Ain Alwann Pyay by AC

  • Home
  • Ain Alwann Pyay by AC

Ain Alwann Pyay by AC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ain Alwann Pyay by AC, Digital creator, .

ပြီးခဲ့တဲ့ Weekends မှာ Bali ကို Vacation ရောက်နေလို့ အခုလာမဲ့ပိတ်ရက်မှ ဘဲဥဟင်းလေးနဲ့ ပြန်လာခဲ့ပါမယ်ရှင် 🧡🧡စင်္ကာပူမှာ ဘ...
21/11/2023

ပြီးခဲ့တဲ့ Weekends မှာ Bali ကို Vacation ရောက်နေလို့ အခုလာမဲ့ပိတ်ရက်မှ ဘဲဥဟင်းလေးနဲ့ ပြန်လာခဲ့ပါမယ်ရှင် 🧡🧡
စင်္ကာပူမှာ ဘဲဥမရောင်းလို့ မြန်မာနိုင်ငံကို ဘဲဥပြုတ်မှာထားတယ် 🥚 ဘဲဥမစားရတာ ၆လကျော်ပြီမို့ ဘဲဥဟင်းလွမ်းနေပြီမို့လေ 😂😂

အားလုံးပဲမင်္ဂလာပါရှင် 🩷 AC ပါ 💛ဒီနေ့ကအလုပ်တက်ရတယ်ဆိုတော့ ဘာမှမချက်ပြုတ်ဘဲ ရုံးကပြန်လာရင် အသင့်ချက်ပြီးသားလေးတွေပဲ နွှေး...
24/10/2023

အားလုံးပဲမင်္ဂလာပါရှင် 🩷 AC ပါ 💛
ဒီနေ့ကအလုပ်တက်ရတယ်ဆိုတော့ ဘာမှမချက်ပြုတ်ဘဲ ရုံးကပြန်လာရင် အသင့်ချက်ပြီးသားလေးတွေပဲ နွှေးစားရပါတယ် 😍

စားပြီးသောက်ပြီး ခဏနားရင်း ဂိမ်းကစားဖြစ်လို့ ဘယ်လိုတွေခက်တဲ့ဂိမ်းတွေပဲ ကစားပါတယ်​ဆိုတာလေး ပြချင်လို့ပါ 😁

ဘဝမှာ ပထမဆုံးကစားဖူးတဲ့ Android Game က Doodle Jump ပါ 2011 ပတ်ဝန်းကျင်လောက်က Huawei C8500 ဆိုတဲ့ ပထမဆုံးသုံးဖူးတဲ့ Android Phone လေးနဲ့ စကစားဖူးခဲ့တာပါ 🥰🥰

နောက်ပိုင်း Sony, Samsung စတဲ့ Android Ph တွေသုံးတာကနေ 2016 မှာ ပထမဆုံးသုံးဖူးတဲ့ iPh SE, နောက်ပိုင်းလဲတဲ့ X, 12 pro, 15 plus တွေထိ ဒီဂိမ်းတွေပဲ ကစားပါတယ် အခုခေတ်စားနေတဲ့ Mobile Legend တွေ PUBG တွေ ဘာတစ်ခုမှ မကစားတတ်တဲ့ 94 born oldie တစ်ယောက်ပါ 🤣🤣

ပထမဆုံးကစားဖူးတာက Doodle Jump, အကြိုက်ဆုံးဆိုရင်တော့ Fruit Ninja, Plants Vs Zombie (PC version) ပါ ကစားပါတယ်, Toon Blast ပါ 🩵🩵

ဒီထဲမှာ ပါတဲ့ ဂိမ်းတွေက အကုန်ကြိုက်ပါတယ် ပြီးတော့
ဒါတွေပဲ ကစားတတ်ပါတယ် 🤣

အောက်ဆုံး ၄ခုကတော့ ကိုယ့်ဘာသာချစ်တဲ့အချိန်ဆို ဝင်ကြည့်တဲ့ App လေးခုပါ 😝😝

အားလုံးပဲ မင်္ဂလာပါရှင် 🩷 AC ပါ 💛Ac က Monday-Friday အလုပ်သွားရတဲ့အတွက် Saturday/Sunday ဆို ချက်ပြုတ်ရပါတယ် ဟင်း ၃မျိုးလေ...
22/10/2023

