူရှင်များမှ ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေ စုစုပေါင်း တန်ဖိုးငွေကျပ် (၇၁၂၉၅၀၀)ကျပ်အား လှူဒါန်းခဲ့ကြောင်းသိရသည်။

Address


Website

Alerts

Be the first to know and let us send you an email when ဗန္ဓုလ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share