အားလုံးပဲ မင်္ဂလာပါရှင် 🩷 AC ပါ 💛
Ac က Monday-Friday အလုပ်သွားရတဲ့အတွက် Saturday/Sunday ဆို ချက်ပြုတ်ရပါတယ် ဟင်း ၃မျိုးလောက်ကို တစ်ပတ်စာချက်ထားပြီး Fridge ထဲ ထည့်သိမ်း စားခါနီးမှ Microwave နဲ့ နွှေးစားရပါတယ်🤎

ဒီမှာက နေ့တိုင်းချက်ဖို့ရာ အချိန်လဲမရှိသလို အများနဲ့ နေရတာ ဖြစ်တဲ့အတွက် မီးဖိုချောင်ကို ငြှိပြီးသုံးရပါတယ် ဒါပေမဲ့ Ac တို့နေတဲ့ အိမ်က အိမ်ပိုင်ရှင်အကိုရော တခြားအခန်းကသူတွေပါ သဘောကောင်းကြပြီးအေးအေးဆေးဆေးသမားတွေချည်းပါပဲ Singapore မှာ အိမ်ရှင် အိမ်ငှါး အဆင်မပြေတဲ့ ပြဿနာတွေ အရမ်းများပါတယ် 😁

အခု ငါးအချဉ်ဟင်းချက်ထားတာလေး Share ပေးချင်ပါတယ် 🐟 Ac က ငါးဟင်းမကြိုက်တတ်ပေမဲ့ ဒီဟင်းလေးကတော့ အချဉ်အစပ်အရည်လေးနဲ့ဆိုတော့ စားကောင်းပါတယ် 🩷

ကကတစ်ငါး/ ဂေါ်ရခါးသီး/ ရုန်းပတီသီးကို ကြက်သွန်ဖြူနီဂျင်း ခရမ်းချဉ်သီးနဲ့ ဆီသတ်ချက်တာပါ 🤎

ကကတစ်ငါးကိုက အချိုရဖို့ ဟင်းအခပ်အနေနဲ့ပဲသုံးတာဖြစ်တဲ့အတွက် ၃တုံးပဲ ဆေးကြော ဆားနနွင်းအရသာနယ်နှပ်ထားပါတယ် 🐟
ရုန်းပတီသီး ဂေါ်ရခါးသီးတွေကိုလဲ ရေသေချာစင်အောင် ဆေးကြောအရွယ်တော်လှီးဖြတ်ထားပါတယ် 😍😍

အရင်ဆုံး ဆီထည့်ပါမယ် ဆီပူလာရင် နနွင်းမှုန့်လေးထည့်ပြီး ကြက်သွန်ဖြူနီဂျင်းထည့်ကြော်ပါမယ် အရောင်လေးပြောင်းလာရင် ခရမ်းချဉ်သီးကြိတ်ထားတာပါ ထည့်ပါမယ် ပြီးတာနဲ့ ဆား ငံပြာရည် အရသာမှုန့် ငရုတ်သီးအစိမ်းမှုန့်ထည့်ပါမယ် 🤎

ခရမ်းချဉ်းသီးတွေ လိတ်လာပြီဆို ဂေါ်ရခါးသီးနဲ့ ရုန်းပတီသီးထည့်လုံးချက်ပါမယ် ပြီးရင် ရေထည့်ပြီး ဆူအောင်တည်ရပါမယ် ငရုတ်သီးစိမ်းလေးလဲ ညှပ်ထည့်ပါတယ် ဂေါ်ရခါးသီးနူးဖို့အတွက် နာရီဝက် မိနစ် ၄၀ အဖုံးလေးအုပ် တည်ရပါတယ် ဒီနေရာမှာ ဘူးသီးလဲ သုံးနိုင်ပါတယ် ဂေါ်ရခါးသီးကပိုချိုလို့ ဂေါ်ရခါးသီးသုံးထားတာပါ 🩶🩶

တခြား ဂေါ်ဖီပန်းပွင့် ခရမ်းသီး ရွှေဖရုံသီး စတဲ့အသီးတွေလဲထည့်ပြီး သီးစုံဟင်းချက်လို့ရပေမဲ့ Ac ကတော့ အလွယ်တကူ ချက်ရတာဖြစ်လို့ပါ 😁

ဟင်းရည်ဆူပွက်လာပြီဆိုရင် အရသာမြည်းကြည့်ပြီး လိုတာ ထပ်ထည့်နိုင်ပါတယ် အသီးတွေလဲ ကျက်လုကျက်ခင်ဖြစ်ပြီဆို ကကတစ်ငါးထည့်လိုက်ပါတယ် ပြီးတော့ ရေလေးနည်းနည်းထည့်ပြီး ပြန်တည်ပါတယ် ငါးကိုနောက်ဆုံးမှထည့်တာက မကျေသွားချင်လို့ပါ☺️☺️

အဖုံးလေးပြန်အုပ်ထားပြီး ၁၀ မိနစ် ၁၅ မိနစ် တည်ပြီးပြီဆိုရင် ဟင်းလဲပွက်ပွက်ဆူကျက်ပြီး ငါးလဲကျက် အသီးတွေလဲ နူးပါပြီ 🥰☺️ နံနံပင်လေးရှိလို့ အုပ်လိုက်ရင် ပိုမွှေးပါတယ် Ac မှာတော့ မရှိလို့ မအုပ်လိုက်ရပါဘူး 😂

ဒီက ခရမ်းချဉ်သီးတွေသည် အရမ်းမချဉ်ပါဘူး မြန်မာနိုင်ငံက ခရမ်းချဉ်သီးနဲ့ဆို ပိုပြီးချဉ်စပ်အရသာလေးရမှာပါ 😍😍 အိမ်မှာ တုန်ယမ်းခဲတော့ ရှိပေမဲ့ အမျိုးသားက မထည့်ပါနဲ့တော့ဆိုလို့ မချဉ်တချဉ်လေးနဲ့ ကျေနပ်လိုက်ပါတယ် 😂

လွယ်လွယ်ကူကူလိုက်ချက်စားကြည့်ကြပါဦးရှင် 😍
အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင် 🥰

အားလုံးပဲ မင်္ဂလာပါရှင် 💛 AC ပါ 🩷Ain Alwann Pyay by AC Page လေးရဲ့ ပထမဆုံးဟင်းချက်နည်းလေးကတော့ ကြာဇံဟင်းခါး (ကြာဆံချက်) ...
21/10/2023

အားလုံးပဲ မင်္ဂလာပါရှင် 💛 AC ပါ 🩷
Ain Alwann Pyay by AC Page လေးရဲ့ ပထမဆုံးဟင်းချက်နည်းလေးကတော့ ကြာဇံဟင်းခါး (ကြာဆံချက်) အလွယ်ချက်နည်းလေးဖြစ်ပါတယ် 😊❤️

ကြက်သား ငုံးဥ ပဲလိပ်ခြောက် ကြွက်နားရွက်မှို ပန်းခြောက်လေးတွေနဲ့ပဲ အလွယ်ချက်နည်းလေးဖြစ်ပါတယ် 🥰

မှိုခြောက်ပန်းခြောက်များကိုရေစိမ်ထားပါတယ် မှိုတွေပွလာပြီဆိုရင် ရေစင်အောင်အထပ်ထပ်ဆေးပြီး အရွယ်တော်လေးတွေညှပ်ထားပါတယ် ပဲကြာဆံကိုလဲ ရေစိမ်ထားပါတယ်

ကြက်သားပြုတ်ဖို့အတွက် ကြက်သား အရိုးအသားကို ရေသေချာဆေး ဆားနနွင်း ငံပြာရည် အရသာမှုန့်နယ်ပြီး ရေထည့်ပြုတ်ပါတယ် ပထမတစ်ရေမှာ ထွက်လာတဲ့ အမြှုပ်တွေဖယ်ပြီးမှ ဂျင်းကြက်သွန်ဖြူနီကြိတ်ထားတာ ထည့်ပြုတ်ပါတယ်

ကြက်သားပြုတ်ရရင် အသားနွှင်ထားပါတယ်

ဆီသတ်ရန်အတွက် ဆီဆူလာရင် နနွင်း ကြက်သွန်ဖြူနီဂျင်း ထည့်ကြော်ပါတယ် အရောင်လေးနွမ်းလာရင် ငရုတ်သီး အစိမ်းမှုန့်ထည့်ပြီး ဆီသတ်ပါတယ် ပြီးရင် နွှင်ထားတဲ့ကြက်သားတွေ ထည့်ပါတယ် ဆီလေးပြန်လာရင် ကြက်ပြုတ်ရည်ထည့်ပါတယ် ရေနဲနဲထပ်ထည့်ပါတယ်

ကြက်ပြုတ်ရည်နဲနဲပြန်ဆူလာတာနဲ့ ငုံးဥ ကြက်သွန်ဥ ရေစိမ်ညှပ်ထားတဲ့ မှိုခြောက် ပန်းခြောက်တွေ ထည့်ပါတယ်

သေချာပြန်ပွက်လာရင် အရသာ စိတ်ကြိုက်ထည့်ပါ ဆား အရသာမှုန့် ငံပြာရည်ကို ကိုယ့်စိတ်ကြိုက်ထည့်နိုင်ပါတယ် မှိုခြောက်ပန်းခြောက်တွေလဲ နူးပြီး အရသာလဲ စိတ်ကြိုက်ဖြစ်ပြီဆို နောက်ဆုံအဆင့်မှာ ရေစိမ်ထားတဲ့ ပဲကြာဆံလေးကို ရေစစ်ပြီး ထည့်လိုက်ပြီး ပြန်တည်ပါတယ် ကြာဆံကိုနောက်ဆုံးမှထည့်ခြင်းအားဖြင့် ကြာဆံတွေ ကျေပီး ပျောက်သွားတာမျိုး မဖြစ်တော့ပါဘူး ငရုတ်ကောင်းကြိုက်တတ်ရင်လဲ ထည့်နိုင်ပါတယ်ရှင်

ဟင်းရည်လဲ သေချာပြန်ဆူပြီ ကြာဆံလဲ ကိုယ်ကြိုက်တဲ့အနေအထားထိ နူးပြီဆိုရင်တော့ မီးပိတ်နိုင်ပါပြီ နံနံပင် ကြက်သွန်မိတ် ငရုတ်သီးမှုန့် နှစ်သက်သလိုပွဲပြင်ပြီး သုံးဆောင်နိုင်ပါပြီရှင် 🥰🥰

အာလုံးပဲ မင်္ဂလာပါရှင် 🥰 AC ပါ 😍Ac ကတော့ အိမ်(မြန်မာနိုင်ငံ) ရဲ့ အဝေးမှာ အလုပ်သွားလုပ်နေတဲ့ မြန်မာအမျိုးသမီးလေးတစ်ယောက်ဖ...
21/10/2023

အာလုံးပဲ မင်္ဂလာပါရှင် 🥰 AC ပါ 😍

Ac ကတော့ အိမ်(မြန်မာနိုင်ငံ) ရဲ့ အဝေးမှာ အလုပ်သွားလုပ်နေတဲ့ မြန်မာအမျိုးသမီးလေးတစ်ယောက်ဖြစ်ပါတယ် 🇲🇲 👧

အိမ်ကိုသတိရတဲ့အခါ လွမ်းတဲ့အခါ အိမ်ပြန်ချင်တဲ့အခါ အိမ်အလွမ်းပြေ မြန်မာအစားအစာတွေချက်ပြုတ်စားတဲ့အခါ ကိုယ့်နေရာမဟုတ်တဲ့နေရာမှာ အလွယ်တကူချက်ရတဲ့နည်းလေးတွေ Ac လိုပဲ အိမ်နဲ့ဝေးနေတဲ့သူလေးတွေ အချက်အပြုတ် အစားအသောက်ဝါသနာပါတဲ့သူလေးတွေအတွက် Share ပေးချင်ပါတယ် 🩵🩵

ရံဖန်ရံခါ ပိတ်ရက်အပြင်သွားဖြစ်တဲ့အခါ ခရီးသွားတဲ့အခါ ဗဟုသုတတွေရခဲ့ရင်လဲ ဓာတ်ပုံလေးတွေ Short Video လေးတွေ Share ပေးချင်ပါတယ် 💛💛

အားလုံးပဲ စိတ်ဝင်စားတယ် Ac ကို ချစ်တယ် Professional Commercial လုပ်မှာမဟုတ်တဲ့ အိမ်ကဝေးနေလို့ အပျော်တမ်း Blog လေးတွေတင်မဲ့ကောင်မလေးကြောင့် အနှောင့်အယှက်မဖြစ်ဘူးဆိုရင် Page လေးကို Like/Follow လေး လုပ်ထားပေးပါရှင် 🩷🩷

Address


Website

Alerts

Be the first to know and let us send you an email when Ain Alwann Pyay by AC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share